ငယ်ရွယ်စဉ် သစ်မွှေးပင်တွင် ဖြစ်တတ်သည့်ရောဂါလက္ခဏာများနှင့် ကုသနည်းများ
ရောဂါ လက္ခဏာ | အကြောင်း အရင်း | ကာကွယ်နည်း၊ ကုသနည်း။ | ||
ရွက်ဖျား၊
အနားသတ် တို့တွင် ညှိုးခြောက် ခြင်း….. |
|
အရိပ်ရပင်(ငှက်ပျော)ကို ၃’အကွာ ၂~၃ပင်ခန့် စိုက်ပေးခြင်း (သို့) ပိတ်စိမ်းကျဲမိုးပေးခြင်း။
အပင်အောက်ခြေပတ်လည်တွင် ကောက်ရိုး၊ သစ်ရွက်ဆွေး၊ ဝါးရွက်ဆွေးတို့ ဖြန့်ခင်းပေးခြင်း။ နွားချေး(ဆွေး)သုံးခြင်း၊ ဓါတ်မြေဩဇာလိုသလောက်သာသုံး ခြင်း၊ အပင်ခြေမှအနည်းငယ်(၄”ခန့်)ခွာ၍ မြေဆီကိုပုံခြင်း။ စပ်ပြီးသောမြေဆွေးကို မြေကြီးတဆရော၍ မြေပြန်ပြင်ခြင်း။ ထုံးဓါတ်များသောရေကို ကျောက်ချဉ်ဖြင့်အနည်ထိုင်စေခြင်း၊ ရေမလောင်းမီ ရေစင်တွင် ၁၂နာရီခန့် အနည်ထိုင်စေခြင်း၊ pH level မှန်စေရန် အချဉ်ဖောက်ရည်အသုံးပြုခြင်း၊ |
||
အောက် ရွက်များမှ စ၍ တဖြည်း၂ ကြွေကျခြင်း၊
ရုတ်ခြည်း အရွက်များ ကြွေကျခြင်း |
|
လိုအပ်သောပမာဏကို လိုအပ်သည့်အချိန်တွင် ပုံမှန်ထဲ့ပေး ခြင်း။ (အထက်မှ မြေဩဇာအပူလောင်ခြင်းတွင်ကြည့်)
အစာချက်ရန် နေရောင်လိုသည့်အတွက် အပင်ကြီးထွားလာ သည်နှင့်အမျှ နေရောင်ပိုမိုရရှိစေရန် ဖန်တီးပေးခြင်း။ မနက်ပိုင်းကိုသာရေလောင်းရန်၊ ရာသီကိုလိုက်၍ လိုသလို ရေကိုပေးခြင်း(မများလွန်း၊ မနည်းလွန်း)။ နေရာရွေ့ပြောင်းမှု၊ ဥတုဖောက်ပြန်မှုတို့ကြောင့် ဖြစ်တတ်၍ ဥတုလိုက်ပြီး သင့်တင့်သောပတ်ဝန်းကျင်ဖြစ်ရန်ဖန်တီးခြင်း။ |
||
အရွက်များ
ဆက်တိုက် ကြွေပြီး နောက် ရွက်သစ်များ တွန့်လိမ် သေးကွေး ခြင်း
|
ရောဂါပိုးဝင်၍ သေခါးနီး အပင်များ ပြန်ရှင်သန် လာရာမှ ယခုကဲ့သို့ ဖြစ်ခြင်း၊ | မြေဆီပြန်၍ ပြုပြင်ပေးခြင်း၊ ရွက်ဖြန်းအားဆေးဖြန်းပေးခြင်း၊ နေရောင်ခြည် မျှတစေရန် ပြုလုပ်ပေးခြင်း၊ လောင်းရိပ်မိခြင်း တို့မှ ကာကွယ်ပေးခြင်း၊ ပေါင်းမြက်များရှင်းလင်းပေးခြင်း၊ ရေကို လိုအပ်သလိုပြန်လည်ထိန်းညှိပေးခြင်း စသဖြင့် ပြုပြင်ပေးပါက သေရွာပြန်အပင်များ ပြန်လည်ကျန်းမာလာပါ လိမ့်မည်။ (မီးခိုးငွေ့၊ ဓါတုအဆိပ်အနံ့၊ ပိုးသတ်ဆေးပြင်းတို့ ကြောင့်လည်းဖြစ်တတ်၍ တတ်နိုင်သမျှ ရှောင်ရှားရန်။) | ||
ရောဂါ လက္ခဏာ | အကြောင်း အရင်း | ကာကွယ်နည်း၊ ကုသနည်း။ | ||
အရွက် တွင် အစက် အပြောက် ဖြစ်ခြင်း၊ |
|
ရာသီဥတုကိုမူတည်၍ ရေကိုထိန်းလောင်းခြင်း၊
