သရဲကို ထိကိုင်မိခြင်း

ကျနော်တို့ ရွာမှာပေါ့ …။ ဦးထွန်းမြင့် ဆိုတဲ့ လူကြီး တစ်ယောက်ရှိတယ်။ ရွာရဲ့ ညနေခင်း အချိန်တိုင်းမှာ ဦးထွန်းမြင့်တို့ အိမ်ကို လာနေကျ လူတစ်ယောက်လည်း ရှိတယ်။ သူက ဦးနီ …။ ညနေဆိုရင် ဦးနီ က ဦးထွန်းမြင့်ရဲ့ အိမ်ကိုလာပြီး ရေနွေးသောက်ရင်း စကား စမြည် ပြောလေ့ ရှိပါတယ်။

ဦးနီ တစ်ယောက် နေထိုင် မကောင်းဖြစ်တဲ့ အချိန်မှာ ဦးထွန်းမြင့် တစ်ယောက်တည်း ဖြစ်နေပါတယ်။ အင်း .. မောင်နီ တစ်ယောက် နေမကောင်းလို့ များလား မသိပါဘူး … ဆိုပြီး ဦးထွန်းမြင့် မျှော်နေမိတာပေါ့။ အဲလို ဦးနီ နေမကောင်း ဖြစ်ပြီး တစ်ပတ် ကျော်ကျော်လောက် အကြာ တစ်ခုသော ညနေမှာပေါ့ …။ ဦးထွန်းမြင့် တစ်ယောက် အိမ်ရှေ့ ကွပ်ပစ်မှာ ရေနွေးကြမ်း ထိုင်သောက်နေတယ်။ ဒါနဲ့ ဦးထွန်းမြင့်က မျက်စိ အမြင် သိပ်မကောင်းပါဘူး။

ခပ်မှိုင်းမှိုင်း အချိန် (ညီအစ်ကို မသဲမကွဲ အချိန်) လောက်လည်း ရောက်ရော ဦးထွန်းမြင့် ရေနွေးကြမ်း ထိုင်သောက်နေရာက ဆီးသွားချင်လာတဲ့ အတွက် ကွပ်ပစ် ပေါ်က ဆင်းဖို့ လုပ်လိုက်တယ်။ အဲဒီ အချိန်မှာပဲ ဗုန်းဆို ဦးနီက သူ့ဘေးနား ရောက်ချ လာရော။ ဦးထွန်းမြင့်က မျက်စိ သိပ်မကောင်းတော့ ဦးနီမှန်း မသိဘူး။ အိမ်တိုင်ပဲ မှတ်ပြီး အဲဒီ အိမ်တိုင်ကို အားယူထဖို့ လှမ်းကိုင် လိုက်တယ်။ လှမ်းလည်း ကိုင်လိုက်ရော ရေခဲတုံး ကို ကိုင်လိုက်ရသလိုမျိုးလို့ပဲ ဆိုပါတော့ …။ အေးစက်စက် အသားစိုင် တစ်ခုကို ကိုင်လိုက်ရလို ဖြစ်သွားတော့ ဦးထွန်းမြင့် နည်းနည်း တွန့်သွားပါတယ်။ စိတ်ထဲလည်း ဇဝေဇဝါ ဖြစ်သွားတာပေါ့ …။

ဦးထွန်းမြင့် တစ်ယောက် ဆီးသွားပြီး ကွပ်ပစ်ဆီ ပြန်လာထိုင်တဲ့ အချိန်မှာ ကောင်လေးတစ်ယောက် ရောက်လာပြီး ဦးထွန်းမြင့်ကို လာပြောတယ်။ “ထွေးလေးထွန်း … ဦးနီကြီး စောစောက ဆုံးသွားပြီတဲ့” … ။ အဲဒီ အချိန်မှာတော့ ဦးထွန်းမြင့် ဆပ်စပ် တွေးမိသွားပြီး အင်း … မောင်နီ ငါ့ဆီ လာသွားတာပါလား .. လို့ သိသွားပါတော့တယ် … ။

အထက်ပါ အဖြစ်အပျက်လေးကတော့ သရဲ၊ တစ္ဆေကို ကိုင်မိခဲ့တဲ့ ကျနော်တို့ ရွာက လူကြီး တစ်ယောက်ရဲ့ အဖြစ်သနစ်လေးပါပဲ။ သရဲက ကိုယ်ထင်ပြပြီး ညကြီး သန်းခေါင် ကုတင်ခြေရင်းမှာ မတ်တပ် လာရပ်ပြတဲ့ အဖြစ်တွေကတော့ အများကြီး ရှိနိုင်ပါတယ်။ ခုလို အမှတ်မထင် သရဲကို ထိတွေ့ကိုင်တွယ် ဖူးတဲ့ အဖြစ်ကတော့ ရှားပါတယ်။ ဒါကြောင့် ဒီနေရာက ရွာသူားတွေကို ဗဟုသုတ အလို့ငှာ တင်ပြလိုက်ရခြင်း ဖြစ်ပါတော့တယ်။

ခင်မင်စွာဖြင့်
အံစာတုံး

23 comments

  • memeseku

    March 10, 2012 at 1:38 pm

    ဟမ်….. ကျနော်ဆိုရင်တော့..ကိုဘာကိုင်မိလဲဆိုတာမသိပဲနဲ.ထမသွားလောက်ဘူး…
    နောက်ပြီးတော့ လူထင်ပြရင်လဲလူကိုမမြင်လောက်အောင်တော့. အဲ.လောက်မမြင်ရတာမကောင်းလောက်ဘူးဗျ… 🙂 🙂

    • အဲဒီတုန်းက ဦးထွန်းမြင့် အသက်က ၇ဝ ရှိနေပြီဗျ ..
      အတော် အိုစာနေပြီလို့ ဆိုနိုင်ပါတယ် ….
      ပြီးတော့ အချိန်က ညနေ နေဝင်မိုးချုပ်အချိန်လည်း ဖြစ်နေတယ်ဗျ …
      ဒါကြောင့် သူက ဦးနီ ကိုယ်ထင် ပြတာကို အစက ကွပ်ပစ် ခြေရင်းက တိုင်မှတ်ပြီး ထဖို့အတွက် အားယူ လှမ်းကိုင်လိုက်မိတာပါ …
      ရှားပါးတဲ့ အခိုက်အတန့်လေး တစ်ခု၊ တိုက်ဆိုင်မှုလေးတစ်ခုလို့ ပြောရမလားပဲ …

  • water-melon

    March 10, 2012 at 2:33 pm

    ဦးထွန်းမြင့် တစ်ယောက်ကိုင်မိတာ ဝါဆိုလေးများဖြစ်နေမလားဟင်
    အမလေး မတွေးရဲတော့ တုန်ဖူးဆို တုန်ဖူးဆို ပက် :mrgreen:
    ဟဲ့ ဟဲ့ ညည်းတို့လည်း သေရင်နာ့ကို လာမခြောက်နဲ့နော် ဦးထွန်းမြင့်လို အသာကိုင်မှာ မဟုတ်ဘူး စွဲယမ်းပစ်မှာ။

    • ဟီး … ဟီး .. ဟီး …
      ဟား … ဟား .. ဟား …
      မင်းလားကွ .. နာလို သရဲကို စွဲယမ်း ပစ်မယ်ဆိုဒါ …
      အဟင်း .. ဟင်း .. ဟင်း ..
      နာ ဘာကောင်လဲဆိုတာ ခုဒေါ့ သိရတော့မှာပေါ့ …… ဟွင်း .. ဟွင်း … ဟွင်း ..

