အလွမ်းများ ပြီးမြောက်ပါစေသတည်း….။
ကောင်းကင်၏ အပြာရောင်သည် ကြည်စင်သော အဓိပ္ပါယ်တစ်ချို့ကို သယ်ဆောင်လျက် လူတို့ကို ငြိမ်းချမ်းစွာ နေထိုင်တတ်အောင် သင်ကြားပေးနေသည်။ သူမကို စကားတွေအများကြီး ပြောဖို့ အချိန်ရသောနေ့တွင် နွေရာသီ၏ လတ်ဆတ်သော ငှက်အော်သံများအကြောင်းကို ပြောပြချင်နေမိသည်။ အချစ်ဆိုသည်မှာ ဒုတိယအကြိမ် ထပ်မံဖြစ်နိုင်ကြောင်း၊ သူမ နားလည်ပေးဖို့ မလွယ်မှန်း ကျွန်တော်သိပါသည်။ အဝေးကြီးဆီမှ လိုအပ်သည့် ရယ်မောသံများသည် ကျွန်တော်တို့ နှစ်ယောက်၏ အတိတ်စိမ်းစိမ်းတွေဖြစ်ကြလေ၏
ကံ့ကော်ရနံ့တွေက လေထဲတွင် ဝေ့ခနဲပါလာလေသည်။ ဒါမျိုးကို တစ်ချိန်တုန်းဆိုရင် သူမက ပြုံးရယ်လိုက်မှာ သေချာသည်။ ကျွန်တော်က သူမရယ်မောဖို့အတွက် စကားလုံးတွေကို အမြဲမပြတ်ရှာဖွေတတ်သူဖြစ်သည်။ ညက သူမနှင့်ပတ်သက်သော အိပ်မက်ဆိုးတွေမက်သည်။ မိုးလင်းတော့မှ ကျွန်တော်က အိပ်မက်တွေမှန်း သဘောပေါက်ခဲ့သော်လည်း သူမအတွက်တော့ စိုးရိမ်နေမိဆဲဖြစ်သည်။
“အိပ်မက်ဆိုတာ လူတွေရဲ့ အတွင်းအဇ္ဈတ္တကို ဖော်ပြတာဟ”
တစ်ချိန်တုန်းက သူမစကားသံတို့သည် ဒီအချိန်တွင် ပြန်လည်ကြားယောင်ဖို့ မသင့်လျော်တော့သော်လည်း အမှတ်တရဆိုသည်မှာ မေ့ဖို့ခက်ခဲလှပေသည်။
အချစ်ဖြင့် ထုံမွှမ်းထားသော နှစ်ဦးသဘောတူရက်စွဲများ ကုန်လွန်သွားသည့်အခါ သူမ သိပ်များ နာကျင်နေမလားဟု တွေးမိသေးသည်။
အလွမ်းတွေက
ထုတ်ချင်းခတ်လို့
ဒီရာသီအသေတွေထဲမှာ
ငါလည်း နေသားတကျ
ရှိခဲ့ရပြီ…. ချစ်သူ
ကံ့ကော်တောသည် တစ်ယောက်တည်းဆိုလျှင် ခြောက်သွေ့လွန်းသည် ထင်ပါသည်။ ကံ့ကော်ပင်အောက်ရှိ ကံ့ကော်ပွင့်ခြောက်တို့သည် လုကောက်တတ်သော သူမ၏ လက်ကလေးများကို မျှော်နေပေလိမ့်မည်။ အင်းလျားကန်အစပ်ရှိ လှိုင်းဂယက်ငယ်လေးတွေကိုလည်း ကျွန်တော်လွမ်းပါသည်။ လမ်းလျှောက်ရင်း မတော်တဆ အသားချင်းထိခတ်သွားသောအခါများတွင် ကျွန်တော်က အားနာတတ်သူ တစ်ယောက်ဖြစ်ပြီး၊ သူမက မသိချင်ယောင်ဆောင်နေတတ်သူဖြစ်သည်။ သူမသည် ကျွန်တော့် အတ္တတို့ကို နောင်တရချင်စရာ ကောင်းလောက်အောင် ဖြားယောင်းထားနိုင်ခဲ့၏
