Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြက်ဥချောင်းပေါင်မုန့် ( လုပ်နည်း )

မြသဲ ( 17082011 )June 22, 20121min68842

ကြက်ဥချောင်းပေါင်မုန့်

၁၂ ခုစာအတွက်

လိုအပ်သောပစ္စည်းများ

 

၁။ ဂျုံ                      ၂၅ ကျပ်သား

၂။ သကြား                ၆ ကျပ်သား

၃။ နို့မှုန့်                    ၁ ထုပ်

၄။ ယစ်                    ၃ စားပွဲဇွန်း

၅။ ဆား                    အနဲငယ်

၆။ ရေ                     ၁၂ ကျပ်သား

၇။ ဂီးထောပတ်           ၃ ကျပ်သား

၈။ CP ကြက်အူချောင်း   ၈ ချောင်းပါ ဆိုဒ် ၁၂ ချောင်း

၉။ ကြက်ဥ                ၁ လုံး

 

ပြုလုပ်နည်း

 

ပထမဦးဆုံး မုန့်မွှေစက်ရှိရင်တော့ အားလုံးစုပြီးစက်ထဲထဲ့လိုက်ပါ။ သတိထားရမှာကတော့ ယစ်နဲ့ ဆား မရောမိ ပါစေနဲ့။ တခုအရင်ထဲ့ပြီးရင် တခြားအမယ်တွေ ထည့်ပြီးမှ နောက်တခုထည့်ပါ။ စက်မရှိရင်တော့ မှန်စားပွဲပေါ်မှာ ဂျုံ ပုံလိုက်ပါ။  အလယ်မှာကန်လေးလုပ်ပြီး ဂျုံပေါ်မှာ ဆား၊ နို့မှုန့်ဖြူးပါ။ အလယ်ကန်ထဲမှာတော့ သကြားအနဲ ငယ် နဲ့ ယစ်ကိုရေနွေးနွေးလေးနဲ့ရောထည့်ပါ။ ( လက်နဲ့နယ်ရင်တော့ ကျွန်မကြက်ဥမထဲ့ပါဘူး။ နောက်ပြီးလက်နဲ့နယ်ရင်ရေ ကြက်သီးနွေးနဲ့နယ်ပြီး စက်နဲ့နယ်ရင်တော့ရေအေးရပါတယ်။ ) ပြီးရင်ရေ မထွက်သွားအောင်ဂျုံလေးပက်ပက်ပြီး နယ်ပေးပါ။ အား လုံးသမသွားရင်တော့ လက်နဲ့ဆိုနာရီ ဝက်လောက် တောက်လျှောက်နယ်ပေးရပါမယ်။ စက်နဲ့ကတော့ အားလုံး ထည့်မွှေထားရုံမို့သက်သာပါတယ်။ လက်နဲ့ကတော့ လက်သီးဆုတ်နဲ့ထိုးထိုးပြီးနယ်လို့ မိနစ် ၂ဝ လောက် ရောက်ရင်တော့ ကျန်တဲ့သကြားနဲ့ထောပတ်ထည့်ပြီးနောက် ၁၅ မိနစ်လောက်နယ်ရပါမယ်။ ဂျုံသားပြောင်ချော လာတဲ့ထိနယ်ပေးရပါမယ်။ ( လက်နဲ့ နယ်ရင်တော့ ဆားမထည့်တာကောင်းပါမယ်။ ဘာလို့လဲဆိုတော့ ချွေးတွေ ကျလို့ပါ။ အာဟိ။ မောမှာစိုးလို့ နားတုန်းနောက်တာ )။ လက်နဲ့နယ်တာပဲဖြစ်ဖြစ် စက်နဲ့မွှေတာပဲဖြစ်ဖြစ်ဂျုံသား