      (ညကြီး သန်းခေါင် ဗြဲသီးတစ်ယောက် ဖင်ထောင်ပြီး အိပ်မောကျနေခိုက် သရဲမှ လာခြောက်နေခြင်း ဖြစ်သည်)
      😀

      • water-melon

        March 10, 2012 at 2:50 pm

        ဟား … ဟား .. ဟား …ဟား … ဟား .. ဟား …
        ဗြဲသီးတစ်ယောက် ဖင်ထောင်ပြီး အိပ်မောကျနေခိုက် သရဲအား ဖင်ထောင်ပြီး အီးနဲ့ပေါက်လိုက်ပါကြောင်း ဘွတ် ဘွတ် ဘွတ် ဗွစ်စလစ်ဗွစ် 😆
        သရဲမဆို ပိုကောင်းမယ်ထင်တယ် ဝါဆိုလို ကောင်ကြောင်းလေးနဲ့ဆို ဂလု :mrgreen:

        • အယ် .. ဒီ ဗြဲသီးကတော့ ..
          တစ်ဝါတည်း ဝါဆို ဖြစ်နေပါပေါ့လား … 😀
          ဝါဆိုဖို့ အဝေးကြီး လိုသေးသကွဲ့ …
          ခုမှ နွေတောင် ရောက်သေးဘူးရယ် … 😀

    • အသူရာ

      March 10, 2012 at 9:22 pm

      ဟယ် စွဲယမ်းပစ်မယ်ဒဲ့
      ဘာကို စွဲမှာလဲဟင်င်င်
      အမလေး ရင်တွေတုန်လိုက်တာ

  • kyeemite

    March 10, 2012 at 4:29 pm

    ဟဲ့မိအံဇာ..ပေါက်ကရတွေရွာထဲလာမပြောနဲ့နော်…
    ဒီရွာထဲမလဲ ထစ်ကနဲရှိ စီကနဲအသံထွက်လို့ထကြည့်ရင်
    နင်နဲ့ဖြဲသီးမဘဲ..ဒါတောင် ဟိုကောင်မ မိစိန်ပေါက်
    အိမ်သာကိစ္စ အလုပ်ရှုပ်နေလို့….ဟင်းနော်..ဒါအကုန်ဘဲ..ဗြဲ..

    • water-melon

      March 10, 2012 at 6:55 pm

      ကြီးမိုက်နော်
      နင်ကလည်းပါလေရာစိန်မလုပ်နဲ့ စိတ်ရှိလက်ရှိနဲ့ အကြော်ဗန်းဖွက်ထားလိုက်ရမလား

  • နွေဦး

    March 10, 2012 at 5:00 pm

    ကိုင်မိတာ အိမ်တိုင် မဟုတ်ဘူးဆိုတော့….
    အိမတိုင်နဲ့ တူတဲ့ ပေါင် လုံးလား လက်မောင်းလား
    ဘာ လား ညာလား ..အေးစက်စက်ကြီးတဲ့..
    အိမ်တိုင် လိုဆိုတော့ မာတောင့်တောင့်ကြီးပေါ့….
    ဟိ…ကြက်သီး ထ လိုက်ထွာ…..

  • ဒိတ်ဒိတ်ကြဲ

    March 10, 2012 at 5:55 pm

    ဧကန်အမှန်တော့ Ice wonder land ထဲက ထွက်လာတဲ့သူဖြစ်ချင်ရင်ဖြစ်
    မဟုတ်ဖူးဆိုရင်တော့ သ . သ. သရဲ ပဲ ဖြစ်ရမယ် ။
    ဟုတ်သေးဖူးထင်တယ် အသက် ၇ဝ သက်တမ်းရှိတဲ့ အဖိုးအို ဦးထွန်းမြင့် ပဲ
    ဂပေါက်တိ ဂပေါက်ချာ ဖြစ်နေမလား ။
    အမေ့ . . . . ကြက်သီးထ လာ ပဟ . . . ခွိခွိ. . ။

  • ကြောင်ကြီး

    March 10, 2012 at 7:52 pm

    http://moemaka.com/2012/02/%E1%80%BB%E1%80%99%E1%80%B4%E1%80%90%E1%80%AD%E1%80%99%E1%80%B9%E1%80%B1%E1%80%9D%E1%80%B1%E1%80%9D-%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%81%E1%80%AF%E1%80%AD%E1%80%B8%E1%80%B1%E1%80%9D/
    ပါလီမန်ခေတ်က ရှမ်းပြည်ရဲ့နောက်ဆုံးစော်ဘွားကတော် ဂျာမန်သူရဲ့ ကိုယ်တိုင်ရေး ဘဝကောက်ကြောင်း အမှတ်စဉ် ၂၁ ဖြစ်ပါတယ်။ မိုးမခမီဒီယာမှာ အခန်းဆက်ဖော်ပြနေတာ ၂၂ပိုင်းရှိသွားပါပြီ။
    အခန်း (၁ဝ)

    စံအိမ်တော်ရှေ့က မြေပြန့်လေးမှာ သုစန္ဒာဘေးကချထားသော ကြိမ်ထိုင်ခုံလေးမှာလွတ်နေသည်။ ခါတိုင်းလို စဝ်ကတောင်ကြီးနှင့် ရန်ကုန် တွင် အစည်းဝေးတက်အလုပ်များနေလို့ လွတ်နေတာမျိုးတော့ မဟုတ်ချေ။ သို့သော် သည်တကြိမ်တွင်တော့ လွတ်နေသော ကြိမ်ကုလားထိုင် လေးမှာ ခြားနားသော အဓိပ္ပါယ်ရှိနေသည်။ ထိုအရာများသည် ကြောက်ရွံ့စိုးထိတ်စရာများသာလျှင် ဖြစ်နိုင် ကျန်ရစ်နေနိုင်လေသည်။

    သုစန္ဒာသည် မျက်လုံးကိုပိတ်ထားလိုက်သည်။ စိတ်တန်ခိုးဖြင့် မြင်နိုင်သော ဈာန်မျိုးကိုရလိုက်ချင်သည်။ စဝ်ဘယ်နေရာမှာပဲ ရှိနေရှိနေ တန်ခိုးစွမ်းအားဖြင့် ဆက်သွယ် လိုက်ချင်မိတော့သည်။ သူမ နမ့်ပန်းကိုစရောက်ခါစက တိုင်းယိုင်လူမျိုးတို့၏ ဘဝအစိတ်အပိုင်းတွင် လက် ခံကြသော ဝိညာဉ်လောက ပရလောက စိတ်တန်ခိုး အောက်လမ်းပညာတို့နှင့်ပတ်သက်သော အကြောင်းများကို သူမ ကြားလည်း ကြားဖူး မြင်တောင် မြင်ဖူးခဲ့လေသည်။ ထိုကိစ္စများကို အချိန်ယူပြီး စဉ်းစားရပေမည်။ သူဂျာမဏီတွင် ကြီးပြင်းခဲ့စဉ်က စိတ်တန်ခိုးနှင့်ပတ်သက်သော ပညာများကို သူသင်ကြားခဲ့ဖူးသည်။ ဗ္လေင် ပညာလည်း အပါအဝင်ဖြစ်ခဲ့သော်လည်း သူမသည် သံသယများဖြင့် အယုံအကြည်မရှိခဲ့ချေ။

    မနက်စောစောတွင် ဗေဒင်ဆရာ ဆရာဘဟန်သည် သုစန္ဒာထံရောက်ရှိလာပြီး စဝ်၏ဇာတာကို စစ်ကြည့်ရန်တောင်းလေသည်။ သူမသည် သည်းမခံနိုင်လောက်အောင် စောင့်နေခဲ့ရပြီး နောက်တွင် သူမထံ သတင်းသယ်လာသူက စိတ်မချမ်းမြေ့စရာ သတင်းမျိုးကိုပြောပြလေသည်။ ဗ္လေင်ဆရာကြီးက လူလွှတ်ပြောခိုင်းရသည့်အတွက် တောင်းပန်စကားလည်းပါးလိုက်သည်။ သူသည် အစောင့်ဂိတ်ကိုဖြတ်လာရမှာကို ကြောက်ရွံ့သဖြင့် စံအိမ်တော်ကို မလာရဲဟုဆိုသည်။ သုစန္ဒာသည် ဘယ်လောက်များ သစ္စာရှိလိုက်ကြသလဲဆိုတာကို ၂၄နာရီအတွင်း ဝမ်းနည်းစွာပြုံးလိုက်မိသည်။ သူမ စိတ်မဆိုးမိပါ။ စိတ်မကောင်းဖြစ်ယုံမျှသာဖြစ်လေသည်။ သူမသည် သစ္စာတရားနှင့် နိုင်ငံရေးကို ခွဲခြား စဉ်းစားဖို့နားလည်သင့်လေသည်။

