ကျေးဇူးတရားကိုပြန်လည်ပေးဆပ် ထုဆစ်ပုံဖေါ်ကြသူများ

htet wayFebruary 6, 20121min2169

တခါက တခါကပေါ့။ တရားရေးဋ္ဌာနက ဥပဒေအရာရှိတစ်ယောက်ကို လက်နက်ကိုင်တွေက လိုက်ဖမ်းပါတယ်။ပြေးရင်းနဲ့ မြို့နယ်တစ်ခုရဲ့ ကျေးရွာလေးတစ်ရွာကိုရောက်ရှိသွားပါတယ်။သည်ရွာကလည်း မွတ်စလင်လူမျိုးအများစုနေတဲ့ ရွာပါ။ တရားရေး လူက ပြေးဝင်လာပြီးကျွန်တော်ကို ကယ်ကြပါ နောက်မှာလက်နက်ကိုင်တွေ လိုက်လာကြနေတယ် တွေ့ရင် ရိုက်နှက်ကြလိမ့်မယ်လို့ ပြောပြီးအကူ အညီတောင်းတော့ ကုလားကြီး
က ဖြစ်စဉ်ကိုမေးပြီး ကိစ္စမရှိဘူး ခင်ဗျားဗလီထဲပုန်းနေပါဆိုပြီး အိမ်ဘေးက ဗလီထဲ ထည့်ထားတယ် ။ ဗလီရှေ့မှာတော့ သူက မားမားရပ်လို့ပေါ့။
မကြာဘူး လက်နက်ကိုင်တွေရောက်လာတယ် ဘယ်မှာလဲ တရားရေးကလူ အဟောအပြောကောင်းတဲ့လူ ဘယ်မှာလဲ ဝှက်ထားရင် သေပြီ သာမှတ်။ ဒီမှာတင် လက်နက်ကိုင်အဖွဲ့ က အဖိုးကြီးကို ပါးဘယ်ပြန်ညာပြန်ရိုက်တော့ တာပဲ။ အဖိုး ကြီးက လည်း အနာခံတယ် အရိုက်ခံတယ်။ ရိုက်သံကိုကြားတဲ့ တရားရေး လူက ထွက် အဖမ်းခံပါ့မယ် ့ကျွန်တော်ကြောင့်တော့ အပြစ်မရှိတဲ့ လူ ဒုက္ခ ရောက် မခံနိုင်ဘူး
ကျွန်တော် ထွက် အဖမ်းခံပြဆေစဆိုပြီးရုန်းတော့ အဖိုးကြီးရဲ့ သားက ခင်ဗျားထွက် အဖမ်းမခံ ပါနဲ့ သူတို့ ကျွန်တော် အဖေကို အသေမသတ်ပါဘူး ။အဖေက မှာထားတယ် သူကို ဘယ်လိုပဲနိပ်စက်ပါစေ ခင်ဗျားကို ဘေးကင်းအောင်ပို့ရမယ် ကာကွယ်ရမယ်လို့ မှာထားပါတယ်။ အပြင်မှာလည်း အဖိုးကြီးကို ရိုက်သံတွေညံနေပါတယ်။အော်သံလည်းကြားနေရပါတယ်။ အဖွားကြီးကတော့ ငိုနေပါတော့တယ် ။
ခင်ဗျားက တိုင်းပြည်ကောင်းအောင်လုပ်နေတာ၊ တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ လူပါ။အဖေက အသက်လည်းကြီးပါပြီ တိုင်းပြည်အတွက်လည်း အလုပ် မလုပ်နိုင်တော့ပါဘူး။ တိုင်းပြည်ရဲ့ ကျေးဇူးကို ဆပ်ဖို့
ဒါလေးတော့ လုပ်ပေးပါရစေ…တဲ့။
နောက် တစ်ခုကတော့ ဟိုတုန်းက ပေါ့ သူပုန်တွေခောတ်ကောင်းနေချိန်မှာ လယ်ပိုင်ရှင်သူဋ္ဌေးကို ဖမ်းဆည်းခေါ်ငစ်လို့ နိပ်စက်တဲ့ အခါမှာ ကိုသာအေးဆိုတဲ့ သူရင်းငှားက သွားကယ်ခဲ့တယ် အဲ့ ဒီ သူရင်းငှားလေး သေသွားပါတယ်။
တကယ်တော့ ကျေးဇူးတရားတစ်ခုပြုတဲ့ အခါ ပြုသူက သတိမမူမိပေမယ့် ကျေးဇူးတင်တတ်သူကတော့ မမေ့နိုင်ဘဲ တစ်သက်လုံး ထင်ကျန်ရစ်ခဲ့ပါတယ်။ အလုပ်မရှိသူကို အလုပ်ရှာပေးတာ၊ လမ်းပျောက်နေသူကို လမ်းပြတာ မှောင်နေတာကို လင်းစေချင်တာ၊သူရဲကောင်းနှလုံးသားပိုရှင်တွေရဲ့ အလုပ်ပါ။ အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့ အခါ တကယ် ကိုယ်ကျိုးစွန့်နိုင်မှ ဆိုတဲ့ ခင်မောင်တိုး သီချင်းထဲကလို ..စွန့်လွတ်စွန့်စားစိတ် ရှိသူတွေဟာ လောကီ လောကုတ္တရာ ကေင်းမွန်မှာပါ။
ကိုယ်ကျိုးလည်းရှာ အများကျိုးလည်းပါ ကိုယ်လည်းဘေးလွတ်ရာရှောင် အများကိုလည်းဘေးလွတ်ရာဆောင်သူတွေ ဤ ကမ္ဘာမြေပေါ်မှာမြောက်များစွာရှိကြပါတယ်။စစ်မြင်းတွေဟာ သခင်အတွက် ရန်သူကို
အတင်းဝင်ရောက် ပြီး အသေခံ တိုက်ခိုက်ဖို့ ရဲဝံ့ ကြတာဟာ ကျေးဇူးသိတတ်သောစိတ်သာဖြစ်ကြောင်း ပြောလိုပါတယ်။
အမောင်ပျောက်ကျား တိုင်းပြည်အားကို
ဘာများမှာခဲ့ လိုပါသနည်း။
ခရီးမတ်တတ် လမ်းခုလတ်၌
ကိုယ်လွတ်ရှောင်ခွာ ရုန်းခဲ့ပါ၍
အားနာခဲ့ကြောင်းပြောပါလေ…. ဆရာကြီးမင်းသုဝဏ် ၏ ကဗျာလေးနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။
ဝန်ခံချက်။ ။ကျွန်တော်သည် မဖြစ်ညစ်ကျယ် စာရေးသူတစ်ယောက်ဖြစ်ပြီး စိတ်ကူးရှိရာရေးတတ်သူ တစ်ဦးသာဖြစ်ပါ၍ ဖတ်ရှုသူများကို ကျေးဇူးအထူးတင်မိပါကြောင်းနှင့်
မိမိစာကြောင့် တစ်စုံတစ်ရာ အနှောင့် အယှက်ဖြစ်ကြပါက ကျွန်တော်ကို ရူးနှမ်းနှမ်းလူဟုသာ မှတ်ယူပေးကြပါကုန်။

