မိအေး …အခါခါနာ…

alinsettAugust 12, 20122min24414

 

”  မိအေး..။ ညည်း  ..နီတာလေးကို သွားချောင်းပြိီ  ….. ပြန်လာတာ မဟုတ်လား..”

 

မိအေးက  ..  ခေါင်းပေါ်မှ အကြော် ဗန်းကို   ဂွမ်းခနဲ ပစ်ချလိုက်ပြီး….

 

”    အမေကလည်း..ကျွန်မ သမီးလေးကို  လွမ်း.လွန်းလို ့ပါ… ”  ဟု ပြန်ပြောသည် ။

 

ဒေါ်စိန်တင်က   သမီးဖြစ်သူ မိအေး၏   အပူသည်ရုပ်ကို ကြည့်ရင်း…

”  မိအေးရယ် ..။ ညည်းကိုလည်း..ငါ နေ့ ့တိုင်းကို ပြောနေရတာပဲ.  အေ…။  ဒီ ကလေးကို သံယောဇဉ်..ဖြတ်ပါတော့…ဆို ..။

 

ငါလည်း.ဒီကလေးကို ချစ်တာပဲ.။  ငါ့ မြေးမ လေးပဲ..။  ဒါပေမယ် ့  ဟိုအကောင့်  ကို စိတ်နာတယ်  … အေ   …။. ကလေးက…အခုဆိုရင်  အေးအေးဆေးဆေး နေနေရပြိီပဲ ။

သံယောဇဉ် ဖြတ်သင့်ပါပြီ ။  ညည်းအပေါ် ဒီလောက် ယုတ်မာ ရက်စက် ခဲ့တဲ ့အကောင် ရဲ ့သွေးသားကိုမှ..အေ…. ။

ညည်းက  ခင်တွယ်နေလိုက်တာ..။”

”   အမေရယ်….   ။ ကိုအောင်မင်းက ကျွန်မအပေါ်.ရက်စက်ခဲ့ပေမယ့်..ကျွန်မ သမီးလေးကိုတော့ မပြတ်နိုင်ပါဘုူး။

ကျွန်မ က  ဝမ်း နဲ ့လွယ်ပြိီး..မွေးခဲ့ရတဲ ့..အမေ..လေ…တော် ..”

 

ဒေါ်စိန်တင်တစ်ယောက် ..သမီးဖြစ်သူ၏  ကံကြမ္မာ ခပ်ဆိုးဆိုးကိုသာ..အပြစ်တင်ချင်တော့သည် ။

မိအေးကို..သနားမိတိုင်းလည်း.အောင်မင်းဆိုသော..သူဋ္ဌေးသား၏ လုူမဆန်မှုကို.. စိတ်နာပြိးရင်း..နာနေမိတော့သည်။

မိအေးနှင့်..အောင်မင်းတို ့..ကြိုက်နေတာကို သိစတုန်းကတော့…  မတွေးတတ်တွေးတတ် ဉာဏ်ကလေးဖြင့်…

” ငါ့သမီးက အကြော်သည်မ..ဆိုပေမယ့်…  သူဋ္ဌေးသားနဲ ့တောင် တွဲ ရတာ..” …ဆိုပြီး..ဝမ်းသာ လုံးတွေ..ဆို ့..လို ့။

အောင်မင်းကိုလည်း…  မိအေးအပေါ်..တကယ်မြတ်နိုး ရှာတာပဲ…. ဘယ်ဆိုးလို ့လဲ…ဆိုပြီး..အထင်ကြီးခဲ့မိသည်။

တကယ်တမ်းကျတော့  ဖွတ် ထွက်မှ တောင်ဘို ့ မှန်း.သိ …သွားသလို..

မိအေးကို…ဗိုက်တစ်လုံးဖြင့်… ပစ်ထားခဲ့သည် ။

သမီးရည်းစားအဆင့်မှာပဲ..ရှိသေး..ဗိုက်က ပူပြီ… ။

ပစ် ပြေးလို ့..ကျန်ရစ်ခဲ့ရပြီ.ဆိုတော့ အရပ်ထဲမှာ..မျက်နှာ မပြဝံ့လောက်အောင်…

သားအမိနှစ်ယောက် အကဲ့ရဲ ့ ခံခဲ့ရသည် ။

တွေးလေလေ..ဒေါသ ထွက်..လေလေ..။

”  သူလည်း..ချမ်းချမ်းသာသာ နေ  နေရပြီပြဲ.။  ညည်းဝမ်းသာနေပါတော့အေ…။

အခုလည်း..နှစ် နှစ်တောင်ရှိနေပြီပဲ..။နီတာလေးတောင်  လေးနှစ်သမီး.ဖြစ်နေပြီ ။  ညည်းကိုတောင် မေ့နေပြီပေါ့  ။ ငါတို ့ကိူ…..

