Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အချစ်ဆိုသည်မှာ တူးပွိုင့်ဇီးဒိုး

ムラカミMay 30, 20121min46119

အို … အိသဒ္ဒါမိုးရယ်…

 

 

အချစ်ဆိုတာ …သဂျီးတို့ ဆီက ကာဆီနိုတွေထက် ပိုမာယာများတယ်ဆိုတာ

ဘွနဲ့ရင်းပီးမှ ကိုဂီ့ သိလိုက်ပါပြီလေ ….။

 

 

မနေတတ်ဘူး ရူးတော့မယ် ..အိသဒ္ဒါမိုးရယ်… အမုန်းများရပ် ပေးပါ…။

ငွေကျည်ဆံ တွေ ပစ်နေတဲ့ လောကဟင်းလင်းပြင်ကြီးထဲမှာ အနှိုင်းမဲ့

ချစ်နေမယ့် သူ ဘယ်သူရှိ မလဲ ကွယ် ။ တခါကလို ထစ်ချုံးမိုးတွေ ရွာမယ်ဆိုရင်တော့

အက်ဆစ်လို အမုန်းများ မသည်းလိုက်ပါနဲ့ ..။ အချစ်ရဲ့ မိုး ဆိုတာ ဘုရားကပေးတဲ့မိုးများ ပါ..။

 

ကိုယ်လေ မာကျူရီည တွေကို ခံစားချက်မဲ့ မဖြတ်သန်းချင်တော့ဘူး သိလား..။

မင်းနဲ့အတူ  ရှင်သန်ခြင်း အတွက် ရွက်လွှင့်ခြင်း အမှုကို ပြုဖို့ ဘာလိုလို ပေးဆပ်မယ် လို့

ထင်မှတ်ထားတဲ့သူပါ..

 

ကိုယ့်အချစ်ကို ဟို ဂျစ်ပစီမိုးတိမ် ကိုရင်လိုတော့ ပေါ့ပေါ့ မတွက်စေချင်ပါဘူးကွယ်..။

တယောက်ထဲ လွမ်း နေရမယ်ဆို တခုလေး သတိရပေးပါ ..မင်းတယောက်ထဲ မဟုတ်ဘူး

ဆိုတာပါကွယ်။

 

ကိုယ့် ဘဝပေါ်ရိုက်နေတဲ့ ကြာပွတ်များ ကို မမှုဘဲ မင်းအတွက် ဆိုရင်

ရန်များကို ကိုယ်ရှင်းပါ့မယ် ကွယ် ။ ကိုယ်တို့ဟာ ဘဝတိုက်ပွဲအတွက် အသင့်တော်ဆုံး

ခရီးသည် နှစ်ဦး ပါပဲ ။ မင်းအတွက် ကိုယ့် အသည်းတံခါး က အမြဲဖွင့်လှစ်ထားလျက်ပါ။

မင်းသာ မရှိရင် ကိုယ် ဟာ သက်တမ်းမဲ့ သွားမှာ ဖြစ်ပြီး ရှင်သန်နေဦးမယ်ဆိုရင်တောင်

အသက်မဲ့ စိမ်းလမ်းခြင်း တမျိုးလို့ ..တင်စားပါရစေကွယ်….။

 

အိသဒ္ဒါမိုးရယ် …

ရှေ့ဆက်ရန် စဉ်းစားမယ် ဆိုရင်လည်း ..အသစ်ကပြန်စ ကြဖို့ တောင်းဆိုပါရစေ…

ကိုယ့်ဘက်ကတော့ တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင် ဖို့ထိ ရဲရင့်နေတယ် ဆိုတာ မမေ့စေချင်ဘူးကွယ်..။

 

မနေ့ညကပေါ့ … ချစ်သူရဲ့ သီချင်း ကို အသည်းကွဲရေဒီယို မှာ ထုတ်လွှင့်သွားခဲ့လေရဲ့..။

မင်းတယောက် ကိုယ့်အပေါ်မှာ ဂန္ဒဝင် စိမ်း လိမ့်မယ် လို့တော့ ကိုယ်မယုံပါဘူး ..အိသဒ္ဒါမိုး ရယ်။

 

