ETMarch 25, 20121min73036
နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကူးပြောင်းလာမှာကို ကြိုဆိုပေးမယ့် မင်္ဂလာ အတာသင်္ကြန်ကာလကလဲ မကြာခင်ရောက်လာတော့မှာပါ………….. တစ်ခြားနိုင်ငံတွေမှာတော့ မသိပါဘူး။ မြန်မာနို်င်ငံမှာတော့ နှစ်သစ်ကူးချိန်နဲ့ သစ်ပင်များက ရွက်သစ်လောင်းလို့ ရွက်ဟောင်းခြွေချချိန်က သိပ်မကွာလှပါဘူး။ မဆီမဆိုင် ရေးခဲ့ဖူးတဲ့ တိုးလို့တန်းလန်း ကဗျာတစ်ပိုဒ်ကို သွားသတိရမိသေးတယ်……….. “ရွက်ဟောင်းမကြွေ….တည်နေသောကြောင့် ရွက်သစ်တွေလည်း…….မဝေနိုင်။ (အလင်္ကာည) သစ်ပင်ပေါ်မှာပုရစ်ဖူးတွေဝေပြီဆိုရင် သင်္ကြန်ရောက်တော့မယ် ၊ နှစ်ကူးတော့မယ် ဆိုတာ အချက်ပြလိုက်သလိုပါဘဲ။ ကမ္ဘာပေါ်မှာရှိကြတဲ့လူမျုးိအသီးသီးတိုင်းရဲ့တိုင်းပြည်တိုင်း မှာ “နှစ်သစ်ကူး” ဆိုတာ ရှိကြပါတယ်။ ကျွန်တော်တို့နဲ့ ဝေးကွာလွန်းတဲ့အလှမ်းဝေးတဲ့နိုင်ငံတွေက လူမျုးိတွေမှာဘယ်လိုနှစ်သစ်ကူးပွဲကို ဆင်နွဲ တယ်ဆိုတာ သိပ်မသိရပေမယ့် မြန်မာနိုင်ငံနဲ့ဆက်စပ်ပါတ်သက်နေတဲ့ အာရှတစ်လွားက နိုင်ငံများမှာ တော့ နှစ်သစ်ကူးပွဲတော်ကို အထွဋ်အမြတ်ထားလို့ ဆင်နွဲကြတာကိုတော့ သိနေကြားနေရပါတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်သစ်ကူး မတိုင်ခင်ရက်မှာ နှစ်ဟောင်းက အညစ်အကြေးတွေဆေးကြောတဲ့ “မဟာသင်္ကြန်” ပွဲတော်ကို ဆင်နွဲကြပါတယ်။ […]


ETMarch 4, 20121min38612
လွင့်ကနဲ.. လွင့်ကနဲ ဖြစ်ဖြစ်သွားသည် ငြိမ့်ညောင်းသည် ပြောပြရန်ခက်သည် တစ်ကိုယ်လုံးပေါ့ပါးနေတာ တော့သိသည်။ ခံစားမှု့ ပြာလွင်တုန်ရီနေသည် ဘယ်လိုကြီးမှန်းလည်းမသိ သေချာတာ တစ်ခုကတော့နေ့စဉ် ရှင်သန်နေရသော ပတ်ဝန်းကျင်မဟုတ်တာတော့ သေချာသည်။ နေရာတိုင်းမှာ နှင်းမြူလို အုံ့ပြဝေရီနေသည် ကြည့်နေရင်းမှပင် လက်ကနဲတစ်ချက်ဖြစ်သွားပြီး အလင်းရောင်တစ်ခုစူးရှရှ ဖြည်းညှင်းစွာတိုးဝင်လာသည်။ “နေဝင်လာပြီ နေဝင်လာပြီ” ကြားလိုက်ရသောအသံကြောင့် တွန့်ကနဲတစ်ချက်ဖြစ်သွားသည်။ ဘယ်နှယ့် နေထွက်“လာ”ပြီတို့ နေဝင်“သွား” ပြီတို့ပဲ ကြားဖူးသည် ခုကျမှ နေဝင်လာပြီတဲ့ နေကြီးကဘယ်ကနေ ဘယ်လိုဝင်လာသည်မသိ။ ဘာပဲဖြစ်ဖြစ် သူ စိတ်ဝင်စားသွားသည်။ ဒါနဲ့ သူ့လွင့်မျောနေသောခန္ဓာကိုယ်ကို သတိလေးနှင့် ထိန်းလိုက်သည် ခန္ဓာကိုယ်က အနည်းငယ်တော့ ငြိမ်သွားသည် ဒါပေမယ့် ပေ့ါပေါးလွန်းနေ၍သတိလေးတော့ထားရသည်။ စူးရှလင်းလက်နေသော အလင်းတန်းက လောကတစ်ခွင်လင်းလက်သွားသည် မှုန်မှိုင်းဝေရီနေသော မြူခိုးတို့ လွင့်ပြယ်သွားသည်။အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည် ထိုခဏသူ့လိုပင် လေထဲမှာဝဲပျံနေ […]


