ခမ်းဟွမ် ………………….အပိုင်းလေး(ဇာတ်သိမ်း………….)
“ခမ်းဟွမ် ……………….အပိုင်းလေး”
(ဇာတ်သိမ်းပိုင်း)
မနက်ခြောက်နာရီမထိုးခင်အိပ်ယာထလို့ ကျနော်လမ်းလျှောက်ထွက်မလို့လုပ်နေတုန်းဖုန်းဝင်လာပါတယ်။
ကြည့်လိုက်တော့ “ဘေဘေး”
အောက်မှာရောက်နေပြီလက်ဖက်ရည်သောက်ဘို့လာခေါ်တာပါတဲ့။
အဲဒါနဲ့ သူ့ကိုဧည့်ခန်းမှာစောင့်ခိုင်း။
သူ့ဆိုင်ကယ်လေး ဟိုတယ်နားမှာခဏထား။
သူနဲ့ကျနော်လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။
ရွှေလီတံတားဖက်ကိုပေါ့။
ကျနော်တည်းတဲ့ဟိုတယ်နဲ့မျက်နှာခြင်းဆိုင်က မနောကွင်းထဲမှာအားကစားလေ့ကျင့်နေကြတဲ့သူလဲအများကြီး။
မနောကွင်းဖက်ကိုလမ်းလျောက်လာနေသူလဲ အများကြီးပါဘဲ။
ကျနော်တို့သွားတဲ့လမ်းမှာ လုပ်ငန်းခွင်ကိုသွားနေကြတဲ့ကျနော်တို့ရွှေမြန်မာတွေကိုတွေ့ရပါတယ်။
အလုပ်အကိုင်အတည်တကျ မရှိသေးတော့ပွဲစားလာခေါ်မှာကိုစောင့်နေတဲ့ ဘောက်အလုပ်သမားရွှေမြန်မာများ
ကလည်းသစ်ပင်အောက်မှာ တို်က်အရိ်ပ်အောက်မှာ တွေ့ခဲ့ရပါသေးတယ်။
ရွှေလီတံတားပေါ်ကတော့ တကယ်ကို သာယာပါတယ်။
အဝေးပါတ်ပါတ်လည်မှာက မူံရီနေတဲ့တောင်တန်းကြီးတွေ။
နေမထွက်သေးတော့ပါတ်ဝန်းကျင်က မှိုင်းပြပြ။
တံတားပေါ်မှာတော့ လမ်းလျောက်လာသူ အလုပ်သွားသူ နဲ့ လူမပြတ်။
ကျနော်ကသူ့လက်ကလေးကိုဆွဲလို့ စကားတပြောပြောနဲ့လမ်းလျှောက်လာတဲ့အချိန်မတော့
သူ့မျက်နှာလေးက ကြည်လင်ဝင်းပလို့ စိတ်ချမ်းသာနေတဲ့ပုံ။
မမြင်နိုင်တဲ့စိတ်အလျင်လေးတွေက ကူးစက်တတ်ပါတယ်။
သူစိတ်ချမ်းသာတော့ ကျနော့်စိတ်ထဲမှာလဲအလိုလိုပျော်တာပေါ့နော်။
တံတားဟိုဘက်အဆုံးရောက်တော့ ပြန်လာပြီးကျယ်ဂေါင်ကျောက်မျက်ဈေးနားကဖြတ်လို့
ကျောက်မျက်ရတနာတန်းမှာရှိတဲ့ ရွှေမန္တလေးမှာ သွားပြီး လက်ဖက်ရည်သောက်ကြပါတယ်။
နောက်တော့ သူနဲ့ကျနော်ဟိုတယ်ကိုပြန်လာရင်း ကျနော်တို့အလုပ်လုပ်တဲ့ရုံးခန်းနေရာကိုပြ။
ဟိုတယ်ရောက်တော့မှ သူပြန်သွားပါတယ်။
မပြန်ခင်အမှာတော်ပါးသွားတာကတော့
ညနေပိုင်းမှာ ရွှေလီဘက်က ကျေးလက်ဘုရားရယ် အန်းကုန်းရုပ်အကြီးကြီးရှိတဲ့ဆီကို သွားကြမယ်။
မမနှင်းကားနဲ့သွားကြမယ်တဲ့။
တရုတ်ချိန်ခြောက်နာရီခွဲလာခေါ်မယ်ပြောသွားပါတယ်။
အခန်းပြန်ရောက်တော့ စဉ်းစားမိပြန်တာက သူနဲ့လမ်းလျှောက်ရင်းစကားတွေသာပေါင်းစုံပြောလာခဲ့တယ်။
ညက စဉ်းစားထားတဲ့သူနဲ့လက်ထပ်ဖို့ကိစ္စမပြောလိုက်ရတာကို ခုမှသတိရပါတယ်။
ဒါနဲ့ဘဲရုံးရောက်တော့ မှသူ့ဆီဖုန်းဆက်ရပါတယ်။
“ဘေဘေး….ကို အရေးကြီးတဲ့ကိစ္စမပြောရသေးလို့”
“ကိုကိုးရာ ငေါအလုပ်ရှုပ်နေသေးတယ် ညနေတွေ့မှပြောနော်”ဆိုတာနဲ့ဘဲမပြောလိုက်ရ။
ညနေရောက်တော့ ကျနော်ကို မမနှင်းတို့လာခေါ်ပါတယ်။
အရင်ဆုံးကျေးလက်ဘုရားသွားမယ် ပြီးရင် “စွေးဟူ”ရေကန်သွားမယ်ပြောပါတယ်။
ဒါနဲ့ဘဲ မမနှင်းက ကားမောင်း ငြိမ်းမ က သူ့ဘေးထိုင်။
ကျနော်တို့နှစ်ယောက်က နောက်ခန်းမှာ။
သူ့လက်ကလေးကို အတူတူဆုပ်ကိုင်ထားရင်း မျက်နှာလေးကို တစိမ့်စိမ့်ကြည်နေရတာ
အင်မတန်မှနွေးထွေးပြီး စိတ်ချမ်းသာစရာကောင်းလှပါတယ်။
ကျနော်တို့နှစ်ယောက်က အသံမထွက်တော့
“ဟိုနှစ်ယောက် ငြိမ်လှချည်လား”လို့တောင်မေးယူရပါတယ်။
ကားလေးက ရွှေလီတံတားအတိုင်းအနောက်ဘက်ကိုဆင်းလာ။
လမ်းဆုံရောက်တော့ မြောက်ဘက်တည့်တည့်ကွေ့။
အတော်ဝေးဝေးသွားပြီး လမ်းအနောက်ဘက်ကိုချိုးလို်က်တော့ မြို့ကြီးပြကြီးကနေ
ရုတ်တရက် တောရွာဇနပုဒ်လေးအဖြစ်ပြောင်းလဲသွားပါတယ်။
လယ်ကွင်းလေးတွေ တဲအိမ်လေးတွေကို မြင်ရတာမြန်မာ့ကျေးလက်ရှ့ခင်းလေးအတိုင်း။
အဲဒီလမ်းလေးအတိုင်း မြောက်ဘက်ကိုသွားတဲ့လမ်းကျယ်ကြီးအတိုင်းသွား
အရှေ့ဘက်လမ်းမြောင်လေးအတိုင်းပြန်လိုက်သွားလိုက်တော့ သစ်စက်တွေရဲ့အလွန်မှာ
ကျေးလက်ဘုရား ကိုရောက်ပါတော့တယ်။
ဘုရားခြေရင်း မှာညောင်ပင်ကြီးတစ်ပင်။
သူ့အောက်မှာတော့ စားသောက်ဆိုင်တစ်ဆိုင်။
စားပွဲသုံးလေးဝိုင်းမှာတော့ ဖဲရိုက်နေကြပါတယ်။
ဒီမှာထူးခြားတာတစ်ခုကတော့ကျယ်ဂေါင်ဘက်မှာရော ရွှေလီဘက်မှာပါ ဖဲကိုပြောင်ပြောင်တင်းတင်းရို်က်ကြတာပါ.။
ဒါနဲ့ဘဲကျနော်တို့အုပ်စုဘုရားပေါ်ကိုတက်လာကြပါတယ်။
ယုိုးဒယားပုံစံ ရှည်မျောမျောစေတီကြီးကို စေတီငယ်လေးတွေကဝန်းရံ။
မမနှင်းတို့နှစ်ယောက်ဘုရားဖူးနေချိန်မှာတော့ ကျနော်ကဓါ်တ်ပုံရိုက်နေတဲ့နောက်မှာ ဘေဘေးက ကလေးတစ်ယောက်လိုတကောက်ကောက်။
ကျနော်ကိုပျောက်သွားစိုးသလို တွယ်ကပ်။
အဲဒီမှာဘုရားဖူးနေတုန်း မိုးလေးက တစ်ဖျောက်ဖျောက်ဆိုတော့ ထီးကိုယ်စီဆောင်း။
ဘုရားထဲမှာမွေးထားတဲ့လှပသော ဒေါင်းကြီးကိုတွေ့ရတာချစ်စရာ။
ညမရင့်သေးပေမယ့် မုးိမှောင်ကျလာတာကြောင့်နောက်ထပ်တစ်နေရာကူးဘို့ ပြန်ထွက်။
ဘုရားအဝင်ဝမှာတော့ ရှမ်း တရုပ် ထိုင်းဘာသာစကားနဲ့ရေးထိုးထားတဲ့ကျောက်စာတိုင်ကိုမြင်ရပါတယ်။
ဘုရားကထွက်လာပြီး တောင်ပေါ်ရေကန်ရှိရာကို သွားခဲ့ကြပါတယ်။
အဲဒီကိုအသွားမှာတော့မိုးရိပ်ဆင်နေတော့တစ်လောကလုံးအမှောင်လွမ်းမိုးစပြုနေပါပြီ။
သွားနေရင်းမမနှင်းက မန်းလေးအကြောင်းတွေ သိချင်တာမေး။
ဘေဘေးကတော့ ကျနော်ရင်ခွင်ထဲတိုးဝင်ရင်း ငြိမ်သက်စွာနဲ့လိုက်ပါ။
ကောက်ကောက်ကွေ့ကွေ့တောင်တက်လမ်းကို မမနှင်းက ကျွမ်းကျင်စွာမောင်းနေရင်း
ရောက်ပြီဆိုလို့ကြည့်လိုက်တော့ ရင်သပ်ရှု့မောစရာ ပြာလဲ့နေတဲ့ရေကန်ကြီးတစ်ကန်။
တောင်တန်းတွေက ဝန်းရံထားပုံကလှပ။
