မြန်မာနိုင်ငံရှိ ဘွဲ့ရခေတ်ပညာတတ်လူငယ်များ၏ အလုပ် အကိုင် ရှားပါးမှုနှင့် အလုပ်လက်မဲ့ ဖြစ်နေခြင်း။

ETMarch 2, 20121min62522

နေ့စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်
စာရေးသူ ။ ။ အလင်္ကာည
မူဝါဒရေးရာသက်ဆိုင်ရာဒေသ ။ ။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများရှိ မြို့ရွာများ

ခေါင်းစဉ် ။ ။မြန်မာနိုင်ငံရှိ ဘွဲ့ရခေတ်ပညာတတ်လူငယ်များ၏ အလုပ် အကိုင် ရှားပါးမှုနှင့် အလုပ်လက်မဲ့ ဖြစ်နေခြင်း။

မူဝါဒပြဿနာလက္ခဏာများ ။ ။ပြဿနာကို ကျောင်းများရှိ ကျောင်းသူကျောင်းသားများ အတွင်း၊ မိမိနေထိုင်ရာအိမ်တွင်းနှင့် မိမိ၏ ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်ပါသည်။ ဆေး၊ ရေကြောင်းသိပ္ပံ၊ စစ်တက္ကသိုလ်၊ စသောအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များတွင် ပညာသင်ကြားနေခြင်းမရှိသော ဝိဇာ ၊ သိပ္ပံ ကျောင်းသားများ၏ စိတ်ထဲတွင် ပညာရေးကို စိတ်ပါဝင်စားစွာ သင်ယူမှုမရှိဘဲ၊ ဘွဲတစ်ခုရဖို့အတွက်သာ ဝတ်ကျေတမ်းကျေ တတ်နေကြောင်း၊ ကျောင်းသားများသည် စာသင်ခန်းထဲတွင် မပျော်ပိုက်ဘဲ ကျောင်းတက်ရာခိုင်နှုန်း ၇၅% ပြည့်လျှင် တစ်ခြားနေရာများသို့သာ သွားရောက်ဖို့သာ အားသန်နေကြကြောင်းတွေ့ရှိရပါသည်။ မိဘများအနေဖြင့် ဘွဲ့ရပညာတတ်များကို အိမ်မှာ မိဘလုပ်စာထိုင်စားနေကြကာ ၎င်းတို့၏ ကိုယ်ရေကိုယ်သွေး၊ လုပ်အားကို မည်သည့်နေရာတွင်အသုံးချရမည်မှန်းမသိဖြစ်နေကြရပါသည်။ ဘွဲ့ရပြီး သင်တန်းမျိုးစုံ တတ်ပြီးသော်လည်း ဘဝတစ်ခုရပ်တည်နိုင်လောက်အောင် သင့်တော်သော လစာရရှိသည့် အလုပ်မရှိသဖြင့် ငွေကြေးတတ်နိုင်သူများကသာ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကြသောကြောင့် ဦးနှောက်ယိုစိမ့်မှုဖြစ်ရကြောင်း၊
ပြဿနာဖြစ်ရသည့်အကြောင်းများ။ ။ ပြဿနာဖြစ်ရခြင်းအကြောင်းများကို ဆန်းစစ်ရာတွင် တက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သော ဘွဲ့ရလုူငယ်များကို ၄င်းတို့ရယူထားသော ဘွဲ့များနှင့် သင့်တော်သော အလုပ်ကိုမပေးအပ်နိုင်ခြင်း၊ အစိုးရအလုပ်ကို လုပ်ချင်သောသူများသည် မိမိတို့နေထိုင်ရာ မြို့နယ်များတွင် လွယ်ကူစွာ အလုပ်လျောက် ၍မရဘဲ ဝေးလံသော မြို့ကြီးများသို့ စရိတ်စက အကုန်ခံကာ သွားရောက်ရခြင်း၊ ကုမ္ပဏီအလုပ်ကို လုပ်ချင်သော သူများမှာလည်း ရန်ကုန်မြို့ တစ်ခုထဲတွင်သာ စုပြုံလျောက်ထားရခြင်း၊ ဘွဲ့ရလူငယ်များအတွက် အလုပ်ရှာပေးသော အလုပ်သမား မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီးသော်လည်း အလုပ်ရရှိမှု နည်းပါးခြင်း၊ ဘွဲ့ရလူငယ်များကို ကိုယ့်မြို့ ကိုယ့်ရွာတွင် သင့်တော်သော အလုပ်မပေးနိုင်ခြင်း၊ လုပ်ငန်းခွင်တွင် လိုအပ်သော Computer , Speaking နှင့်စာရင်းအင်းပညာများကို မြို့နယ်များတွင် လွယ်ကူစွာ မသင်ကြားနိုင်ခြင်း၊ အလုပ်တစ်ခုရရှိဖို့ရန်အတွက် ထီးဖြူ၊ ဖိနပ်ပါးရုံတင်မကဘဲ ငွေကြေးပါးသွားမှသာ တတ်ရ တတ်ကြောင်း၊ အလုပ်ရရှိပါကလည်း ဘဝတစ်ခုရပ်တည်နိုင်ရန် သင့်တော်သော လစာငွေမရရှိကြကြောင်းကို စစ်တမ်းများအရ လေ့လာတွေ့ရှိရပါသည်။

မူဝါဒပြဿနာဖြင့်သက်ဆိုင်သူများ ။ ။ ပညာသင်ကြားနေဆဲဖြစ်သော လူငယ်များ၊ ဘွဲ့ရလူငယ်များ၊ အလုပ်ရှာပေးသည်ဆိုသော အလုပ်သမားမှတ်ပုံတင်ရုံး။၊ အလုပ်သမားဝန်ကြီးဌာများကို အဓိက သက်ဆိုင်နေသူများအဖြစ် သုံးသပ်ပါသည်။