    သူသည် အရှေ့စံအိမ်တော်တွင်လည်း သုတ်သုတ် သုတ်သုတ်ဖြင့် ခဏလေးသာတွေ့ရတတ်သည်။ စံအိမ်တော်သို့အလည်လာကြသော နိုင်ငံခြားသား သံတမန်ဧည့်သည်အချို့က ကော့တေးပါတီပွဲတွင် စကားစမြီပြောကြရင်း အိမ်အပြန် ယူသွားမည့် အမှတ်တရအဖြစ် ဗ္လေင်ဇာတာကိုတွက်ချင်မေးချင်ကြတာတောင်မှ သူ့ကို မတွေ့တတ်ချေ။ အရင်ကတည်းကပင် ဆရာဘဟန်သည် အင်္ဂလိပ်စကားလုံးးဝ မပြောတတ် ၊ ဧည့်သည် သံတမန်တွေကလည်း တိုင်းယိုင်စကား မြန်မာ စကား လုံးဝ မတတ်၊ ထိုအခါ အလေးအနက်ထားလုပ်ရသော အလုပ်တခုအနေဖြင့် သူမသည် မကြာခဏပင် စကားပြန်လုပ်ပေးဖို့အပြောခံရလေသည်။ သိပ်ကို သတိရစရာကောင်းသောအကြောင်းတခုကို သူမ တွေးလိုက် မိပြီး ပြုံးရလေသည်။

    စဝ်နှင့် သုစန္ဒာတို့၏ ဖိတ်ကြားမှုကြောင့် ဥရောပ တောင်ပိုင်းနိုင်ငံတခုက သံတမန်တဦးသည် သူ၏ ချောမောငယ်ရွယ်သော ဇနီး၊ အမွှေးပွ ခွေးလေးတကောင်နှင့်အတူ အရှေ့စံအိမ်တော်သို့ နေ့လယ်စားစားဖို့ ရောက်လာကြသည်။ သံတမန်က ရန်ကုန်တွင် ဆရာဘဟန် အသေး စိတ်ပြုလုပ်ထားသော ဇာတာထန်းရွက်ကို မြင်ခဲ့ဖူးလေသည်။ ထို့ကြောင့် သူ့အတွက်တခုလုပ်ပေးဖို့မှာလေသည်။ သူက သူ့ဇာတာကို ဖတ်ပေးဖို့လည်း ပြောပြန်လေသည်။ ဆရာဘဟန်က သံတမန်၏ဇာတာကြည့်ရန်အတွက် သုစန္ဒာအား ခေါ်သွားလိုက်သည်။ စဝ်က သူ့ကို ခွင့်လွှတ်ဖို့ပြောပြီး သွားလေသည်။ သူတို့ထိုင်ပြီးလို့ မှ မကြာသေးခင်တွင် ဆရာဘဟန်က ပြောသည်။

    “ဒီနေရာမှာထိုင်နေတဲ့ မိန်းကလေးက ဒီလူရဲ့မိန်းမမဟုတ်ဖူး”
    “သူဘာပြောတာလဲ” ဟု သံတမန်က စိတ်မရှည်စွာဖြင့်ပြန်မေးသည်။

    သုစန္ဒာ သူမကြားလိုက်ရသောစကားကို အမှန်အတိုင်းမပြောနိုင်။
    “သူပြောတာက လူကြီးမင်းရဲ့ခရီးက အလွန်တန်ဖိုးရှိပါတယ်” သူမ အမြန်စဉ်းစားပြီးပြောလိုက်ရသည်။ ပြီးနောက်သူမသည် ဗေဒင်ဆရာ ဘက်လှည့်လိုက်ပြီး …

    “ရှင်မှားတယ်။ သူတို့ရန်ကုန်မှာနေတာ သုံးနှစ်တောင်ရှိပြီ။ သူတို့နှစ်ယောက် လင်မယားဆိုတာ လူတိုင်းသိတယ်”
    “မဟုတ်ဖူး သူ့မယားက တခြားနိုင်ငံမှာနေတယ်။ ကျွန်တော် သေချာပေါက်ဟောရဲတယ်”

    သံတမန်က မျှော်လင့်ချက်ကြီးစွာဖြင့် သုစန္ဒာကိုကြည့်နေသည်။ သူမကတော့ လုံလောက်ပြီထင်သည်။ ဆရာဘဟန်က အခြား အပြစ်ပြော လို့မရသောကိစ္စများကို ပြောင်းဟောနေလေသည်။

    သုစန္ဒာကတော့ ဆရာဘဟန်ဟောခဲ့သော သံတမန်၏မယားသည် ယခုပါလာသော မိန်းကလေးမဟုတ်ဖူးဆိုသောစကားကို မည်သူတဦး တယောက်ကိုမှ ထုတ်ဖော်မပြောခဲ့ချေ။ တနှစ်ခန့်အကြာတွင် ရန်ကုန်ရှိ သံတမန်ရပ်ကွက်တွင် အရှုပ်တော်ပုံကြောင့် ထိတ်လန့်တုန် လှုပ်သွားကြသည်။

    သံတမန်၏ မယားကြီးသည် သူ့ကိုယ်သူ သံတမန်၏မယားကြီးဖြစ်ကြောင်း တရားဝင်မိတ်ဆက်ပြလိုက်လေသည်။ သူ၏ဇနီးသည် ဥရောပ တွင် သူ့ကလေးတွေနှင့်အတူ ကက်သလစ်ဘာသာကျောင်းတက်နေခြင်းဖြစ်လေသည်။

    အခုအခါ သုစန္ဒာသည် ဝါစိမ်းနုနုထန်းလက်ထူထူဖြင့် ပြုလုပ်ပြီး အသေးစိတ်ရေးခြစ်ထားသော ဇာတာ ရွက်လေးကို ပြန် ကြည့်နေမိတော့သည်။ သူမသည် စဝ်၏မွေးနေ့ကို အဓိပ္ပါယ်ဖော်နိုင်သော်လည်း သူ့အနာဂါတ်ကိုတော့ ဟောကိန်းမထုတ်ခဲ့ပေ။ သူ၏ မွေးနေ့မွေးရက် ဂြိုလ်စီး ဂြိုလ်လာများကို ကောင်းစွာသင်ကြားတတ်မြောက်ထားသော ဗေဒင်ဆရာများက တွက်ချက်ကြည့်နိုင်သော်လည်း သူမကတော့ မတွက် တတ်ပါချေ။ သူမသည် ဇာတာကိုကြည့်ရင်း လက်မြှောက်အရှုံးပေးလိုက်ရလေသည်။

    သူမသည် တကယ်ပဲ အနာဂါတ်ကို ကြိုတင်သိမြင်နိုင်သော စိတ်တန်ခိုးမျိုးရချင်မိသော်လည်း မည်သို့ရအောင်လုပ်ရမည်ကို မသိချေ။ သည့်မတိုင်ခင်က သူမသည် ဒီကိစ္စတွေကို မစဉ်းစားခဲ့မိသော်လည်း တကြိမ်မှာတော့မူ သူမသည် ထူးခြားသည့်အဖြစ်များနှင့် ကြုံတွေ့ခဲ့ရ တော့သည်။ ထိုအံ့ဩထူးခြားသောအဖြစ်အပျက်များကို စဝ်က ထုတ်ဖော်ပြောပြခဲ့ခြင်းဖြစ်လေသည်။

