Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ပြောင်းစေချင်သလား ” ရွာသူ ရွာသား များပြောကြပါ

ခေါင်းစဉ်ဖတ်ပြီး တမျိုးတော.မတွေးကြနဲ.ဦးဗျို. ။။။။

ကျွန်တော.မှာ မနက်က ရောက်လာတဲ. မေး တစ်စောင်ကြောင်. ရီရအခက်ငိုရအခက်ဖြစ်နေလို.ဗျ ။

ဒီလိုပါ ….မန်းဂေဇက်နဲ.ပတ်သက်ပြီး အွန်လိုင်းမှာသိကျွမ်းခဲ.တဲ. သူငယ်တစ်ယောက်က အားပေးနှစ်သိမ်.တာတွေ ၊ ဖျောင်းဖျနား

ချတာတွေ လုပ်သဗျ ။ လိုရင်းပြောရရင် ကျွန်တော်.ကို “အစ်(စ)လမ်” ဘာသာဝင် တစ်ဦးလို.ထင်နေတယ် …..အဓိက ကတော.

ကျွန်တော်.နာမည်ကြောင်.ပါ ။ အရင်အချိန်ဆိုရင် အူတက်အောင်ရီ (ရယ်) မိမှာပါ …ခုလဲ နဲနဲတော.ရီ ရင်းနဲ. တစ်ချို.အကြောင်း

အရာလေးတွေ ရှင်းပြသင်.တယ်လို.တွေးမိပါတယ် ….

ကျွန်တော်ရွာထဲရောက်တာ တစ်နှစ်နီးပါးရှိ ပါပြီ ….စ ဝင်ခါစတုန်းကတော. ဒီလောက်နေဖြစ်လိမ်.မယ်လို.မထင်ခဲ.ပါဘူး ….

ခုတော. …ကိုယ်.ရဲ.ဒုတိယမိသားစုလို ပျော်ပိုက်နေတော.တာပါဘဲ  ။။။ အကောင်.လုပ်တော. နာမည်ရွေးတဲ.အခါ ငယ်စဉ်က

ရင်းနှီး ခဲ.ဖူးတဲ. အပျော်တန်း လူရွှင်တော်တစ်ယောက်ရဲ.နာမည်ကို ရေးထဲ.လိုက်တာ ….

ဟိုး ….တချိန်ကတော. အကြောင်းမဟုတ်ပေမဲ. ခုလိုရှုပ်ရှုပ် ထွေးထွေး အခါမှာတော. ကိုယ်.ရဲ.ကွန်မန်.တွေ ၊ပို.စ်တွေနဲ.

ပတ်သက်ပြီး အချို.သောသူများကို စိတ်မသက်မသာမဖြစ်စေချင်လို.ပါ ။ (တစ်ကယ်တော. ဓားငမိုးကို ကြောက်လို.)ဟဲဟဲ

ကိုပေ (Windtalker) ဆိုရင် ကာလအတော်ကြာတဲ.အထိ အထင်မှားနေတုန်းပါ ….ခက်တာက ရွာထဲက သူတွေနဲ.လဲ

ဆုံဖြစ်ဖို.အကြောင်း မတိုက်ဆိုင်ခဲ.ပါဘူး …..ရှားရှားပါးပါး မိနစ်ပိုင်းလောက် ဆုံဘူးတဲ.သူဆိုရင် နှစ်ယောက်ပဲ ရှိပါတယ် ။

အလှူငွေပေးရင်း ဆုံဖြစ်ခဲ.တာပါ …..ခဏလေးတွေ.တာဆိုတော. သူတို.လဲမှတ်မိမယ် မထင်ပါဘူး ။

ခုတော. ….စွဲစွဲ မြဲမြဲ ဖြစ်နေတဲ.ဒီနာမည်ကို ပြောင်းရကိန်းကြုံလာပါပြီ ….ကိုယ်.အတွက်အပျော် အပျက်ပေမဲ. အခြားသူများ