ကျနော်တို့ဆီက အင်းလေးကန် ကတော့ ကမ်းမမြင်လမ်းမမြင်ရေပြင်ကျယ်။
သူကတော့အလျားရှည်ပြီးအနံတိုတဲ့ တောင်ပေါ်ကန်။
ရွှေလီတစ်မြို့လုံးကိုရေပေးဝေနိုင်ဘို့အတွက် ဟိုလွန်ခဲ့သောနှစ်များစွာက လူအင်အားနဲ့တူးဖော်ခဲ့တယ်လို့သိရ။
ဒါနဲ့ကန်ဘောင်လမ်းအတိုင်းလျောက်လာခဲ့ကြ။
စင်္ကြန်လမ်းလေးရဲ့ တောင်ဘက်မှာရေကန်ကြီးမြောက်ဘက်မှာတော့ အောက်ကိုအဆင်းလမ်းကလေး။
အောက်ဘက်မှာလဲ ရေကန်အသေးလေးတစ်ကန်။
ရှေ့တည့်တည့်မှာတော့ တောင်ပေါ်တက်ဘို့အုတ်လှေကားတစ်စင်း။
အောက်ခြေကကျောင်းဆောင်လေးမှာရေးထားတာကတော့အရိပ်မရှိဘုရားစုံရူခင်း။
အပေါ်တက်ဘို့ တစ်ယောက်ငါးကျပ် ဝင်ကြေးပေးရပါတယ်။
တောင်ပေါ်မှာတော့ အင်မတန်ကြီးမားတဲ့စည်ကြီးတစ်လုံးနဲ့အလွန်တရာကြီးမားတဲ့ အန်းကုန်းဘိုးဘိုးအရုပ်ကြီးတစ်ရုပ်။
မမနှင်းတို့နှစ်ယောက်က သူရဲအိမ်တို့ ဝင်္ကပါဝါးတောတို့ သွားနေတုန်း ကျနော်ကတော့
စည်တော်ကြီးထားတဲ့ အဆောင်ထဲကနေပြီး ဟိုးအရှေ့ဘက်ကမြင်ကွင်းတွေကို ဓါတ်ပုံရိုက်နေမိပါတယ်။
နောက်တော့ဘေဘေးက ကိုးကိုး လို့ခေါ်ပြီး ကျနော်ကိုသိုင်းဖက်လာပါတယ်။
သူ့ကိုကျနော့်ဘက်ဆွဲလှည့်ပြီး ဖြူဝင်းနေတဲ့ပါးပြင်လေးကို ညင်ညင်သာသာလေးနမ်းမိပါတယ်။
သူ့ပုုခုံးသားလေးကို ဖက်ထားရတာ နွေးထွေးလှပါတယ်။
“ကိုကိုး မနက်က ပြောမယ်ဆိုတာဘာလဲဟင်”
“အော်………ဒါလား…………………..”လို့ဆိုတုံးရှိသေးတယ် မမနှင်းနဲ့ ငြိမ်းမတို့နှစ်ယောက်က
ပြန်ကြစို့ဆိုပြီးလှမ်းအော်တော့ အမြန်ထွက်လာခဲ့ရပါတယ်။
ဟုတ်ပါ ့အဝေးမှာတော့ ရောင်စုံနီယွန်မီးတွေလင်းလက်နေတဲ့ မြို့ကြီးကိုလှမ်းမြင်နေရပေမယ့်
ကျနော်တို့တောင်အဆင်းလမ်းကတော့ အတော်လေးကိုမှောင်နေပါပြီ။
မုးိရွာထားတာကြောင့်ရယ် ညပိုင်းရယ်ကြောင့် လူအသွားအလာမရှိသလောက်။
အလုပ်ပိတ်ကျောင်းပိတ်ရင်တွေဆိုတိုးမပေါက်ဘူးလို့ မမနှင်းကပြောပါတယ်။
ရွှေလီမြို့ထဲပြန်ရောက်တာ့ ထမင်းမစားချင်ဘူးဆိုတာနဲ့ဘဲ “တံတားကူးမြီးရှည်”သွားစားကြပါတယ်။
နောက်တော့ ခွဖုန်း ညဈေးတန်းမှာ ဈေးဝင်ဝယ်ကြပါတယ်။
ပြန်မယ်လုပ်တော့ ကျနော်က တက္ကဆီကားနဲ့ပြန်မယ်ပြောပေမယ့် မမနှင်းက
လိုက်ပို့မယ်ဆိုပြီး ကျယ်ဂေါင်ဘက်ပြန်လာခဲ့ကြပါတယ်။
ရွှေလီတံတားအကျော် နည်းနည်းလေးမှောင်တဲ့နေရာအရောက် ဘေဘေးက
ကျနော့ပါးကို ဖွဖွလေးနမ်းလာပါတယ်။
မထင်မှတ်တဲ့အပြုအမူကြောင့် ကျနော် မမနှင်းတို့သိသွားမှာစိုးမိပေမယ့် စိတ်ထဲမှာ ကြည်နူးမိတာတော့အမှန်။
ချစ်သူ့ရဲ့ရမ္မက်မပါတဲ့အနမ်းလေးက ကျနော့်စိတ်ကို ကြည်နူးစေလှပါတယ်။
ရှေ့ခန်းက မမနှင်းတို့ နှစ်ယောက်ကတော့စကားပြောမပျက်၊
ကျနော်ရှက်သလိုလိုဖြစ်နေတာကိုကြည့်ပြီး သူရီနေပါတယ်။
ညမိုးချုပ်တော့ ထုံးစံအတိုင်းဖုန်းဆက်လို့စကားတွေပြော။
အတော်ညဥ့်နက်မှ အိပ်ဖြစ်ကြပါတယ်။
အိပ်ယာထဲရောက်မှာ သတိရမိပြန်တာက ချစ်တဲ့အကြောင်း ဝေးနေတုန်းက ခံစားရတဲ့အကြောင်းတွေ သူငယ်ချင်းတွေအကြောင်းတွေကို အပြန်အလှန်ပြောမိကြပေမယ့်အဓိကကျတာလေးကို မပြောလိုက်မိဘူးဆိုတာပါဘဲ။
********************************* *********************************************
နောက်နေ့မနက်ရောက်တော့ ကျနော်က လမ်းလျောက်ရင်းရွှေလီတံတားထိပ်ကသွားစောင့်နေပါတယ်။
သူနဲ့အတူလက်ဖက်ရည်သောက်ရင်းစကားတွေပြော။
ရှစ်နာရီထိုးတော့ သူမပြန်သေးဘူးလားမေးတော့ သူဒီနေ့အလုပ်က ခွင့်ယူထားတယ်ပြောပါတယ်။
ကျနော်ကလဲအလုပ်အားလုံးပြီးလို့ နက်ဖြန်ဆိုပြန်ရတော့မှာပါ။
နေ့ခွင့်ရတဲ့တစ်ပါတ်လဲပြည့်ပေါ့။
အဲဒါနဲ့ကျနော်လဲရုံးကို ဖုန်းလှမ်းဆက်ပြီး ကျနော်သူငယ်ချင်းတွေနဲ့ပါသွားတယ်ဆိုပြီး အသိပေး.။
သူနဲ့ကျနော် လက်ဖက်ရည်ဆိုင်ကနေတောင်ဖက်ကို ဆိုင်ကယ်စီးလာခဲ့ကြပါတယ်။
ဒီလမ်းလေးရဲ့အဆုံးမှာတော့ မနောတိုင်တွေထောင်ထားတာကိုတွေ့ရပါတယ်။
သူ့ရှေ့မှာတော့ ကျယ်ဂေါင်က ရေဆိုးထုတ်တဲ့မြောင်းနဲ့ဆက်နေတဲ့ရွှေလီမြစ်လက်တက်လေး။
ချောင်းကူးတံတားနောက်မှာတော့ ကချင်ရိုးရာ အလှအပတွေနဲ့ချယ်မူန်းထားတဲ့တဲ့အိမ်ကြီးတွေကအစီအရီခန့်ခန့်ထည်ထည်။
ကျနော်တို့နှစ်ယောက်လဲ အဲဒီနားမှာရှိတဲ့ဘွန်ဇိုင်းပင်လေးတွေနားကမြက်ခင်းလေးမှာထို်င်ဖြစ်ကြပါတယ်။
အေးဆေးဆိတ်ငြိမ်တဲ့နေရာလေးက တကယ့်ကိုကြည်နူးစရာ။
နက်ဖြန်ဆိုရင် ကျနော်ဒီမှာနေရတာ တစ်ပါတ်ပြည့်ပါပြီ။
မန်းလေးကို ပြန်ဘို့ကားလက်မှတ်လဲဖြတ်ပြီးပါပြီ။
“ကိုကိုး ဘာတွေဝယ်ပြီး ပြီလဲ”
“ဘေဘေးကလဲ ကို ကဘာဝယ်တတ်တာမှတ်လို့”
“ဒါဆို ရွှေလီထဲမှာဈေးသွားဝယ်မယ်လေ ငေါ ကိုကိုး ကို အကျီင်္ဝယ်ပေးချင်လို့”
အော်……….ကျနော်ကတော့ သူ့တွေ့တာနဲ့ကြည့်မဝ ပြောမဝ။
သူ့ကိုလက်ဆောင်ပေးဘို့ မစဉ်းစားမိဘူး။
သူကတော့ ကျနော်အတွက်စဉ်းစားထားတော့ ရှက်မိသလိုလို။
“သွားတာပေါ့ ခဏလေးထိုင်ရအောင်လေ ဒီနေရာလေးက အေးချမ်းလွန်းလို့”
နောက်တော့ ဒီအပင်ပုလေးတွေနားမှာ ဘေဘေးကို ဓါတ်ပုံရိုက်ပေးရင်း
စိမ်းလန်းတဲ့ အပင်လေးတွေကို ဓါတ်ပုံရိုက်ပါတယ်။
အတော်လေးကို ဂရုတစိုက်နဲ့ ပျိုးထောင်ထားတာကြောင့်အပင်လေးတွေက
ညီညာလှပလွန်းလို့နေ့ပါတယ်။
ပြီးတော့မှ ဘေးဘေးရယ်ကျနော်ရယ် ရွှေလီမြစ်အရှေ့ဘက်ကမ်းကတံတားလေးပေါ်မှာဆိုင်ကယ်စီးလာကြပါတယ်။
ပလက်ဖောင်းက ညီညီညာညာ မြင်ကွင်းလေးက သာသာယာယာ။
တံတားပေါ်ကနေရပ်ပြီး အနောက်ဘက်မြင်ကွင်းတွေကြည့်ရတာအရသာရှိလှပါတယ်။
ရွှေလီမြစ်ဆိုပေမယ့်လဲချောင်းသာသာ ဘဲရှိပါတော့တယ်။.