နီတာလေး..က  ..မေ ့ နေလာက်ပါပြီ..အေ……. ”

ဒေါ်စိန်တင့် အသံ  တိမ်..ဝင်သွားသည် ။

ဒေါ်စိန်တင် မိအေးကို…  အားပေး နှစ်သိမ့်ခဲ့ရတာတွေ… များလှပါပြီ။

အောင်မင်းက ..မိအေးကို ဗိုက်တစ်လုံး..ပေါ်လာတော့မှ   တာဝန်မယူပဲ… ရှောင်ပြေးသွားတုန်းကရော…

အဖေ နာမည်… ပြစရာ မရှိတဲ ့  ဗိုက်ကို..မွေးဖို ့..  ပတ်ဝန်းကျင်ရဲ ့ရှုတ်ချ… မှုတွေကို… ရင်ဆိုင်ခဲ့ရတုန်းကရော..

ကလေး..နှစ်နှစ်သမီး အရွယ်ရောက်တော့မှ….  မွေးစားသူတွေ လက်ထဲ..ထည့်ခဲ့ရတုန်းကရော…..

မိအေးတို ့…အလူးအလဲ..ခံစားနေရချိန်တွေမှာ….  မိအေးကို  အားပေးမယ့် သူ ဆိုလို ့ေ ဒါ်စိန်တင် တစ်ယောက်သာ..ရှိပါသည်။

ဒေါ်စိန်တင်သည်…  စိတ်…ခက်ထန်သော..မိန်းမကြမ်းကြီးတော့ မဟုတ်ပါ ။

သို ့သော်…. ဘဝကို ခက်ခဲ ကြမ်းရှစွာ… ဖြတ်သန်းခဲ့ ရ၍  ..အရာရာကို  သိမ်မွေ ့ညင်သာအောင် မတွေးတတ်တော့ ။

….   ယောကျာ်း ဖြစ်သူက အရက်သမား ။ ..  ယောကျာ်းနှင့်  သမီး..မိအေးကို… အကြော်စုံရောင်းပြီး….. ရှာကျွေးခဲ့ရသည် ။

ယောကျာ်း..ဖြစ်သူက… ( အရက်ကြောင့် )  စောစောစီးစီး..သေသွားတော့လည်း….

မိအေးလေးကို  လက်ဆွဲပြီး… အကြော်စုံ..ရောင်းနေရမြဲ…။

ဆင်းရဲ မွဲတေသော…ဘဝကို   ရုန်းကန်ရဆဲ…….။

မိအေးလေး… အရွယ်ရောက်တော့မှ….   ရွာရိုးကိုးပေါက်  ..အကြော်လိုက်ရောင်း ..ရသည့်…. ဘဝမှ..ကျွတ်တော့သည် ။

ဒေါ်စိန်တင် ၏   အကြော်သည်မ ရာထူးကို…  မိအေးက…ဆက်ခံ၏ ။

ထိုအချိန်မှ စ၍  မအေး ခေါင်းပေါ်…  ဈေးဗန်း ရောက်တော့သည် ။

ကျောင်းပညာ  မသင်ပေးခဲ့ရလို ့…   မိအေးမှာ..ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း..နည်းပါးတာကိုတော့…

ဒေါ်စိန်တင်  သိပါသည် ။

ဒေါ်စိန်တင်ကမှ…ငယ်စဉ်က   လေးတန်းအထိ  ကျောင်းနေခဲ့ရသေးသည်။

မိအေး…စာ..မတတ်ပါ။   ထို ့ကြောင့်လည်း..ဘာမှ မစဉ်းစား  မဆင်ဖြင်တတ်သော…မိအေး….နှစ်ခါမက..နာခဲ့ရတာဖြစ်၏ ။

အကြော်စုံ ရောင်းသော..ဒေါ်စိန်တင် ၏ သမီးက..  အကြော်သည်မ မိအေး..ဖြစ်လာတာ   မဆန်းပါ ။

ဆန်းတာက မိအေး…။

အောင်မင်းဆိုသည့်အကောင်…  တာဝန်မယူပဲ..ပစ်ထားခဲ့သည့်…  ဗိုက်ကို..အရှက်ကွဲ ခံပြီး..ရအောင်..မွေးသည်။

မွေးပြိး..ပြန်တော့လည်း…..

