Window XP မှာ NTLDR file missing အမြန်ဆုံးပြုပြင်နည်း
Window XP သုံးနေတဲ့ လူတွေတော့ ဒီ Error ကို မြင်ဘူးကြမှာပါ …. အခု Window 7 မှာ တော့ ဒီအားနည်းချက်တွေကို ပြင်ဆင်ပြီးသားပါ …. အဲဒီဖိုင်ပျောက်ရင် window မတက်တော့ပါဘူး …. အဲဒါကြောင့် အမြန်ဆုံး ပြုပြင်နည်းလေးကို share လိုက်ရပါတယ် …. သိပြီးသားတွေဆိုရင်လဲ ခွင့်လွှတ်ပါ ….
ဒီနည်းကတော့ အလွယ်ဆုံးပါ
၁။ အရင်ဆုံး Hiren Boot CD (version 13 or later ) အခွေရှိဖို့လိုအပ်ပါတယ်
၂။ BIOS မှာ Boot ကို Optical Drive ကို 1st Boot ပြောင်းပေးရပါမယ်
၃။ Hiren Boot တက်လာပီဆိုရင် Fix NTLDR miss ဆိုတဲ့ Tool ကို အသုံးပြုပြီး ဖြေရှင်းနိုင်ပါတယ်
နောက်တစ်နည်းရှိတယ်ဗျ …. အဲဒါကတော့ window XP CD နဲ့ ဖြေရှင်းတာပါ … အဲဒါကတော့ နောက်မှဆက်မယ်နော်
11 comments
ဗိုက်ကလေး
April 10, 2012 at 5:38 pm
DOS ထဲ COMMAND နဲ ့သွားပြီး C: ထဲကို သွားကူးထည့်ရတာ..
Command ပေးပုံလေးပါ ရေးပေးဘာလား အူးလေး..အားလုံးသိရတာပေါ့..
ကျနော်လဲ မေ့တေ့တေ့ဖြစ်နေလို ့
water-melon
April 10, 2012 at 5:48 pm
C:\WINDOWS>
C:\WINDOWS>E:
E:\>dir ပြီးရင်
copyi386\ ရိုက်ပါ
1file(s)copied.ပေါ်လာလိမ့်မည်
copyi386\ntdetect.com c: ရိုက်ပါ
1file(s)copied ပေါ်လာလိမ့်မည်
ပြီးလျှင် exit နှိပ်ပါ
window တက်ပြီ ဒန်တန်တန်
ဗိုက်ကလေး
April 10, 2012 at 5:52 pm
အူးလေး..အူးလေး
E:\ ဆိုတာက စီဒီရဲ့ Drive letter ကိုပေါတာလား
စီဒီနဲ ့ boot တက်တဲ့အချိန် C:\WINDOWS ထဲ ဝင်လို ့ရဘူးထင်တယ်ဂျ
water-melon
April 10, 2012 at 6:00 pm
အရင်ဆုံး
C:\WINDOWS
Which Windows Installation would you like to log onto
(To cancel,press ENTER)?
ပေါ်လာရင် 1 ရိုက်ပြီး enter နှိပ်
Type the Administrator password:
ပေါ်လာရင် password လုပ်ထားရင် ရိုက် password မရှိဘူးဆိုုရင် enter နှိပ်
အေးလေ
E:\ ဆိုတာက စီဒီရဲ့ Drive letter လေ
ကိုယ်စက်ရဲ့ Drive letter က ဘယ်ဟာလဲသိချင်ရင် E:\>dir လို့ရိုက်လိုက်
ဗိုက်ကလေး
April 10, 2012 at 6:08 pm
အူးလေး..
Drive letter က map ဆိုပြီး ရိုက်ကြည့်ရတာဟုတ်ဘူးလား
dir နဲ ့လဲ ကြည့်လို ့ရသလား
လာထားတစ်ဆယ်
water-melon
April 10, 2012 at 6:16 pm
ဟဲ့တောင်မရဲ့ Drive letter ကြည့်ချင်ရင်
ိdir လို့ရိုက်လိုက်တာင်မရဲ့ မောလာပြီ ဘီအီးတိုက်အုန်း
ဗိုက်ကလေး
April 10, 2012 at 6:18 pm
အူးလေး..အူူးလေး..
ဘီအီးသောက်ချင်ရင်ကေ ဘာရိုက်ရမှာလဲဂျ
water-melon
April 10, 2012 at 6:22 pm
C:\B.E
တောင်မနော် ပွတ်လိုက်ရ
ဒါနဲ့ နင့်ယောက်ဖ တွတ်ပီမိထားတဲ့ ဆတ်သားခြောက်လေးပါထည့်ပေးနော်
ဆာမိပြောတဲ့ ဟင်းစားပါရင် တပွဲလောက် ပါဆယ်ထည့်ပေး
အမတ်ဒိန်
April 10, 2012 at 8:41 pm
့Hiren Boot ကိုဘယ်လိုသုံးလဲ ဆိုတာလေး အဆင့်လိုက်များ..
ရှင်းပြပေးနိုင်ရင်တော ့ကျေးဇူးပိုတင်ပါသဗျ .. 🙂
kai
April 11, 2012 at 3:12 am
1) Download လုပ်ပါ… http://www.hirensbootcd.org/download/
2) စီဒီထဲ..Boot CD ဖြစ်အောင် Burn ပါ… http://www.hirensbootcd.org/burning/
3) BIOS မှာ စီဒီကနေBoot ရအောင်ပြင်ပါ..။ http://www.hirensbootcd.org/change-the-boot-order-in-bios/
4) CD နဲ့ boot ပြီး အလိုရှိရာကို.. ရွေးသုံးပေတော့…
ဟိန်း ဝင်း
April 23, 2012 at 11:07 am
ဟဲဟဲ
ကျွန်တော်က စာရေးလေ့ရေးထ မရှိတော့ စာကို ရှင်းရှင်းလင်းလင်း မရေးတတ်ဘူးဖြစ်နေတယ် ….
နောက်ပို့စ်တွေမှာ ကြိုးစားပြီး တစ်ဆင့်ချင်းရှင်းအောင်ရေးပေးပါ့မယ် ….
အဲဒီနေ့က အချိန်ကလေးနည်းသွားလို့ပါနော် …. 😀