ငှက်ဖျားရောဂါအကြောင်း တစေ့တစောင်း

wunnakokoJune 3, 20101min831

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်အများသော ရောဂါတစ်မျိုးဖြစ်သည်။ ငှက်ဖျားရောဂါသည် ဆင်းရဲသူများကို ဆင်းရဲတွင်းထဲ ပို့နေသော ရောဂါဖြစ်သည်။ မြန်မာနိုင်ငံ လူဦးရေ ၏ ၇၀%သည် ငှက်ဖျားဒေသတွင်နေထိုင်ကြသူများဖြစ်သည်။

ငှက်ဖျားရောဂါသည် အနောဖလိခြင် အကိုက်ခံရ¨ခြင်းကြောင့် ဖြစ်ပွားနိုင်သည်။ အနာဖလိခြင်သည် တောတောင်များတွင် ပေါက်ပွား နေထိုင်သည်။၎င်းခြင်သည် ညနေပိုင်းနှင့် ညပိုင်းတွင် ကိုက်သည်။ ငှက်ဖျားရောဂါသည် ခြင်ကိုက်ခံရခြင်း၊ ငှက်ဖျားပိုးပါသော သွေးသွင်း မိခြင်း၊ မိခင်မှသနေ¨သားသို့ကူးစက်ခြင်းတို့ကြောင့်သာကူးစက်နိုင်ပါသည်။ စိမ့်စမ်းရေချိုးခြင်း၊ သောက်ခြင်း၊ ငှက်ပျောသီးစားခြင်း တို့ကြောင့် မကူးစက်နိုင်ပါ။ ငှက်ပျောသီးစားလျှင် သုံးနှစ် ငုတ် နေသော အဖျားပြန်ပေါ်သည်ဟု ပြောကြသည်။ ငှက်ဖျားရောဂါကို သေချာကုမထားပါက ငှက်ပျောသီးထဲတွင်ပါသော ပီအေဘီအေဟုခေါ်သည့် ဓာတ်တစ်မျိုးသည် ငှက်ဖျားရောဂါကို အားပေးနိုင်သောကြောင့် ပြန်ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ စိမ့်စမ်းရေချိုးနေ၊ သောက်နေချိန်တွင် ခြင်ကိုက်ခံရသည်ကို မသိဘဲ ပြန်လာသောအချိန် ဖျားသောအခါ စမ်းရေချိုးလို့၊ သောက်လို့ ဖျားသည်ဟု ထင်တတ်ကြသည်။

ငှက်ဖျားရောဂါပိုးမှာ(၄)မျိုးရှိသည်။ ပလပ်စမိုးဒီးယမ်းဖယ်စ်ီပရမ်၊ပလပ်စမိုးဒီးယမ်းဗိုင်းဗပ်၊ ပလပ်စမိုးဒီးယမ်းအိုဗေး၊ပလပ်စမိုးဒီးယမ်းမလေဒီယေးဟူí(၄)မျိုးရှိသည်။ မြန်မာနိုင်ငံတွင် ပလပ်စမိုးဒီးယမ်းဖယ်စ်ီပရမ်နှင့် ပလပ်စမိုးဒီးယမ်းဗိုင်းဗပ်ပိုးသည် အဖြစ်များသောပိုးများ ဖြစ်သည်။

ငှက်ဖျားရောဂါအဖြစ်များသူများမှာ ငှက်ဖျားဒေသတွင် နေထိုင်သူများ၊ ငှက်ဖျားဒေသတွင် နေထိုင်သူမဟုတ်ပါက ငှက်ဖျားဒေသသို့ တစ်ကြိမ်တစ်ခါသွားရောက်ဖူးသူများ၊ တောထဲတွင် အလုပ်လုပ်သူများ ဖြစ်သည်။ သို့သော် ငှက်ဖျားခြင်ကိုက်ခံရသူတိုင်း ငှက်ဖျားရောဂါ ဖြစ်နိုင် ပါသည်။ ငှက်ဖျားရောဂါဖြစ်ပါက အသက်အန္တရာယ်စိုးရိမ်ရသူများမှာ သက်ကြီးရွယ်အို၊ ကလေး ငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်တို့ဖြစ်သည်။ အိမ်အိုတော့ကြားကန် လူအိုတော့ ဆေးခံရသည် ဆိုသလိုပင် သက်ကြီးရွယ်အိုများသည် နဂိုကမှ အားအင်ချိနဲ့နေရသည့်အထဲ ရောဂါဝင်က ပိုးဆိုး ဖို့သာ ရှိတော့သည်။ ထို့ကြောင့် သက်ကြီးရွယ်အိုများ ငှက်ဖျားမိပါက အခြားသူများထက် ပိုအန္တရာယ်ရှိပါသည်။ ကလေးငယ်များ ငှက်ဖျားဖြစ်ပြီးပါက ဦးနှောက်ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ဖြစ်တတ်သည်။ ကိုယ်ဝန်ဆောင်မိခင်များ ငှက်ဖျားမိပါက သွေးအား နည်း ခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့သောကလေးမွေးခြင်း၊ ကလေးအသေ မွေးခြင်းတို့ဖြစ်တတ် သည်။

