“မေ့သွားလို့ပါ”
“မေ့သွားလို့ပါ”
မိတ်ဆွေ မေ့တတ်နေပြီလား။
အရေးကြီးတဲ့ ချိန်းဆိုထားတာလေးတွေ မေ့ပြီးမသွားမိလို့ အဆင်မပြေတွေဖြစ်ဖူးပါသလား။
ထမင်းအိုးတူးသွားလောက်အောင်မေ့ပြီး စကားတွေပြောနေမိပါသလား။ အိမ်သော့၊ ဆိုင်ကယ်
သော့၊ ကားသော့၊ ဘယ်ထားမိမှန်းမသိဖြစ်ပြီး ပွစာတက်နေအောင် ဟိုရှာဒီရှာ ဖြစ်ဖူးပါသ
လား။ ဘဏ်မှာငွေထုတ်ခါနီး မှတ်ပုံတင်နံပါတ်လို့ မေးတော့မှ ကိုယ့်မှတ်ပုံတင်နံပါတ် ကိုယ်
အစရှာမရသလိုဖြစ်ဖူးပါသလား။
စိတ်မပူပါနဲ့ မိတ်ဆွေ။ ရှင်တစ်ယောက်တည်းမေ့တတ်တာမဟုတ်ပါဘူး။ ကျွန်မတို့ တွေ
အားလုံး ရှုပ်မှုတွေပွေနေတဲ့ (၂၁)ရာစုမှာ အရာရာကို ချက်ချင်းမှတ်မိသတိရဖို့ ပို၍ပို၍
ခက်လာနေလို့ပါပဲ။
ဟိုးတုန်းကတော့ သတိမေ့ရော့တတ်တာကို အသက်ကြီးလာလို့ ပါ ဆိုတာလေးနဲ့ အပြစ်
ဖို့ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ပညာရှင်များအပြောအရ မေ့တတ်လာကြခြင်းဟာ
ခေတ်မီ နေမှုထိုင်မှု ပုံစံတွေကြောင့်လို့ သိရပါတယ်။ နောင်ဆိုရင် မေ့တတ်တဲ့ မျိုးဆက်တစ်ခု
“The forgetful generation” ရယ်လို့ ဖြစ်လာသည်နှင့်အမျှ ကျွန်မတို့ရဲ ့ မှတ်ဉာဏ်တွေက
လည်း ဝန်ပိမှတ်ဉာဏ်တွေ ဖြစ်လာမယ်လို့ မှန်းဆလာကြပါတယ်။
ကျွန်မမိတ်ဆွေတွေ အကြောင်း… မေ့တတ်လာတဲ့ မိတ်ဆွေတွေအကြောင်း၊ ကျွန်မအကြောင်း
ပြောပြရဦးမယ်။ ( အမည်တွေပြောင်းထားပါတယ်)။
ခင်စန်းရီ
သူကရန်ကုန်ကပါ။ တက္ကသိုလ်ဘွဲ့ရပြီးပြီ။ အလုပ်ဝင်နေပြီ။ အတော် အလုပ်များတဲ့ စိတ်ဖိစီးမှု
များတဲ့ ရုံးတစ်ရုံးမှာပါ။ တစ်ရက်မှာတော့ ရုံးသွားဖို့ ဘတ်စ်ကားစီးသွားတယ်။ သူုတက်ခဲ့တဲ့
တက္ကသိုလ်မှာဆင်းပြီး လက်ချာဟောထဲမှာဝင်ထိုင်ပြီး ငါနဲ့သိတဲ့လူတွေမရှိပါလားလို့တွေးမိသ
တဲ့။ ပြီးမှ ဖျတ်ခနဲ သတိရလိုက်တယ် “ ဟာ ငါကျောင်းသားမဟုတ်တော့ဘူးပဲ။ ရုံးသွားရမှာ
ပါလား” ဆိုပြီးရုံးကိုပြေးရတော့တာတဲ့။ အဲဒီနေ့က အလုပ်(၂)နာရီလောက်နောက်ကျသွား
တယ်တဲ့။
မတင်ညို
သူက ကျောက်ဆည်မှာအလုပ်ဝင်နေတာ။ သင်္ကြန်တွင်းပိတ်ရက် မန ္တလေးပြန်လာတာ လမ်း
မှာ မြစ်ငယ်ရောက်တော့ ကားဆရာကို ဆင်းမယ်ပြောပြီး သူ့ အိပ်ကလေးဆွဲပြီး ဆင်းသွား
လိုက်တာ ကားလည်းအတော်လှမ်းလှမ်းရောက်မှ သူ ကိုယ်သူ မန ္တလေးထိစီးရမှာ သတိရသတဲ့။ ဒီတော့နောက်ကားထပ်စောင့်ရတော့တာပေါ့ ။ သူမေ့တတ်တာက
ထူးဆန်းနေတယ်လား။ အော်ဒီလိုလေ.. သူတို့မိသားစု အရင်ကမြစ်ငယ်မှာနေတာလေ။
ဦးသန်းတင်
သူက ခင်မင်စရာကောင်းတဲ့ ပွဲစားကြီးပါ။ အမြဲတမ်းရယ်မောနေတာ။ စိတ်ဖိစီးမှု ဘာမှ
မရှိတဲ့ ပုံစံပါ။ အခုတစ်လော ပဲဈေး၊ဆီဈေးတွေ ပွဲကြမ်းနေတော့ သူ သိပ်မရယ်နှိုင်ဘူး။
တစ်ရက်မှာ ပွဲရုံသွားဖို့ ရေမိုးချိုးဝတ်စားပြီး ထွက်လာလိုက်တာ ဆိုင်ကယ်နဲ့ နှစ်ပြလောက်
စီးလာပြီးမှ ရေချိုးခန်းစီးတဲ့ဖိနပ်ကြီးမလဲခဲ့ရလို့ အိမ်ပြန်လာရသတဲ့။
ကိုဖိုးသာအောင်
သူကကျွန်မမောင်ပါ။ လာရှိုးကနေရထားနဲ့ပြန်လာတော့ နောင်ပိန်ဘူတာမှာ ထမင်းစားတယ်။
လူတစ်ယောက်လာနှုတ်ဆက်တယ်တဲ့။ ရှေ ့ဖြစ်နောက်ကြောင်းတွေပြောနေတော့လည်း
သိဟောင်းကျွမ်းဟောင်းဆိုတာ သေချာတယ်ပေါ့လေ။ အိုးသည်ကုန်းမှာသိခဲ့တာဆိုတာ
လည်းပြောစကားတွေ အရ မှန်းလို့ရနေပြီ။ ဒါပေမဲ့ ဒီလူ့ နာမည် အစဖော်မရဘူးတဲ့။ ဒါနဲ့
ရထားထွက်တော့မယ် ရထားပေါ်တွဲခိုရပ်ရင်း နှုတ်ဆက်တယ်။ ဒီလူကလည်း ပြန်နှုတ်ဆက်
တယ်၊ “ဟေး အိုးသည်ကုန်းက ဖိုးသာအောင်တို့နဲ့တွေ့သေးလား” တဲ့။ ဒီတော့ ကျွန်မမောင်
လေးက .. “ဖိုးသာအောင်က ငါလေကွာ” လို့ သူ့ရင်ဘတ်ပုတ်ပြပြီးအော်ပြောလိုက်ရင်းနဲ့
ရထားကြီးကလည်း ထွက်နေပြီဆိုတော့ လက်ပဲပြလိုက်ရတော့တယ်တဲ့။
ကျွန်မTTNU
ပြောရင်းတန်းလန်းစကားတွေမေ့သွားလို့ ဝါကျပြန်စီရတာအကြိမ်ကြိမ်၊ ကျောင်းသားများစွာ
တို့ရဲ ့နာမည်တွေကို မေ့တယ်၊ ရောခေါ်တယ်။ သူတို့နာမည်လေးတွေကလည်း အတော်ရှည်
သားနော်။ ယောင်္ကျားလေး၊မိန်ကလေးနာမည်တွေက ခပ်ဆင်ဆင်တွေရယ်လေ။ ဥပမာ..