အတွက် စိတ်မချမ်း မသာ ဖြစ်တယ်ဆိုရင် မကောင်းဘူးလေ …..ဒီပို.စ်ကို  မနက်က မေး ပို.တဲ. သူငယ်လေးလဲ ဖတ်မိမယ်

ထင်ပါတယ် …..ကျွန်တော်” ထေရဝါဒဗုဒ္ဒဘာသာ “ဝင် စစ်စစ် တစ်ယောက်ပါ ……။ကုလား လူမျိုးလဲ လုံးဝမဟုတ်ပါ ...။

ကဲ ကဲ …….ကျွန်တော်.ရဲ. ညီ အစ်ကို မောင်နှမ မိသားစုဝင်တွေဖြစ်တဲ. ရွာသူရွာသားတွေကိုပဲ အားကိုးတကြီးနဲ. တောင်း

ဆိုရပါဦးမယ် …..ကျွန်တော်.ရဲ. နာမည်ကို သင်.တော်မယ်ထင်တာလေး ရွေးပေးကြပါဦးဗျာ ………………။

ရွာသူရွာသားများပေးတဲ.နာမည်နဲ.ဘဲ နောက်နောင် ရွာထဲလာပါတော.မယ် ……………..။

39 comments

  • htoosan

    June 9, 2012 at 12:38 am

    surmi ဆိုတော့ မိဆာလို့သာ ပြောင်းလိုက်တော့ဗျာ.. ဖရဲလည်း အဖော်ရတာပါ့ …. 😀

  • surmi

    June 9, 2012 at 12:58 am

    ဟုတ်ပြီ ဟုတ်ပြီ တစ်ယောက်တော. အကြံ စပေးပြီ ။
    မှတ်ထားလိုက်မယ် …..
    ခက်တာက …မိဆာဆိုရင် ကြည်.စရာဖြစ်သွားလိမ်.မယ်
    ဟေဟေ. ။

  • Victory

    June 9, 2012 at 1:16 am

    အမှန်က မြန်မာလူမျိုးဖြစ်ကြောင်းနဲ့ ရွှေကျွမ်းကျင်သူလဲပါအောင် “ကိုရွှေ”လို့ရိုးရိုးလေး
    ကောင်းပေမဲ့ပေါ့ဗျာ။ ရိုးလွန်းတယ်။
    ရွှေကိုကို…………
    ဆိုတော့လဲ ကလက်ပြန်ရော။
    တောင်တွေးမြောက်တွေးနဲ့ ယောင်နေယခုအခါမို့
    ကဲ………….
    “အောင်ဇေယျတု” လို့ပြောင်းဗျာ။
    သဗ္ဗမင်္ဂလာနဲ့လဲပြည့်စုံသွားတာပေါ့ဗျာ။

  • အရီး Khin Latt

    June 9, 2012 at 2:32 am

    အပေါ်က ကိုဗစ် ပြောတာကို လိုက်ပြောရရင် ရွှေ အကြောင်းသိသူမို့ ရယ်
    ၂၀၁၂ ဥရောပဘောလုံးချိန်မို့ ရယ်
    ပေါင်းပြီး “ဂိုး” လို့ ပြောင်းပါလား။ အဟိ။
    နောက်တာပါ။ 🙂

    အမှန်တော့ ပြောင်းစရာမလိုပါဘူး ကိုဆာမိ ရယ်။
    တကယ်တော့ အဲဒီလူမျိုးတွေ ထဲမှာလဲ ချစ်စရာ၊ ခင်စရာ သူတွေ အပြည့်
    ကျွန်မတို့ လူမျိုး တွေထဲမှာလဲ ချဉ်စရာ၊ ရွံစရာ သူတွေ အပြည့်
    မကောင်းတာကို မကောင်းကြောင်း မြင်နိုင်ဖို့
    မကောင်းသူကို မကောင်းသူမှန်း သိနိုင်ဖို့ သာလိုပါတယ်။
    ဗမာလူမျိုး တစ်ယောက်က “ဆာမိ” လို့ ချစ်စနိုး အမည်ယူထားတာမို့ ချစ်ကြည်ရေး အသွင်တောင်ဆောင်ပါသေးတယ်။

