Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လျှပ်တပြက်ဂျာနယ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက တရားစွဲပြီ

kalinkJune 22, 20121min3839

ဇွန်လ ၂၂ ရက်။    ။ ရန်ကုန်မြို့ ရန်ကုန်ဟိုတယ်မှာ ဇွန်လ (၂၁) ရက်နေ့က ကျင်းပပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီနှင့် သတင်းမီဒီယာများ တွေ့ဆုံဆွေးနွေးပွဲမှာ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ၎င်းရဲ့ လျှပ်တပြက်ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ပိတ်ပင်လိုက်တဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက လျှပ်တပြက်ဂျာနယ်ကို ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်ရေးသားမှုနဲ့ အရေးပေါ် ဥပဒေ ပုဒ်မ ၅၀၅ (ခ) (ဂ) အရ ပုဇွန်တောင်မြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။

“ကျွန်တော့် ဂျာနယ်ကို ပုဇွန်တောင်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုကြောင်း ဆင့်ခေါ်စာ ရောက်လာပါတယ်” အဲဒီလို တရားစွဲဆို ခံထားရတာကြောင့် လာမည့် ဇူလိုင် ၂၅ ရက်နေ့ တနင်္လာနေ့ နံနက် ၁၁ နာရီမှာ ပုဇွန်တောင်မြို့နယ် တရားရုံးတွင် တရားစတင် ရင်ဆိုင်ရမှာဖြစ်တယ်လို့ ဦးမြတ်ခိုင်က ဆိုပါတယ်။ လျှပ်တပြက်ဂျာနယ်ဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာများက မွတ်ဆလင်ကုလား ၁ဝ ဦး အသတ်ခံရတယ်လို့ မှားယွင်း ဖော်ပြခဲ့တဲ့အတွက် နိုင်ငံပိုင် သတင်းစာအမှားကို မည်သူက တာဝန်ယူမည်နည်း ခေါင်းစဉ်နဲ့ မျက်နှာဖုံးသတင်း ရေးသားခဲ့တဲ့အပြင် ကျောက်နီမော် ကျေးရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ မသီတာထွေးရဲ့ ဓာတ်ပုံကိုပါ ဖော်ပြခဲ့တာကြောင့် စာပေစိစစ်ရေးက အကန့်အသတ်မရှိ ထုတ်ဝေခွင့် ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ယခုအခါ ရန်ကုန်တိုင်းဒေသကြီး အစိုးရက စတင် တရားစွဲဆိုခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းမီဒီယာများတွင် ရခိုင် ပဋိပက္ခကို ဆူပူမှုများဖြစ်အောင် လှုံ့ဆော်ရေးသားပါက ပုဒ်မ ၅ (ည) အရ ထောင်ဒဏ် ရ နှစ်၊ ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ၉ နှစ် ချမှတ်ခံရမည် ဖြစ်ကြောင်း ဇွန်လ ၁ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အခမ်းအနားမှာ မီဒီယာများကို သတိပေး ပြောဆိုခဲ့ပါတယ်။ “လျှပ်တစ်ပြက်ဂျာနယ်အပေါ် အခုလိုမျိုး ပုဒ်မ ၅၀၅ နဲ့ အရေးယူတဲ့ကိစ္စကို လုံးဝလက်မခံပါဘူး။ ကန့်ကွက်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက အစရှိအနောင်နောင် ကျွန်တော်တို့အပေါ် အများကြီး ဖိစီးလာနိုင်ပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ လျှပ်တစ်ပြက်လို့ မခံယူပါဘူး။ ကျွန်တော်တို့ သတင်းမီဒီယာလောက အားလုံးအတွက်လို့ ခံယူပါတယ်။ ဒါကို လုံးဝကန့်ကွက်ပါတယ်။ Eleven Media Group အနေနဲ့ ဒီလိုကိစ္စမျိုးက မဖြစ်သင့်ဘူးလို့ ကန့်ကွက်တောင်းဆိုမှုတွေ လုပ်သွားပါမယ်။ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားပြီး အကယ်၍ လိုအပ်ပါက မီဒီယာလောကအတွက် ကျွန်တော်တို့ကိုယ်တိုင် ဦးဆောင်ပြီး ဒါနဲ့ပတ်သက်လို့ ဆန္ဒဖော်ထုတ် သွားပါမယ်” လို့ Eleven Media Group က အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တာဝန်ရှိသူတစ်ဦးမှ ပြောဆိုသွားပါတယ်။

ရတနာပုံသတင်း

ညွှန်း_http://www.yatanarpon.com.mm/news/news-60603

9 comments

  • ဖွတ်ငပျင်း

    June 22, 2012 at 4:29 pm

    လုပ်ကြပေါ့ကွယ် ၊ သဒို့ ခေတ်ပေကိုး ၊
    သဒို့တင်ပေး ရေးပေးကာမှ သများတို့ သိခွင့်ရတာ ၊
    သဒို့ဂ သတင်း အမှောင်ချ ချင်နေကြတာ ၊
    လုပ်ထားကြဦးပေါ့ ။