ETMarch 2, 20121min38622
နေ့စွဲ ။ ။ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက် စာရေးသူ ။ ။ အလင်္ကာည မူဝါဒရေးရာသက်ဆိုင်ရာဒေသ ။ ။ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းများရှိ မြို့ရွာများ ခေါင်းစဉ် ။ ။မြန်မာနိုင်ငံရှိ ဘွဲ့ရခေတ်ပညာတတ်လူငယ်များ၏ အလုပ် အကိုင် ရှားပါးမှုနှင့် အလုပ်လက်မဲ့ ဖြစ်နေခြင်း။ မူဝါဒပြဿနာလက္ခဏာများ ။ ။ပြဿနာကို ကျောင်းများရှိ ကျောင်းသူကျောင်းသားများ အတွင်း၊ မိမိနေထိုင်ရာအိမ်တွင်းနှင့် မိမိ၏ ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်ပါသည်။ ဆေး၊ ရေကြောင်းသိပ္ပံ၊ စစ်တက္ကသိုလ်၊ စသောအသက်မွေးဝမ်းကျောင်းတက္ကသိုလ်များတွင် ပညာသင်ကြားနေခြင်းမရှိသော ဝိဇာ ၊ သိပ္ပံ ကျောင်းသားများ၏ စိတ်ထဲတွင် ပညာရေးကို စိတ်ပါဝင်စားစွာ သင်ယူမှုမရှိဘဲ၊ ဘွဲတစ်ခုရဖို့အတွက်သာ ဝတ်ကျေတမ်းကျေ တတ်နေကြောင်း၊ ကျောင်းသားများသည် စာသင်ခန်းထဲတွင် မပျော်ပိုက်ဘဲ […]


ETOctober 6, 20111min1202
ကျွန်တော် ဒီနေ့ လုပ်ငန်းကိစ္စတစ်ခုနဲ့အပြင်သွားရင်း အမှတ်တမဲ့နဲ့မထင်မှတ်ထားတာလေးတစ်ခု ကိုသွားမြင်လိုက်တယ်။ သွားမြင်တော့ အတွေးတစ်ခုစိတ်ထဲဝင်လာပြီးတော့ ဓါတ်ပုံလေးတစ်ပုံ ကောက်ရိုက်မိလိုက်တယ်၊ ဓါတ်ပုံကိုကြည့်ပါဦးဗျာ…. နေပြည်တော်မှာ မိုးကလေးနှစ်ရက်ရွာလိုက်တာနဲ့ အုတ်ခဲတွေက ဒီလိုဖြစ်ကုန်တယ်ဆိုတော့ ကျနော်စဉ်းစားမိတယ်…. ဘယ်လိုများ တိုက်တာအဆောက်အဦးတွေကို ဆောက်လုပ်ကြမလဲပေါ့….???? Foundation ကောကောင်းပါ့မလား။ အုတ်ထုတ်တဲ့သူတွေက ဒီလို အုတ်မျိုးကို ဘာလို့ထုတ်ကြ တာလဲဗျာ…မိမိစီးပွားရေးတိုးတက်ဖို့အတွက်ပဲကြည့်နေကြသလားမသိဘူး. ဒီလိုအုတ်တွေကို အသုံးပြုမှဖြစ်လာမယ့် အဆောက်အဦးတွေမှာ လူတွေရဲ့အသက်အန္တရာယ်ကို လည်း သတိ ကောထားမိပါ့မလား။။။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ထုတ်လုပ်တဲ့အုတ်ကို မျက်နှာလွဲခဲပြစ်မလုပ်ပဲ အရည်အသွေးမှီအောင် ထုတ်လုပ်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲလို့ပါ။ Win & Win နှစ်ဦးနှစ်ဖက် အကျိုးကိုကြည့်သင့်တယ်လို့ မဆီမဆိုင်တွေးရင်း ရေးသားဖော်ပြလိုက်ပါတယ်။ အလင်္ကာည