တံတားမြောက်ဘက်မြစ်ထဲမှာတော့ ဂေါက်ကွင်း။
တံတားတောင်ဘက် မြစ်အလယ်မှာတော့မြေတွေတူးပြီး ကုန်းမို့မို့လေးလုပ်ထားပါတယ်။
အဲဒီအပေါ်မှာတော့ သစ်ပင်တွေနဲ့အဆောက်အဦတွေ တည်ထားတာအခိုင်အမာ။
သစ်ပင်တွေစိုက်ထားတာလဲအများကြီး။
အရွက်မရှိတဲ့အပင်လေးတွေက ထုးိထိုးထောင်ထောင်။
အဲတော့ မြစ်ရေစီးနုန်းကလဲ နှေးပြီး နုန်းတွေကျတော့ သောင်ထွန်းလို့နေပါတယ်။
နောက်တော့ နှစ်ယောက်သား ရွှေလီဈေးဘက်ကိုထွက်ခဲ့ကြပါတယ်။
အဲဒီမှာတော့ အချို့ဆိုင်လေးတွေဈေးရောင်းပုံကတစ်မျိုး။
လူသုံးကုန်ပစ္စည်းလေးတွေကို ဆို်င်ထဲမှာခင်းထားတာ ဘာယူယူ တစ်ခု တစ်ဆယ်ဆိုအားလုံးတစ်ဆယ်။
အဲလိုဆိုင်တွေမှာ တူညီတာတစ်ချက်ကလဲ ဆိုင်ပြင်မှာတို့ ဆိုင်ပိတ်မှာတို့ကြောင့် ဆိုပြီး မြန်မာလိုစာရေးကပ်ထားပါတယ်။
ဘာယူယူနှစ်ကျပ်ဆိုင်လေးတွေလဲရှိပါတယ်။
ဆိုင်ကယ်စီးလာရင်းက သစ်ပင်အုပ်အုပ်ကလေးရှိတဲ့လမ်းအကွေ့လေးမှာ 19-28 ကျပ်လို့ရေးထားတဲ့ဆို်င်လေးတွေရှေ့မှာ
ဆိုင်ကယ်ကိုရပ်လိုက်ပါတယ်။
ဘောင်းဘီအတို19ကျပ်၊အရှည်28ကျပ်နဲ့ရောင်းမယ်လို့စာရေးထားတာပါ။
ဒီဆိုင်လေးတွေက ကောင်မလေးတွေက မြန်မာစကားလဲ တတ်ပါတယ်။
ကျနော်က ချိတ်ထားတဲ့ဘောင်းဘီအတိုတွေကြည့်နေတုန်း ဘေဘေးက ကျနော်နဲ့လိုက်မယ့်အကျီရှာနေပါတယ်။
သူအကျီရွေးနေတုံးကျနော်က ဟိုဘက်လမ်းကူးပြီး ဘေဘေးကို လက်ဆောင်ပေးဘို့သွားကြည့်ပါတယ်။
သားရေအိတ်ကလေးတစ်လုံးကိုကျနော်ကအရမ်းကြိုက်ပါတယ်။
သူနဲ့လိုက်မယ်ထင်လို့ပေးကြည့်တော့ 75ကျပ်တဲ့။
ကျနော်က 50ဆစ်တာမရဘူး။
ပြန်လှည့်မယ်လုပ်တော့ 65ကျပ်တဲ့။
နောက်ဆုံးတော့60နဲ့တည့်သွားပါတယ်။
သူ့အတွက်လက်ဆောင်ဝယ်ပြီးတော့ကျနော်ဒီဘက်ကိုပြန်ကူးလာတော့သူက ဒီဇိုင်းတွေရွေးပြီးနေပါပြီ။
သူစိတ်တိုင်းကျရွေးထားတာလေးငါးခြောက်ထည်။
“ဘေဘေး….ကို အဲလောက်အများကြီးမလိုချင်ဘူး”လို့ပြောတော့
“ကိုကိုး ကလဲ ကြုံတုန်းဝယ်ရတာလေ ………နှစ်ထည်တော့ယူနော်”ဆိုပါတယ်။
ပိုက်ဆံရှင်းတော့ တစ်ထည်ကို 45ကျပ်။
ကျနော်က ဘေဘေးကို အားရဝမ်းသာနဲ့အိတ်ကလေးပေးလိုက်ပါတယ်။
“လှတယ်တော့………………”
သူကြိုက်တယ်ဆိုတာသိရတော့ကျနော်ကျေနပ်။
“ကိုကိုး…………..ဘယ်လောက်ပေးခဲ့ရလဲ”
ကျနော်ကဝယ်ဈေးပြောတော့ သူကခပ်ပြုံးပြုံးနဲ့
“ခံလိုက်ရပြီ ကိုကိုးတစ်ယောက်တော့”
“ကို လဲဆစ်ဝယ်တာဘဲ”
သူကဘာမှထပ်မပြောဘဲပြုံးနေပါတယ်။
လှောင်ပြုံးလေးလို့ထင်တာပါဘဲ။
အဲဒါနဲ့နောက်ထပ်ဆိုင်တစ်ဆိုင်ကိုသွားကြပါတယ်။
လမ်းဒေါင့်နားလေးက ဆိုင်ကလေးပါ။
အရုပ်ကလေးတွေရယ် အိတ်တွေရယ်ချိတ်ထားပါတယ်။
ဘေဘေး အတွက်ကျနော်ဝယ်တဲ့ အိတ်ကလေးချိတ်ထားတာတွေ့ရတော့
အနားကပ်ကြည့်တော့ ဈေးနူန်းလေးကပ်ထားပါတယ်။
45ကျပ်ဆိုတဲ့စာလုံးလေးက ကျနော်ကို ပြုံးဖြဲဖြဲနဲ့ကြည့်နေသလို။
“ဒီမှာဆစ်နိုင်မှရတာ ကိုကိုးရဲ့၊
ကိစ္စမရှိပါဘူး ဒီအိတ်ကလေးကို ဘေဘေးလိုချင်နေတာကြာပေါ့။
ဝယ်ဖြစ်သွားတာပေါ့နော်”
အဲဒီကနေ စူပါမာကက်ကြီးတစ်ခုထဲကိုသွား။
ဖန်ပေါင်းချောင်လိုဓါတ်လှေကားကြီးစီးပြီးအပေါ်တက်.။
ကျနော်တို့လျောက်ကြည့်နေတုန်း မမနှင်းဆီက ဖုန်းဝင်လာပါတယ်။
နေ့လည်စာထမင်းစားဘို့လှမ်းချိန်းတာပါ။
အဲဒါနဲ့မမနှင်းတို့ နဲ့ဆုံဘို့ထွက်လာပါတယ်။
လမ်းနံဘေးမှာ အုန်းထန်းပင်တွေတန်းစီစိုက်ထားတဲ့လမ်းကလေးအတိုင်းအရှေ့ဘက်ကို ပြန်ကွေ့။
အိမ်ကလေးတွေကြားထဲမှာဖွင့်ထားတဲ့ထမင်းဆိုင်ကလေး။
ကျနော်တို့ရောက်တော့ မမနှင်းတို့ကစားစရာတောင်မှာပြီးနေပြီ။
ကျနော်တို့လဲပုစွန်တမ်ပူရာကြော်နဲ့ထမင်းကြော်ဘဲမှာစား။
နောက်တော့ အစာပိတ်ရေခဲ့မုန့်စားကြပါတယ်။
မမနှင်းက ညတွေ့အုံးမလားမေးပါတယ်။
တွေ့မယ်ဆိုရင် ညစာအတူစားရအောင်လို့ပြောပါတယ်။
စားသောက်ပြီးတော့ ကျနော်တို့နှစ်ယောက်က ရွှေလီမြစ်ဆိပ်က ပန်းခြံကိုသွား မမနှင်းနဲ့ငြိမ်းမက
သူတို့အလုပ်ကိုပြန်သွားကြပါတယ်။
ဈေးကနေဖြောင့်တန်းနေတဲ့လမ်းမကြီးအတိုင်းအရှေ့ဘက်တည့်တည့်လာတော့လမ်းမကျယ်ကြီးဆီရောက်လာပါတယ်။
လမ်းဘေးဝဲယာ ပလက်ဖောင်းမှာအရိပ်ရပင်တွေစိုက်ထားတော့ ပလက်ဖောင်းပေါ်ကလမ်းလျှောက်သူများအတွက်
အရိပ်အောက်ကသွားရတော့ အဆင်ပြေလှပါတယ်။
လမ်းဘေးက ပိန္နဲပင်တစ်ပင်ဆိုရင် အသီးတွေပြွတ်နေအောင်သီးနေပါတယ်။
ပလက်ဖောင်းပေါ်မှာဈေးရောင်းတာဆိုင်ခင်းတာမျိုးရှိပေမယ့်လည်း ပလက်ဖောင်းကကျယ်ပြန့်တော့လမ်းလျောက်ရတာ
လွတ်လပ်ပါတယ်။
လမ်းကျယ်ကြီးရဲ့တစ်ဖက်ကိုကူးပြီးတဲ့အခါမှာတိုက်တန်းရှည်တွေကို တွေ့ရပါတယ်။
အတော်လေးသွားလိုက်တော့ ညောင်မြစ်တွေက မြိုထားတဲ့ ဘုရားကျောင်းလေးနံဘေးက ပန်းခြံကိုရောက်ပါတော့တယ်။
အဲဒါနဲု့ဆိုင်ကယ်ကို ဘုရားကျောင်းနားလေးမှာသော့ခတ်။
သိပ်မကျယ်တဲ့မြောင်းလေးကို ခွဆောက်ထားတဲ့ တံတားခုံးခုံးလေးကိုဖြတ်လို်က်တဲ့အခါ
နေပျောက်မထိုးလောက်အောင်သစ်ပင်တွေယှက်မိုးနေတဲ့ ရွှေလီဆိပ်ကမ်းကသာယာအေးမြလှတဲ့လမ်းကလေးကိုရောက်ပါတော့တယ်။
မြစ်ကမ်းအထက်က စင်္ကြန်လေးက အတော်လေးမြင့်ပါတယ်။
မြစ်ကအောက်ဖက်မှာ။
ဟိုးအဝေးက ရေစပ်လေးမှာ လူကြီးလူငယ်အတော်များများရေကစားနေကြပါတယ်။