  • kai

    June 9, 2012 at 4:56 am

    မပြောင်းစေချင်ပါဘူး..
    ဆာမိက.. ပိုလို့.. ချစ်စရာကောင်းသေး…
    ရပ်ကွက်ထဲသွားမေးကြည့်ပါလား..

    ကုလားဆာမိဆို.. လူတွေချစ်မှချစ်.. :mrgreen:

  • ဇောက် ထိုး

    June 9, 2012 at 5:10 am

    အနာထပိဏ်သူဋ္ဌေးအိမ်က အလုပ်သမားလို့ပြောမလား။ ပီအေလို့ဆိုမလား။ သူ့နာမည်က မောင်ယုတ်မာ တဲ့။ အမလေး လူက ကောင်းမှကောင်း။ အနာထပိဏ်သူဋ္ဌေးဆို သူကယ်ထားတာတွေတောင်ရှိသေး။
    အနာထပိဏ်သူဋ္ဌေးကို မိတ်ဆွေတွေက ဒီကောင်နာမည်မကောင်းဘူး.. မထားနဲ့ဆိုတော့ အနာထပိဏ် သူဋ္ဌေးက နာမည်က အဓိကမဟုတ်ဘူးတဲ့။ လူက အဓိကတဲ့။ ဒုံးမဝးစမ်းပါနဲ့ ကိုယ့်လူရာ။

  • MaMa

    June 9, 2012 at 7:07 am

    စုပေါင်းအလှူလုပ်ရတဲ့ အမြတ်တခုက ရွာသူား တော်တော်များများကို သိသွားခြင်းပါပဲ။
    မျက်နှာများတဲ့ ရွာသူားတွေ မျက်နှာဖုံးလေးတွေ စွပ်လို့ ရွာထဲမှာ နေကြတာ…
    အလှူလာပေးတော့မှ နာမည်နဲ့ လူနဲ့ တခြားစီဆိုတာကို သိရတယ်။
    နာမည်တွေ အမျိုးမျိုး ပြောင်းနေတဲ့ လူတွေတော့ ဘယ်လို ယူဆတယ်မသိ…
    ကိုယ့်စိတ်ကူးအရဆိုရင် ရွာထဲမှာ တွဲမှတ်မိနေတဲ့ ရွှေနဲ့ ဆာမိ လိုက်ဖက်ပါတယ်။ 🙂

  • shwe kyi

    June 9, 2012 at 8:36 am

    ကိုရင်ဆာမိရေ ဆာမိကိုတော့ မပြောင်းပါနဲ့ရှင်။
    ကိုရင်ထပ်ထည့်လိုက်ပါလား။ ကိုရင်စည်သူနဲ့ ဆင်တူဖြစ်သွားတာပေါ့။
    အရီးလတ်ပြောသလိုပါပဲ ချစ်ကြည်ရေးအသွင်ဆောင်တာပေါ့ရှင် ဆာမိကိုတော့မပြောင်းပါနဲ့။

    ဂျူနီယာ
    ရွှေကြည်

  • nature

    June 9, 2012 at 8:50 am

    ပြောင်းမယ်ဆိုရင်တော့ ရွှေအကြောင်းသိတဲ့သူဖြစ်တဲ့အတွက် လူပျက်ကလေေမောင် ရွှေရိုး ဟု အကြံပေလိုက်ပါကြောင်း။ 🙂

