Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စွယ်တော်ရွက် စိတ်ကူးထားတဲ့ သင်တန်းလေးက ဒီလိုပ

Swal Taw YwetJuly 7, 20121min43212

စွယ်တော်ရွက် လျှပ်စစ် လက်တွေ့သင်တန်းလေး ဖွင့်တော့မယ်လို့ ရွာထဲကို ဗျိုးဟစ်လိုက်တဲ့အခါ ဝမ်းသာအားရ လက်ခုပ်တီးအားပေးမှုကို ရရှိလိုက်တာနဲ့တင် ရွာသားဖြစ်ရကျိုး နပ်သွားပါပြီဗျာ။ ကိုယ်ဝါသနာပါတဲ့ ၊ အထပ်ထပ်အခါခါ ကျင့်သားရနေခဲ့တဲ့ ကျောင်းဆရာအလုပ်ကို စွန့်လွှတ်ခဲ့ရတဲ့ ၊ လွန်ခဲ့သော (၈) နှစ်ကျော်ကတည်းက မက်ခဲ့ရတဲ့ အိပ်မက်လေးတစ်ခုမို့ပါ။

အခု ကိုယ်ပိုင် သင်တန်းကျောင်းလေး ဖွင့်မယ်ဆိုတော့ Dream become true ပေါ့လေ။ လွယ်လွယ်ကူကူ လျှောက်လှမ်းရမယ့် ခရီးမဟုတ်မှန်း တော့ သိနေပါတယ်။ အခန်းငှားခ တစ်ခုတည်းမှာတင် (၆) လစာအတွက် လျာထားတာက ၆၀၀၀၀၀/- ၊ တကယ်ကုန်သွားတာက ၈၄၀၀၀၀/- လေ။ ဒါပေမယ့် တစ်လှမ်းချင်း လှမ်းရမယ့်အတိုင်း ဆက်လှမ်းသွားပါ့မယ်။ ညံ့လို့မရတော့တဲ့ MG ရွာသားတစ်ယောက်ဖြစ်နေပြီမဟုတ်လား?

ရွာသူ၊ ရွာသားတွေရဲ့ အားပေးမှုတွေအတွက် ကျေးဇူးအရမ်းတင်ပါတယ်။

“The Best” ရဲ့ Comment  လေးက ရည်ညွှန်းထားတာကို အလေးထားပါတယ်။ အဲဒီ့ EI လက်မှတ်အကြောင်း ခဏခဏ အသိပေးခဲ့တာ မှတ်မိနေလို့ အဲဒီ့ဌာနက လူများလား မသိ?

ကျနော့်ရည်မှန်းချက် (သေးသေးလေး) ကိုပြောကြည့်ပါရစေနော့။

GTI ကျောင်းဆရာဘဝ လုပ်သက် (၁၀) နှစ်ကျော်မှာ တပည့်တွေအပေါ် တာဝန်မကျေနိုင်ခဲ့တဲ့ (အမှန်တကယ် တတ်အောင်သင်မပေးနိုင်ခဲ့တဲ့ (ဝါ) သင်ပေးခွင့်မရခဲ့တဲ့) ခံစားချက်ကြီး (အကြီးကြီး) ခံစားခဲ့ရလို့ပါဗျာ။

ကျနော်တို့ အင်းစိန်စက်မှု ဆရာဖြစ်သိပံ (အင်းစိန် GTI  ကျောင်းဝင်းရဲ့နောက်ကျောထဲ၌ရှိသည်) မှာ စက်မှုဆရာဖြစ် သင်တန်းကျောင်း တက်တုန်းက စာစု (ဆောင်ပုဒ်) လေးတွေကို အရင်ပြောပါရစေ။

“ချိုသာရွှင်ပြသော အပြုံးကို မဆောင်နိုင်သူ စာသင်ခန်းမဝင်ရ” တဲ့ ခင်ဗျ။

“ကျောင်းသား စာမေးပွဲကျတာဟာ ဆရာညံ့လို့” တဲ့ခင်ဗျ။

မုံရွာ GTI မှာ (၂) နှစ်ဆက်တိုက် တန်းလုံးကျွတ်အောင်တဲ့ မေဂျာဆိုလို့ E.P တစ်ခုတည်း ရှိခဲ့ဘူးပါတယ်ဗျာ။ တတိယမြောက်နှစ်ရောက်တော့ တစ်ကျောင်းလုံးရဲ့ မေဂျာအားလုံးမှာ အကျအများဆုံး မေဂျာ E.P ဖြစ်သွားတာကိုလဲ ကြုံခဲ့ရပါတယ်။