“ကို… သင်္ကြန်ဆို ဆံပင်တွေ တော်တော်ရှည်နေပြီနော်”
သူမက ကျွန်တော့် ပုခုံးတစ်ဖက်ပေါ် လက်တင်ရင်း ထိုစကားကို ပြောခဲ့ပါသည်။
လောကကြီးသည် မရှိခြင်းများကို သယ်ဆောင်လျက် ကျွန်တော်တို့ နှစ်ယောက်အကြားကို ရောက်လာခဲ့ပါ၏ ဘာဖြစ်ရမည်နည်း။ ပင်လယ်ပြင်ထဲရှိ မုန်တိုင်း၏အခြေအနေကို ခန့်မှန်းရာတွင် ကျွန်တော်တို့သည် သူမတူအောင် ညံ့ဖျင်းနေဆဲဖြစ်သည်။ ဘယ်တော့မဆို ခံစားမှုအကြောင်းကို အသွင်သွင်ပြော၍ အချိန်တန်လျှင် ဉာဏ်ဖြင့်ဆုံးဖြတ်ကြသော အနုပညာသမားများကို ကျွန်တော်က ပျက်ရည်ပြုခဲ့ဖူးပါသည်။ သူမက ထိုအချက်ကို မကြိုက်ဟန်ဖြင့် တုန့်ပြန်ခဲ့သော်လည်း လအနည်းငယ်ကြာပြီးသောအခါ သူမကိုယ်တိုင် ထိုကဲ့သို့ ပြက်ရယ်ပြုခဲ့ပါသည်။
ရှူံးမယ်မှန်းသိရက်နဲ့
ရှေ့ကိုုသာ
ဆက်ဆက်တိုးခဲ့မိ
နောက်ဆုံးတော့
ကိုယ့်ရင်ကိုသာ ထုတ်ချင်းခတ်ထိ…။
သူမသည် ကျွန်တော့်အရှေ့တွင် တခြားတစ်ယောက်နှင့် အတူတူထိုင်နေချိန်တွင် ကျွန်တော်က အဝေးမှပဲ ရင်ခုန်လှုပ်ရှားနေမိ၏။ တစ်ဘဝနှင့် တစ်ဘဝကြားတွင် ဒီလောက်သေးငယ်သော ဒီလောက်သေးငယ်သော အဖြစ်အပျက်တွေကို ကျွန်တော် ပုံကြီးချဲ့မနေချင်တော့ပါ။ လှုပ်ရှားလွယ်သော လူငယ်ခံစားမှုဟု ပြက်ရယ်ပြုဖို့ မလွယ်ကူ။
ပါးလှပ်သော သူမခန္ဓာကိုယ်မှာ အသားပြည့်ပြည့်တင်းတင်းဖြစ်လာစေရန်မှအစ၊ သူမ စာဖတ်များ၍ ဇက်ကြောတက်ရန် ဘယ်လိုအကြောဖြေစေဖို့ အလယ်၊ ညအိပ်ရာဝင်ချိန် သူမ ဘယ်လို သီချင်းတွေများ နားထောင်ချင်ပါလိမ့်အဆုံး သူမအကြောင်းတွေကို ကျွန်တော် စဉ်းစားပေးခဲ့ဖူးသည်။
ချစ်သူရေ…
မင်းနဲ့ပတ်သက်ရင်
ငါက အရှူံးပေးခြင်းကိုသာ
ယဉ်ပါးခဲ့ရ…
ငါတို့ဟာ မရှာဖွေပဲ
တွေ့ရှိကြသူတွေလည်းဖြစ်တယ်။
“ကိုရင်… နင်က ဘာမှမရှိတဲ့ ဗလာကောင်ပဲ”
ကျွန်တော် တကယ်ပဲ ဗလာဖြစ်ပါသည်။ သူမကတောင် ကျွန်တော် ဗလာကောင်ဆိုတာ အသိအမှတ် ပြုသွားပြီ။ အိပ်မက်တွေမှာ ဆားနံ့သင်းလှပေ၏ လူပီသဖို့ ဘယ်အချိန်ကတည်းက အားထုတ်နေထိုင်ကြရသနည်း ။ အစိမ်း၊ အနီ၊ အပြာ၊ အဝါ၊ အနက် ….. အားလုံးမှာ သူမတစ်ယောက်တည်း ဖြစ်သွားသည်။ နက်မှောင်နေသော လောကမာယာအတွင်း သူမ၏ အဇ္ဈတ္တကို ကျွန်တော် သဘောတူလိုက်ပါ၏။ မချစ်နိုင်တော့သောအခါ မုန်းဖို့ ဖြစ်လာတာပဲဟု ကျွန်တော် ပြောရင် သူမရယ်မောပါလိမ့်မည်။ သူမနှင့် စကားပြောဖို့ အဆင်ပြေသော တစ်နေ့မှာ သူမကို ချစ်နေဆဲ ဖြစ်ကြောင်း ကျွန်တော် ပြောပြရဦးမည်။