ပြောင်ချောလာရင် လုံးလုံးလေးလုပ်ပြီး အဝတ်သန့်သန့်လေးအုပ်ပြီး ၅ မိနစ်လောက်နှပ်ထားပါ။ အဲဒီအချိန်မှာ ထည့်ဖုတ်မဲ့ဘန်း ကို ထောပတ်သုတ်ထားပါ။ ကြက်အူချောင်းတွေလဲ ပလပ်စတစ်ခွာထားပါ။ ၅ မိနစ်ပြည့်ရင် တော့မုန့်သားကိုယူ အလယ်ကထက်ဝက်ပိုင်းပါ။ တပိုင်းစီကို ၆ ပိုင်းအညီပြန်ပိုင်းပါ။ စုစုပေါင်းဂျုံပိုင်း ၁၂ ပိုင်း ရပါမယ်။ အဲဒီဂျုံသားတပိုင်းစီကို စားပွဲပေါ်မှာ ဂျုံ နဲနဲခင်းပြီး ပြားပါ။ ပြီးမှ လက်ထဲမှာခေါက်ပြီး ကျစ်နေအောင် လက်နှစ်ဘက်နဲ့လုံးပေးပါ။ ( ကျွန်မတို့ငယ်ငယ်ကလောက်စာလုံးလုံးသလိုပေါ့ ) ။ ဂျုံလုံးလေးတွေကိုဗန်းထဲမှာ စီထည့်ထားပါ။ နောက် စားပွဲပေါ်ကိုဂျုံနဲနဲခင်းပြီး ဂျုံလုံးလေးတလုံးတင်ပါ။ ဒလှိမ့်လေးနဲ့ပြားပေးပါ။ အကျယ်က တော့ ကြက်အူချောင်းအရှည်လောက်ကျယ်ပြီး အရှည်ကတော့ ဂျုံပါးအောင်ထိရှည်လို့ရပါတယ်။ ပြီးမှ ကြက် အူချောင်းတချောင်းကို ဂျုံတဖက်ထိပ်မှာတင်ပြီး ဂျုံပြားလေးကိုလိပ်ပေးပါ။ အဆုံးသတ်ကို အောက်မှာထားပါ။ ကပ်ကျေးလေးယူပြီး အဲဒီ ဂျုံကြက်အူချောင်း လိပ်ကလေးကို အောက်ခြေမပြတ်အောင် ခပ်ပါးပါးညှပ်ပေးပါ။ ဟို ဘက်ထိပ်ကနေဒီဘက်ထိပ်ထိပေါ့။ ပြီးမှ အဖတ်ကလေးတဖတ်စီကို ဘယ်ညာလှည့်ချလိုက်ပါ။ အားလုံးလှည့် လို့ပန်းပုံလေးပေါ်သွားပြီဆိုရင် လက်ဖဝါးလေးနဲ့ သာသာလေးဖိပေးပါ။ အသားသေသွားအောင်လို့။ အဲဒါလေး ကိုဖုတ်မဲ့ဗန်းထဲစီထည့်ပါ။ မုန့်ပွစေရန် တခုနဲ့တခုကပ်မနေပဲ လက်တလုံးစီလောက်ချန်ထည့်ပါ။ အပြင်ဘက် နေရောင်တိုက်ရိုက်မကျတဲ့ နေပူရှိန်ရတဲ့နေရာမှာ အဝတ်ပါးလေးအုပ်ပြီး နေပူရင် တနာရီ၊ မိုးအုံ့ရင် တနာရီခွဲ နှပ်ထားပါ။ အချိန်ပြည့်ခါနီးနာရီဝက်လောက်အလိုမှာ oven ကိုမီးဖွင့်ထားပါ။ မုန့်နှပ်တာ အချိန်ပြည့်ပြီဆို ရင်တော့ ၂၀ဝ ဒီကရီ စဲလ်စီးယက်မှာမိနစ် ၂ဝ ခန့်ဖုတ်ပါ။ မုန့်ကျက်လျှင် ချပြီးမျက်နှာပြင်ထောပတ်သုတ်ပါ။ မွှေးပျံ့ လတ်ဆတ်သော ကြက်အူချောင်း ပေါင်မုန့်လေးကို စရိတ်သက်သာစွာနဲ့အိမ်မှာ အဝစားလို့ရပြီပေါ့။

