တွယ်ညိတတ်သော (အပိုင်း ၂)
အပိုင်း(၃)
ဂီဂီ သို့ ဂျီမနဲ့ ဦးခိုင်
အဲဒီတုံးက ဂျီမက နှစ်ဆယ်စွန်းစွန်း၊ နယ်ကောလိပ်မှာတက်နေရင်း ကျောင်းတွေ ပိတ်သွားတော့ အိမ်ကအဒေါ်တွေနဲ့ရန်ဖြစ် ရန်ကုန်က အဖေ့အမျိုးတွေအိမ်ကို ရောက်လာပြီး သင်တန်းများတက်ဖို့လုပ်နေချိန်။ ဦးခိုင်က ဒေါ်လေးအငယ်ဆုံးရဲ့ ကျောင်းနေဘက်သူငယ်ချင်း၊ ဂျီမထက် ၁ဝ နှစ်လောက်တော့ကြီးမှာပေါ့။ ကျောင်း အပြီး ရန်ကုန်မှာ အိမ်ထောင်ကျနေတဲ့ အမတစ်ယောက်အိမ်မှာကပ်နေရင်း နိုင်ငံခြား အလုပ်ထွက်လုပ်ဖို့ ကြိုးစားနေသူ။ ရန်ကုန်မှာမကျွမ်းသော ဂျီမကို သင်တန်းတွေ လိုက်အပ်ပေး၊ ဟိုဟိုဒီဒီသွားချင်ရင်လိုက်ပို့ပေးဖို့ နယ်က အဒေါ်က အပ်ထားတာပါ။
“ဦးခိုင် သမီးကို ဒီနေ့ ကွန်ပျူတာသင်တန်းအသစ်တစ်ခု လိုက်ပို့ပေးဦးနော်”
“ဟိုနေ့က ပို့ပေးတဲ့သင်တန်းမှာ တက်နေပြီမဟုတ်လား ဂီဂီရယ်။ တစ်ခုပြီးမှ တစ်ခုတက်လေ။”
“အဲဒါပြောတာ နောက်တစ်နေ့သွားတက်တော့ အဲဒီက စာရေးမက သိပ်အချိုးမပြေဘူး။ သမီးကို နေရာရွေ့ခိုင်းတယ်”
“နေရာရွေ့ခိုင်းတာများဘာဖြစ်လို့လဲဂီဂီရယ် သင်တန်းတစ်ခုလုံးမှာ လူလေး ၁ဝ ယောက်လောက်ရှိတာ ဘယ်မှာထိုင်ထိုင် ဆရာ့အသံကြားရ သင်တာမြင်ရပါတယ်”
“အိုဘာဖြစ်ဖြစ် အဲဒီ့စာရေးမက သက်သက်ကြောတာ၊ သမီးအပြတ်ပြောခဲ့တယ်၊ နင် တို့သင်တန်းခွေးတောင်တက်မှာ မဟုတ်ဘူးလို့”
“ဟဲ့…ဟဲ့ အော် ဘာလို့ဒီလောက်စွာရတာလဲ၊ သူများတွေလဲတက်နေတာပဲ ဂီဂီရယ်”
“အို ဂီ့သူငယ်ချင်းတွေပါမတက်နဲ့ပြောပြီးခေါ်လာပြီ၊ မနောနဲ့ မယ်ပုလေ”
“ဒါဆို ဦးခိုင်က ဘာလုပ်ပေးရမှာလဲ”
“အဲဒီမှာ သင်တန်းကြေးကသွင်းပြီးသား ဦးခိုင်သွားပြန်တောင်းပေး၊ ပြီးရင် သမီးကို အခု မနောနဲ့မယ်ပုတက်နေတဲ့ သင်တန်းမှာလိုက်အပ်ပေး”
“သင်တန်းကြေးကသွင်းပြီးသားဘယ်ပြန်ယူလို့ရမလဲ ဂီဂီရဲ့”
“အို မသိဘူး ဦးခိုင်ရအောင်ပြန်တောင်းပေး မရရင် အဲဒီသင်တန်းကို မီးတိုက်ပစ်မယ်။ မြန်မြန်လုပ်ပါ။ မနောနဲ့မယ်ပုက သင်တန်းစတက်နေပြီ သမီးနောက်ကျတော့မှာပဲ”
“သူတို့ကိုကော သင်တန်းပြောင်းတာ ပိုက်ဆံပြန်အမ်းပေးလား”
“မအမ်းပေးဘူး သူတို့က အစကထဲက ငွေမသွင်းရသေးတာ”
“အော်…အေးကောင်းတယ်…”