မြတ်နိုးဦး၊ ဆုမြတ်နိုး၊ မြတ်နိုးကိုကို၊ အိမ့်မြတ်နိုး၊ မြတ်နိုးလွန်း၊ မြတ်နိုးမောင်… အားလုံးမှတ်မိဖို့ အတော်အားယူရပါတယ်။ အိန္ဒြာ၊ အိန္ဒြေ ၊ ဝသုန်၊ ဝသန်တွေလည်း
ရှုပ်လို့ပါပဲ။ အေးမင်းသူဆိုတဲ့ ကျောင်းသားကို အေးမြတ်သူလို့ ခဏခဏမှားခေါ်မိပါတယ်။
အင်း…ကျွန်မတို့ ရှေးတုန်းကလို မလှ၊ မမြ၊ မတင်၊ မနု၊ အပု စသဖြင့်တွေကမှ
လွယ်သလားလို့ပါ။
ကဲ နာမည်တွေမေ့တာကတော့ ဖြေရှင်းတဲ့နည်းတစ်ခုသုံးထားပါတယ်။ကဒ်ပြားတစ်ခု
ပေါ်မှာ နာမည်တွေ တန်းစီရေးထားပြီး စာရင်းကြည့်ခေါ်ရတော့တာပေါ့။ အမေပြော
ဖူးတာကတော့ မှတ်မိအောင် လက်ကို ကြိုးလေးချည်နှောင်ထားရသတဲ့။ နည်းနည်းလည်း
ကြာရော “ငါလက်ကချည်ထားတဲ့ ကြိုးက ဘာအတွက်ပါလိမ့်” လို့ မေ့ပြန်ရောတဲ့။
အော..မေ့တော့မလို့၊ တစ်ခုပြောပြစရာရှိသေးတယ်။ ကျွန်မဆီမှာ အမွှာ ကျောင်းသား တွေရှိသေးတယ်။ တူတာမှ ခွဲကိုမခွဲတတ်ရတဲ့အထဲ သွားလေးတွေမှာ မကျဲအောင်ကွပ်တဲ့
အကွပ်ပါတူနေသေးတယ်။ ကံအားလျော်စွာပဲ အမွှာငယ်က လက်မှာ အဝတ်ကြိုးထိုးလက်
ကောက်လေးဝတ်ထားတော့ စာမေးခါနီး အဲဒီ လက်ကလေးလိုက်ကြည့်ရတယ်လေ။
နောက်တစ်မွှာကတော့ တစ်ယောက်မှာမှည့်သေးသေးလေးပါတယ်။ အဲဒါ ကျွန်မ လက်ကိုင်
ထားတဲ့ (အမည်မမေ့ရေး ကဒ်ပြား)ပေါ်မှာ ပုံလေးဆွဲထားရပါတယ်။
အသက်ကြီးမှမေ့တတ်တာပိုလာသလိုပါပဲ။ သူများတွေတင်ထားတဲ့ ပန်းလှလှလေးတွေ၊
အသီးလှလှလေးတွေ ကြိုက်လို့ ကူးပြီး ဖိုလ်ဒါနဲ့သိမ်းပါတယ်။ အမည်ရေးပါတယ်။ တစ်ခါတစ်လေ ဒီပန်းငါသိပါတယ်။ဘာပန်းပါလိမ့်လို့ နှစ်ရက်သုံးရက်စဉ်းစားယူရပါတယ်။
စဉ်းစားလို့မှ မရရင် ဖေ့စ်ဘွတ်မှာ သူများကို ဒုက္ခလိုက်ပေးပြီးမေးရပါတယ်။
ဟုတ်ပါပြီ။ ရေးလို့မဆုံးတော့ပါဘူး။ ဂဇက်မှာစာရေးဖို့ log in လုပ်ရတဲ့ Pass Word မမှတ်မိ
တာတော့ အားလုံးခွင့်လွှတ်ကြမှာပါ။ တယ်ရှည်သကိုး။ တပည့်လေးတစ်ယောက်ကတော့
ပြောတယ်၊ တီချာကြီး ကိုယ် Pass Word ကိုယ်ပြင်လို့ရတယ်တဲ့။ တော်ပါပြီကွာ။
ငါ့မှတ်ဉာဏ် ငါစစ်ရတာပေါ့ လို့ပြောပြီး log in လုပ်တိုင်း ပြန်ကြည့်ရတာပါပဲ။
ဒါထက် ဂဇက်ရွာသူကြီး ဘယ်သူ???။ အော် ကိုခိုင် ။
ဒီလူကဘာပြုလို့များဒီဝင်ခွင့်နံပါတ်ကိုအရှည်ကြီးလုပ်ထားပါလိမ့်လို့
တွေးနေမိသေးတယ်တော့။
တစ်ခါတစ်လေ “လုပ်ကြပါဦးဟ။ ငါ Alzheimer ရနေပြီလား” လို့ အနားရှိသူတွေကို
ခြိမ်းခြောက်တဲ့ အလုပ် လုပ်နေပါတယ်။ ပြောသာပြောရတာပါ တစ်ခါတစ်လေကျတော့လည်း အကြောင်းအရာတစ်ခုကို ခရေစေ့တွင်းကျ မှတ်မိချင်လည်းမှတ်မိနေတော့တာပါပဲ။
အားလုံးကိုမေတ္တာပို့သလျက်ပါ။
37 comments
TTNU
July 13, 2012 at 11:46 pm
မိတ်ဆွေတို့ရေ…
ဒီအဘွားကြီးဘာမေ့မေ့ရော့ရော့လျှောက်နှိပ်မိသလဲမသိ၊
တည့်တာတွေတည့်၊ စောင်းတာတွေစောင်း၊ ဗြောင်းဆန်နေလေရဲ ့။
ပြင်မလားစိတ်ကူးပေမဲ့ မနက် ဂရမ်မာ အတန်းသစ်ရှိတယ်။
ဒီည မိုးချုပ်လို့မရဘူးလို့ ကိုယ့်ကိုယ်ကိုဆုံးမပြီး ခပ်တည်တည်နဲ့
တမင်တည့်ထားစောင်းထားတာလိုလိုနဲ့ လွှတ်လိုက်ပြီ။
သည်းခံကြပါကုန်။
မေတ္တာဖြင့်
TTNU.
