Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၅ နှစ်အရွယ် မိန်းခလေးကို မုဒိန်းကျင့်သူ တရားသေ လွတ်မြောက်လာသည့် မြန်မာ့တရားရေး စီရင်ချက်တခု

ကျနော်ဒီပိုစ့်လေးဒီပေချ် ့ကနေတင်ချင်ပါတယ်ဒါမှလည်းလူတိုင်းသတိထားဖတ်နိုင်အောင်ပါ။

ဒါမှလည်းရွာလူကြီးရပ်မိရပ်ဖတွေဆီက ကြားချင်လို ့ပါ။

လေးစားသော

 

၅ နှစ်အရွယ် မိန်းခလေးကို မုဒိန်းကျင့်သူ တရားသေ လွတ်မြောက်လာသည့် မြန်မာ့တရားရေး စီရင်ချက်တခု

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖော်ပြထားသည့် သတင်းဆောင်းပါး – (၅)နှစ်အရွယ် မိန်းကလေးအား မတရားပြုကျင့်ခဲ့သည့် အမှုဖြစ်စဉ်၌ မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီးမှ တရားခံအား တရားသေ လွတ်ပေးခဲ့မှုနှင့် ပတ်သက်၍ ဝိုင်းဝန်းကူညီ အမှုမှန်ဖော်ထုတ်ပေးပါရန် (တိုင်ကြားစာ)

Friday, May 18, 2012  ဒီမိုဝေယံ

……………….

၅ နှစ်အရွယ် မိန်းခလေးကို မုဒိန်းကျင့်သူ တရားသေ လွတ်မြောက်လာသည့် မြန်မာ့တရားရေး စီရင်ချက်တခု

 

စွပ်စွဲချက်တွေနဲ့ အမှုဖြစ်ပြီးနောက်ပိုင်း လူသိထင်ရှား တရားဝင် လုပ်ဆောင်ချက်တွေအရ ၅ နှစ်အရွယ် ကလေးမလေးဟာ မုဒိန်းကျင့်ခံခဲ့ရတာ အလွန်ပဲ သိသာထင်ရှားလှပါတယ်။ ဒီကိစ္စဟာ လုပ်ကြံဖန်တီးပြီး အမှုဖွင့် အရေးယူစေတာ မဟုတ်မှန်း လူတိုင်းကတောင် သာမန်အားဖြင့် စဉ်းစားဆင်ခြင်နိုင်ကြပါလိမ့်တယ်။

 

ဒါကို ပုဒ်မ ၃၇၆ အရ ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားလို့ တရားသေ လွှတ်လိုက်တယ်ဆိုတော့ ကာယကံရှင် ဘက်ကရော တရားဥပဒေနဲ့ တရားမျှတမှုကို လေးစား တန်ဖိုးထားသူတွေကရော အတော့်ကို မကျေနပ် ဖြစ်ကြမှာပါပဲ။ မကျေနပ်ဖြစ်စရာ ကောင်းလှတဲ့အပြင် မြန်မာ့တရားစီရင်ရေးရဲ့ တန်ဖိုးနဲ့ ပြည်သူတွေ လေးစားယုံကြည် အားကိုးထိုက်တဲ့ အခြေအနေကိုလည်း ထိခိုက်သွားစေနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ အဂတိလိုက်စားတာတွေဟာ ဆိုးဆိုးဝါးဝါး ပြောင်ပြောင်တင်းတင်း ဖြစ်ပျက်နေတုန်းပဲ ဆိုတာကို ငြင်းလို့ မရသေးပါဘူး။ ဒါဟာ ကိုယ်ကျိုးရှာ မသမာသူတွေအတွက် အခွင့်ကောင်းယူဖို့ သိပ်ကောင်းတဲ့ အခြေအနေဖြစ်ပါတယ်။ အမှုတခုမှာ တရားတာ၊ မတရားတာ အပထား.. အမှုနိုင်ဖို့ကိုသာ ဦးတည်လုပ်ဆောင်ဖို့ တရားမဲ့ ဥပဒေမဲ့ လုပ်ဆောင်ချင်သူတွေအတွက်လည်း အခွင့်ကောင်း ဖြစ်နေပါတယ်။ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးစေဖို့၊ သိက္ခာကျစေဖို့ အဓိက အကြောင်းရင်းကြီးလည်း ဖြစ်နေပါတယ်။ အဂတိ လိုက်စားတာတွေ၊ မတရားတာတွေ၊ ဥပဒေမဲ့တာတွေကို အားပေးရင် အမှိုက်ကစ ပြဿဒ် မီးလောင်သလို တိုင်းပြည်တခုလုံး ပျက်စီးသွားနိုင်ပါတယ်။