ကျနော့အရင် post တွေမှာ တို့ထိ ဖွင့်ဟထားခဲ့ဖူးတဲ့ ကျောင်းသာ းဦးရေနဲ့ လက်တွေ့ပစ္စည်း ထိတွေ့နိုင်မှု၊ ဆရာ/ကျောင်းသား အချိုးအစား၊ အတန်းတွင်းရှိ ကျောင်းသားဦးရေ စသည့်စသည့် မြောက်များလှစွာသော အကြောင်းတရားတွေကြောင့် ဒီနေ့ အသံကျယ်သည်ထက် ကျယ်လာနေတာက “ကျောင်းဆင်းတွေ လက်တွေ့အားနည်းတယ်” ဆိုတဲ့အသံပါ။ (ကိုပေါက်ရေ ကျေးကျေးပါ) ကျနော်တတ်နိုင်သလောက်ဖြည့်ပေးချင်တာ အဲဒီ့ ကွက်လပ်ပါ။ အင်တာနေရှင်နယ်ကျောင်း…..၊ ဘာလက်မှတ်…. ညာလက်မှတ်…. ကျနော် အဲဒီ့လောက်အကြီးကြီး မမှန်းပါဘူးဗျာ။

ရိုးရိုးလေးနဲ့ သေးသေးလေးတွေဘဲ ထိထိရောက်ရောက် တကယ်တတ်အောင် သင်ပေးချင်တာပါ။

ဥပမာ ကျနော့်အခြေခံ Module ထဲက မီတာတိုင်းနည်း သင်တန်း

Objective မီတာတိုင်းတတ်၊ ဖတ်တတ်ရမည်။ ဒါကိုပဲ တိုက်ရိုက်သင်မယ်။ ထပ်ခါတစ်လဲလဲ လေ့ကျင့်ပေးမယ်။

Result.. မီတာတိုင်းတတ် ( ဘယ်လိုဆက်သွယ်ရမလဲ သိရှိ) မီတာဖတ်တတ် (မီတာညွှန်တံပြသနေမှုအား မှန်ကန်တိကျစွာ တန်ဖိုးပြောပြနိုင်) ရမယ်လေ။

အသုံးများတဲ့ AC Voltmeter, AC Ammeter, Clamp on Ammeter နဲ့ Multi Tester (Universal Meter) (၄) မျိုး ဆက်သွယ်တပ်ဆင်ပုံနဲ့ မီတာဒိုင်ခွက်ကို ဖတ်တာ၊ Multi Tester မှာ Selector Switch  လှည့်ထားတဲ့နေရာနဲ့ ဒိုင်ခွက် ပေါ်မှာပြနေတဲ့ ဘယ်စကေးမှာ ဖတ်မလဲ ဆိုတဲ့ အရေးကြီးဆုံးအပိုင်း…. လက်တွေ့လေ့ကျင့်ခန်း အကြိမ်ကြိမ် လုပ်မယ်၊ လျာထားသင်ကြားချိန် ၄ နာရီကနေ ၆ နာရီ ပဲရှိမယ်။ မတတ်မချင်း သင်ပေးမှာနော်.. မအောင်မရှိ ငါ့တပည့်မဟုတ်တဲ့ သင်တန်းတတ်ပြီးသူတိုင်း တတ်မြောက်ကြောင်း အာမခံနိုင်တဲ့ သင်တန်းမျိုး ဖြစ်ချင်တာပါ။

ခင်ဗျာ.. သင်တန်းကြေး ဘယ်လောက်လဲ?

ကျနော့ဆန္ဒကတော့ သင်တန်းကြေ်းမများတဲ့ လက်တွေ့ လေ့ကျင့်ရေးကွင်းလေး ဖြစ်ချင်တာပါဘဲ။

ကျနော်တစ်ယောက်တည်း တာဝန်ခံ သင်မှာမို့ သင်တန်းချိန် (၁) ချိန် (၂) နာရီမှာ သင်တန်းသား ၅ ယောက်

၆ ယောက်လောက်ဘဲ အများဆုံး ထားပြီး နိုင်နိုင်နင်းနင်း ဖိဖိစီးစီး လေ့ကျင့်ပေးနေချင်တာ။

ဒီကျောင်းက တကယ်လက်တွေ့လုပ်ရတယ်၊ တကယ်တတ်တယ် ဆိုတဲ့ ပဲ့တင်သံလေးတွေနဲ့ပဲ ပီတိဖြာနေချင်တာပါဗျာ။

လူတစ်ဦး စက်ပစ္စည်းတစ်စုံစီ လေ့ကျင့်ပေးမယ် ဆိုပေမယ့် Motor Control Circuit Training မှာ က

၂ ယောက်တစ်တွဲ လေ့ကျင့်တာ ပိုထိရောက်ကြောင်း အတွေ့အကြုံအရ သိနေခဲ့တာမို့  အဲဒီ့ အပိုင်းကိုတော့ ၂ ယောက်တစ်တွဲပဲ လေ့ကျင့် သင်ယူစေမှာပါ။

