Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ )

Foreign ResidentApril 14, 20123min76227

စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ )

 

ဟဲဟဲဟဲ ၊ Return of အဘ ဖေါ ၊

ဒန် ဒန့် ဒန် ။ ဒန် ဒန့် ဒန် ။

အဘဖေါ ပြန်ရောက်လာပါပြီကွယ် ။

 

ဟဲဟဲ ။ ဟဲဟဲ ။ Sorry ပါကွယ် ။

Swal Taw Ywet က အကြံပေးထားတဲ့ အတွက်

အဲဒီ ” ဟဲဟဲ ၊ ဟဲဟဲ ” တွေကို ယခုမှစပြီး ၊

ရှောင်သုံးပါ့မယ် ။ ဟဲဟဲ ။ ဟဲဟဲ ။

 

ဒီ Post ကတော့ ၊ အဘ ရဲ့

” စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) ” ရဲ့

ဆက်လက် ရှင်းလင်းချက်တွေပေါ့ကွယ် ။

တွဲဖတ်မှ ရှင်းမယ်ကွယ့် ။

 

( ၄ ) ရက်လောက် အင်တာနက် လွတ်သွားတော့ ။

အခု ထပ်တိုး Comment လေးတွေ ဖတ်ကြည့်တော့

ကိုယ် On line မရှိတုန်းမှာ မန့်ထားတာတွေ ကို စုပြုံဖတ်ရတော့

ရင်ထဲကို သိပ် မရောက် သလိုဖြစ်နေတယ် ။

 

အဘဖေါ မထွက်ခွာခင် ညပိုင်းက

ကို Htoo San နှင့် ကို ပါလေရာ ကို

ချက်ချင်း ချက်ချင်း ပြန် မန့် သလိုမျိုး

Feeling က မလာတော့ဘူး ဖြစ်နေတယ် ။

 

အဘ မရှိတုန်းမှာ တယောက်ထဲ ဒိုင်ခံ ပြန် ရှင်း ပေးနေတဲ့

ကို ဇော်ရီ ကိုလည်း ကျေးဇူးတင်မိ ပါသကွယ် ။

 

စိတ်မကောင်း ဖြစ်မိတာကတော့ ရှိပါတယ်ကွယ် ။

အဘဖေါ ကို တော်တော်လေး လေးစားပုံရတဲ့

အဘဖေါရဲ့ စာဖတ်ပရိတ်သတ် အချို့ရဲ့

သူတို့ ယူကြုံးမရ ခံစားရကြောင်း ရေးဖွဲ့မှုတွေပါ ။

အဘ လည်း သူတို့နှင့် ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်ကွယ် ။

 

အဘ သိတာပေါ့ ဒီ Post ကို ရေးရင်

အဘ ကို ဆန့်ကျင်မယ် ၊ လူမုန်းမယ် ဆိုတာ ။

 

” အဘ အခုလုပ်နေတာက Whistle Blower ဆိုတဲ့

ပြသာဒ် ကို မီးလောင်နေပြီ ဆိုတဲ့အကြောင်း ပြောနေတာပါကွယ် ။

 

သူ့ထက် အပြုသဘောဆောင်တဲ့ Post တောင်

သူ့လောက် အပြုသဘော မ ဆောင်ပါဘူးကွယ် “

 

အချိန် ရောက်ပြီ ရွာသူားတို့ရဲ့

ဒီအချိန်မှ မလိုက်ရင် ၊ အမိုက် နင့်ပြင်ရှိဦးမလား လို့ ဆိုရလောက်အောင်

တကယ့် အချိုး အကွေ့ အချိန်ကို ရောက်နေပြီ ။

 

ဒီအချိန်မှာမှ

ဗမာလူမျိုးကြီးက ကျူးလွန်ခဲ့တဲ့ အမှားတွေကို မမြင်သေးပဲ ။

တိုင်းရင်းသားတွေ ခံစားနေရတဲ့ ခံစားချက် အမှန်ကို မသိပဲနှင့် ။

တရားမျှတမှု ရဲ့ အဓိပ္ပါယ် အစစ်အမှန်ကို နားမလည်ပဲနှင့် ။

တိုင်းရင်းသားတွေ နှင့် ပြည်ထောင်စု စံနစ်ကို သွားဆွေးနွေးမိရင် ။

 

ဒီတစ်ခါ ထပ်ကွဲရင် နောက်ထပ် နှစ် ( ၆ဝ ) ပဲ ။

ငိုကြွေးကာ နေရစ်ခဲ့ပေတော့ အိုတိုင်းပြည် ပါပဲကွယ် ။

ဒါကြောင့် ၊ ရင်နာနာ နှင့်ပဲ ဒီစာတွေကို ချရေးလိုက်ရတာပါ ။

 

အဘ ရဲ့ Post ထဲက နှင့် Comment ထဲက

တချို့ အရေးကြီးတဲ့ စာတွေကို ပြန်ဖတ်ကြည့်စေချင်ပါတယ် ။

 

” သို့သော် တွေ့တွေ့လာသမျှ အခြေအနေတွေ အရ

မတရားမှုကို မတရားမှု မှန်း သေချာမသိ ဝေဝါး နေတဲ့အတွက်

တိုင်းရင်းသားတွေရဲ့ ခံစားရမှုကို နားမလည်နိုင်ပဲ

အမုန်းမီးတောက်တွေ ထပ်ထပ်တိုးလာတာတွေ့ရလို့

ရင်နာနာ နှင့်ပဲ ဒီစာကို ချရေးလိုက်တာပါ “

 

မတရားမှုကို မတရားမှု မှန်း သေချာမသိဘူး ဖြစ်နေတယ်လို့

အဘ အခိုင် အမာ ယုံကြည်ပါတယ်ကွယ် ။

 

အောက်က စာကြောင်းကိုတော့

အဘ အပြောအဆို ရင့်သီးတယ် ၊ ကြွားတယ် လို့ထင်ရင်လည်း

စိတ်ထဲက ဆဲဆိုပြီး သည်းညည်းခံ ဖတ်ပေးပါကွယ် ။

 

” ဘာကြောင့် အဘ ကမှ ဒီအကြောင်း ထပြောရသလဲ ဆိုတော့

တခွန်းတည်း ပြန်ဖြေရရင် တရားမျှတမှု ရဲ့ အဓိပ္ပါယ်ကို

( မြန်မာပြည်က ဦးနေဝင်း မှိုင်းတိုက်ခံ ခဲ့ရတဲ့ ပြည်သူ အများစုလို မဟုတ်ပဲ )

အဘက တိတိကျကျ နားလည် သွားလို့ပါကွယ် “

 

အဲဒီဟာလေးကို ဥပမာလေးနှင့် ရှင်း ပြပါမယ်ကွယ် ။

 

အဘ ဩဇီ စ ရောက်တော့ ၊

အဘ ဩဇီ မှာ အလုပ်လုပ်ဖို့ရော ၊ စာသင်ဖို့ပါ အစီအစဉ် မရှိပါဘူးကွယ် ။

( နို့ လိုမှ မလိုတော့တာကွယ် / စိတ်မဆိုးကြပါနှင့် ကွယ် )

 

ဒါပေသည့် ဩဇီက မိတ်ဆွေတွေက

ဩဇီ Life Style နှင့် တွေးပုံ ခေါ်ပုံ ကို သိသွားအောင် နှင့်

ဩဇီ Accent ကို နားလည်သွားအောင် ဆိုပြီး ။

အစိုးရ အထောက်အပံ့ခံ နည်းပညာ ကောလိပ် တစ်ခုမှာ

သင်ကြားပေးနေတဲ့ တက္ကသိုလ် အကြို အဆင့် လောက်ရှိတဲ့

အင်္ဂလိပ်စာ သင်တန်း တစ်ခုကို တက်ခိုင်းပါတယ် ။

 

အဘ လဲ အားနေ ပျင်းတာ အိမ်နီး ဈေးပေါတာနှင့်

အဲဒီ သင်တန်း မှာ တစ်နှစ် တက်လိုက်ပါတယ် ။

 

အဲဒီ သင်တန်း မှာ ပထမ နှစ်ဝက်အတွင်းမှာ

စသင်တဲ့ သင်ခန်းစာတွေထဲက တစ်ခုကတော့

” Stolen Generation ” ပါတဲ့ ခင်ဗျာ ။

ဩဇီ တွေက အဘော်ရီးဂျင်း တွေရဲ့ ခလေးတွေကို ခိုးယူ မွေးစားပြီး

သူတို့ အဖြူယဉ်ကျေးမှုတွေကို အတင်း သင်ပေးခဲ့တဲ့ အတွက်

အဘော်ရီးဂျင်း မိဘတွေ နှင့် ခလေးတွေ ဟာ စိတ်ဒါဏ်ရာ ရခဲ့မှု

ဩဇီ တွေရဲ့ မှားခဲ့မှု အကြောင်းတွေပါ ။

 