    ထိုအဖြစ်အပျက်များသည် နှစ်ပေါင်းများစွာက ဖြစ်ခဲ့သော်လည်း သူမ၏စိတ်ထဲတွင် မနေ့ကဖြစ်လိုက်သလို ကွက်ကွက်ကွင်းကွင်း ထင်ထင် ရှာရှားပင် အသေးစိတ် မှတ်မိနေတော့သည်။

    တနေ့ နေ့လယ်ခင်းတွင် စဝ်သည် သူ၏ ရုံးခန်းမှပြန်လာတာကို သုစန္ဒာသည် အပြင်ဘက်ပေါ်တီကိုအောက်မှာ ရပ်စောင့်နေမိလေသည်။ အစောင့်ရောက်မလာမှီတွင် သူမက သွက်သွက်လေးပြေးပြီး ကားတံခါးကိုဖွင့်ပေးလိုက်သည်။

    “မောင်အိမ်ပြန်လာတာ သိပ်ဝမ်းသာတာပဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ မောင်ယုံမှာမဟုတ်ဖူး” သူမသည် စိတ်လှုပ်ရှား စွာဖြင့် ပြောလိုက်သည်။

    စဝ်သည် ရှင်းရခက်သော ပြဿနာတခုခုဖြစ်နေပြီဆိုတာ သူမထွက်ကြိုနေတာနှင့်ပင်သိလိုက်သည်။ ထူးထူးခြားခြား တခုခု ဖြစ်ခဲ့ပုံရသည်။ ခါတိုင်းလို အေးချမ်းတည်ငြိမ်သော သူမ၏ပင်ကိုယ်ဟန်ပန်မှာ ပျောက်ဆုံးနေသည်။ သည်အစား သူမသည် သူ့လက်မောင်းကို လက်နှစ် ဘက်ဖြင့် တင်းတင်းစုတ်ကိုင်ရင်းက အေးမြသောဧည့်ခန်းအတွင်းသို့ ခေါ်ဆောင်သွားလေသည်။

    သူမ၏လက်ဝါးတွေမှာ ချွေးစေးများထနေပြီး မျက်နှာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ စဝ်သည် သူမ ကြောက်နေပြီဖြစ်ကြောင်း သတိထား လိုက်မိလေသည်။ သူသည် သူမကို ဖေးဖေးမမဖြင့် ဧည့်ခန်းကိုဖြတ်ပြီးနောက် သူမအကြိုက်ဆုံးနေရာဖြစ်သော စံအိမ်တော်အရှေ့မြေကွက် ၏ဒေါင့်လေးဆီ ခေါ်သွားလိုက်သည်။

    “ပြောပါဦး ဘာဖြစ်လို့လဲ” သူမကို ကြိမ်ထိုင်ခုံပေါ် သက်တောင့်သက်သာထိုင်ခိုင်းလိုက်ပြီးနောက်ပြောလိုက်သည်။
    “မောင်သိချင်တယ်”

    “မောင် ကျမကိုယုံမှာ မဟုတ်ဖူး။ ဒါတကယ့်အဖြစ်မဟုတ်နိုင်ဖူး” သူမသည် သူ့ကိုငေးနေရာမှ ဖြတ်ပြီး ကွင်းပြင်ဆီကြည့်နေသည်။

    မိန်းတိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ပုံမှန်မဟုတ်သည့်ကိစ္စတို့နှင့် သုစန္ဒာတွေ့လာရပုံရသည်ကို သူရိပ်မိလိုက်သည်။ သို့သော် သည် လို အဖြစ်မျိုးက အနောက်ကမ္ဘာမှာ ဖြစ်လေ့ဖြစ်ထနည်းလေသည်။ သူသည် လူဝင်စားတို့ ပရလောက ဝိညာဉ်လောကတို့ကို အမြဲယုံကြည်ခဲ့ သော်လည်း သူအမေရိကန်တွင် မိုင်းအင်ဂျင်နီယာကျောင်း လေးနှစ်တက်ပြီးနောက်ပိုင်း သည်အကြောင်းတွေကို စိတ်အေးသက်သာစွာဖြင့် သုစန္ဒာနှင့် မပြောမိခဲ့ကြပေ။

    “မောင် နားထောင်နေတယ်လေ အချစ်” သူက သူမ၏ပုခုံးကို လှုပ်ပြီးမေးလိုက်သည်။ သုစန္ဒာသည် အသံမာတင်းတင်းဖြင့် စပြောလေသည်။

    “ဒီအဖြစ်တွေအားလုံးက လွန်ခဲ့တဲ့တနာရီလောက်က ဖြစ်ခဲ့တာ။ တံမြက်စီးလှည်းတဲ့ အိုက်စံလေ သူကျမဆီကိုပြေးလာပြီး သူ့အိမ်ကို အမြန်လိုက်ကြည့်ပေးဖို့တောင်းပန်တယ်။ သူပြောတာက သူ့မိန်းမ တအားဖျားနေတယ်။ မိန်းမက ကျမကိုစကားပြောချင်တယ်လို့ပြောတယ်”

    “နောက်တော့ရော” သုစန္ဒာက တွန့်ဆုတ်ဆုတ်လုပ်နေသောကြောင့် စဝ်ကထပ်မေးလိုက်သည်။
    “ကျမလည်း ပင်နယ်ဆလင်ပုလင်းနဲ့ ဆေးအိတ်မပြီး သူ့အိမ်လေးဆီ အမြန်လိုက်ချသွားတာပေါ့။ ပေမဲ့ ဒါရိုးရိုးဖျားနေတာမဟုတ်ဖူး။ တခု ခုပဲ” သူမသည် စကားကိုတဖန်ရပ်လိုက်ပြီး ခေါင်းကလှုပ်ရမ်းနေသည်။ “သူမ ဘာလုပ်လဲသိလား မောင်ယုံမှာမဟုတ်ဖူး” စဝ်သည် သုစန္ဒာ၏လက်ကို ကိုင်ထားပြီး သူမစိတ်တည်ငြိမ်သွားပြီး ဆက်ပြောနိုင်သည်အထိ စောင့်နေလိုက်သည်။

    “အေခမ်းလေ တိုင်းယိုင်မလေးလေ။ သူတခါမှ ကျောင်းလည်း မနေဖူးဘူး။ အင်္ဂလိပ်စကားဘယ်လိုပြောရမယ်ဆိုတာလဲ သူမသိဖူး။ ဒါပေမဲ့ သူမက ဖျာပေါ်မှာ ထထိုင်လိုက်တယ်။ ပြီးတော့လေ ကျမကိုကြည့်ပြီး ထီးသုံးနန်းသုံးအင်္ဂလိပ်စကားနဲ့ ကျမကိုပြောတယ်။ မဒမ် ကျမအတွက် မစိုးရိမ်ပါနဲ့။ ကျမကောင်းသွားမှာပါ။ ဒါပေမဲ့ ကျမဆီ မဒမ် အမြန်ရောက်လာတဲ့အတွက် ကျမ တကယ်ပဲကျေးဇူးတင်ပါတယ်။ သူ့ဘေးမှာ ဝိုင်းကြည့်နေကြတဲ့ သူ့ယောက်ျား၊ ကလေးတွေနဲ့ အိမ်နီးနားချင်းတွေအားလုံးက သူအင်္ဂလိပ်လိုပြောတာကို ပျော်ရမဲ့အစား အားလုံးထိတ်လန့် ကြောက်ရွံ့ကုန်ကြတယ်။ ကျမတယောက်ထဲပဲလေ ကြောက်သွေးမွှန်ပြီး ထပြေးချင်လာတယ်ထင်တာပဲ။ ဒါပေမဲ့ ကျမ ထမပြေးနိုင်ခဲ့ဖူး”

