Negative Sense နှင့် လူသားများ

phone_kyawApril 22, 20121min22110
‎”မင်းရေးတဲ့စာတွေက Negative Sense တွေများတယ်။ ဘယ်အရာမဆို မကောင်းမြင်တဲ့စိတ်နဲ ့မကြည့်နဲ ့ကွာ။ ငါက စေတနာနဲ ့ပြောတာပါ”

ဒီလိုမျိူးသူငယ်ချင်းက အကြံပေးလာတော့ ဟုတ်ကဲ့လို ့ပဲပြောမိတယ်။ ကျနော်လည်း Positive Sense လေးတော့ရှိပါတယ်။ သို ့သော် နေရာတကာ တချိန်လုံး လူတိုင်း နဲ ့ လုပ်ရပ်တိုင်းကို အကောင်းမြင်နေရင် ဘယ်တော့မှ ပြုပြင်ပြောင်းလဲတာ တိုးတက်တာ ရှိမှာမဟုတ်တော့ဘူး။

ဒါဆိုရင် ကျနော်တို ့လူ ့အဖွဲ ့အစည်းက တိုင်ကီထဲမှာရှိနေတဲ့ ရေသေလို ့ဘယ်တော့မှ သန် ့ရှင်းမှာမဟုတ်ပဲ ခြင်တွေပေါက်ပြီး ရောဂါတွေများသထက်များလာမှာသေချာပါတယ်။

စီးနေတဲ့ ရေဟာအမြဲတန်းသန် ့ရှင်းပါတယ်။ တက်ကြွပါတယ်။ အလှတရားနဲ ့ပြည့်စုံပါတယ်။

ကျနော်သည် သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးမဟုတ်ပါ။ တောထဲမှာနေပြီး သစ်ဥသစ်ဖုစားတဲ့ ရသေ့ရဟန်းကြီး ဘုန်းကျော်လည်းမဟုတ်ပါဘူး။ ကျနော်သည် သာမန်လူထဲက လူတစ်ဦးဖြစ်သောကြောင့် လူတွေရဲ ့ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ကိုယ့်စိတ်ထဲက ရှိတဲ့အတိုင်းပြောနေ ရေးနေတာပါ။

လူအရမ်းများတဲ့ လမ်းပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ချီးပါနေတဲ့ လူကြီးတစ်ယောက်ကို တွေ ့တိုင်း၊ အကောင်းမြင်တဲ့စိတ်နဲ ့ ဒီလိုပြောလို ့ရပါတယ်။

” သူအီးပါးတာ ရသ ရှိလိုက်တာကွာ။ မြေဩဇာတောင်ရသေးတယ်။ ပွင့်လင်းတာပေါ့ဆိုပြီး ကြံကြံဖန်ဖန် အကောင်းမြင်လို ့ရပါတယ်”

ဒါပေမဲ့ ဒီလိုပြောဖို ့ကျနော့်စိတ်က ခွင့်မပြုတဲ့အတွက် Negative Sense နဲ ့ ဒီလိုပြောမိတာကို အပြစ်ရှိတယ်လို ့ပြောရင်လည်း ခံ ဖို ့အသင့်ပါဗျာ။

“အသက်ကြီးပြီး အချိန်မစီးတဲ့လူကြီးကွာ လမ်းပေါ်မှာ ချီးပါစရာလား”

10 comments

  • ကိုရင်မောင်

    April 22, 2012 at 9:39 am

    ကိုဘုန်းကျော် အပြုသဘောဆောင်တဲ့ဝေဖန်တာတွေကို
    ကြိုဆိုပါတယ် ခင်ဗျားထောက်ပြတဲ့တချို့အကြောင်းအရာတွေ
    အတော်ကောင်းပါတယ် …
    ကိုယ်တွေတောင်သတိမထားမိတာတွေပါ ပါတယ်
    ဒါပေမဲ့အပြောအဆိုလေးတွေတော့သတိထားသင့်တယ်လို့ထင်ပါတယ်
    ဥပမာ..မင်းအဖေနေကောင်းလားလို့ပြောတာနဲ့မင်းအမေ့လင်ကြီးနေကောင်းလား
    လို့ပြောတာ ဘယ်အပြောနားထောင်လို့ကောင်းလဲဆိုတာတော့
    သတိထားသင့်ပါတယ်…

  • ရဲစည်

    April 22, 2012 at 11:04 am

    🙂 🙂
    အားလုံးက ခင်ဗျားပို့စ်တွေ ဖတ်ပြီးရင် ခင်ဗျားပေးချင်တဲ့ မက်ဆေ့ချ်က ခင်ဗျားအရေးအသားကြောင့် ပျောက်ပျောက်သွားရတယ်၊ အဲ့ဒါလေး ဘယ်လိုလုပ်ရင် ကောင်းမလဲ…… 🙁