မြန်မာ့နိုင်ငံရှိ ဘွဲ့ရခေတ်ပညာတတ်လူငယ်များ၏ အလုပ်အကိုင်ရှားပါးမှုနှင့် အလုပ်လက်မဲ့ပြဿနာကို လျော့ချရန် ပြည်သူ့မူဝါဒ-
1. ကျောင်းသားလူငယ်များ ၎င်းတို့သင်ကြားနေသော ဘာသာရပ်အပေါ်စိတ်ဝင်စားစွာမှုရှိစေရန် ၎င်းဘာသာရပ်များနှင့် သက်ဆိုင်သော အလုပ်များကို ပေးနိုင်ရမည်။
2. အလုပ်ရှာပေးသော အလုပ်မှတ်ပုံတင်ရုံးကို အသက်သွင်းပေးရမည်။
3. အလုပ်ကို မြို့နယ်များတွင်သာ လွယ်ကူစွာလျောက်ထားနိုင်ရန် စီစဉ်ပေးရမည်။
4. ကုန်ဈေးနှုန်းနှင့်အညီ သင့်တော်သော လစာငွေပေးနိုင်ရမည်။
5. Computer , Speaking နှင့် စာရင်းအင်းပညာကို မြို့နယ်များတွင် ငွေကြေးသက်သာစွာဖြင့် သင်ကြားပေးနိုင်ရမည်။
××××××××××××××××××××××××××××××××××××××××××××××××××××××

22 comments

  • Mလုလင်

    March 2, 2012 at 2:48 am

    ၁. အသိပညာ ဆိုတာက လတ်တလော ချက်ခြင်းလုပ်၊ ချက်ခြင်းရတာမျိုလား။ ဘာသာရပ်နဲ့ ဆိုင်သောအလုပ် ဆိုတာ သိပ်မရှင်းဘူးဖြစ်နေတယ်ဗျာ။ မြန်မာစာ တို့ သမိုင်း တို့ ကျ ဘယ်နေရာ ခန့် ရင် အဆင်ပြေနိုင်လောက် လဲ … ?
    ၂. company တွေကလဲ Labour Card မတောင်းကြတော့ .. အဲ့ရုံးလဲ အသက်မဝင်.. တကယ်တမ်း အလုပ်လုပ်နေတဲ့ လူဦးရေ အစစ်အမှန် ကို လဲ မသိနိုင်ကြတော့ဘူးပေါ့။ ရုံးမှာတော့ လူဖျောက်ဖျောက် ကျသဗျ … ကျွန်တော် သွားလုပ်တုန်းက လူများနေလို့ စောင့်ခဲ့ရတယ်ဗျို ့။
    ၃. အလုပ် လုပ်ချင်ရင်တော့ အလုပ်ရှိတဲ့ နေရာ သွားရမှာပဲဗျို ့။ စက်မှုဇုန်မှာလုပ် မှ ဖြစ်မယ့် အလုပ်ကို စက်မှုဇုန် ကိုသွားမှ ဖြစ်မှပါ။ အိမ်တွင်းစက်မှု၊ လက်မှု ဆိုလဲ မီတာက အစ ပါဝါ ပြောင်း .. ပါဝါ လိုင်း ဆွဲရမှာပါ .. မဟုတ်ရင် ပတ်ဝန်းကျင် ကိုထိခိုက်စေပါတယ်။ ကျောက်တန်း မရောက်ခင် ထမလုံ နားမှာ ရေခဲ လုပ်တဲ့ အိမ် တွေရှိပါတယ်။ သူတို့နဲ့ မီးလိုင်းတူတဲ့ အိမ်က UPS တွေ Power Supply တွေ ခဏခဏ ပျက်ပါတယ်။
    ၄. လစာ ကေစ့် ကတော့ လတ်တလော အဟော့ဆုံးပါ … အကျိုးဆက်ရလဒ် (အကောင်း၊အဆိုး) တွေကြောင့် ခိုင်မာ မှန်ကန် တဲ့ ငွေကြေးစံနစ် နဲ့ ကုန်သွယ်ရေး စံနစ် တခြား … စံနစ် များ လိုအပ်နေပါသေးကြောင်း …
    ၅. Speaking ကတော့ ထားပါ..Computer ကတော့ အရင်းများပါတယ်။ ဘယ် လုပ်ငန်းရှင်းက အရှုံးခံသင်ပေးနိုင်မလဲ။ အစိုးရ က လုပ်ပေးနိုင်မလား … ကြာပါလိမ့်ဦးမယ်။ အသင်းအဖွဲ့တွေ ကတော့ ပညာဒါန .. လုပ်ပေးနေကြပါတယ်။ ဘောက်ထော် ကဘုန်းကြီးကျောင်းရယ် ကိုးထပ်ကြီး ရယ် တော့ သိတယ်။ Speaking ကလဲ ဘုန်းကြီးကျောင်း တွေမှာ သင်ပေးနေကြပါတယ်။ မြို ့နယ်တိုင်း ဆိုရင်တော့ မြေနေရာ ရဖို့ တင် တော်တော် ခက်ခဲ နေမှာပါ။ မြေဈေးကလဲ အများသိတဲ့ အတိုင်း ….

