Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စုံထောက်အောင်တိုက် နှင့် ကြောင်ဝတုတ်ဂိုဏ်း (၁၁)

အငှားကားလေးတစ်စီး ကန်တော်ကြီးပတ်လမ်းကို မောင်းနှင်လာသည်… ထို့နောက် White Rice စားသောက်ဆိုင်ရှေ့တွင်ရပ်လိုက်သည်…

အပေါက်ဝတွင် စောင့်နေသောကောင်လေးတစ်ဦးမှ ကားတံခါးကို ပြေးဖွင့်သည်…

ကားပေါ်မှဆင်းလာသော ဘိန်းစားတစ်ဦး နှင့် ရသေ့တစ်ဦးကို တအံ့တဩကြည့်လိုက် သည်…

သူတို့နှစ်ဦးလည်း စားသောက်ဆိုင်အတွင်းသို့ ခပ်တည်တည်ဝင်ရောက်ပြီး စားပွဲတွင် ဈေးကြီးသောအစားအစာများကို မှာယူစားသောက်သည်…

ဘိန်းစားပေါက်ဖော်မှာယူစားသောက်နေသလောက် ဘေးနားမှရသေ့ကြီးမှာ အအေးသံဗူး တစ်ခွက်ဖြင့် ဥပုဉ်တည်ပြီး ဘိန်းစားပေါက်ဖော်နဲ့ စကားပြောနေတော့သည်…

ထိုစဉ် ရသေ့ကြီး၏ အတွင်းခံအကျီ င်္ထဲမှ တယ်လီဖုန်းမြည်လာလေတော့သည်…

 

“ဟုတ်ပြီ… ဟုတ်ပြီ… ဟုတ်ပြီ…”

 

သုံးခွန်းပြောပြီး ဖုန်းချလိုက်သည်… ဘိန်းစားပေါက်ဖော်ခေါင်းမဖော်တမ်းစားနေရာမှ မော့ကြည့်လိုက်ပြီး…

 

“အရှေ့ကျွန်း” ဟုပြောရင်း မျက်လုံးကိုပင့်မေးလိုက်သည်….

 

“ အရှေ့ကျွန်းမဟုတ်တော့ဘူး… ဘူမိနက်သံကိုရောက်နေပြီ…”

 

ဘိန်းစားပေါက်ဖော်သည် မထိတထိဖြင့် ရသေ့ကြီးကိုပြုံးပြပြီး စားလက်စကျောက်ပုဇွန်ကို ဆက်ကိုက်နေတော့သည်…

ထိုစဉ် ဆံပင်စုတ်ဖွားလူငယ်လေးတစ်ယောက်နှင့် ဂစ်ကန်ကန်ပုံစံပေါက်နေသော မိန်းခလေးငယ်တစ်ယောက် ဆိုင်အတွင်းသို့ ဝင်လာပြီး ဘိန်းစားပေါက်ဖော်တို့ မလှမ်းမကမ်းစားပွဲတွင် ဝင်ထိုင်ပြီး စားသောက်စရာများမှာယူစားသောက်နေလေသည်…

စားသောက်ဆိုင်အတွင်းတွင်ကား လူရှင်းလျက်ရှိနေပြီး စုစုပေါင်း စားပွဲ (၃)ဝိုင်းခန့်သာရှိ နေပါသည်…

 

ထိုနှစ်ယောက်ဝင်လာသောအခါ ဘိန်းစားပေါက်ဖော်မှ ရသေ့ကြီးအား…

 

“ဗျို့ရသေ့ကြီး… ခင်ဗျားပါဏာတိပါတာကို ရှောင်ထားတယ်မဟုတ်လားဗျ…”

 

“ရှောင်ထားတယ်ဆိုတာလဲ သတ္တဝါတွေအတွက်ပါဗျာ… တကယ်လို့သတ္တဝါက ကျေးဇူးမသိတတ်ပဲ ကိုယ့်အသက်ကို ရန်ရှာရင်ဖြင့် ကျုပ်ဖြင့် ပုထုဇဉ်ပဲကိုးဗျ… ကိုယ့်ကိုကိုယ်တော့ ကာကွယ်ရမှာပေါ့…”