  • ahnyartamar

    June 9, 2012 at 9:25 am

    ကို်ဆာမိရေ…ကိုယ့်ရဲ့ပထမဦးဆုံးတွေးထားတဲ့ အတွေးကရတဲ့ နာမည်သည်သာ အကောင်ဆုံးလို့ ယူဆပါကြောင်း…အဓိကမကျတဲ့အရာတွေပေါ်မှာ ပတ်ဝန်းကျင်ကြောင့် အရောင်မပြောင်းပါနဲ့ဗျာ။ ဆာမိ ဆိုတဲ့ နာမည်ကိုပဲ ရင်းနှီးနေပါပြီဗျာ။

  • မောင်ပေ

    June 9, 2012 at 9:36 am

    ဆဆလမ်မာလေးကွန်း ဆာမိဘိုင်
    မောင်ပေနော် ဆာမိဘိုင် ကိုနော် အရားလို့ မထင်ဘူးနော်
    မောင်ပေ ဖတ်ခဲ့ဘူးတယ်နော်.. ရွှေစက်တော်ကို သွားခဲ့တဲ့အကြောင်း။ မောင်ပေ က ရွှတ်နောက်နောက်မို့ ခွေးလွှတ်ပေးဘာ ကိုကိုဆာ

    • surmi

      June 9, 2012 at 11:15 pm

      ကိုပေဆိုတာ
      ကိုယ်.ဆရာများထဲမှ တစ်ဦးမို. ခွေးလွှတ်စရာမလို
      ကျား ဘဲလွှတ်ပေးလိုက်တော.မယ် ….
      ဒါနဲ. ….ရခိုင်အရေးကြောင်. ယူရိုတောင် အရသာပျက်သွားတယ်နော ….။

  • may flowers

    June 9, 2012 at 9:41 am

    ရွာထဲဝင်လာ ကတည်းက ဆာမိဆိုတဲ့ နံမည်နဲ့ပဲရင်းနှီးနေတာ…ခုမှပြောင်းမယ်ဆိုတော့……။

    တတ်နိုင်ရင်မပြောင်းတာကောင်းလားလို့..။ဟီးးးး ..( ဆရာလုပ်) အဲ….အကြံပေးကြည့်တာပါ။

  • Thel Nu Aye

    June 9, 2012 at 9:45 am

    ဆာမိ ( မြန်မာ ) လို့ ပြောင်းလိုက်ပေါ့။

    • Thel Nu Aye

      June 9, 2012 at 10:24 am

      အမှန်အတိုင်းပြောရရင်တော့ ကျွန်မရွာထဲစဝင်ဝင်ချင်းတုန်းက ကိုဆာမိရေးတဲ့ ရွှေအတု အကြောင်း ရေးထားတဲ့ပိုစ့်ကလေးဖတ်ရတယ်။ ကျွန်မမျက်စိထဲမှာ ဒွေးရဲ့ မန်နေဂျာ ဆာမိ ကို မြင်ယောင်မိပြီးကိုဆာမိကို မြန်မာလို့တော့မထင်မိတာဝန်ခံပါတယ်။ နောက်ဟိုနေ့က ကားပိုစ့် တခုထဲမှာ အိတုန်က ဖြူဖြူဖွေးဖွေး ကိုဆာမိဆိုမှ အထင်နဲ့အမြင်တက်တက်စင်အောင်လွဲမှန်း သိတော့တယ်။ ခွင့်လွှတ်။ ဟီဟိ အခုတော့သိပါပြီမမှားတော့ပါဘူး။

  • ဆာလို့ ဘဲ မိမိ
    မဆာလို့ဘဲ မိမိ
    ဆာမိက ဆာမိ။
    ပြောင်းဘို့မလိုပေါင် ကိုဆာမိရယ် ခင်ဗျားဘက်မှာကျုပ်ရှိတယ်။
    လာမထိနဲ့ကွ ဆာမိ………………..ဆိုတဲ့ငါ့တို့ရွာသားကို။