25 comments
မောင်ပေ
June 16, 2012 at 12:58 pm
မှောင်လွန်းတဲ့ဘဝမှာ
သေတဲ့အထိ ဆက်ချစ်မှာ
အဲဒီလိုပေါ့။
pazflor
June 16, 2012 at 1:50 pm
ကိုရင်ရေ
“သူမသည် ကျွန်တော့်အရှေ့တွင် တခြားတစ်ယောက်နှင့် အတူတူထိုင်နေချိန်တွင် ကျွန်တော်က အဝေးမှပဲ ရင်ခုန်လှုပ်ရှားနေမိ၏။ တစ်ဘဝနှင့် တစ်ဘဝကြားတွင် ဒီလောက်သေးငယ်သော ဒီလောက်သေးငယ်သော အဖြစ်အပျက်တွေကို ကျွန်တော် ပုံကြီးချဲ့မနေချင်တော့ပါ။ လှုပ်ရှားလွယ်သော လူငယ်ခံစားမှုဟု ပြက်ရယ်ပြုဖို့ မလွယ်ကူ။
ပါးလှပ်သော သူမခန္ဓာကိုယ်မှာ အသားပြည့်ပြည့်တင်းတင်းဖြစ်လာစေရန်မှအစ၊ သူမ စာဖတ်များ၍ ဇက်ကြောတက်ရန် ဘယ်လိုအကြောဖြေစေဖို့ အလယ်၊ ညအိပ်ရာဝင်ချိန် သူမ ဘယ်လို သီချင်းတွေများ နားထောင်ချင်ပါလိမ့်အဆုံး သူမအကြောင်းတွေကို ကျွန်တော် စဉ်းစားပေးခဲ့ဖူးသည်။”
ခံစားချက်နဲ့တူလို့ ဒီစာသားလေးတွေကို အကြိုက်ဆုံးဘဲဗျာ။ bravo!
pooch
June 16, 2012 at 2:05 pm
“ဘယ်တော့မဆို ခံစားမှုအကြောင်းကို အသွင်သွင်ပြော၍ အချိန်တန်လျှင် ဉာဏ်ဖြင့်ဆုံးဖြတ်ကြသော အနုပညာသမားများကို ကျွန်တော်က ပျက်ရည်ပြုခဲ့ဖူးပါသည်။ ”
အချစ်ရေးတော့ မသိဘူး ကိုရင်ရေ အလုပ်လုပ်ရင်တော့ Head နဲ့ Heart ကို မသုံးမနေရ တွဲသုံးမှ အလုပ်ရှေ့ဆက်နိုင်တယ် ပြောတယ်။
ွှအနုပညာဆိုရင်တော့ ကျမအလိုအရ ခံစားချက်ကို ဦးစားပေးတဲ့ အနုပညာတွေဟာ ဂန္တဝင်မြောက်လှတာကို တွေ့ဖူးပါတယ်။ စည်းတွေ ဘောင်တွေမရှိပဲ ခံစားချက်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားကြတာမျိုးပေါ့။
ဒါကြောင့်ထင်ပါရဲ့ တခါတရံမှာ အချစ်ကို ဖွင့်ဆိုရာမှာ love is a kind of art လို့ ဆိုကြတယ် ။
ကိုရင်စည်သူ
June 16, 2012 at 2:06 pm
ကိုပေနဲ့ ကိုပက်ရေ… အားပေးတာ ကျေးဇူးပါ..