 

 

42 comments

  • etone

    June 22, 2012 at 2:53 pm

    အစ်မသဲနုအေးရေ … အားတဲ့ တစ်ရက် အိမ်ကပ်ပြီး လုပ်စားကြည့်ပါဦးမယ် … ။
    လုပ်နည်းလေးအတွက်ကျေးဇူးတင်ပါတယ် .. ဒါနဲ့ ယစ်ဆိုတာ ဘာလဲဟင် … ။

    • Thel Nu Aye

      June 22, 2012 at 3:11 pm

      ယစ်ဆိုတာက yeast ကိုပြောတာပါ။ ပေါင်မုန့်ပွဆေးပေါ့။ သူပါမှ ပေါင်မုန့်က အခုလိုပွတာ။ လုပ်စားရင်တော့ အားကောင်းမောင်းသန်ကိုပါခေါ်မှဖြစ်မယ်ထင်တယ်။ အဲဒါဆို မုန့်သားခဏလေး နဲ့ ပြောင်တက်လာမှာပဲ။ ဟီဟိ အချွန်နဲ့မပြီးပြေးတော့မယ်နော်။

      • etone

        June 22, 2012 at 3:19 pm

        yeast ဆိုလျှင်သိတယ် အစ်မရေ .. လျှပ်တပြတ်ယစ်ဆိုတော့ …… အတွေးနည်းနည်း ချော်သွားလို့ အဟီးးးးးးးးးးးး 😀
        အိမ်ရှင်မက ပေးတဲ့ အားကောင်းမောင်းသန်ကိုခိုင်းနည်းတစ်မျိုးတော့ … မှတ်သားထားပါပြီ … ဟိဟိ … လက်တွေ့အသုံးချနည်းကတော့ … မကြာမီလာမည်ပေါ့ .. 😀

        • Thel Nu Aye

          June 22, 2012 at 3:28 pm

          အောင်မယ်လေးတုန်တုန်ရယ်။ ညီးပြောမှပဲနာလဲ အောင်မယ်လေး မျက်စိထဲခုမှမြင်တယ်။ ဟီးးးးးးးးးးးးးးး ရင်တောင်တုန်သွားတာပဲ။ ကယ်ဘာ့ဂျာ။ ခိုင်းသာခိုင်းအားမနာနဲ့။ ဟီးးးးး ဒီကွန်မင့် သူမြင်စေနဲ့အုံးနော။ ကြောက်ထှာ။

        • စိန်ဗိုက်ဗိုက်

          June 22, 2012 at 3:32 pm

          ဟမလေး..
          များဗလနဲ ့တော့ဖြစ်ချေဘူး..
          အိမ်ဂ မိန်းမဒေါ့ ပေါင်မုန် ့ကင် ငတ်တော့မှာဘဲ
          😀

  • ko khin kha

    June 22, 2012 at 2:58 pm

    ဟုတ်တယ်ကျွန်တော်လည်း ယစ်ဆိုတာဘာလဲ သိချင်တယ်။
    ပြီးတော့ဘယ်လို ဝယ်ရင်ရလဲပေါ့

    • Thel Nu Aye

      June 22, 2012 at 3:13 pm

      ကိုခင်ခရေ အဲဒါတွေကတော့ market တွေမှာလဲရပါတယ်။ city mart တို့လိုပေါ့။ နောက် ဈေးသက်သာချင်ရင်တော့ ကုန်ဈေးတန်းလမ်းမှာရပါတယ်။ ဓမ္မာရုံဘေးကလမ်းမှာပါ။