သင်ခန်းစာအလိုက်ဆိုရင်လဲ Direct On Line Starter အကြောင်းသင်၊ D.O.L လက်တွေ့လေ့ကျင့်၊ Forward Reverse Starter သင်၊ လက်တွေ့လေ့ကျင့် ဆိုပြီး ၁ ခုပြီးမှ ၁ ခု လက်တွေ့ ကျင့်တာထက် D.O.L ရော Forward Reverse ကိုရော ၂ မျိုးစလုံးရဲ့ Control Circuit တွေစာတွေ့အရင်သင်ပြီးမှ D.O.L လက်တွေ့လုပ်၊  Forward Reverse Starter လက်တွေ့လုပ်တာက ပိုပြီး အတတ်မြန်တယ်။ Normally Close, Normally Open Contact တွေကို မြန်မြန်ဆန်ဆန် သဘောပေါက် နားလည်သွားစေတယ်ဗျ။ နောက်ပိုင်း ပိုမြင့်သွားတဲ့ Star Delta Starter နဲ့ Sequence Control System တွေမှာ အရမ်းအသုံးဝင်လာမယ့် အခြေခံလေးတွေ အရင်ပြည့်သွားတာပေါ့လေ။

ကျယ်ပြောလှတဲ့ လျှပ်စစ်အင်ဂျင်နီယာ ဘာသာရပ် နယ်ပယ်ထဲက အခြေခံအကျဆုံး လက်တွေ့လေ့ကျင့်ခန်းလေးတွေကိုပဲ တွင်တွင်ကျယ်ကျယ် လေ့ကျင့်ပေးချင်တာပါဗျာ။ ဆရာသစ်ရဲ့ Post ကို ထပ်ခါတလဲလဲ ဖတ်မိရင်း ၊ ဆရာသစ်ရဲ့ အဓိကရည်ညွှန်းချက်ဟာ “အမှန်တကယ်တတ်မြောက်ကျွမ်းကျွင်မှု” လို့သက်ဝင်ယုံကြည်လာခဲ့လို့ပါ။ တကယ်မတတ်တဲ့ ၊ မကျွမ်းကျင်တဲ့အတွက်ကြောင့် ဘယ်လောက်မျက်နှာငယ်ရသလဲ ဆိုတာ သိကြမှာပါ။ (ကိုပေါက်ရေ.. ဒုတိယအကြိမ်  ……  ပါးပါးလေး)

ဦးဦးပါလေရာရေ.. လော လောဆယ် အနည်းဆုံး ၆ လလောက်တောင့်ခံ ရင်းနှီးရမယ်လို့ ပြင်ဆင်ထားပါတယ်။ ရွာအလှူအတွက် လုံးပမ်းရင်း တွေ့လာရတဲ့ စက်ကပ်ကျေးလိုအပ်မှုဆိုလား.. ကျနော်လည်းသိချင်ပါတယ်နော်..  မိုက်ကရိုဖုန်း ကိုင်နိုင်ဘို့ နယ်စည်းမခြားသမဂ္ဂ နဲ့ ညှိကြည့်လိုက်ဦးမယ်လေ။ ၈ ရက်နေ့ ရွာအလှူမှာဆုံပြီး လမ်းကြောင်းရွေးကြတာပေါ့။

ရွာသူရွာသားတွေနဲ့ ဆုံနိုင်အောင်လို့ သင်တန်းဖွင့်ရက်ကို တမင်နောက်ခွာပြီး သတ်မှတ်ထားခဲ့တာပါ။ ကိုဘလက်ပြောခဲ့သလို Own Business ရဲ့ Pressure က ပိုကြီးတယ် ဆိုတာ လက်ခံထားလို့ လောလောဆယ် Free ရိုက်နေတာပါခင်ဗျ။ (ကိုဂီ့လေသံငှားရရင်  ….ဂယ်ကကြောက်နေလို့)

လက်ဖက်ရည်မကောင်းလျှင် ကျွန်ုပ်ကို ပြောပါ။ “လက်ဖက်ရည်ကောင်းလျှင် သင့်မိတ်ဆွေကို လက်တို့လိုက်ပါ” ဆိုတာ  မုံရွာမြို့ ဝင်းသူရ လက်ဖက်ရည်ဆိုင်က စကားရပ်လေးပေါ့။……..