“ညနေခင်းဆိုရင် မိသားစုလိုက်အပန်းဖြေလာကြတာ ကားရပ်စရာတောင်နေရာမရှိဘူး ကိုကိုးရဲ့”လို့ပြောပါတယ်။
သစ်ပင်ရိပ်မှာအအေးဆိုင်လေးတွေလဲရှိပါတယ်။
ကျနော်တို့လည်း လူနည်းနည်းဝေးတဲ့နေရာလေးတစ်ခုမှာအတူထိုင်။
“ဘေဘေး……….ကို တို့လက်ထပ်ကြစို့လေ”
ကျနော်က အဲလိုပြောလိုက်တဲ့အခါ ဘေးဘေးမျက်နှာလေးက ညှိုးကျသွားသလိုလို။
“ကိုကိုး ငေါကို လက်ထပ်ဘို့ဘယ်နေ့ပြောမလဲလို့စောင့်နေတာ။
ဒါပေမယ့် အဲဒီစကားကို နားလဲ နားမထောင်ရဲဘူး”
“ကို တို့အသက်တွေမငယ်တော့ဘူးလေ………..”
“ကိုကိုး ကိုချစ်လဲချစ်ပါတယ် အတူလဲနီးချင်ပါတယ် “
“ ဒါဆို ဘာများခက်နေသလဲဘေဘေးရာ အိမ်ကိုဖွင့်ပြောလိ်ုက်ပေါ့“
“ ဖွင့်ပြောဘို့ခက်နေတာပေါ့ ကိုကိုး ရာ မာမား က လူမျိုးတူတာနဲ့ဘဲယူစေချင်တယ်လေ၊
နောက်ပြီး ငေါ ကို မြန်မာပြည်မှ မနေ့စေချင်ဘူး“
“ ဒါကတော့ ညှိယူလို့ရတာဘဲလေ ကို ဒီလာနေနိုင်အောင်ကြိုးစားမှာပေါ့။
လူမျိုးမတူတာကတော့ ပြောင်းလို့မရနို်င်ဘူးလေ“
“ ငေါနဲ့ ကိုကိုး အကြောင်းကို မာမားကိုပြောပြပြီးသား ၊မာမားစိတ်ထဲမှာ လူမျုိုးကွဲကို မယုံဘူးဖြစ်နေတာခက်တယ်“
နားထောင်ရင်းစိတ်ထဲအတော်လေးမောသွားပါတယ်။
ကျနော်တို့နှစ်ယောက်ကြားမှာပြောစရာစကားမရှိသလိုတိတ်ဆိတ်။
ဟိုးအဝေးက ရေစပ်မှာရေကစားနေကြတဲ့အသံလေးတွေပျံ့လွင့်လာတာကိုတောင်ကြားနေရပါတယ်။
ဘေဘေး ခေါင်းလေးက ကျနော့်ပုခုံးပေါ်မှီနွဲ့လို့အလာ
သူ့ဆီက ရင်အပူလှိုင်းတွေတောင်ကျနော့်ဆီဟပ်လာသလို။
“ဆိုးသွားတာ ငေါ အကိုလတ်ရဲ့အိမ်ထောင်ရေးအဆင်မပြောတာကို လူမျိုးကွဲယူလို့ဆိုတဲ့အတွေးကြီးက
မာမား ဆီရောက်နေတာ ကိုကိုးရယ် “
“ ဘေဘေး ပါးပါးနဲ့မားမားလဲ လူမျုးိမတူဘူးလေကွာ“
“သူတို့ကတောင်ပေါ်သူ တောင်ပေါ်သားအချင်းချင်းလေ ကိုးကိုးရာ “
ကျနော့် မှာဘာပြန်ပြောရမှန်းမသိ။
“ဘေဘေး ရေ ဒီတစ်ခါတော့ မဝေးချင်တော့ဘူးကွာ………… “
“ငေါ ညကျရင် မာမားကိုထပ်ပြောကြည့်အုံးမယ် ကိုကိုးရာ”
ခဏတော့ပြန်လည်လို့တိတ်ဆိတ်။
“ကို ကတော့ ဘာဘဲဖြစ်ဖြစ် ဘယ်လိုကြုံရကြုံရဘေဘေးကိုလက်ထပ်မယ်ကွာ”
“ဒီစကားက ငေါအကြားချင်ဆုံးပါ ကိုကိုးရာ……….ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ
လူနှစ်ယောက်အတူနေရုံနဲ့ပြီးမသွားဘူးလေ။
ချစ်တယ်ဆိုတဲ့လူနှစ်ယောက်ကိုအခြေခံပြီးဆွေမျိုးစုကြီးနှစ်ခုပေါင်းသွားတာ။
အဲဒီအထဲမှာ နူးညံ့သိမ်မွေ့တဲ့ ဆက်ဆံရေးတွေအများကြီးပါနေတာလေ။
ပေါင်းဆုံပြီးမှ အဆင်မပြေလို့ဆိုပြီး မခွဲချင်ဘူး ကိုကိုးရာ…………………… “
“နက်ဖြန်ဆို ကို ပြန်ရတော့မှာလေ “
“ငေါ ညကျရင် မာမားကို ဖုန်းဆက်ပြီးခွင့်တောင်းမယ် ကိုကိုးရာ၊
မာမား လက်ခံလာတဲ့အထိပြောမယ်နော်…………..စိတ်ချ”
ကျနော့်ဘက်လှည့် ခေါင်းလေးမော့ပြီးပြုံးပြုံးလေးနဲ့ ကျနော့်ကိုချော့မော့သလိုပြောနေတဲ့
သူ့ကို ကြည့်ရင်းကြည့်ရင်း ပိုချစ်ချစ်လာသလို ဝေးရမှာ စိုးတဲ့စိတ်က ပိုပိုတိုးလာသလိုပါဘဲ။
အတော်လေးကြာအောင်ထိုင်ပြီးတော့
“ငေါ ဗိုက်ဆာလာပြီ ဟိုးအနားမှာတိုးဟူးသုတ်သွားစားရအောင်နော်”
လို့ပြောတော့ နှစ်ယောက်သား ထို်င်ရာကထ လို့ ကုန်းတံတားလေးကိုကျော်ပြီး
ဟိုးအဝင်စနားမှာရှိတဲ့ တွန်းလှည်းတွေဆီကိုလာခဲ့ကြပါတယ်။
သန့်ရှင်းသပ်ရပ်လှတဲ့အသည်ကြိးဆီက တို့ဟုူးသုတ်နှစ်ပွဲရယ် သူ့ဘေးနားကတရုပ်ကြီးဆီက
အအေးတစ်ဗူးရယ်ဝယ်ပြီး ကျောက်ထိုင်ခုံတွေဆီလာခဲ့ကြပါတယ်။
အမြစ်တွေကမြေပေါ်မှာထိုးထွက်ပြီးထူးဆန်းစွာပေါက်နေတဲ့ ညောင်ပင်တန်းနားလေးက
ကျောက်ခုံမှာထိုင်ပြီး မုန့်အတူစားကြပါတယ်။
ထုံးစံအတိုင်း သူ့မုန့်ဘူးလေးကို ကျနော်က နယ်ပေးရတာပေါ့။
ကျနော်သူ့အတွက်မုန့်နယ်ပေးနေတာကို အပြစ်ကင်းစင်တဲ့ကလေးလေးလို
ငေးကြည့်နေပုံကချစ်စရာ။
နယ်ပြီးမှ သူ့ဘက်ကိုမုန့်ဘူးလေးထိုးပေးလိုက်တော့ တူကလေးနဲ့မုန့်ကိုညှပ်
“ကိုကိုး ပါးစပ်ဟ………..”ဆိုပြီးကျနော့်ကိုမုန့်ခွံ့လို့ကျွေးလိုက်တဲ့အခါ
ကမ ္ဘာမြေကြီးက ခါတိုင်းထက်ပိုသာယာသွားသလိုပါဘဲ။
&& && && && && && && && && && && && && && && && && && && &&
မုန့်စားသောက်ပြီးလို့ကြည့်လိုက်တော့ညနေလေးနာရီ။
ကျနော်နက်ဖြန်ပြန်မှာဆိုတော့ ကျနော့်ရုံးကလူတွေနဲ့စကားစမြည်ပြော မှာစရာရှိတာမှာဘို့ကျန်ပါသေးတယ်။
ဒါနဲ့ဘဲ ပြန်လာကြပါတယ်။
“ဘေဘေး ကို့ ကိုလိုက်မပို့နဲ့တော့လေ….အငှားကားနဲ့ပြန်လိုက်မယ်”
“ ရပါတယ်ကိုုကိုးရာ ငေါ ကိုကိုး နဲ့ နေခွင့်ရသလောက် အတူနေချင်တယ်”
ဆိုတာနဲ့ဘဲ ကျယ်ဂေါင်ဘက်ကို ပြန်လာကြပါတယ်။
ဘေဘေးက ဆိုင်ကယ်နောက်ခွထိုင်ပြီးကျနော့်ကို ဖက်လိုက်လာပါတယ်။
ဆိုင်ကယ်မောင်းနေရင်းက ကျနော့်ကျောမှာပူနွေးစွတ်စိုတဲ့အထိအတွေ့ကို ရလို့နောက်ကြည့်မှန်ကနေကြည့်လိုက်တာ
တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ဘေဘေးကို မြင်လိုက်တော့ အတော်လေးစိတ်မကောင်းဖြစ်သွားမိပါတယ်။
ဒါနဲ့လူရှင်းတဲ့မနောကွင်းဘက်ကို ချိုးဝင်ပြီးဆိုင်ကယ်ကိုရပ်။
အရိပ်ရတဲ့ အုတ်ခုံလေးမှာဆင်းပြီး ထိုင်လိုက်ကြပါတယ်။.