    “ဒါဆို အချစ်က ဘာ ဆက်လုပ်လဲ” စဝ်က သူမကို စကားထောက်ပေးလိုက်သည်။

    “အင်း ။နောက် ကျမလေ ကျမတို့အင်္ဂလိပ်လိုပြောနေကျလိုပဲ သူ့ကို ကျမအင်္ဂလိပ်လိုပဲပြောလိုက်တယ်။ အေခမ်း အိပ်ရာပေါ်လှဲနေပါ။ ကျမ ဘယ်လိုကူညီပေးရမလဲလို့ပြောလိုက်တော့ သူမကလေ မဒမ်က ကျမလိုအပ်တဲ့အချိန်မှာ ကျမနားအမြန်ရောက်လာပေးခဲ့ပြီးပါပြီ။ ဒါကျမကို ရိုးရိုးလေးကူညီလိုက်တာပါပဲတဲ့ ပြန်ပြောတယ်လေ။ “

    ကျမ သူ့နဖူးကိုင်ကြည့်လိုက်တော့ ခြစ်ခြစ်တောက်ပူနေတယ်လေ။ သူ တအားကို အဖျားတက်နေတာပေါ့။”ကျမ တခါထဲ ချက်ခြင်းပဲ ဆရာဝန်ကိုပြေးခေါ်ဖို့ခိုင်းလိုက်တယ်။ ဒီတော့ သူမကလေမဟုတ်ဖူး။ ကျေးဇူးတင်ပါတယ် မဒမ် မလိုပါဖူး။ ကျမ လုံးဝနေကောင်းသွားမှာပါ၊ သူမ ကလေ အသေအချာအတိအကျကြီးကို ပြောတာ။ သူ့ဘေးမှာထိုင်နေတဲ့ ကျမ ဘာလုပ်သင့်သလဲမသိဖူး ဖြစ်နေတယ်။ ကျမလည်း အပြင် ခဏထွက်လိုက်ပြီးတော့ သူ့ယောက်ကျားအိုက်စံကိုမေးတယ်။ သူဘယ်တုန်းက စဖျားတာလဲ။ သူ့ရောဂါ ရာဇဝင်ကိုမေးတယ်။ ဒီအချိန်မှာပဲ သူမ စကားတွေပြောပြန်တယ်။ ဒါပေမဲ့ ကျမကိုဒီအခါမှာတော့ အင်္ဂလိပ်လိုမပြောတော့ဖူး။ တိုင်းယိုင်လား မြန်မာလိုလားမသိဖူး။ ဘေးက အိမ်နီးနားချင်းတယောက်က နားလည်တယ်။ ချက်ခြင်းပြန်ပြောပြတယ် တရုတ်လိုပြောနေတာတဲ့”

    “နောက်တော့ရော … နောက်ဘာတွေဖြစ်လဲ”

    “ဘာမှ မဖြစ်ဘူး။ တကယ် အေခမ်းအိပ်ပျော်သွားတယ်။ ကျမလည်း ထပြန်လာခဲ့တယ်။ မိနစ်နည်နည်းပဲ ကြာဦးမယ်။ သူ့ယောကျာ်း အိုက်စံလေ သူ့မိန်းမ ပြန်နိုးလာပြီး အဖျားလည်းကျသွားပြီလို့ ကျမကို ပြေးလာပြောပြတယ်။ သူမကနိုးလာတော့ ဘာကိုမှ မမှတ်မိဘူးတဲ့ ဘာလို့ လူတွေအများကြီးအိမ်ထဲရောက်နေကြတာလဲလို့မေးသတဲ့”

    “ဒါဆိုသူပြန်နေကောင်းနေပြီပဲ၊ သူ့အတွက် အချစ်နောက်ထပ် ဘာကိုမှစိုးရိမ်မနေပါနဲ့” စဝ်က သူမကို အားပေးနှစ်သိမ့်သည့် အပြုံးဖြင့် ပြော လိုက်လေသည်။

    “ဒါပေမဲ့ မောင်နားမလည်ဖူးလား” “ဒီအဖြစ်အပျက်တွေအားလုံးက ပုံမှန်မဟုတ်ဖူး။ ဒီမိန်းမကို ပူးနေပြီ”

    နောက်တော့ရောဒါဆိုရင်”

    “ကျမ သိပ်ကြောက်သွားတာပေါ့။ ကျမ စိတ်တွေ ရှုပ်နောက်သွားတာပဲ။ တကယ်လို့ မောင်ဖြစ်ဖြစ် ကျမဖြစ်ဖြစ် ဒီလိုဝင်အပူးခံရရင် ဘယ်လို လုပ်မလဲ။ ဒီလိုအဖြစ်တွေဖြစ်နေတာကို ကျမ မယုံနိုင်ဖူး ဖြစ်နေတယ်” သုစန္ဒာ စိတ်လှုပ်ရှားစွာဖြင့် တုန်တုန်ရီရီဖြစ်နေသည်။ ဘယ်ဘက် လက်ညှိုးက လက်စွပ်ကို ချွတ်လိုက် ပြန်ဝတ်လိုက်ဖြင့် ဂဏာမငြိမ် ဖြစ်နေတော့လေသည်။

    “ကျေးဇူးပြုပြီး မောင့်ကိုယုံစမ်းပါ။ အချစ် ဘာမှစိုးရိမ်နေစရာ မလိုပါဘူးဘာမှ မဖြစ်နိုင်ပါဖူး”
    “မောင်ဘယ်လိုလုပ်သိလဲ” မယုံကြည်သံဖြင့် သုစန္ဒာက စဝ်ကိုပြန်မေးလိုက်သည်။

    “မောင့်အတွေ့အကြုံအရပေါ့။ မောင် တခါမှ ပြောမပြဖူးဘူး။ မောင့်မှာလည်း အချစ်လိုပဲ တွေ့ခဲ့ဖူးတယ်။ ပြီးတော့ မောင်တို့ဒီကိစ္စတွေအတွက် ဘာမှစိုးရိမ်နေစရာမလိုဘူးဆိုတာ သိခဲ့ရတယ်။ မောင်တို့လူသားတွေ နားလည်နိုင်တယ်ဆိုတဲ့ဘဝထက် လောကတွေအများကြီး ရှိနေ သေးတယ်လေ”

    စဝ်ကဆက်ပြောပြနေစဉ် သုစန္ဒာက တခါမှမလုပ်ဖူးပဲ ဖြတ်ပြောလိုက်သည်။
    “မောင်မှာ အတွေ့အကြုံရှိတယ်ဆိုတာဘာလဲ။ ကျမကြားချင်တယ် ပြောပြပါဦး”

    “ကောင်းပြီ။ ဒါပေမဲ့ အချစ်သိထားဖို့က ဒီအကြောင်းတွေကို မောင် ဘယ်သူ့ကိုမှပြောမပြသေးဖူး။ ခွန်ဦးကလွဲရင်ပေါ့။ ဒီအဖြစ် ဖြစ်တော့ ခွန်ဦးလည်း ရှိနေတယ်လေ။

    “ဒီအဖြစ်တွေက မောင့်အတွက် သိပ်မလွယ်လှဖူး သိတယ်မဟုတ်လား” စဝ်က လေးလေးနက်နက်ကြည့်လိုက်ရင်း တည်တည်ငြိမ်ငြိမ် အသံဖြင့်ပြောလိုက်ရာ သုစန္ဒာ အဖို့စိတ်အေးသက်သာရာ ရစေလေသည်။ သူမသည် ထိုင်ခုံအောက်တွင် ကူရှင်ကိုထိုးထည့်လိုက်ပြီး သက်တောင့်သက်သာ ဖြစ်အောင်ပြင်ထိုင်လိုက်သည်။ ပြီးမှ စဝ်၏ပုခုံးပေါ် သူမခေါင်းမှီထားလိုက်သည်။ ဖြည်းဖြည်း အသေးစိတ် သူပြောပြ လေသည်။

