GSM နဲ့ ှWCDMA က ဘာကွာတာလဲ

ရွာသူ ရွာသားများခင်ဗျား ….

ရွာထဲမှာ ဖုန်းအကြောင်းသိတဲ့ လူလေးများရှိရင် ပြောပြပါအုံးခင်ဗျ ….

GSM နဲ့ WCDMA ဘာကွာတာလဲဆိုတာ ….

မန်ဘာအသစ်ဖြစ်လို့ ရောက်ရောက်ချင်း ဦးနှောက်ဖောက်စားတယ်လို့တော့ မထင်ကြပါနဲ့ …..

တစ်ကယ်သိချင်လို့ပါ …..

25 comments

  • sugar sugar

    April 10, 2012 at 4:33 pm

    WCDMA ကလည်း GSM ပါဘဲ။အလွယ်ပြောရရင် GSM ကို ထပ်မြှင့်ထားတာ ဗျို့။သူက 3 G စနစ်သုံးမယ်ပြောတယ်။စာအပြင် ဓာတ်ပုံတို့ ၊သီချင်း တို့ ပို့လို့ရမယ်ဗျာ၊
    နောက် ပြီးVideo calling လည်း ရမယ်ဗျ။ဒီမှာ ကရိုးရိုး GSM တောင်မှ လိုင်းကျပ်ကျပ်ရယ်ဗျာ ။
    အဲဒါကြီးတော့ရင်လေး သေးတယ် ဗျို့

  • laypai

    April 10, 2012 at 4:44 pm

    wCDMA is the third generation GSM technology. It isn’t available now, except in Japan. It will be comparable to 1xEV-DO/DV from Qualcomm. GSM/GPRS is the 2.5G technology equivalent to Qualcomm’s 1xRTT. Both GSM and wCDMA use the same codecs and a lot of the same technology. The biggest difference between the two is that the air interface has changed from a time/frequency division to a code division. Is there something specific that you want to know? Like will wCDMA have a greater call capacity/higher data rates/better sound quality? Those answers are yes/yes, but not much higher than EDGE/depends on whether the carrier uses the extra capacity to let their customers use the EFR codec or whether they will have everyone use the AMR codec so that they can offer more minutes to customers. GSM phones today are capable of both and which one your phone uses depends on how full the network is. It will be the same way with wCDMA.

    အသေအချာ မြန်မာလို မရှင်းပြတတ်တော့ ရှာ တွေ့ တာ ထဲ က ကူးထည့် ပေး လိုက် တယ်။

  • ဟိန်း ဝင်း

    April 10, 2012 at 4:50 pm

    ကျေးဇူးပါပဲဗျို့ …. အခုလိုပြောပြပေးတဲ့ အတွက်

  • gwa toe

    April 10, 2012 at 9:13 pm

    sugar ပြောတာ ဟုတ်တယ် နောက် ဆက်တွဲ ကတော့ အင်တာနက် လိုင်းတွေပါ တွဲလျှက်ပါလာဦးမယ် gsn လိုင်း က ၉၀ဝ mhz နဲ့ လွှင်တယ် cdma က ၄၅ဝ နဲ့ လွှင့်တယ် cdma ကလှုိုင်းတိုတော့ မိုင် ၃ဝ ကနေ ၄ဝ အတွင်းလောက်ကိုမိတယ် gsn လှိုင်းရှည် တော့ အနီးလေးဘဲရတယ် ၃မိုင်ပတ်လည် ပေါ့ wcdma ကဆိုရင် ပိုပြီး တော့တောင် လှိုင်းမိအားနည်းဦးမယ်

  • သော်ကြီး

    April 10, 2012 at 9:36 pm

    ပြည်နယ်နဲ့ တိုင်းဒေသကြီးများတွင် ( ရန်ကုန်၊မန္တလေး မှ အပ ) wcdma ဖုန်းများကို ဧပြီလ (၉)ရက်နေ့တွင် စတင်ရောင်းချမည်ဟု ဆို၍ ဝယ်ယူရန် ပြင်ဆင်ထားခဲ့သော်လည်း နယ်ဒေသများတွင် ဝယ်ယူ၍ မရသေး ဟု ဆက်သွယ်ရေးတာဝန်ခံမှ ပြောကြားခဲ့ပါသည်။ မရောင်းချနိုင်လျှင်လည်း အစကတဲက မကြေညာနဲ့ပေါ့။ အခု မှာ စောင့်ရတာ လည်ပင်းညောင်းရတာပေါ့။ ဆက်သွယ်ရေးလား။ ပုဂ္ဂလိကလား။