စိန်ဗိုက်ဗိုက်
July 13, 2012 at 11:54 pm
တီတီနု ဆိုတာ လမ်းထိပ်ကွမ်းယာဆိုင်က အဒေါ်ကြီး
အဲ..
ဘယ်လိုလုပ် ရွာထဲမှာ တွေ ့နေရတာလဲ
ဪ…..
မေ့တွားလို ့.မေ့တွားလို ့..
ကွမ်းယာသည် ဒေါ်သန်းနုက အီးမှ မကျွမ်းပဲ..
ဒီ…ဒေါ်သန်းနုက အင်္ဂလိပ်စာ ဖရီးသင်ပေးတဲ့ ဆြာမကြီးပဲကိုးဗျ
တီချယ်ကြီးခင်ဗျား..
ကျော်..
တီချယ်ကြီးကို အကြွေး တစ်သိန်းဆပ်ရမှာ မေ့နေလို ့..
တဒိရမှ ဆပ်တော့မယ်နော်..
ကျော်လဲ မေ့တတ်လို ့ပါ.
ဇဂါးမစပ်..
မေ့တတ်တာကို
အင်္ဂလိ်ပ်လို ဘိုခေါ်လဲဟင်.. 😕
TTNU
July 14, 2012 at 12:04 am
ဗိုက်ကလေးရေ…
ပထမဆုယူပါ။ ကျေးဇူးတင်ပါတယ် The very first reader ရယ်။
မေ့တတ်တာ forgetful, absent-minded စသဖြင့်ခေါ်ပါတယ်။
မေ့တတ်တဲ့သူကို ချစ်စနိုးနဲ့ အမည်ပြောင် Forgetful Jones လို့
ခေါ်တတ်ကြပါတယ်။
သတိရရင် ကြွေးပြန်ဆပ်ပါနော်။ လက်ကိုကြိုးချည်ပေးထားရမလား။ 😀
မေတ္တာဖြင့်
တီချာနု
မောင်ပေ
July 14, 2012 at 12:28 am
degeneration နဲ့အတူ
မမေ့ချင်တဲ့ အကြောင်းအရာ
မေ့လို့မဖြစ်တဲ့ အကြောင်းအရာ တွေကို
ကြိုးစား သတိရနေရင်း
တီချယ့် မေ့လျော့ခြင်းကို
သတိထား မိသွားပါတယ်
aye.kk
July 14, 2012 at 7:45 am
TTNU…..ရေ
တီတီနုရေးလိုက်တဲ့postလေးအတွက်
ကျေးဇူးတင်မိရပါတယ်။
ကျမအနေနဲ ့သတိမေ့လျှော့တတ်တဲ့အကြောင်းအရာလေး
တိုက်ဆိုင်စွာခံစားရလို ့ပြောပြချင်မိပါတယ်။
ကျမခပ်ငယ်ငယ်က.
ကတမ်းပွဲတမ်းဆော့ကစားကြရင်း..
ဇတ်စင်(ကုတင်)ပေါ်ကနောက်ပြန်လဲကျဘူးတယ်..
နောက်စေ့ကိုအနည်းငယ်ထိသွားပြီးသတိမေ့တတ်ခဲ့ပါတယ်..
အဲဒီကလေးဘဝအရွယ်ကသတိမေ့တတ်မှုကြောင့်..
ကြာလာတော့အမေက၊ကျမလဲကျတာကိုမေ့ပြီး၊ကျမကိုရိုက်တတ်လာပါတယ်။
ရိုက်တာကိုလည်းမကြာခဏခံခဲ့ရပါတယ်…။
လွယ်အိပ်မေ့ကျန်ခြင်း၊ထီးမေ့ကျန်ခြင်း၊စာဘယ်လောက်ပဲကျက်ကျက်အခုဘဲရ..
အခုဘဲမေ့၊စာမေးပွဲဖြေရင်းကျက်တာတွေမေ့ပြီးစာမေးပွဲခန်းထဲငုတ်တုတ်ထိုင်နေမိတတ်တာ..။
ဆရာကတွေ ့ပြီးထောက်ပေးမှသာပြန်ပြီးကောက်ချရေးရတာ၊မျိုးတွေဖြစ်လာခဲ့ပါတယ်။
အထူးသဖြင့်ကျက်စာမှာအမြဲရမှတ်ကနည်းပြီး၊သချာင်္၊ဓာတု၊ရုူပ၊တွေမှာ
ရမှတ်ကအမြဲမြင့်တယ်(ရဝ)ရမှတ်အောက်မရှိတော့..
ဆရာတွေအတွက်ကအထူးအဆန်းဖြစ်နေခဲ့ရပါတယ်။
မြန်မာစာရမှတ်(၄၀)၊ပထဝီရမှတ်(၄၀)၊သမိုင်းရမှတ်(၃၉)ဆိုတော့အကျစာရင်းဝင်ပြီး
မိဘတွေကိုခေါ်ယူမေးမြန်းခံရတဲ့ထိဖြစ်တော့ရှက်စိတ်ကကြီးစိုးလာပြီး
ကျမကိုယ်နှိုက်ကပင်ကျောင်းမနေချင်တော့တဲ့အထိဖြစ်သွားခဲ့တာပါ။
တနေ ့ကျမတို ့အိမ်နဲ ့မျက်နှာချင်းဆိုင်အိမ်ရှေ့က၊ဘကြီးကိုဖြစ်စဉ်လေးသွားပြောပြမိခဲ့ပါတယ်။
ဘကြီးက…
ကျမကိုမမေ့တတ်အောင်ဥပမာလေးတခုနဲ ့သင်ပြခဲ့ပါတယ်။
ဒီနည်းကတော့နောင်ကိုအသက်အရွယ်ကြီးပြင်းလာတဲ့
အထိပင်အကျိုးရှိကြောင်းတသက်တာပတ်လုံးနာယူမှတ်သားထားဘို ့အတွက်ဆိုပြီး
ပြောပြသင်ပေးခြင်းဖြစ်ပါတယ်။
ဘကြီးကပြတင်းတံခါးပေါက်တခုအနား၊ကျမကိုခေါ်ယူသွားပါတယ်။
ဘကြီးကိုယ်တိုင်ပြတင်းတံခါးနှစ်ချပ်ကို
လက်နှစ်ဖက်နဲ ့ဆွဲယူပြီးပြတင်းတံခါးပေါက်နှစ်ချပ်ကိုစေ့ယူလိုက်ပါတယ်…။
လက်တဖက်နဲ ့ပိတ်လို ့ရတဲ့ဗွန်တံလေးကိုမပါတယ်၊ပြီးရင်ဂျက်ပြန်ကျသွားအောင်
ဗွန်ကိုအောက်ချလိုက်ပါတယ်။ကျန်တဲ့လက်တဖက်ကနေပြီးတော့…
ပြတင်းတံခါးဆွဲစေ့ရင်ကိုင်ရတဲ့လက်ဆွဲရတဲ့ကိုင်းတံငယ်လေးကိုကိုင်ထားပါတယ်။
လုပ်သမျှအားလုံးတွေကိုအစအဆုံးတခုချင်းအလိုက်လုပ်ဆောင်နေတာတွေကို
စိတ်ထဲကနေမှတ်သားခိုင်းနေပါတယ်။
ပါးစပ်ကနေ ကိုယ့်နားအထိကြားနိုင်အောင်လည်းအသံအနည်းငယ်ထွက်ခိုင်းပါတယ်။
ပါးစပ်ကလည်းရွတ်ပေါ့နော်။ကိုယ်လုပ်ကိုင်ဆာင်ရွက်နေရတဲ့အရာမှန်သမျှတွေကို