ရွာသူားတို့ရေ ထူးခြားမှုလေးကို နဲနဲလေး မခံစားမိဘူးလားကွယ် ။

ဩဇီ တွေက သူတို့ရဲ့ အတိတ်က အမှားတွေကို

( ၁ ) ဝန်ခံယုံ

( ၂ ) တောင်းပန်ယုံ တင်မကဘူး ။

( ၃ ) သူတို့ရဲ့ နောင်လာနောင်သား မျိုးဆက်တွေကို

နောက် ဒါမျိုး မမှားစေဖို့အတွက် အစိုးရ ကိုယ်နှိုက်က

ကျောင်းသင်ခန်းစာထဲ မှာ မပါမနေရ ဦးစားပေးပြီးကို သင်တာပါကွယ် ။

 

အဘလည်း မြန်မာပြည်မှာ တက္ကသိုလ်က ဘွဲ့ရခဲ့တာပါကွယ် ။

အဲဒီ ၁၅ နှစ်တာ ပညာရေးကာလ တောက်လျောက်မှာ

ဗမာ မတရားတာ မကောင်းတာ တစ်လုံး တစ်ပါဒ မှ မသင်ခဲ့ရပါကွယ် ။

ဗမာ ဆိုတာ မကောင်းမှုကို လုံးဝ မလုပ်တတ်တဲ့ လူမျိုးများ ဖြစ်နေလို့လားကွယ် ။

တကယ့် လက်တွေ့မှာတော့လည်း ပြောင်းပြန်ကြီး ပါလားကွယ် ။

 

အဲဒီဟာတွေကို ဆင်ခြင်သုံးသပ်ပြီးတဲ့အခါ ၊ အဘလေ

တရားမျှတမှု နှင့် လူကြီးလူကောင်း ပီသမှု ( တနည်း ယဉ်ကျေးမှု ) ရဲ့

အဓိပ္ပါယ် အစစ်အမှန်ကို ရင်ထဲ တစိမ့်စိမ့် ဝင်ပြီး နားလည်ခဲ့ရတာပေါ့ကွယ် ။

 

စကားမစပ် ကို Htoo San ရေ

” တခွန်းတည်း ပြန်ဖြေရရင် တရားမျှတမှုကို တိတိကျကျ နားလည် သွားလို့ပါကွယ် “

လို့ အဘ ရေးခဲ့မိတာ Personal ရင့်သီးသလိုများ ခံစားမိရင် ၊

အဘ တောင်းပန်ပါတယ်ကွယ် ။

 

အဲဒီလို မသင်တော့ ဘာဖြစ်လဲလို့ ပြောရရင် ။

မသင်ခဲ့ ရတဲ့ မြန်မာ ပညာတတ်တွေ ခမျာ

ကောင်းကျိုး ဆိုးကျိုးတွေကို မှန်မှန် ကန်ကန် ပိုင်းခြား သုံးသပ်ခွင့် မရပဲ

ဉာဏ်ပညာ အားနည်းတဲ့ မျက်ကန်း မျိုးချစ်လေးတွေ ဖြစ်လာတာပေါ့ကွယ် ။

 

နောက်တစ်ခုက အဲဒီလို အဓိပ္ပါယ် အစစ်အမှန်ကို

ရင်ထဲ တစိမ့်စိမ့် ဝင်ပြီး နားလည်ခဲ့ပြီသားသူတွေနှင့်

သူတင် ကိုယ်တင် ငြင်းခုံကြတဲ့ အခါကြတော့

အင်း အဲ နှင့် ဖြစ်ပြီး ကျန်ခဲ့ရတာပေါ့ကွယ် ။

( အဘ အမြင် ၊ အဘ ရဲ့

” စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) ” Post မှာ

ဝင်ရောက်ဆွေးနွေးသူတွေဟာ

အဘရဲ့ အဆိုတွေ ၊ Comment တွေ ကို

ပြတ်ပြတ်သားသား ၊ ထိထိရောက်ရောက် ၊ ချက် နှင့် လက် နှင့် ၊

ပြန်လှန် မဆွေးနွေးနိုင်ခဲ့တာ တွေ့ခဲ့ရပါတယ်ကွယ် ။

စိတ် မဆိုးကြပါနှင့်နော် )

 

ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့

ညီနောင်ရင်းချာ တိုင်းရင်းသားတွေရဲ့ မုန်းတီးမှုကိုလည်း ခံရတာပေါ့ကွယ် ။

 

အင်း နောက်ဆုံး အနေနှင့်ကတော့

ကို chityimhtoo က အဘ ရဲ့ Identity ကိုမှ

အထူးတစ်လည် သိလိုပုံ စစ်ဆေးလိုပုံ ရနေတယ်ကွယ် ။

အမှန်အားဖြင့် ၊

အဘ က Idea အတွေးအခေါ်ကိုပဲ ငြင်းခုံတာကွဲ့ ၊

ပုဂ္ဂိုလ်ရေး Personal ကို ငြင်းခုံနေတာ မဟုတ်ရပါကွယ် ။

အဲဒီတော့ Personal တိုက်ခိုက်မှုတွေကို ဖြေစရာ မလိုပေါင် ။

အင်း ဒါပေသည့် သုံးလေး ခါ ရေးလာတော့လည်း ၊

စာဖတ်သူ တစ်ယောက်ကို နဲနဲလေးတော့ ပြန်ရှင်းပြရတာပါ ။

 

ကို chityimhtoo ရဲ့ အဘ အရင် Post တွေကို ပြန်ကြည့်ကြည့်ပါကွယ် ။

အဖြေ ထင်ထင်ရှားရှား ရနိုင်လောက်ပါတယ် ။

နို့မို့ဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလ တုန်းက အဘရဲ့ ရန်ကုန်မှာလုပ်ခဲ့တဲ့

MG မန်ဘာ အားလုံးကို တွေ့ဆုံ ကျွေးမွေးပွဲ တက်ခဲ့တဲ့ သူတွေနှင့်

အဘ နှင့် Face Book မှာပါ Friend ဖြစ်နေတဲ့ MG member တွေက

ကွယ်ရာမှာ ဟားနေမှာ စိုးလို့ပါကွယ် ။

 

” ခင်ဗျားကြည့်ရတာလည်း မြန်မာပြည်ကိုပြန်ဝင်ခွင့်မရလို့

စိတ်နာနာနဲ့ ရေးထားတယ်ထင်ပါ့ “

 

ကြုံတုန်းလေး တစ်ခု ထပ်ရှင်းပါရစေ ။

မြန်မာပြည်ကို ပြန်ဝင်ခွင့်မရတော့လို့ ဆိုလို့ပါ ။

အဘ မိဘတွေဟာ မြန်မာပြည်ရဲ့ Elite လို့ခေါ်တဲ့

တကယ့် အခွင့်ထူးခံ လူတန်းစား ထဲကပါကွယ် ။

 

အဲဒီ အကြောင်းကို

အဘ ဒကာခံတဲ့ M Gazette တွေ့ဆုံပွဲမှာတုန်းကတောင်

အဘက အထင်မမှားကြအောင် ကြိုတင် အသိပေးခဲ့ ပြီးပါပြီကွယ် ။

အဘ မြန်မာပြည်ကို ပြန်ဝင်ခွင့်မရမှာ သိပ်ပြီး စိတ်မပူပါနှင့်ကွယ် ။

 

ဟင်း ဟင်း စိတ်ဆိုးလာပြီနော် ။ လာ စ နေ တယ် ။

အဲဒီ တကယ့် အခွင့်ထူးခံ အသိုင်းအဝိုင်း ထဲက

အခွင့်ထူးခံကြပုံ ၊ ဖားကြရပုံ အကြောင်းတွေ

ကိုယ် ကိုယ်တိုင် ခံစားပြီး မက်မေါလောက်တဲ့

အခွင့်အာဏာတွေရဲ့ အကြောင်းကို

ပက်ပက်စက်စက် ရေးချ ပြစ်လိုက်မလား ။

သနားစရာ ဇတ်လမ်းတွေမှ အများကြီး အများကြီး ။

 

အင်း ၊ ကားပြာကြီး နှင့်က နီးပြီ ထင်ပါ့ ။

 

အင်း ၊ လွယ်လွယ် မပြောခင် ၊ တစ်ချက်တော့ စဉ်းစားကြဖို့ပါ ။

MG မှာ အဘ ရဲ့ Identity ကို လူတော်တော် များများ သိနေပါပြီ ။

အဘလို အခွင့်ထူးခံ လူတန်းစား တစ်ယောက်က ၊

အဲဒီလို ကားပြာကြီး နှင့် အနီးခံပြီး ၊ ဒီလို Post မျိုး ရေးတင်တယ် ဆိုမှတော့ ၊

အဘ ရဲ့ နိုင်ငံချစ်စိတ် ကိုလည်း ၊ လျှော့တော့ မတွက်ကြပါနှင့်ကွယ် ။

ဟဲဟဲ ။ ဟဲဟဲ ။ Sorry ။

 

တော်သေးဘီ ။

မြို့ မေတ္တာ ထင်မကဘူး ၊ နိုင်ငံ့ မေတ္တာ ပါခံယူမယ့် ။

အဘ Foreign Resident ။

27 comments

  • Gipsy

    April 14, 2012 at 8:53 pm

    အိုဘယ့် အဘရေ ..
    စိတ်မဆိုးနဲ့နော်…
    ကြွားလုံးထုတ်တာ က ခပ်များများ ဖြစ်နေသလို…ခိခိ..
    အဘ ဆိုလိုချင်တာ နားလည်တော့မလိုလိုနဲ့ ကြွားတာနဲ့ အဆုံးသတ်လေတော့
    နားလည်ရန် အလို့ငှါ နောက်ထပ်တစ်ခေါက် ထပ်ဖတ်ရပေတော့မည်ဖြစ်ပါကြောင်း….။
    စကားပြောမတတ်သော (သို့) ဘဝသင်ခန်းစာလိုနေသေးသော
    ကျွန်တော်
    ငမိုက်သားလေး
    Gipsyloyal……

  • htoosan

    April 14, 2012 at 9:13 pm

    ဘဖောရေ..

