အဝေးဆုံးကမ္ဘာမှာ နင်နဲ့ငါ………၁
အဝေးဆုံးကမ္ဘာမှာ နင်နဲ့ငါ…………….
ငါ=ကောင်မလေး
နင်=ကောင်လေး
ငါ။ ။သူငယ်ချင်းရေ ငါနင့်ကိုသတိရနေချိန်မှာ နင်ငါမဟုတ်တဲ့အခြားတစ်ယောက်ကို သတိရနေခဲ့တယ်။ မနာလိုမှုတွေ ရင်ထဲရောက်လာခဲ့ပေမယ့် နင်စိတ်ချမ်းသာဖို့အတွက် ငါမသိချင်ယောင် ဆောင်နေလိုက်မယ်နော်။(ငါပိုးကိုအရမ်းချစ်တယ် နင်ငါ့ကိုကူညီပါနော် ငါအချိန်တိုင်းသူ့ကိုသတိရနေတယ်။ )
ငါ။ ။ နင့်စကားတွေကို ငါဆက်နားထောင်နိုင်စွမ်းမရှိပေမယ့် နင်ငြိုငြင်မှာစိုးတယ် ဖြစ်နိုင်ရင် သူ့အကြောင်းတွေငါ့ကိုလာမပြောပါနဲ့လားဟာ။
ငါ။ ။ နင်ပြောတယ်လေ နင့်ပုံစံကလဲဟာ ယောက်ကျာင်္းလေးလိုလို ဘာလိုလိုနဲ့ ပြောလိုက်ရင်လဲ အသံကျယ်ကျယ်နဲ့ နူးညံ့သိမ်မွေ့မှုကိုမရှိဘူး ပိုးနဲ့များတစ်ခြားဆီ။ နင်ဒီလိုပြောတိုင်း ငါဘယ်လောက်ခံစားရလဲဆိုတာ နင်မသိခဲ့ဘူးနော်။
ငါ။ ။ ငါနဲ့နင်က အမြဲလိုလိုအတူရှိခဲ့ပေမယ့် နင်ငါ့ကို ဘယ်တော့မှဂရုမစိုက်ခဲ့ဘူး။ ငါနင့်အိမ်ကို ချောင်းပေါက်မတတ်ရောက်ခဲ့ပေမယ့် နင်ကတော့ငါ့ကို အန်တီတို့က ခိုင်းမှ ဒါမှမဟုတ်ရင် နင်အကူညီလိုမှ ငါ့ဆီကိုရောက်ရောက်လာတတ်တာမဟုတ်လား ဘယ်လိုပဲလာလာ နင်လာရင်ငါပျော်တယ်။
ငါ။ ။နင်ငါ့ကိုယောက်ကျာင်္းလေးတွေ လိုက်စရင် နင်ကအဲ့ကောင်ဆိုမဆိုးဘူး နင်ပြန်ချိတ်လိုက်၊ နင်ပြောနေကျစကားလေ ငါအရမ်းအဒေါသထွက်ခဲ့မိတယ် ငါ့ရင်ထဲမှာ နင်ကလွဲပြီး ဘယ်သူ့စိတ်မဝင်စားဘူးဆိုတာ နင်နားလည်ပေးပါ။
ငါ။ ။ နင်ပိုုးနဲ့အတူရှိနေတိုုင်း ငါမျက်ရည်ဝဲခဲ့ရတယ် ငါလေ နင်နဲ့ဝေးရာကို အမြန်ဆုံးပြေးထွက်သွားချင်မိတယ်။ ဒါပေမယ့် နင်နဲ့ဝေးရာကိုတော့ မပြောနဲ့ နင်နဲ့တစ်နေ့မတွေ့ရရင်တောင် ဘာကိုစိတ်တိုမှန်းမသိ အရာရာကိုအလိုမကျ ဖြစ်နေမိတယ်။
ငါ။ ။ငါယောက်ကျားလေးဆန်တယ် ငါနင်ဖြစ်စေချင်သလို မိန်းကလေးဆန်ဆန်နေဖို့ ကြိုးစားကြည့်တယ် ဒါပေမယ့် မလွယ်ဘူးဟ။ ငါနင်ဖြစ်စေချင်တဲ့အတိုင်း တစ်နေ့နေထိုင်သွားဖို့ ငါကြိုးစားပါ့မယ်။ ဒါ ငါနင့်ကိုအရမ်းချစ်နေလို့ပဲ။