တစ်ယောက်ကို အစိမ်းတစ်ကဒ်ပေးလိုက်ပါတယ်။
ရင်ထဲက ဖီလင်တွေနဲ့ မအီမသာဖြစ်နေလို့
ကွန့်မန့်လေးတွေကို မျှော်နေမိရဲ့ ဗျာ… 😳 😳
စိန်ဗိုက်ဗိုက်
June 16, 2012 at 2:12 pm
တိုရင်
မနေ ့ကတည်းက ကြိုးစားတင်နေတာတွေ ့သဗျ..
ခုမှပဲ ပြည့်ပြည့်စုံစုံ ဖတ်ရတော့တယ်..
တိုရင့် အရေးအသားလေးကြိုက်သဗျာ..
ဝမ်းဒေး..ကျရင်..တိုရင့်လို..ရေးတတ်အောင်..ကြိုးစားပါဦးမယ်..
ဗဲဒီးဂွတ်..တိုရင်..ဘယာကြော်..
ပုံ၊
မိုးတိမ်အူးဗိုက်
ကိုရင်စည်သူ
June 16, 2012 at 2:17 pm
မော့ကြီး အူးဗိုက်ရေ… မော့ကြီး ပီသပါပေတယ်…
တားမနေ့ကတည်းက တင်နေတာပါ… ကွန်နက်ရှင်မကောင်းတာနဲ့
ဒီနေ့ မှတင်ဖြစ်တာဘာ..။ အူးလေးက အချင်းချင်းလာမြှောက်နေတယ်…
အူးဗိုက်ဆီမှာလည်း ကျနော် အားကျတဲ့ အရေးအသားတွေ
ရှိနေပါတယ်နော့…။ ဘီးအီတိုက်ပြီး သင်ယူရင် ပညာတန်ဖိုးမထားရာ
ရောက်မှာစိုးလို့ ချီးဗတ်စ် တိုက်ဖို့ ပိုက်ဆံစုနေပါတယ်…
ထူးရင် ဒီတစ်ပတ်ထဲ တိုက်မယ်ဗျို့…
မြည်းဖို့ ဗယာကြော် အသေးလေးတွေ ဝယ်လာခဲ့နော့… 😀 😀 😀
စိန်ဗိုက်ဗိုက်
June 16, 2012 at 2:29 pm
အူးစိရော..
ချီးဖတ်တော့ တိုက်ပြီး ဘယ့်နှယ် ဘယာကြော်ကျမှ ဝယ်မကျွေးနိုင်တာတုန်းဗျာ..
ကျနော့်သူငယ်ချင်းတစ်ယောက် နိုင်ငံခြား ထွက်ခါနီး ဘော်ဘော်တွေကို ကေတီဗွီ၊ မာဆတ် နိုက်ကလပ် လိုက်ပို ့ တယ်….အရက်အကောင်းစားတွေနဲ ့လဲ ဒဂါ ခံတယ်..
အဲ..
ပြီးလို ့ ပြပန်ခါနီးကျတော့..
မင်းတို ့ င့ါကို စတိ တစ်ထောင်လောက်တော့ ပြန်ပေးကြပါဆိုဘဲ..
ဘာတဘောလဲ တော့ သိဘူး..
ဟိဟိ..
ကိုရင်စည်သူ
June 16, 2012 at 2:39 pm
ရင်းနှီးမှုပေါ့.. အူးဗိုက်ရဲ့ …. အသိအမှတ်ပြုမှုပေါ့…
ဥပမာ – ကိုယ်ခင်တဲ့ သူငယ်ချင်းတစ်ယောက်ကို ဘယ်လောက်ကုန်ကုန် ကျွေးလိုက်ရ..