    ” တခွန်းတည်း ပြန်ဖြေရရင် တရားမျှတမှုကို တိတိကျကျ နားလည် သွားလို့ပါကွယ်

    ဒီစာသားနဲ့ ပါတ်သက်ပြီး ကျွှန်တော်ဘယ်လိုမှ မခံစားရပါဘူး ။
    လူမျိုး၊ဘာသာ၊နိုင်ငံရေးက ငြင်းကောင်းတဲ့ အရာမဟုတ်ဘူးလို့သာယူဆထားပါတယ်။
    ကိုယ့်အတွေးနဲ့ ကိုယ်လို့ ကျွန်တော်က အမြဲယူဆသူပါ ။
    အဲ ပြောခဲ့သလိုဘဲ ဘဖောရေးထားတဲ့စာက အမျိုးသားရေးထိခိုက်စရာဖြစ်နေတဲ့ အတွက် ဘဖောလိုလူက ရေးထားတာကို အံ့ဩတာတစ်ခုပါဘဲ။
    အမှန်အတိုင်းပြောရရင် ဘဖောက ဒီဆိုဒ်မှာ အကြောင်းသိတွေများကြလို့ ဆဲတာ ဝိုင်းရန်တွေ့ကြတာ မခံရတာပါ ။ တကယ်လို့ ဒီစာမျိုးကို အခြားသူ တစ်ယောက်လောက်ကသာ ရေးလိုက်လို့ကတော့ ဒီလိုအေးချမ်းစွာ ဆွေးနွေးခြင်းမျိုးဖြစ်မှာ မဟုတ်ပါဘူး။

    • ရွာစားကျော်

      April 14, 2012 at 9:29 pm

      ဟုတ်တယ် ကိုထူးဆန်းရေ
      အဘဖော ရေးတာမဟုတ်ဘဲ ဥပမာ ကဖုန်းကျော်ကြီးရေးတာဆို (စိတ်မဆိုးပါနဲ့ ကိုဘုန်းကျော် ဒိထက်ကောင်းတဲ့ ဥပမာ ရှာမရလို့ပါ)
      ဘာ အရူးထပြန်ဘီလဲဆိုပြီး ဆဲလိုက်ကြမယ့်ဖြစ်ခြင်း 🙄
      ဘဖောကြီးက အကောင်းဘက်က အမြဲစဉ်းစားစရာလေးတွေ၊ အသိလေးတွေ ပေးတတ်တယ်ဆိုတာ နားလည်ထားကြလို့ပါ..

      http://myanmargazette.net/114750/arts-humanities/history-museums

      http://myanmargazette.net/114338/creative-writing

      အဲဒါလေးတွေဖတ်ပြီး မန့်ပေးပါအုံး.. မန့်လိုက်ပီလားတောင်မသိဘူး
      ဘယ်သူမှ ချက်ကျလက်ကျ ပြန်မဖြေနိုင်ဘူး ပြောထားလို့ပါ..
      တကယ်တော့ အရင်ပို့စ်မှာလည်း ရွာသားတော်တော်များများ အမြင်လေးတွေ ပြောထားပါတယ်..
      ခင်တဲ့
      ရွာစားကျော်

      • Foreign Resident

        April 14, 2012 at 10:30 pm

        အခုလေးတင်ပဲ ဖတ်ပြီးပါတယ်ကွယ် ။
        ကို ရွာစားကျော် ရဲ့ Post ” တရေးနိုးမှာ ပြန်အိပ်မရတဲ့ထိအောင် ” ကိုတော့
        အပြစ်ပြောစရာ မရှိလှပါဘူး ။ လက်ခံ နိုင်ပါတယ်ကွယ် ။
        လက်ခံ နိုင်ကြောင်းလည်း ရေးမလို့ပါ ။

        ဒါပေမယ့် ၊ ကို San Hla Gyi ရဲ့
        ” စဉ်းစားကြစေလိုပါတယ် ( ၁၈ ) တိုင်းရင်းသား အရေးသို့ ပြန်ကြားချက် ”
        ဆိုတဲ့ Post မှာတော့ ၊ သစ္စက ပရိဗိုဇ် စသဖြင့်
        Personal ပုဂ္ဂိုလ်ရေး ရေးတဲ့ပုံစံတွေ ပါနေသဖြင့်
        အဘ အနေနှင့် တူတူတန်တန် ပြန် ရှင်းသင့်တဲ့ Post လို့
        မယူဆတော့လို့ ၊ ပြန်မရှင်းတော့ပါဘူး ။

        Comment လေး နှစ်ခု လောက်ပဲ Hight Light ထပ်လုပ်ပေးပါရစေ ။

        kai says:

        ဒီအထဲရေးထားတာတွေကို.. တန်ဖိုးထားပါတယ်..။
        တန်ဖိုးရှိတဲ့ ဆွေးနွေးချက်တွေပါ…။
        —–
        ဦးဆောင်ဆွေးနွေးတဲ့..အဘဖောက.. နိုင်ငံတကာ အတွေ့အကြုံထည့်ပြီး..
        တိုင်းရင်းသားတွေဖက်က ခံစားရေးပေးတာလို့ ထင်မိပါတယ်..။
        ပုဂ္ဂလိက ခံစားချက် ( ပုဂ္ဂလိက ခံစားချက် ) ကိုရေးနေတာထက်..
        ကိုယ်စားပြုရေးပေးနေတယ်လို့.. ဆိုလိုချင်တာပါ..။
        —–
        လုပ်နိုင်ကိုင်နိုင်သူတွေဖတ်မိရင်.. တွေးမိစရာတွေဖြစ်သွားပြီ..
        အဲဒါကနေ.. နောက်ဆက်ဆွဲအဖြစ်.. လူတွေအများကြီးအတွက်… အကျိုးရှိလာမှာမို့ပါ..။

        မိုက်ကယ်ဂျော်နီအောင်ပု says:

        အဘဖောက ဘာလူမျိုးလည်း ကျုပ်မသိပေမယ့် ။
        —–
        အဲ့သည်မှာမှ မမြင်ဘူးတဲ့သမိုင်းထက် ( မမြင်ဘူးတဲ့သမိုင်းထက် )
        လက်တွေ့အဖြစ်အပျက် ( လက်တွေ့အဖြစ်အပျက် ) ကို
        ကောက်ကြောင်း လိုက်ပြီးရေးထားတာပါ
        လက်တွေ့ တိုင်းရင်းသားတွေရဲ့ အနှိ်ပ်စက်ခံ နစ်နာချက်တွေ ကိုပေါ့ ။
        —–
        ကျုပ်အမြင်ကတော့ ဒီအဖိုးကြီးမှာ
        လူမျိုးရေး အယူသည်းမှု ၊ လူမျိုးရေး မုန်းတီးမှု ။
        နည်းနည်းကလေးတောင်ရှိမည်မထင် ( လုံးဝမထင် ) ။

        ကျုပ်လီး ထိုးနည်းလဂေါင်းဘာဘဲ ။

        ကြုံကြိုက်လို့ ပြောလိုက်ဦးမယ် ။
        အမေစုသာ အာဏာရခဲ့ရင် ။
        သိပ်မကြာလွန်းတဲ့ အချိန် အတွင်းမှာ ။
        တိုင်းရင်းသားတွေအပေါ် မြန်မာလူမျိုးတွေက
        ယခင်ပြုမိခဲ့တဲ့ အမှားတွေအတွက်
        အမေစုက မြန်မာလူမျိုးတွေ ကိုယ်စား တောင်းပန်လိမ့်မယ် ။

        အဲဒီ အချိန်ကြရင်တော့ အဘဖေါ ရဲ့ စကားတွေကို
        တစ်ချက်လေးတော့ သတိရလိုက် ။

        အဘ အမေစုကို ယုံတယ် ။ သူက ကမာ္ဘ့ အဆင့်မှီ ပညာတတ် ။
        တရားမျှတမှု ဆိုတာကို သူ ရှင်းရှင်း လင်းလင်း နားလည်တယ် ။
        ယဉ်ကျေးတဲ့ ၊ လူကြီးလူကောင်း ကျင့်ဝတ်တွေကိုလည်း သူ နားလည်တယ် ။
        မယုံရင် စောင့်ကြည့်ပါ ။ သိပ်ကြာမယ် မထင်ဘူး ။

