“ကျွန်တော် ဒီနေ့ သေခြင်းတရားအကြောင်း စဉ်းစားမိတယ်”
ပတ်ဝန်းကျင်မှာ တစ်နေ့ တစ်နေ့ သေပုံသေနည်း အမျိုးမျိုးနဲ့ မရိုးအောင် သေနေကြတော့ ကျွန်တော်လည်း သေခြင်းတရားအကြောင် တွေးတောမိလာတယ်။ မြန်မာလိုကတော့ သေခြင်းကို အမျိုးအစားခွဲပြီး ခေါ်ကြတယ်။ ဘုန်ကြီးသေရင် ပျံလွန်တော်မူတယ်။ လူသေရင်တော့ အနိစ္စရောက်တယ်။ ဒါတင်မက မရဏနန်းစံမြန်းတယ်၊ ကြွသွားတယ်၊ ဂန့်တယ်၊ ဆုံးတယ်၊ ရှောဘရားသားဖြစ်တယ် ခရစ်တော်၌ အိပ်ပျော်တယ် စသည်ဖြင့် အမျိုးမျိုး သုံးနှုန်းကြတယ်။ ရှင်ဘုရင်ကျတော့ နတ်ရွာစံတယ်။ ရဟန္တာကျတော့ အရဟတ္တဗိုလ်ဆိုက်တယ်။ ဘုရားကျတော့ ပရိနိဗ္ဗာန်စံတယ် အမျိုးမျိုးပါပဲ။ အင်္ဂလိပ်တွေပဲ ကောင်းတယ်။ တစ်မျိုးတည်း die တဲ့။ ဘာလာလာ…ဒါပဲ သုံးလည်း ရတယ် အေးရော။
အဲ…သေခြင်းရဲ့ နာမည်မှာတင် မနည်းလျှာရှည်ပြီး တွေးမိပါရောလား။ ထပ်စဉ်းစားအုံးမှ။ သေခြင်းတရားဆိုတာ လာဘ်ထိုးထိန်းလို့ မရဘူးတဲ့။ ဒီစကား ကြားမိတော့ ကျွန်တော် တွေးမိတယ်။ တချို့လည်း သေခြင်းကို ပိုက်ဆံနဲ့ ညှိယူနေကျသော လူနာတွေကို တွေ့မြင်နေရတယ်လေ။ အဲဒီလူနာမျိုးကြတော့ သေအံမူးမူအချိန်လို့ပဲ ခေါ်ရမလား။ အဲ့ဒါကျတော့ သေခြင်းတရားကို ပိုက်ဆံနဲ့ လာဘ်ထိုးလို့မရပေမဲ့ နည်းနည်းတော့ အချိန်ဆွဲလို့ ရပါလားဆိုတာ ထင်မိတယ်။
ကျွန်တော် သေခြင်းတရားအကြောင်းပြောတော့ တချို့တွေက နမိတ်မရှိ နမမရှိလို့ ပြောကြအုံးမယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ ဒီဘူတာကို လူတိုင်းက ဆိုက်ရမှာပဲလေ။ ရှောင်လွဲလို့မှ မရတာ။ ဘာကြောက်စရာရှိလို့လဲ။ မသေခင် လူလောကအတွက် ကိုယ်ဘာအသုံးကျခဲ့လဲဆိုတာသာ ဆင်ခြင်သင့်တာ။ သေချာတွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ခန္ဓာကိုယ်ကြီးကလည်း သချိင်္ူင်းတစ်ခုပဲဆိုတာ မိတ်ဆွေတို့ စဉ်းစားမိရဲ့လား။ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာထဲမှာ အကောင်သေများစွာလည်း ရောနှောနေတယ်လေ။ ဒီတော့ ကျွန်တော်တို့ရဲ့ ကိုယ်ဟာ တရိစ္ဆာန်တို့ရဲ့ သုသာန်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာပေါ့။ ပြီးတော့ သေခြင်းတရားကို အမြဲဆင်ခြင်ဖို့ ဘုရားကတောင် ဆုံးမထားသေးတာ။ ဘယ်လောက်စဉ်းစားဖို့ကောင်းတဲ့ သေခြင်းတရားလဲလို့။ သူ့အကြောင်းတွေမယ်ဆိုရင် ဘုရားဟောအရကြည့်လိုက်မယ်ဆို မင်္ဂလာတောင်ရှိသေး။