 

အထက်က သတင်းဆောင်းပါးမှာ ခိုင်လုံတဲ့ သတင်းရပ်ကွက်အဆိုအရ စွပ်စွဲခံရသူဘက်က တရားသူကြီးကို လာဘ်ထိုးတယ် ဆိုတာ ဖြစ်နိုင်သလို သက်သေခံ ဖျက်ဆီးတာမျိုးကလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမှုမနိုင်ရခြင်း အကြောင်းရင်းတွေကို စုံစမ်းဖော်ထုတ်ပြီး လိုအပ်သလို ဆက်လက် ဆောင်ရွက်သင့်ပါတယ်။

 

တရားသူကြီးက ဒီစီရင်ချက်ကို ချမှတ်ရတဲ့ အကြောင်းပြချက်တွေကို ခိုင်လုံအောင် တင်ပြပြီးမှ တရားရုံးအမိန့်ကို ထုတ်ပြန်ပေးရပါတယ်။ အဲဒီအကြောင်းပြချက်တွေနဲ့ စီရင်ချက်ကို တရားလိုဘက်က မကျေနပ်ရင် အထက်တရားရုံးမှာ အယူခံဝင်နိုင်ခွင့် ရှိပါသေးတယ်။ တရားလိုဘက်က ကာယကံရှင်တွေဟာ ဥပဒေရေးရာကို မသိနားမလည်တဲ့ ရိုးသားသူတွေ ဖြစ်ပုံရတဲ့အတွက် သူတို့ကို နားလည် တတ်ကျွမ်းသူတွေ၊ တရားရုံးစရိတ် တတ်နိုင်သူတွေက ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ပါမယ်။

 

တရားသူကြီးအနေနဲ့ မှုခင်းပါ ကြားနာချက်နဲ့ သက်သေခံ အထောက်အထားတွေအရသာ ဆုံးဖြတ်စီရင်ခြင်းဟာ လုံလောက်မှု မရှိပါဘူး။ ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေ အမှန်တကယ် ထွန်းကားနိုင်ရေးကို အားပေးတဲ့ ပကတိ ဉာဏ်အမြော်အမြင် ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ် စီရင်တာမျိုး ဖြစ်စေလိုပါတယ်။

 

မုဒိန်းကျင့်ခံရတဲ့ ၅ နှစ်အရွယ် မိန်းခလေးမှာ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်နဲ့ တရားဥပဒေရဲ့ ကာကွယ် စောင့်ရှောက်ခွင့်ကို အပြည့်အဝ ခံစားထိုက်ပါတယ်။ ဒါကြောင့် အမှုမှန် ပေါ်ပေါက်လာဖို့ကို အားပေးကြရပါမယ်။

 

ဒီကိစ္စမျိုးဟာ နောက်နောင် အလားတူ မဖြစ်ရစေရဖို့က နောက်ထပ် အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။  အခု အမှုမှာ ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ဦးခွေးဟာ တကယ်ကို ကျူးလွန်ခဲ့တယ်ဆိုရင် ဒီလူဟာ အခြားလူတွေကို အချိန်မရွေး နောက်ထပ် အန္တရာယ်ပြုနိုင်တဲ့ အခြေအနေမှာ ရှိနေပါပြီ။ ဒီလို ဖြစ်လာနိုင်စရာရှိတဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့၊ တားဆီးနိုင်ဖို့အတွက် အရပ်ဖက် ပြည်သူတွေမှာရော၊ ပြည်သူ့လုံခြုံရေးအတွက် တာဝန်ရှိ ရဲတွေမှာလည်း မလိုအပ်ဘဲ ဝန်ထိုပ်ဝန်ပိုးတခု ဖြစ်လာနိုင်စရာ ရှိနေပါတယ်။

 

