After Effects ကို အစားထိုးသုံးနိုင်တဲ့ Jahshaka

manawphyulayApril 20, 20121min2367

Jah Shaka သည် အခမဲ့ ရယူသုံးနိုင်တဲ့ ဗီဒီယိုနဲ့ အသံတည်းဖြတ် အဆင့်မြင့် ဆော့ဖ်ဝဲဖြစ်ပါတယ်။ DV, SD, HD နဲ့ ရုပ်ရှင်ဖလင်တွေမှာ အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်တည်းဖြတ်နိုင်ပြီး 3D compositing နဲ့ Flash animation များကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ OpenGLbased အခြေခံ Paint ရေးခြယ်ခြင်းနဲ့ စာသား ပေါင်းစပ်ခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ အဲဒီဆော့ဖ်ဝဲမှာ JahPlayer ပါဝင်ပြီး ဗီဒီယိုနဲ့ အသံ Formats အားလုံးကို မီဒီယာဖွင့်စက်တစ်ခုအဖြစ် ဖွင့်နိုင်ပါတယ်။ MOV, AVI, MPEG, MP3, WAV, OGG စတဲ့ ဖိုင်တွေကို ဖွင့်နိုင်ပြီး နိုကီယာဆဲလ်ဖုန်းမှာလည်း အလုပ်လုပ်နိုင်တယ်လို့ ဆိုပါသေးတယ်။ ဖုန်းမရှိလို့ မစမ်းသပ်ရသေးပါ။
Macs နဲ့ Linux အပြင် Windows မှာလည်း သုံးနိုင်ပါတယ်။ Open-Source Application ဖြစ်ပြီး Windows 7 မှာ သုံးနိုင်တယ်ဆိုပေမယ့် လက်တွေ့အားဖြင့် Windows XP SP2 မှာ သုံးရတာက ပိုပြီး အဆင်ပြေပါတယ်။
ယခုအခါ Jah Shaka ကို Cinefx အမည်နဲ့ ဗွီဒီယိုတည်းဖြတ် ဆော့ဖ်ဝဲအဖြစ် ပြောင်းလဲထုတ်လုပ်တာကို တွေ့ရပါတယ်။ ဗီဒီယိုတည်းဖြတ်ရာမှာ effect တွေ ပေါင်းစည်းထည့်နိုင်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်တာကို တွေ့ရပါတယ်။ Jahshaka.tar.gz ကို http://jahshaka.en.softonic.com/ ဆိုက်ကနေ download ချယူ သုံးကြည့်နိုင်ပါတယ်။ ဖိုင်အရွယ်အစားကတော့ 20MB နီးပါး ဖြစ်ပါတယ်။

7 comments

  • သမိန်ဂီ့

    April 20, 2012 at 11:53 am

    ဒေါ် စိတ်ဖွေးပိစိတို့ကတော့ …လုပ်ပီ …
    အန်းနီးဝေး … ကျေးကျေးပါ…

    😛

    စာကြွင်း …
    လူတွေ့ရင် ရှိုတယ် ရှိုတယ် မပြောပါနဲ့ဗျို့
    ဂယ် ရှိုတာ …သဂျီး ဗျ…

    ခင်တဲ့
    ဂီ…

  • kai

    April 20, 2012 at 12:08 pm

    အဒိုဘီစီးရီးထဲက..ဟာတွေကို.. အခမဲ့ကယှဉ်မယ်ဆိုတာတော့.. ပုံပြောသလိုပဲမှတ်ပါတယ်..
    စကားအတင်းစပ်…
    မြန်မာပြည်ရဲ့ကရာအိုကေအခွေတွေ..စာတန်းထိုးတာ..ဘာနဲ့လည်းမသိ..
    အရင်ကတော့..ကျုပ်ကိုယ်တိုင်.. အာဖတာအဖက်နဲ့..လုပ်ခဲ့ဖူးတယ်..။ 🙂

    စကားအတင်းထပ်ထပ်ပြီးစပ်..
    ဂီဂီရေ..
    လျှိုစရာဘာမှကို မရှိတာခင်ဗျ..
    ဖိုတိုရှော့လာတဲ့သက်တမ်းကတော့..အနှစ်၂ဝကျော်နေပြီ..
    အာဟိ.. 😆

    • သမိန်ဂီ့

      April 20, 2012 at 12:46 pm

      ဇဂါး အတင်းစပ် …
      ကာလာအိုခေ ဆပ္ပတိုင်တယ် တွေ က
      စာလုံးပေါင်း (ဝါ) တကယ်ဆိုတဲ့ စာလုံးနဲ့ ရေးတဲ့စာလုံး
      လွဲရင် ဆင်ဆာ ကိုလား ဂီဋ အဆီးအယုံး ကိုလား …
      ဒဏ်ကြေး ပေးရတယ် ဆို …

      အဲ့လာ ဟုတ်လား သဂျီး …

      စကားရော အမျိုးပါ ..အတင်းစပ်……
      နှစ်ချို့ ဖိုတိုရှော့ပါ တယောက်နဲ့ သိခွင့်ရတာ ဝမ်းသာဂုဏ်ယူပါကြောင်း…
      ဇမ်ဒီဇိုင်း သင့်ကိင်န်း တရားလေးဒွေ နာကြားချင်ပါကြောင်း…..

      ဘက်စ် အာ့ထှစ့် ဆင်ပလီဖိုင်း တဲ့ …
      သွားလေသူဂျီး ပြောသွားတာ ….သေချာမဖတ်ရသေးဝူးဗျို့ ….
      ခုတလော အပျင်းတစ်ပီး အဲ့ဒါဂျီး ခေါင်းအုံးအိပ်နေလို့ …ရယ်…
      ဟီး…

      • manawphyulay

        April 20, 2012 at 12:56 pm

        ဘာပဲဖြစ်ဖြစ်ပါ နှစ်ယောက်စလုံး ပညာလျှိုတာက လျှိုတာပဲ.. လုပ်ပါ သင်ခန်းစာတွေ သင်ပေးပါလား.. ခုထိ ဘာမှမတတ်သေးတဲ့သူတွေအတွက် ပညာဆိုတာ မျှဝေကောင်းပါတယ်ရှင်..

        • သမိန်ဂီ့

          April 20, 2012 at 1:03 pm

          ရော် … ခက်ကပီ ….

          good artists copy, best artists steal
          အဲ့ဒါလေး အာဂုံဆောင်ထားနိုင်ရင် အိုစကေ ပါကြောင်း…

          လိုအပ်ရင် ဒါလေးပါ အလတ်ကျွတ်စ် ထား …
          there is no abstract art. you must always start with something.
          afterward you can remove all traces of reality
          [Pablo Picasso]

          တော်သေးဘီ
          ခင်တဲ့
          ဂီ
          😛

        • manawphyulay

          April 20, 2012 at 1:20 pm

          ခုမှ ပိုခက်ပြီ အင်္ဂလိပ်စာ မတတ်ပါဘူးဆိုမှ… ဒါတွေကျက်ထားဆိုတော့ အသံထွက်ပါ တစ်လက်စထဲ ရေးပေးပြီး ဘာသာလေးလည်းပြန်ပေးပါဦး။

    • water-melon

      April 20, 2012 at 9:14 pm

      သူကြီးကလည်း cyberlink power director နဲ့လည်းရတယ်လေ
      ပြီးတော့ sony ကထုတ်တဲ့ ဆော့ဝဲဘဲ နာမည်မေ့နေပြီ

Leave a Reply