မင်း တချိန်က ဂေါ်လီမလေး လုပ်ခဲ့တာတွေ ရော ရည်းစားဦးဇာတ်လမ်း တွေကိုပါ…

ကိုယ် ခွင့်လွှတ်ထားပါတယ်ကွယ်…။ ခုချိန်မှ ဒါတွေပြန်ပြောပြီး နုရွ နေတဲ့ အရွယ်လွန်အချစ်

လို့တော့ မမှတ်စေချင်ဘူး …။ တကယ်တော့လေ…မင်းဟာ ကိုယ့်ဘဝအတွက် ကြယ်တံခွန်

ပါကွယ်…။

 

မင်းနဲ့အတူ လျောက်ခဲ့ကြတဲ့ .. အဝါရောင်လမ်းကလေး ကို ရောက်ဖို့ …

ကိုယ်ဟာ ဒဏ်ရာရထား ကြီး စီးပြီး ပြေးလမ်းရဲ့ အဆုံး ထိ လိုက်ပါခဲ့ရတဲ့ ခရီးသွားမီးခိုးတန်း

ပါကွယ်…။ အဆုံးမရှိ တဲ့ ကိုယ့်အချစ်ဟာ ဝဋ်ကြွေး လို့ သာ ပြောလိုက်ပါတော့ …။

ဟုတ်ပါတယ်  ကိုယ်ဟာ မဟာတံတိုင်းကြီး ကို ခေါင်းနဲ့ဆောင့်ဖို့ ဝန်မလေးတဲ့ စိတ်တေလေ

တစ်ကောင်ပါ။

 

မင်းနဲ့ ချစ်တဲ့ည ဟာ ဆေးပေါင်းခတဲ့ည ပါကွယ်..

ငွေလုပ်တဲ့ စက ်ဟာ လောင်းကစားပွဲ ဆန်လွန်းလို့ …

အချစ်များ သူ့ဆီမှာ ဆိုတဲ့ သဘာဝတေးသွား ကိုပဲ တိုးတိုးလေးညည်းရင်း

ဝေးဝေးက နေခဲ့သူပါ…။

 

အိမ်မက်မြစ်တွေ မခြောက်ခမ်းသွားခင် မင်းနဲ့ ကိုယ်နဲ့ကြား ..ငြိမ်းချမ်းရေးပိတောက် တွေပွင့်ဖို့

မျှော်လင့်မိပါရဲ့လေ…။ကန္တာရ ရဲ့ခရီးသည် ကိုယ်ဟာ နောက်ဆုံးမတော့

မျှော်လင့်ချက်ကမ်းခြေ က ဂီတာကဖီး မှာ ဂီတာတီးပါရစေလို့ ……။

 

မျှော်လင့် စောင့်စားခြင်းများစွာနဲ့ …။

 

 

 

ဇဂါးမစပ်

ဒါကို
https://myanmargazette.net/122981/creative-writing
https://myanmargazette.net/96402/creative-writing
https://myanmargazette.net/96183/creative-writing
https://myanmargazette.net/91557/creative-writing
ဒါလေးကိုပါ
https://myanmargazette.net/87354/creative-writing

တွဲဖတ်မှ ဇာတ်ရည်လည်မယ် ဖြစ်ကြောင်းရယ်ပါ…

 

တော်သေးဘီ…

ခင်တဲ့..

ဂီ

19 comments

  • Khaing Khaing

    May 30, 2012 at 1:45 pm

    အော် ကိုဂီ ကိုဂီ ကိုညီထွဋ်သီချင်းတွေနဲ့ အသဲတွေကွဲနေပါလား ……. ခုတစ်လော ကိုဂီ အချစ်နွံထဲမှာ နစ်နေပါလားနော် ပန်းသီးအရောင်းအဝယ်မလုပ် မာကတ်ဒင်းလည်းမဆင်းတော့ စိတ်တွေတေလေငှက် ဖြစ်နေရော့လားကွယ် ……… ကိုဂီရဲ့သီချင်းခေါင်းစဉ်တွေကို ကူးပြီး ဖုန်းထဲထည့်ဦးမှပဲ …….. အတော်ပဲ စလက်ရှင်ကိုယ်တိုင်မရွေးရတော့ဘူး ……… မအားတဲ့ကြားက ဝင်နှောက်သွားပါသည် …..

