အင်တာနက် ဇာတ်လမ်း

htet wayMay 7, 20121min30518

ကျွန်တော်က အင်တာနက်ဆိုတာကို စိတ်ဝင်စားပါတယ်။ကိုယ့်မြို့က နယ်မြို့လေးဆိုတော့ အင်တာနက် ဆိုတာ မရှိဘူး။ အင်တာနက် ဆိုတာ ကို ဘာရယ်လို့ သေသေချာချာမသိကြဘူး။ သိသလိုမသိသလို ပဲ ဖြစ်နေတယ်။
ပုသိမ်ကို ရောက်ရင်တော့ အင်တာနက် သုံးသူတွေ တွေ့ရတယ်။ ကိုယ်က လည်း ကွန်ပျူတာ မတတ်တော့ အရင် ဆုံး ကွန်ပျူတာ သင်ဖို့ လုပ်ရတယ်။ သင်တန်းတက်ဖို့ ဆိုတာကလည်း ကလေးတွေ ကြားထဲမှာ မသင့် ကိုယ်က လည်း တက္ကသိုလ်ဝင်တန်းတွေကို ကျူရှင်သင်တဲ့ ဆရာကိုး။ ဒါကြောင့် အိမ်မှာ ကွန်ပျူတာ အခြေခံ စာအုပ်လေးဝယ် အားတော့ ဖတ်၊ နောက် အင်တာနက် လမ်းညွှန်စာအုပ်ဝယ်ပြီး ဖတ် ဒီလို ကျင့်ရတာပါ။ပညာရေးမှူးရုံးမှာ ကွန်ပျူတာကိုင်တဲ့ ဆရာလေးကို ပေါင်းပြီး လက်တွေ့ နည်းနည်း လုပ်ကြည့်။ ဒါလည်းသေချာ မလုပ်ဖြစ်ပါဘူး ကိုယ်က အားသော်လည်း စက်က မအား စက်က အားသော်လည်း
ပြသမယ့် ဆရာက မအားနဲ့ နည်းနည်းတော့ သိသွားတယ် ဆိုရမှာပေါ့။
ဒီလိုနဲ့ ကျွန်တော်တို့ မြို့မှာ စကိုင်းနက် နဲ့ သုံးတဲ့ အင်တဆာနက် ဆိုင်လေး တစ်ခု စဖွင့်ပါတော့တယ်။ ပျော်လိုက်တာ။ဆိုင်ကို သွား စက်ရှေ့ထိုင်ပြီး သုံးမယ်ပေါ့။ တောင်စမ်းမြောက်စမ်းနဲ့ စာစီ စာရိုက်ကလေးကတတ်ထားတယ် အင်တာနက် လမ်းညွှန်စာအုပ်လေး အားကိုးနဲ့ www.google.com ဆိုပြီးစလိုက်တယ် ဆိုရင် ပဲ
ဟေ့လူ….ဒီမှာ ကြည့်လို့ရတာတွေ ရေးပြီး ကပ်ထားတယ် ခင်ဗျား သီချင်းနားထောင်မလား ဗီဒီယိုကြည့်မှာလား ဂျီတော့ ပြောမှာလား ..လို့ စက်ဆရာလို့ ထင်ရသူက ပြောပါတယ်
ခင်ဗျားမှာ အကောင့် ရှိလား လို့မေးတော့ ကျွန်တော်က ခေါင်း ခါပြလိုက်တယ်။ ဘယ်နှယ်ဗျာ ခင်ဗျား စဉ်းစားကြည့်လေ အခုမှ အင်တာနက်ဆိုတာ မြင်ဖူးတဲ့ လူက အကောင့် ဘယ်ရှိနိုင်မလဲ
ဒီလူက ကျွန်တော်ကို သေသေချာချာကြည့်တယ် သူ့ အကြည့် က သူ့ရည်စားကို ဖြတ်လုသွားတဲ့ လူကို စက်ဆုပ်ရွံ့ ရှာသလို ကြည့် သလိုမျိုး ဗျ။ကျွန်တော်လက်ထဲက စာအုပ်ကိုလည်း အသေခံ ဗုံးခွဲ လက်ထဲက ဗုံးတလုံးတွေ့သလို စူးစိုက်ကြည့်တယ်။
ဒီမှာ…ဒီ စာအုပ်က…….
