Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လူငယ်နှင့်ငွေရေးကြေးရေး (၁)

marnatJune 1, 20121min45712

လောကမှာ ငွေဆိုတဲ့အရာဟာ လူတိုင်းကိုအမြဲ ဒုက္ခပေးလေ့ရှိတယ်။ ငွေက ပထမဘုရားသခင် တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ငွေဆိုတဲ့အရာဟာ လူတွေအတွက်တော့ ကိုယ်ရံတော် တစ်ပါးပါဘဲ။
ရည်မှန်းချက်ရှိခြင်း
လူငယ်တစ်ဦးအတွက်အဓိကအကျဆုံးအရာက ရည်မှန်းချက်ဘဲ။ ဒါပေမဲ့ စာဖတ်သူတို. စဉ်းစားကြည်.ဗျာ မြန်မာနိုင်ငံက လူငယ်တွေက ဆယ်တန်းအောင် တက္ကသိုလ်တက် ဘွဲ.ရ မိဘပိုက်ဆံရှိရင် ကိုယ်ပိုင်အလုပ်လုပ်၊ ပိုက်ဆံမရှိရင်ဝန်ထန်းလုပ် ကြတာကြီးဘဲ။ တစ်ချို.ကတော.ရည်မှန်းချက်ရှိတယ်ဗျ ငါငွေအများကြီးရှိရင် ဘာလုပ်မယ်၊ ဘယ်လောက်ချမ်းသာလာမလဲဆိုပြီးအမြင့်တွေစဉ်းစားကြတယ်။ ဒီဘာလုပ်မလို. ဘယ်ကနေ ငွေဘယ်လိုရလာမလဲဆိုတကာကို မစဉ်းစားမိကြဘူး။ တစ်ချို.ကတော့ ထီပေါက်ရင်ပေါ့။ဒါပေမဲ့ ထီပေါက်လား မပေါက်လားတော့ မသိဘူး။အစိုးရကတော့ ထီခွန် ငွေသန်းနဲ.ချီရနေရောဘဲ။ စာရေးသူတို.လူငယ်တွေက အမြဲတမ်းပျော်ဘို. ၊ မုန်.ဖိုးရဖို.၊ ရည်းစားထားဖို.ဘဲသိကြတယ်။ ဒါပေမဲ့ဗျာ ဘွဲ.ရပြီးဆိုတာနဲ. ပြသနာစတော့တာဘဲ။ ဒါကတော့အလုပ် မရှိခြင်းဘဲ။ အဲဒါကနေ ရရာဝင်လုပ်အဖြစ်ကို ရောက်သွားတော့တယ်။ ကျွန်တော်တို.လူငယ်တွေအနေန. အနာဂတ်ကို တစ်နေ. တစ်နာရီ မစဉ်းစားဘူးကြလား။ အခုတက္ကသိုလ် တက်နေတဲ့လူတော်တော်များများ ၁ဝပုံ.၈ပုံလောက်ကာ ထိရောက်တဲ့ ရည်မှန်းချက်မရှိကြဘူး။ (ဒါစာရေးသူ ခန်.မှန်းကြည်.တာပါ) ။ ကို်ယ်ယူထားတဲ့ major က သမိုင်း ဒါပေမဲ့ အခုချိန်ထိပြောနေတာ က ဆရာဝန် ၊ ဒါဆိုရင်ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တာပေါ့ဗျာ ဆရာဝန်တော့မဟုတ်ဘူး ဆရာဝန်ကိုအုပ်ချုပ်တဲ့ Manager  ပေါ့။စာရေးသူ အရမ်းကြိုက်တဲ့ စကားရှိတယ် “ကိုယ် ကြိုက်တဲ့မိန်းကလေး တစ်ယောက်ကိုယ့်ကိုပြန်မကြိုက်ခြင်းမှာ မိမိအမှားမဟုတ် ဘုရားသခင် က မိန်ကလေးက မိမိနဲ. မထုက်တန်သောကြောင့် မြားနတ်မောင်အား မခိုင်းစေခြင်းဘဲဖြစ်တယ်”။ ဒါကြောင့် စာရေးသူပြောချင်တာ က မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာဘဲရှိတယ်။ ဘုရားသမခင်က မင်းရဲ.ရည်မှန်းချက်ကို ဖျက်စီးတာမဟုတ်ဘူး။ မင်းရဲ့ရည်မှန်းချက်ကို  မြှင့်တင်နေတာ။ ဒါကြောင့် စာရေးသူပြောချင်တာက  ရည်မှန်းချက်ရှိကြပါ။ ကိုယ်တကယ်ဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုး ထားကြပါ လို. စာရေးသူ တိုက်တွန်းလိုပါတယ်။