မမှားနိုင်ဘူးလို့ ယုံကြည်နေတဲ့ ဝါသနာပါရာ ကိုယ်ပိုင်လုပ်ငန်းလေး တစ်ခုကို အောင်မြင်အောင် ကြိုးစားပါ့မယ်။ ရွာသူရွာသား မောင်နှမ အချင်းချင်း လိုအပ်မယ်ထင်တာလေးတွေ ဖြည့်စွက်အကြံပြုပေးကြပါဦးနော.. ကောင်းသထက်ကောင်းသွားစေဖို့ပေါ့။   ။

With respect,

Swal Taw Ywet.

12 comments

  • weiwei

    July 7, 2012 at 10:50 pm

    ရည်ရွယ်ချက် အရမ်းကောင်းပါတယ် …
    အောင်မြင်မယ်လို့လဲ ယုံကြည်ပါတယ် …

  • မောင်ပေ

    July 8, 2012 at 12:46 am

    ဘယ်လိုမှ မမှားနိုင်ပါဘူး
    ဒါဟာ သောက်သုံးမယ့်သူအတွက် ဘာမှ စောဒကတက်စရာ
    အကြောင်းမရှိတဲ့ tea တစ်ခွက်ပါ။
    ပိုစ့်မော်ဒန်အတွေးဖြင့် မန့်သည်။

  • the best

    July 8, 2012 at 2:04 am

    ကျွန်တော် EI ဌာနက မဟုတ်ပါဘူး။
    industrial electrical ပိုင်းကို ပိုပြီး အားဖြည့်သင်ကြားထားတာ တွေ ့ရပါတယ်။
    နောက်မှထပ်ရေးပါမယ်။

    ဆရာက အတွေ ့အကြုံ လည်းအများကြီးရှိနေတာပဲ။

    စာတွေ ့ရှိပြီးသား GTI, B Tech, B.E,ဘွဲ ့ရ တွေ
    သင်တန်းက လက်တွေ ့သာရရင် လုပ်ငန်းခွင်ဝင်ဖို ့သတ္တိတွေရှိလာမယ်။

    အခုခေတ် GTI, B Tech, B.E, ဘွဲ ့ရတွေက အလုပ်လိုချင်တယ်။
    လုပ်ငန်းခွင်အတွေ ့အကြုံမရှိကြတော့ ဝင်မတိုးရဲဘူး။

    အလုပ်ရရင်လည်း ကိုယ့်ထက်ပညာနိမ့်တဲ့သူကို လုပ်ငန်းခွင်အတွေ ့အကြုံမရှိတာကြောင့်
    အုပ်ချုပ်ရတာအခက်အခဲတွေ ့နေရတယ်။

    ဆရာ့အနေနဲ ့ ဒီကွက်လပ်ကို ဖြည့်ပေးတော့မယ်ဆိုတော့ ဝမ်းသာစရာပေါ့ဗျာ။

    • Swal Taw Ywet

      July 9, 2012 at 9:36 pm

      The Best ခင်ဗျား…..

      တန်ဘိုးရှိတဲ့ comment လေးတွေအတွက် ကျေးဇူးအရင်တင်ပါရစေ (အပြင်မှာ ဆုံခွင့်ရရင် လက်ဖက်ရည်ပါ တိုက်ပါ့မယ်ဗျို့)

      ကျနော့် ဦးတည်ချက်ကလဲ အဲဒီ့ကွက်လပ် အဲဒီ့အားနည်းချက်ကို ဖြည့်ချင်တာပါဘဲဗျာ။ ဆရာကြီးဦးအောင်သင်းရဲ့ မှတ်ချက်လေး တစ်ခုကို ကိုးကားပါရစေ.. “ခလေးတွေ သင်တန်းတစ်ခုပြီး တစ်ခု တက်နေကြတယ်.. ဘဝတက်လမ်းအတွက် လှေခါးတွေ တစ်ခုပြီးတစ်ခု ရှာနေကြတယ်…. ဒါပေမဲ့ အဲဒီ့လှေကားတွေ ထမ်းပြီး လျှောက်သွားယုံသွားနေကြတယ်… တစ်ခုခုက်ုသုံးပြီး အပေါ်တက်ဖို့တော့ မစမိကြဘူး” တဲ့ဗျ (အနီးစပ်ဆုံးမှတ်မိသမျှ ချရေးလိုက်တာမို့ အနည်းငယ် လွဲနိုင်ပါတယ်ခင်ဗျား)။
      ကျနော်က အဲဒီ့သူတို့ ရှာနေတဲ့ လှေခါးတစ်လေးတွေ တောင့်တင်းခိုင်မာစေချင်တာပါဗျာ။ သူတို့ခင်မျာလည်း လှေခါး ခိုင်မခိုင် စိတ်မချတော့ အသုံးချပြီး အပေါ်တက်ဖို့ ရွံ့နေကြရှာတယ် ထင်ပါရဲ့။
      Let’s try our best for our mother land.
      With respect
      Swal Taw Ywet.