    “မောင် အမေရိကန်ကို မထွက်ခင်လေးလပိုင်းလောက်အလိုမှာ မောင်နဲ့ခွန်ဦးတို့နှစ်ယောက် တရုတ်ပြည်နယ်စပ်ကို သွားလည်ကြတယ်။ အဲဒီအချိန်တုန်းက နယ်စပ်မှာ တည်းခိုဖို့ ဟော်တယ်တို့ ဘာတို့ တခုမှမရှိဖူး။ မောင်တို့က မိန်းတိုင်းနဲ့ မြန်မာပြည်ဆက်သွယ်ပေးထားတဲ့ လမ်းပေါ်မှာ နယ်စပ်မြို့အတွက် အစိုးရ ပြည်ထဲရေးဝန်ကြီးက ဘန်ကလိုတခုဆောက်ပေးထားတယ်။

    ပီဒဗလျူဒီလို့ခေါ်တယ်။ မောင်တို့အားလုံး သယ်သွားရတယ်။ အိပ်ရာ၊ ခိုင်းဖို့အလုပ်သမား၊ သက်တော်စောင့်နဲ့ ထမင်းချက်ရောပေါ့။ ထမင်းချက်က မာမွတ်တဲ့။ သူက မောင့်ဆီမှာလုပ်နေတာ တနှစ်ပတ်လုံး ဝင်လိုက်ထွက်လိုက်ပဲ။ လမ်းပေါ်မှာတင် ၅ ရက်ကြာပြီးတော့ နောက်ဆုံးညက မူဆယ်မှလေ။ အချစ်သိတယ်မဟုတ်လား။ လားရှိုးကနေဆက်သွားရတာလေ။ မောင်တို့ ညတိုင်း နယ်စပ်က ပီဒဗလျူဒီ ဘန်ကလိုမှာပဲ အိပ်ကြတယ်။

    မာမွတ်ကမောင်တို့ကို ဘန်ကလိုက သစ်သားနဲ့ဆောက်ထားတဲ့မီးဖိချောင်လေးမှာပဲ ညစာချက်ပေးတယ်။ အဲဒီညက မောင်တို့ကို ဘာဂျီနဲ့ ပူရီ အကောင်းဆုံးလုပ်ကျွေးတယ်။ ဒါလောက်ကောင်းတာ အရင်ကတခါမှ မစားဖူးခဲ့ဖူး။ အခုတောင် သတိရနေသေးတယ်။ စားသောက်ပြီးကြ တော့ မောင်နဲ့ခွန်ဦး အချိန်နဲနဲကြာအောင် စာဖတ်နေကြသေးတယ်။ လျှပ်စစ်မီးမရှိဖူး။ ရေနံဆီမီးခွက်က မှိတ်တုတ်မှိတ်တုတ် အလင်း ရောင်နဲ့ပဲ စာဖတ်နေတာ။ ကုတင်တဘက်ခြမ်းက ခွန်ဦးဘက်မှာ မီးရောင်မရှိတော့ဖူး။ ဒါနဲ့ မောင်လည်းအိပ်တော့မယ်ဆိုပြီး မီးခွက်ကို မှုတ် လိုက်တယ်။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံစကြားရတာပဲ။ ခိုင်းတဲ့ကောင်လေး စံအေးပဲ။ မာမွတ် အရင်ကဖြစ်ဖူးတဲ့ ငှက်ဖျားပြန်ထပြီး အဖျားတအားတက်နေတယ်လို့ သူလာပြောတယ်။ မောင်လည်း မာမွတ်ကို ဆေးရုံပို့ရမယ်လို့ တခါတည်း ဆုံးဖြတ်လိုက်တယ်။ စံအေး ကိုပြောလိုက်တယ်။ မောင်လိုက်ပို့ပေးမယ်လို့။ နောက်မိနစ်နဲနဲကြာတေ့ာ မောင်တို့လေးယောက်သား။ ခွန်ဦး ၊ မောင်၊ မာမွတ်နဲ့ ဒရိုက်ဘာ ရောပေါ့ ဂျစ်ကားနဲ့ ဆေးရုံသွားပို့တယ်။ ပြီးတော့ ဆရာဝန်နဲ့ သူနာပြုဆရာမကို အသေအချာအပ်ခဲ့တယ်။ ဂရုစိုက်ပေးဖို့လေ။ ဒါပေမဲ့လည်း မာမွတ်ကြည့်ရတာ အဖျားကတော်တော်ကြီးပြီး အခြေအနေဆိုးနေတယ်။ တရက် နှစ်ရက်နဲ့ ပြန်ကောင်းလာဖို့မမြင်ဖူး။ သူအရင်က ဖြစ်ဖူး တဲ့ ငှက်ဖျားအခံရှိတော့ ပိုဆိုးတယ်လေ” စဝ်ရပ်လိုက်ပြီး ရေနွေးတငုံသောက်လိုက်သည်။ ပြီးမှ ဆက်သည်။

    “မောင်တို့လည်း ဘန်ကလိုပြန်ပြီး အိပ်ကြတာပေါ့ ။ နာရီအတော်ကြာအောင်အိပ်ပျော်သွားပြီးတော့ တံခါးကို ဆက်တိုက်ခေါက်နေသံကြောင့် မောင်တို့နိုးသွားကြတယ်။ဘယ်သူလဲပေါ့ မောင်မေးတယ်။ ဒါပေမဲ့ စကားသံပြန်မကြားရဖူး။ ဆက်ခေါက်နေတာပဲ။ ဒါနဲ့မောင်လည်း မီးခွက် ထွန်း ညှပ်ဖိနပ်ကောက်စီးပြီး တံခါးနားကပ်သွားကြည့်တာပေါ့။ အခန်းအပြင်ဘက်မှာ မောင်တို့ လွန်ခဲ့တဲ့နာရီအနည်းငယ်က သွားပြီးဆေးရုံ တင်ခဲ့တဲ့ မာမွတ်ကြီးက အသေအချာကို ရပ်နေတာတွေ့လိုက်ရတယ်။ မောင်မေးတာပေါ့ ဘာဖြစ်တာလဲ။ မင်းကို ဆေးရုံတင်ထားခဲ့တာ ဘာလို့မင်းက ညသန်းခေါင်ကြီးမှာ ဒီမှာလာရပ်နေရတာလဲပေါ့။ သူကပြန်ပြောတယ် သူနေကောင်းသွားပြီဖြစ်လို့ စိတ်မပူဖို့လာပြောပြ တာပါတဲ့။ အဲဒီအချိန်မှာ ခွန်ဦးလည်းနိုးသွားလို့ သူလည်း တံခါးဆီထလာတာပေါ့ ။ မောင်တို့နှစ်ယောက်လုံးက သူ့ကို မင်းခဏစောင့်ဦးဆိုပြီး အဝတ်သွားလဲကြတာပေါ့။ မောင်တို့က မင်းဆေးရုံကိုပြန်သွားပါလို့ ခပ်ပြင်းပြင်းလေးဆူလိုက်တော့ သူက ဟုတ်ကဲ့ကောင်းပါပြီတဲ့။ ဒါ သူ အမြဲ အဲလိုပဲ ပြန်ပြောနေကျပဲ။

    မောင်က ခွန်ဦးကိုအကြံပေးတယ်။ ဆေးရုံနဲ့က ဆယ်ဘလောက်စာလောက်ပဲဝေးတာ။ ကားဒရိုက်ဘာ မလိုပါဖူးလို့။ မောင်တို့ အကျႍီအမြန် ဝတ်ပြီး အပေါက်ကထွက်တော့ မာမွတ်သွားပြီ။ သူဘန်ကလိုနားမှာ အလုပ်သမားတန်းလျားမှာ ဘယ်မှာမှမရှိဖူး။

    သူ့ကို မောင့်လူတွေ ဘယ်သူမှလည်း မတွေ့လိုက်ကြဖူး။ မောင်လက်က နာရီကိုကြည့်လိုက်မိတယ်။ မနက် ၂ နာရီခွဲနေပြီ” စဝ်နားလိုက် သည်။