ပေးလိုက်ရ… သူ့ဆီက တစ်ခုခုလေး ပြန်ရရင်တော့ ကျေနပ်သွားတဲ့ လူ့သဘောမနော
တွေပေါ့။
ပီတိပေါ့.. ပီတိပေါ့… 🙂
အဲ့ဒါကြောင့် တားက အူးဗိုက်ကို ချီးဗတ်အကြီးကြီးတိုက်မယ်…
အူးဗိုက်ကသားကို ရွှေတစ်ကျပ်သားအတုံးသေးသေးလေး ပြန်ပေး… အဟီး..
ကောင်းဝူးလား…
ပီတိ.. ပီတိ
စိန်ဗိုက်ဗိုက်
June 16, 2012 at 2:45 pm
တော်တေးတယ်.
ပတ္တမြား တေးတေးလေး တစ်တုံးလောက် ဆိုပြီးမတောင်းတာ
😆
ညလေး
June 16, 2012 at 2:31 pm
အရေးအသားအလွန်ပြောင်မြှောက်လှပါ၏……
ကိုရင်.ဖြစ်ပုံ ကိုလည်းကိုယ်ချင်းစာမိပါတယ်…..
သူနဲ.တွေ.မယ့်နေ့မှာ……..သူ.ကိုချစ်နေဆဲ ဖြစ်ကြောင်း အသေအချာ….
ပြောဖြစ်အောင်ပြော ပြဖို……..တိုက်တွန်းချင်တယ်…….
အားပေးသွားတဲ…
ညလေး
YE YINT HLAING
June 16, 2012 at 2:39 pm
ပို့ ( စ ) မော်ဒန် ဆိုပေမဲ့ ခံစားနားလည် လွယ်တဲ့ကဗျာ လေးပါ၊ ကံ့ကော်ပင်/ ပန်းတွေ နဲ့ ပြည်သူ့ရင်ပြင်ထဲ ကို သွားသတိရမိတယ်ဗျာ၊ အားပေး သွားတယ်ဗျာ၊
အရင့်ရောင်
June 16, 2012 at 3:01 pm
ကောင်းကင်ပြာကြီးတစ်ခုလုံး
ဘယ်လောက်ပဲ ကြယ်စင်တွေ
ပြည့်နှက်နေစေဦးတော့
လမင်းစန္ဒာရဲ့ အလင်းရောင်ကို
မီအောင်မတောက်ပနိုင်တာတော့
သေချာတယ်ဗျာ……..
အလွမ်းရဲ့ ညမိုက်တွေကို ဖြတ်သန်းဖူးပါ၏။
ဟီးးးးးးးးး
ခံစားတွားပါဂျောင်း
htet way
June 16, 2012 at 6:41 pm
အချစ်က မှောင်တယ် ကိုရင်
မေတ္တာပေးလို့ မေတ္တာပြန်မရတာတွေ ရှိနေတတ်တယ်
ရှိစေတော့ ကျုပ် အားပေးသွားတယ်။
min min san
June 17, 2012 at 12:01 am
Ko yin!
I came and read your post which is still alive!!
ရွှေထီး
June 17, 2012 at 9:10 am
ကိုရင်ရေ အခုမှပဲ စဖတ်မိတယ်…ခောတ်စကားနဲ့ပြောရရင် လန်းတယ်ပေါ့…..ကောင်းတယ်ဗျို့
ခံစားချက်ရှိတဲ့သူအဖို့ တိုက်ဆိုင်မိမှာ အမှန်ပဲ….ဆက်လက်အားပေးစောင့်မျှော်နေကြောင်းပါ….