နောက်ဆုံးတော့ ပြန်အမ်းမပေးတဲ့ သင်တန်းကြေးက ဦးခိုင်အိပ်ပြားပြားလေးထဲ ကပဲ စိုက်ပေးပြီး မယ်မင်းကြီးမကို နောက်သင်တန်းတစ်ခုလိုက်အပ်ပေးရတာပေါ့။ အင်း ဒီလတော့ လလယ်လောက်ရောက်ရင် အမနဲ့ယောက်ဖဆီက မသထှာရေစာ လေးပဲကပ်ပြီး……
———————————-
“ဟော ဦးခိုင်လာပြီ သမီးမှာတာပါလား ဦးခိုင်”
“ဂျီမရယ် ဦးခိုင်က ရုံးတက်ရမှာကို မနက်စောစောစီးစီး ဘာတွေမှာထားပြန်တာလဲ”
“နယ်မှာတုံးက မုန့်ပြားသလက်စားရတယ် အခုရန်ကုန်ရောက်မှမစားရတာ ဦးခိုင်က သူတို့အင်းစိန်ဘက်မှာရောင်းတယ်ဆိုလို့မှာထားတာ”
“တော်တော်အရေးကြီးတဲ့ကိစ္စပဲ ဂျီမရယ်၊ ကဲသွား ဟင်းချက်ဖို့ဆီမရှိဘူး ဆီငါးဆယ် သားလောက် ဈေးမှာသွားဝယ်ပေး၊ နင့်ဒေါ်လေး ဒီနေ့နေသိပ်မကောင်းလို့ ထပ်မသွား နိုင်တော့ဘူး”
“ဟာ မသွားချင်ပါဘူး၊ ဒေါ်လေးနေမကောင်းလဲ ခဏပဲဟာ လွတ်လိုက်ပေါ့”
“ဟဲ့ နင်ဘာစကားပြောတာလဲ၊ နင်လဲဒီမှာစားနေတာပဲမဟုတ်လား”
“အမလေး ထမင်းလေးကျွေးရတာ ရေးကြီးခွင်ကျယ်လုပ်လို့ နယ်မှာလာတုံးကတာ့ ဒီအချိုးတွေမဟုတ်ပါဘူး”
“နင်လူကြီးကို မမိုက်ရိုင်းနဲ့ ဂျီမ ငါတို့နင့်အဖေ အမေမျက်နှာနဲ့သည်းခံနေတာ။ ဘယ် တစ်ခုမှအချိုးမပြေပဲ သူများအိမ်ထိုင်ပေါ်ကျော့ စားချင်လို့ဖြစ်မလား”
“သိပါတယ် နောက်ဆုံးတော့ ရန်ကုန်ကလူတွေ ငွေမက်မှန်းသိပါတယ်”
အဖွား၏ညီမ အဖွားငယ်မှာ မျက်ရည်များဝဲလာသည်အထိဒေါသထွက်လာတော့ မဟန်တော့မှန်းသိသည့် ဦးခိုင်ကြားဝင်ရတော့သည်။
“ဂျီမ လူကြီးကိုခံမပြောရဘူးလေ တောင်းပန်လိုက် ဖွားငယ်ကို၊ ပေးပေး ကျွန်တော် ဆီသွားဝယ်ပေးမယ်”
“မောင်ခိုင်က ရုံးသွားရမှာကိုကွယ် ဒီကောင်မလေးမသိတတ်တာ တစ်နေ့ထက် တစ်နေ့ ပိုပိုဆိုးလာတယ်”
“ရတယ် ရတယ် ဖွားငယ် ကျွန်တော့ရုံးကစောသေးတယ်”
အထပ်ခိုးကို ခြေဆောင့်တက်သွားသော ဂျီမ အပေါ်ရောက်တော့ လှမ်းအော်လိုက် သေးတယ်…
“ဦးခိုင် သမီးကို ညနေ စပီကင်သင်တန်းလိုက်ပို့ပေးရဦးမှာနော်”
ဆီပုလင်းလေးပိုက်ပြီး ဈေးကို အမြန်ပြေးနေသော ဦးခိုင်ကတော့ ရုံးရောက်ရင် အတားခံရမဲ့ မင်နီတွေကော “မင်းတို့ကောင်တွေအဲဒါကြောင့်မကြီးပွားတာ” ဟု သူများကို နစ်နစ်နာနာ တစ်တစ်ခွခွပြောတတ်လွန်းသော မန်နေဂျာမျက်နှာက တစ်ဝဲဝဲ….