“ဘာလို့ ငိုရတာလဲ ဘေဘေးရယ်……”လို့မေးတော့
ဘာမှမဖြေဘဲခေါင်းငုံ့ထားရင်းက ကျနော့်ရင်ခွင်ထဲတိုးဝင်ပြီး တသိမ့်သိမ့်နဲ့ငိုနေပါတယ်။
ကျနော်လဲသူကိုရင်ခွင်ထဲမှာပွေ့ထားပြီး ကလေးတစ်ယောက်ကိုနှစ်သိမ့်သလို
သူ့ခေါင်းလေးကိုဖွဖွလေးပွတ်ပေးနေမိပါတယ်။
“ဘေဘေးရေ ဘယ်လိုအခက်အခဲရှိရှိ ကိုယ်တို့နီးအောင် ကြိုးစားကြမယ်ကွာ”လို့ပြောတော့
ခေါင်းကလေးမော့လာပြီး
“ကိုကိုး ကိုပြန်တွေ့ရတာ ဝမ်းသာတယ် ဒါပေမယ့် ကိုကိုး ကိုလက်ထပ်ပါမယ်လို့ ချက်ခြင်းကတိမပေးနိုင်တာကို
တွေးပြီး ကိုကိုးကို အားနာတယ်။
နက်ဖြန်ဒီအချိန်ဆို ကိုကိုးနဲ့ငေါခွဲရတော့မှာတွေးမိတော့ အလိုလိုငိုချင်တယ် ကိုကိုးရာ”
ခဏလေးနေတော့မှ
“ကိုကိုး…….ငေါပြန်တော့မယ်နော် ညနေကျရင်ထမင်းစားဘို့လာခေါ်မယ်နော်”လို့ပြောပါတယ်။
ဒါနဲ့ဘဲသူလဲ ရွှေလီဘက်ပြန် ကျနော်လဲ လမ်းတစ်ဖက်ကူးပြီးရေချိုးဘို့ ဟိုတယ်ကိုပြန်ခဲ့ပါတယ်။
၊??????????????????????????????????????????????????????????????????????????????????
ကျနော်လဲခဏနား ရုံးကိုဖုန်းဆက် ပြီးရေချိုး။
အဝတ်အစားလဲနေတုန်းမှာ ဖုန်းသံကြားလို့ကောက်ကိုင်တော့” ငြိမ်းမ”
“ငရဲ ခမ်းတော့ ငိုနေတယ် နင်တို့စကားများလာကြတာလား”
“မများပါဘူးငြိမ်းမရာ သူဝမ်းနည်းလို့နေမှာပါ။
ငါသူ့ကိုလက်ထပ်ခွင့်တောင်းတယ်ဟာ။
သူ့အမေက လူမျုးိမတူလို့မယူစေချင်ဘူးဆိုလို့သူဝမ်းနည်းနေတာပါ၊
စိတ်ပြေအောင်ချော့ပေးပါဟာ” လို့ပြေတော့
“အေးပါဟဲ့”ဆိုတဲ့စကားကိုပြောရင်းဖုန်းချ။
နားထဲမှာငြိမ်းမရဲ့သက်ပြင်းချသံကို ကြားမိသလိုလို။
ကျနော်လဲအဝတ်အစားလဲပြီးတော့ ရုံးဘက်ကိုလမ်းလျောက်လို့လာခဲ့ပါတယ်။
ရုံးရောက်တော့ လူစုံရှိတာနဲ့အားလုံးကိုခေါ်ပြီး လက်ဖက်ရည်ဆိုင်ကိုထွက်ခဲ့ကြပါတယ်။
“ထက်အောင်လက်ဖက်ရည်ဆိုင်”ရောက်တော့ အားလုံးစကားတွေပြောကြပြုကြနဲ့စိတ်ချမ်းသာစရာ။
နက်ဖြန်မနက်ကျနော်ပြန်မှာဆိုတော့ နုတ်ဆက်ပွဲလုပ်မယ်ပြောကြပါတယ်။
ကျနော်က ညပိုင်းကို ဘေဘေးတို့နဲ့ချိန်းထားတော့ ငြင်းရမှာအခက်.။
နောက်တော့မမနှင်းဆီလှမ်းဖုန်းဆက်တော့ မမနှင်းက သူစီစဉ်မယ်ဆိုပြောပါတယ်။
နောက်တော့ ကျနော်တို့ရုံးအဖွဲနဲ့မမနှင်းတို့ဘေဘေးတို့အဖွဲ့အတူထမင်းစားကြမယ်။
ကျယ်ဂေါင်ထဲက ငါးချဉ်စပ်ဆိုင်မှာဘဲစားမယ်ဆို အစီအစဉ်ဆွဲလိုက်ကြပါတယ်။
ညနေကျနော်တည်းတဲ့ဟိုတယ်မှာဆုံမယ်ဆိုပြီးချိန်းလိုက်ကြပါတယ်။.
အဖွဲ့တွေနဲ့အေးအေးဆေးဆေးထိုင်စကားတွေပြောလို့ဝတော့ မှ ကျနော်ကဟိုတယ်ကိုပြန်ခဲ့ပါတယ်။
ဟိုတယ်ရောက်တော့မှေးကနဲခဏအိပ်ပျော်သွားပါတယ်။
အခန်းတံခါးခေါက်သံကြားတော့ ကျနော်နိုးအသွား တံခါးလဲဖွင့်လိုက်ရော။
မမနှင်းရယ် ငြိမ်းမရယ် ဘေဘေးရယ် ကိုတွေ့လိုက်တော့အံ့ဩသွားပါတယ်။
သူတို့အခန်းထဲဝင်လာဘို့ခေါ်ပြီးကုတင်ပေါ်ဘဲထိုင်းခိုင်းရပါတယ်။
မမနှင်းက “နင့်အတွက်လက်ဆောင်ဝယ်လာတယ်”ဆိုတာနဲ့ကြည့်လိုက်တော့စပို့ရှပ်အစင်းလေးနှစ်ထည်။
ကျနော်သိပ်ကြိုက်တဲ့ ခဲရောင်တစ်ထည်အပြာနုတစ်ထည်။
“ရွေးတတ်လှချည်လား………………”လို့ပြောတော့
“နင့်အကြိုက်သိတဲ့လူကရွေးပေးတာလေ”လို့ပြောရင်း
ငြိမ်းမက ဘေဘေးကို မေးငေါ့ပြပါတယ်။
ဒါနဲ့ဘဲကျနော်အဝတ်အစားအမြန်လဲ ရုံးကလူတွေကိုဖုန်းဆက်လို့ ထမင်းဆိုင်လိုက်ခဲ့ဘို့မှာ။
မမနှုင်းတို့ကားကို ဟိုတယ်ရှေ့မှာ ရပ်။
ကျနော်တို့လေးယောက်ကတော့လမ်းလျောက်လို့လာခဲ့ကြပါတယ်။
ကျနော်တို့ဟိုတယ်နဲ့ ကျယ်ဂေါင်က ညဈေးတန်းလေးကသိပ်မဝေးပါဘူး။
မန္တလေးအခေါ်သုံးပြကျော်ကျော်လောက်ဘဲလျောက်ရပါတယ်။
မမနှုင်းနဲ့ငြိမ်းမက ရှေ့ကသွား။
ကျနော်နဲ့ဘေဘေးကလက်ကလေးအတူတွဲပြီးစကားပြောရင်းလမ်းလျောက်။
လောကကြီးကသာသာယာယာ။
“ညကျရင်ငေါ မာမားဆီဖုန်းဆက်မယ်သိလား။
မာမားကို ငေါတို့နှစ်ယောက်လက်ထပ်မှဖြစ်မယ် မခွဲနိုင်တော့ပါဘူးလို့ပြောမယ်နော်”
လို့သူဘာသာသူပြော သူ့ဘာသာသူသဘောကျပြီးရီနေပါတယ်။
ဒီလိုအချိန်မျိုးလေးမှာတော့လောကကြီးကနေရချင်စရာ သာသာယာယာ။
ဒါနဲ့ဘဲငါးချဉ်စပ်ဆိုင်ရောက်လာပါတယ်။
ဆိုင်လေးကတော့လမ်းဘေးမှာဖွင့်ထားတာပါ။
ငါးခူရယ်ချဉ်စော်ကားသီးရယ်ရောပြီးကျိုတော့ချဉ်ဖြုံးဖြုံး။
အဲဒီထဲကို ငရုတ်သီးထည့်ချက်တော့ မစပ်ဘဲနေပါ့မလားနော်။
ပြီးမှဆူပွက်နေတဲ့အရည်ထဲကို ဟင်းသီးဟင်းရွက်တွေထဲ့လို့ထမင်းနဲ့စားကြတာပါ။
(သနားစရာကောင်းတာက ငါးအရှင်လတ်လတ်ကို စားခါနီးမှသတ်ပြီးချက်ပါသတဲ့။)