Moe Z
June 17, 2012 at 12:46 pm
ကိုရင်စည်သွပ်ရဲ့ ၁၀၁ကြိမ်မြောက်လွမ်းချင်း 😆
ဘယ်သူပြောလဲ အချစ်ဆိုတာ ဒုတိယအကြိမ်ထပ်မဖြစ်နိုင်ဘူးလို့
မသေမချင်း ဖြစ်လိုက်ပျက်လိုက်ဖြစ်နေတာ မသိရင်မှတ်ထားလို့ပြောလိုက်ပါလား
စိန်ဗိုက်ဗိုက်
June 17, 2012 at 12:57 pm
အဲလို ပြောတတ်ဘူးတဲ့
လက်တွေ ့ပဲ အကောင်အထည်ဖော်တာတဲ့
ဟုတ်ရားတိုရင်
ကိုရင်စည်သူ
June 17, 2012 at 8:32 pm
၁၀၂ ကြိမ်မြောက်လွမ်းချင်းရေးမရဘူးတော့.. ထင်တာပဲ…
ဘာလို့လဲဆိုတော့ မိုးဇက်ကလေးက
အဲ့လောက်မရက်စက်ဘူးဆိုတာ သိနေတယ်လေ… ဟိ.. 😳 😳
အချစ်ဆိုတာ ဒုတိယအကြိမ် ထပ်ဖြစ်နိုင်တယ်လို့… အတူတူ
သက်သေပြပေးပါရားဟင်… 😉 😉
Moe Z
June 18, 2012 at 11:00 am
ကျုပ်က ဘာကိစ္စသတ်သေရမှတုန်း
သေချင်ရင် ကိုယ့်ဟာကိုယ်သေပေါ့
အဖော်လာမညှိနဲ့ 😆
Azzurri
June 18, 2012 at 11:03 am
အေးလေ ..ကရင်စီ့နှယ့် …
ဇိ ကလေး ဂိ သွားရင် ဂီ့ ကို ဘူ မသေမချင်း ဘီဘီ တိုက်တော့မလဲ ….
မသေဘာဇေနဲ့အုံး …(ဘီဘီဝမှ ခေါက်ကနဲ ဖစ်တွားလည်း ကိစ္စ မရှိ)
အာ ဟိ
😛
Crystalline
June 17, 2012 at 8:36 pm
ကိုယ်မကျွမ်းကျင်တဲ့ဘာသာရပ်ဖြစ်လို့ မဆွေးနွေးနိုင်ပေမယ့်..ဖတ်ပြီးတော့ တမျိုးကြီးပဲခံစားရတော့ အမှန်ပါ… အော်…ရင်ထဲမှာမိုးရာသီ.. 😀
ကိုရင်စည်သူ
June 17, 2012 at 9:07 pm
ခရစ်စတယ်လေး… ကိုရင်လည်း အဲ့ဘာသာရပ်မှာ သိပ်မကျွမ်းကျင်လို့
ခရစ်ကလေးနဲ့ အတူတူ ကျူရှင်သွားတက်ကြရအောင်လားဟင်… 😳 😳
ခရစ်စတယ်လေး… ကိုရင့်ကို စာအုပ်ကြီးလိုသဘောထားပြီး ____ လိုက်ပါတော့… 🙄
MaMa
June 17, 2012 at 10:13 pm
ကိုရင်ရဲ့စာကိုဖတ်ပြီးးးးးးးးးး
ဟိုဖက်ပို့စ်မှာ မန့်တာကိုဖတ်ပြီးးးးးးးးးးးး
ကြံကြံဖန်ဖန် ပြောရမယ်ဆိုရင်တော့………..
၁၀၁ကြိမ်မြောက်အလွမ်းဆိုတော့………….
ဂုဏ်ယူစရာပဲ မောင်ဂီတို့၊ မောင်ဗိုက်တို့၊ မောင်အံတို့၊ ဖရဲမတို့ဆိုရင် အဲဒီလောက် လွမ်းဖူးမှာ မဟုတ်ဘူး။ 😆
ကြောင်ကြီး
June 18, 2012 at 10:50 am
ဘလာကောင်
ဗလောင်ကာ
တတောင်ထွာ
မယောင်ပါ၊
အမှောင်မှာ
စောင်ခွာ
ဟောင်ဖွာ
ကြောင်အထှာ..။
min min san
June 19, 2012 at 11:49 am
Hi,,
ko yin, thanks for your green light! And waiting for your news post!