စိတ်ကနေလိုက်ပြီးမှတ်သားခိုင်းတဲ့အလေ့အကျင့်မျိုးပြုလုပ်ခိုင်းတာပါ။
တစ်လလောက်လုပ်ကြည့်ရင်သတိမေ့လျှော့မှုတွေမရှိတော့ပဲ
မှတ်ဉာဏ်အားပြန်ကောင်းလာနိုင်စေတယ်လို ့ပြောပြခဲ့ပါတယ်။
အလေ့အကျင့်လုပ်ယူဖို ့သင်ပေးခဲ့ပါတယ်။
သတိမှတ်ဉာဏ်ပြန်အား
ကောင်းစေနိုင်တဲ့ပဲတီပင်ပေါက်၊မြင်းခွာရွက်တွေများများစားပေးဖို ့လည်းပြောပြခဲ့ပါတယ်။။
Nyein Nyein
July 14, 2012 at 9:55 am
အန်တီအေးရေ………… နည်းလမ်းကောင်းလေးအတွက် ကျေးဇူးပါနော်။ အလေ့အကျင့်လေးလုပ်ကြည့်ပါမယ်။
ကိုပေါက်(မန္တလေး)
July 14, 2012 at 8:47 am
မာမီရေ
ကျနော်သူငယ်ချင်းကတော့ သူမိန်းမကို ဈေးပို့ထားခဲ့ပြီး ပြန်ကြိုဘို့မေ့နေသတဲ့။
တစ်ယောက်ကတော့ ထူးဆန်းတယ် သူ့ဆီကပိုက်ဆံချေးမိရင် ဆပ်ပြီးတာကို
အကြွေးထပ်ထပ်တောင်းတာမာမီရယ်။
ကျနော်လဲ ဘယ်အချိန်မှာ အမေ့တွေစမလဲလို့ ရင်မောမောနဲ့စောင့်နေပါ၏
water-melon
July 14, 2012 at 9:22 am
လေးပေါက်ချင့် သူများတွေကို မေ့ချင်မေ့ပါ
အနော်ကိုတော့ မမေ့ပါနဲ့နော်
ဆရာမကြီးလည်း မမေ့ပါနဲ့နော်
ဆရာမကြီး ဒီထက်မက အသက်ရှည်ပါစေ
Foreign Resident
July 14, 2012 at 9:02 am
” ဒါထက် ဂဇက်ရွာသူကြီး ဘယ်သူ ??? ။ အော် ကိုခိုင် ။
ဒီလူက ဘာပြုလို့များ ဒီဝင်ခွင့်နံပါတ်ကို အရှည်ကြီးလုပ်ထားပါလိမ့်လို့
တွေးနေမိသေးတယ်တော့ ”
တီချယ်နုရယ် ၊ အဘလဲ နားမလည်တော့ပါဘူး ။
ဒီ ဂဇက် ဝင်ခွင့်နံပါတ်က ကိုယ့်ဖာသာကိုယ်ပေးတာ မဟုတ်ဘူးလား ။
အဘ လည်း မမှတ်မိတော့ပါဘူးကွယ် ။
ကြောင်ကြီး
July 14, 2012 at 9:10 am
မေ့ပါများ
ညဏ်ကောင်း၊ (ကောင်း – cow – နွား)
ဖက်ပါများ
ရိုးသွား၊
ကြက်ပါများ
ဈေးကျ၊
မလုပ်
မရှုပ်
မပြုတ်
ဆောင်ပါလေ
‘မ’သုံးလုံး
အခြားဘာမှ
လုပ်ဖို့မလို……………………….။
Nyein Nyein
July 14, 2012 at 9:54 am
တီချယ်ကြီးရှင့်………………. မေ့တတ်တာကတော့ အသက်ကြီးမှမေ့တတ်တာမဟုတ်ဘူး။ အသက်ငယ်တဲ့လူတွေလည်း မေ့တတ်တယ်ဆိုတာကို အပြည့်အဝလက်ခံပါတယ်ရှင့်။ ငြိမ်းဆို ခဏခဏ မေ့တတ်လို့ပါ။
မေမေက တစ်ခုခုလုပ်ဖို့ကို အိမ်ရှေ့မှာပြောလိုက်တယ်။ အိမ်နောက်ဖေးရောက်သွားရင် ဘာပြောလိုက်မှန်းမသိလို့ ပြန်ပြန်မေးရပါတယ်။
တတိယနှစ် စာမေးပွဲဖြေတဲ့ကာလအတွင်းမှာပေါ့ စာမေးပွဲပြီးလို့ အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ထမင်းမစားသေးဘဲ အရင်အိပ်ပါတယ်။ အမှန်ဆို အဲဒီ့နေ့က စာမေးပွဲနောက်ဆုံးနေ့ပါ။ အဲဒါကို အိပ်ရာက နိုးတော့ စာတွေပြန်ကျက်နေပါတယ်။ ပြီးတော့မှ ဒီစာတွေကို စာမေးပွဲမှာဖြေဖူးသလိုပဲဆိုပြီး စားပွဲရှေ့က စာမေးပွဲအချိန်စာရင်းကိုပြန်ကြည့်လိုက်၊ ပြက္ခဒိန်ကိုပြန်ကြည့်လိုက် လုပ်ပြီးမှ စာမေးပွဲပြီးနေပြီမှန်း သတိရလိုက်တဲ့အဖြစ်ပါ။ အဲဒီ့လိုမျိုး မေ့ပြီး လွဲတာတွေလည်း ခဏခဏပါပဲ။ မေမေကတော့ ပြောတယ်။ အဲလိုမေ့တတ်တာ သေချာဂရုမစိုက်လို့တဲ့ ဆိုပြီး အမြဲပြောလေ့ရှိပါတယ်။
မမ အညာသူ
July 14, 2012 at 10:24 am
အာ
ခုမှအမှတ်ရတယ်
အဆောင်မှာမီးပူတိုက်ပြီ မီးပလပ်ပေါက်မဖြုတ်ခဲ့မိဘူး
သေပြီဆရာ
မိုက်ကယ်ဂျော်နီအောင်ပု
July 14, 2012 at 10:47 am
ရဟန်းတို့ သင်တို့အား ယခု ( ငါဘုရား ) မိန့်မှာတော်မူခဲ့အံ့ ပြုပြင်ပေးရသော ရုပ်နာမ်ဓမ္မ သင်္ခ ါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ မမေ့သောသတိတရားဖြင့် ကိစ္စပြီးအောင် အားထုတ်ကြကုန်လော။
လို့တော့ မြတ်စွာဘုရားရှင်တော်မြတ်က ပရိတ်နိဗ္ဗာန်မပြုမီ အကျဉ်းခြုံးပြီး ဟောကြားတော်မူခဲ့ဒါဘဲ
……………………
တစ်ချို့မေ့တတ်တာတွေကတော့ အလေ့အကျင့်နဲ့ ဆိုင်မလားဘဲ
