နာသုံးနာ နှင့် စာသင်ကြသော ကျောင်းသားများ

nagar layMarch 5, 20121min1809

နာသုံးနာ နှင့် စာသင်နေကြသော ကျောင်းသားများ                                                                                                                                                                          ကိုယ်တို့များ ငယ်တုန်းက ကျောင်းသွားရမှာ၊ စာသင်ရမှာဖြင့် ကြောက်လိုက်တာ။ မနက်ခင်း ထမင်းကြမ်းခဲ ဝါးပြီးတာနဲ့ ကျောင်းမသွားချင်လို့ အမေရိုက်တာ ခံနေရမြဲ။ “နင်ကြီးလာရင် အလုပ်လုပ်စားမှာလား၊ တောင်းစားမှာလား၊ အေး အလုပ်လုပ်စား မယ်ဆိုရင် စာတက်မှရမယ်” ဆိုပြီး ကျောင်းကိုလိုက်ပို့ ပါလေရော။ အဲ့တုန်းက ဆရာမတွေများ နွေးထွေးလိုက်တာ။ စာမသင်ချင်တဲ့ ကလေးကို ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့။ သူတို့ကို ငွေကြေးတစ်စုံတစ်ရာ ပေးမိလိုက်ရင် စိတ်တိုရတာနဲ့ ၊ စေတနာ စော်ကားတာလားဆိုပြီး  ဆဲလွှတ်ရတာနဲ့ဗျာ။ တပည့်တွေပေါ်မှာ စေတနာထားတာလည်း လွန်ပါရောလား။ သူတို့မှာ ဝါသနာအရသာ  လုပ်နေရတာ ၊ တောကျောင်းဆိုတော့ ပိုက်ဆံလည်း ဘာမှမရ။ သူတို့ရဲ့ ဘဝတွေကို ကလေးတွေအပေါ် စေတနာထားပြီး စာသင်ပေးရင်းနဲ့ပဲ အနစ်နာခံ သွားကြတာ။

                                                        ခုများတော့လေ ရေတွေက ဆန်မတက်ပေမယ့် လေတွေကတော့ ဆန်တိုက်နေလေရဲ့။ ကိုယ့်သားများ နှစ်နှစ်သား ကတည်းက လွယ်အိတ်လွယ်ပြီး ကျောင်းသွားတိုင်း ဆော့နေပြီ။ အရွယ်ရောက်လို့ ကလေး ကျောင်းအပ်ချိန်ရောက်တို်င်း ခုခေတ် ဆရာမတွေရဲ့ နွေးထွေးမှုကို တွေ့ရတော့တာပဲ။ ကျောင်အပ်ခကဘယ်လောက် ၊ စာအုပ်ဖိုး ၊ ရေဖိုး၊ အမှိုက်ပုံးဖိုး ၊ black board မသုံးပဲ white board ပဲသုံးမယ်ဆိုပြီး white board ဖိုး ၊ မှင်ဖိုး ..အို .. အဖိုးပေါင်းကိုစုံလို့။ ပြီးတော့ မေးသေးတယ် ကျူရှင် ဘယ်နှစ်ဘာသာ ယူမှာလည်းတဲ့။ကျောင်းတက်ချိန် ရောက်တော့လည်း ဟိုဆရာကြီး ပင်စင်ယူလို့၊ ဒီဆရာမကြီး ကျောင်းပြောင်းလို့ ၊ ဟိုဆရာအိမ်က နာရေး ၊ ဒီဆရာမအိမ်က မွေးနေ့နဲ့ ပေးလိုက်ရတာ သောက်သောက်လည်း ပါပဲဗျာ။