12 comments

  • ဗိုက်ကလေး

    June 1, 2012 at 10:59 am

    မဖြစ်နိုင်တာ မရှိဆိုပေမဲ့ဗေကြီးက အာနိုးဖြစ်အောင် ကြိုးစားလို ့ မရဘူးဗျ..နော..
    တန်ရာတန်ရာ၊ သန်ရာသန်ရာ၊ ဝါသနာပါရာ ရည်မှန်းချက် ထားရမပေါ့ဗျား…
    ကျုပ်ဆို ဘီလျံနာကြီးသာ ဖြစ်ချင်တာ သောက်သုံးက တစ်စက်မှ မကျဘူးရယ်…
    စဂါးမစပ်..
    ပို ့စ် ထပ်မတင်နဲ ့တော့နော်
    တစ်နေ ့ နှစ်ပုဒ်ပဲတင်လို ့ရားဒယ်..
    ညာဘက်မှာစည်းဂမ်းလေးတွေရှိဒယ်.ဖတ်ကြည့်ပါဦး..

  • kai

    June 1, 2012 at 11:46 am

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    စည်းကမ်းဖတ်ပါဦးနော..

    ပို့်စ်၄ခုဖြစ်နေတာမို့.. ၂ခုကို မနက်ဖြန်အတွက်ရွေ့လိုက်ပါတယ်..
    ဆိုတော့..
    မနက်ဖြန်လည်းတင်လို့မရသေးပါ..

    ကောမန့်များနဲ့..တခြားသူပို့စ်များတွင်ဝင်ရောက်ဆွေးနွေးနိုင်/လို ပါကြောင်း..။

  • AKKO

    June 1, 2012 at 11:47 am

    ပြောရလျှင် အောင်မင်းလွန်ရာကျမယ်ဗျို့ ။
    ဘွဲ့ရတွေ ၊ အလုပ်လက်မဲ့တွေ များနေတာ ၊ အလုပ်ခွင် လစ်လပ်နေရာနည်းပါးတာထက် ကျွန်တော့အမြင်တော့ လက်ကြောမတင်းတဲ့သူများတယ်လို့ပဲ သုံးနှုန်းလိုက်ချင်တယ် ။ အခုမှ အလုပ်စဝင်မယ့်လူကလည်း certificateတွေ တထပ်ကြီးကိုင်ပြီး သင့်လျှော်ရာအလုပ်ရှာတယ် ၊ ကိုယ်ကဖြင့်အတွေ့ကြုံမရှိသေးပဲ ၊ ဒီအလုပ်ကျတော့ ဘာဖြစ်တယ် ၊ ဟိုအလုပ်ကတော့ ဘယ်သူ့လက်အောက်က စသဖြင့် အလုပ်တွေ ရွေးချယ်နေခဲ့တယ် ၊ ဒီတော့ အချိန်သာ ကြာလာတယ် ဘယ်အလုပ်ကိုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖူးသလိုဖြစ်နေမယ် ။ ကိုင်ထားတဲ့ လက်မှတ်တွေအရတော့ သူက အရည်ချင်းရှိတာပေါ့လေ ။ တကယ်တမ်းအဲ့ဒါတွေနဲ့ ရင်းပြီး နှဖူးတွေ့ ဒူးတွေ ့ အလုပ်လုပ်နိုင်သလားလို့မေးလျှင်တော့ ဟုတ်ကဲ့လို့ဖြေမယ့်လူအရည်တွက်နည်းပါတယ် ။