    • water-melon

      June 22, 2012 at 8:23 pm

      ကိုခင်ခရေ ယစ်ဆိုတာ
      yeast ( တဆေး ) ပြောတာပါ
      ပေါင်မုန့်တွေကို ရွစေ ပွစေတာပါ

      • Thel Nu Aye

        June 22, 2012 at 10:29 pm

        ဟဲ့ဖြဲဒီးမရဲ့။ ပွတာကတော့ဟုတ်ပါပြီ ရွတာကဘာတုန်း။

  • manawphyulay

    June 22, 2012 at 3:03 pm

    ဂီးထောပတ်က ဘာကိုခေါ်တာပါလဲ။ ဂီးမပါရင်ကော ရလားဟင်… တစ်ခါဖူးမှတော့ မလုပ်စားဖူးဘူး။ အိမ်မှာ လုပ်ခိုင်းဦးမယ် အဟိ… မှတ်သွားလိုက်ပြီနော်။

    • Thel Nu Aye

      June 22, 2012 at 3:16 pm

      ဂီးထောပတ်ဆိုတာ ထောပတ်ထမင်းချက်တဲ့ထောပတ်ကိုပြောတာမနောရဲ့။ သူမပါရင်တော့ ရပေမဲ့ရိုးရိုးပေါင်မုန့်လိုဖြစ်ပြီး အရသာလိုသွားတာပေါ့။

  • weiwei

    June 22, 2012 at 3:04 pm

    ယစ်ဆိုတာ yeast ကို ပြောတာထင်တယ် … မြန်မာလိုတော့ တစေးလို့ခေါ်တယ် …
    မုန့်လုပ်နည်းက အားကုန်မယ့်နည်းဖြစ်နေလို့ တစ်ယောက်ထဲလုပ်စားဖို့ စိတ်မကူးတော့ဘူး … သူငယ်ချင်းတွေလာလည်တဲ့အခါမှပဲ သူတို့ကို ဂျုံနယ်ခိုင်းပြီး လုပ်စားမယ်စိတ်ကူးတယ် ..

    • Thel Nu Aye

      June 22, 2012 at 3:19 pm

      စက်ဝယ်လို့ရပါတယ် အမဝေရေ။ Sonny showroom ဘေးက ဝေယံလားဘာလား အဲမှာ ပေါင်မုန့်မွှေစက်ရှိတယ်။ ကျွန်မလဲအဲဒီစက်မရှိခင်ကတော့လက်နဲ့လုပ် တာ။ မော တာတော့တော်တော်မောတယ်။ ဒါပေမဲ့စားချင်တော့လဲ လုပ်ရတာပေါ့။ စက်ရှိတော့နဲနဲနယ်ရ တာသက်သာသွားတာပေါ့။

  • တိုတာအေ…………….
    သွားရေကျအောင်ပုံလေးတောင်ထည့်မပေးဘူး။
    တေးကလုံ ဝမေမ လုပ်စားတဲ့နေ့အကြောင်းကြားပါ။
    နှစ်ယောက်လာစားမယ် မုန့်ပိုလုပ်ပါ။

    • Thel Nu Aye

      June 22, 2012 at 3:22 pm

      ပထမပိုစ့်ကပုံတွေလေးပေါက်ရဲ့။ အခုမှလုပ်နည်းတင်တာ။ အဲလိုပဲ နှစ်ပိုစ့်ခွဲပြီးစီးပွားရှာရတာ ပဲ လေးပေါက်ရဲ့။ သဂျီးက ပွိုင့်တွေကို တိုးတိုးမပေးပဲ လျော့လျော့ပေးလို့။ အောင်မယ်လေး ကြားသွားလားမသိဘူး။ [:*]ချိတ်ချိုးနဲ့နော်တဂျီး အရဂါးနောက်ထှာ။ [:))]

  • mamanoyar

    June 22, 2012 at 3:13 pm

    ကိုပေါက်နဲ့ အတူတူပဲ မုန့်လုပ်ရင်
    လက်တို့လိုက်နော်

  • စိန်ဗိုက်ဗိုက်

    June 22, 2012 at 3:21 pm

    😳
    ရှားရဒါလွယ်ဒယ်..
    လုပ်ရဒါ လွယ်ဘူး..
    လယ်ဒီမိတ်ပဲ ရှားဒေါ့မယ်…
    အရဂါးပေးရင်တော့ အတုန်ရှားမယ်..