        • သဲနှင်း အိမ်

          April 14, 2012 at 11:13 pm

          အဘဖောရေ…

          ကျမက ဒီဆိုက်ဒ်မှာ လာဖတ်တာကြာပေမယ့် ခုနောက်ပိုင်းမှ မနေနိုင်လို့ ကော်မန့်တွေ ပေးဖြစ်တာပါ။ ကိုစံလှကြီးရဲ့ ပို့စ်ကို ဖတ်ပြီးသဘောကျပါတယ်။ လက်တွေ့ကျကျနဲ့ ခြေခြေမြစ်မြစ် ပြန်လည်ဖြေရှင်းထားတယ်လို့လည်း ယူဆမိပါတယ်။ သူရေးတဲ့အထဲမှာ ပါဆင်နယ်တိုက်ခိုက်တာဆိုလို့ ဘာမှကို မတွေ့မိပါဘူး။ သစ္စက ပရိဗိုဇ်နဲ့ ခိုင်းနှိုင်းတာလည်း မလွန်ဘူးလို့ခံစားမိပါတယ်။ အဘပြန်မဖြေရှင်းနိုင်လို့သာ ဟဲ ဟဲ ဟဲနေတယ်လို့ပဲ ကျမက ယူဆပါတယ်။

          အမေစုကလည်း အဘဖော မပြောခင်ကတည်းက သူ့မိန့်ခွန်းတွေမှာ ပြောလေ့ရှိပါတယ်… မှတ်မိသလောက် ပြန်ပြောရရင် “ကျမတို့ လူများစုဟာ လူနည်းစုကို ဦးစားပေးရမယ်” ဆိုတာမျိုးလေးတွေ ပါပါတယ်။ ခုလက်ရှိ ဘယ်သူ့ ဘယ်သူမှ လက်မခံချင်ဘဲ လက်ခံနေရတဲ့ So Called အစိုးရကတော့ လူတွေ၊ မူတွေ ဘယ်လိုပဲ ပြောင်းတယ် ပြောပြော… ပြည်ထောင်စုဖွား တိုင်းရင်းသား ညီကိုမောင်နှမတွေလို့ပဲ ပြောပြော… အမေစုလို ရင်ထဲက နှလုံးသားထဲက မဟုတ်တာကြောင့် အကြော်ထုတ်တဲ့ စက္ကူသာသာ သတင်းစာပေါ်မှာသာ သူတို့စကားတွေက ထင်ကျန်ပါတယ်။

          ဒီနေရာမှာ ပြောချင်တာက အမေစုရဲ့ ရင်ထဲကလာတဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဟာ အဘဖောလို အနောက်နိုင်ငံမှာ ကျောင်းသွားတက်မှ၊ သူများအတင်းတက်ခိုင်းတဲ့ သင်တန်းကို အားယားနေလို့ သွားတက်မှ တရေးနိုးထသိလာတဲ့ ခံယူချက်မျိုး မဟုတ်ဘူးဆိုတာပါ။ မြန်မာပြည်နဲ့ မြန်မာပြည်သူ/သားတွေကို ချစ်တဲ့ အမေစုကို ကျမတို့ အားလုံးချစ်တာကလည်း ဒါကြောင့်ပါ။

          ကိုစံလှကြီးကို မန္တလေး ဂေဇက်မှာ တွေ့လာတာ မကြာသေးပေမယ့် သူ့ရဲ့စာတွေကို ဖတ်ရတဲ့အခါမှာ တကယ်ရင်ထဲက ခံစား၊ ခံယူပြီးရေးထားတယ်လို့ ယူဆမိပါတယ်။ စာရေးတာ မချောပေမယ့် စကားလုံးတိုင်း၊ ဝေါဟာရတိုင်းကို သေချာစဉ်းစားပြီး ရေးထားတယ်လို့လည်း တွေးမိပါတယ်။ ဥပမာဆိုရရင်… ဟဲ… ဟဲ… ဆိုတဲ့ လေသံကိုတောင် လိုအပ်တဲ့နေရာမှ ထည့်တာပါ။

          အဘဖောက အခွင့်ထူးခံ လူတန်းစားလို့ ပြောတာဟာ ကြေငြာတာလား၊ ကြော်ငြာတာလား ကြွားတာလား လူရှိန်အောင် ခြောက်တာလား ကျမလည်း မသိပါဘူး။ အဘပြောသလို အပြုသဘောဆောင်တဲ့လုပ်ရပ်ပဲလား။ ကားပြာကြီးစီးဖူးမှ နိုင်ငံချစ်တယ်တဲ့လား။ အဘရဲ့ Identity ကို လူတွေသိဖို့ ဒါတွေက လမ်းခင်းပေးရတာလား။ ကျမ မသိလို့ပါ သစ္စက ပရပိုဒ်ကြီး အဲ… အဘရယ်။ ဟဲဟဲ ဟဲ…. 😛

          မျှမျှတတ တွေးခေါ်တတ်သူများကို အစဉ်လေးစားလျက်

  • ဦးဦးပါလေရာ

    April 14, 2012 at 10:09 pm

    ကိုဖေါရင်းရေ-
    အတိတ်တုန်းက တယောက်တပြန်စစ်တိုက် စစ်နိုင် စစ်ရှုံးခဲ့တာတွေရှိပါလိမ့်မယ်။ အဲဒါတွေကတော့ မြို့ပြနိုင်ငံတွေ ဘုရင့်နိုင်ငံတွေရဲ့ အမြဲလုပ်နေကျဟာမျိုးပါ။ လူမျိုးတိုင်း နိုင်ငံတိုင်းလိုလိုက လုပ်ခဲ့တယ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။

    အခုအချိန်မှာတော့ အုပ်ချုပ်သူတွေက သူတို့အယူအဆ သူတို့မူဝါဒအရ ဗမာလူမျိုးတွေကို ဦးစားပေးပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကို ခွဲခြားတာ ၊ အချို့နေရာတွေမှာ ဖိနှိပ်တာ ရှိပါလိမ့်မယ်။ ဒါပေမယ့် အဲဒါဟာ ရိုးရိုး အရပ်သား ဗမာလူမျိုး အများစုကြီးက လုပ်တာလဲမဟုတ်၊ အားပေးတာလဲမဟုတ်၊ သဘောတူတာလဲ မဟုတ်ပါဘူး။ဒါကြောင့် အဲဒီလုပ်ရပ်တွေကို ဗမာလူမျိုးအားလုံးအပေါ် အပြစ်ရှိစေရင် တာဝန်ရှိစေရင် မတရားပါဘူး မမျှတပါဘူး လို့ပဲ ကျုပ်တော့ယူဆမိပါတယ်။

    အတိတ်ကကိစ္စတွေအတွက် ဆိုရင်လဲ ၊ အရင်ခေတ်က ဘုရင်တွေရဲ့လုပ်ရပ်ကို ဒီခေတ်ရဲ့ ရိုးရိုးပြည်သူတွေအပေါ် အပြစ်ပုံချတာ တာဝန်ရှိစေတာဆိုရင် အဲဒါလဲ မတရားပါဘူး၊ မမှန်ပါဘူ..။

    ဒါကို ဩစတေးလျှ နဲ့ ထပ်တူပြုပြီးမပြောနိုင်ပါဘူး။ အော်ဇီက ဒေသခံတွေဆိုတာက – လူဖြူတွေ ရာစုနှစ်နဲ့ချီပြီး ကျူးကျော်သိမ်းပိုက်ထားတာခံရပြီး အစအစအရာရာနာလံမထူနိုင်တဲ့အခြေအနေပါ။ ဒီလိုအခြေအနေမှာ အော်ဇီလူဖြူအစိုးရက ကိုဖေါရင်းပြောသလိုလုပ်ပေးတယ်ဆိုရင် အဲဒါ လုပ်သင့်တာလုပ်တာပါပဲ။

    မဝေးတဲ့သမိုင်းလေးပြန်ကြည့်ရင် ဟစ်တလာနဲ့ နာဇီပါတီက နိုင်ငံတကာကို ကျူးကျော်တယ်၊ ဂျူးတွေကို မျိုးဖြုတ်တယ်၊ အနောက်ဥရောပတခွင်ကို ဖွတ်ဖွတ်ကြေအောင်ဖျက်စီးတယ်၊ ဒုတိယကမ္ဘာစစ်ကြီးကို မီးမွှေးပြီး လူသန်းပေါင်းများစွာ သေကြေ အတိဒုက္ခရောက်စေတယ်။ အခုဟစ်တလာလဲသေပါပြီ။ နာဇီပါတီလဲမရှိတော့ပါဘူး။ ဟစ်တလာနဲ့သူ့ပါတီရဲ့ ကျူးလွန်မှု့တွေကို ရိုးရိုးသာမန် ဂျာမန်လူမျိုးတွေအပေါ် ပုံချကြပါသလား။ ပုံချမယ်ဆိုရင်ရော မှန်ပါ့မလား။ တရားမျှတပါမလား။ တကယ်တော့ ဟစ်တလာ၊ နာဇီပါတီနဲ့ ဒုတိယကမ္ဘာစစ်ကြီးရဲ့ဒါဏ်ကို ရိုးရိုးသာမန် ဂျာမန်ပြည်သူတွေလဲ ခံရတာပါပဲ။ အဆိုးဆုံးခံရသူတွေ(ဥပမာဂျူးတွေ)နဲ့စာရင် နဲနဲသက်သာတယ်ဆိုရုံပါပဲ။