  • ဗိုက်ကလေး

    April 22, 2012 at 11:20 am

    အူးလေးအမြင်ကို ကြိုက်ပါတယ်..
    ဒါပေမဲ့ စကားလုံးအရိုင်းတွေ သိပ်မသုံးစေချင်ဘူးဗျ
    တစ်ကယ်တော့ အူးလေးက အမိုက်ခံပြီး ဟာကွက်တွေကို ထောက်ပြပေးနေတဲ့လူပါ..
    အူးလေးတို ့ အူးအောင်ဘုတို ့လို ဘူမှ အဆဲခံပြီး ဝေဖန်လေကန်ရဲမည်မထင်..
    အူးလေးခုလို ဝန်မခံခင်ကတဲက အူးလေးသဘောထားကို ကျနုပ်ငဗိုက်အပါအဝင် အတော်များများ သဘောပေါက်လာကြမယ်ထင်ပါတယ်…
    ဒါကြောင့်.ကျနုပ်ငဗိုက်.ဘီအီးနာကျနေတဲ့အချိန်တောင် ညစ်ပြီး အူးလေးကို မဆဲချင်တော့ဘူး.
    ဆဲလဲ ငခူပြုံးပြုံးပြီး ကျေနပ်နေမယ်လို ့လဲ မြင်ယောင်ပါတယ်..
    အဲတော့..
    အူးလေးသဘောထားအတိုင်း၊ အူးလေးရေးချင်ရာ ဆက်ရေးဖို ့မျှော်လင့်ပါတယ်..
    ဂယ်တော့ ..
    အူးလေးက ရွာ့ချဉ်ဖတ် ..အဲလေ..မရှိမဖြစ်ထဲပါနေတဲ့…စေတနာရှင်တစ်ဦးပါလေ..
    သို ့ပါ၍.
    အဆဲခံပြီးဆက်ရေးပေးပါဦးလို ့….နော်..အူးလေး.
    စဂါးမစပ်..အူးလေးတူမကော..နေကန်းလားဟင်င်

  • Gipsy

    April 22, 2012 at 1:05 pm

    ကိုဘုန်းကျော်ကြီးလဲ အခုဆိုရင် ရွာထဲမှာ နာမည်ကျော် ရွာသား အရင့်အမာကြီး
    ဖြစ်နေပါပြီ…
    တခြားပို့စ် လေးတွေကိုလည်း ကွဲပြားခြားနားတဲ့ comment လေးတွေနဲ့ ပြုပြင်ပေး
    ဝေဖန်ပေးပါဦး…
    တကယ်တော့ ခင်ဗျားဂျီးရဲ့ idea ကို အကြိုက်သား….။

  • MTY

    April 22, 2012 at 2:05 pm

    ဟုတ်ပါ့ဗျာ @ကိုရင်မောင် ဗိုက်ကလေး ရဲ့Commentကိုအပြည့်အဝထောက်ခံမှုပြုပါရစေ
    အပြောအဆိုအရေးအသားကအရေးကြီးတာသိရှိပြီးဖြစ်ကြမှာပါ။
    Post တင်သူကတင်တယ်..မကျေနပ်လဲပြန်ရေးပေါ့ဗျာ၊ကိုယ့်အမြင်လဲရေးနိုင်နေတာဘဲ
    အစိုးရသတင်းစာလိုသူရေးကမျှငုတ်တုပ်ထိုင်ဖတ်နေရတာမှမဟုတ်တာ။ကိုယ့်ရှုထောင့်
    လဲရေးနိုင်ရက်နဲ့Commentလဲရေးနိုင်ရက်နဲ့အလကားရင်းညစ်ငြမ်းစွာဆဲ
    နေတာပိုဆိုးပါတယ်။အရက်ဆိုင်မှာအရက်သောက်ရင်းဆွေးနွေးနေတာလဲမဟုတ်။
    အရက်ဆိုင်၊ငါးစိမ်းတန်းမှာဆဲနေတာမဟုတ်၊မီဒီယာမှာရေးနေတာလေ၊
    ဘယ်လောက်ဒေါသထွက်နေပါစေ..ပါးစပ်ကသာလွှတ်ကနဲထွက်သွားတာဖြစ်ချင်ဖြစ်မယ်၊
    အခုကစကားပြောနေတာမဟုတ်ဘူးလေ။လက်နဲ့ရေးနေတာ..Computerမှာ။