မမနှင်းတို့အဖွဲ့နဲ့ကျနော်တို့အဖွဲ့ က အခုမှသိကြတာပါ။
ဘေဘေးကကျနော်ငါးအရိုးစူးမှာစိုးတော့ အသားလေးနွင်ပေး။
ပူမှာစိုးတော့ ဟင်းရည်ကို အအေးခံပေးဆိုတော့ကျနော်အဖွဲ့တွေက
ကျနော်ကောင်းစားနေတာကိုအားကျနေသလိုပါဘဲ။
စကားတွေပြောရင်း စားကြသောက်ကြ ပျော်စရာကြီးပါ။
နောက်တော့ရုံးအဖွဲတွေကလဲကျနော်တို့ကိုနုတ်ဆက်
“မနက်ခြောက်ခွဲလောက်လာခေါ်မယ်”လို့မှာပြီးပြန်သွားကြပါတယ.်။
ကျနော်တို့နဲ့မမနှင်းတို့ကတော့ လက်ဖက်ရည်သောက်ချင်တာနဲ့နေခဲ။
လမ်းလျောက်ရင်း ညဈေးတန်းကို ဟိုငေးဒီငေးနဲ့ “ကောင်းကင်ပြာ”လက်ဖက်ရည်ဆိုင်ကိုရောက်သွားကြပါတယ်။
လက်ဖက်ရက်သောက်ရင်း မမနှင်းက ကျနော်တို့အခြေအနေကိုမေးပါတယ်။
သူ့မေမေ ကို ခွင့်တောင်းရမှာ သိပ်သဘောတူပုံမရဘူးဆိုတာကိုလဲပြောပြရတာပေါ့။
မမနှင်းနဲ့ ငြိမ်းမ မနက်အပြန်လိုက်မပို့တော့ဘူး မနက်အစောကြီး နမ်းခမ်းဘက်သွားမယ်ပြောပါတယ်။
ဘေဘေးကတော့ နေခဲ့မယ်ဆိုပါတယ်။
ဒါနဲ့ဘဲ့ ညကိုးနာရီလောက်ရောက်တော့ ကျနော်တို့ပြန်လာကြပါတယ်။
ခွဲရတော့မယ်ဆိုတဲ့အသိကြောင့် ဝမ်းနည်းပါတယ်။
အဲတော့လဲသိပ်စကားမပြောဖြစ်။
တိတ်တိတ်ဆိတ်ဆိတ်နဲ့ဘဲလမ်းလျောက်လို့ပြန်လာခဲ့ကြပါတယ်။
ပြန်ခါနီးမှာတော့
“ကိုကိုး ရေ ငေါမာမားကိုမရ ရအောင်ပြောမယ်ကွာ၊
ညမာမားနဲ့စကားပြောပြီးရင်ကိုကိုးဆီဖုန်းဆက်လို်က်မယ်နော်”လို့အားတက်သရောပြောပါတယ်။
ကားပေါ်ရောက်မှ ဘေဘေးက
“မနက်ဘယ်နှစ်နာရီလာ ငေါလာခဲ့မှာနော် ကိုကိုး”လို့ပြောတော့
“7နာရီ”လို့ပြောရင်းလက်ပြလို့နုတ်ဆက်လိုက်ပါတယ်။
နောက်တော့မမနှင်းတို့လဲနုတ်ဆက်ပြီးပြန်သွားကြပါတယ်။
ကျနော်လဲ အခန်းပြန်ပြီး ပစ္စည်းပစ္စယတွေကို သိမ်းရဆည်းရပါတော့တယ်။
အားလုံးလဲထည့်ပြီးတော့ ညီးစီစီဖြစ်တာနဲ့ရေချိုးပြီးလို့ကြည့်လိုက်တော့ ည11နာရီ။
ဘေဘေးဆီက ဖုန်းလဲမလာဘူးဆိုပြီးကြည့်လို်က်တော့ ကျနော်ကိုင်ထားတဲ့တရုပ်ဖုန်းဘက်ထရီကအားကုန်နေပါတယ်။
ခက်တာက အားသွင်းတဲ့ကြိုးကို ကျနော်ယူမထားပါဘူး၊
ခါတိုင်းဆိုရုံးမှာဘဲအားသွင်းတာပါ။
ဒီနေ့ကတော့အားမသွင်းဖြစ်။
ကောင်တာဆင်းပြီးအားသွင်းကြိုးရှိလားလို့မေးတော့ ဆို်က်တူတာမရှိ။
စိတ်ထဲမှာအတော်လေးကို အာရုံနောက်သွားပါတယ်၊
ဘေဘေး ဖုန်းကို ကျနော်မျော်လင့်လို့မရတော့။
သူ့အမေပေးမယ့်အဖြေကို ကျနော်မသိနိုင်တော့။
ဒါနဲ့ဘဲ ဘာမှမတတ်နို်င်တော့ စိတ်လျော့လို့ အိပ်လိုက်ပေမယ့်
ပျော်တစ်ဝက်နိုးတစ်ဝက်။
ညနော် အိပ်ယာပြန်နိုးတော့မနက်လေးနာရီခွဲ။
ပြန်အိပ်လဲပျော်မှာမဟုတ်တော့ အပြင်ဘက်ကိုငေးကြည့်နေမိပါတယ်။
ဒီနေ့မှ မိုးလေးက တဖွဲဖွဲသဲတယ်လဲမဟုတ်။
အဲဒါနဲ့သူငယ်ချင်းမိပန်ပေးလိုက်တဲ့ ဆရာဇော်ဂျီရဲ့ဗေဒါလမ်းကဗျာစာအုပ်လေး
ကိုထုတ်ဖတ်နေမိပါတယ်။
စာသာဖတ်နေမိတာ စိတ်တွေက ဟိုရောက်ဒီရောက်တွေးနေရင်း မနေ့ညက ဘေဘေးကို နာရီပြောလိုက်တာ
တရုပ်လားမြန်မာနာရီလားခွဲမပြောမိလို်က်တာသတိရပါတယ်။
တရုပ်နာရီခြောက်နာရီခွဲ တံခါးခေါက်သံကြားတော့ ဘေဘေးလားလို့ဝမ်းသာသွားပါတယ်။
တံခါးဖွင့်လိုက်တော့ရုံးကအဖွဲတွေ။
လက်ဖက်ရည်သောက်ရအောင်လာခေါ်တာပါတဲ့။
မထူးဘူးဆိုပြီး ပစ္စည်းတွေသိမ်းအခန်းအပ်ပြီးသူတို့ကားနဲ့လိုက်ခဲ့ပါတယ်။
အဖွဲတွေက ကျနော်ဒီတစ်ခါမထိုင်ဘူးသေးတဲ့ အရှေဘက်အစွန်ဆုံးက” ဖြိုးမောက်သာ”
သွားမယ်ဆိုပြီးသွားကြပါတယ်။
မြန်မာလို7နာရီမှ ကားက နန်းတော်ဂိတ်ပေါက်မှာလာကြိုမှာဆိုတော့ အေးအေးဆေးဆေးလက်ဖက်ရည်ဆိုင်ထို်င်ရင်း
စကားတွေပြောနေဖြစ်ပါတယ်။
သူတို့ကိုအလုပ်ကိစ္စတွေမှာရင်း နဲ့ ဘေဘေးနဲ့ချိန်းထားတာကို စိတ်ထဲမှာသတိရနေပါတယ်။
ကျနော့်စိတ်ထဲမှာတော့ အဆင်မပြေလို့ မဆက်သွယ်တာလို့ဘဲထင်မိတော့ တစ်ခုခုပျောက်ဆုံးနေသလို။
ရင်ထဲမှာ တော့ ဟာတာတာ ဘာလိုမှန်းမသိ။
ဒါနဲ့7နာရီထိုးခါနီးဆယ်မိနစ်လောက်မှ လက်ဖက်ရည်ဆိုင်ကထလာကြပါတယ်။
ကျနော်ဂိတ်ပေါက်ကို လက်မှတ်တွေပြ အထုပ်အပိုးတွေနဲ့ထွက်မယ်ဆိုမှ
ဘေဘေးမလာသေးတာကို ထပ်သတိရမိပါတယ်။
အနီးအနားပါတ်ဝန်းကျင်မှာရှိမလားလို့ မျက်စေ့ကစားကြည့်ပြန်တော့လည်းအရိပ်အယောင်မတွေ့ရ။
အလုပ်ထဲကခဏပေးထားတဲ့ဘက်ထရီကုန်နေတဲ့တရုပ်ဖုန်းကိုသူတို့ပြန်ပေး။
သူတို့ဖုန်းကိုခဏငှားပြီး ဘေဘေးဆီဆက်တော့။
နိဟောင်………………ဆိုတဲအသံကို ဘဲထပ်ခါတစ်လဲလဲ ကြားနေရ။
ဒါနဲ့ကျနော်တည်းခဲ့တဲ့ဟိုတယ်ကို လှမ်းပြီး ကျနော်ဧည့်သည်လာသေးလားမေးတော့
ကျနော်ထွက်ပြီးမကြာခင်ကောင်မလေးတစ်ယောက်လာရှာတယ်ဆိုတာသိရ။