    • Khaing Khaing

      May 31, 2012 at 11:50 am

      ငါ့ကိုနီတာ ကိုဂီမှ လွဲတစ်ခြားသူမဟုတ်ဘူး နောက်တစ်ယောက်လောက်ထပ်နီပေးပါလားဟင် ……

  • Rose Minn

    May 30, 2012 at 2:43 pm

    အခုတော့ အိ ကိုတနေတယ် ပေါ့လေ။ ကိုထွဋ် ခရေဇီမှန်းသိလိုက်ရပါပြီ။
    ကရင် စီ ကတော့ အိကို မလုတော့ဘူးတဲ့။ ငယ်မှငယ်ပဲတဲ့။

  • kotun winlatt

    May 30, 2012 at 2:56 pm

    အာ..ဟိ…
    ဂီဂီရေ…
    မျှော်လင့်ချက်တွေ ပြည့်ဝပါစေခင်ညာ…
    ခင်တဲ့….
    T.W.L

  • ဗိုက်ကလေး

    May 30, 2012 at 3:08 pm

    ိကိုထွဋ်ဂျီးရဲ့ ပိတ်သတ်ဘာလား ဟရို ့..

  • Shwe Tike Soe

    May 30, 2012 at 3:42 pm

    ဟဟ မိုက်စကွာ…. မလိမ္မာဘူး…. ဟီးဟီးဟီး…
    ရင်ထဲမှာ သိပ်ခံစားနေရသလားကိုဂီ ဒါဆို တစ်ပိုင်းလောက် ကစ်လိုက်ဗျာ….. 😀

  • blackchaw

    May 30, 2012 at 3:48 pm

    ညီလေး ဂီရေ။
    ဉာဏ်ပညာဘယ်လောက်ပဲရှိပါစေ
    တစ်ခါတစ်ရံမှာမိုက်မဲတတ် ပါတယ်ကွာ…။
    အချိန်တော့ သိတ်မရတော့ဘူးကွယ်။
    တစ်နာရီရှိတယ် ပျော်နိုင်ပါ့မလား ဟင်င်င်င်
    :mrgreen:

  • အရင့်ရောင်

    May 30, 2012 at 3:52 pm

    မင်းနဲ့အတူ လျောက်ခဲ့ကြတဲ့ .. အဝါရောင်လမ်းကလေး ကို ရောက်ဖို့ …

    ကိုယ်ဟာ ဒဏ်ရာရထား ကြီး စီးပြီး ပြေးလမ်းရဲ့ အဆုံး ထိ လိုက်ပါခဲ့ရတဲ့ ခရီးသွားမီးခိုးတန်း

    ပါကွယ်…။ အဆုံးမရှိ တဲ့ ကိုယ့်အချစ်ဟာ ဝဋ်ကြွေး လို့ သာ ပြောလိုက်ပါတော့ …။

    ဟုတ်ပါတယ် ကိုယ်ဟာ မဟာတံတိုင်းကြီး ကို ခေါင်းနဲ့ဆောင့်ဖို့ ဝန်မလေးတဲ့ စိတ်တေလေ

    တစ်ကောင်ပါ။
    အရင့်ရောင် လည်း
    ကိုဂီရဲ့ မီးခိုးတန်းကြီးလိုဖြစ်နေပီ ကိုဂီရေ………
    ကို ကတော့ နှလုံးသားတေလေ လေးပေါ့ကွယ်
    ခင်တဲ့
    အရင်ရောင်

  • ညလေး

    May 30, 2012 at 3:52 pm

    ဪ… အိသဒ္ဒါမိုးရယ်……..
    နင့်ဖြစ်ရတာလဲမလွယ်ပါလား……..အဟိဟိ
    အားတိုင်း…..အိ ပဲ အိ နေတာ……..
    အားပေးသွားတယ်……..ဦးဦးဂီ

  • အရီး Khin Latt

    May 30, 2012 at 9:52 pm

    “မေဘရဏီလို… ငွေပန်းချီတောင် လက်မှိုင်ချရသကိုး… မမမိုး… ဝိုးဝို့ဝို” လို့ ဝင်းဦးလို ဆိုတတ်တဲ့ ချာတိတ်လေး ကိုမှ တဲ့။ မင်းလို အရွယ်ကြီး ကို စိတ်မကူးဘူးတဲ့။ 😉
    (ပုံ – မမမိုး ဖြစ်အောင် စဉ်းစားတာ ဒီသီချင်း ဘဲ ထွက်လာလို့ပါ။ ဝင်းဦး ပိတ်သတ် လုံးဝ (လုံးဝ) မဟုတ်ရပါ)
    😀