ငှက်ဖျားရောဂါ၏ သာမာန်လက္ခဏာများမှာ ချမ်းတုံဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးထွက်များခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း တို့ဖြစ်သည်။ ငှက်ဖျားရောဂါသည် အချိန်မှန် အဖျားတက်တတ်ပြီး အဖျားမရှိသောအချိန်တွင် လူကောင်းအတိုင်းနေနိုင်သည်။ ထိုလက္ခဏာ များ ပြပါက နီးစပ်ရာကျန်းမာရေးဌာနတွင် သွေးစစ်ကြည့်နိုင်သည်။ ယခုအခါ ပါရာချပ်ဟု ခေါ်သော ကိရိယာတစ်မျိုးဖြင့် အလွယ်တကူ စစ်ဆေးနိုင်ပြီ ဖြစ်သည်။ သို့သော် ၎င်းကိရိယာ သည် ပလက်စမိုးဒီးယမ်းဖယ်စီပရမ် ဟု ခေါ်သော ဦးနှောက်ထဲဝင်ရောက်နိုင်သည့် ပြင်းထန် ငှက်ဖျားပိုးကိုသာ စစ်ဆေးနိုင်သည်။ စစ်ဆေးပြီးပါက ငှက်ဖျားအမြစ်ဖြတ်ဆေးကို တတ်ကျွမ်း နားလည်သော ဆရာဝန်၊ ဆရာမများ၏ ညွှန်ကြားချက်အတိုင်း သောက်သုံးသင့်သည်။ ထိုသို့ကုသမှုမခံယူပါက ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားခြင်း၊ ကျောက်ကပ်ထဲရောက် သွားခြင်း၊ အသည်းထဲရောက်သွားခြင်းတို့ဖြစ်တတ်သည်။

ငှက်ဖျားပိုး ဦးနှောက်ထဲရောက်သွားပါက ကယောင်ကတမ်းပြောခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တတ်သည်။ ကျောက်ကပ်ထဲရောက်ပါက ဆီးအရောင်ရင့်ခြင်း၊ ဆီးအရောင် မည်းမည်းသွားခြင်းတို့ဖြစ်တတ်သည်။ ထို့ကြောင့် ငှက်ဖျားရောဂါ အန္တရာယ်ရှိသော အခြေအနေ တွင် လူအများက စုန်း၊နတ်ပြုစားသည်ဟု ထင်တတ်ကြသည်။ အရေးပေါ်ဆေးရုံ၊ဆေးခန်းသို့ သွားရမည့်အစားအယူအဆများမှားကာ ပယောဂဆရာများနှင့်ကုသကြရာမှ မသေသင့်ဘဲ သေဆုံးကြရသည်။ အမှန်စင်စစ်ဆေးရ၊ုံဆေးခန်းသို့အမြန်ဆုံး သွားသင့်သည်။မည်သို့ပင်ဖြစ်စေ ငှက်ဖျားရောဂါဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံဆေးခန်းသို့ သွားရောက် စစ်ဆေးကုသမှုခံယူ သင့်သည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်ဟူသော စကားအတိုင်းပင် ငှက်ဖျားရောဂါသည်လည်း ဖြစ်မှကုသခြင်းထက် မဖြစ်ခင်ကကြိုတင်ကာကွယ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။ ငှက်ဖျားရောဂါကို မည်သို့ကာကွယ်မည်နည်း။ အကောင်းဆုံး ကာကွယ် နည်းမှာ ဘယ်နေရာမှာအိပ်အိပ်၊ ဘယ်အချိန်ပဲအိပ်အိပ် ခြင်ထောင်ထောင်အိပ်ရမည်ဖြစ်သည်။ ခြင်မပေါက်ပွားစေရန် ခြင်ပေါက်နိုင်သော နေရာများကို၊ ရေစီးရေလာကောင်းအောင် ဆောင်ရွက် ခြင်း တို့ကိုပြုလုပ်ရမည် ဖြစ်သည်။