ငါ့ စကား ငါ့ တရား
– သပွတ်အူတွေကိုမှ
တရားလုပ်ပြီး
နာနေရတဲ့ ကမ ္ဘာ
မသိကိန်း အလုံး ၁၀ဝ ပါတဲ့ပုစ္ဆာလို
မသိခြင်းရှိရာကို
မသိတာတွေသာ
ထပ်ခါတလဲလဲ
သယ်ဆောင်လာခဲ့
နောင်ဘဝဆိုတဲ့
ဝန်ထုပ်ဝန်ပိုးက
ကြီးမားလှ
တရားဓမ္မက
လက်ပြနှုတ်ဆက်နေပြီ။
– လူတစ်ယောက်ဖြစ်လျက်နဲ့
“ရှိတယ်”လို့ အသိအမှတ်မပြု
အိပ်မက်လို ရှင်သန်ရတဲ့
ဘဝမျိုး
မသိမှု ဥခွံက ထူထပ်မာကျောခဲ့
ဘယ်သူ့ အဆုံးအမ ရလို့
ယဉ်ကျေးရမှာလဲ
အကြိမ်ကြိမ်လျက်ခဲ့တဲ့
ဓားသွားထက်က
ပျားရည်တွေမှာ
တရားလှေဟာ
နစ်မြုပ်ခဲ့ပေါ့။
– နလပိန်းတုံးတွေရဲ့
ဦးဆောင်မှုအောက်မှာ
စုံလုံးကန်းတွေဟာ
သိမှုမပါ
ယုံကြည်မှု သက်သက်နဲ့
ပြားပြားမှောက်ခဲ့ကြတဲ့
အနှစ် နှစ်ထောင်ကျော်
လူ့သမိုင်း
ရာဇဝင်ရိုင်းလွန်းလှပြီ။
– မျက်မမြင်တို့ရဲ့ ကမ္ဘာမှာ
အလင်းပေါက်သူဆိုတာ
ကြောက်စရာ သတ္တဝါမို့
ဖျောက်ဖျက်ပစ်ချင်ကြမှာ
သဘာဝပဲပေါ့
ဒါပေမယ့်
တစ်သင်းလုံးကို အနီကဒ်ပြထုတ်ပယ်
ဂိုးသမားမရှိတဲ့
ဂိုးပေါက်ထဲကို
ပင်နယ်တီ ကန်သွင်းပြီး
အောင်ပွဲခံချင်တဲ့ လူတွေ
သူတို့နာမည်နဲ့
သူတို့ရဲ့ လုပ်ရပ်
ဟပ်လည်း ဟပ်မိပါရဲ့။
– နလပိန်းတုံးတွေ အပါအဝင်
ကမ္ဘာတစ်ခွင် ကြားအောင်
ပြောချင်တဲ့ စကားတစ်ခွန်း
ရင်ထဲမှာ ဖြစ်ထွန်းနေရဲ့
“ငါ ယုံကြည်တာကို ငါ ယုံကြည်မယ်”
“ငါ မယုံကြည်တာကို ငါ မယုံကြည်ဘူး”
“ငါ့ ယုံကြည်မှုအတွက် ဘယ်သူ့ကိုမှ ခွင့်တောင်းနေမှာ မဟုတ်သလို။
ငါ့ မယုံကြည်မှုအတွက်လည်း ဘယ်သူ့ကိုမှ ခွင့်တောင်းနေမှာ မဟုတ်ဘူး”
“ငါ့ရဲ့ ဘဝမှာ ဘယ်အရာမဆို
မလိုအပ်ရင် ဖြတ်တောက်ပိုင်ခွင့် အမြဲရှိတယ်”
“ငါ့ရဲ့ ယုံကြည်မှုအတွက် လွတ်လပ်တဲ့ ငါဟာ
အစဉ်အလာဆိုတာကို ငြင်းပယ်ခွင့် ရှိတယ်”
ဉာဏ်မျိုးဆက်
One comment
အတိသဉ္ဖာ နာဂရချစ်သူ
August 12, 2012 at 9:41 pm
ဒီစာသားလေးကို ကြိုက်တယ်ဗျာ။
ဓားသွားထက်က
ပျားရည်တွေမှာ
တရားလှေဟာ
နစ်မြုပ်ခဲ့ပေါ့။