    ဂျာနယ်တစ်စောင်မှာတွေ့တဲ့UNCIFကထုတ်ပြန်ထားတာလေးပြန်ရေးပြပါရစေ၊
    (CommentမှာScanဆွဲထားတဲ့ပုံမတင်တတ်လို့ပါ။)
    မိသားစုတွင်းကြမ်းတမ်းစွာဆက်ဆံပြောဆိုမှုတို့သည်ကလေးများအားနည်းပေါင်းစုံဖြင့်ထိ
    ခိုက်စေနိုင်ပါသည်။ကလေးများသည်မြင်သမျှကိုအတုယူကြီးပြင်းလာလိမ့်မည်ဖြစ်၊
    မိမိသည်စံနမူကောင်းဖြစ်ရန်လိုအပ်ပါသည်။
    အဲဒီတော့မီဒီယာမှာဆဲဆိုနေကြတာတော့ကိုယ့်အဆင့်ကို်ဖေါ်ပြနေသလိုဘဲ။

    ဘယ်လိုမိသားစုမျီုးဆိုတာ…
    Post တင်သူနံမည်ပါနေတာဘဲဗျာ…မကြိုက်ရင်ဝင်မဖတ်နဲ့ပေါ့..

  • မဟာရာဇာ အံစာတုံး

    April 22, 2012 at 2:46 pm

    များသောအားဖြင့် လူတွေမှာ အကောင်းနဲ့ အဆိုးဟာ ဒွန်တွဲပြီး ရှိနေကြတာပါ ..
    အကောင်းချည်းပဲ ရှိဖို့ မလွယ်သလို၊ အဆိုးကြီးပဲ ရှိနေတာလည်း ရှားပါတယ် …
    ဒီတော့ ကိုယ်စိတ်ထင်တိုင်း တစ်နည်းအားဖြင့် Negative Sense နဲ့ပဲ ကြည့်ပြီး မပြောသင့်ဘူးလို့ ကျနော်ကတော့ ထင်ပါတယ် …

    ကျနော် မှတ်သားမိတဲ့ စကားစုလေး နှစ်ခုတော့ ရှိတယ် ..
    “ကိုယ်နှင့်လည်းစာ သတ္တဝါကို ကြင်နာလှစေ သူ့အသက်ကို ချစ်ပါလေ” ဆိုတာနဲ့ …
    “လူတွေဟာ အုန်းသီးလောက် ကြီးတဲ့ ကိုယ့်အပြစ်ကို မမြင်တတ်ဘဲ နှမ်းစေ့လောက် ရှိတဲ့ သူတစ်ပါး အပြစ်ကိုတော့ မြင်တတ်တယ်” ဆိုတာပါပဲ …

    ဒါလေးတွေကတော့ ကျနော့်ရဲ့ ထင်မြင်ချက် လေးတွေပါပဲ အူးဘုန်းရေ …

    • shwe kyi

      April 22, 2012 at 11:10 pm

      မဟာရာဇာ အံစာတုံးကို လုံးဝ ထောက်ခံပါတယ်။

  • Ko out of...

    April 23, 2012 at 8:53 am

    phone kyaw ရေ လူအများစုက အကောင်းမြင် အဆိုးမြင်ကို တော်တော် သုံးနှုန်းကြတယ်..

    ကျွန်တော်လည်းဘဲ အကောင်းမြင်ဟာ လမ်းဆုံးမဟုတ်ဘူးလို့ မြင်ပါတယ်…သူတို့စိတ်ကို ဖြေဖျောက်လိုကြလို့ အကောင်းမြင်လို့ပြောနေကြတာ

    တကယ်တော့ အမှန်မြင်တဲ့ အထိသွားရမှာ.. အဆိုးမြင်ဟာ ” ဒေါသ” နဲ့ဖက်တွယ်ပြီး… အကောင်းမြင်ဟာ သိမ်မွေ့တဲ့ ” လောဘ” နဲ့ ဖက်တွယ်တယ်လို့ မြင်ပါတယ်…

  • Onyx

    April 23, 2012 at 10:08 am

    အကောင်းမြင် အဆိုးမြင်ဆိုတာထက် ဘက်စုံက နေကြည့်ပြီးပြောတော့ ပိုကောင်းတာပေါ့ဗျာ ။နို့ အထက်ဟိုလူကြီးများပြောသလို အပြောလေးသာ ပြေပြေပျစ်ပျစ် သာရှိ ပိုမကောင်းလား ။
    အကောင်းမြင်မြင် အဆိုးမြင်မြင် အမှန်မြင်ဖို့ အရေးကြီး သဗျာ

Leave a Reply