ဒါနဲ့ ပတ်သတ်ပြီး ကြားဖူးနားဝ အရှင်ဘုရားနဲ့ ပတ်သက်ပြီး သာဓက ထုတ်ပြရအုံးမယ်။ ကျွန်တော်တို့ မြတ်စွာဘုရားဟာ အခါတစ်ပါးက ရဟန်းသုံးပါးကို သေခြင်းတရားနဲ့ ပတ်သက်ပြီး မရဏနုသတိပွားခိုင်းထားတယ်။ တစ်နေ့တော့ အရှင်ဘုရားဟာ မရဏနုသတိပွားပုံနဲ့ ပတ်သက်ပြီး ဆွမ်းစားချိန်မှာ အသုံးချ၊ မချ ဤရဟန်းသုံးပါးကို မေးတယ်။ ပထမရဟန်းက ဆွမ်းစားပြီးချိန်မှာ သေခြင်းတရားက ကျရောက်နိုင်ပါတယ်လို့ ဆင်ခြင်ကြောင်း ပြောတယ်။ ဒုတိယ ရဟန်းကတော့ ဆွမ်းတစ်လုပ်သွင်းပြီးတိုင်း သေခြင်းတရားက နီးကပ်စွာ ကျရောက်ကြောင်း ဆင်ခြင်ပုံကို ပြောတယ်။ တတိယ ရဟန်းလည်းကျရော ဆွမ်းယူလိုက်ချိန်တည်းကစပြီး ပါးစပ်ထဲ မရောက်ခင်အထိ အသေးစိတ် သေခြင်းတရားရဲ့နီးကပ်ပုံကို ဆင်ခြင်ကြောင်း မြတ်စွာဘုရားကို ပြန်ကြားသတဲ့။ အဲဒီပြန်ကြားချက်ကို ဘုရားက ရဟန်းသုံးပါထဲကမှ နောက်ဆုံးရဟန်းရဲ့ သေခြင်းတရားဆင်ခြင်ပုံက ပို၍ကောင်းကြောင်း ချီးကျူးခဲ့သတဲ့။ ဒါကြောင့် ကျွန်တော်တို့အတွက် ကွေးသောလက်မဆန့်ခင် ဆန့်သောလက် မကွေးခင် စကားတွေ ပေါ်ပေါက်လာတယ် ထင်ပါရဲ့။
သေခြင်းတရားအကြောင်း ကျွန်တော်ပြောတော့ မိတ်ဆွေတို့က သေတာကတော့ ဟုတ်ပါပြီ။ ဒါဆို မသေခင် ဘာလုပ်ရမှလဲလို့ အမေးရှိလာပြန်ရော။ ဒီတော့ ကျွန်တော် စဉ်းစားရပြန်ပြီ။ လောကီသဘောအရတော့ မသေခင်ဆောင်ရွက်မှာက နေ့စဉ် ဥစ္စာ၊ ပညာ၊ ကုသိုလ် တစ်ခုခုတော့ ရအောင်ယူတဲ့။ အဲဒီတော့ ကျွန်တော်တွေးတောမိတယ်။ ပညာတွေ ဥစ္စာပစ္စည်းတွေကတော့ လောကီလူဘုံ နေတုန်းထိုင်တုန်းတော့ အသုံးဝင်ပါတယ်။ တကယ်သေခြင်းတရားနဲ့ တွေ့လာရင်တော့ အရေးကြီးဆုံး ရအောင်ယူထားသင့်တာက ကုသိုလ်ပဲလို့ ထင်မိတယ်။ ဒီကုသိုလ်ရှိမှ နောက်သံသရာဆက်မဲ့ ဘဝမှာ ကျွန်တော်တို့အတွက် အမှန်တကယ် အသုံးဝင်မှာ မဟုတ်လား။ ကျန်နှစ်ခုကတော့ ကျွန်တော်တို့ သေရင် ပစ္စည်းဥစ္စာတွေ ပညာတွေက ချန်ထားခဲ့ရမှာပဲလေ။ ဆည်းပူးထားတဲ့ ပညာကတော့ အနည်းအကျဉ်း ပါရမီအဖြစ်တော့ အသုံးဝင်လိမ့်မယ်။ ဒါပေမဲ့ တကယ့် ကုသိုလ်လောက်တော့ သူတို့ဟာ တန်ဖိုးမဲ့လွန်းပါတယ်။