    • Thel Nu Aye

      June 22, 2012 at 3:25 pm

      ဆိုင်မှာစားရင် တခု ၆၀ဝ ဒီမှာစားရင် တခု ၄၀ဝ လျှော့ပေးတယ်နော။ အရဂါးတော့ အင်းးးးးးးးးးးးးး

    • sugar sugar

      June 22, 2012 at 3:39 pm

      ဒါမျိုးတော့ အကြံတူနေ ပီ နော်

  • king zawgyi

    June 22, 2012 at 3:35 pm

    အမရေ
    တစ်ခါတစ်လေ ကိုယ်ဘာသာ ချက်စားတာဆိုတော့
    အပြည်အဝ မှတ်သွားပါတယ်ဗျာ…

  • အရီး Khin Latt

    June 22, 2012 at 3:40 pm

    သဲနုရေ

    တကဲ့ ကို Pro Style နဲ့ Home Made ပါလား။
    စားချင်စရာ ဘဲ။ အရသာလဲ ရှိမဲ့ ပုံဘဲ။

    နည်းကို လဲဖတ်ထားပြီ။
    မနက်ဖြန် လုပ်စား ကြည့်မယ်။
    ဖြစ်/မဖြစ် အကြောင်းပြန်မယ်။ 😀
    ကျေးဇူး နော်။

  • Thel Nu Aye

    June 22, 2012 at 3:51 pm

    ္စဟုတ်ကဲ့အရီလတ်ရေ။ ဖြစ်မှာပါ။ အဲဒီမှာက စက်တွေရော ပစ္စည်းတွေရောကောင်းလဲကောင်းစုံလဲစုံတော့ ဒီမှာလိုတော့အခက်အခဲမရှိလောက်ပါဘူး။ ကျွန်မဆိုလွန်ခဲ့တဲ့ ၄ နှစ်လောက်ကတဲကစလုပ်တော့ ဒီမှာအဲလို ပစ္စည်းတွေစုံအောင်မရှိတော့တော်တော်ခက်ခဲ့တာ။ အခုတော့လွယ်သွားပါပြီ။ အချိန်တွယ်ကတော့ ကျွန်မက ဒီမှာလုပ်ရလွယ်အောင် မြန်မာအချိန်တွယ်နဲ့မို့ အရီးလတ်တော့ပြန်တွက်ရတော့မှာပဲ။ ကျွန်မတုန်း ကလဲခက်ခက်ခဲခဲပြန်တွက်ထားရတာ။ အရသာကတော့အာမခံတယ်။ အိမ်မှာလုပ်တာမို့ ကောင်းမယ့် ဟာ တွေအကုန်ထည့်ထားတာကိုး ဟီဟိ။ အကြောင်းပြန်ပေးပါနော်။[:-bd]

  • Nyein Nyein

    June 22, 2012 at 3:57 pm

    မမသဲနုရေ…………. အဲလိုမျိုးတွေ တစ်ခါမှတော့မလုပ်ဖူးဘူး။ အားရင်တော့ အိမ်မှာ လက်စွမ်းပြပြီးလုပ်ပေးလိုက်ဦးမယ်။ မှတ်ထားလိုက်တယ်။ ကျေးကျေးနော်။

  • Ma Ei

    June 22, 2012 at 5:14 pm

    သဲနုရေ…
    ပေါင်မုန်လုပ်နည်းလေး ကူးထားလိုက်ပြီနော်…
    ဒီတစ်ပတ်မှာ သွားစရာများနေလို့
    နောက်တစ်ပတ်မှဘဲ စမ်းကြည့်နိုင်တော့မယ်…
    မုန့်လုပ်နည်းလေးတွေရှိရင်တင်ပေးပါဦးနော်…