လူကြီးတစ်ယောက်တွေ့ဘူးတယ် တောသူဌေးကြီးတစ်ယောက်
မြို့ကိုပြောင်းလာတာ ရွာကနေ
ရွာမှာက ဖိနပ်စီးတဲ့အလေ့ကျင့်မရှိဘူး
မြို့ရောက်တော့ ဖိနပ်တွေဘာတွေနဲ့ပေါ့
ပြဿနာက တစ်အိမ်အိမ်ကိုသွားလို့ ပြန်လာတဲ့အခါကြရင် ဖိနပ်ပြန်ပါမလာဘူး
တစ်လောကတောင်သတင်းတစ်ပုတ် ဒီဆိုဒ်ထဲဘဲလားမပြောတတ်
ဝန်ကြီးတစ်ယောက်လားဘာလား အရက်ဆိုင်မှာ ကလေးမေ့ကျန်ခဲ့တယ်ဆိုတာလေး
တစ်ကယ်မေ့တတ်တဲ့လူကတော့
တစ်နေ့မှာပေါ့ လူတစ်ယောက်ဟာ မိန်းမခိုးလာပါသတဲ့ သူခိုးလာတဲ့ မိန်းမကလည်း
လင်နောက်လိုက်လာတာပေါ့
တစ်နေရာရောက်တဲ့အခါ စေတီတစ်ဆူကိုတွေ့ကြပါသတဲ့
နှစ်ယောက်စလုံး စေတီရှေ့ဝတ်ပြုဆုတောင်းကြပါသတဲ့
ဝတ်ပြုဆုတောင်းတွေပြီးတော့ နှစ်ယောက်စလုံး ကိုယ်အိမ်ကိုယ်အသီးသီးပြန်ကြပါလေရော
အိမ်ရောက်လို့အိမ်ကလူတွေကမေးတယ် ဘယ်ကပြန်လာသလဲဆိုတော့မှ
တစ်ယောက်က မိန်းမခိုးခဲ့တာ မိန်းမမေ့ကျန်ခဲ့တယ်
တစ်ယောက်ကလည်း လင်နောက်လိုက်သွားတာ လင်ကိုမေ့ကျန်ခဲ့တယ်
မိုက်ကယ်ဂျော်နီအောင်ပု
July 14, 2012 at 10:50 am
ဪ အဲ့ဒါက ဒီပို့စ်ကိုဖတ်ကြည့်မိပြီးမှ
ကိုယ့်ဖာသာ လုပ်ကြံပြီးဇာတ်လမ်းရေးလိုက်တာ
ဒါကြောင့် ဒီအကြောင်းကို အခြားနေရာမှာသုံးရင်
ကျုပ်ကို အကြွေးပေးရမည်ဖြစ်ဘာဂျောင်း
ကွိကွိ
TTNU
July 14, 2012 at 10:52 am
မောင်ပေရေ…
(မမေ့ချင်တဲ့ အကြောင်းအရာမေ့လို့မဖြစ်တဲ့ အကြောင်းအရာ)
ဆိုတော့… မေ့ချင်တဲ့ အကြောင်းအရာနဲ့
မေ့ပစ်လိုက်လို့ ဖြစ်တဲ့ အကြောင်းအရာတွေ
ရှိနေသေးတယ်ပေါ့နော်။
🙂
မအေးကေရေ…
ဒီနည်းမျိုးလေး ကျွန်မလည်းသုံးကြည့်ဖူးတယ်။
ထိရောက်မှုရှိပါတယ်။
ကလေးတွေ နာမည်မေ့တဲ့ကိစ္စ ကိုတော့
မရဘူးကွယ်။
🙂
အော်မေ့ပြန်ပြီ၊ မအေးကေရေ Best Comment ရွေးမယ်နော်။
ကိုပေါက်ရေ..
(ကျနော်လဲ ဘယ်အချိန်မှာ အမေ့တွေစမလဲလို့ ရင်မောမောနဲ့စောင့်နေပါ၏)
မစောင့်နဲ့၊ သွားနှင့်။ နောက်ကလိုက်လာလိမ့်မယ်။
🙂
ဖရဲရေ…
ချစ်စဖွယ်ဆုတောင်းလေးကို
ငါ့သားမောင်ဖရဲလည်းပြည့်ပါစေကွယ်။
🙂
ကိုဖောရေ…
မျက်စိလည်အောင်မလုပ်နဲ့နော်။ 🙄
MG ဝင်လိုက်တော့ mail ကနေ PW ပို့ပေးတာလေကွာ။
တီချာမေ့တတ်ပေမဲ့ ဒါကိုမှတ်မိတယ်။ ဘာပြုလို့လဲဆိုတော့
တီချာ့PWကဖွင့်မရလို့ admin ကို ထပ်မေးခဲ့ဖူးလို့။
🙂
MaMa
July 14, 2012 at 10:55 am
တီချာကြီးရေ-
ဒီပိုစ့်ကမှာလည်း တမျိုးသင်ပေးထားတာပဲ။
ကျမတို့အဖေက သတိသိပ်ကောင်းတယ်။
မေ့တတ်ရင် အရမ်းစိတ်ဆိုးတယ်။
ကျမကတော့ ဘာမှ မှတ်မှတ်ရရ မလုပ်တတ်ဘူး။
သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ မွေးနေ့တွေ အမှတ်တရနေ့တွေ ဘာမှ မမှတ်မိဘူး။
ပစ္စည်းတခုကို ကိုင်ပြီး ချချင်တဲ့နေရာချမိ၊ ပြီးမှ ပြောင်းဆန်အောင်ပြန်ရှာ။ [:(]
အလုပ်လုပ်တဲ့အခါကျတော့ ကိုယ့်မေ့လျော့မှုကနေ တန်းဖိုးတွေ အများကြီး ပေးဆပ်ရမယ်ဆိုတာ သိနေတော့ သတိထားလုပ်ရင်းကနေ အရေးကြီးတာဆို မမေ့တော့ဘူး။
ကျန်တာတွေကတော့ ထုံးစံအတိုင်းပဲ [;)]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
ဘဲဥ
July 14, 2012 at 11:04 am
သိသလောက်လေး ဝင်ဖောလိုက်အုံးမှ ဟိဟိ
မေ့လျှော့တယ်ဆိုတာက ကိုယ့်ရဲ့ စိတ်ကို လွှတ်ထားတဲ့ အချိန်မျိုးတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။
အသိ သတိတရား ကို သေချာအာရုံစိုက်ပီး သတိတရားလက်ကိုင်ထားရင် မေ့တတ်တဲ့ အကျင့်ကို ပြင်လို့ရပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်ပါပဲ ၊ စိတ်ကသာ အရေးကြီးတာပါ ၊ သတိမလွတ်ပါစေနှင့် ။
Khaing Khaing
July 14, 2012 at 11:16 am
မုန်းမုန်းမေ့မေ့ မုန်းမေ့ပြီးလားလို့မေးချင်တယ် ……….