ကျွန်တော် စာအုပ်ကို သူမေးနေတယ် ကျွန်တော်က တော့ ခပ်ပေါ့ပေါ့ပဲ စာအုပ်ကို ထောင်ပြလိုက်တဆယ် ပါးစပ်ကလည်း မပွင့်တပွင့်လေး အင်တာနက် သုံးစွဲနည်း လမ်းညွှန်ပါ လို့ ပြောမိတယ်။ခင်ဗျား စဉ်းစားကြည့်လေ
အင်တာနက် သုံးဖို့ စာအုပ်ကလေး ယူလာတာ ဒီလောက်မျက်စိပျက် မျက်နှာပျက် ဖြစ်စရာလား။
ဒါဆို ခင်ဗျား မသုံးနဲ့
ဒီလူက လည်း ခပ်ပြတ်ပြတ်ပဲ ပြောတယ်။ကြွေးရစရာရှိတဲ့ လူက အတိုးရော အရင်းရောမပေးနိုင် ဘူး ပြောခံရတဲ့ မျက်နှာနဲ့ ဗျာ ခင်ဗျားမြင်စေချင်တယ်။
ဘာဖြစ်လို့ လဲ လို့ ကျွန်တော်က အသံ ခပ်ဖျော့ဖျော့ နဲ့ မေး ကြည့်လိုက်တယ်။ သူက စာအုပ်ကို ကြည့်ပြီး ဒါက တတ်တဲ့လူတွေပဲ ကိုင်ရတာ ခင်ဗျားလို နကန်းတစ်လုံးမှ မသိတဲ့ လူက ကိုင်တော့ …..
ခု ခင်ဗျား လုပ်နေတာ မြန်နုန်းမြင့် ဖို့ လုပ်နေတာ ဒါတွေက ညှီပြီးသား တွေ ခင်ဗျားလုပ်လို့ ပျက်သွားရင် ခင်ဗျားလျှော်ရမယ်..လိ်ု့ ခပ်မာမာခပ်ပြတ်ပြတ် ပြောတော့ တာပဲ ကိုယ့် ဆရာရေ့။သူ့စကားကြောင့် ကျွန်တော် မျက်လုံးပြူးသွားတယ် ဇက်ပုသွားတယ်။နောက် တော်တော်လည်း ခံပြင်းသွားတယ်။ဒီလူဗျာ ရိုင်းရိုက်တာ ကျွန်တော်တို့ မြို့သားမဟုတ်တော့ ကျွန်တော့်ကို မသိရှာဘူး။ ကျွန်တော်ကို ဘာမှန်း ဘယ်သူမှန်း မသိဘဲ စွတ်ဟောက်နေတာ..ကျွန်တော်ကလည်း ဒီ အရွယ်ရောက်မှ မတတ်တာ အပြစ်ကိုးဗျ။ကိုယ့်ဆရာရေ စာအုပ်လေးပိတ်ပြီး ကုတ်ကုတ်လေးပြန်ခဲ့ရတယ်။နေနှင့်အုံးပေါ့ အင်တာနက်ရယ် ။
။………………………………..။
ကျွန်တော်လည်း ပုသိမ်မှာ အင်တာနက် သိတဲ့ တတ်တဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ခင်မင်ပြီး သူက လိုက်သင်ပေးပါတယ်။အကောင့်တစ်ခုလည်း ဖေါက်ပေးတယ်။ အကောင့်က မိုင်စစ်စတားMysister ဗျ ကိုယ့်ဆရာရေ့ သူက အရင် ဂျီတော့ ပြောနည်း သင်ပေးတယ် ။ ဂှိတော့ ပြောဖို့ အကွက်လေး ပေါ်အောင် google talk ကို မောက်စ် နဲ့ နှစ်ချက် ကလစ်လိုက် ၊ပြီးရင် အကွက်ထဲ ကိုယ့်အကြောင့်ရေး
မိုင်စစ်စတားကို အင်္ဂလိပ်လိုရေးရတယ်။ပြီးတော့ ပက်ဝေါ့ နံပတ်ဗျာ ဂဏန်း ၈လုံးကို ထည့် ပြီးရင် စိုင်း အင်( sign in)ဝင်လိုက် ကိုယ်နဲ့ သူငယ်ချင်းတွေနဲ့ စကားပြောလို့ ရပြီ ဆရာရေ့။