  • Victory

    July 8, 2012 at 6:13 am

    ဆရာကိုစွယ်တော်ရေ……………..
    အရင်တခေါက်ကတည်းက ဖတ်မိပြီး အကြံဉာဏ်ပေးချင်မိခဲ့ပေမဲ့ စိတ်ထဲသိပ်မရဲလို့
    တွန့်ခဲ့ရပါတယ်။ ဒီနေ့တော့ ဖတ်ရင်းအားပေးချင်လို့ “လေးလေးနက်နက်ကြီးကိုအကြံ
    ပေးကြည့်ပါရစေ”။
    ဆရာလုပ်ခြင်းမဟုတ်ပါ။ ရွာသားမိတ်ဆွေတယောက်လိုခင်မင်မိလို့စေတနာဖြစ်မိလို့ပါ။
    ———————————————————
    ပရစိတ်ဓာတ်နဲ့လုပ်မယ်ဆိုတဲ့ စိတ်ကလေးကကောင်းပါတယ်။
    ဒါပေမဲ့ ကိုယ်ပိုင်စီးပွါးရေးလို့ ဆိုထားလေတော့ ရေရှည်ရပ်တည်ရေးအတွက်လည်း
    အရေးကြီးပေတာပေါ့နော်။ လုပ်သင့်တာလေးတွေ ပြောကြည့်ပါရစေ။

    ၁။ ကြော်ငြာပါ။
    လက်ကမ်းစာရွက်ဝေဖို့လိုပါတယ်။မြို့ထဲ၊ မြေနီကုန်း၊လှည်းတန်း၊သမိုင်း၊အင်းစိန်အဓိက ဝေရင်ကောင်းပါတယ်။
    ( ပရင့်ထုတ်ကော်ပီဆွဲတာထက် ကိုယ်တိုင် ဖယောင်းရေးပြီးဂက်စတဲန်းနာနဲ့လှိမ့်ရင် သက်သာမယ်ထင်ပါရဲ့။ )
    ကြော်ငြာမှာ
    (၁-၁)ဘာ ကို ဘယ်လိုသင်မယ်ဆိုတာ ရှင်းလင်းစွာအတိုချုပ်ရေးထားပေးပါ။
    (ပို့စ်ထဲမှာဥပမာပေးထားသလိုမျိုး အခြေခံက ဘယ်နှစ်မျိုး၊ အလယ်ဆင့်ကဘယ်နှစ်မျိုး၊အဆင့်မြင့်က
    ဘယ်နှစ်မျိုး ဆိုတာရှင်းလင်းပါ)
    (၁-၂)ဘယ်လိုအသုံးဝင်မယ်ဆိုတာကိုပါ ရေးဖို့လိုပါတယ်။
    (လူဆိုတာ အရင်ဆုံး ပြန်ရချက် ကို “သိ” ချင်ပါတယ်၊ အကောင်းဆုံးပြန်ရချက်ဟာ ငွေရှာနိုင်ခြင်းပါ။
    ဘယ်လိုအလုပ်တွေအတွက် အထောက်အကူဖြစ်စေသော သင်တန်းဆိုတာရှင်းလင်းပါ၊ ဥပမာဆိုရရင်
    လုပ်ငန်းတခုလုပ်ကိုင်စားသောက်လို့ရတဲ့ အဆင့်အထိသင်နိုင်တယ်ဆိုတာမျိုးပါရင်သိပ်ကောင်းပါတယ်)
    (၁-၃)ဘယ်သူသင်မယ်ဆိုတာ ရေးပါ။
    ဆရာ့ရဲ့ အနေအထားကိုကြွားတာမျိုးမဟုတ်ပေမဲ့ သိအောင် ပြောပြဘို့လိုပါလိမ့်မယ်။
    ဆရာသက်တမ်း၊နိုင်ငံခြားအတွေ့အကြုံ၊ပညာအရည်အချင်း၊တွေအစရှိသဖြင့် သင့်တော်ရာကိုရေးထားပါ။
    (၁-၄) သင်တန်းချိန်ကိုရေးပါ။
    သင်တန်းရဲ့ ကြာချိန်အပြင် တပါတ် ၁ရက်ဆို၁ရက် ရေးပါ။သင်တန်းတချိန်မှာလက်တွေ့၊စာတွေ့၊လေ့ကျင့်ချိန်
    ဘယ်နှစ်နာရီဆိုတာမျိုး ရှင်းလင်းပါစေ။
    (၁-၅)သင်တန်းနေရာကို ဆွဲဆောင်မှုရှိအောင်ရေးပါ။
    သွားရေးလာရေးလွယ်ကူတာမျိုး၊လမ်းမကြီးပေါ်မှာရှိတယ်၊(သို့)နီးတယ်။အစရှိသဖြင့်။
    (၁-၆) သင်တန်းမစ မီ သင်တန်းအကြောင်းဆွေးနွေးပွဲ(ဆီမီနာ)လုပ်မယ်လို့ထဲ့ရေးပါ။
    သင်တန်းမစမီ အနည်းဆုံး ၃ ရက်၊ တရက် ၂ ကြိမ်၊ တကြိမ် ၁ နာရီ လောက်သင်တန်းအကြောင်းရှင်းလင်းမှု
    ဆွေးနွေးပွဲလုပ်ပေးဘို့လိုပါတယ်။ အကြာကြီးပြောစရာမလိုပါဘူး၊တနာရီစာ အနှစ်ချုပ် လှလှပပလေး
    ပရဲစဲန်းတေးရှင်းပေးလိုက်ရုံပါဘဲ။အနည်းဆုံး ရေသန့်လောက်တော့တိုက်လိုက်ပါ။
    (နောက်တပါတ်မှာ သင်တန်းစပါမယ်၊လို့ပြောပါ၊ စာရေးတယောက်(ခဏဖြစ်ဖြစ်)
    ခေါ်ထားပေးပါ။ သူဆီမှာ စာရင်းသွင်းလို့ရပါတယ်လို့ပြောပါ။)