ဘေဘေးဖုန်းကိုထပ်ဆက်တော့လဲ
နိဟောင်……..ဘဲကြားနေရတော့ အတော်လေးကို နေမထိထို်င်မသာ။
သွားလဲသွားရခါနီးနေပြီ။
ခဏနေတော့ ကျနော်မြန်မာဖုန်းထဲကိုဖုန်းဝင်လာ။
ဘေဘေးလားလို့ကြည့်လိုက်တော့ မျော်နေတဲ့ဖုန်းမဟုတ်။
ကားဆရာက ရောက်ပြီထွက်တော့မယ်ဆိုတာကိုလှမ်းအကြောင်းကြား။
ကျနော်လဲစိတ်ဓါတ်ကျကျနဲ့အပြင်ထွက်ခဲ့ရပါတယ်။
ဘေဘေးနဲ့ကျနော်လွဲတာကတော့သေချာသွားပြီ။
ကျနော်လဲကားထဲကိုပစ္စည်းတွေထဲလို့ကားပေါ်ကို စိတ်မပါလက်မပါတက်တဲ့အချိန်။
ဖုန်းသံကမြည်လာပြန်ပါတယ်။
ဖုန်းဖွင့်လိုက်တော့ ကျနော့်ရုံးကလူ ။
ခမ်းတဲ့ဖုန်းလာနေတယ်ခဏစောင့်ဆိုပြီးကျနော်ဆီကိုဖုန်းလာပေးမယ့်ပုံစံလုပ်ပြပါတယ်။
နောက် သူက ဂိတ်အပြင်ကို အပြေးအလွားထွက်လာပြီး ဖုန်းပေး။
ကျနော်လဲကားဆရာကို ခဏလေးစောင့်ဘု့ိပြောရင်းဖုန်းကိုအမောတကောနားထောင်တော့
ချစ်ရတဲ့ဘေဘေးရဲ့မောနေတဲ့အသံ။
“ကိုကိုးဘယ်ရောက်နေလဲ ………….ငေါကိုကိုးကိုလိုက်ရှာနေတာကြာလှပြီ၊
ကိုးကို မပြန်နဲ့တော့ မာမားကို ကိုးကိုးနဲ့ တွေ့မယ်တဲ့
ုဂိတ်ပေါက်ကစောင့်နေငေါ အခုလာနေပြီ”လို့ဆိုတဲ့အသံကြားရတော့ဝမ်းသာ။
ကားသမားကို ကျနော်မလိုက်ဖြစ်တဲ့အကြောင်းပြောရင်းပစ္စည်းတွေပြန်ချ။
အဲဒီအချိန်မိုးတွေက တဖွဲဖွဲထပ်ကျ။
ထီးကမန်းကတန်းဖွင့်ဆောင်းနေတုန်း ဖုန်းထပ်ဝင်လာတော့ ကျနော့်ကို ဖုန်းလာပေး။
“ငေါ ဂိတ်ပေါက်ရောက်နေပြီ…………………..”ဆိုတာလေးကြားလို့ လှမ်းအကြည့်
ဟိုးခပ်ဝေးဝေးမှာအငှားကားပေါ်ကနေကမန်းကတန်းဆင်းပြီး ဂိတ်ပေါက်ဖက်ကိုအပြေးအလွှား
လာနေတဲ့ အနီရောင်မိုးကာလေးနဲ့ကျနော်ချစ်ရတဲ့ဘေးဘေးကိုလှမ်းမြင်ရပါတယ်။
ကျနော်မှာအတော်လေးဝမ်းသာသွားပါတယ်။
မြင်ကွင်းတွေဝေဝါးသွားလို့ မိုးထပ်ရွာနေတယ်ထင်မိတာ
“ကိုရဲ မိုးတိတ်ပြီလေ ထီးပိတ်လိုက်တော့”ဆိုတဲ့အသံကြားလိုက်ရပါတယ်။
ခဏနေတော့ ဘေဘေးထွက်လာပါတယ်။
“မောလိုက်တာကိုကိုးရာ။
ညက ဖုန်းဆက်တာလုံးဝမရ။
ဗမာဖုန်းခေါ်တော့လဲ လူကြီးမင်းနဲ့တွေ့
မနက်7နာရီဆိုလို့ အပြေးအလွားထလာတော့ ဘက်ထရီဆိုင်ကယ်ကအားမရှိ။
ဒါနဲ့ဘဲအငှားကားနဲ့ထွက်လာလို့ ကိုကိုး ဟိုတယ်ရောက်တော့ ကိုကိုးတို့ကသွားပြီတဲ့။
အဲဒါနဲ့ဂိတ်ပေါက်ဝထွက်ကြည့်တော့ ကားတစ်စီးမှမတွေ့။
ဒါနဲ့ဂိတ်လှမ်းမေးကြည့်တော့ ချိန်းထားတာ ှဗမာ7နာရီတဲ့။
ဖုန်းဆက်တော့လဲမရဆိုတာနဲ့လက်ဖက်ရည်ဆိုင်တွေလျောက်ရှာတာ မတွေ့။
ကိုကိုးတို ရုံးလိုက်သွားတော့ ရုံးခန်းက သော့ခတ်ထား။
ဒါနဲ့အမြန်ပြန်ဆင်း။
နောက်ကိုကိုးတို့အလုပ်က ကိုယ်သိတဲ့ဖုန်းနံပါတ်တွေကို တစ်လုံးပြီးတစ်လုံးနှိပ်ကြည့်တော့မှ ဖုုန်းဝင်သွားတာ။
မောလိုက်တာကိုကိုးရာ”
မောတယ် လို့ပြောနေတဲ့မျက်နှာလေးက အပြုံးတွေနဲ့ဝင်းပ။
အဲဒါနဲ့ရုံးကလူတွေကို မပြန်ဖြစ်တဲ့အကြောင်းပြော။
ပြီးတော့မှာ ကားတစ်စီးငှားလို့ဘေဘေးတို့ရဲ့မူဆယ်ကအိမ်ကို သွားဘို့ပြင်ရပါတယ်။
ကားပေါ်ရောက်မှ
“ကိုကိုးရေ ညက မာမားနဲ့ပြောတာ ငိုလိုက်ပြောလိုက်လုပ်ရတာ ည12နာရီလောက်မှ
ညည်းကောင်လေးငါတွေ့မယ် မနက်ခေါ်ခဲ့လို့ အဖြေရတာ။
ဝမ်းသာအားရနဲ့ ကိုကိုးဆီဖုန်းဆက်တော့ ဖုန်းက ပိတ်ထားတယ်ဘဲဖြေ
ညကအိပ်လို့တောင်မပျော်ဘူး ကိုကိုး ကိုမှီအောင်လိုက်လာတော့ လဲမတွေ့
ငိုတောင်ငိုမိတယ်လမ်းမှာ ။
မသိတဲ့သူတွေက ငေါကို အရူးမလေးမှတ်နေမှာ”လို့တတွတ်တွတ်ပြေနေပါတယ်၊
“စိတ်မပူနဲ့သိလား………မာမားတစ်ခါပြောဘူးတယ်။
အိမ်ခေါ်ခဲ့လို့ပြောတဲ့လူဆိုရင် ငါသဘောတူလို့တဲ့”
ဘေဘေးရဲ့အပျော်တွေစွန်းနေတဲ့စကားသံကြားရတာ သာယာလှပါတယ်။
အပြင်မှာမိုးတွေက ဝုန်းဒိုင်းကျဲနေအောင်ရွာချလိုက်တာ လမ်းကိုမမြင်ရတော့ပါဘူး။
ဘေဘေးက ရေစိုနေတဲ့ မိုးကာကို ချွတ်ပြီး အေးလို့ထင်ပါရဲ့ကျနော်ဘက်တိုးလာတော့သူ့ပုခုံးကို
အလိုက်သင့်လေးဖက်ထားလိုက်ပါတယ်။
အပြင်မှာမိုးတွေရွာနေတော့အေးစိမ့်လို့နေပါတယ်။
အပျော်တွေကြည်နူးမူ့တွေ့ဖုံးလွှမ်းနေတဲ့ ကျနော်နဲ့ဘေဘေးတို့ကတော့
နွေးထွေးလို့နေပါတယ်။
ဒီလိုတော့လဲ လောကကြီးက တယ်သာယာပါလားနော်………………………
ပြီးပါပြီ
ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး
(9-7-2012)
စောင့်မျှော်ဖတ်သူအားလုံးကို ကျေးဇူးတင်ပါသည်။
22 comments
ကိုပေါက်(မန္တလေး)
July 10, 2012 at 2:35 pm
ဖတ်ခါနီးရင် တစ်သျှူးဆောင်ခဲ့ပါရန်.
အရင့်ရောင်
July 10, 2012 at 3:03 pm
လေးပေါက်……..
အဆွေးက ဆွေးလိုက်တာနော်
တစ်ရှုးနဲကတင်မနိုင်တော့ဘူး……….