9 comments

  • စိန်ပေါက်ပေါက်

    February 6, 2012 at 8:31 pm

    ကိုထက်ရေ
    အာကိုပြောသလိုပါပဲ
    ကိုယ်ကသာ ဘာရယ်ဟုတ်ဘူး ကူညီပေးလိုက်ပေမဲ့.အဲဒီလူအတွက်တစ်ကယ်လိုအပ်တဲ့အကူအညီဖြစ်နေရင် အဲဒီလူက ကိုယ့်ကို ကျေးဇူးမမေ့တော့ဘူးဗျ
    ကို ့ရဲ့ ကိုယ်တွေ ့လေးပြောရရင်
    Clone/Ghost ရိုက်နည်းမသိလို ့ အိုင်တီဆရာလေးတစ်ယောက်ကို အကူအညီတောင်းတော့ ပြည့်ပြည့်စုံစုံလေး ရှင်းပြပေးခဲ့တယ်
    သူရှင်းပြတာနဲ ့ ကိုလေ့လာတာနဲ ့ပေါင်းပြီး အခု အဲဒီ Clone နည်းပညာကို တော်တော်နားလည်သွားခဲ့ပြီး အခုလို အေးဆေး
    စာဖတ်စာရေး လုပ်နေနိုင်တဲ့အတွက် အဲဒီအိုင်တီဆရာလေးကို ကျနော်အမြဲ ကျေးဇူးတင်နေရတယ်ဗျ.
    ခုလိုအေးဆေး နှပ်နေနိုင်တာ သူ ့ကြောင့်ပေါ့နော့
    ဒါပေသိ..ကိုကျေးဇူးတင်နေတာ သူမသိရှာဘူးဗျာ..