  • etone

    June 22, 2012 at 4:40 pm

    စိတ်ကုန်တယ် … သတင်းအမှောင်ချတဲ့ အကျင့်ကိုက မပျောက်သေးပါလားနော် … ။
    မြန်မာနိုင်ငံတွင်းမှာ တသားတည်း ၊ တမြေတည်းရှိနေတာကို …. သတင်းဖြောင်ချင်သေးသလား ၊ ဖုံးဖိသေးချင်လားမသိဘူး … ။ ဂျာနယ်တွေဆိုတာ … ကောင်းကောင်းဆိုးဆိုး ၊ သတင်းဖြစ်လျှင် ဖော်ပြကြမှာပဲလေ … မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အပြည့်ဝမရှိသေးဘူးဆိုတာ …. ဒီလုပ်ရပ်တွေက မီးမောင်းထိုးပြနေတာပါပဲ … ။

    မီဒီယာဆိုတာ ဆိုးဆိုးကောင်းကောင်း သတင်းရော အတင်းရော ပြည်သူတွေ လက်ထဲ ဖြန့်ဝေတာ သူတို့အလုပ်ပါ ။ ဟိုဟာဖျက် ဒီဟာဖျက်ဆိုလျှင်တော့ သိပ်မကောင်းတော့ဘူး ။

    အရင်ကတော့ ဖုံးဖိထားဖို့ လွယ်ချင်လွယ်ပါလိမ့်မယ် .. အခုလို အင်တာနက်သုံးခွင့်ရနေတဲ့ ခေတ်ကြီးမှာ … ဘယ်လိုမှ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖိလို့ မရတာ .. ဒင်းတို့ သဘောပေါက်သင့်ပြီး ..
    အပြောမခံချင်လျှင် .. အပြောခံရမယ့် ကိစ္စမျိုးမလုပ်နဲ့ပေါ့လေ … 🙄

  • htet way

    June 22, 2012 at 4:55 pm

    ဒီကိစ္စကို သတင်း မီဒီယာ အားလုံးက ပါဝင် အားဖြည့်သင့်ပါတယ်။
    ခက်တာက သတင်းလွတ်လပ်ခွင့် ပေးပြီ ဆိုပါတော့ ဆရာ ကိုမြတ်ခိုင်က အယ်ချုပ် သူကိုယ်နိုက်က
    ထက်တယ်။မေးတဲ့ မေးခွန်းက မေးသင့်တဲ့ မေးခွန်း နောက်တခုက ဓါတ်ပုံကိစ္စ ဒါကတော့ နည်းနည်းဖေါင်းတယ်လို့ ဆိုရမယ်။
    ပုဒ်မ၅၀ဝမှာ ကင်းလွတ်ချက်၁ဝချက်ရှိတယ်။ သို့သော် ကျွန်တော်လည်း ပုဒ်မ ၅၀ဝကို သတိထားရေးနေရတယ်။ တရားစွဲမယ်ဆိုတာချည်းကြုံတွေ့နေရတယ်။ဥပမာ ရဲကို
    ပထမတိုင်တန်းချက်FIRကတစ်မျိုး တကယ်ဖြစ်တာက တစ်မျိုး ဒီမှာ ရေးသူက ဒုက္ခရောက်ပြီ ကဲ လွတ်လပ်ခွင့်အရ ကျွန်တော်က နှစ်ဖက်စလုံးမေးပြီး ရေးမယ်။အမှန်ရေးမှာပါသို့သော် ..ဒီကိစ္စ တရားရုံးရောက်တော့ သတင်းက ဒီလိုပါ ဒီတိုင်တန်းချက်ကမှားနေပါပြီ ဆိုပြီး တဖက်က ခုခံခြေပမယ်
    တဖက်က ရဲရဲ့ (ပ)နံပတ်တပ်ထားတဲ့ တိုင်ချက်က အဲ့ဒီမှာ ပုဒ်မ ၅၀ဝလာပြီ။ဥပမာပြောတာပါ ကျွန်တော်က သိပ်သိတာတော့ မဟုတ်ပါဘူး။
    နောက် အကျင့်ဟောင်းခေါက်ရိုးကျိုးနေတာကို ပြင်လို့ မရသေးဘူး။ကျွန်တော် သတင်းလေး တစ်ပုဒ်ရေးမိတယ် .။အိမ်မှာလာပြီးပြဿနာလာရှာတယ်။ကျွန်တော်က မကျေနပ်ရင် တရားစွဲပါ အလွတ်သဘောကျွန်တော် မဆွေးနွေးနိုင်ဘူးလို့ပဲ ပြောရတယ်။
    တကယ် သတင်းရေးရတာ တော်တော်ကြပ်ပါတယ်နောက်ပိုင်းတော့ နည်းနည်းကောင်းလာမယ်လို့
    ထင်ရပါတယ်။
    အခု လျှပ်တပြက်ကတော့ တရားစွဲံခံရပြီ ။ ကျွန်တော် တို့ စိတ်မကောင်းပါဘူးအားလုံးလည်း သတင်းရေးသူတိုင်းလည်း ခံစား နားစွင့်ရမယ် ထင်ပါတယ်။

