သင်္ဂါရ စစ်မျက်နှာ
+ လောကဓံ ဦးတုန်းက
မော်ကြွားခဲ့ဖူးတဲ့
နှလုံးရင်လှိုင်းတွေကို
ငါ့ ပစ္စုပ္ပန်မှာ သယ်ဆောင်လို့
နစ်မွန်းမြုပ်ပိနေတဲ့
ပိတုန်းရောင် ညတွေအကြောင်း
သက်တန့်ရောင် ပစ်တာအိုထဲ
ပစ်ထည့် ဖောက်ခွဲ
လခြမ်းတွေ ခဏခဏ
ကြွေခဲ့ဖူးတယ် . . .။
++ ရွက်စိမ်းမှာသာ
တွဲလွဲ ခိုတတ်တဲ့
ကောင်းကင်မတင် မြေမကျ
နှင်းတစ်စက်
ရင်သွေ့ ငှက်တစ်ကောင်အတွက်
အသက်ဖြစ်ချင် ဖြစ်လိမ့်မပေါ့ . . .။
+++ တေလေ တစ်ယောက်ရဲ့
လေဖိအားနည်း ရပ်ဝန်းမှာ
လပြည့်ဝန်းလို မို့မောက်တဲ့
ရင်ခုန်သံတွေ ရုန်းကြွနေပါတယ် . . .။
++++ တစ်နင့်တစ်ပိုး ရှက်သွေးဖြာနေတဲ့
ပါးပြင်လေး . . .
စိုက်လိုက်မတ်တပ် ဆွဲငင်နေတဲ့
ဆံနွယ်လေးရေ့ . . .
တိမ်ခိုးမိုးပျံ ရေတံခွန်တစ်စင်းလိုလည်း
ရဲရင့်ရဲပါရဲ့ . . .။
+++++ ကံတရားဟာ
မရဏဖွား ရက်စွဲကလွဲလို့
ငါ့ဆီကို
သိုးကျောင်းသားတစ်ယောက်ရဲ့ ဂီတသံနဲ့
ဘယ်တော့မှ
အလည်လာလေ့မရှိဘူး . . .။
++++++ တအုံ့နွေးနွေး ဖြစ်နေတဲ့ စိတ္တဇဟာ
နေညိုချိန် ညနေခင်း ပုံဆောင်ခဲတွေမှာ
မျှော်ငေးခွင့်ကလေး ကလည်း
ရှိချင်သေး
လွင့်လွင့်ပါးပါး
အနစ်နာခံလိုသေး . . .။
+++++++ ငါ့ရဲ့
သာမိုမီတာလေးရေ့ . . .
ကိုယ့်အပေါ် တိုက်ခတ်လေသမျှ
မုန်တိုင်းများ
မင်းအပေါ် ကွင်းအောင်ပဲ
လိမ္မာရေးခြား ရှိနေရလေတော့
ငါ့ ကုသိုလ်ကောင်းမှုမှာ
မင်းကို ဖြားယောင်းလိုတဲ့
နာမဝိသေသနတွေ
နူးညံ့တိုးသက်လို့ နေပါရဲ့ . . .။
10 း 27
10 . ဩဂုတ် . 2012 သောကြာ။
8 comments
maung khinmin
August 11, 2012 at 9:17 am
ဆြာ ကမ်းက ..
တစ်ခါတစ်ခါ .. လွမ်းပြလိုက်တာ
ကဗျာလမ်းတွေလည်း ….
စိုလို ့…. စွတ်လို ့
surmi
August 11, 2012 at 9:56 am
ကိုကမ်းရေ
မခံစားတတ်သူလိုဟန်ဆောင်ပြီး ပြုံးလိုက်မဲ့လိုက်နေခဲ ့ရတာ
ကဗျာလဲဖတ်ပြီးရော
ငါလူတစ်ယောက်ဖြစ်နေသေးပါလားလို ့ သိလိုက်ရပြန်တယ်
တစ်ကြောင်းခြင်းဖတ်
တစ်ပိုဒ်ခြင်းဖတ်
အထပ်ထပ်ပြန်ဖတ်နေရဦးမှာပါ
ခံစားနားလည်မိပြီလေ
မောင်ပေ
August 11, 2012 at 10:19 am
တစ်ခါတုန်းက
မိတ်ဆွေဘော်ဒါတစ်ယောက်နှင့်အတူ
ရောက်တတ်ရာရာ
စကားတွေ
ခံစားချက်တွေ
ဖလှယ်ခဲ့ဖူးသည်
တစ်ခါတုန်းက
မိတ်ဆွေဘော်ဒါတစ်ယောက်
ဝါဒမကွဲပဲ
ပလိန်းအဆက်ပြတ်သွားသည်
တစ်ခါတုန်းက
သူ လဲ ကျောင်းမရှိ
ကိုယ် လဲ ကျောင်းမရှိ
အခုတော့
သူကျောင်းတက်နေပြီဖြစ်သည်။
ရဲစည်
August 11, 2012 at 3:26 pm
ဟေ့လူ
ဒီရက်ပိုင်း လခြမ်းတွေ ခဏခဏ သိပ်မကြွေနဲ့
ကျုပ်တံတွေး မမြိုရတဲ့ ရက်တွေကို ခင်ဗျားက ဆွဲဆန့်ချင်နေတာလား
သက်တန့်ရောင် ကောင်းကင်ရဲ့ ညဉ့်ဦး
ဩဂုတ်လရဲ့ တတိယပတ်ရက်နှောင်းမှာ
လင်းလက်ခြင်းပြည့်နေတဲ့ စတီးချိုင့်ကြီးနဲ့ အတူ
အောင်မြင်တဲ့ ချိုမြိန်ခြင်းတွေ အတူပါတဲ့
နံနက်ဦး သင့်ဆီ အမှီပို့ပေးမယ်
ဆမိုင်…… :mrgreen:
ဟာဂျီ ဇာကရီယာရဲဆီ
kotun winlatt
August 11, 2012 at 3:40 pm
ဟုတ်ဒယ်..ဟုတ်ဒယ်….
ဆရာကမ်းးးးလာလွမ်းးမနေနဲ့…
ဝေဒနာရှိတဲ့သူတွေ ရောဂါတိုးတယ်….
အလွမ်းတွေကို ထန်းရေနဲ့ မျှောရအောင်…
နေညိုညိုမှာ လေပြိုလာပီ….
အဟိ…..ချီးးယာစ်….။
pooch
August 11, 2012 at 7:43 pm
တအုံ့နွေးနွေးဖြစ်နေတဲ့ စိတ္တဇကြောင့် ကာလတခုလောက်ထိ ခံစားခဲ့ဖူးတယ်။
နောက်တော့လည်း နေတတ်သွားပြီး စိတ်ထဲ ရှိတောင် မရှိတော့ပါဘူး။
အချိန်ဆိုတာ သိပ်အစွမ်းထက်တဲ့ ဆေးတလက်ပါ။
အတိသဉ္ဖာ နာဂရချစ်သူ
August 12, 2012 at 10:54 am
သင်္ဂါရစစ်မြေပြင်မှာ သိင်္ဂါရရသမြောက်ပါ၏
ကြောင်ကြီး
August 15, 2012 at 8:54 am
စစ်မျက်နှာ
ပစ်ခတ်ရာ
ညစ်ပတ်လာ
မြစ်ဖြတ်နွှာ
နှစ်သတ်တာ
ဖြစ်ရပ်နာ
ဘစ်ကက်မှာ
ချစ်တတ်ပါ။