    ဒီလောက်ပြောရဲ့နဲ့မှ ပြောင်းရဲရင်ပြောင်းကြည့်စမ်း
    ဆာမိကို ဟိုအစိနဲ့လဲစား ပလိုက်မယ်။
    (မှတ်ချက်…………နေကြာစိဖြင့်လဲစားမည်ကိုဆိုလိုပါကြောင်း)

  • pan pan

    June 9, 2012 at 10:00 am

    ဟေ့အေးဟေ့အေး
    ဆာမိပဲချစ်တယ်
    (နာမည်) :mrgreen:

  • စိန်ဗိုက်ဗိုက်

    June 9, 2012 at 10:47 am

    ဟာဒေး..ကစာမိ
    နင့်အမျိုးတွေနော်..
    ဓတ်ပုံတွေနဲ ့ ဆူးလေမှလ စန္ဒာပြဒယ်..
    ဒေါ်အောင်ဆန်းစုကြည်ကိုနော်…သွား.ငိုပြဒလယ်..
    အခုနော်..
    နင့်အမျိုးတွေ..ပုန်းနေဒယ်..
    နာလဲ အသားမဲဒလယ်..နာလဲ ပုန်းနေဒယ်..

  • myanmarcitizen

    June 9, 2012 at 10:50 am

    အာဂျေးလို့သာပြောင်းလိုက် 🙂 ရိုးရိုးပြောင်းလို့တော့မရဘူးနော် ဝါးတီးလေးပါမှရမယ်။

  • PaLote Tote

    June 9, 2012 at 10:57 am

    မပြောင်းပါနဲ့ ။ လူမျိုးကို မုန်းတာမဟုတ်ပါဘူး ။လူဆိုးကို မုန်းကြတာပါ အေ ။

  • Rose Minn

    June 9, 2012 at 11:00 am

    ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုတာ ကိုးကွယ်ဆည်းကပ်ခြင်း လို့ အဓိပ္ပါယ် ရတယ်။ ကောင်းတဲ့ နံမယ်ကို ဘာလို့ပြောင်းမှာ လဲ ကိုဆာမိ။ လူတိုင်းကတော့ ဆာမိပဲသိကြတာ။ မှတ်ပုံတင်ထဲက နံမယ်ကို ကြီးမှပြောင်းရင် ပြောင်းရင် သိပ်မသိသလို မျိုး ဖြစ်မှာစိုးလို့ မပြောင်းပါနဲ့။

  • ကြောင်ကြီး

    June 9, 2012 at 11:03 am

    အင်္ဂလိပ်နာမည် ဆမ် Sam လို့ ပြောင်းလိုက်ပါလား။ ဆာမိနဲ့ အသံထွက်ချင်းလည်းတူဒယ်။

  • Davit

    June 9, 2012 at 3:01 pm

    ကို ဆာမိ ရေ….ပြောင်းမယ်ဆိုရင်တော့ ကျွန်တော့်နာမည်လေးလဲပါအောင် “ဗစ်ဆာမိ” လို့ပြောင်းပေးပါနော်….နော်……နော် …..

    ချစ်တဲ့
    ဗစ်ဗစ်

  • manawphyulay

    June 9, 2012 at 3:09 pm

    ကဲ ဆာမိကနေ ပြောင်းချင်ရင်တော့ နာမည်တစ်ခုပေးလိုက်မယ်..
    ဆာမိကနေ မူတူးလို့ ပြောင်းလိုက်.. ဆာမိနဲ့ မူတူးဆိုတာ ဘော်ဒါတွေလေ…