    ပြီးတော့ အားလုံးထက် ပေါ့လေ-
    အရေးအကြီးဆုံးက အကျိုး ပါပဲ။
    အကျိုးရှိဘို့ ပါပဲ။
    ဗမာ+မွန်+ရခိုင်+ရှမ်း စတဲ့ ပြည်သူအားလုံး တန်းတူညီမျှ အကျိုးရှိမှာကိုပဲ-
    ဖြစ်နိုင်သမျှ အကောင်းဆုံးအကျိုးရှိမှာကိုပဲ –
    ဦးတည်စဉ်းစားထိုက်ပါတယ်။ ….လို့ သဘောထားလေး ပေးလိုက်ရပါသဗျာ…။

  • Foreign Resident

    April 14, 2012 at 10:52 pm

    မိုက်ကယ်ဂျော်နီအောင်ပု says:
    ” ကျုပ်အမြင်ကတော့ ဒီအဖိုးကြီးမှာ
    လူမျိုးရေး အယူသည်းမှု ၊ လူမျိုးရေး မုန်းတီးမှု ။
    နည်းနည်းကလေးတောင်ရှိမည်မထင် ( လုံးဝမထင် ) ”

    စကားမစပ် ထပ်ပြောပါရစေ ။
    အခုလောလောဆယ်မှာပေါ့ ။
    အမိ တိုင်းပြည်ကြီး ကလည်း ကောင်းတဲ့ဖက်ကို ဦးတည်နေ ။
    အရင် မုန်းလေ့ရှိတဲ့ စစ်တပ် ကလည်း အမှန်ဖက်ပြန်ဦးတည်နေ ။
    အဘ ဘဝ မှာ စားဝတ်နေရေး ကလည်း အဆင်ပြေနေ ။ တော့ကာ
    လူမျိုးရေး မုန်းတီးဖို့ နေနေသာသာ ၊
    မုန်းရမယ့်လူ တစ်ယောက်မှ မရှိတော့လို့ ၊
    ဘဝ ကြီးက ပျင်းဖို့တောင် ကောင်းနေသေး ။

    • ရွာစားကျော်

      April 14, 2012 at 11:01 pm

      ဟဲ ဟဲ ပျင်းရင် တောပြန်.. အဲ အဲ ရွှေပြည်ကြီးကို အပြီးပြန်ခဲ့ပါလား ဘဖောရေ
      ကျနော့ပို့စ်မှာ အလုပ်ခန့်စာလေးပါ ထည့်ပေးထားတယ်နော်
      ဘဖောလည်း သူကြီးလို နှာစေး ပြီနဲ့ တူပါတယ် ဟဲဟဲ

  • ချာလီဂဇက်ဒလဝမ်

    April 15, 2012 at 12:24 am

    ကျုပ်လဲ ဝင်ဆွေးနွေးနိုင်တဲ့ အတိုင်းအတာလိုအပ်နေသေးတော့ ဒီအတိုင်းလေးပဲ
    လက်မှိုင်ချ ထိုင်ကြည့်နေရတာ၊ ဒီသဟာက အခန်းဆက်ဝထ္ထုရှည် မျိုး ဖြစ်လေတော့
    တာရှည်ဦးမယ် ထင်မိသား။
    တတ်နိုင်သူတွေ လုပ်ကြ၊ ပြောကြ၊ ဆိုကြပေါ့လေ ။

  • ဇော်ရီ

    April 15, 2012 at 12:31 am

    ကျတော့နာမည်လေး တွေ့လိုက်သလားလို့… ဒီလိုပါ… တောင်ကြီးက ဗမာသူငယ်ချင်းတစ်ယောက်က ကျတော့ fb မှာ ပါဝင်ဆွေးနွေးဖို့ အဘဖောရဲ့ လင့်လေးကို ပေးလာလို့… ကျတော့ အမြင် ကျတော် ချရေးပေးခဲတာပါ…

    တကယ်တန်းတော ကျတော် ရ တန်းနှစ်မှာ ရန်ကုန်ကို ပြောင်းလာခဲသူပါ… အဲဒီကစပြီး ကျတော်ဟာ ဗမာ လူ့အသိုင်းအဝိုင်းထဲ ကြီးပြင်းခဲရတာပါ… အဲဒီ ကြီးပြင်းခဲတဲ့ တလျှောက်လုံးမှာ စကားစပ်မိလို့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေ့ မေးလို့ပဲ ဖြစ်ဖြစ် ကိုယ့်ပြည် ကိုယ့်ရွာက အဖြစ်အပျက်လေးတွေ ပြောပြရင် မဖြစ်နိုင်ပါဘူး၊ အဲလောက်ဆိုးမယ်မထင်ပါဘူးဆိုတဲ့ အချက်နှင့် ကျတော်သာ လူမျိုးရေးမုန်းတီးရေး ပြောနေသယောင်ယောင် ရရှိခဲတာကြောင့် သူတို့ နားမလည်လောက်တဲ့အချက်ကို ထပ်ပြီး ရှင်းပြခြင်း၊ ပြောပြခြင်း မရှိတောပါဘူး… ကျတော်လက်ခံလိုက်ပါတယ် လူ့လောကမှာ ပြောပြရုံနဲ့ ခံစား မသိနိုင်တဲ့ အချက်တွေ အများကြီးပါပဲလားဆိုတာ… ဒီနေရာမှာ အဘဖောက မပြောပြဘဲ သိနိုင်ခဲတဲ့သူတစ်ယောက် အဖြစ် ကျတော် လက်ခံပေးနိုင်ခဲပါတယ်…

    အဘဖောရဲ့ ဆွေးနွေးချက်ထဲမှာ ရိုင်းစိုင်းတဲ့သူလို့ ခိုင်းနိုင်းထားတာ တစ်ခုကလွဲရင် ကျန်တာ အကုန်လုံး လက်ခံနိုင်ပါတယ်… ဘယ်သူမဆို ကိုယ့်ကိုယ်တိုင်သာ အဆဲခံ အထိုးခံလိုက်မယ်၊ ကိုယ့်လူမျိုးအကြောင်း မကောင်းသတင်း၊ မကောင်းပြောရင် ဘယ်သူမှ မခံတတ်ပါဘူး… ကျန်တဲ့အပိုင်းမှာ သူတို့ အဘဖောရဲ့ တင်ပြချက်တွေကို လက်မခံနိုင်တာက ကျတော့အတွက် အရမ်းကြီး မထူးဆန်းတောပါဘူး… ကျတော် နားလည်ပေးနိုင်ပါတယ်…

    ကိုယ့်ကို ဒီအကြောင်းပြောရင် မုန်းကြမယ်မှန်း သိသိကြီးနဲ့ ပြောပြခဲတဲ့ အဘဖောကိုလဲ ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ… အဘဖောရဲ့ မိတ်ဆွေအပေါင်းလဲ အဘဖော ဘာကြောင့် အခုလို ရေးတင်ခဲရတယ်ဆိုတာ တနေ့ လက်တွေ့သိမြင်နိုင်ပြီး ဪ အဘဖော တချိန်က ဒါတွေရေးခဲတာ ဘာကြောင်းလဲဆိုတာ သိနိုင်စေဖို့လဲ ဆုတောင်းပေးလိုက်ပါတယ်…

    • Foreign Resident

      April 15, 2012 at 6:57 am

      ” ဒီနေရာမှာ အဘဖောက
      မပြောပြဘဲ သိနိုင်ခဲ့တဲ့သူတစ်ယောက် အဖြစ်
      ကျတော် လက်ခံပေးနိုင်ခဲ့ပါတယ် ”

      ကိုဇော်ရီ ရဲ့
      အဘဖောက သမထ အမြင်ပေါက်နေလို့ ၊
      မပြောပြဘဲ သိနိုင်ခဲ့တဲ့သူတစ်ယောက် ဖြစ်နေတာ မဟုတ်ရပါဘူး ။

      ဩဇီမှာရောက်နေတဲ့ ၊ မြန်မာနိုင်ငံကလာတဲ့သူတွေထဲက
      ၇ဝ % လောက်ဟာ တိုင်းရင်းသား ဒုက္ခသည် Refugee တွေပါ ။
      ( ဒါပေမယ့် နိုင်ငံကြီးတွေကို ရောက်ပြီး ၊ တရားမျှတမှု အစစ်အမှန်ဟာ ဘာလဲလို့ ၊
      မှန်မှန် ကန်ကန် သိသွားပြီးသား ၊ အတွေးအခေါ် ရင့်သန် နေပြီးသား ၊ တိုင်းရင်းသားနော် ၊
      ပေါ့သေးသေး ရိုးရိုး အအ တွေတော့ မဟုတ်တော့ဘူး )

      အဲဒီတော့ အဘက သူတို့နှင့်လည်း မိတ်ဆွေ ဖြစ်ခဲ့တယ် ။
      ကြာလာတော့ သူတို့ရင်ထဲက ခံစားချက်တွေကို တဖြေးဖြေး သိလာတာပေါ့ ။