မင်္ဂလာပါဆရာမ သမီးကိုမှတ်မိလားဆရာမ …….
မေ့တတ်တာသမီးလည်းပါပါတယ် ဆရာမ သမီးလေ အခုဆို သမီးငယ်ငယ်တုန်းက သင်ခဲ့တဲ့ဆရာမတွေကိုတွေ့ရင် နံမည်မမှတ်မိတော့ဘူး …….. တစ်ခါတစ်လေ အလုပ်တစ်ခုလုပ်ဖို့ အဲဒီနေရာသွားတယ် ဘာလုပ်မယ်ဆိုတာမမှတ်မိတော့ဘူး အဲဒါပထမလုပ်မယ်ဆိုတဲ့နေရာကို ပြန်သွားမှမှတ်မိတော့တယ် ……….
ဆရာမနံမည်တွေမေ့တာသူငယ်ချင်းနံမည်တွေမေ့တာ ဘာကြောင့်မှန်းမသိပေမယ့် တစ်ခါတစ်ရံအလုပ် တစ်ခုလုပ်မယ် ပစ္စည်းတစ်ခုထားပြီးမေ့တာကတော့ အဲဒီအချိန်မှာ အဲဒီအလုပ်ပေါ်စိတ်မရှိပဲ တစ်ခြားနေရာ ကိုစိတ်ရောက်သွားလို့ဆိုတာတော့အသေအချာပါပဲ …….
TTNU
July 14, 2012 at 11:18 am
ကိုကြီးကြောင်ရေ…
မလုပ်
မရှုပ်
မပြုတ် … ဒီမသုံးလုံးလုပ်ကြည့်မယ်။
မဟုတ်ရင်တော့ ကိုကြီးကြောင်တာဝန်နော်။
သုံးဖို့မေ့သွားရင်တော့ တီချာ့တာဝန်။
🙂
ငြိမ်းရေ…
တီချာ့တပည့်လေးတစ်ယောက်ဒီလိုဖြစ်ဖူးတယ်။
ဆေးကျောင်းစာမေးပွဲ အချိန်စာရင်းကမနက်ဖြေရမှာ
သူကညနေမှသွားမိလို့ စာမေးပွဲမဖြေရတော့ဘူး။
နောက်တစ်နှစ်မှ အတန်းတက်ရရှာတယ်။
🙂
မမအညာသူရေ…
အရေးကြီးတယ်နော်။ မေ့မိတတ်သမျှတွေထဲမှာ
ဒါ အရေးအကြီးဆုံးပဲနော်။
🙂
ကိုပုရေ…
(မမေ့သောသတိတရားဖြင့်) ကျင့်ကြံအားထုတ်ဖို့ဘုရားဟောကြားခဲ့တာ
သိပ်အဓိပ္ပါယ်ရှိတာနော်။ ကျွန်မတို့တွေ ဒီပါရမီလေးမနည်းပြည့်အောင်
အားထုတ်နေရတာ။ မမေ့သောအသိ၊ သတိ စဉ်းစားသုံးသပ်ရင်းမေ့နေကြတာပါလား။
ကိုပုရေးတဲ့ စုံတွဲရဲ ့မေ့ချက်ကတော့ Guinness Record ဝင်လောက်ပါရဲ ့။
🙂
မမရေ…
သတိကောင်းတဲ့သူတွေက မေ့မေ့ရော့ရော့သူတွေကို အားမရကြဘူးလေ။
အလုပ်ထဲမှာဆိုရင် အစည်းအဝေးမှာ notes လိုက်မရေးတဲ့ ဝန်ထမ်းတွေကို
အမြဲသတိပေးနေရပါတယ်။ Book & Pen System ကိုထပ်ခါထပ်ခါပြောလည်း
ချမရေးတော့ ဘာတွေ အရေးကြီးတယ်ဆိုတာ ဝန်ထမ်းငယ်တွေ
အာရုံမထားကြတာတွေ့ဖူးတယ်ကွယ်။
🙂
မေတ္တာဖြင့်
TTNU.
TTNU
July 14, 2012 at 11:28 am
ဘဲဥရေ…
(အသိ သတိတရား ကို သေချာအာရုံစိုက်ပီး သတိတရားလက်ကိုင်ထားရင် မေ့တတ်တဲ့ အကျင့်ကို ပြင်လို့ရပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်ပါပဲ ၊ စိတ်ကသာ အရေးကြီးတာပါ ၊ သတိမလွတ်ပါစေနှင့် ။)
အားရှိသွားပါတယ်။ ဘုန်းတော်ကြီးတစ်ပါးလို အားပေးတတ်လိုက်တာ။
🙂
ခိုင်ခိုင်ရေ…
တီချာသမီးကိုသိတယ်။ ရခိုင်အလှူပုံထဲမှာတွေ့လို့ ကူးထားတယ်။
ဆရာ/မ နာမည်ေတွေကိုတော့တီချာဆိုမှတ်မိတုန်းပဲကွဲ့။
တီချာတို့ခေတ်တုန်းကတော့ ဆရာ/မ တစ်ယောက်ကို (၃)ဘာသာလောက်သင်တာ
ဆိုတော့ စုစုပေါင်းမှ သုံးလေးယောက်ထဲကိုး။ အခုခေတ်မှာတော့ (၆)ဘာသာအတွက်
ကျောင်းကဆရာ/မ (၆)ယောက်။ ကျူရှင်က(၆)ယောက် ။ဂိုက်က(၆)ယောက် ပေင်း(၁၈)
ယောက်လောက်ရှိတာကိုး။
🙂
မေတ္တာဖြင့်
TTNU
blackchaw
July 14, 2012 at 1:02 pm
တီချယ်ကြီးရေ..။
ကွန်းမန့်အပေးနောက်ကျနေတာ ခွင့်လွှတ်ပါခင်ဗျာ…။
pass word ဆိုလို့ မန်းဂဇက်ထဲ စဝင်ကတည်းက သုံးလာခဲ့တဲ့
ကျွန်တော့်ရဲ့ pass word လေး ဘယ်လိုဖြစ်သွားတယ်မသိ…။
ဝင်လို့ မရတော့ ပါဘူးခင်ဗျာ…။
အဲဒါနဲ့ pass word အသစ်တစ်ခု ပြန်ပြောင်းလိုက်ရပါတယ်။