    သုစန္ဒာ စိတ်ပါလက်ပါ နားစိုက်ထောင်နေတာကို သူသတိထားမိလိုက်သည်။

    “မောင်တို့ကသေချာပေါက်တွက်ထားတာပေါ့။ မာမွတ် ဆေးရုံကိုလမ်းလျှောက်သွားပြီပေါ့။ ခွန်ဦးနဲ့မောင်တို့က မာမွတ်ကိုလိုက်ဖမ်းပြီး ဆေးရုံက သူ့ကုတင်ပေါ်ပြန်ထားဖို့ထွက်ခဲ့ကြတယ်။ ဒါကြောင့် မောင်တို့ ဂျစ်ကားမောင်းပြီး ဆေးရုံကိုသွားတဲ့ အနီးဆုံးလမ်းကနေ မောင်း သွားကြတယ်။ မာမွတ် အရိပ်အရောင်တောင် မတွေ့ရဖူး။ နောက်တလမ်းက ပြန်ရှာလည်း အ ချည်းနှီးပဲ ။ မတွေ့ဖူး။ အချိန်တိုလေးအတွင်းမှာပဲ မောင်တို့ပြန်လာကြတယ်။ မောင်တို့ ဆေးရုံဝင်းထဲလည်းဝင်လိုက်ရော သူနာပြုဆရာမကပြေးထွက်လာပြီး သူစိတ်မကောင်းတဲ့အကြောင်း ပြေးလာပြောတယ်။ မောင်ကလည်းပြန်ပြောတာပေါ့။ ဖျားနေတဲ့ မာမွတ်လိုလူနာတယောက်ကို ညသန်းခေါင်ကြီးမှာ အပြင်ပေးထွက်ခိုင်းပြီးမှ စိတ်မကောင်းပါဖူး လာပြောနေရသလားပေါ့ ။ ဆရာမက မောင်ကို တအံ့တဩ မယုံနိုင်တဲ့အကြည့်နဲ့ပြန်ကြည့်တယ် “

    “ဘာကိုဆိုလိုတာလဲ။ ကျမက မာမွတ်ကို အပြင်ပေးထွက်ခိုင်းတယ်”
    “ခင်ဗျားပေးမထွက်ခိုင်းရင် သူက ကျွန်တော်တို့ကို အခုလို အိပ်ရာကနေ ဆွဲထုတ်လာပါ့မလား”

    “ခွန်မိန်း မှားနေပြီ။ ခွန်မိန်းတို့ မာမွတ်ကိုထားခဲ့ပြီးကတည်းက မာမွတ် ဘယ်မှထွက်မသွားပါဖူး။ ဒီမှာပဲ သူ ၂ နာရီခွဲမှာ ဆုံးသွားပါတယ်။ ကျမရှိနေပါတယ်။ ကျမနောက်လိုက်ခဲ့ကြပါ၊ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့”
    “မောင်တို့ကြည့်လိုက်တော့ မာမွတ်ဟာ သူ့ကုတင်ပေါ်မှာ အေးချမ်းတဲ့ပုံနဲ့ အိပ်ပျော်နေတာပါပဲ။ ဒါကြောင့် မောင်တို့ကထင်ထားတာ သူဒီည တော့ မသေနိုင်သေးဖူးလို့လေ။ ဒါပေမဲ့ အိပ်ပျော်နေကြတဲ့မောင်တို့နှစ်ယောက်ကို လာနှိုးတာက မာမွတ်ရဲ့ နာနာဘာဝဝိညာဉ်ပဲ သေချာ ပေါက်ကို အဲဒီအချိန်ပဲ။ သူသေတာ ၂ နာရီခွဲလေ။ မောင်တို့က သူ့ကို မြင်ယုံမြင်တာမဟုတ်ဖူး။ စကားတောင်ပြောလိုက်ကြသေးတာ။ မောင် တို့ သူ့ကိုမြင်တော့ ထူးဆန်းပါတယ်လို့အောက်မေ့နေတာ။ မောင်တွေ့တာတော့ ဘာမှပြောင်းလဲတာမတွေ့ရပါဖူး။ အဲဒီအချိန်မှာ မောင်က သူ့ဝိညာဉ်ကို ကြောက်ဖို့တောင်မေ့နေတယ်။ မောင်တွေ့ရတဲ့ သူက ကြင်နာပြီး နူးနူးညံ့ညံ့ ယဉ်ယဉ်ကျေးကျေးနဲ့လေ။ ဒါကြောင့် မောင်တို့က ထိတ်လန့်တာ ကြောက်တာတွေ မရှိခဲ့ဖူး။ မောင်တို့ဘေးမှာ ဝိညာဉ်တွေဝိုင်းနေကြတယ်။ ပတ်ပတ်လည်မှာလည်းရှိနေကြမှာပဲ။ ဒါပေမဲ့ မောင်တို့က သူတို့ရှိနေကြတာကို မသိကြဖူးလေ။ ပြီးမှ သူတို့က သူတို့ရဲ့လောကကို ရိပ်ကနဲပြလိုက်တာပေါ့။ မောင်တော့ ဝမ်းသာ ကျေးဇူး တင်မိပါတယ်။”

    စဝ်နှင့် သုစန္ဒာတို့သည်ကြိမ်ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်နေမိကြလေသည်။ တယောက်လက်ကို တယောက် ဆုပ်ကိုင်ထားကြပြီး စကား မပြောဖြစ်ကြချေ။ သူမ မျက်လုံးကိုပိတ်လိုက်သောအခါ နေ့ခင်းကအဖြစ်တွေ သူမ စိတ်ထဲပြန်ပေါ်လာပြန်သည်။ သူမ ၏အတွေ့အကြုံ ပဲဖြစ်ဖြစ် သူပြောပြသော အရာရာကိုပဲဖြစ်ဖြစ် သူမသည် ကလေးဘဝ ဥရောပတွင်ကတည်းက ငြင်းဆို လက်မခံခဲ့သူဖြစ်လေသည်။ သူတို့ ဥရောပတွင် တစ္ဆေ စုန်းမ သရဲစသည်တို့သည် ရာစုနှစ်က စာပေအချစ်ဝတ္ထုနှင့် ပုံပြင်များထဲတွင်သာရှိလေသည်။ ပြင်ပ တကယ့်ဘဝတွင် မရှိချေ။ ကျောင်းတွင် သူမသည် စွန့်စားပြီး ယဉ်ကျေးစွာလက်ခံရသောအတွေးအခေါ်နှင့် မေးခွန်းများနောက်လိုက်ရသောဘက်တွင် စိတ် အားပျက်ခဲ့ရဖူးလေသည်။ ယခုတော့မူ ထိုအတားအဆီးအပိတ်အပင်များသည် သူမအတွက် ပြိုပျက်သွားခဲ့ပြီဟုခံစားရလေသည်။ သူမ၏ အတွေးများသည် ဝန်လေးနှောင့်နှေးမနေတော့ပဲ သူမကိုယ်ပိုင်လုံးလုံးဖြစ်လာခဲ့လေပြီ။ ကြောက်ရွံ့စိတ်သည် ကြာရှည်မနေပါ။ သုစန္ဒာ နှင့် သူမ ပတ်ဝန်းကျင်တခုလုံး အေးငြိမ်းလာလေသည်။ သူမက စဝ်၏လက်ကို ညင်ညင်သာသာလေး ညှစ်လိုက်သည်။ သူ့ ကိုယ်ပိုင်အတွေ့ အကြုံသည် သူမကို ဘယ်လောက်တောင်အကူအညီရမလဲဆိုတာ သူနားလည်ပေလိမ့်မည်ဟု သူမမျှော်လင့်မိလေသည်။