အပိုင်း (၄)
ဂျီမ သင်တန်းတွေပြီးလို့ အလုပ်လျှောက်မယ်ဆိုပြန်တော့လဲ ဦးခိုင်မှာမသက်သာပါ။
တစ်ခါသာကေတမှာ အလုပ်သွားလျှောက်တာ ဦးခိုင် ရုံးကခွင့်ယူပြီး လိုက်ခဲ့ပေးရ သည်။ မြို့ထဲမှသာကေတကို ကားစီးပြီး အင်တာဗျူးမှာပါ အချိန်ကြာတာပေါင်းပြီး အပြန်မှာတော့ ဂျီမ မျက်နှာစူပုတ်ပြီး ဇာတိကပြလာသည်။
“သမီးအပြန် ဘတ်စ် မစီးနိုင်တော့ဘူးဦးခိုင် သမီးကို ပိုက်ဆံနှစ်ထောင်လောက် ပေးလိုက် သမီးမနက်ဖြန်မှပြန်ပေးမယ်၊ တက်စီငှားပြီးပြန်တော့မယ်၊ ဦးခိုင်လဲ ကိုယ့် ဟာကိုယ်ပြန်လိုက်တော့”
တကယ်ပင် နှစ်ထောင်ထဲပါသော သူ့အိတ်ထဲမှပိုက်ဆံကို ယူပြီး တက်စီငှားကာ ဂျီမပြန်ချသွားသည်။
ဦးခိုင်ကတော့ အပြန်ကားတွယ်စီးရင်း လက်တို့တောင်းရင် ရှက်ဖို့ကောင်းတယ်နော် ဆိုသည့် စပယ်ယာစကားကို မျက်နှာပူပူနှင့် မသိချင်ယောင်ဆောင်ပြန်ခဲ့ရသည်။
အိမ်ရောက်တော့ အမက အိုးတွေဆေးပြီးမှောက်ထားပြီ။ ယောက်ဖမသိအောင် အသာ စားလို့ရတာလေးတွေလိုက်ရှာတော့ ခေါက်ဆွဲခြောက်တစ်ထုတ်တွေ့လို့ အား ရဝမ်းသာအယူ ……
“ဦးခိုင် အဲဒါသားမနက်ကျောင်းသွားရင် ပြုတ်ပြီးစားသွားမလို့”
အမသား-တူလေး၏ အသံကြောင့် မချိပြုံးပြုံးပြီး …..
“ဦးက သားကို စတာပါကွ”
ရူးချင်ယောင်ဆောင်ပြီး အသာပြန်ထွက်ခဲ့ရသည်။
အဲဒီနောက်တော့ ဂျီမရယ် သူ့သူငယ်ချင်းနှစ်ယောက် မနောနဲ့ မယ်ပုပါ ကန်ပနီ တစ်ခုမှာ အလုပ်ဝင်သွားကြသည်။
အကူအညီလိုရင် ဦးခိုင်ကိုအမြဲ သတိရတတ်သောဂျီမက အဲဒီ့ရုံးက တစ်ယောက်ကို ရင်ခုန်နေပါပြီဆိုတဲ့အခါ ဦးခိုင်ရင်ပူရတော့သည်။
တစ်နေ့ရုံးဆင်းချိန် ဦးခိုင်၊ ဂျီမ၊ မနော နဲ့ မယ်ပုတို့လက်ဘက်ရည်ဆိုင်မှာ…
“ဟဲ့ နောက်တစ်ခါလာရင် စိန်ပေါက်ဖော် ကိုပါခေါ်မယ်လေ”
ဂျီမအပြောကို မနောနဲ့ မယ်ပုမျက်စပစ်ပြလိုက်သည်။ မနေနိုင်သူ ဦးခိုင်က…
“ဘယ်က စိန်ပေါက်ဖော်လဲ”
“သမီးတို့ရုံးကပဲလေ ဟိုနေ့က ရုံးကို ကပ်စတန်မာ နိုင်ငံခြားသားတရုတ် တစ် ယောက်လာတော့ ဂျီမက အင်းဂလိပ်လို ထှော့ကျိုးထှော့ကျိုး ရှင်းပြနေတုံး ပေါက်ဖော်က တရုတ်လို ဝင်ရှင်းပြလိုက်တော့ အဆင်ပြေသွားတယ် အဲဒီမှာ ဒင်းက ကြည်ညိုနေတာ ပေါက်ဖော်ကို”
မနောက ဝင်ရှင်းပြလိုက်တော့ ဂျီမ ကြည်ညိုနေတဲ့ ပေါက်ဖော်ကို ဦးခိုင် အကြည်အညိုပျက်သွားသည်။
“ဂျီမက စပီကင်တွေတက်နေပြီး ဒီလောက်တောင် မပြောတတ်ဘူးလား”
“ဟာ… ဦးခိုင်ကလဲ သမီးက မပြောတတ်ပြောတတ်နဲ့ အဆင်မပြေဖြစ်နေတုံး ပေါက်ဖော်က သမီးကို မကြည့်ရက်လို့ ဝင်ကူညီ၊ ဘယ်လောက်ရိုမက်တစ်ဆန်လဲ ဟီး…ဟီး ဦးခိုင် အသာနေပါ”
တစ်ယောက်ထဲ ကမ္ဘာ့အပြင်ဘက်ရောက်သွားသလို ဦးခိုင်ရင်ထဲ…
ကိုယ့်ကို ရှိတယ်လို့တောင် မထင်ဘူးလား ဂျီမရယ်… အပြန်လမ်းမှာတော့ ပြောမထွက် တဲ့စကားလုံးတွေသယ်ပိုးပြီး…. တောက် ဒီနေ့ဘာလို့ပိုပူနေပါလိမ့်….