ETOctober 4, 20111min21214
(အိန္ဒြေ) ဆိုသော စကားသည်အလွန်အဖိုးတန်လှဧ။်။ (အိန္ဒြေ) ဆိုတဲ့ စကားကို ကြားတာနဲ့ ပိုင်ရှင်သည် *ယောကျာင်္းလေးလား မိန်းကလေးလားဆိုတာ * အထူးမေးစရာကို မလိုပါဘူး……… *မိန်းကလေး* ဆိုတာ လူတိုင်း အသိပင်ဖြစ်ပါသည်။ မိန်းမတို့ဧ။် (အိန္ဒြေ) ကို စောင့်ရှောက်ထိန်းသိမ်းဖို့ရာ အထူးလိုအပ်ပါသည်။ အပျို မိန်းကလေးများဧ။် ကိုယ်ကျင့်တရား(၇)ပါးကို ဗဟုသုတ ဖော်ပြပေးချင်ပါသည်။ 1. အရှက်အကြောက် ရှိရမည်။ 2. ရတနာသုံးပါး အတွက် နေ့ညမပျက် ဆောင်ရွက် အားထုတ်ရမည်။ 3. မိဘ၊ မောင်ဘွားကို အထူး ရိုသေလေးစားရမည်။ 4. မိခင်အလုပ် (အိမ်မှုကိစ္စ) ဟူသမျှကို တတ်ကျွမ်းကူညီနိုင်ရပါမည်။ 5. အတတ်ပညာ သင်ကြားခြင်းတို့ကို ပျင်းရိတွန့်တိုသော စိတ်ကို မထားဘဲ ၊ထကြွ လုံလ္လ ဝီရီယရှိရပါမည်။ […]


ETSeptember 26, 20111min995
Give & Take ကျွန်တော်တို့ပတ်ဝန်းကျင်တွင် လူမှုရေးအခြေခံပေါင်းသင်းဆက်ဆံမှု အလွန်အမင်းများပြားလာ သည်နှင့်အမျှ မိတ်ဆွေသူငယ်အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ မိသားစုအချင်းချင်း ခင်မင်မှု အတိုင်းအတာအရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးကြပါသည်။ ထိုသို့လက်ဆောင်ပေးကြရာ တွင်လည်း မိသားစု၊ မိတ်ဆွေသူငယ်ချင်းများအချင်းချင်း လက်ဆောင်ပေးခြင်းက အနှောင်အဖွဲ့ကင်းမည် ဟုထင်ရသလို၊တစ်ချို့ကျတော့လည်းပစ္စည်းတန်ဖိုးကြည့်ပြီးပြန်ပေးတက်ကြပြီး၊“သူကဒီပစ္စည်းလေးပေးတာ၊ငါလည်း ဒီတန်ဖိုးလောက်ရှိတဲ့ပစ္စည်းလေး ပြန်ပေးလိုက်ဦးမယ်” ဆိုတဲ့ စိတ်အတွေးလေးများကိုယ်စီရှိကြ ပါတယ်။ ဒီလို ခင်မင်မှုအတိုင်းအတာအရ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင်အပြန်အလှန်ပေးကမ်း ကြရာမှ ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံနေရာသော ကုမ္ပဏီဝန်ထမ်းများအဖို့လည်း ထိုသူတို့နှင့် လက်ဆောင်ပေးခြင်းမျိုးတွေရှိလာကြရပြန်တယ်။ မိတ်ဖက်ကုမ္ပဏီအချင်းချင်း လက်ဆောင် အပြန်အလှန် ပေးကြသည့်အပြင်၊ နိုင်ငံခြားကုမ္ပဏီများကလည်း အပြန်အလှန်ပေးပို့ကြပါသည်။ ထိုမှတဆင့် ကုမ္ပဏီ တွေက ဌာနဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်သောလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်း မှာ ဘယ်ဌာနက ဘယ်သူက လုပ်ပိုင်ခွင့်ရှိလဲ?? လုပ်ပိုင်ခွင့်ရှိတဲ့သူကို ဝင်ထွက်သွားလာမှုရအောင် နည်းမျိုးစုံသုံးလာကြသလို […]