    သုစန္ဒာသည် စဝ်၏ထန်းလက်ဇာတာရွက်လေးကို လုံခြုံရာတွင်ပြန်ထည့်ထားလိုက်ပြီးနောက် ပန်းဥယာဉ်အတွင်းမှ ဖြတ်လျက် စံအိမ်တော်၏ အရှေ့ဘက်ဆုံး ဝင်းအနီးတွင်ရှိသော နှစ်ဆောင်တွဲ သစ်သားဘုရားကျောင်းလေးဆီ လျှောက်သွားလိုက်လေသည်။ မြေညီထပ်ရှိအခန်း ကျယ်ကြီးထဲတွင် ပလ္လင်ကြီး၊ ထီးဖြူများနှင့် အခြား အခမ်းအနားသုံးပစ္စည်းများကိုသိမ်းထားလေသည်။ ထိုအခန်းတွင် ပြတင်းပေါက်များနှင့် တံခါးများ နှစ်ပေါင်းများစွာ ကြာအောင်ပိတ်ထားခဲ့ရသဖြင့်ကင်းမြီးကောက်များ သေတတ်သည့်ကင်းခြေများများအတွက် အကြိုက်ဆုံး ခိုလှုံ ရာနေရာ ဖြစ်လေသည်။ သုစန္ဒာသည် လှေခါးမှတဆင့် ဒုတိယအထပ်သို့ တက်ခဲ့သည်။ သစ်သားဝရံတာသည် အပေါ်ထပ်တခုလုံးကို ပတ်ပြီး ပြုလုပ်ထားသဖြင့် သုစန္ဒာသဘောကျလေသည်။ ထိုနေရာမှနေ၍ အရှေ့ဘက်လွင်ပြင်တွင်ရှိသော စပါးခင်းများကိုအပေါ်မှ စီးကြည့် လို့ရလေသည်။ သူတို့သည် ခြောက်သွေ့ပြီး အလကားဖြစ်နေသည်။ အခုချိန်သည် စပါးထွန်ယက်စိုက်ပျိုးဖို့လည်း စောလွန်းနေပြီး ဆောင်း သီးနှံဖြစ်သော ကြက်သွန်နီနှင့် ကြက်သွန်ဖြူစိုက်ဖို့ကလည်း အလွန်နောက်ကျနေလေသည်။ ရေစိမ်နေသော ကျွဲ ဝဖီးဖီးကြီး အချို့၏ကျော ပေါ်တွင် ဗျိုင်းတွေနားနေကြသည်။ သူတို့သည် ရေသွယ်ပေးထားသောမြောင်းဘက်ကို ငေးကြည့်နေကြလေသည်။

  • inz@ghi

    March 10, 2012 at 11:22 pm

    ဟင့်အင်း ……..
    😛
    just hint inn..

    😀

  • snow htet

    March 11, 2012 at 10:17 am

    ကိုင်မိတာ အိမ်တိုင် မဟုတ်ဘူးဆိုတော့….နောက်ပြီးသူကလည်းထိုင်ရာကထရတာဆိုတော့…..အင်း သေချာတာတော့ သူကိုင်မိတာ စနိုးထင်တာမမှားဘူးဆိုရင်တော့ ဟိဟိ ဘာကြီးလဲတိဘူးတော်တို့ရေ…..

  • cobra

    March 11, 2012 at 4:06 pm

    ဘာတွေပြောနေကြမှန်းမသိဘူး…..
    တယောက်ကလည်းဆွဲယမ်းမယ်ဆိုလား
    ဘာကိုကိုင်ပီးဘာကိုရမ်းမှာလဲ။

  • Khaing Khaing

    March 13, 2012 at 2:39 pm

    ကိုကြီးအံရေ ….. အဲဒါမျိုး မီးမီးတို့လည်းကြုံဖူးတယ် မီးမီးတို့အိမ်မှာအလုပ်လုပ်တဲ့ကောင်လေး တစ်ယောက် ဆုံးတုံးကလည်း အဲလိုဖြစ်ဖူးတယ် သူကရန်ကုန်မှာဆုံးတယ် နယ်ကသူ့အမျိုးအိမ်က သူဆုံးတဲ့နေမှာ သူ့ကိုဖျတ်ကနဲ့တွေ့လိုက်တယ်တဲ့ ………. ကိုကြီးအံရေ အားပေးတယ် ဆက်ရေးဦးနော် …… အကြောင်း အရာတွေဖလှယ်ကြတာပေါ့ ……….

    • ဟုတ်ကဲ့ပါဗျာ ..
      အားပေးတာ ကျေးဇူးတင်ပါတယ် …
      မခိုင် အဲဒီလို သဘာဝလွန် ဖြစ်ရပ်လေးတွေ ရေးပြီး တင်မယ့် အချိန်ကိုလည်း ဖတ်ရှုအားပေးဖို့ စောင့်မျှော်နေပါတယ် လို့ …… ။

      ခင်တဲ့ .. အံစာတုံး

  • etone

    March 13, 2012 at 3:58 pm

    အခုလို နွေပြင်းပြင်း အချိန်မှာ .. အဲ့ဒီရေခဲတုံးကြီး .. ခဏလောက်ဖက်ထားလိုက်ရလျှင် ..အတော်ကောင်းမှာပဲ .. အဟဲ … 😆

    ပရလောကသွားတယ် .. တကယ်ရှိပါလျှက် … အဆင့်တွေ ကွာလို့လားမသိဘူး ..တစ်ချို့ကလည်း .. ရုပ်ပြလို့မရလို့ .. အနံ့လောက်ပဲ ပြကြတယ် .. တချို့ကလည်း … အသံပေးပေးတယ် .. ၊ တစ်ချို့ကတော့.. အရုပ်ပြတယ် .. တစ်ချို့ကတော့ .. ထိတွေ့လို့ပါရတယ် … ။ ကွက်ကွက်ကွင်းကွင်း …. ကြုံတော့ ကြုံဖူးချင်သား ..ဟီး ။

    • မအိတုံရေ …
      ကိုယ်တိုင် ကြုံချင်ရင်တော့ အနော်တို့ ရွာဘက်ကိုသာ သရဲ လေ့လာရေး အနေနဲ့ အလည်လာခဲ့ပါလို့ …
      နောက်ဒါ .. ဂယ်လာမှဖြင့် … 😀
      ခုခေတ်မှာ သရဲတွေက မြို့ပေါ်က လူတွေကို ကြောက်ကို တောကို ဆင်းနေကြပြီဗျ …
      ဒါကြောင့် တောဘက်တွေမှာ သရဲ ခြောက်တာ များတာလို့ ထင်တယ် ..
      အဟဲ … ရေခဲတုံးကြီး ဖက်ချင်ရင်တော့ ဆိုင်တွေ အများကြီး ရှိပါတယ်လို့ … 😀

  • နေဝန်းနီ

    March 13, 2012 at 6:50 pm

    အဲဒိလိုကိုင်မိတော့ တရဲက ယားတယ်ကို့ လို့ ကျောဖူးလားဟင် နာရှိုရင် ကျောချင်ကျောမိမှာ

  • aye.kk

    March 14, 2012 at 8:02 am

    ကျွေးမေမေဆုံးခါနီးမှာ..
    ကျမကိုလာနှုတ်ဆက်သွားတာကိုယ်တိုင်ခံစားရဘူးပါသည်..။
    ကျွေးမေမေဆိုပေမယ့်ငယ်စဉ်တောင်ကျေးကတည်းကပင်သူ ့
    လက်ပေါ်တွင်သာကြီးပျင်းလာခဲ့ရပါသည်။

  • သူရဇော်

    March 14, 2012 at 9:07 am

    သဘာသလွန်ဖြစ်ရပ်လေးတွေ တကယ်ရှိတယ်ဆိုတာ သာဓကပေါင်းများစွာရှိပါတယ်……….မယုံသူများကလဲ ယုံဘူးဗျာ……….. သိတယ်မလား…….ဘူဆိုတာ……..ကြောချင်ပါဘူးအေ…………ချဉ်ထာအေ…….
    ဒါမျိုးတွေက ကြုံဘူးမှ အီးထွက်တဲ့
    မယုံတဲ့သူတွေ အီးထွက်မှ ဘုရားမတနဲ့
    ဟွင်း……………..

    • ဒို့သဂျီး …
      ကြောက်အီးအီးတွေ ထွက်မယ့် အချိန်ကို စောင့်နေဒါ …
      သဂျီး အီးအီးထွက်မှ ကြောက်ပါပြီဂျ လို့ အော်နဲ့ …
      😀 😀

Leave a Reply