                                                        ကျုပ်သူတို့ကို အပြစ်တင်ချင်လို့ မဟုတ်ပါဘူးဗျာ။ အခုခေတ်က စီးပွားရေးမှ မကောင်းတာ။ အူမတောင့်မှ သီလစောင့် နိုင်မှာမဟုတ်လား။ စီးပွားရေး မပြေလည်ဘဲ စေတနာ ၊ ဝါသနာ ၊ အနစ်နာ တွေထားရင် မွဲသွားမှာပေါ့။ ဒါပေမယ့် အခုခေတ် ကလေးတွေကတော့ နာသုံးနာ နဲ့ စာသင်နေမြဲပါ။ အချိန် ၊ ငွေ ၊ အသိဉာဏ် ဆုံးရှုံး နစ်နာမှုတွေပေါ့။ မနက်ခင်း မျက်နှာသစ်ပြီးတာနဲ့ ကျူရှင်ပြေး ၊ အဲဒီကနေကျောင်း ၊ အပြန်ကျူရှင်ဝင် ၊ ညမိုးချုပ်မှ အိမ်ပြန်ရောက် ၊ ညစာစားပြီး စာကျက် ၊ ပြီးရင်အိပ်၊ ဒီလိုနဲ့ သံသရာ လည်နေကြရတယ်။ ဘယ်မှာလဲ သူတို့ရဲ့ပျော်ရွှင်စရာအချိန် ၊ ဒါ အချိန် ဆုံးရှုံး နစ်နာမှုပေါ့။ ကျောင်းကကောက်တဲ့ အဖိုးအခတွေကများ ၊ ကျူရှင်လခတွေက တစ်လတစ်လ မနည်းမနော ၊ ဒါက ငွေ နစ်နာမှုပေါ့။ တစ်ချိန်လုံး စာတွေကို ကျက်နေရတော့ ပြင်ပ ဗဟုသုတတွေကို လေ့လာလို့မရ၊ အကျိုးဆက်ကတော့ စာကို ပြင်ပလက်တွေ့ နဲ့တွဲပြီး လေ့လာဖို့ထက် အလွတ်ကျက်တက်တဲ့ အကျင့်တွေစွဲ ၊ ပြင်ပဗဟုသုတလည်း မလေ့လာနိုင်နဲ့ အသိဉာဏ်တွေမဲ့ ကုန်တာပေါ့။

ကဲ ဒီမှာကော ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်တွေကို ပြောင်းလဲဖို့အတွက် နိုင်ငံကို အုပ်ချုပ်နေတဲ့ အကြီးအကဲ တွေမှာ အဓိက တာဝန်ရှိတယ်လို့တော့ ပြောတာပဲဗျာ။

9 comments

  • ဟုတ်တယ်ဗျို ့…….ဘာဖိုး၊ညာဖိုးတွေအပြင် ကျောင်းပြောင်းအသစ်ဝင်လာတဲ့
    ကျောင်းသားတွေဆိုရင် ထိုင်ခုံအသစ်ဘယ်နှစုံဝယ်ပေးပါလို ့လဲပါသေးတယ်။

  • windtalker

    March 5, 2012 at 7:40 pm

    အဖိုးတွေတောင်းတာများနေရင် ၊ နီးရာလူအိုရုံက အဖွားများကိုသာ ပင့်သွားပေးလိုက်ပါဗျာ ။
    ဟီဟိ …. အလကားစဒါနော

    • nagar lay

      March 5, 2012 at 7:45 pm

      ခင်ဗျားက တော်တော် အနောက်သန်တာပဲနော်

      • windtalker

        March 5, 2012 at 8:05 pm

        မောင်မင်း လူကကြီး ထင်တာ သုံးရပ်ကျန်သွားတယ်
        အကုန်သန်ပါတယ် ခင်ဗျား ။
        ဟီဟိ