ကျွန်တော်ကို သင်ပေးတဲ့ ဆရာမလေးက သေသေချာချာ ပြောပေးတယ်ဗျာ။ပထမဆုံး ဟိုင်း Hi တဲ့ နုတ်ခွန်းဆက်ပေါ့ သူကပြန်ဟိုင်းရင် ဆက်ပြော အဆင်ပြေ လို့ ခင်မင် ရင် ချစ်သူတွေတောင် ဖြစ်သွားနိုင်တယ်တဲ့
ကဲ အင်တာနက် မနိပ်ဘူးလား ကျွန်တော်ကတော့ ချစ်သူမဖြစ်ချင်ဘူး ကိုယ်မှာက ရှိပြီးသားကို ခုမှ ပြန်ပြီး ပို့လို့ ကလည်း မဖြစ်နိုင်ဘူးလေ။
ကျွန်တော်လည်း ပြောခွင့်ရတုန်းပြောလိုက်တယ် လရောင်ချိုဆိုတဲ့ ကောင်မလေး ကို စပြောတာ အဆင်ပြေတယ်ကိုယ့် ဆရာရေ သူက ခင်ခင်မင်ပါပဲ ကျွန်တော်ကလည်း ကဗျာဆရာဆိုတော့ အပြောက ညက်တယ်လေ
ဒီလိုနဲ့ ခင်ကြတယ်။ မကြာခဏ စကားပြော ကြရင် းရင်းနှီးမှုပိုလာတယ်။ ကျွန်တော်က သူဘယ်လိုပုံ စံလည်း အသားအရောင်က ကျွန်တော်လို ဝါဝါ ဝင်းဝင်းပဲလား ဥပဓိရုပ် လည်းကောင်းရဲ့ လား ကိုယ်က ပုံကျပန်းကျ ဆိုတော့ မလှ ရင် ခက်ရချည်ရဲ့ ပေါ့ဗျာ။ VZO ရုပ် မြင် တဲ့ ချက်နဲ့ စကားပြောကြမယ်ပေါ့ VZO ကလည်း အကောင့်ရှိရမယ်လေ ။ဒီအကောင့်က လွယ်လွယ်ကူကူရတယ်လေ။သဘောက ဖေါက်ရတာ လွယ်တယ်
ဒီတော့ကား VZO ချက်ဖို့ပြောလိုက်တယ် ကောင်မလေးက အိမ်မှာသုံးတာတဲ့ ကင်မရာမရှိဘူးပြောတယ်။ သွားပြီးကိုယ့်ဆရာရေ့။
ကျွန်တော်တို့ မြို့မှာ လူတော်တော်များများက ချက်တင် ထိုင်တတ်နေကြ ပြီ ဒီမှာကိုယ့် ဆရာရေ့ ဖိုးမောင်ဆိုတဲ့ ကောင်လေး ရွာသာယာ သပြေတန်းက တက်လာတာပါ တက္ကသိုလ် ပထမနှစ်အောင် ပြီးသားလေ
သူက ဂျီတော့ ပြေတယ် ။ အဲလစ်စဘက်ဆိုတဲ့ အမျိုးသမီးနဲ့ ခင်တယ်။ ခင်တာမှ နှစ်လလောက်ရှိပြီလေ သူက VZO ချက်ချင်တယ် ပြောတော့ အဲလီစဘက်က ကင်မရာမရှိဘူး အိမ်မှာသုံးတာလို့ ပြောတယ် အသက်မေးတော့ ၁၆နှစ်တဲ့ နေရပ်က ရန်ကုန် မင်္ဂလာတောင်ညွန့် …..လမ်းအိမ်နံပတ် ၁၂ တဲ့ ။ ချက်တင်ထိုင်ရင်း ချစ်သူတွေ ဖြစ်သွားကြတယ်တဲ့ ကိုယ့်ဆရာရေ့။တစ်နေ့သူတို့ စကားပြောတာကျွန်တော် ဘေးက
ကြည့်ဖူးတယ် တကယ် အားကြစရာပါ။ နည်းနည်းပြောပြမယ်
ဖိုးမောင်။ ချစ်လေး အဲလိ
အဲလစ်စဘက် ။။ ပြောလေ မောင်
တကယ်ချစ်လားအဲလစ်
အဲလစ်စဘက် သိပ်ချစ်တယ် အချစ်ဦးပဲလေ
ဖိုးမောင်။ ကိုယ်လာရမလား လိပ်စာ သိနေပြီပဲ