ထပ်ပြီးတော့ ပြောပါရစေ။ ဒီကိစ္စမှာ အမှုမှန် ဖေါ်ထုတ်နိုင်ဖို့ တရားဥပဒေ မြတ်နိုးသူတွေက ဝိုင်းဝန်း ကြိုးပမ်းပေးသင့်ပါတယ်။ ဒီအမှုမှာကိုပဲ ထပ်ပြီး အယူခံဝင်ရပါမယ်။ ဒီအမှုအကြောင်းကိုလည်း လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိအောင် နှိုးဆော်ပေးကြရပါမယ်။ တရားဥပဒေ အမှန်တကယ် စိုးမိုးရေးအတွက် အစိုးရအသီးသီးနဲ့တကွ ဥပဒေဘက်တော်သားတွေ အပါအဝင် လူထုတရပ်လုံးက တက်တက်ကြွကြွ ဝိုင်းဝန်း တည်ဆောက်ဖို့ သိပ်လိုအပ်နေပါပြီ။

 

လွင်အောင်စိုး

၁၉-၅-၂ဝ၁၂

13 comments

  • ကြောင်ကြီး

    May 19, 2012 at 10:48 am

    တယားသူကြီး
    စားခြူလှီး
    ဒပါးအပူမီး
    အသားယူတီး..
    ဖားလူဂျီး
    ကားလှူပြီး
    ပွားအူညီး
    လားဖြူစီး..။

  • char too lan

    May 19, 2012 at 10:58 am

    အသက်(၅)နှစ်အရွယ် မိန်းကလေးအား မုဒိန်းမှု ကျူးလွန်ခဲ့သော ဦးခွေး(ခ)ဦးမြဒင်ကို မော်လမြိုင်ခရိုင် ဒုတိယ တရားသူကြီး ဒေါ်နွယ်နွယ်ရီမှ ငွေရယူပြီး အမှုမှ တရားသေလွတ်ပေးခဲ့။
    http://www.demowaiyan.org/2012/05/blog-post_18.html?m=1
    ===============
    ဒေါ်နွယ်နွယ်ရီ လဲခွေးမျိုးပဲနေမှာ .. အဲ့ဒါကြောင့်ခွေးစာစားပီး ခွေးဘက်လိုက်တာ… အဲ့ဒီလိုနေရာမမှန်တဲ့ တိရိစ္ဆာန်တွေနဲ့တော့ … လိုက်လံစစ်ဆေးပီး တစ်မျိူးဆက်လုံး ဘလက်လစ် လုပ်ပစ်ရမှာ 🙁
    ဘယ်ဆက်တိုင်ရမလဲ သိတဲ့လူရှိရင် အကြံပေးကြပါအုံး ….

    • etone

      May 19, 2012 at 11:57 am

      ခွေးနဲ့တော့ မနှိုင်းပါနဲ ့ချာတူးရယ် ..ခွေးတွေက သစ္စာရှိတယ် … လူဆိုးနဲ့ လူကောင်းခွဲတတ်တယ် ။ အမှန်တရားကိုလည်း ပိုင်းခြားတတ်တယ် … ။ လုပ်သင့်မလုပ်သင့်ကိုလည်း ဆင်ခြင်နိုင်တယ် ။ ဒါကြောင့်ခွေးတွေ သခင်ကိုမကိုက်သလို .. အိမ်ပေါ်တက်ပြီးလည်း … ချီးမပါဘူး … ။
      ခွေးနဲ့ နှိုင်းတာတောင် … ခွေးဘက်က နာမိသေးတယ် … 👿

  • mgkooo

    May 19, 2012 at 11:02 am

    သမတကြီးဦးသိန်းစိန်ကသာ အပြောင်းအလဲလုပ်နေပြီး အောက်ခြေကအရင်အတိုင်းပါ။
    ဒါကြောင့်ဒီအမှုဖြစ်စဉ်ကို သမတ၊ လွှတ်တော် ဆီတိုက်ရိုက်တိုင်ပါလို့အကြံပြုပါတယ်။
    (အယူခံဝင်ရင်အချိန်ကြာနေမယ်ထင်ပါတယ်၊ ထူးမယ်လည်းမထင်ပါ၊)
    တရားသူကြီးချုပ်၊ ရှေ့နေချုပ် အပါအဝင် အစိုးရ
    တဖွဲ့လုံး၊ လွှတ်တော်အမတ်များအားလုံးနှင့်
    မီဒီယာအားလုံးထံ တိုင်ကြားစာမိတ်တူပို့ပါ။