        • အရှုံးတွေနဲ့ ကျွန်တော်

          March 5, 2012 at 9:00 pm

          ဒီဘက်ခေတ် ကျောင်းသားလေးတွေ ခမျာ တွေးကြည့်ရင် အတော်တော့ သနားစရာ ကောင်းလှပါတယ် အဲဒါတွေအပြင် အခုများဆိုရင် တစ်ရက်တည်း နှစ်ဘာသာတောင်ဖြေရပြီဆိုတော့ တကယ့်အမှန်အကန်သာ ကြိုးစားရမယ်ဆိုရင်တော့ မလွယ်ကြောပဲဗျာ တစ်ညတည်း နှစ်ဘာသာ ဘယ်လိုလုပ်ကျက်လို့ ရရမှာလဲဗျနော့ အဲဒီလိုစာမေးပွဲတွေ ကျွန်တော့်တုန်းကလဲ အဖျားခတ်လေးမိခဲ့လို့ ဖြေခဲ့ရပါသေးတယ် အဲဒီတုန်းကတော့ အခုလို နောက်ဆုံးစာမေးပွဲတော့ မဟုတ်ဘူးပေါ့ဗျာ လပတ်စာမေးပွဲလေးတွေပါ ညများစာကျက်ပြီဆိုရင် နီးရာဓါးပို ကြောက်ရတယ်ဆိုတဲ့စကားအတိုင်း မနက်ပိုင်းဖြေမယ့်ဘာသာကိုပဲ အဓိကထားကျက်ရတာပေါ့ နောက်တစ်နေ့မှာ အဲဒီဘာသာလေးဖြေပြီးပြီဆိုရင်တော့ ဗိုက်ဆာရင် ထမင်းလေးမြန်မြန်စားပြီး နောက်ဘာသာအတွက် ထပ်ကျက်ရတော့တာပါပဲဗျာ တကယ့်ကို မလွယ်ကျောပါပဲ ကျောင်းသားဖြစ်ရတဲ့ ဒုက္ခလဲ မသေးပါဘူးဗျာ

        • Mလုလင်

          March 6, 2012 at 11:07 am

          အန် .. ကို ရှူံး …. ဖြေမယ့် ညမှ ကျက်တာလားဗျ။

  • Shwe Tike Soe

    March 6, 2012 at 9:47 am

    အဲဒီပြသနာက ဘာလို.ဖြစ်တာလဲ သိလား…
    အဲဒါ ဆရာ/ဆရာမတွေ လစာ မလောက်လို.
    ဒါပဲ 😀

  • TTNU

    March 6, 2012 at 10:20 am

    ဆရာ/ဆရာမတိုင်းလားဟင်????

    ဘယ်သူ့မှ အပြစ်တင်မနေပါနဲ့။
    ကိုယ့်အားထုတ်မှုကို ပိုအားစိုက်ပြီး
    အလိုက်သင့်လှမ်းရမဲ့ အခါကာလကြီးဖြစ်နေတာမို့
    စိတ်တွေညစ်ပြီးအမောမခံကြပါနဲ့။
    နိူင်သလောက်လုပ်ကြည့်၊
    မရတော့လည်း နည်းလမ်းလေးပြောင်းကြည့်။
    ဘာဖြစ်လို့လဲ၊ ဘယ်သူ့တာဝန်လဲ၊ ဘယ်သူ့ကြောင့်လဲတွေ… 👿

    ဒါတွေထက်စာရင်တော့ ပိုအဆင်ပြေသွားမှာပါ။ 🙂

  • Kaung Myat Thu

    March 6, 2012 at 12:32 pm

    ဆရာ၊ဆရာမတွေလစာမလောက်လို့ကျူရှင်ပြတယ်ပဲထားဦး။အဲဒီဆရာမတွေသင်တဲ့ကျောင်းမှာတက်တဲ့
    ကလေးမိဘတွေကလည်းဝန်ထမ်းတွေဖြစ်ပြီး လစာနဲ့မိသားစုစားဝတ်နေရေးကိုလောက်ငှအောင်မနည်း
    ရုန်းကန်နေရတာ။ကျူရှင်တက်ဖို့၊ဆရာမတွေတောင်းတဲ့သူတို့မိသားစုအတွက်ရန်ပုံငွေ ပုဆံရှာမရရင်
    စာမေးပွဲအကျခံရတော့မှာလားဗျာ။

Leave a Reply