“First And Last” အပိုင်း(၄)
“ဒီလိုကွဲ ့ သူက တနင်္လာနေ ့တိုင်းဆို လာ လာစီးတက်တယ်”
“အင်း ဆက်ပြောပါအုံးဦး…………..”
“အင်း…………သူက ထူူခြားတယ်ဆရာရဲ ့ ဘာဖြစ်လို ့လဲဆိုတော့ တစ်ခါတစ်လေကြရင်သူ ့မျက်နှာက ဝမ်းနည်းနေတက်တယ်…..မျက်ရည်စတစ်ချို ့ကိုလဲ သူ ့မျက်ဝန်းထဲမှာတွေ ့ရတက်တယ်…..
ပြီးတော့ သူ ့မျက်နှာပေါ်မှာ အငြ ိုးရိပ်တွေကိုလဲတွေ ့ရတက်တယ်….”
“ဘာ ့ကြောင် ့ ဦးက အဲ ့ဒီလိုပြောနိုင်တာလဲ…………”
“ဘာ ့ကြောင် ့လဲဆိုတော့ တစ်ခုခုကိုသတိရပြီး စိတ်လွတ်သွားတက်တယ်……ပြီးတော့ မျက်ဝန်းတစ်စုံလုံးလဲ ကျားရိုင်းတစ်ကောင်ရဲ ့မျက်လုံးလို နီရဲ လာတယ်…နောက်ဆုံးတော့ ပိုက်ဆံအိပ်ကလေးကိုထုပ်ပြီးအထဲက ဓါတ်ပုံလေးကိုကြည် ့ပြီး မျက်ရည်လည်လာတယ်…..နောက်ပြီးချက်ချင်းပဲဒေါသရိပ်တွေဖုံးလွှမ်းသွားတယ် သူ ပြောလိုက်တယ်စကားတစ်ခွန်းကိုပေါ့(မင်းကိုတွေ ့အောင်ရှာမယ်)လို ့လဲပြောတယ်…အဲ ့ဒါပါပဲဆရာ…..”
“အင်း ခဏနော်….အခုနက ဦးပြောလိုက်တဲ ့ အထဲမှာ (မင်းကိုတွေ ့အောင်ရှာမယ်)လို ့ပြောလိုက်တယ်နော်…..အဲ ့ဒါဘယ်သူ ့ကိုပြောတာလဲ……”
“အဲ့ဒါတော့မသိဘူဆရာရယ်….သူပြောတာပဲကြားလိုက်တာပါ…..”
“ဟုတ်ကဲ ့ပါ အခုလိုပြောပြပေးတဲ ့အတွက် ဦးကိုကျေးဇူးတင်ပါတယ်……..ခွင် ့ပြ ုပါအုံးနော်…..”
“အော် ဆရာ မနက်ဖြန် တနင်္လာနေ ့နော်….”
“ဟုတ်ကဲ ့ ကျွန်တော်တို ့ပြန်လာခဲ ့ပါမယ်………..”
“မင်္ဂလာပါ ဦး…….”
“ဟာ လာပါဆရာ မုန် ့ဟင်းခါးစားပါအုံးလား……………”
“ကျေးဇူးပါဦး..ကျွန်တော်တု်ိ ့ စာခဲ ့ပြီးပါပြီ……..မနေ ့က ဦးပြောပြတဲ ့တစ်ယောက်က ဘယ်အချိန်လောက်လာနိုင်မလဲမသိဘူး …..”
“၈နာရီလောက်ဆိုရင် ရောက်လာတက်ပါတယ်ဆရာ……..”
“ဟုတ်ကဲ ့…………….”
“ရဲဘော် မင်းတို ့နှစ်ယောက်က ဟိုဘက်နားမှာ စောင်နေ…….ငါအချက်ပြလိုက်တာနဲ ့ဝင်လာခဲ ့လိုက်တော့ ဟုတ်ပြီလား…………”
“ဟုတ်ကဲ ့ဆရာ……….”
ဒုရဲအုပ်သန်းဝင်းပြောလို ့ပြီးသွားတော့ ရဲဘော်နှစ်ယောက်စလုံးထွက်ခွာသွားလေသည်။ ဒုရဲအုပ်သန်းဝင်းတစ်ယောက် တရားခံကိုတွေ ့ချင်စိတ်တွေထိမ်းမရအောင်ဖြစ်နေလေသည်။
“ဟာ ဆရာ ဟိုမှာ ရထားပေါ်မှာ ပါသွားပြီ……”
တာဝန်ကျ ဦးလေးကြီးပြောမှ ရထားပေါ်ကိုကြည် ့မိလေသည်။ ဘယ်အချိန်ထဲက ရထားပေါ်ကိုရောက်နေသည်ကို သူတို ့နှစ်ယောက်စလုံးပင်မသိပါလေ။ ရထားက ထွက်ခါစအချိန်ဖြစ်နေသောကြောင် ့နဲနဲနှေးနေသည် ဟာ ဒုရဲအုပ်သန်းဝင်းတစ်ယောက်အတွက် အခွင် ့ကောင်းဖြစ်နေလေသည်။ချက်ချင်းပင်ရထားနောက်သို ့ပြေးလိုက်လေတော့သည်။
“တောက်…………ဘယ်ရောက်သွားလဲမသိဘူးကွာ……”
“ဆရာ တွေ ့လိုက်ရလား……”
“မတွေ ့ဘူးကွာ….ဒီတစ်ချက်ကတော့ နာတယ်ကွာ……..ပြေးထားအုံးပေါ့ကွာ ငါမိအောင်မင်းကို ဖမ်းပြမယ်………”
“အင်း ကိုသန်းဝင်းပြောပုံအရဆိုရင် တရားခံက သူရဲ ့နောက်ကို ရဲတွေလိုက်နေပြီဆိုတာ သိနေပြီထင်တယ်……”
“ဟုတ်တယ် စခန်းမှုးရေ……တရားခံက ကျွန်တော်တို ့ထက် ခြေလှမ်းတစ်လှမ်းသာနေပြီထင်တယ်…..ဒါပေမဲ ့ တရားခံကို မိအောင်ဖမ်းပါ့မယ်….”