ချစ်စရာကောင်းလှသော…နှစ်နှစ်သမီး…အရွယ်..ရောက်တော့မှ….

”    မိအေးတို ့လို ..အကြော်သည်မ ပဲ… ဖြစ်မှာ စိုးတယ်..”.. ဆ်ုပြီး.  မွေးစားမည့်သူတွေ…လက်ထဲ..

ထည့်ပေးလိုက်သည် ။  အခုဆို… နီတာလေး…လေးနှစ်သမီး..ရှိနေပြီ ။

ပေးတုန်းက ပေးလိုက်ပြိးမှ….  အခုတော့ အလွမ်းမီးတွေ..တောက်လောင်နေပြီ ။

နေ ့တိုင်း…မျက်ရည်နဲ ့မျက်ခွက်….။

အကြော်စုံ လှည့်ရောင်းပြီး..သည်နှင့် ..  သမီးလုပ်သူ တက်နေသည် ့… မူကြိုကျောင်းကို  သွားပြီး..

ချောင်း…ကြည့်တော့သည် ။

သူ ့ကို ..အမေရယ်..လိ ု့  မမှတ်မိတော့…သော..

သမီးကို..အဝေး ကနေ..ငေးကြည့်…၊ ပြီးရ င်… မျက်ရည်..တပေါက်ပေါက်..ကျပြီး.ပြန်လာ..၊

အိမ်ရောက်တော့လည်း..မစားနိုင်..မသောက်နိုင်…

မိအေးကို…. ကြည့်ရတာ   ဒေါ်စိန်တင်…စိတ်ဆင်းရဲလှသည် ။

နီတာလေးကို..မွေးစားကြသော..မွေးစားမိဘ တွေကလည်း…. ပြတ်သားသည် ။

အမွေစား  အမွေခံ မွေးလိုက်ပြိီ ..ဆိုတော့..နီတာလေးကို…….လုံးဝ  အဆက်အသွယ် မလုပ်ကြပါနဲ ့…တဲ ့။

သံယောဇဉ် အဆိပ်တွေ…. တရှိန်ရှိန်..တက်  နေသော… မိအေးကို…

ဒေါ်စိန်တင်..အပြစ် မဆိုရက်တော့ပါ ။

”   အော်…   မိအေးရယ်…. ၊  ညည်းရဲ ့ဝဋ်တွေကလည်း…  ကြိီးမားလိုက်တာ…။  ..ဒုက္ခ …ဒုက္ခ…”

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

မူကြို..ကျောင်းရှေ ့…၊

စွယ်တော်ပင် ဘေးမှာ…

အကြော်ဗန်းကိူ  ချပြီး….   မိအေး..ထိုင်လိုက်သည် ။

ရွှေပြည်သာကနေ…စမ်းချောင်း မြို့နယ် ထဲ..အထိ  လိုင်းကား… တိုးစီးပြိး…. သမီးလေးကို…  လာချောင်းမြောင်း ရခြင်း…။

မိအေး…. နဖူး..မှ  ချွေးများကို..ခေါင်းခု…… ပုဆိုးစုတ်ဖြင့် သုတ်လိုက်သည် ။

”    ကလင် …ကလင်…ကလင်…”

”    ကလင် …ကလင်…ကလင်…”

”    ကလင် …ကလင်…ကလင်…”

ဟော….    မုန့် စား ဆင်းချိန်..ရောက်ပြီ..။

အကြော်ဗန်းထဲမှ   အကြော်ထုပ်ကလေးကို.. ကောက် ကိုင်ရင်း..နီတာလေး..ထွက်အလာကို… စောင့်နေရသည်။

မကြာခင်မှာပဲ…

နီတာလေးက…  အခြားကလေးများနှင့်အတူ…  ကစားဖို ့..ကျောင်းရှေ ့ကွင်းပြင်ကို ပြေးထွက်လာသည်။

နီတာလေးကို..မြင်လိုက်ရသောအခါ…

မိအေး၏ ညှိုးနွမ်းသော..နေလောင် မျက်နှာပေါ်မှာ… အပြုံးကလေး တစ်စ..တွဲလွဲ ခိုလာသည် ။

ဒီနေ ့တော့…သမီးလေးကို… စကားတစ်ခွန်းပဲ..ဖြစ်ဖြစ်… ပြောချင်လှသည် ။

ပြီးတော့… အကြော်ကလေးတွေ..ကျွေးချင်သည် ။

”   သမီးလေး… ”