    တစ်ခါတလေကျတော့လဲ ကျေးဇူးကန်းတဲ့လူတွေရှိတယ်ဗျာ
    ကူညီရကျိုး မနပ်ဘူး….ကြုံဖူးရင်သိကြမှာပါ…

    သိစေချင်တာနဲ ့ ကွန်းမန် ့ပေးတာ လွဲသွားရင် ဆောဒီးပါဗျာ..
    သဂျီးတူမလေးနဲ ့ချိန်းထားလို ့ကို ့ကို သွားခွင့်ပြုပါဦး

  • thit min

    February 6, 2012 at 9:02 pm

    ကျနော် ဒီစာကိုဝင်ဖတ်တာ သုံးခါရှိပြီ။
    မဟော်သဓာဇာတ်တော် ဒုတိယပိုင်းကို သတိရသွားပြီး ပြန်ရေးမလို့စဉ်းစားတော့
    တော်တော်ရှည်ရှည်ရေးရမှာမို့ကော်မန့်ရေးဘို့ ရပ်ရပ်သွားတာဗျ။
    ဒီလိုလေဗျာ။ဝိဒေဟရာဇ်မင်းကြီး မိထီ္ထလာမှာ နတ်ရွာစံပြီးနောက်ပိုင်း ရှေးကရှိခဲ့တဲ့
    ကတိအတိုင်း မဟောသဓာက ကေးဝဋ်တို့တိုင်းပြည်ကိုသွားပြီး အမှုထမ်းရတယ်မဟုတ်လား။
    အဲဒီ မှာ စူလနီဗြဟ္မဒတ်မင်းကိုးကွယ်တဲ့ ထေရီမနဲ့လက်ဝါးပြ၊လက်သီးဆုပ်၊ခေါင်းသပ်ပြ၊
    ရင်သပ်ပြ အမေးအဖြေလုပ်ကြ မဟုတ်လားဗျာ။
    နောက်ဆုံး ဘုရင့်ရဲ့ မဟောသဓာပေါ်ထားတဲ့ စိတ်ထားအမှန်သိချင်လို့ “ရေနတ်ဘီလူး” ပုစာ္စ္ဆကို
    ထေရီမမေးတယ်။ ဘုရင်ဖြေတယ်ဗျာ။
    ပင်လယ်မှာ ဘုရင်နဲ့ဘုရင်အမေ၊ဘုရင့်အမျိုးတွေအကုန်ပါမယ်၊မဟော်သဓာလဲပါမယ်။
    ဘီလူးက စားဘို့တယောက်ချင်းချပေးခိုင်းမယ်ဆိုရင် ဆိုတဲ့ မေးခွန်းဗျာ။
    နောက်ဆုံး ဘုရင်နဲ့ မဟော်သဓာ ၂ယောက်ထဲကျန်ရင် ဘုရင်က သူ့ကိုယ်သူဘီလူးကိုကြွေး
    ပါတယ်တဲ့။
    သူရှိရင် တိုင်းပြည်တခုလုံး ကောင်းအောင်လုပ်နိုင်မယ်မှန်ပေမဲ့ မဟောသဓာရှိရင်
    တလောကလုံးကောင်းအောင် လုပ်နိုင်မှာမို့တဲ့။
    ဆရာတော်မင်းပူးဦးဩဘာသ ရေးတာဗျာ။
    ကျနော် ဆရာထက်ဝေးစာလေးဖတ်ပြီး “တွေး၊တွေး သွားလိုက်မိလို့” ပါဗျာ။

  • Shwe Tike Soe

    February 7, 2012 at 11:44 am

    တကယ်ဖတ်ပြီး ခံစားလိုက်ရပါတယ်….. အသက်ကြီးပြီး တိုင်းပြည်အတွက် ဘာမှလုပ်မပေးနိုင်လို. တိုင်းပြည်အကျိုးသယ်ပို.မယ့် လူငယ်တွေကို အားပေးပြီး ကာကွယ်ပေးတာ တကယ်ကောင်းတဲ့စိတ်ဓာတ်ပဲဗျာ….