    ၂။ စာသင်မဲ့အခန်းကိုသေသေခြာခြာပြင်ထားပါ။
    ပညာရပ်တခုရဲ့ ပါတ်ဝန်းကျင်ကိုဖန်တီးထားပါ။ လုပ်တတ်ရင်တော့ နံရံကပ် ဒါမှမဟုတ် စားပွဲအသေးစားပေါ်မှာ
    ပုံစံငယ် (လျှပ်စစ်စီးကြောင်းပုံစံငယ် လှလှလေးတခုလိုဟာမျိုး) ပြထားပါ။ သက်တောင့်သက်သာနဲ့ သင်နိုင်
    နေနိုင်တဲ့ပုံစံမျိုး ဖြစ်နေပါစေ။ ရှုပ်ရှက်ခက်မနေပါစေနှင့်။
    သင်တန်းပြီးချိန်မှာလည်း စနစ်တကျပြန်လည်သိမ်းဆည်းပြီး သပ်သပ်ရပ်ရပ်ပြန်ထားတာမျိုးကိုပါလုပ်ကိုင်ခိုင်းပါ။

    ၃။ သဘောကောင်းစွာသင်ပါ၊သို့သော် စည်းကမ်းကိုတော့ မလျှော့ပါနှင့်။
    သင်တန်းသားအား သဘောကောင်းစွာဆက်ဆံရန်လိုသော်လည်း စည်းကမ်းအကြောင်းကိုရှင်းလင်းထားပါ။
    အကယ်၍မကြေလည်မှုဖြစ်ခဲ့သော် အေးအေးဆေးဆေးရှင်းပြနားလည်ပါစေ။သူနဲ့ကိုယ်တသားတည်းဖြစ်ကြောင်း
    ပြသ ထားခြင်းက သင်တန်းသားကို တတ်မြောက်စေရာတွင်လွန်စွာအထောက်အကူပြုပါသည်။

    ၄။ပွင့်လင်းပါ။ ပွင့်လင်းပါစေ။ပွင့်လင်းသောဆက်ဆံရေးကိုဖန်တီးထားပါ။
    သင်တန်းနှင့်ပါတ်သက်၍ရိုးသားပွင့်လင်းစွာပြောပြသင်ကြားပါ။
    သူ့ကိုလည်းပွင့်လင်းစွာပြောပြနိုင်ခွင့်ဖန်တီးပေးထားပါ။
    ဒီဟာကို ဆရာသေသေခြာခြာတတ်ပါသည်။ ဒီဟာကိုတော့လုံးဝမသိပါဟု ဆိုခြင်းမျိုးပါ။
    မင်းရော ဘယ်လိုနေလဲ၊ ဘာအခက်အခဲရှိသလဲလို့ မေးပေးပါ။

    ၅။ ချီးကျူးပေးပါ။အားပေးစကားပြောပေးပါ။
    သင်တန်းစတင်သောနေ့တွင် နာရီဝက်ခန့်အချိန်ပိုပေး၍ရင်းနှီးမှုရယူလိုက်ပါ။
    သင်တန်းသားတဦးချင်းကို ဘာလုပ်တတ်လဲဟုမေးပါ။ ဥပမာ ဂီတာတီးတတ်သည်ဟု ဖြေပါက
    “ကောင်းတယ်ဗျာ၊သီချင်းဆိုလည်းကောင်းမှာနော်” ဟုစကားမျိုးဆိုပါ။
    နောက်ပိုင်း သင်တန်းချိန်အတွင်းတွင်လည်း သင်သမျှမှတ်မိပါက ချက်ခြင်းချီးကျူးစကားဆိုလိုက်ပါ။
    မမှတ်မိပါကလည်း ဆရာတုန်းက ပိုဆိုးသေးတာပေါ့ဟု အားပေးစကား မပျက်မကွက်ပြောပေးပါ။