အဲလစ်စဘက်။ အို အိမ်က သိကုန်မယ်လေ
စသည်စသည်ဖြင့် ..ကြည်နူးစရာ သိင်္ဂ ါရ ရသ သန္တ ရသတွေ နဲ့ ဗျာ။ ဘယ်လောက် လှပသလဲ။ ဒါပေမယ့် ကိုယ့်ဆရာရေ ဖိုးမောင်ဆိုတဲ့ ရွာသားက လိုက်သွားတယ် ဒီမှာ ပြန်လာတော့ ဘယ်သူကိုမှ စကားမပြောတော့ ဘူး
တမှိုင် မှိုင် တထွေထွေ ဖြစ်နေတယ် ကိုယ့် ဆရာရေ့ မေးကြည့်တော့ အိမ်ကို ရောက်သွားတယ်တဲ့ ။ အိမ်နံပတ် အမှန်ပါ ဒီမှာ ကောင်မလေးချောချော လေးတစ်ယောက် ထွက်လာတယ် ကုလားမလေးတဲ့ အသားက ဝင်းမွတ်နောတာပဲ ဖိုးမောင် က အံဩလွန်းလို ့ မှင် သက်မိနေတယ် တဲ့ ဗျာ။
အဲလစ်စဘက်လား လို့ ဖိုးမောင်က မေးတော့ ဒရှီဒါတာ အဲလစ်စဘက်ဆိုတာ တော့ ရှိပါတယ် သူနဲ့ ဂျီတော့ ပြောနေတဲ့ ဖိုးမောင်ဆိုတာလား
ကောင်မလေးပြန်မေးတော့ ဖိုးမောင် ထခုန်မတတ်ပျော်သွားတယ်။ ဟုတ်တယ် ဆိုရင်ပဲ ကောင်မလေးက အိမ်ထဲဝင်ပါတဲ့ ပြီးတော့ အခန်းထဲကိုခေါ်သွားတယ် ကုတင်ပေါ်မှာ ပက်လက် လှဲနေတဲ့ အဖွားကြီးတစ်ယောက် ကိုပြတယ် ။ဘေးမှာလည်း ကွန်ပျူတာ တစ်လုံးမြင်ရတယ်
ဒါ အဲလစ်စဘက်ပါ အသက် က ၆၁ နှစ်ပဲရှိသေးတယ် သူငယ်ပြန်နေတာ ။ ဖွားဖွား သူက ဖွားဖွားနဲ့ ဂျီတော့ ပြောနေတဲ့ ဖိုးမောင်တဲ့ ။ ဒီတော့မှ ဖိုးမောင်ကို အဖွားကြီးက မောင်တဲ့ နေကောင်းလားတဲ့
ဖိုးမောင် တခါထဲ လှည့်ပြေးရတော့တာပဲ ဗျာ နောက် ဘက်မှာ အဖွားကြီးက ငိုကျန်ရစ်လို့တဲ့ ကဲ ကိုယ့် ဆရာရေ ကျွန်တော်လည်း ဂျီတော့ ပြောရမှာ ကြောက်သွားတယ်။
တခါက အင်တာနက် ဆိုင် ထိုင်တုန်း အသက် ၁၆နှစ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက် ကျွန်တော်ဘေးမှာထိုင်နေတယ်။ ထုံးစံ အတိုင်း ဂျီတော့ ပြောနေတာပါ။ဖုန်းပါပြောနေတာပါ
မ။။ ။ တကယ်ချစ်ရင် သတ္တိရှိရမှာပေါ့ ကို
ကျား။ ။…………………..( တဖက်ကပြောတာ မကြားရပါ)