နီတာလေး….    ခြံ တံခါးနား..ကပ်လာချိန်တွင်… မိအေး လှမ်း.ခေါ်လိုက်သည်။

နီတာလေးက…

”   မီးကို…   ခေါ်တာလား..အန်တီ… “… တဲ ့..။

မိအေး  ခပ့်သွက်သွက်လေး.ခေါင်းညိတ်ပြလိုက်မှ…

နီတာလေး..ပြေးလာသည်။

”   ရော့   .. သမီးလေး…  အကြော်လေးတွေ..စားလိုက်နော်… ”

”   ဟင့်အင့်း…. အန်တီ..မီး  မစားချင်ဘူး… ။ မီးရဲ ့ဒယ်ဒီနဲ ့မာမီက… သူများ..ကျွေးတာ ဆို..မစားရဘူး..တဲ ့  ”

“” အန်တီက   သူများ..မဟုတ်ပါဘူးကွယ.်…”

မိအေး တစ်ယောက်….   စိတ်မကောင်းခြင်း… ကြီးစွာ.ဖြင့်…. နီတာလေးကိုကြည့်နေမိသည်။

အော်…  သမီးလေးရယ်….    အမေ့ကို.တောင်…  မမှတ်မိတော့ဘူးနော်…။

မိအေးက.

.သံပန်း.  ..တံခါးပေါက်ကြားမှ…..  နီတာလေး ၏ လက်ကလေးကို..လှမ်း ဆွဲရန်……ပြင်လိုက်သည် ။

ထိုစဉ်………………..

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

”    ဟဲ ့….    …    ဘာလုပ်တာလဲ… ”

”    အ..မ ..လေး…”

အနောက်မှ အော်သံကြောင့်…   လန် ့ဖျန် ့ သွားပြီး….

လှည့်ကြည့်လိုက်သောအခါ………………………

နီတာလေး၏ မွေးစားမိခင်……. ဒေါ်ရှယ်လီ..ကို..တွေ ့လိုက်ရသည် ။

ဒေါ်ရှယ်လီက..

”  ဩော.. ရှင်ကိုး…. ။  ကျွန်မတို ့သမီးကို..လာ မပက်သက်ပါနဲ့တော့…လို ့ပြောထားပြိးပြီလေ….

ကလေးကို… ဒီလို..လာ..ပက်သက်နေရင်..ကလေးက…ရှင့်ကို  သံယောဇဉ်   ပြန်တွယ် သွားမှာပေါ့  ။

ကျွန်မ တို ့ကို… လာ….ဒုက္ခ ပေးနေတာလား…. ”

”    မဟုတ်…..  မဟုတ်ပါဘူး။  ကျွန်မ….  လေ….

သမီးလေးကိ်ု… အကြော်လေးတွေ……လာကျွေးတာပါ… ။ ပြီးတော့………….သမီးလေးကို….

လွမ်း….  လွမ်း..လွန်းလို ့ပါတော်…..”

”   ဘာ….  ။ အကြော်..ဟုတ်လား… ။  မကျွေးနဲ ံ ့  ။ မကျွေးနဲ ့…. ။

ရှင့်အကြော်တွေက…   ဆီမသန် ့…..   ဘာမသန် ့နဲ ့….  ။

ဒီမှာ..ကလေးအတွက်….   အကောင်းစား..မုန် ့ တွေ..ပါတယ် ။  ရှင်..လာကျွေးစရာ..မလိုဘူး ။”

မိအေး…… ဘာပြန်ပြောရမှ န်းမသိ ။

မျက်ရည်..တွေတွေ..ကျရင်း….

နီတာလေးကို..ငေးကြည့်နေမိသည် .။

ကျနေသည့် မျက်ရည်များ..ကို…    ခေါင်းခု ပုဆိုး စုတ် ဖြင့် ပွတ်သုတ်ပြီး…

ဒေါ်ရှယ်လီ ့ကို…   အသနားခံသော..  မျက်လုံးများဖြင့်… ကြည့်နေမိသည် ။

ဒေါ်ရှယ်လီလည်း….  သနားလည်ူး….သနား….  စိတ်လည်း..ပျက် ..ဖြင့်..

” ကဲ…  ဒီလောက်တောင်..ဖြစ်နေလည်း…… ”

 

 

မိအေး… ရင်.. ဒိန်းခနဲ  ခုန် သွားသည် ။

တွေ ့ခွင့်ပေးတော့မလား..ဆိုပြီး  ……အားတတ်သရော ကြည့်လိုက်သည်။

”    ဒီလောက်တောင် ဖြစ်နေလည်း… ရှင့်သမီးကို… ရှင်..ပြန်ခေါ် သွားမလား…”

မ်ိအေး… ရုတ်တရက်… ဝမ်းသာ သွားပြီး   ……ခေါင်းကို   ညိတ် မိတော့မလို  ဖြစ်သွား၏ ။

သို ့သော်…..