    ဆိုတော့ .. စိတ်ကူးယဉ် ဆန် နေမလားလို့ပါ။
    ကျွန်တော့ တစ်ယောက်ထဲ သဘောက တော့ တောင်းယူတာထက် .. လုပ်ယူရတာကို ပိုကြိုက်ပါတယ်။
    အလုပ်မရတာ … အလုပ် တကယ်လုပ်ချင်ရက် နဲ့ မရတာလား … အလုပ် တွေက လိုအပ်တဲ့ သူမဖြစ်တာလား … မလုပ်နိုင်တဲ့ အလုပ်မို့လား ….
    နေရိပ် အလာနေပူက စောင့် မယ့်အစား … နေရိပ်ထဲရောက်ဖို့ နေပူ ကိုဖြတ်ဆိုလဲ …. ခပ်မြန်မြန် ဖြတ်လိုက်ကြတာ ပေါ့ဗျာ …
    လေးစားစွာဖြင့်
    Mလုလင်

  • htoosan

    March 2, 2012 at 7:01 am

    အလုပ်ရှင်တွေ မှာ အလုပ်သမားတွေ လိုနေတာလည်း အရမ်းပါဘဲ. အခွင့် အလန်း ဂျာနယ် မှာ ကြည့်လိုက်ရင် ပြည့်လို့ ။ အလုပ်ရှင်တွေကလည်း ရိုးသားသူ ကြိုးစားသူ သစ္စာရှိသူ စွဲမြဲစွာ လုပ်ကိုင်မည့်သူများ အရည်အချင်းရှိသူများ မရှိလို့ ဆိုပြီး ငြီးတွား နေကြပါတယ် ။
    တကယ်သာ ရိုးသားကြိုးစား စွဲမြဲစွာ လုပ်သူ သာဆို ကုမ္မဏီတွေ က ပိုက်ဆံ အကုန်ခံ လေ့ကျင့်ပေးဖို့ ဝန်မလေးကြပါဘူး ။ လေ့ကျင့်ပေးလိုက်လို့ သုံးမယ်မှ မကျန်သေးဘူး ၊ နိုင်ငံခြားထွက်တော့မယ်ဆိုတာနဲ့၊ ဟိုကုမ္မဏီက လစာ ပိုပေးလို့ဆိုတာနဲ့ တွေ များပြားလာတော့ ကုမ္မဏီတွေလည်း မယုံရဲကြတော့ပါဘူး ။

    Mလုလင် ပြောတဲ့ “အလုပ်မရတာ … အလုပ် တကယ်လုပ်ချင်ရက် နဲ့ မရတာလား … အလုပ် တွေက လိုအပ်တဲ့ သူမဖြစ်တာလား … မလုပ်နိုင်တဲ့ အလုပ်မို့လား ….” ဆိုတာ မှာ အလုပ်လုပ်လိုသူ ကိုယ်တိုင်က ရွေးချယ်မူတွေ တစ်အား များနေတာလည်း တစိတ်တပိုင်းပါဝင်မယ်လို့ထင်ပါတယ် ။
    လစာ ကောင်းဖို့ လစာနည်းနည်းကနေ ဘဲစတင်ရပါတယ် ။ လစာနည်းလို့ ဆိုပြီး စောင့်နေသရွေ့ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေပါ့မယ်။

    တစ်ဆင့်စီ တက်နိုင်ဖို့ လိုပါလိ်မ့်မယ် ..

    • kai

      March 2, 2012 at 9:31 am

      ထပ်ပြောရဦးမယ်..
      မြန်မာပြည်မှာ.. အားကောင်းမောင်းသန်ယောကျာ်းသိန်းဂဏန်းကြီး.. ဘာလုပ်နေလဲ..
      လူထုက.. မျက်လုံးတွေဖွင့်ကြည့်ဖို့ပဲ..။
      =
      မြန်မာ့မြေအကျယ်နဲ့.. လူသန်း၆၀.. အင်မတန်နည်းတယ်..။
      အိနိ္ဒယ-တရုတ်ကြားကမြန်မာပြည်မှာ.. သန်း၆ဝ အင်မတန်နည်းတယ်..။
      ဒီအကျိုူးဆက်တွေကို.. နောင်၁ဝစုနှစ်မှာ ရင်ဆိုင်ရဖို့ရှိတယ်..။
      အလုပ်သမားရှားပါးမှုပါပဲ..။ ကျွမ်းကျင်/မကျွမ်းကျင်.. ၂မျိုးလုံးရှားပါလိမ့်မယ်..။

      ဒီလိုနဲ့.. ဘင်္ဂလားဒေ့ရှ်က..တရုတ်က.. လူတွေကျူးကျော်ဝင်လာလိမ့်မယ်..။
      အင်္ဂလိပ်ခေတ်ကလို.. သမိုင်းဘီးတပါတ်လည်လိမ့်ဦးမယ်..။

      ဆိုတော့…
      လူဝင်မှုကြီးကြပ်ရေးဥပဒေကို .. နိုင်ငံတကာနဲ့တိုင်ပင်ပြီး ပြင်သင့်တယ်..။
      ဒေါ်လာ ၂သိန်းသယ်လာရင်.. အမြဲနေထိုင်ခွင့်ပေးသင့်တယ်..။
      ၅နှစ်နေရင်.. နိုင်ငံသားပေးသင့်တယ်..။
      တိုင်းပြည်ထဲ.. ခိုးဝင်လာကြမယ့်အတူတူ.. တရားဝင်လုပ်ပေးပြီး… တိုင်းပြည်ဝင်ငွေရအောင်..လူတွေ.. တင်သွင်းရတော့မယ်..။

      ကိုကြောင်ကြီးတို့လို လူမျိုးတွေ.. အကြိုက်ဖြစ်အောင်.. အိမ်ထောင်မရှိသူ..အပျို(စစ်စစ် )တရုတ်/ကုလားမလေးတွေဆို.. အမြဲတန်းနေထိုင်ခွင့်တန်းပေးကြပေါ့…။ 8)

  • htoosan

    March 2, 2012 at 10:00 am

    ဒေါ်လာ နှစ်သိန်းနည်းတယ် ။ နှစ်သန်းလောက်မှ ဖြစ်မယ် ။ သူ့ ဒေါ်လာ နှစ်သိန်းက အိမ်တစ်လုံးတောင် ကောင်းကောင်းမရချင်ဘူး … 🙄

    • kai

      March 3, 2012 at 12:31 am

      ကိုရင်ရေ…
      သူများနိုင်ငံတွေနဲ့ယှဉ်လို့ရအောင်.. အောက်မှာ..