မ။ ။ အို ဒို့ကတော့ မီးပင်လယ်ပဲဖြတ်ရဖြတ်ရ ဓါးတောင်ပဲကျော်ရကျော်ရ သတ္တိရှိတယ် ဘာတွေပဲ ခက်ခဲနေပါစေ ကိုရယ်
ကျား။ ။………………………………
မ။ အို မိဘ သဘောမတူလည်း ဘာအရေးလည်း မီးက သတ္တိရှိပါတယ် အိမ်မပိုင်ရင် ဂေါ်လီ မလုပ်ကြေး
ကျား………………………………..
ဒီအချိန်မှာပဲ ကိုယ့်ဆရာရေ့ ဖုန်းဆိုတဲ့ အသံကြီးကြားရတယ်။ကောင်မလေး ဂေါင်းလည် ထွက်သွားတယ် နားက နားကြပ် ပြုတ်ကြသွားတယ်။ အင်တာနက် ဆိုင်ရှင်ကလည်း အနားရောက်လာတယ် ကျွန်တော်လည်း
လန့်သွားတယ် ကိုယ့်ဆရာရေ့။
နင့်ကို ငါ ဆိုင်စောင့်ခိုင်းထားတာ ဒီမှာ လာပြီး အလေလိုက်နေတယ်။ နင် မရှက်ဘူးလား ဒါက လူ ပျင်းတွေ လုပ်တာဟဲ့
ကောင်မလေး အမေက ပြောပြီး မှ မှားမှန်းသိပြီး ဘေးဘီ ဝဲယာ လှည့်ကြည့်တယ် ကျွန်တော်ကိုတွေ့တော့ အားနာသွားပြီး
ကန်တော့ဆရာ ဆရာတို့ မပါ ပါဘူး
အမျိုးသမီးက တောင်းပန်သွားပြီး သူ့ သမီးကို ဆွဲခေါ်သွားတယ် တံခါးဝမှာ ထပ်အုပ်လိုက်သေးတယ် ဖျောင်းကနဲ အသံ ကြားရတယ် ကိုယ့်ဆရာရေ့ တယ်လည်း လက်သံပြောင်တဲ့ မိန်းမ စိန်ဗေဒါ သမီးများမှတ်ရတယ် ဓါးတောင် ကို မကျော်ရသေး ဘူး အင်နာနက်ဆိုင်နဲ့တ င် အခက်အခဲက တွေ့နေပြီ ကျွန်တော်လည်း ကောင်မလေး စောစောက ပြုတ်ကြသွားတဲ့ ဖုန်းလေးကောက်ကိုင်လိုက်တော့
“ကိုယ်ကတွေ့ချင်နေတာပါ တကယ်ချစ်တယ်သိလား မင်းရှေ့က မားမားရပ်လို့ ကိုက ကာကွယ်ပေးမယ် ညီမ ဟလို ညီမ ”
ကိုယ့်ဆရာရေ့ ကောင်လေးက ဒီမှာ ဗုံးပေါက်သွားတာ မသိလေဘူး ကျွန်တော်လည်း ပြန်ပြောပေးလိုက်ပါတယ်
ညီလေးရေ မင်းကာကွယ်ချင်ရင်တော့ အမြန်လာခဲ့ ကွာ သူ့အမေတော့ မင်းကောင်မလေးကို ဗျောနဲ့ မှားနေလားမသိဘူး တအားရိုက်နေပြီ ဒါပဲကွာ .လို့ပြောလိုက်တယ်။ဒါကတော့ကိုယ့်ဆရာရေ
ဂျီတော့ ဖာတ်လမ်းတိုလေးပါ ဒီ ထက်မက ရှိသေးတယ်။
( ဆက်ရန်………….။)