အပိုင်း (၅)
ကိုယ့်စိတ်ကို ကိုယ်ထိန်းပြီး ဂျီမဆီမရောက်ဖြစ်အောင်နေကာ နိုင်ငံခြားထွက်ဖို့ ကိစ္စ ကိုသာ အာရုံစိုက်နေလိုက်သည်။ ဒီကြားထဲ နယ်ကလဲပြန်ဖြစ်လိုက်တော့ ဂျီမဆီ လေးငါးခြောက်လ လောက်မရောက်ဖြစ်….
တစ်နေ့ ရုံးရောက်တော့ ရုံးရှေ့မှာ မျက်ရည်လေးအဝိုင်းသားနဲ့ ဂျီမကို တွေ့လိုက်တော့ ဦးခိုင်ရင်ထဲ ထိတ်ကနဲစိတ်ပူသွားသည်…
“ဂျီမ ဘာလာလုပ်တာလဲ၊ ဘာဖြစ်လို့လဲ”
“ဟီး… ဟီး သမီး အလုပ်ထွက်ခဲ့ပြီ ဦးခိုင်”
“ဟဲ့ ဟဲ့ ရုံးရှေ့မှာ ငိုကြီးချက်မ မလုပ်နဲ့လေ လာလာ ရုံးခန်းထဲဝင်”
ရုံးခန်းထဲခေါ်သွားပြီး ဖြစ်ကြောင်းကုန်စင်မေးရသည်….
“ပေါက်ဖော်မှာ မိန်းမရှိတယ်တဲ့ ဦးခိုင်ရဲ့၊ သမီးမှမသိတာ၊ မန်နေဂျာက သမီးကို ခေါ်ပြောတယ်၊ ဒီလို အိမ်ထောင်ရှိတဲ့သူနဲ့ ရှုပ်ချင်တဲ့သူရှိတာ ရုံးနာမည်ပျက် တယ်တဲ့၊ အဲဒါသမီးမန်နေဂျာနဲ့ ရန်ဖြစ်ပြီး အလုပ်ထွက်ခဲ့ပြီ”
“မနောနဲ့မယ်ပုရော”
“သူတို့ကတော့ အဲဒီရုံးမှာပဲထင်တယ် သမီးမသိဘူး.. သမီးသေချင်တယ် ဦးခိုင်”
ဂျီမကို လက်ဘက်ရည်မှာတိုက် ချော့မော့ပြီး ရုံးခန်းထဲထားခဲ့ခါ ဦးခိုင် အပြင်ထွက်ပြီး မနောနဲ့မယ်ပုဆီဖုန်းခေါ်ကြည့်သည်။
“ဘယ်လိုဖြစ်တာလဲ မယ်ပု ပြောပြပါဦး”
“ဒီလိုဦးခိုင်ရေ ပေါက်ဖော်က နဂိုထဲက မိန်းမရှိတာ သမီးတို့ကရောက်စဆိုတော့ မသိဘူးပေါ့၊ ဒီကြားထဲ ဂျီမနဲ့ပေါက်ဖော်က မားကတ်တင်း တစ်ဖွဲ့ထဲသွားကျတယ်။ ပေါက်ဖော်က အလုပ်မှာကြာပြီဆိုတော့ ဂျီမ အဆင်မပြေတာတွေပြပြပေးတယ်၊ ကြာတော့ ဂျီမသူ့ကို စိတ်ယိုင်လာတာသိတော့ ပေါက်ဖော်ကလဲ ပြန်ပြီး အီရင်းနဲ့ သူတို့က ဘယ်သွားသွားအတူတူနဲ့ သူများမျက်စိနောက်အောင်ဖြစ်လာတော့ မန်နေ ဂျာနားရောက်တာပေါ့။ ပေါက်ဖော်က လယ်တယ် အပေါင်းအသင်းလဲတတ်တော့ သူ့ကိုတော့လူမ မုန်းဘူးပေါ့။ ဂျီမကတော့ ရုံးမှာလူမုန်းများတော့ သူ့ပဲအားလုံးကဝိုင်း အပြစ်ဖို့ရင်း နောက်ဆုံး မန်နေဂျာက ခေါ်ပြောရတဲ့အထိဖြစ်သွားတာ။ သမီးနဲ့ မနော လဲ လကုန်ရင်ထွက်မှာ ဦးခိုင်။ သမီးတို့လဲ ဒီမှာ မပျော်တော့ဘူး…”
ဒီလိုနဲ့ ဂျီမရဲ့ ပထမဆုံးအသဲကွဲဇတ်လမ်းမှာ ဦးခိုင်၊ မယ်ပု၊ မနောတို့တွေ ဖေးမရင်း…
နိုင်ငံခြားထွက်ဖို့ရက်အတိအကျသိပြီး လေယာဉ်လက်မှတ်လေးလက်မှာကိုင်ရင်း ဦးခိုင် ဂျီမထံသို့ အနာဂတ်စိတ်ကူးပေါင်းများစွာချပြပြီး ရင်ဖွင့်တော့မယ်လို့ အလာ….
“ဦးခိုင် သမီးတို့အိမ်ကိုလာတာလား”
ဂျီမတို့လမ်းထိပ်အရောက် ကောင်လေးတစ်ယောက်နဲ့ လက်ခြင်းချိတ်ပြီးထွက်လာ တဲ့ဂျီမ….
“ဒီမှာလေ ဦးခိုင်ရဲ့ ဖရဲက ကွန်ပျူတာဒီဇိုင်း အိပ်စပတ်၊ ဒီလမ်းထဲကပဲလေ၊ သမီးက ကွန်ပျူတာ Basic ပဲတတ်တော့ ဒီဇိုင်းဆက်တက်မလားလို့ ဖရဲကလိုက်အပ်ပေးတာ၊ ပြီးရင် အလုပ်လိုက်ကူလျောက်ပေးဦးမှာတဲ့”
အပြန်လမ်းမှာတော့ လေယာဉ်လက်မှတ်လေး ထုတ်ကြည့်ရင်း ဦးခိုင်မချိပြုံး ပြုံးမိ သည်။
ဦးခိုင် ထွက်ခွာမည့်နေ့ လေဆိပ်ကို ဂျီမ နဲ့ ဖရဲ၊ မနော၊ မယ်ပုတို့လိုက်ပို့ကြပါသည်။
ဂျီမနဲ့ဖရဲ ကော်ဖီဆိုင်ဘက်ထွက်သွားတော့ မနောနဲ့ မယ်ပု ဦးခိုင်နား မျက်နှာတစ်မျိုးလေးတွေနဲ့ကပ်လာသည်။
“ဦးခိုင် သမီးတို့မေးစရာရှိလို့၊ စိတ်မဆိုးရဘူးနော်”
ဦးခိုင် ခေါင်းဆတ်ပြလိုက်သည်။
“ဦးခိုင် ဂျီမကို ဘာလို့အဲလောက်သည်းညည်းခံရတာလဲဟင်”
ဦးခိုင်မှာ အဖြေမရှိ….