 

“ အဲဒါဆိုလဲ…ရသေ့ကြီးရေ… အသက်ဘေးလွတ်ရန်သာ ပြေးပေတော့…”

 

ထိုစဉ် ဧည့်ကြိုကောင်မလေး၏ မင်္ဂလာပါဆိုသော အသံနှင့်အတူ ကုတ်အကျီ င်္အရှည်ကို ဟန်ပါပါဝတ်ထားပြီး ဆံပင်ဂုတ်ဝဲခန့်နှင့် ဖိနပ်ချွန်ချွန်စီးထားသော လူတစ်ဦးဝင်လာပြီး

စားသောက်ဆိုင်အတွင်းသို့ရောက်ရောက်ခြင်း ကုတ်အကျီ င်္အတွင်းမှ သေနတ်ကိုထုတ်ပြီး ဆံပင်စုတ်ဖွားနှင့်ကောင်လေးရှိရာစားပွဲသို့ အမှတ်တမဲ့ပစ်ထည့်လိုက်သည်… ဆိုင်အတွင်း ရှုပ်ရှက်ခပ်သွားပြီး၊ စားပွဲတွင်ရှိသော ကောင်လေးနှင့် ကောင်မလေးမှာလဲ ကုတ်အကျီ င်္နှင့် လူကို အပြန်အလှန်ပစ်ခတ်သေးသည်…

သို့သော် အငိုက်မိသွားသည်ကတစ်ကြောင်း၊ လက်ရည်ချင်းမမျှသည်ကတစ်ဖုံနှင့် စားသောက်ဆိုင်အတွင်းမှ ထွက်ပြေးရလေတော့သည်… ဘိန်းစားပေါက်ဖော်နှင့် ရသေ့ကြီးလဲ ဘေးကင်းရာတွင် ပုန်းအောင်နေရမှထွက်လာသောအခါ…

 

ရသေ့ကြီးမှာ ကုတ်အကျီ င်္ဝတ်သေနတ်သမားအား သေချာကြည့်ပြီး ဝမ်းသာအားရခေါ်လိုက်သည်…

 

“ သမိန်ဂီ ”

 

“ ကိုရင်စည်သူ ”

 

ဘိန်းစားပေါက်ဖော်မှာ သွားတက်များ ပေါ်အောင်ပြုံးပြီးနောက်…

 

“ လက်ရုံးရည်ရော၊ နှလုံးရည်ပါသာလို့ ဂိုဏ်းချုပ်ဖြစ်တယ်ဆိုမှဖြင့် လေးစားစရာပါ့… ကိုရင်စည်သူကတော့ အမြဲပြောလို့ ခင်ဗျားအကြောင်းကြားဖူးပါတယ် သမိန်ဂီ… ကျုပ်ကတော့ ကြောင်ဝတုတ်ရဲ့ ရန်ကုန်အထိုင်သတင်းစုဆောင်းသူပေါ့… ကျုပ်ကို ကြောင်ဝတုတ်က အိပ်ရင်းနဲ့စဉ်းစားဖို့ ပိုက်ဆံတွေနဲ့ ဘုံကျောင်းတစ်ခုကို စီစဉ်ပေးထားတယ်…. လိုက်ခဲ့ဖို့လဲ ဖိတ်ခေါ်တယ်ဗျာ…”

 