18 comments

  • ဗိုက်ကလေး

    May 7, 2012 at 11:29 am

    မီးခမျာ ဓါးတောင်ကိုတောင် မကျော်ရသေးဘူး နားပန်ကျင်းခံရပါပကောလားဗျာ
    တော်တော်နောက်တယ်..ဟီး..ဟီး..

  • htet way

    May 7, 2012 at 11:32 am

    တကယ်ကိုယ်တွေ့တွေနော် ဆရာဗိုက်
    နောက် အခန်းဆက် ရှိသေးတယ် လင်မယားတွေ အင်တာနက်ဆိုင်မှာရှင်းကြလင်းကြ ကွဲကြ
    ပြဲကြ။ ဟဲ ဟဲ ကိုဗိုက် ရော ကြုံတိုင်းရွာမှာ ဖြစ်သေးလား
    နည်းနည်းပြောပါအုံး။

  • FattyCat

    May 7, 2012 at 11:39 am

    ဆရာထက်ရဲ့ အတွေ့အကြုံတွေက အံ့အခန်းပဲဗျာနော်…
    တစ်ရက်သူငယ်ချင်းတစ်ယောက်ရဲ့ အင်တာနက်ဆိုင်ကို သွားရင်း ကောင်တာမှာခဏထိုင်ပြီး သုံးနေတဲ့လူတွေကိုကြည့်မိတယ်…
    မော်နီတာကြီးကိုကြည့်လိုက် ပြုံးပြလိုက်…မဲ့လိုက်….ငိုလိုက်…ကြည်နူးလိုက်နဲ့… ဘေးကကြည့်ရင် အရူးတွေထိုင်နေသလိုပဲ…
    အဲဒါကြောင့် ကျွန်တော်ဆို ရုံးမှာ တံခါးပိတ်ပြီးနေတယ်လေ….

    ခင်တဲ့-
    ကြောင်ဝတုတ်

  • htet way

    May 7, 2012 at 11:50 am

    အေးဆရာရေ
    အင်တာနက်ဆိုတာ ဘာလဲ ဘယ်လိုလဲ ခုထိ မသိသေးတဲ့ လူတွေ အတါက် ဟာသ
    ဆန်ဆန်လေးကိုယ်တွေ့ရေးလိုက်တာ
    ဝေဖန်ပါဆရာ အကြံလည်းပေးပါလို့

  • Thel Nu Aye

    May 7, 2012 at 12:33 pm

    စိတ်ဝင်စားစရာပါပဲဆရာထက်ရေ။ ဆက်ရန်မျှော်နေပါတယ်။ ဟိုနေ့ကလဲအင်တာနက်ဆိုင်တခုမှာ ခဏထိုင်နေရင်း ကောင်လေးတွေတခွီခွီလုပ်နေကြတာနဲ့စပ်စုလိုက်တော့ ၁၅ နှစ်လောက်ကောင်လေးက ချက်တင်ထိုင်နေတာ။ သူ့အကောင့်ကိုသူ့သူငယ်ချင်းက မိန်းကလေးနာမည်နဲ့အင်ဗွိုက်လုပ်ပြီး ညုတုတု နဲ့ နှစ်ခုံကျော်လောက်ကပြန်ချက်နေတာ။ သူကမသိဘူး။ သူ့ကိုမိန်းကလေးလုပ်ပြီးပြန် ချက်နေ တဲ့ကောင်လေး ကိုလှမ်း လှမ်းပြီးကောင်မလေးက ဘာပြောတယ်ညာပြောတယ်လှမ်းပြော။ အနားကသိတဲ့သူငယ်ချင်းတွေ ကကျိတ်ရီနဲ့။ တအုံးအုံးပွဲထနေကြတာ။ ဟိုကောင်လေးကတော့သူ့ကိုပြန် ချက်နေတာကောင်မလေးတကယ် ထင်နေရှာတာ။

  • ရွာစားကျော်

    May 7, 2012 at 12:51 pm

    အိမ်ရှင်မနဲ့ သမီးရည်းစားဘဝ တုန်းကတော့ နက်ဆိုင်သွားပြီး သုံးခဲ့တာ ဘယ်လိုမှ မနေခဲ့ဘူး.. မွှန်နေတာကိုးဗျ..
    သင်္ကြန်ပိတ်ရက်တုန်းက ယောက္ခမအိမ်သွားတော့ အင်တာနက်ဆိုင်ဝင်ပြီး ပို့စ်တင်ရအောင် သွားတာ ဘေးလူတွေနဲ့ ဆိုတော့ ဘယ်လိုမှအိုင်ဒီယာ ထုတ်မရဘူးဗျာ..။
    စကီလေးတွေနဲ့ အီရမယ်ဆိုရင်တော့ ဘယ်လိုနေမလဲ မသိဘူး.. မပြောရဲတော့ဘူးထင်ပါတယ်..

  • jujuma

    May 7, 2012 at 1:00 pm

    အင်တာနက်ဆိုတာ သုံးတတ်ရင်ဆေး ..မသုံးတတ်ရင်ဘေးပါဗျ …

    ဘေးဖြစ်အောင် အသုံးပြုနေရင် တော့ ဆေးမရှိဖြစ်တော့တာပေါ့ ..