“ဆက်ကြ ိုးစားကိုသန်းဝင်ရေ…..အထက်ကလဲ ကျွန်တော် ့ကို ပြောနေပြီ…..“
“ဟုတ်ကဲ ့ပါစခန်းမှုး…..”
ရင်ထဲမှာ စို ့နင် ့ကြေကွဲနေသည်။အသက်ရှုရတာပင် အဓိပါယ်မရှိဖြစ်နေလေသည်။ မင်းနိုင် ဆိုသည် ့စကားသံလေးကို ပြန်ကြားယောင်လိုက်တိုင်းလှပတဲ ့မျက်နှာနုနုလေးတစ်ခု အဖြစ်ပျက်တွေက သူ ့အတွက်တော့ မြန်ဆန်လွန်းလှသည်မဟုတ်ပါလား။အခုအချိန်မှာ နာကျငိခံစားတက်တဲ့ နှလုံးသားသာမရှိဘူးဆိုရင်သူ ့ဘဝကအဓိပါယ်ရှိနေလောက်ပြီ။ လိုချင်လွန်းလို ့ပြန်တမ်းတနေလဲ မရနိုင်တဲ ့အသိက ရင်တစ်ခုလုံးကိုအက်ဆစ်နဲ ့ပတ်ဖြန်းလိုသလို တဆစ်ဆစ်နဲ ့နာကျင်ရလေသည်။ဦးမင်းနိုင် ခင်ဗျား ဘယ်ပြေးပြေး ကျုပ်တွေ ့အောင်ရှာမှာဘယ်လောက်ဝေးဝေးပေါ့…..စိတ်ထဲကပြောနေရင်း ခြေသံကြားလို ့နောက်သို ့လှည် ့အကြည် ့……………………………………..
“ခွပ်……ခွပ်…”
“အင် ့…”
ဦးနှောက်က နာကျင်တဲ ့ဝေဒနာကို ခံနိုင်ရည်မရှိသဖြင် ့ လောကနဲ ့ ခဏတာ အဆက်ြပြတ်သွားလေသည်။
“ဒီတစ်ခါတော့ ဘယ်မှမပြေးနိုင်တော့ဘူးမလာ……မင်းကိုဖမ်းချင်နေတာကြာပြီ…….”
ဒုရဲအုပ်သန်းဝင်းတစ်ယောက်တရားခံကို ကြ ိုးနဲ ့တုတ်ပြီး ခုံပေါ်သို ့တင်လိုက်လေသည်။ ပြီးမှ တရားခံရဲ ့အခန်းအတွင်းသို ့ရှာဖွေလေတော့သည်။ ခြောက်လက်မရှိပြီး ငါးမန်းစွယ် ပါနေသည် ့ ဓါးမြှောင်တစ်လက်ရယ် ကင်မရာတစ်လုံးရယ် ပိုက်ဆံအိပ်တစ်ခုရယ်တွေ ့ရလေသည်။ နောက်ဆုံး အံဆွဲတစ်ခုကို ဖွင် ့လိုက်တော့ ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကိုတွေ ့ရလေသည်။စာအုပ်လေးရဲ ့အဖုံးမှာ(၂၀၁၀)လို ့အသားထွင် းစလုံးနဲ ့ရေးထားတာကြောင် ့စိတ်ဝင်စားလာလို ့ ဖွင် ့ဖက်လိုက်တော့ အသက်၃ဝခန် ့ရှိပြီးခန် ့ငြားတဲ ့လူရွယ်တစ်ဦးရဲ ့ဓါတ်ပုံလေးတစ်ပုံကိုတွေ ့ရလေသည်။စာမျက်နှာ-၁ကိုဖွင် ့ဖက်လိုက်တော့…………………………….
ရှေ ့သို ့ဆက်ပါအုံးမည်…………………ခင်မင်လေးစာလျှက်……………………………..
4 comments
shwe kyi
June 9, 2012 at 10:12 am
နောက်တစ်ပိုင်းမြန်မြန်လေးတင်ပါနော်။ ကိုးနတ်ရှင်မကောင်းတာတော့သိပါတယ်။
ဒါပေမယ့် ကြိုးစားတင်ပေးပါလို့ နားပူပါရစေ။
မောင်ပေ
June 9, 2012 at 7:14 pm
“ စာမျက်နှာ တစ်ဆယ့်ငါး ”
အလင်းဆက်
June 9, 2012 at 7:45 pm
ဆက်ပါဦး…ကိုလင်းနိုင်..။
hein latt
June 10, 2012 at 12:59 pm
စုံထောက်ဇာတ်လမ်းများအားပေးပါတယ်…နောက်အပိုင်းကိုမျှော်နေပါတယ်