ဒါကြောင့် လောကီမှာ လုပ်သင့်တဲ့ သုံးခုထဲကမှ ကုသိုလ်ကို လက်ရှိဘဝမှာ အသုံးမဝင်ဘူးဆိုပြီး ပစ်မထားသင့်ကြောင်းပြောချင်ပါတယ်။ တကယ်လို့ သေခြင်းတရားနဲ့ ကြုံတွေ့လို့ နောက်ဆုံးမှာ သင်ဆုံးပါးသွားမယ်ဆိုရင် ကုသိုလ်တစ်ခုခုမှ အခံရှိရင် သင်အကျနာလိမ့်မယ်။ ဒါကြောင့် သင်ကျခဲ့မယ်ဆိုရင်တောင် အကျမနာနိုင်ဖို့ ကုသိုလ်ကို အသက်ရှင်နေတုန်း မလုပ်မဖြစ် လုပ်ကြပါဟု တိုင်းတွန်းရင်း သေခြင်းတရားတွေးတာ အဆုံးသတ်လိုက်ပါတယ်။
စေပိုင်ထွဋ်(ပုသိမ်)
15 comments
စိန်ပေါက်ပေါက်
February 7, 2012 at 5:38 pm
သများလဲ သေချင်နေတာနဲ ့
ဘိုလုပ်ရမှန်းလဲသိဘူး…
သများသေရင်ကော ဘရိုခေါ်ကြမလဲဟင်.
ဘဝတစ်ပါး ဟန်းနီးမွန်းထွက်တယ်လို ့ခေါ်ကြပါနော်..
ခုတောင် ကိုယ်တွေပူနေပြီ.
ဟမငေး.
စကားနောက် တရားပါ တစ်ဂယ်သေသွားမှ သဂျီးဆီက ပွိုင့်တွေမရလိုက်ပဲနေပါဦးမယ်..
သေဝူး..သေဝူး..
ညှင်း..ညှင်း..
စိန်ပေါက်ပေါက်
February 7, 2012 at 5:39 pm
ခင်ဗျားကဘာလဲဗျ
သေမယ်ပြောလိုက် မသေဘူးပြောလိုက်နဲ ့
ရူးနေလား
စေပိုင်ထွဋ် (ပုသိမ်)
February 10, 2012 at 7:59 pm
ရူးတယ်လို့ ထင်ပါဝူး
၁ပြားလိုနေတယ်ပဲ ထင်တယ် ခိခိ
နောက်တာ ဟိဟိ
ခင်လျှက်…စေပိုင်ထွဋ်(ပုသိမ်)
alinsett
February 7, 2012 at 6:59 pm
လူသေ သွားတာထက်….နာမည် သေ သွားမှာကိုတော့ ပိုစိုးရမ်မိတယ်..ဗျာ။
ကျွန်တော်တို ့..ရဲ ့နိုင်ငံက အကောင်ကြီးတစ်ယောက်တော့ လူမသေသေးဘူး ( သေဖို ့တော့နီးနေပြီနော် ။) နာမည်ကတော့ သေသွားပြီ။
အခု ပို့စ်လေးကို တင်ပြပေးတာ ကျေးဇူးပါပဲ..
စေပိုင်ထွဋ် (ပုသိမ်)
February 10, 2012 at 8:00 pm
ကျွန်တော်ကလည်း တွေးမိသမျှကို
ဖတ်ပေးတဲ့ ပရိသတ် ရှိလို့လည်း ကျေးဇူးတင်ပါတယ်ဗျာ
ခင်လျှက်..