  • Crystalline

    June 9, 2012 at 4:07 pm

    ကိုဆာမိရယ်….ညီမအခုသူများပြောမှဝင်ဖောတာမဟုတ်ဘူး… ပထမဆုံးကလေးမလေးအသတ်ခံရတဲ့ ပို့စ်က ကွန်မင့်တွေကြည့်ပြီး ကိုဆာမိနဲ့အခြားလူမျိုးဘာသာခြား လူကောင်းလူမှန်တွေကို စိတ်ထဲကြိတ်ပြီးအားနာနေတာပါ။ နာမည်ကလည်းဆာမိ..လူကလည်း ရွှေကဲစိန်ကဲကျွမ်းကျင်သူ ဆိုတော့လေ… ရွာသူားအမာခံထဲမှာလည်း ဘာသာခြားလူမျိုးခြားရှိမှာပဲလေ…စိတ်ထဲမခံမရပ်နိုင်ဖြစ်ရင်
    ဒေါသနဲ့ မိုက်ရိုင်းစွာပြောဆိုဆဲဆိုတတ်ကြတယ်…. ဒါပေမယ့်….စီနီယာတွေကိုတော့အဲဒီထဲမပါစေချင်ဘူး..

  • မဟာရာဇာ အံစာတုံး

    June 9, 2012 at 5:07 pm

    ဆာမဆိုတော့ ဆိမာ
    “ဆိမာ” ကို “ရှိမာ” လို့ပြောင်း ..
    နောက်တော့ “မာ” ကို “မှ” လို့ ပြန်ပြောင်း ….
    ဂလိုဆို “ရှိမှ” ဖြစ်သွားမှာပေါ့နော် ..
    (ဒီစကားလုံးကို မရောက်ရောက်အောင် လုပ်ပစ်လိုက်ဒါ)
    ရှိစေတော့ ….
    ဆာမိ >> “ရှိမှ” ဆိုတော့ကာ ..
    ဆာမိ ဆိုတာလည်း ဒီရွာကြီးမှာ ရှိမှ ပေါ့ဗျာ …
    အလဲ့ … ဟုတ်သွားပီ …
    ဆိုလိုချင်တာက ဘူဒွေ ဘာပြောပြော မပြောင်းနဲ့ပေါ့ဗျာ ..
    သက်သက်ရှည်အောင် ဝေ့လည်ကြောင်ပတ် လျောက်ပြောလိုက်ဒါ …
    😀

  • ရဲစည်

    June 9, 2012 at 9:28 pm

    ဟရေး…ကလား ရှင်းမယ်နော ဆာမိနော် ကလားတော့ ကလားဘဲ မွတ်ဆလင် မဟုတ်ဘူး ဟင်ဒူ…
    ဟရေး…ဟင်ဒူနော်……အုံးသီးမခွဲဘူး….ဗုဒ္ဓဘာသာ….ဆာမိ
    ဟရေး…ဗုဒ္ဓဘာသာ ဆာမိနော် အမှားမလုပ်ဘူး အေးအေးနေဒယ်…
    ဟရေး…ဆာမိကို မေးလ်ပို့တဲ့ ချွတ်တားနော်…အော်ဆာဗေးရှင်း…မကောင်းဘူး
    ဟရေး…ဆာမိနော် ပြောင်းချင်သပဆိုနော်….ဒီလိုပြောင်းလိုက်
    ဟရေး…ဒီနေ့မှစ…
    ဟရေး…ဆာမိကိုနော်..
    ဟရေး…”ဆြာမိ”လို့ ဟရေး…ဟရေး
    🙂 🙂 🙂

    ဒေးဗစ်ကင်မူတူး(ခ)ဘရက်ဘိုင်(ခ)ဟူကျပ်စမန်း(ခ)လီရွတ်ခန်(ခ)ဘာလာဒီမာ ဇာကရီယာ(ခ)ဆလိုင်းအဗ္ဗဒူလာ

  • amatmin

    June 9, 2012 at 9:42 pm

    အားလုံးက ပြောနေကြမှတော့..
    မပြောင်းပါနဲ့..ကိုရင်ဆာမိရယ်..
    ဒါနဲ့ ဂျလေဘီတော့ ဆက်မရောင်းနဲ့တော့ဗျ..
    ခင်ဗျားထမင်းငတ်မှာရယ်.. 😛