    အခြားမင်ဘာများရဲ့အကြံလည်းသိချင်ပါတယ်။
    မောင်ကိုဦး။

  • htet way

    May 19, 2012 at 11:12 am

    အင်း …ချာတူးလန်ဆရာမလေးရေ့
    အပေါ်က လင့်ကို ကြည့်လိုက်တာ အဖြစ်မှန်ကိုတွေ့တယ်
    ဒီလိုမှန်ကြေးဆို……………။
    ကဲ ရွာ ရပ်မိရပ်ဖတို့ ပြောကြဆိုကြ ပါအုံးဆရာတို့ ။

  • ဟိန်း ဝင်း (ထားဝယ်သား)

    May 19, 2012 at 11:32 am

    သက်သေ သာဓကများနှင့် တိုင်ရင်တော့ ချက်ချင်းပြုတ်မှာ …. သက်သေရအောင်ရှာဗျို့ …. သက်သေမရှိလို့ကတော့ ဒင်းတို့တွေလုပ်ချင်သလို လုပ်မှာ ….

  • etone

    May 19, 2012 at 11:49 am

    ဖတ်ပြီး စိတ်မကောင်းလိုက်တာ … ပန်းကောင်းအညွှန့် ကျိုးဟယ် … ။
    ငါးနှစ်ဆိုတဲ့ အရွယ်က … ဘာဆို ဘာမှကို မသိနားမလည်သေးတဲ့ အရွယ်ပါ .. ဘာကြောင့်များ ယုတ်မာ ရက်စက်လွန်းရပါလိမ့် …. ။ ဒီလုပ်ရပ်ကို … လုံးဝ ရှုံ ့ချပါတယ် ။ ဒီလို မမျှမတ စီရင်ချက်ချခဲ့တဲ့ တရားသူကြီးကိုလည်း ရွံ့ရှာ စက်ဆုတ်မိပါတယ် …. ။

    တရားသူကြီးက မိန်းမပဲကိုး … သူ့မှာ သမီးလေးတွေမရှိလျှင်တောင် .. .တူမလေးတွေတော့ရှိမှာပေါ့ … ။ ကိုယ်ချင်းစာစိတ်တွေများ ခေါင်းပါးလိုက်တာဟယ် .. ကိုယ့်အမျိုးထဲကဆိုတဲ့အတွေးမျိုးတွေးကြည့်ကြစမ်းပါ .. .။ ကာယကံတင်မဟုတ်ဘူး .. မနောကံနဲ့တောင် ပြစ်မှားတာ လက်မခံနိုင်တဲ့ အနေထားမျိုးပါ ။ ဒီလို အပြုမူမျိုးလုပ်သူဟာ စိတ်နှံ ့သူတစ်ယောက် တော့ မဟုတ်လောက်ဘူး … ။ သူတောင်းစားတွေရဲ့ စိတ်ဓါတ်တောင် ဒီလောက်အောက်တမ်းမကျဘူး … ခွေးဆိုလျှင်တောင် ..ခွေးသားပေါက်အပေါ် ဒီလို အပြုမူမျိုးမလုပ်ဘူး … ။

    တစ်သက်လုံး လူလုပ်ရမယ့် ကလေးမလေးရဲ့ ဘဝနဲ့ အရှက်သိက္ခာအတွက် အမည်းစက်ဖြစ်သွားပြီ … ဒါကို မျှတတဲ့ စီရင်ချက်မျိုး ချသတဲ့လား .. ငွေငါးဆယ်တဲ့ … ။ မိဘတွေဆို .. ရူးမတတ်ခံစားရမှာပါပဲ ..ကိုယ်ချင်းစာမိပါတယ် … စိတ်မကောင်းလည်း ဖြစ်မိပါတယ် … ။ ကလေး ကိုယ်နဲ့ သွေးမတော်သားမစပ်ပေမယ့် တရားခံကို မျက်နှာချင်းဆိုင်တွေ့မိလျှင် ထသတ်မိမလားတောင် မပြောတတ်တော့ပါဘူး ။