      မြုတ်နှံငွေ.. ငါးသိန်းဆို.. အမေရိကားမှာ ဂရင်းကဒ်တင်လို့ရနေပြီကွယ်..။
      နောက်ငါးနှစ်နေရင်.. ဒုသမတအထိ..ဝင်ရွေးနိုင်တဲ့.. အဆင့်.. နိုင်ငံသားလျှောက်လို့ရပြီလေ…။ 🙂

      http://www.second-citizenship.org/permanent-residence/investment-programs-in-comparison/
      Investment programs in comparison

      “Elma Global” is one of the leading companies in the world in the sphere of relocation, and acquiring various immigration statuses: temporary residence permits, permanent residencies, second citizenship and second passports. The main offices are located in Moscow and Ukraine. Also we have a vast network of business partners in the most attractive jurisdictions of the world (Canada, USA, United Kingdom, Switzerland, Bulgaria, Hong Kong, Singapore, Australia, and some other countries). Below you can find our analysis of the most attractive investment programs of the world. Enjoy your reading

      USA 500,000 USD Investor gets EB5 visa (temporary residence), and after two years he can get permanent residence – Green Card USA. Dual citizenship is recognized. After 7 years of residence second citizenship of the USA is possible.

      Singapore 5,000,000 SGD = 3,530,000 USD must be invested in Singapore for five years. To participate in the program investor must have assets in the amount of 20,000,000 SGD or 14,120,000 USD) Investor and his family members get Permanent Residence in Singapore. After two years of residence they can acquire citizenship and passport of Singapore. It should be noted that many investors are satisfied with PR and never apply for citizenship of Singapore. Dual citizenship is not recognized. Investor will be expected to renounce all his previous citizenships and passports.

      United Kingdom (Loan Option) 150,000 – 200,000 £ must be invested. Investor can borrow 850,000 £ from a British Bank. No funds are returned to investor after 5 years. This walk-away option of investment is more popular among the foreign investors than Full Cash 1,000,000 £ Option. Investor and his family members get Temporary Resident Visa for 3 years, after 3 years it is extended for 2 years. After 5 years investor can get Permanent Residence (Indefinite Leave to Remain). Dual citizenship is recognized. British passport can be obtained after 6 years of residence.

      Canada (Federal and/or Quebec Investment Program) – Loan Option.

      To participate in the program investor is still expected to have legally obtained assets in the amount of 1,600,000 CAD.
      220,000 CAD must be invested. Investor can borrow 580,000 CAD from an approved Canadian Bank. No funds are returned to investor after 5 years. This walk-away option of investment is more popular than Full Cash Option. Investor and his family members get Permanent Resident Visa and Permanent Resident Card. Recognized. After 3 years of residence investor and his family members may acquire second citizenship of Canada.

      http://www.humanevents.com/article.php?id=46231

      • ဦးဦးပါလေရာ

        March 3, 2012 at 12:47 am

        သူကြီးရေ
        ဒီတခါတော့ အတည်မေးတာပါ။

        ဒေါ်လာသန်းဝက်ရင်းနှီးမြှုတ်နှံရင် ယာယီနေထိုင်ခွင့်ရမယ်ဆိုတော့
        ဘယ်နေရာတွေမှာ ဘယ်လိုရင်းနှီးမြှုတ်နှံရမှာလဲ
        ငွေတိုက်စာချုပ် bond တွေဝယ်တာရော ရင်းနှီးမြှုတ်နှံမှု့ထဲမှာပါသလား ?
        အမေရိကန်ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ဝယ်တာရော အကြုံးဝင်သလား။?
        အိမ်မြေဝယ်ရင် ရော ရသလား ?
        အရေးအကြီးဆုံးက ရင်းနှီးမြှုတ်နှံမယ့်ပိုက်ဆံကို အဲဒီတိုင်းပြည်ထဲ ဘယ်လိုယူလာရမှာလဲ။
        ဟွန်ဒီနဲ့လွှဲပြီး ဘဏ်သွားအပ်လို့တော့ မရဘူးထင်ပါရဲ့။

        ဒီအင်ဖေါ်မေးရှင်းက မြန်မာနိုင်ငံသားတွေအတွက်အရေးကြီးလို့
        သူကြီးမင်း အကျိုးဆောင်ပေးစေလိုပါကြောင်းဗျာ….။

        • kai

          March 3, 2012 at 5:05 am

          L-1 : Valid for 3 years, seekers must have worked for the company abroad for at least one year. L-1 visas are available to companies with offices in the U.S. and abroad.
          E-2 : E-2 visas are renewable 1-year visas for investors of businesses to enter and work inside the U.S. Typical investments exceed $100k, and fully capitalize a venture.
          EB-5 : Foreign nationals must invest $1MM (less in high unemployment areas) to qualify for an EB-5 visa. This visa is a method for obtaining a green card in the U.S.

          http://en.wikipedia.org/wiki/EB-5_visa
          EB-5 visa

          The EB-5 visa for Immigrant Investors is a United States visa created by the Immigration Act of 1990. The program is currently scheduled to end on September 30, 2012.[1] This visa provides a method of obtaining a green card for foreign nationals who invest money in the United States.[2] To obtain the visa, individuals must invest $1,000,000 (or at least $500,000 in a “Targeted Employment Area” – high unemployment or rural area), creating or preserving at least 10 jobs for U.S. workers excluding the investor and their immediate family.[2] Investments can be made directly in a job-generating commercial enterprise (new, or existing – “Troubled Business”[3]), or into a “Regional Center” – a 3rd party-managed investment vehicle (private or public), which assumes the responsibility of creating the requisite jobs. Regional Centers may charge an administration fee for managing the investor’s investment.