ချက်ချင်းပဲ…   ငါ ပြန်ခေါ်သွား ရင်  သမီးလေးလည်း..ငါ့လို   အကြော်သည်မ ပဲ..ဖြစ်လာမှာပဲ…..ဟု တွေးမိသွားသော အခါ…..

”     ဟင့်အင်း…မခေါ်ဘူး…   မခေါ်ပါဘူး….   ”

မျက်ရည်တွေ… ပိုးပိုးပေါက်ပေါက် …….. ကျရင်း… ဈေးဗန်း….   ကို   ကောက် ရွက်လိုက်သည်။

မိအေးကို…  ဒေါ်ရှယ်လီက..

”     ဒါဆိုလည်း….   ကလေးဆီကို….နောက်ဆို……မလာ ပါနဲ ့ ။ ကျွန်မတို ့က  ဒီကလေးကို..ချစ်လွန်းလို ့ ကလေးရဲ ့ဘဝကို မြင့်မား အောင်  ထားမှာပါ ။ ”

မိအေး…  သမီးလေး.နီတာကို…တစ်ချက် ကြည့်လိုက်ပြီး…

လှည့်ထွက်လာခဲ့တော့သည် ။

မြေပြင်ပေါ်   မျက်ရည်တွေ..စွန်းထင်း…..လျက်…………..

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

လက်ထဲမှာ…သမီးလေးကို..မကျွေးလိုက်ရသော…. အကြော်ထုပ် ကလေးကို  ဆွဲရင်း….

မျက်ရည်…. မိုး..ရွာသွန်းဖြိုး နေလျက် …….

အားမဲ ့   အင်မဲ ့..လျှောက်နေမိသည် ။

မိအေး..ရင်ထဲမှာတော့….  ဗလောင်ဆူနေသည် ။

 

 

အဲဒါ…   ဘယ်လိုမှ ဖြတ်လို ့ မရတဲ ့  ကြိုးကို    ဖြတ်ခိုင်းတာ…. ။

ငါ့ သမီးလေးကို..ငါ..အမြဲ တွေ  ့ချင်နေတာ..အပြစ်လား..

သမီးကို..အမေက..သံယောဇဉ် မဖြတ်နိုင်တာ  အပြစ်လား….

ငါက  စာမတတ်  ပေမတတ်တဲ ့အကြော်သည်မပါ…။  ဒါပေမယ့်..အကြော်သည်မ….. မှာလည်း…

သားသမီး ကို ချစ်တဲ  ့အချစ်တွေ…..ရှိပါတယ်  ။

ငါ့ သမီးလေးကို….  ငါ  ..မတွေ ့ရရင်  မနေနိုင်လို ့ပါ….. ။

မတားကြပါနဲ ့တော့… ။

အနီးကပ် တွေ ့ခွင့်  မပေးရင်တောင်…အဝေးက   ကြည်နေခွင့်လေးတော့… ပေးကြပါတော့လား…….

ငါ…………….. သမီးလေးကို…မတွေ ့ရရင်…..သေသွားရပါလိမ့်မယ် ။

ဘာလို ့လဲ..ဆိုတော့….. ငါက………………………….

ငါက….      အမေ….လေ…..     သမီး..လေး..ရဲ ့….   အမေ….လေ…ဟယ်…….

 

ရင်ထဲမှာ..   နာကျင်စွာ…..

အော်ဟစ် ..ပေါက် ကွဲ.နေမိသည် ။

ဆင်းရဲတွင်း နက်နက် ထဲ……..   ကျ..နေသော..မိမိ ဘဝသည်…. အရှုံးကြီး..ရှုံး.နေရပါလား….ဟု..တွေးမိပြီး… ငိုမိပြန်သည် ။

သမီးလေးကို… တွေးခွင့် မရှိတော့တာ …၊

အဝေးကနေ… ခိုးကြောင်ခိုးဝှက်  ငေး..ကြည့်မှ..မြင်ရတော့မှာကို..တွေးြုပီး…. ငိုမိပြန်သည် ။

ငိုသည်…။  ထို ့နောက်… ငို ..သည်….။

ငိုကြွေးခြင်းနှင့်…  မိအေး…..