    ကျွန်တော်ပြောချင်တာက စက်တီဖီကိတ်တွေ ကိုင်ထားတိုင်း ကိုုယ့်ကိုယ်ကို ပညာရှင်လို့ သတ်မှတ်ပြီး ဘဝင်မြင့်မနေဖို့ပါ ။ အခွင့်ရေးဆိုတာမျိုးက ထင်သာမြင်သာ တဲ့ လမ်းကဝင်လာတာမျိုးမဟုတ်ဘူးလေ ။ အခက်ခဲရဲ့ နောက်ကွယ်ကမှ ပါလာတတ်တာမျိုး ။ ဒီတော့ရာ လုပ်သင့်တဲ့အလုပ်တစ်ခု ၊ သင်ယူတိုးတက်လို့ရမယ့် နေရာတစ်ခုဆိုလျှင် မနည်းမများတဲ့ လစာရလည်း လုပ်ပျော်ပါတယ် ။ လုပ်သင့်ပါတယ် ။
    သင်တန်းတွေလိုက်တက်ပြီး တကယ်အသုံးမချနိုင်တဲ့ ယောင်လည်လည်တွေ များနေတယ်လို့ ဒီလိုပြသနာတွေ ဆက်တိုက်ဖြစ်နေတာလို့တော့ ထင်တာပါပဲ ။ အလုပ်ကိုင်အခွင့်လမ်းကလည်း တစိတ်တဒေသ သက်ရောက်မှုတော့ရှိပါတယ် ။

    • marnat

      June 3, 2012 at 5:36 pm

      ဒါမှန်တယ်။
      ကျွှန်တော် သူငယ်ချင်း BE(Civil) နဲ.ပြီးတယ်။ ဒါပေမဲ့လခ 60000K ဆိုတော့မလုပ်ဘူးတဲ့။ဒါမဖြစ်သင့်ဘူး။ ဘယ်လောက်ဘဲ
      အင်ဂျင်နီယာဖြစ်နေပါစေ လက်တွေ.မရှိဘူး။

  • ဓါးငမိုး

    June 1, 2012 at 1:31 pm

    လူငယ် ဆိုတဲ့ ဝေါဟာရကို
    ကျုပ်တို့ မြန်မာပြည်မှာ များသောအားဖြင့်
    ဟေးလားဟားလား လုပ်တဲ့ အရွယ်လို့ သတ်မှတ်ထားကြတာကလား …
    ဒီတော့ ဘယ်လိုလုပ် ရည်မှန်းချက်တွေ ရှိနိုင်လိမ့်မတုံး …
    လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေထဲပဲ တိုက်ဆောက်နေလို့ကော ဘယ်လိုလုပ် လက်တွေ့ ဖြစ်လာမှာတုံး ..
    ကျုပ်တို့ဆီမှာ ရည်မှန်းချက်နဲ့ ကြိုးစားအားထုတ်ပြီး ပေါက်ရောက်သွားတဲ့လူ အများစုကတော့
    ငယ်ငယ်က ဆင်းရဲတဲ့ လူတွေပဲဗျ …
    အဖေဖြစ်သူ သူဋ္ဌေးကြီးဆီက အမွေရလို့ သူဋ္ဌေးဖြစ်တာကတော့ မထူးဆန်းဘူးပေါ့နော့ …

    လူငယ် အရွယ်က တကယ့်ဟဲဗီး စူပါဟီးရိုးကြီးတွေကို ခိုက်တတ်တဲ့ အရွယ်ဗျ …
    ပြောရရင် လောကကြီးကို အရွဲ့တိုက်တဲ့ ဟီးရိုးတွေဆို ပိုတောင် ကြိုက်သေး …
    ဒီတော့ အဲဒီ ဟီးရိုးတွေကို ဖန်တီး အသက်သွင်းနေတဲ့ စာရေးဆရာကြီးတွေက လူငယ်တွေ ဘဝအတွက် ရည်မှန်းချက်တွေ ထားနိုင်အောင် တိုက်တွန်း ရေးသားမယ်ဆိုရင်တော့ တစ်မျိုးတစ်မည် ဖြစ်လာမလားပဲ …
    ဒါကတော့ ကျုပ်ရဲ့ စိတ်ကူးပါ ….