စေပိုင်ထွဋ်(ပုသိမ်)
မိုက်ကယ်ဂျော်နီငပွ
February 7, 2012 at 8:08 pm
တရားတစ်ပုဒ်လောက်ဝင်ဟဲအုန်းမှ
တစ်ခါတစ်လေကြတော့လည်း လူအထင်ကြီးအောင် တစ်ပုတ်တစ်လေလောက်တော့
ဟဲပြရတာပေါ့ဗျာ
သတ္တဝါတိုင်းဟာ မွေးဖွားခြင်းသဘောရှိတဲ့အတွက် သေဆုံးခြင်းသဘောရှိတာဟာ သဘာဝပါ
ဝိပဿနာဖက်ကို နည်းနည်းချိတ်လိုက်ရင် ဖြစ်ခြင်းပျက်ခြင်းသဘောလေးပါ
သဘောလေးဆိုပေမယ့် သဘောတရားကြီးတစ်ခုပါဘဲ
သတ္တဝါရဲ့ အသက်ရှင်ခြင်းအကြောင်းမှာ ကံ၊ စိတ်၊ ဥတု၊ အဟာရ အကြောင်းလေးပါးထဲက
အဟာရမှီဝဲခြင်းဖြစ်တဲ့
( ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာထဲမှာ အကောင်သေများစွာလည်း ရောနှောနေတယ်လေ။
ဒီတော့ ကျွန်တော်တို့ရဲ့ ကိုယ်ဟာ တရိစ္ဆာန်တို့ရဲ့ သုသာန်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာပေါ့။ )
ဒီသဘောလေးဟာ သာမန်တော့ ဟုတ်သလိုပါဘဲ
အမှန်တိုင်းပြောရလျှင်တော့ ဒီသဘောလေးဟာ အရမ်းဉဏ်ထက်မှ ဆင်ခြင်ထိုက်တဲ့သဘောတစ်ခုလို့
ထင်ပါတယ် ( အထင်ပါ )
မဟုတ်လို့ကတော့ အဟာရမှီဝဲခြင်းဟာ စက်စုပ်ဖွယ်တစ်ခုလို့ အမြင်ပြောင်းသွားလျှင် လွဲသွားနိုင်ပါတယ်
အဟာရဟာ အဟာရပါဘဲ
ဒီသဘောတွေ အစွန်းရောက်သွားတဲ့အခါ
သတ်သတ်လွတ် စားကြခြင်းကနေ ( ကိုကြောင်ကြီးတော့ ဆဲတော့မှာဘဲ )
မစင်တွေကို စားတဲ့အထိ လိုင်းတွေကွဲသွားကြပါတယ်
သေခြင်းတရားကို နှလုံးသွင်းတာလည်း ထိုနည်း၎င်းပါဘဲ
ခန္ဓာကို ရွှံရှာဖွယ်အဖြစ် အစွန်းရောက်အောင် တွေးမိလျှင် မိမိကိုယ်ကိုယ်သတ်သေခြင်းများအထိ
အစွန်းရောက်သွားတတ်ပါတယ်
ဆိုလိုတာက
အဟာရနှင့် ခန္ဓာကို ဆင်ခြင်ရာမှာ အစွန်းမရောက်စေဘို့ ပါ
ဘာဘဲဖြစ်ဖြစ်ပါ
ဒီလို တရားတွေကို ဆင်ခြင်နိုင်တဲ့စိတ်ကလေးကတော့
အလွန်တန်ဖိုးကြီးပါတယ်ဗျာ
……………………………….
……………………………..
ဟုတ်မဟုတ်တော့သိဘူး ဟောပြီးပြေးဘီ
ဗျစ်ဗျစ်ဘစ်ဘစ်
မိုက်ကယ်ဂျော်နီငပွ
February 7, 2012 at 8:11 pm
ခင်ဗျားက ဘာလဲ
သဘောလေးပြောလိုက် သဘောတရားကြီးပြောလိုက် နဲ့
ရူးနေလား
…………….
…………….