ETJuly 27, 20111min24315
ကျွန်တော် မနှစ်က ဒေါ်ညိမ်းကျေးရွာမှာ တာဝန်ထမ်းဆောင်စဉ်က ရေးထားတာလေးပါ ကျွန်တော် ရဲ့ကိုယ်ပိုင်ဘလေ့ာမှာလည်း ရေးတင်ထားပြီးသားပါ အခုပြန်လည်ဖော်ပြရခြင်းဖြစ်ပါတယ်။ ခင်မင်စွာဖြင့် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း ဒေါ်ညိမ်းငွေကြေးဖလှဲမှုအကြောင်းမပြောခင် ဒေါ်ညိမ်းကျေးရွာအကြောင်းတော့ သိထားမှဖြစ်မှာ။ ဒေါ်ညိမ်းကျေးရွာဆိုတာ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတစ်ရွာပါ။ မွန်ဘာသာစကား “ ထော့ညှင်း” မှ ဆင်းသက်လာတာပါ။ “မင်းညီမင်းသားများထမင်းလက်ဆုံစားတဲ့နေရာလို့” အဓိပ္ပါယ်ရပါတယ်။ နောက်တော့ ခေတ်ကာလပြောင်းလဲလာတာနဲ့အညီ နောက်ဆုံး “ဒေါ်ညိမ်း” ဖြစ်လာတဲ့ အထိပါပဲ။ ကျေးရွာတစ်ရွာဆိုပေမယ့် စည်ကားလှပါတယ်။ အနီးမှာရှိတဲ့ သရက်ပင်ဆိပ်၊ ခါးပြတ်၊ ကုန်းတန်း၊ ဆိပ်မ၊မြို့ကုန်း၊ ဗန္ဒာပင်၊ အေးကုန်း၊ ကမန္တာ၊ ဖရဲကုန်း၊ အလယ်စု၊ အဝစု ……………..အစရှိတဲ့ ရွာတွေအားလုံး “ဒေါ်ညိမ်း” မှာလာပြီး ရောင်းဝယ်ဖောက်ကားကြပါတယ်။။။။အသုံးရှားတဲ့ပစ္စည်းမျိုးကိုတော့  ဖျာပုံတက်ပြီးဝယ်ကြပါတယ်။ ကြူံတုန်းပြောရဥိးမယ် ( ဖျာပုံ […]


ETJuly 27, 20111min25915
တစ်နေ့ ကျနေ်ာ ရုံးက ကိစ္စနဲ့ တာမွေအဝိုင်းဘက်ကို ရောက်ပါတယ်……….ရောက်တော့ ခံတွင်းက ချဉ်လာလို့ ဆေးလိပ်သောက်မယ်ဆိုပြီး ဈေးဆိုင်ကိုသွားဝယ်တယ်… ပြီးတော့ ဆေးလိပ်ကို ..မီးညှိ ရှုရှိုက်နေတုန်း… မြင်ကွင်းတစ်ခု ကိုသွားတွေ့တယ်ဗျာ……… ဘေးနားမှာက စာအုပ်စာရွက်အဟောင်းဆိုင်လေးပေါ့…………အဲ့ဒီမှာ CV Formတွေအထပ်လိုက်ကြီးပါတကား။။။။။။။။။ ဘယ်အချိန်ကတည်းက လာရောင်းထားလည်းမသိဘူး………..ကျနော်ကလည်း ကျနော်ပဲလေ အငြိမ်မနေပဲ ပါးစပ် တရမ်းတော့တာပဲ ……..(အဲ…သွားပြီးအင်တာဗျူးလိုက်တာပေါ့) ဦးလေးရေ CV Form တွေကများလှချည်လားး …ဆိုပြီးတော့စကားစရှာလိုက်ရင်းနဲ့အကြောငိးစုံကိုသိလိုက်ရပါတယ်.. မြန်မာပြည်မှာ အလုပ်အကိုင် Agency တွေကတော်တော်များများရှိပါတယ်………. အောင်မြင်တဲ့ Agencyတွေလည်း ဒုနဲ့ဒေးပါပဲ… အဲ့ဒီမှာ အလုပ်သွားလျောက်တဲ့သူတွေကလည်းတစ်နေ့ကို ဒုနဲ့ဒေးပါပဲ… CV Form တစ်စုံဆိုရင် တော်တော်လေးကို ထူမယ်ထင်တယ်နော် ..စဉ်းစားကြည့်ကြပါဦး။။။ အပေါ်ဆုံးမှာ CV က တစ်ရွက် ကျောင်းထောက်ခံချက်၊ ပညာရေးမိတ္တူ.အခြားပညာရေးထောက်ခံချက်တွေ…ရဲစခန်းထောက်ခံချက် အစရှိသဖြင့်ပေါ့လေ. […]