    • Thel Nu Aye

      June 22, 2012 at 10:27 pm

      ဟုတ်ကဲ့။ မုန့်ကတော့ အမြဲလုပ်စားတယ်။ စားချင်မှထထလုပ်တာဆိုတော့ ဓာတ်ပုံရိုက်ဖို့မေ့မေ့ သွားလို့။ ဒီတခါတော့လုပ်ထား သမျှရိုက်ပြီးတင်ပေးပါ့မယ်။ လုပ်စားလို့လွယ်မဲ့ ဟာလေးတွေကောပေါ့။

  • mocho

    June 22, 2012 at 5:38 pm

    အမ သဲနုရေ
    ကိုယ် ပင်ပန်းမယ့် အလုပ်မို့ လို့ စမ်း တော့ ဝူး။ အမ ကိုတော့ ချီးကျူးပါတယ်၊ တကယ့် ကို စိတ်ရှည် လက် ရှည် ၊ ရှာရှာ ဖွေဖွေ လုပ် တတ် လို့။

    • Thel Nu Aye

      June 22, 2012 at 10:30 pm

      ဟိုဘက်ပိုစ့်မှာကပုံတွေပါ။

  • nicolus agral

    June 22, 2012 at 6:05 pm

    ဝယ်ပြီးတော့ပဲစားတော့မယ်ဗျာ
    ကျွန်တော်ကအဲလောက်အားမရှိဘူးခင်ဗျ
    မိနစ်နှစ်ဆယ်လောက်ဂျုံနယ်ဖို ့…….အမငှီး
    တွေးယုံနဲ ့မောတယ်

  • MaMa

    June 22, 2012 at 7:12 pm

    လုပ်တတ်တဲ့လူပြောတော့လည်း လွယ်သလိုပဲ။
    ဂျုံနယ်တဲ့ဆီမှာတင် လက်မြှောက်ရမယ့်ကိန်း။
    ပုံစံချတဲ့အထိ မလိုတော့ဘူး။
    အကောင်းဆုံးနည်းလမ်းကတော့ ကိုပေါက်နောက်ကလိုက်သွားမှပဲ 😆

  • မောင်ပေ

    June 22, 2012 at 8:20 pm

    အောင်မငီး သဲလေးရယ်
    တစ်နေ ့လုပ်မှ တစ်နေ ့စားရတဲ့ ကိုပေ့ဆီမှာ ဘယ်လိုလုပ် “oven” ရှိမှာတုန်းးး လို ့
    oven အစား ဘာနဲ ့လုပ်ရင်ရတုန်းဟင်