  • padonmar

    June 9, 2012 at 9:51 pm

    မပြောင်းဖို့ vote ပါတယ်ဗျို့။ခဏခဏရုပ်ဖျက်နေကြတဲ့ ဟိုကလေးတစ်စုကို အားကျလို့လား။

    ကိုဆာမိကို ဒိုတီလေးနဲ့ မြင်ယောင်ကြည့်ပါမယ်။:D

    ဆာမိဆိုတာ ပါဠိလို သာမီ(ပိုင်ရှင်)ကလာတာလို့ ထင်ပါတယ်။
    ဟုတ်ရင်တော့ အဓိပ္ပါယ်အလွန်ရှိတာပါ။

  • surmi

    June 9, 2012 at 11:11 pm

    “အထူးကျေးဇူးတင်ပါတယ်” ဆိုတဲ.စကားထက်ပိုကောင်းအောင် မပြောတတ်လို.
    အဲဒီလိုဘဲပြောလိုက်ပါရစေ …..။ရွာသူရွာသားများရဲ. အနှောင်.ကင်းတဲ.မေတ္တာကိုလဲ ခံစားရမိလို.
    ဒီရွာထဲမှာ ရွာသားဖြစ်ခွင်.ရတာ ဂုဏ်ယူမဆုံးပါ ။ရွာထဲဝင်စကတဲက ဖေးမတွဲခေါ်လာကြတဲ.
    နောင်တော် အစ်မတော်များကိုလဲ မှတ်မှတ်ထင်ထင် ကျေးဇူးတင်လျှက်ပါ ။ အမည်ဆိုတာ
    ခေါ်စရာလို. သဘောထားကြတဲ. သူကြီးနဲ.တကွရွာသူရွာသားများအားလုံးရဲ. သဘာထားကြောင်.လဲ
    အထူးဝမ်းမြောက်မိပါတယ် ……။တကယ်တာ. ဆာမိ ရယ်လို.ဖြစ်လာရတာကလဲ ဒီလိုကွန်မန်.လေးတွေ
    နဲ. လက်တွဲခေါ်ခဲ.ကြလို.ပါဘဲ …..မပြောင်း တော.ပါဘူး …ယနေ.မှစပြီး သက်ဆုံးတိုင် ဒီရွာထဲမှာတော.
    ” ဆာမိ “အဖြစ်နဲ. ရှိနေမှာပါ ။ ခုတော. ….ခဏနားရပါဦးမယ် ……သူကြီးမင်းရဲ. အရေးပေါ်ထုပ်ပြန်တဲ.
    စည်းကမ်းအရ ကျွန်တော်.မှာ (၂၁) ပို.စ်သာလျှင် ရေးခဲ.ပြီးတာမို. ဖတ်ရှုသူအဖြစ်သာအားပေးရင်း
    ပြန်ရေးခွင်.ရမည်.နေ.ကိုသာစောင်.မျှော်နေပါတော.မယ် …..
    သူကြီးဦးခိုင် ၊ ကိုထူးဆန်း၊ Victory ၊ အရီးလတ် ၊ ဇောက်ထိုး ၊ အန်တီမမ ၊ ရွှေကြည် ၊ ကိုနေးချား ၊
    ကိုအညာတမာ ၊ ကိုပေ ၊ မေဖလားဝါး ၊ မသဲနု ၊ ကိုပေါက် (မန်းလေး) ၊ ပန်ပန် ၊ စီန်ဗိုက်ဗိုက် (ပေါက်ဖေါ်) ၊ မြန်မာစီတဇင် ၊ Plote Tote ၊RoseMin ၊ ကိုကြောင်ကြီး ၊ သားဦးမြေးဦး (မီးမီးသော် / မောင်သန်းထွဋ်ဦး) ၊Davit ၊မနာဖြူလေး ၊ Crystalline ၊ အံဇာတုံး (ဓားငမိုး) ၊ ရဲစည် ၊ အမတ်မင်း ၊ အစ်မပဒုမ္မာ တို.နှင်.
    ဖတ်ရှုသူများ ၊ ရွာသူရွာသားများအားလုံး ကိုအထူးကျေးဇူးတင်လျက် ………………..။
    ခင်တဲ.
    ဆာမိ

