နှစ်ပေါင်း ၂၆၀ဝ ပြည့် ပွဲတော်ကျင်းပမယ့် ရွှေတိဂုံ။
မနေ့က ည ရ နာရီလောက် ရန်ကုန်ကိုအလည်လာတဲ့ နယ်က ဆွေမျိုးတွေလိုက်ပို့ရင်း ရွှေတိဂုံဘုရားကို ရောက်ပါတယ်။
နှစ် ၂၆၀ဝ ပြည့်ပွဲအတွက် စေတီငယ်တွေမှာ လျှပ်စစ်မီးတွေ သွယ်တန်းထားတာ တော်တော်လှနေလို့ ဓါတ်ပုံလေးတွေ ရိုက်လာခဲ့တာပါ။
ရင်ပြင်တော်ပေါ်မှာတွေ့တဲ့ နိုင်ငံခြားသားတွေကိုလည်း အမှတ်တရ ခွင့်တောင်းပြီး ဓါတ်ပုံလေးတွေ ရိုက်လာခဲ့ပါတယ်။
ကလေးလေးတစ်ယောက် မိသားစုနဲ့ ကွဲပြီးအော်ငိုနေတာတွေ့လို့ ကူညီပေးလိုက်ရပါသေးတယ်။
ဒီလောက်ကလေးတွေ ခိုးနေတယ်လို့ သတင်းကြီးနေတဲ့အချိန်မျိုးမှာ ကလေးငယ်လေးတစ်ယောက်ကို ဘုရားပေါ်မှာ
တစ်ယောက်တည်းကျန်ခဲ့လောက်အောင် အာရုံများသော မိဘများကို ဘယ်လိုနားလည်ရမလဲ မသိပါ။
သတင်းပေးချင်တာကတော့ ရွှေတိဂုံဘုရား နှစ် ၂၆၀ဝ ပြည့်ပွဲတော်ကြီးကို (၂၂-၂-၂၀၁၂ မှ ၇-၃-၂၀၁၂) အထိကျင်းပ
တော့မှာဖြစ်ပါတယ်။ အခုရက်ပိုင်း ညဘက် အချိန်အားလေးများရှိလျှင် ရွှေတိဂုံဘုရားကို အရောက်သွားဖူးကြဘို့ ရွာသူရွာသားတွေကို
တိုက်တွန်းပါရစေ။ ဘုရားပေါ်မှာ ပန်းပင်ပေါင်း ငါးသိန်းလေးသောင်း (၅၄၀၀၀၀) နဲ့ ပူဇော်ဖို့ ပြင်ဆင်နေတာ ပန်းတောကြီးထဲရောက်နေသလိုပါပဲ။
ဘုရားရင်ပြင်တော်ပေါ်က အရန်စေတီတွေမှာလည်း မီးတွေပူဇော်ထားလိုက်တာ တစ်ခါမှ မမြင်ခဲ့ရဘူးတဲ့ အဆင်အပြင်တွေနဲ့ ရွှေတိဂုံစေတီတော် ကြီးကို
ဓါတ်ပုံရိုက်ပြီး ကြော်ငြာထိုးလိုက်ပါတယ်။


















44 comments
ဇီဇီ ခင်ဇော်
August 12, 2014 at 9:44 am
ဟ။
အယ်ဒီတာ ချွိုင် ဆိုပဲ။
ဓာတ်ပုံနဲ့ တင် မဟုတ်လောက်ဘူးးး
ပို့(စ) ထဲက မဝင့်ဝါတဲ့ အရေးအသား နဲ့….
ဓာတ်ပုံထဲက လူသားဆန်မှု၊ တန်ဖိုးထားမှုတွေကိုပါ မြင်နိုင်လို့ဖြစ်မယ်။
:chit:
ဒါ ကိုယ်တိုင်ရိုက် ဆိုရင်တော့ ခင်ညားလည်း ရွှေလက်ပိုင်ရှင်ပဲ။
ဓာတ်ပုံ တွေ ထပ်မြင်ချင်တယ်။ ဂလို စာနဲ့ တွဲတာမျိုးမှာ ဒုတိယ အကြိုက်ဆုံးဖြစ်သွားပြီ။
ဆောဒီးး !!!
ခင်ညားရဲ့ ရှေ့မှာ ကျုပ် အကြိုက်ဆုံးက မယ် ပုရဲ့ ပို့(စ) တွေမို့။ :mrgreenn:
ပို့(စ) ပါဖော့မန့်မှာတော့ ကိုဘက် ရေးလက်ကို ကျနော် အကြိုက်ဆုံးး။
:s: