လယ်သမားနှင့် သူဌေးများ
လုလင်-ဟေ့ ဘယ်ကပြန်လာတာလဲ မောင်မှိုင်း
မောင်မှိုင်း- ငါပဲသွားရောင်းတာကွ
လုလင်-အဆင်ပြေရဲ့လား ဘယ်ဈေးလဲ
မောင်မှိုုင်း-မပြေပါဘူးကွာ ခု12800ဈေးပဲရှိတယ် ငါတို့လယ်သမားတွေဘယ်လို
ရပါတည်ရမှာလဲကွ
လုလင်-ဟုတ်လို့လားကွာ ရွှေဈေးတွေကတော့တက်နေတာပဲလေ
မောင်မှိုုင်း-ဟ ငါကမဟုတ်ပဲနဲ့ပြောမလားကွ
ဒါ့ကြောင့်ပြောတာပေါ့ ငါတို့လယ်သမားတွေကဆင်းရဲတယ်ဆိုတာ ငါတို့လယ်ယာထွက်ကုန်တွေက
အမြဲဈေးကျပြီး လူချမ်းသာတွေချမ်းသာပြီးရင်းချမ်းသာနေကြတာ သူတို့ရဲ့ရွှေဈေးတွေကတက်ပြီးရင်းတက်နေတယ်လေ
အဲ့ဒါကြောင့်ငါတို့ ဘာမှမလုပ်ချင်တော့တာပေါ့ကွာ
လုလင်-အေး ဟုတ်တယ်ကွ ဆန်စပါးဆိုတာ ငါတို့မြန်မာလူမျိုးတွေအတွက် မရှိမဖြစ်စားသုံးနေရတာလေ
တောင်သူလယ်သမားတွေကစပါးစိုက်မှ ဆန်ဆိုတာဖြစ်လာတာ ဒါပေမယ့်စပါးဈေးကကျပြီး ဆန်ဈေးတွေကမကျတော့
ဆင်းရဲသားလယ်သမားတွေဘယ်လို နေထိုင်စားသောက်ရမှာလဲ
ဒါတွေကိုဆင်းရဲသားလူတန်းစားပပျောက်ရေးရယ်လို့ဆိုလိုတာဖြစ်မယ်နော်
အားလုံးပဲစဉ်းစားပေးကြပါ ဆင်းရဲသားလူတန်းစားပပျောက်ရေးဆိုတာဒါမျိုးလားဟင်………………..
2 comments
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 22, 2012 at 9:00 pm
အင်းဗျာ ….စိတ်မကောင်းစရာ လယ်သမား၊ယာသမားဘဝတွေပါလား။
ဒါနဲ ့နေပါအုံးဗျာ နေပြည်တော်က လယ်ကွက်တွေ အထွက်လဲတိုး၊ဈေးကောင်းလဲ
ရတယ်ဆိုသဗျ။ဘာကွာလို ့လဲ မသိဘူး။
lulinmg
April 1, 2012 at 9:54 pm
ဟုတ်ကဲ့ စီမံကိန်းကြောင့်လို့ထင်ပါတယ်ခင်မျာ