      အမှန်ကတော့ ၊ အဘ ရဲ့
      စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) Post ဟာ ၊
      အဲဒီက အဘ ရဲ့ တိုင်းရင်းသား မိတ်ဆွေတွေရဲ့
      ခံစားချက် ၊ ရင်ထဲက အသံတွေ ကို
      အဘက Relay တဆင့်ပြန်ဖြန့်ပေးယုံတင် ရှိတာပါ ။
      အဘ တော်လွန်းလို့ ရေးနိုင်တာ မဟုတ်ပါဘူး ။

      ကျေးဇူးတင်တဲ့ အတွက်တော့ ကျေးဇူးပါဘဲ ။
      ကျန်တဲ့ဟာတွေကတော့ အမေစုကိုယ်တိုင်က တိုင်းရင်းသားတွေကို
      ကျကျ နန တောင်းပန်ပြီးတဲ့ အခါ သူတို့ သဘောပေါက်သွားမှာပါ ။
      နှစ်ပေါင်း ၆ဝ မျက်စိပိတ် မှိုင်းတိုက်ပြီး သမိုင်းပျက် ကို သင်ခဲ့ရတာကိုး ။
      ဒီလောက်ပဲ မျှော်လင့်လို့ ရတော့ မပေါ့ ။

  • kai

    April 15, 2012 at 1:56 am

    Ethnic Groups ဆိုပြီး ကတ်တဂရီအသစ်လုပ်ထားလိုက်တယ်..
    အဲဒီမှာ စုထားစေချင်လို့ပါ…
    နောက်တင်ရင်.. အဲဒီမှာ လူမျိုးရေး.. တိုင်းရင်းသားရေးတွေနဲ့ဆိုင်တာတွေ စုပေးထားပါလို့နော..

  • Swal Taw Ywet

    April 15, 2012 at 2:37 am

    Dear Uncle FR,
    Many Thanks for your brave high lighting and pointing out on the main problem of
    various nationalities in Myanmar.
    It started a new topic ( Very Important but we did not touch it openly before )
    for future of our mother land to be better.
    Based on your posts, here, Qatar, I also discussed with my colleagues and got some untold stories of Kachin state.
    Amazingly- one story of Myanmar Army and ABSDF ( Kachin ).
    They both shot to the sky to report ” Fighting / mission in action. ”
    Actually on the ground, they played a foot ball match very friendly.
    I believed one thing- ” Civil war is not the answer “.
    We need second Pin Lon .

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • Foreign Resident

    April 15, 2012 at 6:19 am

    တစ်ချို့က အဘဖေါ နှာစေးနေတယ် ဆိုလို့ပါ ။
    အဘဖေါ နှာစေးနေတာ မဟုတ်ရပါကွယ် ။
    မနေ့ည ကမှ အင်တာနက်ပြန်ရတာ မို့လို့ပါ ။

    အဘ ရဲ့
    စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) မှာ
    ရေးခဲ့တာတွေကို လိုရင်း ပြန်ချုပ်ပါ့မယ် ။

    ၁ ။ ထိုင်ကြည့်မနေတော့ အရင်ကိစ္စ မသေချာဘူး ၊
    ဒါကြောင့် ကိုယ့် သက်တမ်းထဲက ကိစ္စ ဦးစားပေး ဆွေးနွေးမယ် ။
    ၂ ။ အခု ဒါတွေ ဒါတွေ ဒါတွေ ဖြစ်နေတယ် ။
    ၃ ။ အဲဒီ ဒါတွေ ဒါတွေ ဒါတွေ ဟာ မတရားမှုတွေ ။
    ၄ ။ ယဉ်ကျေးတဲ့ လူမျိုးလို့ ကိုယ့်ဖာသာ ယူဆရင်
    တိုင်းရင်းသား စည်းလုံး ညီညွတ်မှု အစစ်အမှန်ကို လိုချင်ရင်
    မတရားမှုတွေကို ပြုလုပ်ပြီးရင် ပြန်တောင်းပန်ရမယ် ။
    ၅ ။ ဒါတွေကို လူမိုက်တစ်ဦးက လုပ်နေတာ မဟုတ်ပဲ အစိုးရ ဆိုပြီး
    နာမည်တပ် လုပ်နေရင်တော့ ဗမာ တစ်မျိုးသားလုံးက တာဝန်ယူရမှာပဲ ။
    ၆ ။ မတရားမှုတွေကို ပြုလုပ်ပြီးရင် ပြန်မတောင်းပန်ရင် ရိုင်းတာပဲ ။

    အဲဒီတော့ အဲဒီ ၆ ချက်ကို
    ဘယ်အချက် လက်ခံနိုင်တယ် ၊ ဘယ်အချက် လက်မခံနိုင်ဘူး ။
    ပွင့်ပွင့်လင်းလင်း ပြောပြီး ၊ ပွင့်ပွင့်လင်းလင်း ချေပ ။

    လန်ဘားကျောက်တံတားတွေ ရှောက်ပြောပြီး ဝေ့မနေနှင့် ။
    ပုဂ္ဂိုလ်ရေး ပြောတဲ့သူတွေနှင့် ဝေ့နေတဲ့သူတွေ
    အကုန် လိုက်ရှင်းရလောက်အောင်တော့
    ၁ ။ အဘ လည်း မအားဘူး ။
    ၂ ။ အဘ လည်း တန်ဘိုး မမဲ့ဘူး ။

    အထူးအနေနှင့် ရှင်းသွားအောင် ထပ်ပြောမယ်
    အဘ သိတယ် တစ်ချို့နေရာတွေမှာ တိုင်းရင်းသားတွေလည်း ကြမ်းခဲ့တာ ရှိတယ် ။
    အဲဒီအတွက်တွေကိုလည်း အဲဒီ တိုင်းရင်းသားတွေကလည်း တာဝန်ယူရမယ် ။
    တိုင်းရင်းသားတွေ ယဉ်ကျေးတဲ့ အမြင်တွေကို သိလာတဲ့ အချိန်မှာ
    သူတို့လည်း တောင်းပန်ရမှာပဲ ။

    အဲဒါဆို ဘာ့ကြောင့် ဗမာ မှ ဦးတည်ပြောရလဲ ။
    ၁ ။ ဗမာ လုပ်ခဲ့တာတွေက ပိုကျယ်ပြန့်တယ် ( တိုင်းရင်းသား ဒေသ အားလုံးကို )
    ၂ ။ အစိုးရ သဘော ဆောင်တဲ့အတွက် ပို အပြစ်ကြီးတယ် ။
    ၃ ။ ဗမာ က အင်အား အကြီးဆုံး လူမျိုး ဖြစ်တဲ့ အတွက်
    တောင်းပန်စရာရှိ ဗမာ က စတောင်းပန်ရမယ် ။

    ဘာကြောင့် တောင်းပန်တဲ့ ဓလေ့ပေါ်လာလဲ သိလား ။
    အေး အဲဒီလို မကြာခဏ တောင်းပန်နေရတဲ့ အတွက်
    remorse ဆိုတဲ့ နောင်တရစိတ်ကို ဖြစ်ပေါ်စေတယ် ။
    အဲဒီအခါ ( အဓိက အရေးကြီးတဲ့ )
    နောင် ဒါမျိုး မပြုလုပ်မိအောင် ၊ ထိန်းချုပ် မိစေတယ် ။
    နောင် ဒါမျိုး မပြုလုပ်မိအောင် ၊ သံဓိဋ္ဌာန် ချမိစေတယ် ။

    အေး ဗမာ တစ်ဦးစီတိုင်းက ၊ တိုင်းရင်းသား တစ်ဦးစီတိုင်းကို
    တွေ့တိုင်း တွေ့တိုင်း လိုက်တောင်းပန်စရာတော့ မလိုဘူး ။
    ဖြစ်လဲ မဖြစ်နိုင်ဘူး ။ လက်တွေ့လည်း မကျဘူး ။

    ဒါပေမယ်
    တိုင်းရင်းသား အရေးနှင့် ပါတ်သက်တဲ့ ထူးခြားတဲ့ အခြေအနေ အချိန်အခါတွေ ၊
    တိုင်းရင်းသား အရေးနှင့် ပါတ်သက်တဲ့ ထူးခြားတဲ့ နေရာတွေ ရောက်တိုင်းမှာ ၊
    ယဉ်ကျေးမှုရှိကြောင်းကို ပြတဲ့အနေနှင့် ဗမာ ခေါင်းဆောင်ငယ်က အစ
    ဗမာလူထုကို ကိုယ်စားပြုတဲ့ အနေနှင့် တောင်းပန်သင့်တယ် ။

    သာမာန် ဗမာထု အနေနှင့်ကတော့
    အဲဒီလို တောင်းပန်ထိုက်တဲ့ ( တောင်းပန်ထိုက်တဲ့ ) မတရားမှုတွေကို
    ဒို့လူမျိုးတွေက ကျူးလွန်ခဲ့တာကိုသိပြီး ( လက်ခံပြီး )
    ကိုယ်ချင်းစာစိတ် နှင့် ဝမ်းနည်း စိတ်မကောင်းဖြစ်ရင် ရပြီ ။
    ဘူးခံငြင်းနေလို့တော့ မရဘူး ။ အဲဒါ ရိုင်းတယ် ။