ငါ၊ ။ ဒီလိုနဲ့ ဆယ်တန်းဆိုတဲ့အချိန်ကာလကနေ လွန်မြောက်လာတဲ့အခါ နင်နဲ့ငါနဲ့ ငယ်ငယ်ကအရမ်းတက်ချင်ခဲ့တဲ့ GTC ကိုသုံးယောက်လုံး အမှတ်မှီခဲ့ကြတယ်။ နင်တို့အိမ်က နင့်ကိုဆုချတဲ့အနေနဲ့ သူငယ်ချင်းတွေအားလုံးဆုံပြီး စားပွဲလေးတစ်ခုလုပ်ပေးတယ်။ ငါအဲဒီနေ့ကို လုံးဝမေ့မှာမဟုတ်ဘူး။ အနာကျင်ဆုံးဆိုတာတွေနဲ့ ငါ့ဘဝတစ်ခုလုံး ပြောင်းလဲပစ်လိုက်တဲ့ နေ့ဆိုလဲ မမှားဘူးပေါ့။ လူတွေအားလုံးရှေ့မှာ ပိုးအပေါ်မတော်တဆ ဖိတ်မိသွားတဲ့ အချိုရေလေးအတွက် နင်ငါ့ကို မျက်နှာညိုမျက်နှာမဲနဲ့ အားလုံးရှေ့မှာ လက်ကြီးရွယ်ပြီး အော်ခဲ့တယ်လေ။ နင်မှတ်မိဦးမလား
ငါ။ ။ အဲဒီနေ့က ငါအရမ်းရှက်ပြီး အားလုံးရှေ့ကနေ ပြေးထွက်ခဲ့တယ်။ နောက်ပြီး အားရပါးရ ငိုခဲ့မိတယ်။ ဘယ်သူနဲ့မှ အတွေ့မခံတော့ဘူး။
နင်။ ။ ငါနဲ့နင်က ငယ်ငယ်လေးကတည်းက အတူခင်ခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်းတွေလေ။ ငါနင့်ကို အရမ်းခင်တယ်။ နင်လဲငါ့ကိုခင်တယ် ။နင်ရှိရင်ငါပျော်တယ်။
နင်။ ။ စကားပြောလိုက်တိုင်း စွာစွာနဲ့ ရန်ကျယ်တတ်တဲ့ ဆတ်ဆတ်ထိမခံလေးမို့ ထင်တယ် ငါနင့်ကိုကြည့်ပြီး အမြဲပြုံးနေရတယ် ငါနင့်ကိုအရမ်းခင်တယ်သိလား။
နင်။ ။ ငါဆယ်တန်းနှစ်မှာ ငါတို့ကျောင်းကိုပြောင်းလာတဲ့ ပိုးကိုချစ်မိသွားတယ် ။ အစစအရာရာ ကူညီပေးခဲ့တဲ့ နင့်ကို အရမ်းကျေး၊ဇူးးတင်တယ်။ နင့်အကူအညီကြောင့် ငါနဲ့ပိုးနဲ့ ချစ်သူတွေဖြစ်သွားခဲ့တယ်လေ။
နင်။ ။နင့်ကိုကောင်လေးတွေ လိုက်စရင် ငါ့ရင်ထဲမှာတစ်မျိုးကြီးပဲ ငါဆွဲထိုးပစ်ချင်တယ်။ ဒါပေမယ့် နင်သူတို့ကို အရေးမပေးပဲ အရမ်းပြန်စွာပြတဲ့ အခါ ငါအရမ်းသဘောကျတာပဲ။
နင်။ ။ ငါတို့ဆယ်တန်းအောင်တော့ ငါ့အိမ်မှာပွဲလေးတစ်ခုလုပ်တယ်။ နင်ရောသူငယ်ချင်းတွေရော အရမ်းပျော်ကြတယ်။ ရုတ်တရက် နင်ပိုးအပေါ်ကို အချိုရေတွေမှောက်ကျသွားတော့ အရာရာကိုနမော်နမဲ့ နိုင်တတ်တဲ့နင့်ကို ငါစိတ်ပျက်သွားတယ် ပြီးတော့ ငါနင့်ကိုအော်လိုက်မိတယ်။ နင်ပြေးထွက်သွားတာကို ကြည့်ပြီး ငါ့ရင်ထဲမှာ စိတ်မကောင်းခြင်းတွေနဲ့အတူ အိပ်ပျက်ညတွေများခဲ့တယ်။ ပိုဆိုးတာက နင်ငါ့ကို အတွေ့မခံတော့တာပဲ။ ငါလဲအဲဒီနေ့ကစပြီး အရာရာကိုစိတ်မပါတော့ဘူး။ နင့်ကိုလည်းအရမ်းတွေ့ချင်နေမိတယ်။
နင်။ ။ ငါမနေနိုင်တိုင်း နင့်အိမ်ကို သွားမေးခဲ့ပေမယ့် အန်တီနဲ့ဦး ကပြောတယ်။ နင်ဒီမြို့မှာ မရှိတော့ဘူးတဲ့ နင်အခြားမြို့မှာ ကျောင်းသွားတက်တယ်တဲ့။ ပိုဆိုးတာက GTC ကျောင်းမှာ နင်ပါမလာတာပဲ။ ငါနဲ့ပိုးနဲ့ နှစ်ယောက်ထဲတက်ခဲ့ရတဲ့ အတွက် နင်ပျော်မယ်လို့ ထင်ပေမယ့် ငါအရာရာကိုစိတ်မပါတော့ဘူး ပျော်ရွှင်ခြင်းတွေလဲ မရှိတော့ဘူး။ နင်ဘာလို့မတက်တာလဲ ငါ့ကြောင့်လား ငါ့ကိုုအရမ်းနာကြီးသွားပြီလားဟာ။