“ နှူးဘာဂိုဏ်းနဲ့ ကြောင်ဝတုတ်ဂိုဏ်းဆိုတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အတူယှဉ်တွဲနေထိုင်လာကြတဲ့ ဂုဏ်သိက္ခာရှိဂိုဏ်းတွေဖြစ်သလို ကျွန်တော့်သူငယ်ချင်း ကြောင်ဝတုတ်အရေးနဲ့ ပတ်သက်လာတော့ အရှေ့ကျွန်းမှာမနေနိုင်ပဲ ပြေးလာရတော့ တာပေါ့… ဒါထက် ခင်ဗျားတို့ကြောင်ဝတုတ်ဂိုဏ်းပြသနာဖြစ်နေပြီထင်တယ်… ခုန (၂)ယောက်က ကြောင်ကြီးနဲ့ လက်ရုံးနှစ်ဆူဖြစ်တဲ့ ကြောင်လတ်နဲ့ ကြေးမလောင်… ကျုပ်ရောက်တာနောက်ကျရင် ခင်ဗျားတို့တော့ သွားပြီ”

 

“ အခုနောက်ဆုံးအနေအထားအရ ကြောင်ဝတုတ်အပါအဝင် ဂိုဏ်းမှာ ကြောင်ကြီးကို အံတု နိုင်သူမှန်သမျှကိုလဲ ဖမ်းဆီးထားတယ်… အချိန်တော့သိပ်မရှိတော့ဘူး… ရဲတို့ ထောက်လှန်းရေးတို့မရှုပ်ခင် လစ်ကြရအောင်…”

နူးဘာဂိုဏ်းချုပ် သမိန်ဂီ၊ ဘိန်းစားပေါက်ဖော်နှင့် ရသေ့ကြီး ကိုရင်စည်သူတို့ (၃)ဦးသည် လသာလမ်းရှိ ဘုံကျောင်းကြီးအား အငှားကားဖြင့်အပြေးပြန်ရောက်လာပြီး၊ လူ(၃)ဦးနှင့် မောင်အာဂ၊ နွယ်ပင်တို့ ဆုံတွေ့ကြတော့သည်…

 

“ မနက်ဖြန်ဆိုရင် ကြောင်ကြီးက ရန်ကုန်မှာ တစ်နှစ်တစ်ခါ ရွှေတိဂုံအောင်မြေကိုလာနင်း တယ်… မြန်မာပီပီပေါ့… အဲဒီအချိန်မှာ နှူးဘာဂိုဏ်းနဲ့ ရန်ကုန်မှာရှိတဲ့ကြောင်ဝတုတ်ကို လိုလားသူတွေက ကြောင်ကြီးကို လုပ်ကြံမယ်…”

“ အခုတော့ ဒီကရသေ့ကြီးကတော့ ကိုရင်စည်သူလို့ခေါ်တယ်… နှူးဘာဂိုဏ်းနဲ့ ကြောင်ဝတုတ်ဂိုဏ်းတို့ရဲ့ အခါတော်ပေးဆရာကြီးပဲ… အဲဒီဂိုဏ်းတွေအပြင် နိုင်ငံတော် အဆင့်အထိပေါက်ရောက်တဲ့ရသေ့ကြီး…အဲဒါကြောင့် ဦးဘလက်ချောက မင်းတို့ကို ကိုရင်စည်သူကိုရအောင်ရှာခိုင်းတာပဲ “

မောင်အာဂနှင့်နွယ်ပင်တို့သည် ဦးဘလက်ချောနှင့် ရန်ကုန်မြို့တွင်ရှိကြသော ထူးထူးဆန်းဆန်း အဖွဲ့သားများနှင့် ကြောင်ဝတုတ်ဂိုဏ်းအဆက်အနွယ်များကို တအံ့တဩ ကြည့်နေရင်း…