အဲဒါတောင် ရွာသားညီငယ်တစ်ယောက်ရဲ့ အကူအညီကြောင့်
အဆင်ပြေသွားတာပါ။
၄ဝ ကျော်လာတော့ အရမ်းမေ့တတ်လာပါတယ် တီချယ်ကြီးရေ…။
ကားထဲမှာ သော့တန်းလန်းကျန်ကျန်နေလို့ ကုလားခေါ်ပြီး ဖွင့်ရတာလည်း
တော်တော်များနေပါပြီ…။
တစ်ခါတစ်လေ အမြဲတမ်းတတ်ထားရတဲ့ မျက်မှန်ကိုတောင်
မေ့ပြီး မတတ်ဖြစ်ဘဲ အိမ်အောက်ရောက်မှ အပေါ်ပြန်တက်ရတာလည်း ခဏခဏပါပဲ…။
ဆိုတော့
မေ့တတ်လာသူများ စာရင်းထဲ
ကျွန်တော်လည်းပါတယ် ဆိုတဲ့ အကြောင်း…။
အလင်းဆက်
July 14, 2012 at 6:35 pm
တီတီနုရေ…
မမေ့မလျော့…ဖတ်ရှု သွားပါပြီခင်ညာ…
pooch
July 14, 2012 at 6:40 pm
တီချယ် ဘယ်သူ့ကိုမေ့မေ့ ဘာတွေကိုပဲ မေ့မေ့ အနော့်ကိုတော့ မေ့လို့မရဘူး မလား ။ ဟုတ်တယ်ဟုတ်…
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 14, 2012 at 6:46 pm
တခါတလေတော့လဲ မေ့တတ်လွန်းသူတွေထဲ ကိုယ်လဲပါနေတယ် တီချယ်ရေ။
ဦးဦးပါလေရာ
July 14, 2012 at 7:35 pm
တီချာရေ-
မေ့တဲ့အကြောင်းရေးတော့ ကျွန်တော့ကို တည့်တည့်မှန်တော့တာပဲ…
ကျွန်တော်ကတော့ မေ့တဲ့နေရာမှာ ပြိုင်ဘက်ကင်းသလောက်ပါ..။
လမ်းသွားရင်း သွားရမယ့်နေရာကိုမေ့ပြီး အိမ်ပြန်လာရတာလဲ ခဏခဏ..။
ဘတ်စ်ကားစီးရင်လဲ ဆင်းမယ့်နေရာကိုမေ့ရတာနဲ့ ၊ ဆင်းနေကျမှတ်တိုင်မှာ မေ့ပြီးဆင်းမိတာနဲ့
သွားချင်တဲ့နေရာကိုတော်တော်နဲ့မရောက်နိုင်ဘူး..။
တခါတလေတော့ ထမင်းမစားရသေးတာကိုမေ့ပြီး နပ်ကျော်သွားတတ်တယ်..။
အဆိုးဆုံးကတော့ လူတွေကိုမေ့တာပဲ တီချာရေ-
လူတွေကိုမှတ်မိပြန်တော့ နာမည်တွေကိုမေ့ပြန်ရော-
အဲဒါနဲ့ပဲ မိတ်ပျက်ရပေါင်း၊ နာမည်ပျက်ရပေါင်းလဲ များပါပြီ..။
ဒီလဆန်းကတည်းက လုပ်စရာတွေကိုမေ့ပြီး
ကိုယ့်ကိုယ်ကို တော်တော်သက်တောင့်သက်သာရှိတယ်ထင်နေပြီး ဝမ်းသာနေမိတာ
တနေ့ကမှ မေ့သွားတဲ့လုပ်စရာတွေကို စုပြုံပြီး ပြန်သတိရသွားလို့
အခုတော့ .. ဒေါင်ချာကို စိုင်း… လို့… 🙁
King of Secrets (Bo Min)
July 14, 2012 at 7:49 pm
ခဏခဏမေ့တယ်ဆိုတော့ အယ်လ်ဇိုင်းမားရောဂါများလား
နွေဦး
July 14, 2012 at 7:57 pm
ဘာပြောမလို့ပါလိမ့်
ပြောမဲ့စကားမေ့သွားပြီ ..အစကပြန်ဖတ်လိုက်အုံးမယ်နော်…..
(အစကပြန်ဖတ်ပြီး)..
ဟားဟား သတိရပြီ..
မေ့တဲ့အကြောင်းပြောနေကြတာကိုး…
ဆောရီးပါ.. ကျွန်တော်ပြောမဲ့အကြောင်းမေ့သွားလို့..
နောက်ကြုံမှပြောတော့မယ်နော်….
TTNU
July 14, 2012 at 11:05 pm
ကိုချောရေ…
(မေ့တတ်လာသူများ စာရင်းထဲ
ကျွန်တော်လည်းပါတယ်)
ကိုချောတို့က ငယ်လည်းငယ်သေး၊
ဉာဏ်လည်းထက်နေသေးတဲ့ အရွယ်ပါကွယ်။
🙂
အလင်းဆက်ရေ…
ကျွန်မသေချာအောင်မေးတာပါ၊ စိတ်တော့ မရှိပါနဲ့နော်။
ဗုဒ္ဓဘာသာ ဆိုက်တစ်ခုမှာ အလင်းဆက်ဆိုတဲ့ profile name တစ်ခုတွေ့မိလို့
အဲဒီတစ်ယောက်လားဟင်။
🙂
မပုချ်ရေ…
စိတ်ချထားပါကိုယ့်လူရေ၊
မေ့သွားလည်း မမုန်းပါဘူး။
🙂
ကိုထွဋ်ရေ…
အဖွဲ့ဝင်ဖြစ်သွားပြီလား။
🙂
ကိုပါရေ…
ကျွန်မတို့ အသက်ကြီးလာတဲ့အခါ ဘဝချိုချိုခါးခါး ရသာစုံကြုံလာရလေတော့
တစ်ခါတစ်လေ မေ့ပစ်လိုက်ချင်တာတွေ အများကြီးရှိပါတယ်။
ဒီလိုနဲ့ မေ့တတ်သွားတာလည်း ကျွန်မ အတွေ့အကြုံတစ်ခုပါရှင်။
🙂
နွေဦးရေ..