တက်နေကိုသာထိစေ၍ ကျနေကို ကာကွယ်ပေးခြင်း၊ ဆောင်းတွင်းတွင် လောင်းရိပ်များ၊ပေါင်းများရှင်းလင်းခြင်း၊ စိုထိုင်းဆများလွန်းမှု၊ ရေဝပ်မှုများကိုထိန်းသိမ်းပေးခြင်း၊ ဓါတု အဆိပ်ပိုးသတ်ဆေး အလွန်အကျွံ မသုံးစွဲခြင်း၊ |
||
အရွက် သစ်များ ညှိုးကျ ခြင်း |
နှင်းကိုက်ခြင်း
|
အပေါ်တွင်ကြည့်။
အပေါ်တွင်ကြည့်။ ပူပြင်းချိန်တွင်ရေကိုပိုလောင်းခြင်း။(နံနက် ၆-၈နာရီ) ရေထိန်းလောင်းခြင်းအပြင်၊ဘိစပ်ရွက်အချဉ်ဖောက်ရည်သုံးခြင်း၊ အမိုးအကာလိုသလိုထိန်းပေးခြင်း။ (အပေါ်တွင်ကြည့်) |
||
တပင်လုံး ညှိုးကျ ခြင်း |
|
ပျိုးပင်များမြေချစိုက်ရာတွင် အမြစ်မနာစေရန်သတိထား ပြု လုပ်ရမည်။ ထိခိုက်မိခဲ့လျှင်အပင်သေစေနိုင်သည်။ အချဉ်ဖောက်ရည်သုံးခြင်းဖြင့် %အချို့ကာကွယ်နိုင်၏။
အပေါ်တွင်ကြည့်။ အပေါ်တွင်ကြည့်။ အပေါ်တွင်ကြည့်။ (အရွက်အချဉ်ဖောက်ရည်သုံးပါ။) |
||
အရွက် ညှိုးကျခြင်း |
|
နေရောင်လုံလောက်စွာရရန် လောင်းရိပ်တို့ဖယ်ရှားခြင်း၊ မျှတသော လေဝင်လေထွက်ရရှိရန် ဖန်တီးပေးခြင်း။ | ||
မှတ်ချက်။ ။ ပျိုးပင်များ သေဆုံးခဲ့လျှင် ချက်ချင်းဖယ်ခြင်းသည် အခြားအပင်များ
သို့ မကူးစေရန် အကောင်းဆုံးနှင့် အထိရောက်ဆုံး ကာကွယ်နည်း ဖြစ်သည်။ |
2 comments
ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်
April 30, 2012 at 3:43 pm
ကျေးဇူးအများကြီးတင်ပါသည်၊ စိုုက်ရန်ရည်ရွယ် ထားပါသဖြင့် အသင်၏ စေတနာသည်ကား
အဖိုးမဖြတ်နိုင်အောင်ရှိလှပေစွ ။
လိုအပ်ပါက အသင်၏ သန်လျင်ခြံသို့ လေ့လာ ပါလျှင် ကြည်ဖြူစွာ ကြိုဆိုလိမ့်မည်ဟု
ယူဆလိုက်မိပါတော့သည်။
Wai Aung
May 2, 2012 at 8:20 am
ဟုတ်ကဲ့ပါ
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
သစ်မွှေးစိတ်ဝင်စားသူမည်သူမဆို လေ့လာနိုင်ပါတယ်။
ဒါပေမဲ့ ကျနော်နဲ့ တွေ့ဖို့ဆိုရင်တော့ အစိုးရရုံးပိတ်ရက်တွေ၊ စနေ၊တနင်္ဂနွေတွေမှာ လာခဲ့နိုင်ပါတယ်။
ကျနော်မရှိရင်တော့ အပင်အကြောင်း သိပ်မရှင်းပြနိုင်လို့ပါ။
လိပ်စာကို ထပ်ရေးပေးလိုက်ပါတယ်။
ခင်မင်တဲ့
ကိုဝေအောင်
ခြံလိပ်စာ- သန်လျင်-ကျောက်တန်းကားလမ်းမဘေး(ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ ပျဉ်ထောင်ချောင်းရွာ၊ နတ်စင်ကုန်း မှတ်တိုင် (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်) တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……
Ph: 09 49348896, 09 73070035.