မျက်နှာသုတ်ပုဝါနဲ့မှ ရမယ်ထင်တယ်
ဟင်းးးးးးးးးးးးးးးးးးးးးးးးးရှုး…..ဗက်
အဲ ဘဲဥ ချောတီးနော်
နှပ်ချေးတွေ ဘဲဥကို ကပ်ကုန်ပီ
ဟိဟိ
Khaing Khaing
July 10, 2012 at 3:11 pm
နောက်ဆုံပိုင်းတောင်ရောက်သွားပီ အရှေ့မှာကျန်တဲ့အပိုင်းကို သွားပြန်ဖတ်လိုက်ဦးမယ် အရမ်းစိတ်ဝင်စား တယ်ဒီဇာတ်လမ်းလေးကို ……… နောက်မှ ဇာတ်သိမ်းကိုပြန်လာဖတ်မယ် ………
Khaing Khaing
July 10, 2012 at 4:03 pm
လေးပေါက်ပေးတဲ့ ဟင့် လေးကိုရလိုက်ပါတယ် တရုတ်ပြည်ကိုသွားထားတဲ့ ခရီးစဉ်လေးတွေကို ဇာတ်လမ်းလုပ်ရေးခဲ့ပုံပါ …….. မန်းလေးက ရပ်ကွက်တွေကိုလည်းပြောထားပုံရတယ် …… ဇာတ်လမ်းလေးဖတ်ပီး ခံစားချက်နှစ်ခု ရလိုက်ပါတယ် ……. တစ်ခုက ယောက်ျားလေးတွေက မိန်းကလေးတွေကိုမယူခင်မှာတော့ သူ့မရဲ့အမူယာလေးတွေကချစ်စရာ ငိုနေတာလေးကသနား စရာ မောနေတာလေးက ဘယ်လိုဘာညာ သူ့ရဲ့အနမ်းလေးတွေက နူးညံ့တယ် …. ယူပီးရင်မိန်းမက ဘယ်လောက်လှအောင်နေနေပြောပြော အဲဒါတွေကိုနူးညံ့တယ် ချစ်စရာကောင်းတယ်လို့မခံစားမိတော့ဘူး …… လေးပေါက်ဇာတ်လမ်း ကိုဖတ်ရတာ ဘေဘေး နေရာမှာ ကိုယ်ကိုတိုင်သရုပ်ဆောင်နေရသလိုခံစားမိတယ် ……. ကိုကိုးအတွက်သုံးတဲ့စာသားလေးက တော်ပါပီ ……… အတိတ်ကို ဂိတ်မှာ ပလိပ်နဲ့ပဲထား လိုက်တော့မယ် ……..
ကိုပေါက်(မန္တလေး)
July 10, 2012 at 4:57 pm
မယ်ခိုင်ရယ် အချစ်ကိုနူးနူးညံ့ညံ့လေးခံစားစမ်းပါအေရယ်။
pooch
July 10, 2012 at 3:22 pm
တော်သေးတာပေါ့။ အပျော်ဇာတ်သိမ်းလေး ဖြစ်သွားလို့။
ဒါနဲ့ နာမည်က ဘေဘေးတဲ့ ။ နိမိတ်မကောင်းဘူး။ ရန်ဖြစ်ရင် ခဏခဏ အဘေခံရတော့မှာပဲ
ညလေး
July 10, 2012 at 4:39 pm
Ko ko ပျော်စရာဇာတ်သိမ်းလေးပါနော် ့ ့ ့ ့ ့
မပြီးခင်လေးရင်တမမနဲ့ ့ ့ ့ဖတ်နေရတာ ့ ့ ့
ဂိတ်ပေါက်နားက ့ ့ ့ ဘေဘေး ကိုကိုး ဆီကိုအလာလေးမှာ
ကားအက်ဆီးဒန့်ကလည်းကြောက်ရသေးတယ် ့ ့ ့
နောက်ဆုံးတော့လည်း ့ ့ ့ ့ပြီးပါပြီတဲ့ ့ ့ ့ ့
shwe kyi
July 10, 2012 at 4:54 pm
အောင်မလေး လေးပေါက်ရယ် ဖုန်းဘက္ထရီကုန်လို့လွဲပြီထင်တာ တော်သေးတာပေါ့။
ကိုပေါက်(မန္တလေး)
July 10, 2012 at 4:59 pm
ကျနော်က အလွမ်းတွေများလို့ဒီတစ်ခါတော့
…………………………………………..
MaMa
July 10, 2012 at 8:10 pm
ကိုပေါက်က ဇာတ်ကိုနိုင်အောင် ထိန်းနိုင်တယ်။
စာဖတ်ရင်းနဲ့ ငိုရမလို ရီရမလို အသည်းတထိတ်ထိတ် ရင်တဖိုဖို ဖြစ်အောင် ရေးနိုင်တယ်။
အော်……… ပရိုပေကိုးးးးးးးးးးးးး 🙂
aye.kk
July 10, 2012 at 8:39 pm
ကိုပေါက်..
ခံစားမှုနဲ ့အတူတူစီးဝင်လို ့..
ပျော်ရွှင်ကြည်နှူးမိလိုက်ရပါတယ်။။။
အရီးခင်လတ်
July 10, 2012 at 9:04 pm
ဖတ်လို့ကောင်းပါ့။
အချိန် ကို မသေချာရင် ၂ချိန် လုံး မှာ စောင့်ရမှာပါ ကပေါက်ကြီး။
ဘေဘေး ကြည့်ရတာ သဘောကောင်း လို့။
ကျုပ် သာဆို ဗျင်း ပစ်လိုက်မယ်။
ရှင် ကံကောင်း တယ်မှတ်။
ကိုပေါက်(မန္တလေး)
July 10, 2012 at 10:13 pm
ကိုလတ် ဘေဘေးသဘောကောင်းလို့ဇာတ်လမ်းကဒီလောက်ထိပါလာတာမှတ်။
သဘောမကောင်းလို့တော့ နောက်တစ်ယောက်ပြောင်းတာကြာပေါ့……………..
ညှင်း…………..ညှင်း…………..ညှင်း ……….ဘာပြောချင်သေးသတုံးကွဲ့
TTNU
July 10, 2012 at 10:32 pm
ကိုပေါက်ရေ…
ကောင်မလေးနာမည်ကဘာတဲ့ ?
Come on? ဟုတ်လား…
ကိုပေါက်(မန္တလေး)
July 10, 2012 at 10:36 pm
ဟုတ်ပါဘူးမာမီရယ်။
ဒီနာမယ်လေးက ကျနာ်တို့ရွာသူတစ်ယောက်ရဲ့နာမယ်။
ရှမ်းနာမယ်လေးပါမာမီရယ်။
ခမ်းမ်ဟွမ်= မရွှေစု ပါတဲ့။
ဒီလိုမနောက်နဲ့…………………………………………….
Moe Z
July 11, 2012 at 12:42 pm
လေးပေါက်ရေ ဧဒင်မှာတွေ့လိုက်တယ် ခမ်းဟွမ်ကို … ရေးသားသူကိုပေါက်တဲ့
လေးပေါက်တင်တာလားဟင် ..
Shwe Tike Soe
July 11, 2012 at 12:55 pm
အမလေး တော်ပါသေးရဲ. တွေ.သွားလို.နော်……သူတို. ဘေဘေး အမေနဲ.တွေ.ရင် အဆင်ပြေပါစေဗျာ…
ရင်ထဲမှာ မောပြီး အပျော်တွေနဲ. ကျန်ခဲ့တယ်ဗျာ……..
ဒီစာလဲဖတ်ပြီးရော အယ်ပိုင်း အသေးတစ်ဘူး ကုန်သွားတာပါပဲ………..
သိပ်ချစ်ကြတဲ့ ချစ်သူတွေအတွက် အခွင့်အရေးဆိုတာ လက်လွတ်မခံသင့်ဘူးပေါ့နော်. လေးပေါက်… 😀
မောင်ပေ
July 11, 2012 at 12:57 pm
ခမ်းဟွမ်
ပန်းနွံမှာ
အနမ်းကျွံဖို ့
လှမ်းဖွန်ကာ
အနားလေး
တိုးခဲ့ပါရစေလား
mamanoyar
July 11, 2012 at 1:08 pm
ဟင်းးးးးးးးးးးးးးးးးးးးးးးးးး
အခုမှပဲ သက်ပြင်းချနိုင်တော့တယ်
ပေါင်းမှပေါင်းရပါ့မလားလို့
လေးပေါက်ရေ အရမ်းဖတ်လို့ကောင်းတာပဲ
Nyein Nyein
July 11, 2012 at 1:21 pm
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးး တော်သေးတာပေါ့နော်။ ပျော်စရာလေးဖြစ်သွားလို့ပေါ့။ ဒါနဲ့ လေးပေါက်ရေ……… ဘေဘေးအမေဆီရောက်မှ သဘောမတူတာတော့မဖြစ်နိုင်တော့ပါဘူးနော်။ “စိတ်မပူနဲ့သိလား………မာမားတစ်ခါပြောဘူးတယ်။
အိမ်ခေါ်ခဲ့လို့ပြောတဲ့လူဆိုရင် ငါသဘောတူလို့တဲ့” အဲလိုပြောပေမယ့် တကယ်တမ်းကျရင် သဘောမတူတတ်ဘူးလေ။ ဘာပဲပြောပြော ဘက်ထရီကုန်သွားပေမယ့် မလွဲခိုင်းတဲ့အတွက် တော်သေးတာပေါ့နော်။
ကိုပေါက်(မန္တလေး)
July 11, 2012 at 2:35 pm
(၁) မန်းလေးဂေဇက်
(၂) မြန်မာသူငယ်ချင်းများနေ့
(၃) ဖော်အဲဗား
(၄) ဖူးစာရှင်လေး
(၅) ရွှေမြို့တော်
(၆) ဧဒင်ဥယျာဉ်
(၇) စင်္ကာပူရောက်မြန်မာသူငယ်ချင်းများ
(ဂ)ဖေစ်ဘုတ်
ဆိုတဲ့နေရာတွေမှာ တစ်ပြိုင်တည်းတင်ပါတယ်.
မောင် စား
September 3, 2012 at 10:57 pm
ဒီလိုတော့လဲ လောကကြီးက တယ်သာယာပါလားနော်….တဲ့
အဲ့စာသားလေးကို အတော်ကြိုက်တယ်..
အရေးအသား ကောင်းတယ်နော် ကိုပေါက်..။
ကျေးဇူး..ပါ
ရသလေးတွေ မဖတ်ဖြစ်တာကြာပီဗျ..