  • bigchef

    April 11, 2012 at 6:08 am

    wcdma အ တွက်က ဘာ handset သုံးရမှာ လဲ။wcdma အတွက်သုံးရမဲ့ handset တွေ သိရင်ပြော ပေး ကြပါအုံး။

  • photwenty

    April 11, 2012 at 12:34 pm

    wcdma က gsm ပဲဖြစ်တဲ.အတွက် handset အထွေအထူးရှာစရာမလိုပါဘူး gsm handset နဲ.ပဲသုံးလို.ရတယ်ဗျ
    ဒါပေမယ်.ပေါ.ဗျာ 3G စနစ်ပါတယ်ဆိုတော. အဲ.ဒီစနစ် ပါတဲ. gsm handset ဆိုရင်အကောင်းဆုံး ပေါ.ဗျာ

  • Aung Myae

    April 11, 2012 at 8:20 pm

    wcdma အတွက် handset က CDMA ရဲ့ Handset ကိုကော သုံးလို့ရလား……
    ဥပမာ….. HUWAI ကိုပေါ့…..။

    • dalearalnear dalearalnear

      April 11, 2012 at 10:19 pm

      wcdma ဖုန်းကို cdma ဖုန်းထဲမှာထည့်သုံးလို့မရပါဘူး cdma က ၄၅ဝ ရယ် ၈၀ဝ ရယ်နှစ်မျိုးရှိပါတယ် ၄၅ဝ ကို ၈၀ဝ ဖုန်းထဲမှာထည့်သုံးလို့မရပါဘူး နယ်တွေမှာ ၄၅ဝ နက်ဝက်ပဲရှိတဲ့နေရာတွေမှာဆိုရင် ၈၀ဝ ဖုန်းကဒ်ကို ၄၅ဝ ဖုန်းထဲကိုထည့်သုံးလို့ရပါတယ် wcdma က ၂၁၀ဝ mhz နဲ့အလုပ်လုပ်တဲ့အတွက် cdma ဖုန်းတွေထဲကိုထည့်သုံးလို့မရပါဘူး

    • debate 4m

      April 17, 2012 at 4:57 am

      ွGSM နှင့် WCDMA သည်သီးခြားဖြစ် ၍ ပုံမှန်အားဖြင့် မသုံးနိုင်ပါ။
      သို့သော် CDMA နှင့် GSM တွဲပါသော ကဒ် ၂-ခုထည့်သည့် ဟန်းဆက်များလည်းရှိပါသည်။

  • Aung Myae

    April 11, 2012 at 8:24 pm

    WCDMA အတွက် handset က
    CDMA ရဲ့ Handset ကိုကော သုံးလို့ရလား……
    ဥပမာ….. HUWAI ကိုပေါ့…..။

  • etone

    April 11, 2012 at 8:40 pm

    ကျွန်မသိတာတော့ WCDMA က လိုင်းပိုမိတယ် … ခေါ်ရပိုလွယ်တယ် …. ဖုန်း နှစ်လုုံးတနေရာတည်း ထားစမ်းရင်တောင်သိသာတယ် ….

    • dalearalnear dalearalnear

      April 11, 2012 at 10:27 pm

      wcdma ကလိုင်းပိုမိတယ်ဆိုတာတော့မဟုတ်ပါဘူး သူရဲ့ network အတွင်းမှာ ဆိုရင်တော့ဘယ်ဖုန်းမဆို လိုင်းမကျပ်ဘူးဆိုရင်မိပါတယ် ဖုန်းနှစ်လုံးကိုတစ်နေရာထဲထားတာနဲ့ အခြားတစ်နေရာမှာထားလည်း ဘယ်ဖုန်းမဆို သူရဲ့ပင်မ အခြေဆိုက်စခန်းတွေကိုဖြတ်သန်းပြီးသွားရပါတယ် သူရဲ့လမ်းကြောင်းတစ်လျှောက်မှာ အဆင်ပြေပြေဖြတ်သန်းသွားနိုင်ရင် ချက်ချင်းဖုန်းဝင်သွားမှာပါ

