နွေပုံပြင်ထဲက ……………..နွေစိန်ပန်းနီနီ
“နွေပုံပြင်ထဲက ………………စိန်ပန်းနီနီ”
ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝမှာ ပလေးဘွိုင်မိသားစုထဲက အကြွေစောခဲ့တဲ့
အဆိုတော်”စိန်လွင”်သီဆိုခဲ့တဲ့ “နွေပုံပြင်”ဆိုတဲ့သီချင်းလေးခေတ်စားလာပါတယ်။
(ဒီသီချင်းကိုနောက်ပိုင်းမှာ မေဆွိ ပြန်ဆိုပါတယ်)
“နွေစိန်ပန်းလေးတွေပွင့်တဲ့………….ကျောင်းပိတ်ချိန်၊
အချစ်ကျောင်းပြန်တက်ရန်လဲမလိုတော့ဘူး?
သူမရှိတော့တဲ့နေရာလေးမှာ………………………………”
“အော်ကျောင်းတံခါးဝ မှာ နာမယ်လေး နှစ်ခုမြင်ရင် နွေဟာအချစ်ပုံပြောလိမ့်မယ်
ရင်ခုန်ဘွယ်နွေအလွမ်းလေးကွယ်”ပါတဲ့။
ကျနော်တို့ အတော်လေးစွဲမက်ခဲ့ရတဲ့ သီချင်းလေးပါဘဲ။
နွေကျောင်းပိတ်ရက်ရောက်တာနဲ့ မန်းလေးတက္ကသိုလ်ထဲမှာစိန်ပန်းတွေရဲနေအောင်ပွင့်ပါတယ်။
ကျောင်းပိတ်လို့ချစ်သူတွေခဏခွဲရတဲ့အချိန်ပေါ့။
သူ့အရင် မင်းမင်းလတ်ကြီးက လဲ စိန်ပန်းတွေနဲ့လွမ်းခဲ့ဘူးပါတယ်။
“စိန်ပန်းကြွေချိန် ဒီလမ်းတွေကို ကိုယ်လွမ်းတယ်…………ချောရယ်……………”
လို့ဆိုပြီးတော့ပေါ့။
ဟောသူထက်စောတဲ့သူတစ်ယောက်လဲရှိပါသေးတယ်။
မြန်မာ့ကျေးလက်အဆိုတော် တွံတေးသိန်းတန်ပါ။
“ကျောင်းဖွင့်ချိန်စိန်ပန်းတွေလဲမြေမှာကျဲပြန်နေ…………….
သူနဲ့တွေ့ရာနယ်မြေ တက္ကသိုလ်သို့မဟုတ် မြကျွန်းသာ အင်းလျားဒီနယ်မြေ”
လို့ ချစ်ရက်ရှည်ရှည်အင်းလျားမြေ ဆိုတဲ့သီချင်းလေးနဲ့လွမ်းဘူးပါတယ်။
စိန်ပန်းနဲ့ပါတ်သက်တဲ့ခံစားချက်ကြောင့်ဖြစ်တည်လာခဲ့တဲ့
သီချင်းတွေ ကဗျာတွေလဲအများကြီးရှိပါတယ်။
နွေရယ်စိန်ပန်းရယ်ကတော့ ခွဲခြားလို့မရတဲ့သင်္ကေတ တစ်ခုပါဘဲ။
အခုစိန်ပန်းပွင့်တွေကိုမြင်တော့ ဘာဖြစ်လဲလို့မေးလာရင်ဖြေရမှာကတော့ တိုတိုလေးပါဘဲ။
“လွမ်းတယ်…………………..”
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါးလေး။
(17-4-2012)
7 comments
aye.kk
April 20, 2012 at 2:03 pm
ကိုပေါက်ရဲ ့
လှပသက်ဝင်နေတဲ့..
ရိုက်ချက်လက်ရာလှလှလေးတွေကို..
အားပေးကာကြည်နှူးခံစားမိပါကြောင်းပြောပြလိုက်ပါရစေ။
(အလွမ်းပုံပြင်..
နွေကိုခင်၍…
ရင်မှာချစ်သည်စိန်ပန်းနီ..)
Mလုလင်
April 20, 2012 at 2:35 pm
တစ်ပင်လုံး နီ နေတဲ့ စိန်ပန်း ပင် လိုချင်နေတာကြာပြီနော့ .. မနာလို အောင်လာလုပ်နေတယ်။
ကိုပေါက်(မန္တလေး)
April 20, 2012 at 4:42 pm
တပင်လုံးနီနေတဲ့စိန်ပန်းပင် မေမြို့အသွားလမ်းမှာတွေ့ခဲ့ရတယ်။
ဒါပေမယ့်မနှက်ခဲ့ရဘူး။
ဝက်ဝံက အပင်တော့ တင်ပေးလိုက်မယ် ။
မေမြို့က စိန်ပန်းပြာတွေရလာတယ်။
unclegyi1974
April 20, 2012 at 11:21 pm
ကိုပေါက်ကစိန်ပန်းကိုဘာဖြစ်လို့လွမ်းတာလဲဟင်
နွေဦးပေါက်လာလို့လား
ဇာတ်လမ်းလေးတွေရှိထားလို့လား
ကျွန်တော်လည်းလွမ်းတယ်လွမ်းခြင်းကိုတခါတည်းပြောလိုက်မယ်
ကျွန်တော်တို့နေခဲ့တဲ့အထကကျောင်းဝိုင်းကြီးထဲမှာစိန်ပန်းပင်တွေအများကြီးပဲ
ငယ်ငယ်တုန်းကစိန်ပန်းပွင့်ပြီဆိုဝတ်ဆံကလေးတွေနဲ့ချိတ်ပြီး
ကစားကြတာဝတ်ဆံကြွေသွားတဲ့သူအရှုံး
အမည်ပေးထားတာကြက်ခွပ်တာတဲ့
ကျောင်းေတော်ကြီးကအခုအထက၁လမ်းမတော်
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 20, 2012 at 11:27 pm
နွေပုံပြင်မှာ စိန်ပန်းနီနီတွေနဲ ့လွမ်းနေသူ ကိုပေါက်ပေါ့——-
ကိုပေါက်(မန္တလေး)
April 21, 2012 at 11:15 pm
အီးကယ်ဂျန်ရေ
စိန်ပန်းနီတွေပွင့်တဲ့ မန်းတ္ကသိုလ်မှာဆုံဘူးတဲ့ စိန်ပန်းပြာတွေပွင့်တဲ့အရပ်က ကောင်မလေးကိုလွမ်းတာပေါ့
သိသားနဲ့လာမေးနေတယ်ကွယ်
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 22, 2012 at 11:16 am
ဘာမှကို မပြောရသေးဘူးဗျာ။
အနီထိနေပြန်ပါပီလားကွယ်။ဟင့် ဟင့်