ဟိုးးးးးးးးးးးးးးးးးအပေါ်ကလူလည်း
ဒီလိုဘဲပြောလို့ သူ့လိုဘဲလိုက်ပြောဒါ
စေပိုင်ထွဋ် (ပုသိမ်)
February 10, 2012 at 8:10 pm
အလယ်အလတ် လမ်းဟာ
အကောင်းဆုံးပဲလို့ ဘုရားဟော ရှိတာပဲ
ကိုယ်ကိုယ်တိုင်းလည်း ဉာဏ်မှီသလောက် မှန်းဆရင်း…
mandalarthu
February 7, 2012 at 8:38 pm
ဟုတ်ပါတယ်။ကျွန်မလည်းသေခြင်းတရားကို စဉ်းစားမိပါတယ်။
ဟိုတနေ ့ကပါ။
သေခြင်းတရားကို ကိုယ်တိုင် လက်တကမ်းမှာ တွေ ့လိုက်ရတော ့(အဲဒီနေ ့က ဆိုင်ကယ်စီးရင်း အခြားသူက ဘေးက ဝင်တိုက်သွားတာ ခံလိုက်ရတုန်းကပါ)။ကံကောင်းလို ့သိ်ပ်မထိခိုက်မိလိုက်တာပါ။
သေလည်းသေမသွားတာပါ။
အဲဒီတုန်းက တွေးလိုက်မိတာက” အခုနေများငါသေသွားခဲ ့ရင်….”ပေါ ့။
သေချာပေါက် သတိလွတ်နေတဲ ့စိတ်နဲ ့ဆိုတော ့အပါယ်တော ့ပြေးမလွတ်ပါဘူး ဆိုတာ ကိုယ် ့ကို ကိုယ်ဆင်ခြင်မိလိုက်ပါတယ်။
“သေခြင်းတရား”အတွက် ဘာမှ မပြင်ဆင်ရသေးတာကို ပြောတာပါ။
နေ့စဉ် ဥစ္စာ၊ ပညာ၊ ကုသိုလ် တစ်ခုခုတော့ ရအောင်ယူတာက လောကီအတွက်ပါ။
လောကုတ္တရာ အတွက်ကတော ့ကုသိုလ်က အပါယ်မှ အလွတ်မရုန်းနို်င်တာ သေချာပါတယ်။
လူ ု့ ့ကုသိုလ်အကျိုး အရ ဘုံ၊နတ်ဘုံလောက် သာ..သူက တတ်နိုင်တာဆိုတော ့….အပါယ်လွတ်ဖို ့ဘာမှ အာမခံချက်မရှိပါ။
ဝိပဿနာတရားကို ပိုင်ပိုင်နို်င်နိုင် အားထုတ်ထားမှသာလျှင် ….ကိုယ် ့ဘဝအတွက် သေခြင်းရဲ ့အခြားတဖက်မှာ အပါယ်မကျဖု ိ့ အာမခံချက်ရှိမှာပါ။
ကျွန်မကလည်း…အခုထိ…ဘာမှ မဟုတ်သေးပါ။..
…….အပါယ်မှ လွတ်ဖို ့အာမခံချက်လည်း ခုထိ မရှိသေးပါ။
ဆရာကြီးလုပ်ချင်တာလည်းမဟုတ်ပါ…..ကျွန်မ သိသမျှလေး ..ဝင်ရောက်ဆွေးနွေးခြင်းမျှသာ ဖြစ်ပါတယ်။
သေခြင်းတရားက……ကျွန်မတု ိ့အားလုံး နေ ့စဉ် မေ ့မထားအပ်တဲ ့အရာ
ကြို တင်ပြင်ဆင်အပ်…ကြို တင် ပြင် ဆင်သင် ့တဲ ့အရာလို ့ …..ခံစားမိပါတယ်။
စေပိုင်ထွဋ် (ပုသိမ်)
February 10, 2012 at 8:18 pm
ကုသိုလ်တရားမှာလဲ
ဝိပဿနာ ကုသိုလ်ဆိုတာလည်း ရှိပါကြောင်း
ပြောလိုပါတယ်
chityimhtoo
February 8, 2012 at 10:33 am
အင်းကျွန်တော်တို့တွေစားဘို့ ဝတ်ဘို့ နေဘို့ လုံးပန်းနေရတာနဲ့ တင်အချိန်တွေကုန်မှန်းမသိကုန်လာကျတာပါ။ဒီဝမ်းဗိုက်လေးပြည့်ဖို့အတွက် အချိန်ပြည့်လုံးပန်း
နေကျရတာပါ။သေချာစဉ်းစားကြည့်တော့ ကျွန်တော်တို့ စားဝတ်နေရေး သုံးခုအတွက်အသက်
သာအလုပ်လုပ်နေရတာတော့မဖြစ်သင့်ဘူးလို့ထင်မိပါတယ်။ငါသေရင်
ငရဲကျမှာဘဲဆိုတဲ့ အတွေးမျိုးနဲ့လည်းချောင်မပိတ်သင့်ပါဘူး။
သံသရာသိုင်းသမားတွေဘဲဗျာဒီလိုဘဲ
ပျော်ပျော်လေးနေပြီး သေခဲ့ကျတဲ့ဘဝတွေမနည်းတော့ပါဘူး။
စေပိုင်ထွဋ် (ပုသိမ်)
February 10, 2012 at 8:26 pm
ပျော်ပျော်နေ သေခဲဆိုတိုင်း လည်း မကောင်းဘူး ထင်တာပဲ
ရခဲတဲ့လူဘဝမှာ
နေခဲ့ရတယ်ဆိုရင်
အနေတတ်ဖို့ အရေးကြီးသလို
အသေတတ်ဖို့လည်း အရေးကြီတယ် ထင်တယ်
FattyCat
February 8, 2012 at 11:50 am
သူငယ်ချင်းရေ-
အင်္ဂလိပ်ဆိုတဲ့ကောင်တွေမှာလဲ Die ဆိုတဲ့စကားလုံးအပြင် သေခြင်းကိုတခြားစာလုံးတွေသုံးသေးတယ်ဗျ…
Die ဆိုတာ သူလိုကိုယ်လို “သူသေသွားပြီ” ဆိုတာမျိုးမှာသုံးတာပါ…
လူတစ်ဦးတစ်ယောက်သေဆုံးခြင်းအပေါ် ဂရုဏာသက်စရာ၊ တလေးတစားပြောချင်တဲ့အခါမှာ “Pass away” ဆိုပြီး “ကွယ်လွန်သွားသည်” ဆိုတာမျိုးသုံးပါတယ်…
နောက်တမျိုးက ဘန်းစကားပေါ့ဗျာ…”ရှောသွားပြီ” ဆိုသလိုမျိုး သိပ်မယဉ်ကျေးတဲ့စကားအနေနဲ့
“Kick the bucket” (သူတော့ရေပုံးကြီးကန်သွားပြီ) လို့ သုံးတတ်သေးတယ်ဗျ…
အင်္ဂလိပ်ဆိုတဲ့အကောင်ရှုပ်ရင် ဗမာလိုက်မမီဘူးဗျ…
ကြက်ဥကျော်တောင်…(၁၀)မျိုးလောက်ခွဲထားသေး…မယုံရင် စားဖိုမှူးသင်တန်းတက်ဖူးတဲ့သူတွေမေးကြည့်….ရှုပ်နေတာပဲ….
ခင်တဲ့
ကြောင်ဝတုတ်
စေပိုင်ထွဋ် (ပုသိမ်)
February 10, 2012 at 8:38 pm
မေးတော့ဝူးနော်
ကျွန်တော်က die ဆိုတာ သေခြင်းလို့ မည်သည့်နာမ်မဆို သုံးနိုင်တယ်လို့
ဆိုလိုမိတာပါ
မှားသွားရင်လည်း ခွင့်လွှတ်
aye.kk
February 10, 2012 at 8:53 pm
“မနက်ဖန်”နှင့်နောက်ဘဝတွင်..
“နက်ဖန်”ဆိုတာကဝေးသော…
“နောက်ဘဝ”ကအနီးလေးပါလား…
“သေခြင်းတရား”ကိုဆင်ခြင်ကြ…
“မရနုဿတိ”တရားကိုပွားများကြ…။