      • etone

        April 13, 2012 at 3:04 am

        ဒါကြောင့်ထင်ပါရဲ့ …. ဂျီအက်စ်အမ်တွေက … လိုင်းပိုကြပ်လို့ ခေါ်ရပိုခက်သလားပဲ … တစ်ကြိမ်နှစ်ကြိမ်တောင်မကပါဘူး … စမ်းကြည့်ဖူးတယ် …. ဂျီအက်စ်အမ်က ဆက်သွယ်မှုဧရိယာပြင်ပဖြစ်နေတဲ့အချိန်မှာ WCDMA က ချက်ချင်းတန်းဝင်သွားတယ် … ။ ဒါ့ပြင် အခုထွက်ထားတဲ့ ငါးသိန်း CDMA 800Mhz နဲ ့ 450 Mhz တွေက … ဂျီတွေမမိတဲ့နေရာမှာတောင် တိုင်ပြည့်တက်တယ် …. ။

    • debate 4m

      April 17, 2012 at 5:00 am

      မြန်မာပြည်မှာ WCDMA သိပ်မသုံးသေး၍ လိုင်းမကျပ်တာပါ။ ပေါ်ခါစတုန်းက GSM မှကြိုက်သူတွေလည်း ဒီလိုပြောခဲ့တာပါ။

  • MTY

    April 11, 2012 at 8:56 pm

    @Aung Myae Huwai C8500 above မရပါ။အလွယ်ပြောရင်CDMA၈၀ဝဖုံးများမရပါ။
    GSM900/1900/2100 +HSDPA900/1900/2100များပါမှရပါမည်။အလွယ်ပြောပြတာနော်။

  • Khaing Khaing

    April 11, 2012 at 9:12 pm

    ဝေးးးးးးး နာသိချင်တာကို ကိုဟိန်းဝင်းကမေးပေးတယ် နာကအားနာလို့မမေးတာ နာလည်းဖုန်းတစ်လုံးထပ် ဝယ်မယ် ………

    • dalearalnear dalearalnear

      April 11, 2012 at 10:34 pm

      cdma ရှိပြီးသား ဆိုရင်တော့ cdma နဲ့ gsm နှစ်ကဒ်ထည့်လို့ရတဲ့ ဖုန်းတွေရှိပါတယ် ဒါပေမယ့် သိပ်ပြီးအရေအသွေးကောင်းမှာတော့မဟုတ်ဘူး သပ်သပ်စီသုံးတာကပိုအဆင်ပြေလိမ့်မယ်ထင်တယ်

  • Aung Myae

    April 12, 2012 at 10:06 am

    MTY ရဲ့ပြောပြပုံ အရဆိုရင်
    HUWAI C8810 တို့ဆိုမရဖူးပေါ့၊
    ဒါဆို သုံးလို့ကောင်းမဲ့ ဖုန်းအမျိုးအစားလေးတွေ
    ပြောပြပေးပါလား….. MTY။

  • Gipsy

    April 12, 2012 at 10:16 am

    WCDMA ကို သဘောကျသလို ဖြစ်လာတယ် …
    ပိုက်ပိုက်သုံးနိုင်ရင် ဟမ်းဆက်ကောင်းကောင်းကိုင်ရမှာ..
    သုံးနိုင် မသုံးနိုင် ဆိုတာလေးပဲ သေချာ စဉ်းစားရတော့မယ်…။
    WCDMA ထဲ က ပုံလေးတွေကို ရိုးရိုး CDMA နဲ့ GSM ဆီကို ပို့လို့ ရသလား
    သိချင်ပါတယ်….။