          If the foreign national investor’s petition is approved, the investor and their dependents will be granted conditional permanent residence valid for two years.[3] Within the 90 day period before the conditional permanent residence expires, the investor must submit evidence documenting that the full required investment has been made and that 10 jobs have been maintained, or 10 jobs have been created or will be created within a reasonable time period.[3]

          In 1992, Congress created a temporary pilot program designed to stimulate economic activity and job growth, while allowing eligible aliens the opportunity to become lawful permanent residents.[1] Under this pilot program, foreign nationals may invest in a pre-approved regional center, or “economic unit, public or private, which is involved with the promotion of economic growth, including increased export sales, improved regional productivity, job creation, or increased domestic capital investment”. Investments within a regional center provide foreign nationals the added benefit of allowing them to count jobs created both directly and indirectly for purposes of meeting 10 job creation requirement.[1]

          Foreign investors’ use of the EB-5 program has been far less than originally anticipated by Congress.[4] In 2005, a Government Accountability Office report found that investors were not utilizing the program because of “an onerous application process; lengthy adjudication periods; and the suspension of processing on over 900 EB-5 cases—some of which date to 1995—precipitated by a change in USCIS’s interpretation of regulations regarding financial qualifications.”[5] However, in 2011, USCIS began making a number of changes to the program in hopes of increasing the number of applicants.[6] By the end of the 2011 fiscal year, more than 3,800 EB-5 applications had been filed, compared to fewer than 800 applications in 2007.[7]

          The Startup Visa Act (projected EB-6 visa), introduced in Congress in 2010 and subsequently in 2011, is planning to use unallocated numbers from the EB-5 visa.

          အသေးစိတ်က.. ရှေ့နေနဲ့ တိုင်ပင်လုပ်တာကောင်းပါတယ်..။
          ခဏခဏမေးဖူးလို့ သိတာပါ..။
          သီးသန့်..ပုဂ္ဂိုလ်တဦးချင်းစီနဲ့.. ဗီဇာလိုအပ်ချက်ပုံစံပြောင်းသွားပါတယ်..။

          အမှတ်မမှားဖို့ တခုပြောချင်တာက.. ယူအက်စ်က.. တခြားနိုင်ငံတချို့လို.. ငွေကိုအစိုရပေး(လှူ)လိုက်ဖို့မလိုပါဘူး..။
          ရင်းနှီးမြုင်္တနှံဖို့လိုတာပါ..။ တိုင်းပြည်မှာ.. အလုပ်အကိုင်အခွင့်အလန်းတိုးစေချင်တာမို့.. ရှယ်ယာစတော့အိမ်ဝယ်တာမျိုးနဲ့ရမယ် သိပ်မထင်မိပါ..။ ငွေကို..ကိုယ်ပဲပိုင်ပါတယ်..။
          ယူအက်စ်မှာ.. ကုမ္ပဏီထောင် အလုပ်လုပ်ရမယ်ပေါ့…။
          မြတ်ချင်လည်း မြတ်သွားမယ်လေ…။ မြတ်ဖို့များပါတယ်..။

          နောက်တခုက.. အီးဗီဇာ..အယ်လ်ဗီဇာတွေက. တအိမ်လုံးအိမ်ဖေါ်ရှိရင်..အိမ်ဖေါ်ပါ အကုန်ဗီဇာရတာဖြစ်ပါတယ်.။ အမြဲတန်းနေထိုင်ခွင့်( ဂရင်းကဒ်)လျှောက်လို့ရတာဖြစ်ပါတယ်..။

          နောက်ဆုံးတခုကတော့.. ဆန်ရှင်ကြောင့် မြန်မာတွေရမရမသိပါ..။
          သာမန်အားဖြင့့်.. ဘဏ်ကငွေလွှဲလွှဲ.. ငွေသားယူလာလာ.. ယူအက်စ်ဘဏ်ထဲ.. ငွေရောက်ရင်ပြီးတာပါပဲ..
          =
          ယူအက်စ်က.. သာမန်မဟုတ်ပဲ.. ထူးချွန်သူတွေ ခေါ်တဲ့.. ဗီဇာရှိသေးတယ်..
          O-1 Visa Alien of Extraordinary Ability တဲ့..

          မြန်မာပြည်ကို.. လူတော်တွေဝင်အောင်လုပ်ဖို့.. လွှတ်တော်ကစဥိးစားနိုင်အောင်ပြောတာ.. မြန်မာပြည်ကဆွဲထုတ်ဖို့ဖြစ်ကုန်ပြီ..
          အနိစ္စ၊ ဒုက္ခ… :mrgreen:

      • ဦးဦးပါလေရာ

        March 3, 2012 at 12:52 am

        ဒေါ်လာသန်းတဝက်ဆိုတာ မန္တလေးက ထိပ်တန်းမြေကွက်တွေရဲ့ အိမ်သာချည်းပဲ ပိုင်းရောင်းရင်ကို ရနိုင်ပါတယ်။ ဒါမှမဟုတ် ရန်ကုန် ဆင်ခြေဖုံး ချော်တွင်းကုန်းအနီး ချိုးဖြူပိုက်ကြီးဘေးက ၅၀x၅ဝ တကွက်လောက်ရောင်းရင် ဒါမှမဟုတ် ဝင်ဒါမီယာအစပ်က ၂၅x၆ဝ မြေကွက်သေးသေးလေး လောက်ရောင်းရင် ရနိုင်ပါတယ်။
        တကယ်ဆို တတ်နိုင်မယ့် မြန်မာတွေ အများကြီး။
        (သူတို့သွားရင် ကျုပ်တို့လဲ မျက်စေ့နောက်သက်သာတာပေါ့ 😀 )

        • htoosan

          March 3, 2012 at 12:44 pm

          ဦးဦးပါလေရာရေ .. အရမ်းမှန်တာဘဲ ။ ကျွန်တော် အဲ့ဒီလို ရေးရမှာ သူကြီးအားနာလို့ အိမ်တစ်လုံးတောင် ကောင်းကောင်း မရချင်ဘူးရေးတာပါ ။
          မြန်မာပြည် အိမ်ဈေး မြေဈေး နဲ့ က တော်တော်များများ မီလျံနာတွေ ဖြစ်နေကြတာ။ 🙄
          ဒေါ်လာ နှစ်သိန်းက လှို်င်သာယာ စက်မှု့ ဇုန်မှာ မြေ တစ်ဧက ဝယ်ရင် ကုန်ပြီ။ ခြံစည်းရိုးတောင်ခတ်နိုင်ရှာမှာ မဟုတ်ဘူး .. 🙄 😀

        • kai

          March 3, 2012 at 3:57 pm

          ငွေရှင်တွေ.. ရင်းနှီးမြုတ်နှံဖို့.. နေရာ..မရှိလို့ဖြစ်နေတာတွေပါ..။
          စတော့ရှယ်ယာဈေးကွက်တွေ.. ငွေကြေးရင်းနှီးမြုတ်နှံနိုင်တဲ့..ဌာနတွေ..ဖွင့်ပေးရင်..ဖွံ့ဖြိုးရင်.. ပုံမှန်ပြန်ရောက်သွားပါလိ်မ့်မယ်..။

          ဆိုတော့…
          ဒီမှာတော့.. ဒေါ်လာ ၁သန်းဆို.. ဟောလိဝုဒ်လူတွေနေတဲ့ရပ်ကွက်မှာ.. ဖက်စစ်လတီအပြည့်နဲ့.. အိမ်ဝယ်လို့ရနိုင်ပါတယ.်..။ 😀

  • htet way

    March 2, 2012 at 12:10 pm

    အလုပ်လက်မဲ့ ပြဿနာကို အစိုးရက ဖြေရှင်းပေးဖို့ အရေးကြီးတယ်။
    အလုပ်ခေါ်တယ်ဆိုတဲ့နေရာမှာ ဘွဲ့ရထက် ဘာသင်တန်း ဘာသင်တန်းတွေမေးတာများတယ်
    အခုနယ်တွေမှာ အလုပ်လက်မဲ့ ဖြစ်နေသူတွေများတယ်
    ပန်းရံလုပ်တာလောက် နေ့ခေါက်ပုဒ်ဖြတ်လုပ်တာလောက်ပဲ ။
    လူငယ်တွေကို လက်မူပညာတတ်အောင် ပညာရည်ပြည့်ဝအောင် အရင်လုပ်ပေးရမယ်
    အလုပ်အကိုင် လည်းရရှိနေရမယ်။
    နောက်တစ်နေ့လုပ်မှ ၁၅၀၀၊ ၂၀၀ဝ လောက်ရတယ် ဘယ်လိုသုံးစွဲမလဲ။
    ဘွဲရ ရော ဘွဲမရရော အလုပ်ကိုယ်စီရှိမှ ဖြစ်မယ်။
    မိသားစုရဲ့ ထွက်ငွေကိုညီမျှမှ ဝင်ငွေရှိမှ အားလုံးအဆင်ပြေနိုင်မယ်။

  • snow white

    March 2, 2012 at 12:39 pm

    ဘွဲ့ရသမားတွေ အလုပ်ကောင်းနေရာကောင်း လစာကောင်းနဲ့ ကိုယ့်ရထားတဲ့ ဘွဲ့နဲ့ ကိုက်ညီတဲ့အလုပ် လုပ်ရမယ်ဆို အဆင်ပြေမယ်နော်

  • Mr. MarGa

    March 2, 2012 at 7:07 pm

    အဓိက အကြောင်းရင်းများ
    ၁။ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း(လစာနဲ့ ပညာနဲ့ မကိုက်တာ)
    ၂။ ဆွဲဆောင်မှုရှိသော သင်ကြားမှု ပတ်ဝန်းကျင် မရှိခြင်း(စိတ်ပါအောင် ဆွဲမခေါ်တာတွေ)
    ၃။ အလုပ်အကိုင် အာမခံချက် မရှိခြင်း(ဘွဲ့သာရတယ် ဘာမှလုပ်မရဘူး)
    ၄။ လက်တွေ့ သင်ခန်းစာ နည်းပါးခြင်း(ဒါကတော့ သိပြီးသားဖြစ်မှာပါ)
    ၅။ quality ထက် quantity ကို ဦးစားပေးနေခြင်း(နိုင်ငံတကာ ကို ချပြရင် အားကျစရာဖြစ်အောင်လို့)
    အခုတော့ နည်းနည်း ပြောင်းဖို့လုပ်နေတာတွေ တွေ့ပါတယ်။ အထူးသဖြင့် သိပ္ပံနှင့်နည်းပညာ
    ဝန်ကြီးဌာနပေါ့။
    ဒါတွေက ဦးမာဃရဲ့ အမြင်ပဲဖြစ်ပါတယ်။ ဘယ်သူနဲ့မှ မဆိုင်ဘူးနော်။ပြောချင်ရင် ဦးမာဃ ကိုပဲပြောပါ။