ခွဲခြား..မရတော့ပါ ။

သမီးလေးကို…  ကျွေးခွင့်  …  မရလိုက်သော….

အကြော် ထုပ်ကလေးကတော့…..

မိအေးလက်ထဲမှာ…..   ရမ်းခါ..လျက် ။

ရမ်း……ခါ……လျက်…………………………………….

&&&&&&&&&&&&&&&&&&&&&&&&&&&

 

လေးစားစွာဖြင့်

အလင်းဆက်

12 . 8 . 2012 .

alinsett.art@gmail.com

 

 

 

 

 

 

14 comments

  • မောင်ပေ

    August 12, 2012 at 7:48 pm

    တောက်.. မိအေးလေးကို အရမ်းသနားမိသွားတဲ့အထိကို အရေးအသားဖွဲ ့နွဲ ့တာ ကောင်းတယ်ဗျာ
    တစ်ကယ်လို ့ပြင်ပက ဖြစ်ရပ်မှန်ဆိုရင် အလင်းဆက် အနေနဲ ့မိအေးလေး ကို တစ်ခုခု ကူညီပေးလိုက်ပါဗျာ

    • P chogyi

      August 13, 2012 at 10:02 am

      ကိုမောင်ပေက သူ့အပူကို သူများလွှဲနေပြန်ပြီ။
      ကိုယ့်တာဝန်ကိုယူလေ။

  • အလင်းဆက်

    August 12, 2012 at 7:51 pm

    အောင်မငီး………………..ဖစ်မှ ဖစ်ရလေ..ဦးပေ…ရယ် ။ တားတားက ကလေးပဲ.ရှိသေးတာ..ကို ။ အဟိ ။

    သူကြီးမင်း……. စောင်..မ ကြည့်ရှု စေချင်ပါတယ် ။

  • ko khin kha

    August 12, 2012 at 9:33 pm

    မိအေးအခါခါ နာဆိုတော့
    မိအေးဘယ်နား နာသွားလဲဟင်။

  • surmi

    August 12, 2012 at 10:56 pm

    မိအေးလိုအဖြစ်မျိုးထပ်တူမဟုတ်တောင်မှ
    အဲဒီလို ဘဝခါးခါးတွေတွေ ့နေရလို ့တကယ်ပဲစာနာမိပါတယ်
    တကယ်ကိုဝတ္ထုတိုပီသတဲ ့ ဖန်တီးမှုပါ
    သိပ်ကိုကောင်းပါတယ်ကိုအလင်းဆက်ရေ
    ပရို ပီသလွန်းလို ့အတုယူပါရစေဗျာ

  • ရဲစည်

    August 12, 2012 at 11:39 pm

    ကြားဖူး ဖတ်ဖူးနေပေမဲ့
    ဒီလို အကြောင်းအရာမျိုးဟာ ဘယ်လောက်ဘဲ အပ်ကြောင်းထပ်ထပ်
    အမြဲမရိုးနိူင်တဲ့ မေတ္တာဘွဲ့မျိုးပါဘဲဗျို့
    ၁၉၆ဝပြည့်နှစ်လွန်က အကြောင်းအရာများပေကိုး ခံစားမှုကောင်းပီး အရေးအဖွဲ့တော့ဖြင့် ပြေပြစ်စွာ သုံးထားလို့ အင်မတန်ရိုးစင်းတယ်လို့ ဆိုပါရစေ ……. အပြုသဘောပေါ့ဗျာ

    ဇဂါးမစပ် ကိုယ့်ဆြာရေ
    ကျုပ်တို့ ခင်ဗျားတို့ ခေတ်ကျတော့ အကြော်သည်နဲ့ သူဌေးသား၊ သူဌေးသမီးနဲ့ ကားဒရိုင်ဘာ ဇာတ်လမ်းက မရှိကြတော့ ခုခေတ်ကာလ သားသမီးများ ဒီစာကို ဖတ်ရင်ဖြင့် ရယ်စရာလို့ ထင်မှတ်မှားကျ လိမ့်မှာ ဧကန်ဗျာ… 😀

  • aye.kk

    August 13, 2012 at 7:09 am

    ဒီဇတ်လမ်းလေးကဖတ်လို ့ကောင်းလိုက်တာ။
    စာရေးဆရာမယုဝတီခင်စိန်လှိုင်ရေးတဲ့မိုးနဲ ့မြေဇတ်လမ်းကိုသတိရမိပါ၏။
    ဖတ်ဖတ်ပြီးငိုလိုက်ရတာ။အခုလည်းဒီဇတ်လမ်းကိုဖတ်ပြီး၊
    သူဌေးသားကိုနှုတ်နှုတ်စင်းပြီးသတ်ပစ်ချင်လိုက်တာ။
    အန်တီသာဆိုရင်တော့အဲလိုကောင်မျိုးကိုလောကမှာအရှင်မထားဘူး။