    • Thel Nu Aye

      June 22, 2012 at 10:25 pm

      ကျွန်မနဲ့ခင်ခဲ့ဖူးတဲ့ လဘက်ရည်ဆိုင်က ကုလားလေး ( အဲလေ ဘာလေးလဲမသိဘူး ) ကတော့ ပြောဖူးတယ်။ သူတို့ အရင်တုန်းကဆို ဒီမှာ oven ဘယ်ရှိမှာတုန်း။ ရှိလဲ ဈေးအရမ်း ကြီးလို့မဝယ်နိုင်ဘူးလေ။ ဒါပေမဲ့သူတို့က ပေါင်မုန့်ဖုတ်ရောင်းတယ်။ ဘယ်လိုဖုတ်တုန်းလို့မေး ကြည့်တော့ အိမ်ထဲမှာ လူတရပ်လောက်ရှိတဲ့ oven လိုပုံမျိုး အုပ်စီပြီး အချောကိုင်လိုက်တယ်တဲ့။ ဟိုနံပြားဖိုလိုပေါ့။ သူကတော့လေးဒေါင့်ပေါ့။ ပြီးတော့ ရှေ့မှာသံနဲ့တံခါးတပ်လိုက်တယ်။ မုန့်ဖုတ် တော့မယ်ဆိုရင်အထဲမှာမီးသွေးနဲ့မီးမွှေးလိုက်တယ်တဲ့။ လိုတဲ့မီးအပူရှိန်ရပြီဆိုရင် မီးသွေး ခဲတွေကို ဖယ်ထုပ်လိုက်ပြီး မုန့်ဗန်းတွေသွင်းပြီး ဖုတ်တာတဲ့။ မီးပေးတာကတော့ အတွေ့အကြုံ က နေသင်သွားတာပေါ့။ သူ့အဖေက မီးပေးတာတော်တော်ကျွမ်းကျင်တယ်ဆိုပဲ။ မုန့်အကျက် ညီအောင် မုန့်သားပွအောင် လှအောင်က မီးပေးမှန်ဖို့ကလဲလိုသေးတာကိုး။ အဲလိုလုပ်လို့တော့ ရတယ်လေကိုပေရဲ့။

  • water-melon

    June 22, 2012 at 8:25 pm

    တားတားတို့လို လူပျိုပေါက်စလေးတွေကတော့
    ကျွေးတဲ့သူရှိမှစားရမှာပါ
    ကိုယ်တိုင်တော့မလုပ်တတ်ဘူး
    အဟီ 😀

  • surmi

    June 23, 2012 at 12:20 am

    ကိုယ်.ရှူး ကိုယ်ပတ်မဲ. အလုပ်ဆိုတော.
    အသာလေးမသိချင်ယောင်ဆောင်နေမှ
    ဂျုံ ထိုးရတဲ.ကိစ္စကသိပ်လွယ်တာမဟုတ်ဘူး
    ငယ်ငယ်က သူငယ်ချင်းလက်ဘက်ရည်ဆိုင်မှာ ကူထိုးဖူးတယ်

  • htoosan

    June 23, 2012 at 7:41 am

    သူများတွေ မုန့်လုပ်နည်းပြောချိန် ဝင်ရှုပ်လိုက်ဦးမယ် .. သဲနုအေး ငယ်ငယ်က ပုံစံဖမ်းမိလိုက်သလိုဘဲ..
    ( ကျွန်မတို့ငယ်ငယ်ကလောက်စာလုံးလုံးသလိုပေါ့ ) 😀 😀
    အကို တွေ မောင်တွေနဲ့ ဝင်ကဲပုံရတယ် ..
    ခုခောတ်တော့ လောက်စာလုံးဆိုတာ ဘာလဲ မေးကြတော့မယ်ထင်ပါ့…

    • Thel Nu Aye

      June 23, 2012 at 9:57 am

      ဟုတ်တယ်ကိုထူးဆန်းရေ။ ကျွန်မငယ်တုန်းက မိဘတွေကအစိုးရဝန်ထမ်းတွေလေ။ ၈၈ ကာလ မှာ အပြောင်းစိတ်တော့ ၆ လတကျောင်းဖြစ်မှာစိုးတာနဲ့ အဘွားတို့ရွာခဏသွားထားတာ။ တနှစ်လောက် ရွာမှာနေလိုက်တော့ ရွာကလေးတွေလိုပဲ အားလုံးလုပ်တတ်သွားတယ်။ ကျောင်း ကလဲပိတ်ဆိုတော့ အတော်ကိုဟပ်မိသွားတာ။ အဲဒီ လောက်စာလုံးလဲပါတာပေါ့။ အခုခေတ် ကလေးတွေကတော့ လေးဂွကို angry bird နဲ့ ပစ်ရတယ်ပဲထင်တော့တာ။[:))]