“ ကဲ…ဟေ့လူတွေ ခဏနေကျရင် ကျုပ်တို့နောက်ကို ရဲတွေလိုက်လာလိမ့်မယ်… နောက်တစ်ခုက စုံထောက်အောင်တိုက်ဆိုတဲ့တစ်ယောက်ကိုတော့ တော်တော်ဂရုစိုက် ရမယ်… သူလိုက်သမျှအမှုတော်တော်များများ မပေါ်တာမရှိဘူးဆိုတော့ ကျုပ်တို့လဲ သူနဲ့တွေ့ရင် မိသွားနိုင်တယ်… လောလေဆယ် သမိန်ဂီက သေနတ်နဲ့ပစ်ထားတာဆိုတော့ ရှောင်နေဖို့တော့လိုလိမ့်မယ်… အဲဒီအတွက် နောက်ထပ်ဂိုဏ်းသားတစ်ဦးဖြစ်တဲ့ အငြိမ့် မင်းသမီးဆူးခက်အိမ်ကိုသွားတာဟာ အလုံခြုံဆုံးအခြေအနေကို ရနိုင်တယ်…”

 

ထိုသို့ တိုင်ပင်ပြီးနောက် မင်းသမီးဆူးခက်အိမ်ဖြစ်သော ဆူးဝင်နီခြံကြီးသို့ (၅)ဦးသား ရောက်ရှိလာခဲ့သည်… အိမ်သို့ လူခေါ်ခေါင်းလောင်းလေးဆွဲလိုက်သောအခါ အိမ်တော်ထိန်း အမျိုးသမီးကြီးတစ်ဦးထွက်လာသောအခါ ဘိန်းစားပေါက်ဖော်မှ… ဆေးလိပ်ဖင်ဆီခံတစ်ခုကိုထုတ်ပေးလိုက်သည်… ထိုအခါ အိမ်တော်ထိန်းမိန်းမကြီးမှ ဆေးလိပ်ဖင်ဆီခံလေးကိုယူပြီး အိမ်အတွင်းသို့ပြန်လည်ဝင်ရောက်သွားခဲ့သည်…

ငါးမိနစ်ခန့်ကြာသောအခါ ပြန်ထွက်လာပြီး…

“သခင်မလေးက ရှင်တို့ကိုမသိဘူး… နောက်ပြီးတော့ မင်းသမီးအိမ်မှန်းသိလို့ မနှောက်ယှက်ပါနဲ့ဆိုပြီး တစ်ခါတည်းမှာလိုက်တယ်ရှင့်..”

 

“ဘာ….ဒီမိန်းမ ခြေလှမ်းတွေပျက်နေပြီဆိုတာ အရင်ကတည်းက ကျုပ်ရိပ်မိတယ်…” ဆရာဘလက်ရဲ့ပြုစုပျိုးထောင်မှုတွေကိုမှ မထောက်ထား… သူဒီဘဝရောက်တာ ဆရာဘလက်ပြုစုပေးလို့….တောက်”

ဘိန်းစားပေါက်ဖော်..မကျေမနပ်ဖြင့်တက်ခေါက်လိုက်သည်…

“ထားလိုက်ပါတော့ ပေါက်ဖော်ရေ… လောလောဆယ်ကျုပ်တို့ အန္တရာယ်ကင်းဖို့က ပိုပြီးတော့အရေးကြီးသဗျာ… နောက်တစ်နေရာဆက်ရှာကြည့်ဦးစို့ဗျာ…”

“ အဲဒါဆိုရင် ကျုပ်သောက်နေကျ ရှစ်မိုင်က ဟိုင်နန်ဆိုတဲ့အရက်ဆိုင်ရှိတယ်… ဒီညမိုးလင်းသောက်ပြီးတော့ ခိုအောင်းကြတာပေါ့ဗျာ… ရဲဆိုတဲ့ ခပ်ညံ့ညံ့ကောင်တွေက အရက်ဆိုင်မှာဆို သတိမမူပဲဖမ်းမိမှာမဟုတ်ဘူး… ကျုပ်တို့တရုတ်တွေပြောနေကျလိုပေါ့…အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးပဲဆိုတာလေဗျာ…”

“အိုကေ…အဲဒါဆို ကျုပ်တို့သွားကြမယ်… ဦးဘလက်တို့ကို အရင်ကယ်ပြီးမှ မင်းသမီးဆူးခက် ကျုပ်တို့အပေါ်သစ္စာမဲ့ကြောင်း ဦးဘလက်ကို ပြောပြပြီး အရေးယူခိုင်းရမယ်… ကျုပ်တစ်သက်မကြေဘူးဗျာ…”