    လေးစားစွာဖြင့်
    ဦးမာဃ(ခေတ္တ လူ့ပြည်)

    • နေဝန်းနီ

      March 2, 2012 at 10:18 pm

      ဦးမာဃ ရယ် သင်္ကြန်တောင်မရောက်သေးဘူး လူ့ပြည်ရောက်နေပြီလား ? ET ဆီက အကြွေးမရသေးလို့ မနှစ်ကတည်းကမပြန်ရသေးတာလား ? 😛 😛 😛

  • သိကြားမင်းတောင် ဖင်ပူလို ့…အဲလေ….ယောင်လို ့ပါ
    ဆော်ရီးနော် ဦးမာဃရေ….
    အလုပ်အကိုတွေတောင်းလွန်းလို ့လူ ့ပြည်ပြန်ဆင်းလာတယ်
    ပေါ့။ဟုတ်လားဟင် အကိုကြီး။

  • ဦးဦးပါလေရာ

    March 3, 2012 at 12:18 am

    ဘွဲ့ရပညာတတ်ရင် အဲသည်ဘွဲ့နဲ့ဆီလျှော်တဲ့အလုပ်မျိုးပဲလုပ်မယ်ဆိုရင်
    လူငယ်ဦးရေရဲ့ ၅၀% သာဘွဲ့ရပညာတတ်ဖြစ်ရင်
    အခြားအောက်ခြေအလုပ်တွေ လက်မှု့လုပ်ငန်းတွေ ကော်လာပြာအလုပ်တွေ
    ဝန်ဆောင်မှု့အလုပ်တွေ လက်လီအရောင်းအဝယ်တွေ
    …. အဲဒါတွေကိုဘယ်သူလုပ်မှာလဲ ?

    လူငယ်တွေဘက်ကလဲ ကျောင်းလေးပြီးအောင်တက်လို့ ဘွဲ့ကလေးရပြီဆိုရင်
    အပေါ်ကကျုပ်ပြောတဲ့အလုပ်တွေကို သူတို့နဲ့မတန်တဲ့အလုပ်တွေလို့ယူဆ/ခံယူ သွားကြတယ်။
    တကယ်တော့ ကျုပ်တို့နိုင်ငံမှာရှိတဲ့ အလုပ်အများစုက အဲဒီအလုပ်မျိုးတွေပဲ။
    ဒါကြောင့် ရွေးစရာမရှိလို့ အဲဒါတွေလုပ်ရလဲ
    ကောင်းကောင်းလဲ မလုပ်ချင်တော့ဘူး
    ကောင်းကောင်းလဲ မလုပ်တော့ဘူး…။

    ရွှေပြည်သာမှာ အလုပ်ကြော်ငြာတခု ကပ်ထားတာတွေ့ဘူးတယ်။

    ဘွဲ့ရများလျှောက်ထားရန်မလို …တဲ့

  • three colors

    March 3, 2012 at 3:28 pm

    ဘယ်နည်းနဲ့အလုပ်အကိုင်အခွင့်အလမ်းများများ များစေချင်သဗျာ၊မြန်လေကောင်းလေပဲ၊
    အထူးသဖြင့် မြန်မာပြည်အောက်ပိုင်း။ အရင်က ကိုယ့်လက်အောက်က ယိုးဒယားတွေကို မျက်နှာရိပ်ကြည့်အလုပ်လုပ်နေရတဲ့ကိုယ့်နိုင်ငံသားတွေရဲ့ဘဝ ကို မခံစားနိုင်လို့၊ထားဝယ်ရေနက်ဆိပ်ကမ်းပြီးရင်ဲလဲ သူတို့admin လုပ်မှာလားမသိဘူး၊ဒါပေမဲ့ ဆိုးကျိုးများတဲ့ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတော့ ၄၀ဝ meggaWatt မပြောနဲ့၊၄ဝ megga တောင် သဘော မတူဘူး၊ပြောမရရင် သူတို့မြေထဲသွားဆောက်ပြီးကြိုးသွယ်ယူပေါ့၊ ဒီလောက်မှ မဝေးတာ။

  • ET

    March 4, 2012 at 2:18 pm

    စက်မှုဇုံနယ်မြေတွေမှာ မြေဈေးတွေ သိန်းတစ်ထောင်၊ သိန်းနှစ်ထောင် ပေါက်တယ်ဆိုတာ
    မြန်မာပြည် က အစိုးရအာဏာပိုင်တွေနဲ့ပေါင်းပြီး စီးပွားရေးတွေလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေရတာပါ…
    အဲ့လုပ်ငန်းရှင်တွေက လယ်သမားတွေဆီက မြေတွေသိမ်းတဲ့အခါ တစ်ဧက ကို ဆယ်သိန်းမပြောနဲ့
    တစ်သိန်းတောင် မပေးချင်ဘူး…………