    • Ch@vez

      May 31, 2012 at 6:44 am

      လောလောဇယ် ဂန်းအင်န်ရိုစ့်စ် ပြန်နားထောင်နေလို့
      နိုဗန်ဘာ ရိန်း ကို ပြန်ကြွေနေပါတယ်. …။ ဟို စာရေးဆြာမ တောင်
      သွားသတိရမိသေး … ရဟူဒီ ဆိုလား ဘာဆိုလား..ယောက်ျားတွေရဲ့
      တန်ဖိုးကို အလွန် သိပြီး …အရပ်ကလည်း အမြင့်ဂျီးလေ…
      (ပါပြန်ဘီ ဒီ အရပ်ကိစ္စ …)
      အာ ..ဟိ..
      ခုနောက်ပိုင်း ဘယ်မာကတ္တာ က ကြပ်ပေးလိုက်တယ်မသိ…
      ဂရင်းမှ ဂရင်း ဖြစ်နေလေရဲ့…
      (အင်း .. တရွာလုံး သူ့ပိတ်သတ်တွေ ဝိုင်း သမကြတော့မယ်ထင်ပါ့…)

  • htoosan

    May 30, 2012 at 9:58 pm

    အပျိုကြီး တစ်ယောက်ယောက်တော့ ရွာသူားတွေ ကို သနားသော အားဖြင့် အနစ်နာခံပေးဖို့လိုနေပြီနဲ့ တူတယ်နော် …… 😀

  • ကြောင်ကြီး

    May 31, 2012 at 8:57 am

    တူးပွိုင့်ဇီးဒိုး
    အိသဒ္ဒါမိုး
    ရှိတာပုဆိုး
    ငပိမြန်မာပိုး..။

  • Swal Taw Ywet

    May 31, 2012 at 1:47 pm

    Dear Ko Gi,
    Please take care your heart or Liver.
    Don’t drink too much Black ( Referred to Uncle FR’s post ).
    By the way, If you really need her, Please recite Mitta Thote.
    If you don’t know it, Please be a monk. OK??

    With respect,
    Swal Taw Ywet.
    ( Yangon, Myanmar )

  • marblecommet

    June 1, 2012 at 12:35 am

    ရမ်များကို ကိုယ်ရှင်းမယ်ဟေ့….
    ဒါပဲ…..
    ရဟူဒီမဂျီးကတော့ လေဘာဒယ်အေ…….
    သူ့ဂျောင့် …
    သူ့ဂျောင့်
    သူမှိုင်းတိုက်လို့….
    သားဘဇပ်နား ရောက်လာဒဲ့
    အမဲလေး ……..လွတ်သွားတာ အခါခါ ဂီရယ်ဟင့်…

  • ကြောင်ဝတုတ်

    June 1, 2012 at 10:02 pm

    မရွာပဲညိုတဲ့မိုးလိုကွယ် မချစ်ပဲညာတဲ့သူကိုကွယ်
    ဆယ်ကမ္ဘာလဲမမုန်းမယ် ဆုံချင်ပါတယ်
    လိုက်ရဲလားမင်းစဉ်းစား အမြန်ဆုံးဖြတ်သင့်ပြီ
    လိုက်ရဲဖို့စိုးရွံ့လား လှိုင်းများကြီးပစေစွန့်စားမည်
    လိုက်ရဲပြီလားပြောပါ ဒီလမ်းလေး

    • Azzurri

      June 1, 2012 at 10:18 pm

      ကျေးကျေးပါ ကကြောင် ဝတုတ်ရေ
      ထောင်ပေါက်သွားပီမို့ ပိုမို ဖလမ်းဖလမ်း ထနိုင်နေပီဖြစ်ပါကြောင်း
      အရသာ ရှိထှာအေ
      ပန်းသီးကို ကျမိတ်ရတာ

      အာဟိ

  • MaMa

    June 2, 2012 at 6:30 am

    သီချင်းရေးဆရာက သူ့သီချင်းတွေကို ကြော်ငြာဖို့ အိ ရဲ့ ဂိ့ ကို အပ်ထားတယ်ထင်တယ်။
    ဖတ်ရတာ သီချင်းလက်ကမ်းကြော်ငြာနဲ့ တူနေသလားလို့ 😆

Leave a Reply