နင်။ ။ ငါပိုးအပေါ်မှာ တာဝန်တွေပျက်ကွက်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ နင်မရှိတဲ့ ဒီမြို့မှာ ငါမပျော်တော့ဘူး။ ပိုးနဲ့ခဏခဏစကားများဖြစ်တယ်။ ပိုးက ပြောတယ် ။ နင်က နင့်သူငယ်ချင်းလောက် ငါ့ကိုမချစ်ပါဘူးတဲ့။ ပိုးပြောတာ တကယ်ပဲလား သူငယ်ချင်းရယ် ။ငါနင့်ကို အရမ်းသတိရနေမိတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံး ပြေးတွေ့ချင်မိတယ်။
ဆက်လက်အားပေးပါရှင်
စိတ်ကူးထဲရှိတာလေးရေးထားတဲ့အတွက်
အမှားပါရင်ခွင့်လွှတ်ပေးကြပါရှင်
11 comments
မမ အညာသူ
June 18, 2012 at 1:20 pm
အားပေးသွားပါတယ်နော်……..
မွန်မွန်
June 18, 2012 at 1:43 pm
အားပေးပါတယ်ရှင်…
အဖြစ်ချင်းတူတဲ့အတွက်လည်း ခံစားမိပါတယ်…
စိတ်ရင်းမှန်ရင် တန်ပြန်အကျိုးဆိုတာလည်း ရှိလာမှာပါ…
we R one
June 18, 2012 at 1:52 pm
အားပေးသွားပါတယ်ဗျို့…။ ခံစားချက်ချင်း နီးစပ်နေတော့.. အဟင့်…
mamanoyar
June 18, 2012 at 3:39 pm
ဟဟဟ ကို we R one says ရေ နောက်ကအဟင့်က ငိုသွားတာလားဟင်
we R one
June 18, 2012 at 4:20 pm
ဟုတ်ပါ့.. ရှိုက်လိုက်တာာ.. 😀 ဒါနဲ ကျွန်မ က မိန်းကလေး ပါရှင့် ကို we r one မဟုတ်ပါဘူ..:D
mamanoyar
June 19, 2012 at 10:09 am
တိန်!!!!!!!!!!!!!!!!
ဇိန်ဂွမ်း
June 18, 2012 at 3:44 pm
မမနိုရာ…..နာမည်လေးလှသလို……
ရေးထားတဲ. စကားလုံးလေးတွေကလည်း…
လှ……..ဇိန်ဂွမ်းတော့…အသေခိုက်သွားပါပြီ…..
ဒါပင်မယ့်………ဒီလိုလွမ်းဖို.တော့…..မစွန်.စားရဲသေးဝူး……
ဆက်ရန်စောင့်မျှော်ရင်း…..အားပေးသွားပါတယ်……မမရယ်….
မောင်ပေ
June 18, 2012 at 9:47 pm
အမြန်လာဘာ နိုရာ ရယ်
ကိုပေ အရမ်းဖတ်ချင်မိနေဘီကွဲ ့။
Nyein Nyein
June 19, 2012 at 10:19 am
mamanoyar ရေ အားပေးနေတယ်နော်။ ဆက်ရေးပါဦး။ ဒါနဲ့ သူတို့နှစ်ယောက်က ဘာဖြစ်သွားကြလဲဟင်။ ခေါင်းစဉ်အတိုင်းပဲလား ။ အဝေးဆုံးဖြစ်သွားတာဆိုရင်တော့ စိတ်မကောင်းစရာပဲနော်။
mamanoyar
June 20, 2012 at 11:30 am
အားပေးကြတဲ့ အတွက် အကုန်လုံးကိုကျေးဇူးတင်ပါတယ်
အစဆုံးရေးတာမို့ ရင်ထဲထိပ်မိတာတော့ အမှန်ပါပဲ
မဂွတ် ထော်
June 21, 2012 at 3:25 pm
အပိုင်း (၁)ကိုနောက်ဆုံးဖတ်တယ် ……….ဟီးးးးးးးးးးး