    😛 😛 😛 😛 😛

  • manawphyulay

    May 7, 2012 at 2:09 pm

    အင်း… ဂျီတော့ သုံးတာကို အင်တာနက်သုံးတတ်တယ်လို့ မြင်တဲ့သူတွေရဲ့အမြင်နဲ့ မိဘတွေက အင်တာနက်ဆိုတာ ရည်းစားရှာတဲ့နေရာလို့မြင်တဲ့အမြင်တွေ နေရာတိုင်းမှာ ရှိနေသေးတာကို ဘယ်လိုတွန်းလှန်ကြမလဲ….

  • etone

    May 7, 2012 at 3:59 pm

    ဆရာထက်ရေ .. .မြန်မာနိုင်ငံမှာ .. အင်တာနက်လို့ ဆိုလိုက်တာနဲ့ ချက်တင်လုပ်တာပဲလို့ .. အလွယ်မြင်ပစ်လိုက်ကြတယ် … ။ ဒါကလည်း ..နေထိုင်မှု စရိုက်ကွာခြားတယ်လို့ ခေါ်မလား ၊ လွဲမှားစွာကူးစက်လာတဲ့ နည်းပညာအသုံးချမှုလို့ပဲ ပြောရမလား .. မပြောတတ်တော့ဘူး .. ။
    အင်တာနက်ဟေ့လို့ ဆိုကတည်းက.. .အင်တာနက် အသုံးပြုပြီး ရှာတတ်တာ မတတ်တာ အပထား … ချက်တင်လုပ်တာကို မဖြစ်မနေ တတ်ကြပါတယ် … ။ ပြီးလျှင် ဗွီဇက်အိုတွေကတဆင့် .. အရေမရ အဖတ်မရတွေပြော ၊ မထိခလုတ်ထိ ခလုတ်တွေပြောနဲ့ … နောက်ပိုင်း ငြိသွားကြရော … တစ်ချို့ဆို အပြင်မှာ တွေ့ဖူးခြင်းမရှိပဲနဲ့ကိုညိတာနော် … ။အဲ့ဒီလို လုပ်လို့ ဆယ်ကျော်သက်အရွယ်တွေလားလို့ မထင်နဲ့ … အသတ်ရွယ်စုံရှိသတဲ့တော် … ။ အင်တာနက်ကနေသိပြီး ကာမ ရယူဖို့ ကြိုးစားခဲ့တာတွေ ၊ အကြွေပန်းဖြစ်ခဲ့ရသူတွေအကြောင်းလည်း ကြားမိပါသေးတယ် .. တချို့သော အင်တာနက်ချစ်သူတွေကတော့ တကယ်လက်ထပ်ပေါင်းသင်းသွားကြတာလည်းရှိတယ် … ဒါပေမယ့် အများစုက … စိတ်ကူးယဉ်ချစ်သူဘဝထဲမှာ သာယာနေကြတာမို့ ရေရှည်လက်မတွဲနိုင်ကြပါဘူး … ။ တကယ့်လက်တွေ့ဘဝက … အပေးအယူမျှတတယ်ဆိုလျှင်အောင် နားလည်မှုရှိမှသာ .. အိမ်တောင်တစ်ခု တည်မြဲနိုင်မှာလေ … ။ ဒါတောင် သာယာတဲ့ အိမ်ထောင်ရေးဖြစ်ချင်မှဖြစ်တာနော် … ။

    ကျွန်မတို့နိုင်ငံမှာ .. ကျောင်းတွေက သင်ပေးတဲ့ မာဒီမီဒီယာ ကဏ္ဍဆိုတာ .. တစ်ပတ်လုံးမှ တစ်ချိန်သာ ဝင်ခဲ့ရတာပါ … ။ ဘယ်ခလုပ်နှိပ်ပြီး ၊ မိုက်ကို ဘယ်လို သုံးရမယ် ဟတ်ဖုံးကို နားမှာ ဘယ်လိုချိတ်ရတယ်ကအစ မသိခဲ့တာပါ … မကြားလည်းနားထောင် ကြားလည်းနားထောင်ခဲ့ရပြီး ဆရာမနဲ့ အကြည့်ဆုံလို့ စာမေးတဲ့အခါ …. သူမကြားမှာ စိုးလို့ အော်ပြောခဲ့ရတာတွေ .. ပြန်တွေးရင်း ရင်နာတုန်းပဲ .. သူများနိုင်ငံတွေမှာ အင်တာနက်ကနေ ကိုးကားရှာထားချက်တွေ ၊ စာမေးပွဲဖြေတာတွေ လုပ်နေတဲ့ အချိန် .. ဒီမှာတော့ ..ကွန်ပျူတာ ပီသရီးတွေသုံးပြီး ပြူးပြဲ လက်ကွက်ကျင့်နေရတဲ့ အချိန်တွေ …. နှမျောစရာရယ် … ။