  • နွေဦး

    March 4, 2012 at 5:14 pm

    ကိုထူးဆန်း ပြောသလိုပါဘဲ။ ကုမ္ပဏီ တွေမှာ လုပ်သားလိုအပ်မှုတွေ များပါတယ်။
    လွယ်လွယ်တွေး ကြည့်ရင်.ဈေးဝယ်ထွက်သလို လုပ်သားရှာရတာပါ။ဈေးထဲမှာ
    ဟင်းချက်စရာ အများကြီးရှိပေမဲ့ ကိုယ်ချက်မဲ့ ဟင်းအတွက် ဟင်းစားဖြစ်ပါ့မလား။
    ဖြစ်ခဲ့ရင် လတ်လတ်ဆတ်ဆတ် ကောဖြစ်ရဲ့လားပေါ့။ပြီးတော့ မှန်ကောမှန်ရဲ့လားဆိုတာလဲ
    ကြည့်ရသေးတယ်။ ဆိတ်သားဆိုပီး ခွေးသားဖြစ်မလားပေါ့။
    ဒီလိုပါဘဲ ကျွန်တော်တို့ ရမဲ့လူ့အရင်းအမြစ် လုပ်သား တွေကကော ဘယ်လိုလဲ..။
    ဂျပန်ကမွးမြူရေးနွားလို ငယ်ငယ်ကထဲက သေချာလေ့ကျင့် ပေးထား မွေးထားတာလား
    ဒါဆို သူ့တန်ဘိုးက ရှိပြီးသား သတ်မှတ်ပီးသား ရှိနေတယ်။လယ်ကွင်းထဲ လွတ်ကျောင်းထားတဲ့
    နွားကတော့ အမဲသားချင်းတူရင်တောင် ဈေးကောင်းမရနိုင်ပါဘူး။
    ရိုင်းတယ်လို့ ထင်ချင်လဲထင်ပါ .. ကျွန်တော်တို့ဆီက လူငယ်တွေလဲ သတ်သတ်မှတ်မှတ်
    လေ့လာသင်ကြားထားတာ မဟုတ်တော့ လခကောင်းကောင်းမရနိုင်ဘူးဘဲ။
    တကယ်လေ့ကျင့် သင်ကြားထားတဲ့သူတွေအတွက် လခကောင်းကောင်း အလုပ်တွေ ရှိပါတယ်။
    အလုပ်လဲ ရကြပါတယ်။ဒီလိုလူတွေနဲ့ ယှဉ်ပြီး ကိုယ့်အရည်အချင်းကို မသိဘဲ အလုပ်မရှိဘူး..
    ရှိတဲ့အလုပ်က လခနည်းတယ် ဆိုပြီး ကြိုးစားချင်တဲ့စိတ် ပျောက်ကုန်ကြတယ်။
    ရှေ့လူကိုနောက်လူကြည့်
    ပြီး သူတို့တောင် ဘွဲ့ရပီး မတန်တဲ့ အလုပ် လုပ်ရတယ် ငါကြိုးစားပီးဘွဲ့ရတော့လဲ ထူးမှာမဟုတ်ဘူး..ဆိုပီး
    အလေးမထားမကြိုးစား အရည်သွေးကျလာတဲ့ လူ့စွမ်းအား အရင်းမြစ် ပြဿနာလည်း ဒီနိုင်ငံမှာ အကြီးကြီးဗျ။
    ဒါတွေရဲ့ အခြေခံ အကြောင်းရင်းတွေက အထက်မှာလဲ ဆွေးနွေးသွားကြတာအများကြီးပါ။အားလုံးအမှန်ကြီးပါ။
    ပြုပြင်ဘို့က အခြေခံ ပညာကဘဲ စသင့်ပါတယ်..။

  • padonmar

    March 4, 2012 at 9:47 pm

    ဘွဲ့သာရတယ် သူသင်ခဲ့ရတဲ့ ဘာသာရပ်အကြောင်း ပြန်မပြောနိုင်တဲ့ ၊
    အင်္ဂလိပ်စာကို Yangon Directory ထဲကစာတောင် မဖတ်တတ်တဲ့ ဘွဲ့ရတွေ အများကြီး။
    ဆယ်တန်းအောင်ဖို့ ဆိုတာကျတော့ ဉာဏ်ရည်အဆင့်တစ်ခုလိုပါတယ်။
    ဒါကြောင့် အလုပ်လျှာက်တဲ့သူရဲ့ အရည်အချင်းကို ကြည့်ရင် ဘွဲ့ရဖို့ထက် ဆယ်တန်းအောင်ဖို့ ဦးစားပေးပါတယ်။
    ဟုတ်တယ်လေ။ အရည်အချင်း မကွာမှတော့ ဆယ်တန်းပဲအောင်တဲ့ ကလေးကိုပေးရတဲ့ လခက ပိုသက်သာတာပေါ့။
    တက္ကသိုလ်တွေ စာတကယ်တတ်အောင် သင်ကြတဲ့ အချိန်ထိ ဒီလိုပဲဖြစ်နေမှာပါ။

    • ET

      March 4, 2012 at 10:48 pm

      ကျနော်ရေးဖူးတာတစ်ခုရှိသေးတယ် တစ်ချို့တွေက အသိအမှတ်ပြုလက်မှတ်တွေရှိပြီး တကယ်မတတ်တာကြတော့ ဘယ်လိုလုပ်မလဲ
      အသိအမှတ်ပြု လက်မှတ်လည်းမရှိ ဆယ်တန်းလည်းမအောင်…
      အလယ်တန်းပညာအရည်ချင်းလောက်ပဲတတ်ပြီး နိုင်ငံခြားမှာသွားအလုပ်လုပ်နေကြတာလည်း ဒုနဲ့ဒေး အချိန်အတိုင်းအတာတစ်ခုတော့စောင့်ရတာပေါ့ဗျာ
      ပညာရေးကိုက အဆင့်မမှီတာလို့ပြောရမယ်
      အလုပ်မှာလည်းတွေ့ရမြင်နေရတယ် Master တောင်ပြီးသွားပြီ အင်္ဂလိပ်စာတောင်ရေလည်အောင်မရေးနိုင်မပြောနိုင်ဘူးဗျာ ဘယ်လိုလုပ်မလ???

Leave a Reply