  • မမ အညာသူ

    August 13, 2012 at 9:40 am

    ဇာတ်လမ်းလေးကိုဖတ်ရတာတကယ်ကိုရင်နာစရာကောင်းပါတယ်
    မိခင်တစ်ယောက်ရဲ့သားသမီးအပေါ်မှာထားတဲ့မေတ္တာ…………
    နှမချင်းကိုယ်ချင်းမစာသောအောင်မင်းရဲ့လူမဆန်မှု………..
    အားလုံးအားလုံးကောင်းပါတယ်……………

  • kyeemite

    August 13, 2012 at 10:35 am

    စာအရေးအသားကတော့ ရှယ်ပါပဲဗျာ…
    ဇတ်လမ်းက ရိုးနေပေမဲ့ အရေးအသားကြောင့်
    သရုပ်ပေါ်လှပါတယ်..လက်မတစ်ချောင်းဗျို့…

  • shwe kyi

    August 13, 2012 at 1:22 pm

    အလင်းဆက်ရေဇာတ်လမ်းအဖွဲ့ကောင်းလွန်းလို့ စီးမြောခံစားသွားပါတယ်နော်။

  • mayjuly

    August 13, 2012 at 2:07 pm

    ဖတ်ရှုအားပေးသွားပါတယ်ရှင် …

  • မွန်မွန်

    August 13, 2012 at 4:07 pm

    ဇာတ်လမ်းက ရိုးစင်းပေမယ့် ရေးထာတဲ့ အရေးအသားက ပြေပြစ်တော့ တော်တော်လေးကောင်းပါတယ်…
    ခံစားလိုက်ရပါတယ် ကိုအလင်းဆက်ရေ….

  • အလင်းဆက်

    August 13, 2012 at 6:40 pm

    P chogyi ..ရေ.. ဦးပေ.ကို ကူပြောပေးပါဦး။ တားတားကို… မိအေးနဲ ့… …။ တားတား..ငိုမှာနော်..။ဦးပေ…
    ________________
    ကိုခင်ခ ရေ.. မိအေးနာချက်ကတော့…ပြော…မပြောချင်ပါဘူး..တော် ။ အဲလေ…ဗျာ..။
    __________________
    နာဂရချစ်သူ…ရေ..မိခင်မေတ္တ လေးကို..ဖတ်ရှု.အားပေး.ခံစားသွားလို ့ကျေးဇူးပါပဲ.ဗျာ.။
    _________________-
    surmi…..ကတော့…တားတား ကို ပရို ပီသတယ်..ဆိုပဲ.။
    အဟိ..။ တားတား ကို… အဲလိုပြောလို ့..တားတား စားမယ့် ဂျယ်လီတွေ..တစ်ဝက် ခွဲပြီး.ကျွေးချင်လိုက်တာ..ဂျာ ။
    ___________________