ETJuly 25, 20111min17713
(၁) “ဟဲလို….” ” အလင်္ကာ.. လား” “အ. ဟုတ်တယ်ကွ …” “အေး မင်းရုံးသွားဖို့အဆင့်သင့်ဖြစ်ပြီလား…ငါမင်းဆီရောက်တော့မယ်….အခုလမ်းပေါ်မှာ ကားမောင်းရင်းနဲ့ဖုန်းခေါ်လိုက်တာ” ” အော်..အေး လာခဲ့ ငါက Ready တောင်ဖြစ်နေပြီ။ မင်းမလာသေးလို့စောင့်နေတာ.” အမှန်တော့ ကျနေ်ာ အဆင့်သင့်ဖြစ်မနေသေးပါဘူး။ အိပ်ရာနိုးစ မနက်(7.50) အချိန်ပါ. ရေချိုး၊မျက်နှာသစ်ဖို့လုပ်နေတုန်း ဖုန်းလာတာနဲ့ပြန်ပြောတဲ့စကားကိုဖော်ပြထားတာပါ။ လာခေါ်တဲ့သူကိုအားနာတာနဲ့…အဆင်ပြေပါစေသဘောမျိူးနဲ့..စသည့်ဖြင့်..စသည့်ြ့ဖင့်နဲ့ပဲ ကံ(၁)ပါး ကျိုးသွားတယ်။ (၂) ကားနဲ့ ရုံးသွားရင်း လမ်းပေါ်မှာ ၊ ကားဂိတ်မှာ၊ မီးပွိုင့်ရှိရပ်ထားတဲ့ဘတ်စ်ကားပေါ်မှာတွေ့သမျှ ယောကျာ်း မိန်းမ၊ကလေးလူအိုလူပျိုအပျိုမရွေး မျက်စိထဲမြင်တာမှန်သမျှ အကုန်ကြည့်သွားတာပေါ့. ကြည့်ရင်းနဲ့ လှတဲ့ မိန်းကလေးကိုတွေ့ရင် ပါးစပ်က ပြောမိလိုက်တာရှိသလို.။ စိတ်နဲ့ကလည်း.. အင်း……ပြောမိသွားတာရှိတာပေါ့ဗျာ… ကိုယ်ပြောမိတဲ့သူက အပျိုလား အအိုလား ဆိုတာ ကိုယ်က မသိတော့… ဘယ်လိုပဲပြောပြော…. ကံ(၅)ပါးထဲက […]


ETJuly 24, 20111min1735
ပဲခူးတိုင်းအနောက်၊ သယာဝတီမြို့ဟာ ကျနော်ရဲ့မွေးဖွားရာဇာတိဖြစ်သလို ကျနော်ရဲ့ဘဝကိုလည်း တစ်ဆင့်ချိုး ပြောင်းလဲသွားတဲ့ နေရာလည်းတစ်ခုဖြစ်ပါတယ် ကျနော်(၁၀)နှစ်သားအရွယ်မှာ အဖေက ငှက်ဖျားရောဂါနဲ့ဆုံးသွားပါတယ်၊ အမေကလည်း ဘာမှမလုပ်တတ်.. အဲ့ဒီအချိန်မှာ အမေ ရဲ့ညီမ ကျနော်ရဲ့အဒေါ်က ကျနေ်ာကို (10)တန်းအောင်တဲအထိကျောင်းဆက်ထားဖို့တာဝန်ယူပြီး ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ (မော်ကျွန်း)ကိုခေါ်သွားခဲ့ပါတယ်. အဲ့ဒီအချိန် ကျနေ်ာရဲ့ အသက်က (၁၁)နှစ် ကျော်ပဲရှိပါသေးတယ်… ( ဒါက အခုမှ စကားစမိလို့ ကိုယ့်အကြောင်းကိုယ် ထည့်ရေးလိုက်တာပါ)။ ကျနေ်ာပြောချင်တာက မော်ကျွန်းမြို့အကြောင်းလေးပါ(သည်းခံပြီးဖတ်ပေးနော်) မော်ကျွန်းမြို့ဆိုတာ တကယ်တော့ ရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းကလေးတစ်ကျွန်းဆိုရင်လည်း မမှားပါဘူး။ အရှေ့ဘက်မှာ ဆိုရင် ကျိုက်ပိမြစ် (အခုတော့ သောင်ထွန်းနေပါပြီ….) တောင်ဘက်မှာ တုံးလဲချောင်း၊ အနောက်ဘက်နဲ့ မြောက်ဘက်မှာ တော့ ရာဇူတိုင်နဲ့ ညောင်တုန်းမြစ်တွေ ဝိုင်းရံနေပါတယ်…. ရာဇူတိုုင်မြစ်ကထွက်တဲ့ ငါးသလောက်ဆိုရင် အကောင်းဆုံးအဆူဆုံးလို့ပြောစမှတ်ရှိပါတယ်… […]