    ယဉ်ကျေးတဲ့ တိုင်းပြည်များကျတော့များ ၊
    နိုင်ငံရေးသမားတွေက အခွင့်ကောင်းယူပြီး ( အမှတ်တက်အောင် )
    ကြုံကြုံ မ ကြုံကြုံ အတင်းရော ကာရော ခဏ ခဏ တောင်းပန်လွန်းလို့ ၊
    အမြင်တောင်ကပ်ယူရတယ် ။ ဟင်း ၊ ကွာပါ့ ။

    စကား မစပ် ၊ အဘ ကို ကြွားတယ်လို့ ထင်နေသူများအတွက် ။
    အဘ ရဲ့ Motto က အမှန်တရား ကလွဲပြီး ဘာကိုမှ လက်မခံဘူး ။
    Truth, the whole truth and nothing but the truth.
    အဲဒီတော့ အဘ ရဲ့ လက်ရှိဘဝ အကြောင်းကို ပြောသမျှ စကားလုံးတိုင်းက
    သာမန် လူတွေအတွက် ကြွားတယ်လို့ ထင်စရာ ရှိမယ် ။
    စိတ် မကောင်းဘူး ၊ ဒါပေမယ့် မတတ်နိုင်ဘူး ။

    အဘ ရဲ့ လက်ရှိဘဝ အကြောင်းကို အမှန်အတိုင်း ပြောနေသမျှတော့
    အဲဒီ အကြောင်းတွေ ပါလာမှာပဲ ။
    Sorry ၊ အဘ မလိမ်တတ်ဘူး ။ မလိမ်ချင်ဘူး ။

    • Foreign Resident

      April 15, 2012 at 7:53 am

      တစ်ချက် ကျန်ခဲ့လို့ ။
      ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆိုတာ ။
      မတရားမှုတွေကို ဖုံးထားရမှာ မဟုတ်ဘူး ။
      မတရားမှုတွေကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဖေါ်ထုတ် ။
      ဝန်ခံ စရာရှိရင် ဝန်ခံလိုက် ။
      တောင်းပန်စရာရှိတဲ့သူကလည်း ရင်ထဲက နှစ်ပြီးတောင်းပန်လိုက် ။
      ပြီးတော့မှ အတူတူ ငြိမ်းငြိမ်းချမ်းချမ်း တွဲပြီး ဆက်လျှောက်ရမှာ ။

      နို့မို့ရင် ၊ တစ်ယောက်ကို တစ်ယောက် ကျောပေးပြီး မယုံရဲတဲ့
      ကိုယ်စီ ဓါးတစ်ဖက် ဖွက်ကိုင်ထားကြတဲ့ ငြိမ်းချမ်းရေးကြီး နှင့် ။
      ဘယ်လို ရှေ့ဆက် လျှောက်ကြမှာတုန်း ။

      အင်းးး ရှင်းပြရတာ သိပ်လက်ဝင်တာပဲ ၊ မောထှာ ။

  • သမိန်ဂီ့

    April 15, 2012 at 6:35 am

    ဟဲဟဲ…
    ဒီဖက်တို ဘဏ္ဍာရေးမှူးလေးနဲ့
    ပြန်ကြည်သွားလို့ … စိတ်ကောင်းဝင်နေတဲ့ မောင်ဂီ့
    ပြန်လာပါ့မယ် အဘဖောရေ…
    မောင်ဂီနှာစေးနေတာ…
    မျက်ကန်းမျိုးချစ်တွေကို ရိချင်တာ
    မဟုတ်ကြောင်းတော့ ကြေငြာပါရစေ…

    ပုံ
    (မျက်ကန်းမျိုးချစ်တွေမုန်းမယ့်… တီလုပ်မလေးဒွေချစ်မယ့်)
    ရှမ်း ဂေါ်ရခါးရုပ်နဲ့ (ဂယ်က)
    မွန်-ဗမာဟိုက်ဘရစ်…
    သမိန်ဂီ့

    အာဟိ.. ဒက်ဂလောက်..
    😛

    • Foreign Resident

      April 15, 2012 at 7:09 am

      ဟင့် မပြောချင်ဘူး ။
      တီလုပ်မလေးဒွေ ချစ်မယ့် သမိန်ဂီ့ တဲ့ ။
      ပုံစံကတော့ သူ့လက်ရှိ အုပ်ထိန်းသူက —– ။ ဒါပဲနေမှာပါ ။

  • စော်ဘွားလေး မောင်မာန်ခ

    April 15, 2012 at 8:48 pm

    ဟိုက်တို့ဖောဖောကြီးအဆော်ခံနေရပါတကား…………
    ဘဖောပြောတာကအတိုက်ခံတစ်ခုအနေနဲ့ပြောပေးတာဖြစ်ပါတယ်…..
    ဘဖောကတကယ်တမ်းဆိုလူကြမ်းတစ်ယောက်လိုမြင်ရပေမယ့်….ဒီဂေဇက်ကိုဖတ်နေတဲ့…ရွာသားအပေါင်း
    စာဖတ်သူအပေါင်းတို့ရဲ့တိုင်းရင်းသားစည်းလုံးရေးစိတ်ဓါတ်တွေပိုပြီးစည်းလုံးခိုင်မာအောင်လုပ်ပေးတဲ့..
    မင်းသားတစ်ယောက်ပါ…အားလုံးပဲစဉ်းစားကြည့်ကြပါ…..ဆရာချစ်ဦးညိုကအားလုံးမုန်းတဲ့ဒဿ
    သီတာမုန်းခဲ့တဲ့ဒဿကိုမင်းသားအဖြစ်တွေးသလိုတွေးကြည့်ကြပါ……ရာမမင်းသားဆီကမရမကသီတာ
    ဒေဝီကိုမလုခဲ့ရင်ဒီဇါတ်လမ်းလေးဟာလည်းရာဇဝင်တွင်လာမှာမဟုတ်ပါဘူး……..ဒီလိုပါပဲ….
    မြတ်စွာဘုရားရှင်တောင်မှအဖျက်သမားဒေဝဒတ်လိုအနှောက်အယှက်ရှိမှပါရမီဖြည့်တင်းမှုပိုမိုအောင်မြင်ပြီး..
    အောင်ခြင်းရှစ်ပါးနဲ့ပိုပြီးကြည်ညိုလေးစားကိုးကွယ်ဖွယ်ဖြစ်လာခဲ့တာမဟုတ်လားဗျ…..
    အဲတော့ဘဖောကြီးမှားယွင်းခဲ့တာဖြစ်စေ…မမှားယွင်းပဲတမင်ပြောခဲ့တာဖြစ်စေ…ရင်ထဲကပါတဲ့စကားများ
    ပြောခဲ့တာဖြစ်စေ….ရင်ထဲကမပါပဲပြောခဲ့တဲ့စကားများပဲဖြစ်စေ….ခွင့်လွှတ်ခြင်းနှလုံးသားများနဲ့စဉ်းစားပြီး
    ဆရာချစ်ဦးညိုရေးတဲ့လင်္ကာဒီပချစ်သူစာအုပ်ထဲက ဒဿဂီရိလိုသဘောထားပေးလိုက်ကြတာပေါ့ဗျာ….
    ဟုတ်သလားရွာသားတို့ရေ……..

  • Gipsy

    April 15, 2012 at 9:08 pm

    အမလေး.. ဒဿဂီရိ တဲ့လား..ခေါင်းဆယ်လုံးနဲ့ဗျာ… မထားနိုင်ပေါင်…. :mrgreen:
    ————————-
    ချစ်ပင် မုန်းပင်
    ဤနှစ်ပင်
    လူတွင်မစိုက်နဲ့
    မျိုးစေ့ မေတ္တာ
    မြေသစ္စာ မှာ
    ချကာစိုက်ပျိုး
    ရေကြည်ထိုး၍
    ပြုံးပန်းရင်မှာ
    ပွင့်စေသတည်း….. တဲ့….။

    • Wow

      April 15, 2012 at 9:54 pm

      လူဆိုတာတော့ ကိုယ့်မကောင်းပြောရင်မကြိုက်ဘူးပေါ့နော်။ ဒါပေမဲ့ Foreign Resident ဆိုသူကို အကြံပေးချင်တာကတော့…

      ၁) အောင်မြင်တဲ့စပါးနှံများဟာ ဦးခေါင်းညွတ်နေသလို… ကိုယ့်ဂုဏ်ကိုဖေါ်မှုလေးတွေ နဲနဲလျော့စေချင်ပါတယ်။

      ၂) ဦးလေးတစ်ယောက်က Shipping Agency ထောင်ထားသူမို့ သင်္ဘောသားများရဲ့ ရာဇဝင်၊ စိတ်နေစိတ်ထားများကို Professional လေ့လာထားချက် စာရွက်စာတမ်းများရှိပါတယ်။ ဒါကြောင့် တစ်ခါတရံဖြစ်တတ်တဲ့ စိတ်နေသဘာဝလို့ပဲ ယူဆပါတယ်။ တခြားကိစ္စတွေကတော့ သူများ personal ကို စိတ် လုံးဝ (လုံးဝ) မဝင်စားပါ။

      ၃) မှန်တိုင်းမပြောသင့်တဲ့အရာတွေအများကြီးရှိပါတယ်။ မြတ်စွာဘုရားကတစ်နေ့ ရဟန်းတော်တစ်ပါးကို ပြောပါတယ်။ ကျောင်းဝန်းထဲမှာ ကြွေကျနေတဲ့သစ်ရွက်တွေနဲ့ အပင်ကသစ်ရွက်တွေ ဘယ်ကများပါသလဲတဲ့။ ရဟန်းက အပင်က သစ်ရွက်တွေက အများကြီးပိုများပါတယ်တဲ့။ ဘုရားရှင်က အဲဒီသစ်ပင်ဥပမာလိုပဲ ငါသိထားတဲ့တရားတွေဟာ သစ်ပင်ကသစ်ရွက်တွေလို များပြားပေမဲ့ လူသားတို့ အကျိုးမရှိတဲ့ တရားကို ငါမဟော။ ကျောင်းဝန်းထဲ ကြွေကျတဲ့သစ်ရွက်များလောက်သာ လူသားတို့အတွက် အကျိုးရှိစေမဲ့တရားကိုသာ ငါဟော၏။…. တဲ့။

      Right Place & Right time ဆိုတာကို မစဉ်းစားမိဘူးထင်ပါတယ်။

      ကဲ ဒီလောက်အချိန်ပေးစဉ်းစားပြီး မန့်ပေးဖြစ်တာ Thank You လို့ပြောမယ်ဆိုရင်တော့ You’re Welcome!