    ၆။လက်တွေ့လုပ်ငန်းခွင်နှင့်ဆက်စပ်နိုင်အောင်စဉ်းစားပါ။
    လက်တွေ့လိုက်လံလုပ်ဆောင်မှုများရှိရင်ကောင်းပါသည်။ အခကြေးငွေယူသောလုပ်ဆောင်မှုဖြင့်လည်းကောင်း၊
    လူမှုရေးဆိုင်ရာ(မျက်မမြင်ကျောင်း၊ဘုန်းကြီးကျောင်းတို့တွင်အခမဲ့ကုသိုလ်ယူ)လိုက်လံလုပ်ဆောင်ခြင်းတွင်လည်း
    ကောင်း သင်တန်းသားကိုလုပ်ကိုင်စေခြင်းသည်လည်း သူ့ယုံကြည်မှုကိုမြှင့်တင်ရာရောက်စေပါသည်။

    ၇။အတတ်ကိုပါမက “အသိ” ကိုပါသင်ပေးပါ။ကိုယ်ပိုင်စဉ်းစားမှုကိုလမ်းဖွင့်သင်ကြားပေးပါ။
    အတတ်ဆိုတာက ဒီဟာဒီလိုလုပ်တယ်ဟု ဆိုလိုပါသည်။
    အသိ ဆိုတာကတော့ အမှန်အမှားအပေါ် လူတဦးချင်းရဲ့ ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းပါ။
    အတတ်ကိုအသိနှင့်ပူးပေါင်းလိုက်မှ ပရိုဖက်ရှင်နယ် တယောက်ဖြစ်ပါတယ်ဆိုတာရှင်းပြပါ။

    ကျနော်အတွေ့အကြုံအရ သိသလောက် စေတနာသက်သက်ဖြင့်အကြံပြုခြင်းသာပါ။
    သဘောထားတိုက်ဆိုင်မှုမရှိပါက လွတ်လပ်စွာဆုံးဖြတ်နိုင်ပါသည်။
    ပိုမိုလေးနက်သောဆွေးနွေးမှုလိုလားပါက ဆက်သွယ်စရာတခုခု(အီးမေးလ်စသဖြင့်)ပေး၍
    တိုင်ပင်နိုင်ပါသည်ခင်ဗျာ။

    လေးစားခင်မင်မှုဖြင့်

    • Swal Taw Ywet

      July 9, 2012 at 9:33 pm

      Victory ရေ
      စိတ်ရှည်လက်ရှည် ပြည့်ပြည့်စုံစုံ အသေးစိတ် အကြံပြုပေးခဲ့တာ ကျေးဇူး အကြီးကြီးတင်ပါရစေဗျာ။ တကယ်ပါ။

      အစိုးရ GTI ကျောင်းမှာ ကျောင်းသားအများကြီး ကိုသင်ပေးရတဲ့ အခြေအနေနဲ့ ကိုယ်ပိုင်သင်တန်းကျောင်းလေး တစ်ခုကို စတင်တည်ထောင် သင်ကြားပေးရတဲ့အခြေအနေတွေ မတူညီနိုင်ကြောင်း မီးမောင်းထိုးပြ ထောက်မကူညီလိုက်တာပါပဲ။
      ကျနော်တို့ တန်ဘိုးထားတဲ့ MG ကို ပိုပြီးချစ်စရာကောင်းအောင် အရောင်တင်ပေးလိုက်ခြင်းပေါ့ဗျာ။
      ဟုတ်ကဲ့…. ကျနော် အတတ်နိုင်ဆုံး အကောင်အထည်ဖေါ်ပါ့မယ်။
      MG ရွာသူ ရွာသားချင်း ပိုပြီး နီးနီးကပ်ကပ် ဆက်သွယ်နိုင်အောင် ကျနော့် Mobile No. 09 45000 7347 ကို ဆက်သွယ်ပေးပါဗျာ။
      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

  • htoosan

    July 8, 2012 at 7:09 am

    ဆရာ စွယ်တော်ရွက်ရဲ့ လက်မကိုသာ မကကို victory ရဲ့ ကောမန့် ကို လက်မ အကြီးကြီးထောင်သွားပါတယ်ဗျာ..
    မီတာဖတ်တာ တင်သာမက ဖြစ်နိုင်ရင် အိမ်မှာ သွယ်တန်းဖို့ load တွက်ပြီး wire size ရွေးချယ်တာ ။ earth ဘယ်လိုချပြီး အုန်း ဘယ်လိုတိုင်း ဘယ်လောက်ရှိရမှာ လဲ ထည့်သင့်တယ် ထင်ပါ့ ။။ဆရာကို ဆရာလုပ်တယ်လို့ တော့ မထင်နဲ့နော် .. ကိုယ်သိချင်တာ ပါတာ မတွေ့လို့ .. :mrgreen:

  • ကြောင်ကြီး

    July 8, 2012 at 9:36 am

    စွယ်တော်ရွက်ပြောတဲ့ မီတာတော့ မဖတ်တတ်ဘူး၊ တက္ကဆီစီးရင်တော့ တက်နေတဲ့မီတာ ကြည့်နေရင်း ဘုရားတနေမိတယ်…။
    စွယ်တော်ရွက်စိတ်ကူး
    မယ်တော်ကြက်သိပ်မြူး
    ဝယ်ခေါ်နှပ်သိပ်ထူး
    ဂယ်ဆော်မှတ်ထိပ်ဖူး…။

  • marblecommet

    July 8, 2012 at 5:04 pm

    ဆရာစွယ်တော်ရွက်ရဲ့
    စေတနာနဲ့ရည်ရွက်ချက်ကို
    လေးစားပါတယ်
    ဆရာ့သင်တန်းအောင်မြင်မှာပါဗျာ…
    လေးစားတဲ့
    မောင်ကမ်း…

  • MaMa

    July 8, 2012 at 5:35 pm

    Victory ရဲ့ အတွေ့အကြုံကနေ ရလာတဲ့ တန်ဖိုးရှိတဲ့ အကြံဉာဏ်တွေက လေးစားစရာပါ။
    စွယ်တော်ရွက်ရဲ့ သင်တန်းအတွက်လည်း အများကြီး အထောက်အကူပြုမယ် ထင်ပါတယ်။
    အခုလို စိတ်ရင်းစေတနာကောင်းနဲ့ ပေးတဲ့ အကြံဉာဏ်တွေကို စိတ်ထဲသိပ်မရဲပဲ လက်တွန့်နေမယ့်အစား
    အခုလို ပြောပြပေးတာက အကျိုးများလှပါတယ်။
    ရွာသူားဖြစ်ရတာ အခုလို အကြံကောင်း ဉာဏ်ကောင်းတွေရနိုင်တာမို့ ရွာထဲမှာနေရတာ တန်ဖိုးရှိလှပါတယ်။
    နောင်ကိုလည်း အတွေ့အကြုံဗဟုသုတတွေကို အလျင်းသင့်သလို မျှဝေပေးဖို့ Victory ကို တောင်းဆိုချင်ပါတယ်။ 🙂

  • padonmar

    July 9, 2012 at 12:18 am

    စွယ်တော်ရွက်ရေ
    ကြော်ငြာဖို့ အခမဲ့ကြော်ငြာကဏ္ဍတွေ ဂျာနယ်တွေမှာရှိပါတယ်။
    (တကယ်လည်းထိရောက်ပါတယ်။မြန်မာပြည်နဲ့ ဝေးနေတဲ့သူမို့ ဆရာလုပ်တာပါ၊စစချင်း ကုန်ကျစားရိတ်လည်းမများစေချင်လို့ပါ။)
    ကြော်ငြာထဲပါရမှာတွေကတော့ Victory ပြောတဲ့အတိုင်းပေါ့။
    ဒီလိုသင်တန်းမျိုးတွေ မနောရမ္မပညာဒါနမှာလည်း သင်တယ်ကြားဖူးပါတယ်။
    (စည်းမျဉ်းစည်းကမ်းလေးများလေ့လာကြည့်လို့ရအောင်ပါ။)
    ………..
    ွှံThe Best ရဲ့ CVT Myanmar Post ကလည်း အထောက်အကူ ဖြစ်မယ်ထင်ပါတယ်။
    …………….
    Victory ရဲ့ စေ့စပ်တဲ့ စေတနာပါတဲ့ လမ်းညွှန်မှုုတွေအတွက် စွယ်တော်ရွက် မဖတ်နိုင်သေးခင်
    ကြားထဲက ကိုယ်စားကျေးဇူးတင်ပါတယ်။
    ရွာထဲမှာ Victory လို ရွာသားတစ်ယောက်တိုးတာ ဝမ်းသာပါတယ်။

  • ဖိုးထောင်

    July 9, 2012 at 1:18 am

    အနော်လဲ victory အတိုင်းပါပဲ ထပ်ပြောစရာကိုမရှိ ထပ်ပြီးသင်ယူသွားပါတယ်ဆိုတာ ဝန်ခံပါတယ်

Leave a Reply