“ဂျီမ ဒီလောက်ဆိုးတာ သူ့သည်းညည်းဦးခိုင် တစ်သက်လုံးခံနိုင်လို့လား”
“အခုကောမခံရလို့လား”
ဦးခိုင်ရယ် … မနောနဲ့ မယ်ပု ဦးခိုင်ကို သနားတဲ့မျက်လုံးလေးတွေနဲ့ကြည့် လိုက်သည်။
“ဒါပေမဲ့ ဦးခိုင် စိတ်မကောင်းမဖြစ်နဲ့နော် သမီးတို့ ရိပ်မိလို့ ဂျီမကို ပြောပြီးပြီ၊ နင့်ကို ဦးခိုက်က ချစ်နေတာထင်တယ်လို့၊ အဲလိုပြောတော့ ဂျီမရယ် လန့်ပြီးထအော်လိုက်တာ သမီးတောင်လန့်တယ်။ သူကပြောတယ် ဦးခိုင်ကို သူ့စိတ်ထဲမှာ လုံးဝဆွေမျိုးရင်းချာလိုပဲတဲ့ ဦးခိုင်လဲ သူ့ကို အလိုလိုက်နေတာအဲဒါကြောင့်ပဲလို့ပဲ သူ့စိတ်ထဲ စွဲနေတာတဲ့။ ဘယ်လိုမှ မရိုးမသားစိတ်ထားလို့မရဘူးတဲ့”
သက်ပြင်းချရင်း အဝေးက ပျော်ရွင်စွာလှမ်းလာတဲ့ ဖရဲနဲ့ ဂျီမကို လှမ်းကြည့်ပြီး …
“ကဲ ဦးခိုင်သွားမယ် ညည်းတို့သူငယ်ချင်းကို ဂရုစိုက်လိုက်ဦး၊ ဒီတစ်ခါတော့ မလွဲတော့ဘူးထင်ပါတယ်”
ဦးခိုင်၏ မရီရသောဟာသကို မနောနဲ့မယ်ပု အသံကြောင်စီစီလေးတွေနှင့် ရီလိုက်ကြသည်…
အို…ပါးပေါ်မှာ စိုစွတ်စွတ်နဲ့… ဘယ်ကရေတွေပါလိမ့်… ဦးခိုင် ချာကနဲလှည့် ထွက်ခွာလာခဲ့လိုက်တော့သည်…
“ဦးခိုင် သွားပီလား သမီးကိုစောင့်ဦးလေ”
ဂျီမအသံက နောက်တွင် တဖြည်းဖြည်းဝေးကျန်ခဲ့သည်…..
Goodbye Myanmar! Goodbye love!
30 comments
mamanoyar
July 24, 2012 at 1:37 pm
တိန် ဖတ်လို့ကောင်းလိုက်တာ
ဦးခိုင်သနားပါတယ်
ဂျီမအရမ်းဆိုးတယ်နော်
Wow
July 24, 2012 at 1:58 pm
အပြင်မှာဒီထက်ဆိုးတယ် မမနိုရာရဲ့…
အားပေးတာ ကျေးကျေးနော်…
မောင်ပေ
July 24, 2012 at 1:51 pm
အော်… အူးခိုင်
အူးခိုင်
အကြောင်းလဲ အခိမှသု ရတယ်
သူ ့ခဗျာ
ဂျီမ ရန်ကြောင့်မို ့
ဂျီမ နှိပ်စက်လွန်းလို ့
အမေရိကားမှာ သွားနေရရှာသကိုး
ဟီဟိ
Wow
July 24, 2012 at 1:56 pm
ကပေ ခံစားချက်ခြင်းတူလို့ ကိုယ်ဂျင်းစာနေဘီလား 😀
မောင်ပေ
July 24, 2012 at 2:02 pm
ဂျီလေး ကို ဂျီမကြဘို ့ဆိုရင်
မောင်ပေ ဂျစ်ပေးဖို ့အဆင်သင့်ဘာကွဝ်
Wow
July 24, 2012 at 2:16 pm
သုံးမိနစ်စောင့်ကပေ ဇတ်သိမ်းကျရင် ကပေနဲ့ပေါင်းပေးမယ်… 😛
ဘဲဥ
July 24, 2012 at 2:05 pm
ဇာတ်ရှိန်မြင့်လာဘီ အခုမှ ဟိဟိ
Wow
July 24, 2012 at 2:27 pm
ပေါက်ဖော်က ဘဲဥလို အကျင့်မကောင်းဘူး မိန်းမရှိရဲ့သားနဲ့။ သူ့ဆိုင်ရှေ့လာလာနေတဲ့ အရူးမကြီးလေ… 😀
ဒါထက် ဥဥ ကဘာတွေမန်းမှုတ်နေတာလဲ…
ဘဲဥ
July 25, 2012 at 2:24 pm
ဟုတ်တယ် ပြောပြလိုက်ဘာ ဝိုး…
ဘဲဥမှာ မိန်းမချိဒယ်လို့
အဲ့လို ကြေငြာထားတာကိုမှ တိုးဝင်လာရင် ဥဥလေးအပြစ်မဟုတ်ဘူးနော်၊ ဆွဲစိပစ်မှာဗျဲ။
သများတို့က ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်လေးဆိုဒေါ့ ထိခို်က်မခံနိုင်ဘူး
ကိုရင်မောင်
July 24, 2012 at 6:23 pm
သုံးမိနစ်စောင့်ကပေ ဇတ်သိမ်းကျရင် ကပေနဲ့ပေါင်းပေးမယ်…
…..ဟာ….ကိုပေတော့ဒီတခါကံစမ်းမဲ့ပေါက်ပဟ……….