သတိရမှပြန်ဆုံကြမယ်နော်
🙂
မေတ္တာဖြင့်
TTNU
Crystalline
July 15, 2012 at 10:47 am
တီချယ်ကြီးရယ် သမီးကတော့ငယ်ငယ်ရွယ်ရွယ်နဲ့မေ့တတ်တာလွန်ရောဖြစ်နေလို့စိတ်ညစ်နေတယ်.. ရာဟူးတို့ စကိုက်ပ်အကောင့်တွေလည်းမဖွင့်တာကြာရင် ပါ့စ်ဝေါ့မေ့.. အသိတယောက်အကြောင်းပြောမယ်ဆိုရင်နာမည်မေ့. စာအုပ်ထဲရေးမှတ်ထားလည်း ရေးထားတဲ့စာအုပ်ပြန်မတွေ့..သော့ပျောက်လို့ဒေါင်းတောက် အောင်ရှာရတာလည်း မကြာခဏ… နောက် ၁ဝနှစ်များဆိုရင်တော့ဘယ်လိုနေမလဲမသိဘူး 🙂
ကိုပေါက်(မန္တလေး)
July 15, 2012 at 4:27 pm
တီချယ် ဘယ်သူ့ကိုမေ့မေ့ ဘာတွေကိုပဲ မေ့မေ့ အနော့်ကိုတော့ မေ့လို့မရဘူး မလား ။ ဟုတ်တယ်ဟုတ်…
ချွဲမနေနဲ့………………………………
Shwe Ei
July 15, 2012 at 5:23 pm
တီချယ်ရေ ကျမလဲမေ့တတ်လွန်းပြီး အလုပ်ပါထိခိုက်တာကြောင့် လုပ်စရာရှိတဲ့အကုန်လုံး ဖုန်းနဲ့မှတ်ပြီး အလမ်းပေးထားရပါတယ်။ ပြီးရင် ဖုန်းထဲမှာဘာမှတ်ထားလဲအမြဲတမ်းပြန်စစ် မေ့သွားတေ့ာလဲ အလမ်းမြည်သံကြားရတော့သတိပြန်ရနဲ့ တချိန်လုံးအလမ်းမြည်သံဘဲကြားနေရတော့တာပါဘဲ။ 😀
မဟာရာဇာ အံစာတုံး
July 15, 2012 at 9:03 pm
တီချယ်ကြီး ခင်ဗျား …
မေ့တတ်တဲ့ အကြောင်းပြောမှ
ကျနော်လည်း ဘယ်လိုဖြစ်တယ် မသိပါဘူး ..
ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်လိုက်တာလည်း လွန်ပါရော ..
ဒါကို မှတ်ဉာဏ် မကောင်းဘူးလို့ ပြောရမလားပဲဗျာ …
အရင်က အဲ့လောက် မမေ့တတ်ဘူးဗျ ..
ဉာဏ်ကောင်းတယ်လို့တောင် ပြောလို့ရသေးတယ် .. အဟီးးးးးး 😀
ခု ခဏလေးနဲ့ မေ့မေ့သွားတတ်လို့ ..
တီချယ်ကြီး ပြောသလို လက်ကို ကြိုးချည်ထားလိုက်ရင် ကောင်းမလားပဲ …
TTNU
July 15, 2012 at 9:35 pm
Crystalline ရေ…
အဲဒါ တီချာပြောသလိုပဲ ခေတ်သစ်လူနေမှုဘဝကြောင့် ထင်ပါရဲ ့နော်။
🙂
ကိုပေါက်ရေ…
ဘယ်သူ့ ကို စောင်းပြောတာပါလိမ့်။
🙂
ရွှေအိရေ…
နည်းပညာတွေကြောင့်မေ့တာကို နည်းပညာနဲ့ ပြန်သတိရစေတာပေါ့နော။
🙂
မောင်အံစာရေ..
ပြီးတော့မှမေ့ပြီး ငါ့လက်ကကြိုးကဘာအတွက်ချည်ထားမိပါလိမ့်ဆိုပြီး
ဆွဲဖြေမိနေဦးမယ်။
🙂
မေတ္တာဖြင့်
TTNU
nozomi
July 15, 2012 at 9:46 pm
တီချယ်ကြီးတို့လို ငါးဆယ်ကျော် မပြောပါနဲ့
အနော်တို့လို နှစ်ဆယ်ကျော်လေးတွေတောင် မေ့တတ်တာကတော့ ခဏခဏပါပဲ
နာမယ် တွေကတော့ အဆိုးဆုံးပဲ
ကိုဘဲဥ ပြောသလို အသိ သတိလေး ကပ်နေရင်တော့ အမေ့လျော့မယ်ထင်ပါတယ်
မေ့တတ်တာကို ကောင်းတဲ့ ဘက်က တွေးကြည့်ရင်
( မှန် မမှန်တော့ မသိဘူး ကိုယ့်ဘာသာတွေးကြည့်တာ)
ဥဏှောက်ဆိုတာလဲ ကွန်ပျူတာတွေ ရဲ့ မှတ်ညဏ်လို နေရာ အကန့်အသတ် ရှိမယ်ထင်တယ်
ကွန်ပျူတာ မှာက နေရာ မဆန့်တော့ရင် မလိုချင်တာကို ဖျက်ပစ်လိုက်လို့ရတယ်
လူ မှာက အဲဒီလို လုပ်လို့ မရဘူး
ဥပမာ နှစ် ငါးလီ တစ်ဆယ် ဆိုတာ မမှတ်ချင်တော့ဘူး မေ့လိုက်ချင်တာ ဆိုလဲ မရဘူး
မကြိုးစားဘဲ အလိုလို မှတ်မိနေတယ်
မေ့တတ်တာကတော့ ဥဏှောက်နေရာပို ထွက်လာအောင် သဘာဝက ခဏလေး ဖျက်ပေးထားတယ်လို့များ ပြောလို့ ရမလားလို့ပါ
TTNU
July 15, 2012 at 10:10 pm
နိုဇိုမီရေ…
(၆၀)ကျော်ပါပြီကွဲ့။
မောင်ရင်ပြောသလိုပါပဲ မေ့ပြစ်ချင်တာတွေမမေ့နိုင်သေးတာကိုက
ဒုက္ခပေါ့ကွယ်။
မှတ်မိနိုင်စွမ်းကုန်သွားတာကလည်း နောက်တစ်ဒုက္ခပေါ့နော်။
တီချာတို့ အခုပြဿနာက မေ့တေ့တေ့ ဖြစ်နေတာ။ သိသလိုလို
မသိသလိုလို….
P chogyi
July 16, 2012 at 6:08 pm
ကျွန်တော်အစ်ကို တစ်ယောက်မေ့တတ်ပုံက
ဈေးကိုလင်မယားနှစ်ယောက်အတူသွားပြီး
သူ့မိန်းမဈေးဝယ်တာကို လက်ဖက်ရည်သောက်ရင်းထိုင်စောင့်နေတာ
လက်ဖက်ရည်ကုန်တော့ မိန်းမကိုမေ့ပြီး အိမ်ပြန်လာတော့
သူ့မိန်းမက စိတ်ကောက်ပြီး ညစာငတ်သွားတယ်(ထမင်း)
အလင်းဆက်
July 16, 2012 at 6:58 pm
တီတီနုရေ…
ကျွန်တော်က… FACE BOOK မှာ… အလင်းဆက် လို ့ နာမည် ပေးပြီး…ရေးနေတာပါ။
တခြား..ဆိုက် ..မှာတော့ မရေးဖူးပါဘူး။
ဓမ္မနဒီ..ဆိုတဲ ့..ဆိုက်နဲ ့တော့..အဆက်အဆံ..ရှီပါတယ် ။