  • R Ga

    June 22, 2012 at 5:02 pm

    အရင်အရင်ခေတ်တွေတုန်းကအစိုးရအကြိုက်ဂျာနယ်ကိုလက်ညီုးထိုးပြပါဆိုရင် ဦးမြတ်ခိုင်ရဲ့ လျပ်တပြတ်ပါပဲ။
    ကျော်ဆန်းနဲ့ပေါင်းတယ်။ လူကြီးတွေနဲ့ပေါင်းတယ်။ သူများ ဆင်ဆာမလွတ်တဲ့သတင်းသူလွတ်တယ်။
    စက်တင်ဘာအရေးအခင်းကလည်း ဆန္ဒပြတဲ့လူသူ သံဃာတွေရဲ့ ပုံကို သူတို့ဂျာနယ်က တင်ပြလို့ အဖမ်းခံရသူအဖမ်းခံရနဲ့။
    နောက် ဒေါ်စုလွတ်လာတော့ ဒေါ်စုဖက်လိုလို ယိမ်းတယ်။ ကြံဖွတ်လိုလိုလည်း လုပ်တယ်။ နောက်တော့လည်း ဖွရရင် ဂျာနယ်ပေါက်တယ်။ ဆိုပြီးလုပ်ချင်ရ လုပ်တယ်။ …အခု..အခု..တော့……လည်း…. ပြောကိုမပြောင်ချဉ်တော့ပေါင် အေ့..။

  • စောင့် ကြည့်သူ

    June 22, 2012 at 5:15 pm

    လျှပ်တပြက် နိုင်ပါစေ ဆိုတောင်းပါတယ်

  • kai

    June 23, 2012 at 1:48 am

    အခုတင်သတင်းတခုတက်လာပါတယ်.
    ယူအက်စ်ဂျာနယ်လစ်စ်တယောက် စကားအသုံးမှားသွားလို့.. (Mitt Romney က “comfortable” around white people)ပြောလိုက်လို့.. အလုပ်ခေတ္တရပ်နားခံရတဲ့သတင်းပါ..

    တကယ်တော့. ဂျာနယ်လစ်စ်တွေ..နိုင်ငံရေးသမားတွေဟာ. လူမျိုးရး..ဘာသာရေး..အသားအရောင်ကိစ္စတွေမှာ.. ပိုသတိထားသင့်ပါတယ်..
    “ဆွ”လို့ရတိုင်း..”ပွ”လာအောင်.. “ဖွ”နေရတာတော့.. မဟုတ်ပါကြောင်း.. :mrgreen:

    =
    Politico suspends reporter over Romney race comments
    ABC News – ‎1 hour ago‎

    Politico has suspended White House correspondent Joe Williams over comments suggesting that Mitt Romney is more “comfortable” around white people.

  • Crystalline

    June 23, 2012 at 9:26 am

    ိသတင်းရေးသားသူနဲ့စီစစ်တဲ့အယ်ဒီတာတို့ရဲ့အတွေးအခေါ်မရင့်ကျက်မှု့၊ မြန်မာစာအသုံးအနှုန်းမကျွမ်းကျင်မှု့၊ အရည်အချင်းမပြည့်ဝမှု့ကြောင့်လို့ထင်ပါတယ်….

  • ba gyi

    June 23, 2012 at 9:51 am

    သတင်းတွေကိုအချိန်နှင့်တစ်ပြေးတည်းအသိပေးနေတာသတင်းသ္မားတွေအလုပ်ဖြစ်သလို
    ဖွတာပွတာတွေ၊ဝါဒဖြန့်တာတွေကြောင့် နိုင်ငံတော်တည်ငြိမ်မှုပျက်ပြားစေတာတွေမဖြစ်အောင်ဂရုပြုကြဘို့
    လည်းသတင်းသ္မားတွေမှာတာဝန်ရှိသလို၊အုပ်ချုပ်သူအပိုင်းမှလည်းသည်လိုအတွေ့အကြုံတွေကိုဖြစ်တတ်ပါလားလို့သင်ခန်းစာယူပြီး၊မဖြစ်ခင်မှကြိုတင်ကာကွယ်ဆောင်ရွက်ပြီး၊တရားဥပဒေစိုးမိုးရေးနဲ့လက်ဦးမှုယူပြီး
    ပြည်သူတွေကိုတရားမျှတတယ်လို့မြင်သာထင်သာရှိအောင်လုပ်ဘို့လိုပါမယ်။
    ပြောချင်တာက၊သတင်းသ္မားတွေအပေါ်ချည်းပုံမချဘို့ပါ၊ကိုယ့်တာဝန်ကိုယ်ယူကြသင့်တယ်၊တာဝန်သိရမယ်
    တာဝန်ယူရဲရမယ်၊တာဝန်ခံရဲရမယ်၊ဒါမှဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်း၊လူမျိုး၊နိုင်ငံဖြစ်မှာပါဗျား။

Leave a Reply