    • marnat

      June 3, 2012 at 5:24 pm

      ဒါက မဖြစ်သင့်တဲ့ အကြောင်းရာပါ။ ဒီစိတ်တိုင်းမခံယူသင့်ဘူးလို.ကျွန်တော်ထင်တယ်ဗျာ။
      ကျေးဇူးပြုပြီး ဆန္ဒလေးပြောင်းပေးပါ။

  • siamonone

    June 1, 2012 at 3:53 pm

    အကိုရော .. ? ဘယ်လိုရည်မှန်းချက်မျိုးတွေ ရှိပါသလဲ .. ? အကို့ကို တွေ့မယ်ဆိုရင် ဘယ်လို ဆက်သွယ်လို့ရနိုင်ပါသလဲ .. ? ကျွန်တော်လည်း ရည်မှန်းချက်ကြီး မားတဲ့ သူ တွေနဲ့ များကြီးများကြီး မိတ်ဆွေဖွဲ့ချင်ပါတယ် ..

    • marnat

      June 3, 2012 at 5:27 pm

      တစ်နေ.မှာ အများပိုင်ကုမ္မဏီး ရဲ. MD ဖြစ်ချင်တယ်။ နောင် 5နှစ်အတွင်းမှာ ဖြစ်ကိုဖြစ်ရမယ်။
      ညီညီနိုင်စာအုပ်က သူဋ္ဌေးဖေဖစီးရီး ဖတ်ပါလား

      • ဓါးငမိုး

        June 3, 2012 at 5:35 pm

        အမ်မင်ဒီဂျီး ဖစ်သွားရင်လည်း ..
        ဒီရွာဂျီးကိုတော့ မေ့သွားနဲ့အုန်းနော့ …
        😀

  • အင်းးးးးးးမရေရာမသေချာအောင် ရိုက်ချိုးခံနေရတဲ့ ခေတ်လူငယ်တွေထဲ
    ကိုယ်တိုင်လဲ အပါအဝင်ပါ။မိမိကိုယ်တိုင်လဲ. ချော်လဲရောထိုင် အိမ်မှာ
    ကပ်နေတော့ ကိုယ်ပိုင် အရည်အသွေးဆိုတာ ဘယ်လိုုထုတ်ရပေါ့မလဲ
    မသိတော့ပါ။

  • Shwe Ei

    June 1, 2012 at 5:43 pm

    ကိုယ်တကယ်လုပ်နိုင်တဲ့ ကိတ်စမျိုးအတွက်သာ ရည်မှန်းချက်ထားဖို့ဆိုတာ လက်ရှိခေတ်အနေအထားနဲ့ ကြည့်ရင် အဖြစ်သင့်ဆုံးဘဲဗျ။ လူတယောက်ဟာ ကျောင်းပြီးတာနဲ့ ဝင်ငွေရှိအောင်ကြိုးစားဖို့ကပထမ ကိုယ်ဖြစ်ချင်တာအကောင်အထည်ဖေါ်ဖို့က ဒုတိယ ဒါမှမဟုတ် တတိယဖြစ်ချင်လဲဖြစ်သွားမှာဘဲ။ ကျမတော့ အနီးစပ်ဆုံးတခုကိုဘဲ ရည်မှန်းချက်ထားတယ်။ ဝေးလွန်းတာကြီးမှန်းပြီး စိတ်ပင်ပန်းရတာ အဖတ်တင်မှာစိုးလို့။

    • marnat

      June 3, 2012 at 5:31 pm

      shwe ei ပြောတာမှန်တယ်။ ဒါပေမဲ့ ကျောင်းမှာကတည်းက ဆောင်ရွက်သင့်တယ်။
      ဥပမာ – ကျောင်းမှာ major အကျီ ထုတ်တာတို.ပေါ့။ အဲဒီမှာ ဆို ဗဟုတအပြင်
      ဝေဖန်မှုတွေ၊ ပညာတွေအများကြီးရတယ်။

Leave a Reply