 

ခင်တဲ့-

ကြောင်ဝတုတ်

12 comments

  • သူရဇော်

    April 27, 2012 at 2:01 pm

    အမယ်လေး ဟိုင်နန်ကို အသဲအသန်သိချင်တာကိုသိပီတော့ ဇာတ်ကောင်တွေအရက်သောက်ဖို့ အရက်ဆိုင်ရှာပေးချင်တာကိုး တက်လဲတက်နိုင်ပါပေ့ကိုဖက်ကပ်ရယ်…….ဇာတ်ရှိန်မြင့်လာပီဗျို့

    • Thel Nu Aye

      April 27, 2012 at 2:24 pm

      အော်အေ။ ဇာတ်လမ်းမဖတ်ပဲအရက်ဆိုင်ပဲဖတ်နေတာကိုး။ ဒွတ်ခဒွတ်ခ။ ကျေးဇူးပါဖက်ဖက်ကက်ရေ။ အရမ်းမဝေးပဲတင်လို့။ ကောင်းခန်းရောက်နေပြီမို့မပျက်မကွက်ကလေးပါ။

  • ဆူး

    April 27, 2012 at 2:25 pm

    ဘိန်းစား ပေါက်ဖော် ကျောက်ပုဇွန်ထုတ် ကုန်အောင် မစားသွားရရှာဘူးပေါ့နော်။

  • kyeemite

    April 27, 2012 at 3:05 pm

    အော်..ဟိုင်နန် ထိုင်ပြန် ယိုင်ပြန် လုပ်ကြမလို့ဂိုး..
    ပေါက်ဖေါ်ကလူလည်ကွ..နေ့ပိုင်း ဘိန်းနဲ့မှိန်းပီး
    ညပိုင်းကျ အရက်ဆိုင်သွားပုံးဘို့ အကြံပေးတယ်
    ဘာတဲ့ ..ကျုပ်တို့တရုတ်တွေပြောနေကျလိုပေါ့…အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးပဲဆိုတာလေဗျာ…”
    အော် တတ်လဲတတ်နိုင်တဲ့ပေါက်ဖေါ်ပေဘဲ..

  • Novy

    April 27, 2012 at 3:21 pm

    နောက်ကျမှု့မရှိရလေအာင် ဖတ်ပြီးသွားပါပြီဗျို့

  • ဗိုက်ကလေး

    April 27, 2012 at 3:25 pm

    ဒီဇာတ်လမ်းထဲပါရတာ တယ်နိပ်သဗျာ..
    ဘိန်းလဲစားရတယ်..ကျောက်ပုဇွန်လဲ မြည်းရတယ်..
    ဟော.ခုလဲကြည့်
    ညလုံးပေါက် ဘလက်လေဘယ် သောက်ရတော့မယ်
    ဂွတ်ရှယ်ဘဲ အူးလေးတို ့ရဲ့

  • Shwe Tike Soe

    April 27, 2012 at 4:04 pm

    အပြင်မှာ သွားရတာ မဝသေးတော့ ဝတ္ထုထဲမှာတောင် အရက်ဆိုင်မှာ ညအိပ်သောက်မယ်တဲ့…… ကြွက်တွင်းကြောင်ဖက်ပဲ…
    အရက်နဲ.ရေနဲ. မှားနေတာနေမှာ…. ဟိဟိဟိဟိ…..
    အောက်ကိုဖက်ကပ်ခမျာ အရက်ကိုသောက်ချင်လိုု.သောက်နေရှာတာမဟုတ်ပါဘူး… အရက်သောက်တဲ့သူတွေ ပိန်တယ်ပြောလို. သူခမျာ ပိန်ချင်ရှာလွန်းလွန်းလွန်းလို. အရက်ကိုမသောက်ချင်ပဲသောက်နေရရှာတာပါ……. သနားထာအေ……. 😀

