@…ရှင်မ..သို ့…@
ဒီည…ပေါ့
ငိုမရ ရယ်မရနဲ ့…..ရှင်မ ရေ
ရင်ဝမှာ ဆို ့နေတဲ့…အတ္တ
အထင်ကရ ကျန်ခဲ့တာက
ဝေဒနာ…..ဆိုတာ
သေ ချာ ခဲ့ပြီ ပ………..
မြင်သမျှ အရာရာဟာ..
စိတ်အလွှာ ကို
လိပ်ပြာ မလုံ စေတော့…
ကြိတ်ခံ ရုံ ပ……..
ဘ ဝဆိုတာ..
အချို သကာ ဆမ်းပြီး..
မာ ယာ နဲ ့ထောင်ဖမ်း…
အိမ်မပြန်ချင်လောက် အောင်…
လွမ်း စရာ ကောင်းလွန်း နေခဲ့ပြီ တဲ့လား…
အိပ်ပျက် ညများမှာဆို
ရှင်မ ရေ…………
လိုအပ် ချက် များစွာနဲ ့..
ပြိုပျက် အက် လို ့
ငါ့ အခက်အခဲ တွေ…
ည လက်သည်းတွေ နဲ ့…
အကုတ်အခြစ်ခံ….
ဝင်သက် ထွက်သက် တွေ
မူ မမှန် ချင်တော့ဘူး………
ရှင်မ ရေ..
ရင် တမမ နဲ ့…မျှော်လင့်ချက်
အကြင်နာ တရားရဲ့…အစွန်းတစ်ဘက်မှာ
နင် ရပ်မနေပါ နဲ ့ တော့…
ရွှေရောင် မလက် တဲ့…ဘဝမှာ
နေ အရောင် ဟပ်တယ် ဆိုရုံ နဲ ့..လုံခြံု
တစ်ကယ်တော့….အိမ်ထောင်ဖက် ဆိုတာ…
ရှင်မ ရေ…………
ငါ ရေးနေတဲ့….ကဗျာတစ်ပုဒ်ထက်…
ပို မို လေးနက် တယ် ထင်ရဲ့…။။။။
8 comments
မောင်ပေ
June 21, 2012 at 12:14 pm
“ရွှေရောင် မလက် တဲ့…ဘဝမှာ
နေ အရောင် ဟပ်တယ် ဆိုရုံ နဲ ့..လုံခြုံ
တစ်ကယ်တော့….အိမ်ထောင်ဖက် ဆိုတာ…
ရှင်မ ရေ…………
ငါ ရေးနေတဲ့….ကဗျာတစ်ပုဒ်ထက်…
ပို မို လေးနက် တယ် ထင်ရဲ့…။။။။ ” …..
ကာရန်လေးတွေနဲ ့အားအင်ပြည့်ဝနေတာ ကို ခံစားရတယ်ဗျာ ။
maung khinmin
June 21, 2012 at 12:19 pm
ကျေးဇူး အထူးပါ ဆြာပေ…တစ်ကယ်တော့ကာရံစနစ်ဆိုတာ…ရင်ထဲကိုနစ်ကျန်စေတတ်တယ်ဆိုတာ
ရှေးကကဗျာဆရာကြီးတွေရဲ့…ကဗျာတွေကသက်သေပဲလေ…..
နှစ်ပေါင်းရာချီကြာလဲ….မမေ့နိုင်ကြပါဘူး….ကာရံရဲ့ကျေးဇူးလို့ထင်ရဲ့ဗျားးးးးးးးးး
htet way
June 21, 2012 at 12:19 pm
ဟေး ..မောင်ခိုင်မာ ပြန်ထလာတယ် ထင်ပ
ရှင်မရယ်
ဆင်ဗိုက်ကို ခြင်ကိုက်သလောက်ပဲရှိပါတယ်။
maung khinmin
June 21, 2012 at 12:22 pm
ဆင်ဗိုက်ကို ခြင်ကိုက်ရင်….အဲဒါမျိုးမစစ်တဲ့ခြင်ပဲခင်ဗျ………..
ဆြာ…..htet way
mamanoyar
June 21, 2012 at 1:04 pm
“ရွှေရောင် မလက် တဲ့…ဘဝမှာ
နေ အရောင် ဟပ်တယ် ဆိုရုံ နဲ ့..လုံခြုံ”
သဘောကျမိပါတယ်
maung khinmin
June 21, 2012 at 1:09 pm
ကျုပ်လဲ….သဘောကျနေပါတယ်ဗျားးးးး
sugar sugar
June 22, 2012 at 4:10 pm
အားပေးသွားပါတယ် ဗျာ
နွေဦး
June 22, 2012 at 5:08 pm
ခံစားရတာလေး..တမျိုးဘဲဗျာ…..
တခုခုများပြောချင်သလားလို့…