    မြန်မာနိုင်ငံရဲ့ တရား စီရင်ထုံးနဲ့ .. ဥပဒေတွေ လူရယ်စရာမဖြစ်ခင် … ပြုပြင်သင့်ပါပြီဗျို့ …. ။ တရားသူကြီးတွေ ၊ရှေ့နေတွေ ၊လုပ်ပိုင်ခွင့်ရသူတွေ … လာဘ်ပေးလာဘ်ယူကိစ္စများကိုလည်း သေချာစွာ ကိုင်တွယ်အရေးယူသင့်ပါပြီ …မှတ်သားလောက်တဲ့ ပြစ်ဒဏ်ချပြီး အရေးယူသင့်ပါတယ် … ။ ဒီလူကို လွှတ်လိုက်ခြင်းအားဖြင့် … တခြား မိဘများရဲ့ သမီးဖြစ်သူများကိုပါ ..အန္တရာယ်ပေးနိုင်သဖြင့် … လူစိတ်ရှိသူ ဥပဒေဘက်တော်သားများ … စီရင်ချက်နဲ့ အမှု ပြန်စစ်သင့်ပါကြောင်း … 🙄

  • ငပွကြီး

    May 19, 2012 at 12:01 pm

    ကိုကြောင်ကြီး ကျွန်တော့်မှာ လားဖြူတော့မရှိဘူး လားညိူ တော့ရှိတယ် လိုအပ်ရင်ငှားပေးမယ်နော်…

  • mgkooo

    May 19, 2012 at 12:08 pm

    Ma Etone အကြံပေးတဲ့
    “လူစိတ်ရှိသူ ဥပဒေဘက်တော်သားများ … စီရင်ချက်နဲ့ အမှု ပြန်စစ်သင့်ပါကြောင်း …”

    မှန်ပါတယ်။ ဒီအမှုက ပြန်ကိုစစ်ရမယ်၊ ဒီအမှုကိုစစ်ခဲ့တဲ့ မိခင်စိတ်/လူစိတ်မရှိတဲ့ ဒီမတရားသူကြီးမအပါအဝင် သက်ဆိုင်သူများကိုပါ ပြင်းပြင်းထန်ထန် အရေးယူဖို့လိုပါတယ်။
    ဒါကြောင့် အယူခံဝင်တာထက် ထိရောက်စွာ တိုင်ကြားစေချင်ပါတယ်။

  • windtalker

    May 19, 2012 at 12:33 pm

    ကျူးလွန်တဲ့ တရားခံ ထက် ၊ စီရင်ချက်ချမှတ်တဲ့ တရားသူကြီး ကို ပို စက်ဆုတ်ရွံမိတယ်ဗျာ ။ ထွီ… တရားဥပဒေ စိုးမိုးရေး ကို မေ့ချင်ရင်တောင် ကိုယ့်သမီးကိုယ့်တူမချင်း ကိုယ်ချင်းမစာနာ ။

  • water-melon

    May 19, 2012 at 12:45 pm

    အဲဒီကလေးနေရာမှာ သူ့သမီးဆိုဘယ်လိုလုပ်မလဲ
    မသာမ ခွက်ခုပ်မ တေလေမ ပြိတ္တာမ

  • sugar sugar

    May 19, 2012 at 2:19 pm

    နွယ်နွယ်ရီ ဆိုတဲ့ကောင်မ သူ့သမီးဆိုဒီလိုနေ မလား
    တောက်! တော်တော် ရွံဖို့ကောင်းတယ်
    ဒီလို တရားသူကြီးမျိုး မသေ ခင်အရင် ငရဲကျ မှာ

  • Gipsy

    May 19, 2012 at 7:16 pm

    ဘယ်လောက်တောင်ရလိုက်သလဲ မသိဘူး .. ဒီလို လုပ်ရအောင် …
    မိန်းမသားဘဝတူ အချင်းချင်း ငဲ့ညှာစိတ်လေးတော့ ထားသင့်ပါတယ် ..
    အနို်င်ကျင့်ခံရတဲ့ ကလေးမ လေးသနားစရာဗျာ…
    အော်.. တရားမျှတမှုတွေ ဘယ်မှာ လိုက်ရှာလို့ ရနိုင်ပါ့မလဲ….။

Leave a Reply