  • TTNU

    February 7, 2012 at 12:04 pm

    ကျေးဇူးဆိုလို့လေ၊ ကြားဖူးတာလေးနည်းနည်းပြောပြချင်တယ် ကိုထက်ဝေးရေ…

    ငယ်ငယ်တုန်းကကြားဖူးနားဝနဲ့
    ” သူများကျေးဇူး ထိန်ဖူးတဲ့သူ မီးလိုပူ ” တဲ့။

    အဲဒါလေးမတောက်တခေါက်သိပြီး ကိုယ့်ကျေးဇူးမေ့တဲ့သူတွေဆိုရင် မီးလိုပူဦးမှာလို့
    ခပ်ငယ်ငယ်က မလယ်မဝယ်မိုက်ကန်းစွာ တွေးမိပြောမိဖူးတယ်။

    အသက်အတော်ရလာမှ ပြုဖူးတဲ့ကျေးဇူးအတွက် ကုသိုလ်မရ ငရဲရနေတာပါလားလို့
    အသိတရားရလာတယ်။ တကယ်တော့ တစ်ယောက်ယောက်က ကျေးဇူးကန်းရင်
    ခွင့်လွှတ်ပေးမှ ကိုယ်မခံစားရမှာပဲနော်။ နို့မဟုတ်ရင် မီးလိုပူရမှာက သူမဟုတ်ဘူး။
    ကိုယ်ဖြစ်နေတော့တာပါလား။

  • manawphyulay

    February 7, 2012 at 2:16 pm

    အတွေးနဲ့ အရေးဆိုတာ ဒါကိုပြောတာဖြစ်မယ်။ ဘယ်လူမျိုး ဘယ်ဘာသာဖြစ်ပါစေ… ကျေးဇူးတရားကို သိတတ်ဖို့လိုတယ်ဆိုတာ မီးမောင်းထိုးပြထားသလိုပဲ မြင်မိပါတော့တယ်။
    လေးစားစွာဖြင့်
    မနောဖြူလေး

  • eipu

    February 7, 2012 at 4:11 pm

    ကျေးဇူးသိတက်တာကလည်းမင်္ဂလာတစ်ပါးပါဘဲ။

  • nature

    February 7, 2012 at 7:05 pm

    အသက်နဲ့ရင်းပြီးကျေးဇူးဆပ်တယ်ဆိုတာ တော်တော်ရှားတယ်နော် ။ ကျေးဇူးရှင်ကိုကျေးဇူးဆပ်တယ်ဆိုတာ သူတော်ကောင်းစိတ်ဓါက်ပါပဲ။ ကြီးပွားတိုးတက်ခြင်း အကြောင်းတရားပါပဲ။
    ဆုတ်ကပ်ကြီးမှာတော့ ကျေးဇူးရှင်ကိုမှ ကျေးစွပ်နေတဲ့သူတွေ အများကြီးပါပဲ။ ဒါဟာပျက်စီးခြင်းအကြောင်းတရားပါပဲ။

  • htet way

    February 7, 2012 at 7:44 pm

    ကျွန်တော်ခံယူထားတာကတော့ သနားထိုက်သူကို သနားမယ်
    ချီးမွှမ်းသင့်သူကိုချီးမွှမ်းမယ်၊ ကျေးဇူးတရားကို သိတတ်နားလည်မယ်
    ဆရာရေ… တကယ်ေတော့ လူဘဝတိုတိုလေးမှာ တရားနဲ့ ညီအောင်နေနိုင်ဖို့
    ကျွန်တော် ကြိုးစားနေပါတယ်

  • ဆူး

    February 8, 2012 at 11:03 am

    ပိုစ်လေး ဖတ်ပြီးတော့ တခု သွားသတိရမိတယ်။
    ဘုရားလောင်း သူဆင်းရဲ့ သူတောင်းစား မျိုးတုန်းက အနားက လေသင့်ရာ အရပ်မှာ ကုန်သည် တယောက် ကြက်သားကြော်စားတုန်း အနံရှူပြီး ဗိုက်ဆာဆာနဲ့ စားတဲ့ အစားက အရသာ ပိုရှိလို့ နောင်တချိန် အဲဒီ ကုန်သည် အပစ်သင့်လို့ သတ်ဖို့ ကားစင်တင်ခံရတဲ့ အခါ လူချင်းလဲပေးပြီး စောင့်နေတဲ့ အတွက် ဘုရင်က ဒီလောက်လေးကိုတောင် သစ္စာရှိတာ ငါ့ အနားခေါ်ထားပြီး မြှောက်စားရင် မဆိုးဘူး ဆိုပြီး သူကောင်းစား ဖြစ်သွားတဲ့ ဇတ်လမ်းလေးနဲ့ ခပ်ဆင်ဆင်ပဲ။

Leave a Reply