    • မောင်ပေ

      June 10, 2012 at 9:07 am

      ကိုဆာမိရေပို့စ်တင်လို့ ရလောက်ဘီဗျ
      ၁ဝမကျော်တာတောင် တင်လို့ရနေတာဘဲ
      boss surmi အိ မှတ်တမ်းများ ကိုယ်တွေ့များ ရသများ ကို စောင့်နေဘီဗျို့

  • pooch

    June 9, 2012 at 11:16 pm

    မပြောင်းပါနဲ့ ။ ဘာဆို ဘာမှ မဆိုင်သလို ဘာဆိုဘာမှ မဖြစ်ပါဘူးချင့်။ 😀

  • ရွာစားကျော်

    June 10, 2012 at 10:27 am

    ကွန်မင့်မှာ ပုံတင်လို့ရတဲ့ အဆင့်မဟုတ်လို့
    နို့မို့ဆို.. ဟိုပုံလေးထည့်ပေးတယ်
    ပြောင်းဖူးမှာ “မ” လို့ရေးထားတဲ့ပုံလေ..

  • စနေ

    June 10, 2012 at 3:16 pm

    မပြောင်းပါနဲ့ချင့် ….
    ရွာထဲမှာ နာမည်ပြောင်းတဲ့သူတွေ များလွန်းလို့ …
    မျက်စိလည်လို့ပါချင့် ………. 😀 😀 😀

  • ဆူး

    June 13, 2012 at 8:07 pm

    ဦးဆာမိ ကုလား မဟုတ်တာ အာမခံတယ်။ အလှူငွေ လာလှူတုန်းက မြင်ဖူးလိုက်တယ်။ မျက်နှာတော့ သေချာ မမှတ်မိပေမဲ့ ကုလား မဟုတ်တာတော့ အမှန်ပဲ..

  • etone

    June 13, 2012 at 8:40 pm

    ကိုဆာမိကို မမြင်ဖူးခင်တုန်းက …. လူငယ်တစ်ယောက်ဖြစ်မယ်လို့ထင်ခဲ့တယ် … ဂျပန်company လိုမျိုးမှာ အလုပ်လုပ်နေတဲံ့ …. ဗိုက်ကလေးတို့ ၊ဖရဲသီးတို့နဲ့ ရွယ်တူကောင်လေးထင်ထားတာ …

    အလှူငွေလာပေးတုန်းကမှ မြင်ခဲ့တော့ …. ကိုယ့်ဦးလေးအရွယ်ဖြစ်နေတယ် … ။ အဟီး… 😀
    ဖြူဖြူ သန့်သန့် နဲ ့ တရုတ်သူဌေးကြီးရုပ်မျိုး ……….. ဟီး . …. တကယ်ပြောတာ 😀

  • surmi

    June 13, 2012 at 11:33 pm

    နန်းမတော်pooch ၊ ရွာစားကျော် ၊နဲ. စနေ တို.ရေ …..အပျော် အပျက်ပေးခဲ.တဲ.နာမည်ကိုဘဲ
    ဆက်သုံးသွားမှာပါ ။အထူးကျေးဇူးပါ ….။
    ======================
    ဒေါ်ဆူး နဲ. ဒေါ်အိတုန် ……
    စီနီယာရွာသူကြီးများပီသပါပေတယ် ။
    ဒုက္ခရောက်နေတဲ.ရွာသားပေါက်စကိုပစ်မထားဘူးပဲ ။ ကဲ ကဲ ကျေးဇူးပါဗျာ ။
    ရှုပ်ထွေးနေတဲ.အချိန်မှာ ကျွန်တော်က စိတ်ရှုပ်အောင်လိုဖြစ်နေပြီ ။

Leave a Reply