    သိမ်းကျုံးပြီးပြောရလျှင် .. ခေတ်နဲ့ စနစ် ကြောင့်ဗျို့ ….. ။ 👿

  • htet way

    May 7, 2012 at 4:58 pm

    ဆရာမ သဲနုအေးနဲ့ ဆရာမ Etone ခင်ဗျား
    ခုလို အားပေးတာ ကျေးဇူးပါ အင်တာနက် ဇာတ်လမ်းလေးတွေထဲက ဟာသဖြစ်မှာကို
    ရှိရင် ပို့ပေးစေချင်ပါတယ်။
    mysister4@ gmail.comကိုပို့ပေးရင် ကျေးဇူးပါ။

  • htet way

    May 7, 2012 at 5:00 pm

    ဆရာ ရွာသားကျော် ဂျူး ဂျူးမတို့ ဆရာမ မနောဖြူလေးတို့
    အားပေးကြတာ ကျေးဇူးပါ။ကိုယ်တွေ့ ဟာသ ပါ ခင်ဗျား
    ကျွန်တော်က စာအရေး အသားက ညံ့တယ် ဒါကြောင့် မရယ်ရရင် ခွင့်လွှတ်ပါလို့

  • pu ma

    May 7, 2012 at 10:42 pm

    ဆရာထက်…ဇာတ်လမ်းလေးကကောင်းပါတယ်…ရီလည်းရီရပါတယ်….
    အားပေးသွားပါတယ်…နောက်ထပ်လဲပုမတို့ဖတ်ချင်ပါသေးတယ်..
    ပုမတို့အင်တာနက်ဆိုင်ရောက်ရင်ဆရာလို့လေ့လာခဲ့အုံးမယ်..
    အဲဒီလိုဇာတ်လမ်းတွေကအမြဲကြုံရတာအမှန်ပါပဲ..
    လေ့လာခဲ့သမျှကိုဆရာထက်ကိုပြောပြပါမယ်နော်

  • htet way

    May 8, 2012 at 10:50 am

    ကျေးဇူးပဲ ပုမရေ
    အရပ်က ရှည်ပြီး ကလောင်က ပုမလို့ နာမည်ပေးတာ
    ကက်ကင်းရိုက်တာလား

  • sunday mgmg

    May 8, 2012 at 1:01 pm

    မောင်ထက်ဝေ.အဘလဲအားပေးသွားတယ်။သာဓုကွယ်.သာဒု.သာတု

  • windtalker

    May 8, 2012 at 1:16 pm

    တချို့ နှစ်ချို့ အပျိုကြီးတွေရဲ့ ဇါတ်လမ်းလေးတွေလဲ ရေးစေလ်ုငါါတယ် ကဗျာဆြာ

  • မဟာရာဇာ အံစာတုံး

    May 8, 2012 at 2:35 pm

    တကယ်လား ဆရာထက် …
    ဟားဟား .. ဖတ်ရင်း ရီလိုက်ရတာဗျာ … ခွီခွိ ..
    နောက်အခါ ၁၆ နှစ်လို့ပြောရင် ယုံတော့ဘူး … 😀

  • myintzu hmwe

    May 8, 2012 at 5:56 pm

    အရမ်းရယ်ရတယ်
    အင်တာနက်ကို ကြည့်သုံးအုံး တော်ကြာ အဲလိစဘက် အဖွားကြီးနဲ့ဗတွ့နေအုံးမယ်

  • htet way

    May 8, 2012 at 6:01 pm

    ရယ် ရတယ်ဆိုလို့ ဝမ်းသာပါတယ်
    အဲလိစဘက်နဲ့တော့ မတွေ့နိုင်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ဂေဇက်မှာ အကို
    ပုံတွေကိုကြည့်ပြီး စကားစပြောတာနဲ့ ဟင်.. ဒါ ကဂေဇက်ကဆေးဆရာ အဘိုးကြီးဆိုပြီး
    block လုပ်တာများပါတယ်ကွယ်။

Leave a Reply