မောင်ပေ
July 25, 2012 at 9:28 am
ကိုရင်မောင်ရေ
ကျုပ်တော့ gym မှာ အသဲအသန် ကျင့်နေပြီဗျို့
စာကိုပြန်ဖတ်မိတော့မှ
ဂျီမ က အနောက်သန်မယ့်သဘောလိုလိုနဲ့မို့
ဘာလာလာ
မောင်ပေကွ
ညှင်းညှင်း
Wow
July 25, 2012 at 9:58 am
ဂျီမ လင်ဘောက်သောက်ရပြီး ခလေးတစ်ဒါဇင်လောက်နဲ့ကျန်ခဲ့ရင် ကပေနဲ့ပေါင်းပေးမယ်…
ကပေ ကခွေးလွှတ်အနစ်နာခံချင်းများစွာနဲ့ …ဟီး… 😀
ဘဲဥ
July 25, 2012 at 11:34 am
တွေ့လား တွေ့လား
ဘဲဥကို ကြွေနေတဲ့သူ ရွာထဲမှာ ရှိတယ် သများကွန်မန့်တွေကိုပဲရွေးပီး အရောင်ခြယ်ပေးနေတာ
မသိစိတ်ကိုက ဥဥလေးကို စွဲလမ်းနေတာဟိဟိ
Solid_Sn@ke
July 24, 2012 at 2:07 pm
တိန်…
ကျုပ်ကို ..ဘွပြောင်းထားပါပေါ့လားဟားဟား..
အင်း … ပြောရရင် ..အဲ့လို သမာဒိပိုး ..တကယ် ကြုံဖူးတယ်…
ဇာတ်လမ်းထဲကလို အသက်တော့ မကွာဘူး..ကောင်မလေးကလည်း မဆိုးရှာပါဘူး ..
အကုန်လိုက်လုပ်ပေး အသေအကျေစောင့်ရှောက်…
အဲ… ကောင်မလေးကလည်း ရိပ်မိပါရဲ့…
ဖွင့်ပြောရင် လက်ခံဖို့ အခြေအနေတော်တော်လေး ကောင်းတာကို…
(တကယ်က ငတိက တချက်တည်းနဲ့ ပွဲသိမ်း ဆော်ချင်တာ…ညင်းညင်း..)
နောက်ဆုံးဇာတ်ပေါင်းတော့ ဘာဖစ်လဲ သိလား ..
အဟိ..
ကျုပ် ဖြတ်ခုတ်လိုက်တယ်…
Wow
July 24, 2012 at 2:19 pm
ဖြတ်ခုတ်လိုက်တော့ အခုတော့ မဟားဒယားမျက်ရည်ဒွေဖြစ်နေဘီပေါ့လေ…
ဟိုက ကျေးဇူးတင်ဇကားလာမပြောဘူးလား 😛
Solid_Sn@ke
July 24, 2012 at 2:21 pm
ဟင့်အင်း ပြန်ပေးလိုက်တာကြာပီ…
😳
ဂုဒေါ့ ဂုဒေါ့ .. မီးမှောင်မှောင် တံခါးဖွင့် ဝင်ရတုန်း..
:'(
pooch
July 24, 2012 at 3:39 pm
ဂျီမတို့က အဲ့လိုပါပဲ ။ ပိုင်ရှင် ရှိလားသိ မရှိလားသိ ကြိုက်ချင်ရင် ဇွတ် ။ တယောက်ထဲ ခံစား ပြီးရင် ငိုရင်းမတ်တပ် ရှေ့က ဖြတ်သွား တဲ့သူတွေ့ရင် သူက လှမ်းရင်ခုန်လိုက်သေးတာ။
ပြောရင်လည်း ပြောတဲ့သူ အလွန်ဖြစ်အုန်းမယ်။
ကြည့်ရတာ ဖရဲက ကလေးအဖေ ဖြစ်လောက်တယ်။
နောက်ပိုင်း တခုလပ်နဲ့ ညားမှာတောင် စိုးရတယ်။ 😀
Wow
July 24, 2012 at 4:16 pm
နောက်ဆုံးဇတ်သိမ်းသူနဲ့ညားအောင် ကပေက booking တင်ထားတယ် ပူချ်ရဲ့ 😀
ဒီတိုင်း ဘူမှမရှိတဲ့အိမ်ထဲ မီးဖွင့်ဝင်တာနဲ့ ဇတ်သိမ်းရင်ကောင်းမလား
😛
shwe kyi
July 24, 2012 at 4:01 pm
အော် ဂျီမ ဂျီမ…..။
အော် အူးခိုင် အူးခိုင်…..။
ဘာမှန်းတော့မသိဘူးဘယ်သူ့သနားရမှန်းမသိလို့ 😀
Wow
July 24, 2012 at 4:19 pm
စာအရှည်ကြီးရေးရတဲ့ Wow ကိုကော မသနားဘူးလားဟင် ရွေကြည်… 😛
kai
July 25, 2012 at 4:48 am
ဂျီမ.. ဂျီမ.. လို့ဘဝပြောင်းရေးထားတာ. သိနေတာမို့.. ဖတ်ပြီး..