  • chityimhtoo

    April 16, 2012 at 12:23 pm

    နောက်ဆုံးတော့လည်း ဟဲဟဲဟဲ နဲ့ အဆုံးသတ်သွားတာဘဲ…ကောင်းသဟ..မန့်ကျတာ ..အဘဖောက အခွင့်ထူးခံ လူတန်းစားလို့ ပြောတာဟာ ကြေငြာတာလား၊ ကြော်ငြာတာလား ကြွားတာလား လူရှိန်အောင် ခြောက်တာလား ကျမလည်း မသိပါဘူး။ အဘပြောသလို အပြုသဘောဆောင်တဲ့လုပ်ရပ်ပဲလား။ ကားပြာကြီးစီးဖူးမှ နိုင်ငံချစ်တယ်တဲ့လား။ အဘရဲ့ Identity ကို လူတွေသိဖို့ ဒါတွေက လမ်းခင်းပေးရတာလား။…..အမိနိုင်ငံကိုသိပ်သိပ်ချစ်သဟ…ဩဇီဆိုတာကိုမချတော့ဘူး ပါးစပ်က။

  • Gipsy

    April 16, 2012 at 12:34 pm

    အဘဖေါ လဲ ပရုပ်ဆီ အသင့်ဆောင်ထားရတော့မယ်…
    ကဖုန်းကျော် နဲ့ အဘက တူဝရီးတွေများလား မသိ….။

  • NAJA

    April 16, 2012 at 4:46 pm

    personal ဆန်တဲ့ အကြောင်းအရာ တွေထက် ဒီပို့စ်ရဲ့ အမြစ်ဖြစ်တဲ့ အကြောင်းအရာ တိုင်းရင်းသားတွေရဲ့ အာဂါတတွေ ကိုဘယ်လိုကုစားကြမယ် ရေရှည် မြန်မာနိုင်ငံထဲမှာ ယှဉ်တွဲနေထိုင်သွားနိုင်မယ့်နည်းလမ်းတွေ ကို ဆွေးနွေးသွားကြရင် ပိုကောင်းပါလိ့မ်မယ်…
    အဘဖောဟာ ဘာပဲဖြစ်နေဖြစ်နေ ကျွန်တော်တု့ိအားလုံးအတွက် အရေးမကြီးသလို..
    အခုတိုင်းရင်းသားအရေးဆွေးနွေးအဖြေထုပ်နေတဲ့အချိန်မှာ အဘဖောရဲ့ personal ကိစ္စတွေကိုငြင်းခုန်ရင်း
    လမ်းကြောင်းမလွဲသွားစေသင့်ပါ…
    သူပေးချင်တဲ့ message ဘာလဲဆိုတာက ပိုအရေးကြီးပါလိ့မ်မယ်…
    ကိုယ်မှန်တယ်ထင်တဲ့ အချက်ကိုချက်ကျလက်ကျ ဖြေရှင်းကြဖို့တော့လိုပါမယ်… စာရေးတဲ့လူတိုင်းဟာ ကိုယ်ရေးလိုက်တဲ့ စာမှာ မိမိရဲ့ စိတ်နေစိတ်ထား ပတ်ဝန်းကျင်အခြေအနေ နောက်ခံရာဇဝင်တွေဟာ ထင်မြဲပါပဲ… အဲဒိအတွက် အဘဖောဟာ captain ပဲဖြစ်ဖြစ် အခွင့်ထူးခံပဲဖြစ်ဖြစ် ပါမှာပါပဲ
    ကြွားလုံးပဲဖြစ်ဖြစ် အချိန်မှန်နေရာမှန်မှာ ဖော်ပြတာမဟုတ်တာပဲဖြစ်ဖြစ် အဲဒါတွေဟာ
    အရေးလဲမကြီး ငြင်းခုန်နေဖို့လဲမလိုပါဘူး…
    အရေးကြီးတာက ကျွန်တော်တို့ ရေးနေကြတဲ့ စာတစ်ကြောင်း ပိုစ်တစ်ပုဒ် ဟာ ဖတ်မိတဲ့လူတွေအတွက် တစ်စုံတစ်ခုသော အကျိုးကျေးဇူးတော့ ရှိရပါမယ်…
    ဝိုင်းဝန်းအဖြေရှာရမယ့်ကိစ္စကိုပဲ ငြင်းခုန်ဆွေးနွေးအဖြေရှာကြတာ ပိုကောင်းပါမယ်…

    အတွေးအမြင်သစ်တွေ… ဗဟုသုတအသစ်တွေ ကိုအမြဲစောင့်ဖတ်နေပါတယ်…
    လေးစားလျှက်…

  • မောင်ဘလိူင်

    April 26, 2012 at 11:37 am

    ကဲ..အဘဖောရေ..ကျုပ်လည်း ဗမာလူမျိုးတစ်ယောက်ဆိုတော့
    ကျုပ်ရဲ့ ရှေးက ဘိုးဘေးများ တိုင်းရင်းသား ညီအစ်ကိုများအပေါ်
    ကျူးလွန်စော်ကားခဲ့တာတွေကို တောင်းပန်ပါတယ်….
    (ကိုင်း ကျေနပ်ကြပါတော့ ကျုပ်ကလည်း တောင်းပန်တာကလွဲလို့
    ဘာမှ လုပ်မပေးနိုင်တော့ …ခွင့်လွှတ်ကြပါဗျာ…အဘ ပြောသလို
    မမေ့နိုင်သေးရင်တောင်မှ အတိတ်အကြောင်းတွေ ရာဇဝင်ထဲမှာ
    ထားခဲ့ပြီးတော့ ရှေ့အနာဂတ်ကိစ္စတွေ ဆွေးနွေးနိုင်ကြပါစေလို့..)

  • Foreign Resident

    April 28, 2012 at 11:01 am

    ကျေးဇူးပါပဲ ၊ ကိုဘလှိုင် ။

    အမှန်ကတော့ ၊ ကျနော်ကလည်း အဓိကက မွန်တရုတ် စပ်ဗျ ။
    ရှမ်းသွေးလည်း နဲနဲပါတယ် ပြောတာပဲ ။
    ဒါပေမယ့် ၊ ရန်ကုန်မှာပဲ မွေးဖွားကြီးပြင်းလာပြီး ၊
    ဗမာ စကား တစ်မျိုးပဲတတ်တဲ့အတွက် ၊
    Generally ကိုယ့်ဖာသာကိုယ် ဗမာ လို့ပဲ ယူဆမိတယ် ။
    မှတ်ပုံတင်ထဲမှာလည်း လူမျိုး = ဗမာ လို့ပဲ ရေးထားတယ် ။

    အဲဒီတော့ ဗမာ လူမျိုး လို့ ကိုယ့်ဖာသာခံယူထားတဲ့ အတွက် ၊
    ကျနော့်မှာလဲ တောင်းပန်ဖို့ တာဝန် ရှိနေတယ်လို့ ထင်တယ်ဗျ ။

    အဲဒီတော့
    ( ဗမာ လူမျိုး လို့ ကိုယ့်ဖာသာကိုယ် ခံယူထားတဲ့ အတွက် )
    ဗမာလူမျိုးများရဲ့ ကိုယ်စား အဘ လည်း
    တိုင်းရင်းသား ညီအစ်ကိုများအပေါ် ကျူးလွန်စော်ကားခဲ့တာတွေ ( ရှိခဲ့ရင် )
    အဘ ရင်ထဲက လှိုက်လှိုက်လဲလဲ တောင်းပန်ခဲ့ပါတယ် ။

    ကျေအေးကြပါတော့ တိုင်းရင်းသားတို့ရယ် ။
    ဗမာ ကိုလည်း တိုင်းရင်းသား တစ်မျိုးပဲလို့ မြင်ပေးကြပါကွယ် ။

  • သဲနှင်း အိမ်

    April 28, 2012 at 1:34 pm

    ဟဲ… ဟဲ… ဟဲ… ဟဲ…။

Leave a Reply