    မင်းသမီးဆူးခက်ထွက်မတွေ.တာလဲ အဲဒါတွေကြောင့်ပေါ့… ဘယ်နှယ့်သွားတဲ့သတွေကြည့်အုံး ကိုရင်စည်သူ၊ ပေါက်ဖော် မပေါက်လဲ ဖော်တာပါပဲ…၊ပေါင်သလုံးလေးနဲ. ကိုကို၊ မြှောက်မြှောက်ပေးတဲ့ မနွယ်ဘင် က လဲ ပါသေးဒယ်လေ…
    ဘယ်တွေ.ရဲမလဲအေ……

  • Mon Kit

    April 27, 2012 at 4:27 pm

    “” စုံထောက်အောင်တိုက်ဆိုတဲ့တစ်ယောက်ကိုတော့ တော်တော်ဂရုစိုက် ရမယ်… သူလိုက်သမျှအမှုတော်တော်များများ မပေါ်တာမရှိဘူးဆိုတော့ ကျုပ်တို့လဲ သူနဲ့တွေ့ရင် မိသွားနိုင်တယ်…””

    စုံထောက်အောင်တိုက်ကို အလိုရှိသည်… အမှုအပ်ချင်လို့ဘာ…..မွန်ကစ် သွားကြားထိုးတံလေး ပျောက်သွားရို့……… 😀

  • R Ga

    April 27, 2012 at 4:30 pm

    ငါ့တို့ လင်မယားကတော့ ဘိန်းစားဆီသွားရ ။ ဓာတ်ပုံရိုက်ရ..။ အရက်ဆိုင် ထိုင်ရနဲ့ အတော်လေးအလုပ်များပြီး ကလေးတောင်ယူဖို့ အချိန်မရှိတော့ဘူး။ ဘာပဲပြောပြော ဦးဘလက်ပေးတဲ့ ဒေါ်လာ တစ်သိန်းက အပြင်မှာ သုံးလို့ရရင်ကောင်းသား။ ရွာထဲက ဂိုဏ်းသားတွေကို နေ့တိုင်း အမူးတိုက်ချင်ပဘိ။

  • Inz@ghi

    April 27, 2012 at 5:13 pm

    ဝဋ်လိုက်ပီ ထင့် ….

    မဖတ်ဘဲလည်း မနေနိုင်
    အာဟိ …ဒက်ဂလောက်

  • ဦးဦးပါလေရာ

    April 28, 2012 at 12:08 am

    ၁၁ပိုင်းအထိ အရှိန်မပျက်သယ်လာတာ တော်လိုက်တာ…
    ပြဿနာက မနက်ဖန် စနေတနင်္ဂနွေခံသွားပြန်ပြီ..။
    ဖက်ဖက်ကက်ကလဲ မဟုတ်တဲ့နေရာ ပိတ်ရက်မရေးဘူးဆိုတဲ့ အဓိဌာန်မြဲမြံနေတယ်…
    ဆိုးပါ့………

  • စော်ဘွားလေး မောင်မာန်ခ

    April 28, 2012 at 1:12 am

    လောလောဆယ်တင်နိုင်သေးဘူးတဲ့ဗျို့……ကိုဖက်ကြီးမန်းလေးတွားမယ်တဲ့……
    နောက်နှစ်ရက်စောင့်ပါရန်တဲ့…….ဟိဟိအထုပ်ဖြေလိုက်ပြီကိုဖက်ရေ………
    လက်ပကျွတ်လေးတော့သွားရှာပေါ့ကိုဖက်ရေ……..ဟဒ်ဒစ်လွတ်သွားတယ်ဗျမရှိဘူးဆိုပြီးပြနေတယ်….
    တေဘာဘီကုန်ဘာဘီ………..အဟင့်….. 😥 😥 😥

Leave a Reply