  • ရွှေညာသား

    April 12, 2012 at 3:48 pm

    WCDMA က 4G စံနစ်ပါ။ အရင်က ၁၅ – သိန်းတန်တွေအနေနဲ့ ဆက်သွယ်ရေးကချပေးခဲ့ဘူး
    ပါတယ်။ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ အတူတူပါပဲ။လိုင်းမမိတာကိုပြောတာပါ။
    နောက်တစ်ချက်က ဓါတ်ပုံ / ဗီဒီယိုဖိုင်ဆိုတာ 3G GSM စံနစ်မှာလည်းပို့လို့ရပါတယ်။
    ဒီနိုင်ငံမှာ ခွင့်ပြုမပေးထားလို့ပါ။ပြည်ပမှာပြောတဲ့ WCDMA တွေကတော့ Face – to – Face Reg
    Video Calling လုပ်လို့ရတဲ့အထိအဆင့်မြင့်ပါတယ်။
    ဒီနိုင်ငံရဲ့ စံနစ်မှာတော့ ခွင့်ပြုမယ်မထင်ပါဘူး။နောက်ပြီး GSM Handset နဲ့ပဲ သုံးလို့ရနိုင်ပါတယ်။
    ရွေညာသားက အရင် ပြည်ပမှာနေတုန်းက သုံးခဲ့ဘူးလို့ ဒီပြန်ရောက်တော့ WCDMA ကိုရအောင်
    လိုက်ပြီး ဝယ်ကိုင်ပါတယ်။( အရူးထမိတာပါ )
    အဲဒီ့တုန်းက WCDMA ကို Bagan Cyber – Tech မှာ သွားလျှောက်ရတာမှတ်မိနေပါသေးတယ်။
    အခုလှိုင်ထဲက Myanmar Info-Tech ပေါ့။
    လက်ထဲလည်းရောက်ရော ထုံးစံအတိုင်း ဆက်သွယ်မှု့ ဧရိယာပြင်ပပါပဲ။
    အဲဒီ့တုံးက ၂၀၀၆ လောက်ကပါ။ မန္တလေးမှာတောင် ချမပေးသေးပါဘူး
    အခုတော့ မသိပါဘူး။ဘယ်လိုလာမလဲဆိုတာပေါ့နော်။

  • ဘယ်နေရာရောက်ရောက် CDMA 450Mhz ကအဆင်ပြေနေတယ်နော်။
    CDMA450 ထဲမှာ လိုင်းဆွဲအားကောင်းတဲ့ ဖုန်းတွေ
    (၁)Huawei 830e
    (၂)Huawei 810e
    (၃)Huawei 910e
    (၄)ZTE G-500
    (၅)ZTE p21
    (၆)ZTE 380
    နို ့ပေမယ့် ခေတ်ရဲ ့3G စနစ်မှာ အင်တာနက်ပါတွဲဖက်သုံးလာနိုင်တဲ့
    ဟန်းဆက်တွေက ခေတ်စားနေမှာပါ။

  • debate 4m

    April 17, 2012 at 4:53 am

    ငါတို့ဆီက လူတွေလဲ မသိရင် ကတ်တလောက် Catalague ဖတ်ပေါ့။
    ွGSM ဆိုတာ ဟိုးလွန်ခဲ့တဲ့ ၃ဝ နှစ်က စနစ် အစက 400MhzNMT လို့ခေါ်တယ်။ နောက် 900MHz GSM သူက အင်တာနက်သုံးရင် ကန့်သတ်ချက်ရှိလို့ 2100MHz နဲ့ မူရင်း GSM ကို WCDMA လို့နာမည်ပြောင်း တယ်။ အမြန်နှုန်းက အဆ ၄၀ဝ ကွာတယ်။ GSM ဟန်းဆက်တိုင်း ကို WCDMA ထည့်လို ့မရဘူး။
    အင်တာနက်ဆိုတာက ရေပိုက်လိုဘဲ။ စပေးတဲ့နေရာက နေလမ်းတစ်လျောက် ပိုက်ပေါက်ပိုက်စံချိန်မမှီ ဟိုပိတ်ဒီညှစ် နောက်ဆုံးသုံးတဲ့သူဆီရောက်တော့ တစ်စက်ဘဲ။ ကိုယ့်ဒုက္ခပေးတဲ့ ဆက်သွယ်ရေးကို မင်းတို ့အသက်ဆက်ပေးနေ။ နည်းပညာအရ ရော ဥပဒေ အရရောမဖြစ်နိုင်ပါဘူးပြော ဘယ်ဖြစ်နိုင်မှာလဲ သူတို ့အတွက်မှ မဟုတ်တာ။ ဘာလို ့သူများနိုင်ငံတွေဖြစ်လဲ။ ဆင်းရဲသားလည်းလူပါဘဲ ဟန်းဖုန်း ဈေးပေါပေါ သုံးချင်ပါသည်။

Leave a Reply