သိပ်အရှိန်မတက်..
ဆိုတော့…
ဘယ်သူမှမရှိထဲ..အခန်းမှောင်မှောင်ထဲ.. မီးခလုပ်စမ်းအဝင်..
အထဲကသရဲ..ဂုတ်ချိုးသတ်လိုက်တာနဲ့.. ဇတ်သိမ်းပေးလိုက်.. 🙂
Solid_Sn@ke
July 25, 2012 at 6:57 am
အခုလေးတင် .. သဂျီးတို့ဆီရောက်နေတဲ့ ဘော်ဘော်တယောက် လက်တို့လို့..
တောက လက်ရေးအလွန်အင်မတန်လှတဲ့ ရည်းဇားဟောင်းလေး..
ယောက်ျားရပြီး ကိုယ်ဝန် ၅လ ဆိုတာ သိရလို့ …စိတ်ထိခိယက်နေတုန်း..
သရဲကိုက်ပီး သေခိုင်းတဲ့လူ ပေါ်လာတယ်.. အံ့ပါရဲ့…
သများဟာသများ အေးဆေး ဘစ်ဇနက် ဒူးနေတာ…
ဘွပြောင်းတဲ့လူ နဲ့ ..သေခိုင်းတဲ့လူနဲ့ …
ဟင့် ..
Wow
July 25, 2012 at 10:01 am
အားတင်းထားပါ ဒဂျီးနဲ့ ဂီမရယ် နောက်ပိုင်း ဒီဇတ်က လျှို့ဝှက်သဲဖို နိုင်ငံဒေါ်လုပ်ကြံမှုအထိပါအုံးမှာ…
🙂
မွန်မွန်
July 25, 2012 at 10:17 am
မျက်စိထဲမှာ မြင်ယောင်ပြီး အသံတွေတောင် ကြားမိလာသလိုပဲ… ဒီလိုနာမည်တွေ ထည့်ရေးထားတာတောင် တကယ့်အပြင်က ဇာတ်လမ်းလို ခံစားရအောင် ရေးထားတဲ့အတွက်..
Wow..Bravo!
Wow
July 25, 2012 at 12:47 pm
ဂယ်လားဟင် မွန်မွန်… 🙂
အားပေးတာ ကျေးကျေးပါ
စိန်ဗိုက်ဗိုက်
July 25, 2012 at 2:58 pm
ခွီး..ခွီး..ခွီး..
မန်နေကြာ အစုတ်ပလုတ် လုပ်တာနဲ ့ မိန်းမရှိတာ လူသိကုန်ပြီ
လုပ်စားလို ့မရတော့ဘူး..တောင်းပဲစားတော့မယ်..ဂိန်..ဂိန်..
Wow
July 25, 2012 at 3:32 pm
ကဗိုက်နော် အူးခိုင်က ကဗိုက်ကိုအကြည်အညိုပျက်နေဒါ… (ဇတ်ထဲမှာ) တော်ကြာကြယ်တစ်ပွင့် ပြန်နုတ်နေဦးမယ် 😀 😛 🙂
ဘဲဥ
July 25, 2012 at 3:10 pm
[:))][:-bd]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
eipu
July 25, 2012 at 3:42 pm
ဥယာဉ်မှုး တယောက် သူပြုစုပျိုးထောင်ထားတဲ့ပန်းလေးကို မခူးရက် မပန်ရက်ဘူး။
ဒါကြောင့် ဥယာဉ်မှုးတွေပန်းကောင်းမပန်ရပါ
Wow
July 25, 2012 at 5:15 pm
အုရင်မှူးကပန်းမခူးရက်တော့ သများက အမြစ်ကလှန်နုတ်သွားရော… 😛