  • ဆူး

    June 23, 2012 at 10:37 am

    မနေ့က မုန့်လုပ်နည်း တင်လိုက်တယ် ဆိုတာ ရေးထားတာ တွေ့ပေမဲ့ မတွေ့မိလိုက်ပဲ အခုမှ တွေ့တယ်။ မသဲရေ.. ပေါင်မုန့်ကတော့ လုပ်ရတာနဲ့ စားရတာနဲ့ မတန်လောက်အောင်ကို အရမ်းပင်ပန်းတယ် ဆိုတာ သိထားပါတယ်။ မုန့် လုပ်တဲ့ အခါ ဂျုံကို စီးအောင် နယ်တဲ့ အလုပ်က အရမ်းကို ပင်ပန်းလို့ ဘိုးဘိုး ဘွားဘွားတွေ ပြောတဲ့ နည်းပညာတွေ ပါးစပ်ရာဇဝင်ထဲမှာပဲ ကျန်ခဲ့ပါတော့တယ်။

    • Thel Nu Aye

      June 23, 2012 at 10:44 am

      အခုကတော့စက်တွေပေါ်ပြီဆိုတော့ အိမ်မှအခုစားချင်အခုထလုပ်လို့လွယ်သွားပါပြီ။ သိပ်မပင် ပန်းတော့ဘူးပေါ့။ အမတို့လုပ်ခါစကဆို ဒီမှာစက်တွေမရှိသေးတော့ ချွေးဒီးဒီးကျအောင်လုပ်ရ တာ။ ဒါပေမဲ့လဲ ကိုယ်လုပ်တာ ကောင်းတယ်ဆိုပြီးသူများတွေအားရပါးရစားနေရင် အမောတွေ ပြေတာပါပဲ။ ဝါသနာပါလို့လားတော့မသိဘူး။

      • ဆူး

        June 23, 2012 at 10:57 am

        အဲလို မုန့်တွေ လုပ်ပြီးရင် ပင်ပန်းတာနဲ့ စားလို့ကို မဝင်တော့ဘူး။
        ပရိတ်သတ်ကလည်း အားမပေးရင် ရင်ကို စို့ ကော.. ဖေဖေ ရှိတုန်းကတော့ မုန့်တွေ လုပ်တတ်အောင် ခဏခဏ မုန့် လုပ်ခိုင်းလို့ လုပ်တော့ လုပ်ဖူးတယ်။ အခုတော့ မေ့သွားပြီ။ ဟိဟိ

  • may flowers

    June 23, 2012 at 5:09 pm

    အတော်ပဲ မသဲနုအေးရေ…….ကိုယ်လဲလုပ်နည်းသိချင်နေတာ …ခုလိုဝေမျှတဲ့အတွက် ကျေးဇူးပါနော်..

    အော် ဒါနဲ့……ယစ်အစား မုန့်ဖုတ်တဲ့ဆော်တာ ထဲ့လို့မရဘူးလားဟင်။

    • Thel Nu Aye

      June 23, 2012 at 7:55 pm

      မရပါဘူး။ မုန့်ဖုတ်တဲ့ဆော်ဒါက တခြားအပွသိပ်မလိုတဲ့မုန့်တွေမှာပဲထည့်ရတာပါ။ ဥပမာ ချာပါတီ တို့ဘာတို့။ ကိတ်မုန့်ဆိုရင် ဘေကင်ပေါင်ဒါ။ ပေါင်မုန့်ဆိုရင် ယစ်မဖြစ်မနေထဲ့ရပါတယ်။ အဲလိုမှမဟုတ်ရင်ပေါင်မုန့်ကမပွပဲ ဂျုံခဲကြီးလိုဖြစ်နေမှာ။

  • ညလေး

    June 23, 2012 at 5:16 pm

    ကိုယ်တိုင်တော့မလုပ်တော့ဝူး………စားလို.ရမယ်မထင်လို.ပါ..
    လက်ရာကောင်းလွန်းလို……
    ရွှာထဲကမမတို.ဆီကပဲတောင်းစားတော့မယ်…နော်

Leave a Reply