    ကိုရဲစည်ရေ..
    ကိုရဲ..ပြောတာ အမှန်ပါပဲ..ဗျာ.။ ဒီခေတ် အခါ အနေနဲ ့ ဒီလို ဇာတ်မျိုးဟာ..
    ဒိတ်အောက်နေပြီ..လို ့ဆိုရမှာပါ ။
    ကျွန်တော်..ကိုယ်တိုင်လည်း… ရေးချင်တဲ ့စိတ်လေး ကိုသာ အခြေခံပြီး.ရေးလိုက်ရတာပါ ။
    ဒီဇာတ်လမ်းမျိုး.ကို ကျွန်တော်..မရေးဖူးလို ့ပါ ။
    ကျွန်တော်က မော်ဒန် တို ့ ပို့စ်မော်ဒန်တို ့… ဘက် ရောက်ချင်နေတော့…. ဒီလို..လေး ..ရေးကြည့်လို ့မရနိုင်ဘူးလား..လို ့ ကိုယ် ့ကို ကိုယ် ပြန်.ပြီး.
    မောင်း..နှင်…ကြည့်… လိုက်တာပါ ။
    ဇာတ်လမ်းနဲ ့…စကားလုံး..၊
    ဇာတ်ကောင် စရိုက်နဲ ့ အမည် နာမ တွေက အစ…
    စကားပြေ ဝါကျ အဆုံး… အားလုံးကိုရိုးရှင်းစွာ..ရေးဖွဲ ့မိပါတယ် ။
    အင်မတန်ရိုးရှင်းတဲ ့ဇာတ်လမ်းတစ်ပုဒ်..ပေါ့ဗျာ.။
    ၂၁ ရာစု က အလင်းဆက်ကလေး… ၁၉ ရာစုက အရေးအသား ဆီ…အလည်…သွားတဲ ့သဘောပေါ့နော် ။
    ကျွန်တော်… တကယ့်ကို ခံစားပြိး…အလည်… သွားလိုက်တာပါ ။
    အားပေး..အသိအမှတ်ပြု…ဖတ်ရှု.ဝေဖန်ပေးလို ့… ကျေးဇူးပါ..ဗျာ.။
    ___________________
    aye.kk..။
    အန်တီရေ..
    စိတ်လျှော့နော် ။ ကျွန်တော် ရေးတဲ ့ အောင်မင်းတို ့… မိအေးတို ့ဆိုတာ.. ကျွန်တော် ့စိတ်ကူးထဲက ဇာတ်ကောင်လေးတွေပါ ။
    ဒီလို အဖြစ်မျိုးတွေ..ရှိဖူူးမှာ သေချာပေမယ့်..
    ကျွန်တော် ့အတွေ ့အကြုံ.နုနယ် မှုကြောင့်… စာပေ…ထဲမှာ..၊ ရုပ်ရှင်ထဲမှာသာ..တွေ ့ဖူးပြိး.
    အပြင်မှာ မတွေ ့ဖူးသေးပါဘူး။
    မွေးစား ခံရတဲ ့ကလေးနဲ ့.မွေးစားဖို ့ပေးလိုက်ရတဲ ့မိခင်….
    အဲဒီ..ကြားက..ခံစားချက်ကလေးကို….. ကျွန်တော်… ဟက် ထိသွားလို ့..ရေးဖြစ်တာပါ ။
    အပီ..ခံစားသွားတဲ ့အန်တီ့ကို ကျေဇူး….။
    ____________________
    မမ အညာသူ..ရေ..
    ရေးတာလေး..ကောင်းတယ်..လို ့ အသိအမှတ်ပြု..လို ့ တကယ် ဝမ်းသာရပါတယ် ။
    ထပ်ရေးဖို ့.. အင်အားလေးတွေ..ရလိုက်ပါတယ်..နော် ။
    ရသ.တစ်ခု အနေနဲ ့.. ဖတ်ပြီး..ခံစားပေးလို ့ကျေးဇူးပါပဲ.ဗျာ..။
    _____________________
    kyeemite…ရေ..
    စာအရေးအသားက..ရှယ်..ဆိုလို ့.. ဝမ်းတာ လိုက်တာဂျာ..။ ဝမ်းတာလို ့ ဂျဂါးတွေတောင် မပီတော့ဝူး..
    ဦးကိုလည်း..တားတားအရမ်းကြိုက်လို ့ ဝယ်စားနေတဲ ့ ဂျယ်လီတွေ.. ကျွေးဦးမယ် ။
    အဟိ ။
    ___________________
    ရွှေကြည်..ရေ..
    စီးမြောခံစား…အားပေး..လို ့ ကျေးကျေးဘာ..ဗျာ.။
    ကျွန်တော်..ရေးဖွဲ ့သမျှ ကို အဆက်မပြတ်..ဖတ်ရှု..ခံစားပေးနေကျ..မို ့.
    ရွှေကြည့်ကိုလည်း.ပြော … မပြတတ်အောင်.
    .ကျေးဇူးတင် ခင်မင်နေပါတယ် ။
    __________________
    mayjuly..ရေ…
    ဖတ်ရှု.အားပေး.လို ့ကျေးဇူးပါပဲ.ဗျာ.။
    အားပေးမယ့်သူတွေ..ရှိလေလေ.. ကျွန်တော်..နောက်ထပ် ဆက်ရေးမယ့် စာပေတွေအတွက်.အားအင်ပြည့်လေလေ.ပါ ။
    _______________
    မွန်မွန်..ရေ..
    အရေးအသားပြေပြစ်တယ်..ဆိုလို ့ ဝမ်းသာရပါတယ် ။
    ကျွန်တော်..နောက်များမှာလည်း..ဒိ ထက် ပို ကောင်းမယ့် စာပေမျိုး.ဖန်တီးနိုင်အောင်..ကြိုးစားနေပါတယ်..နော် ။
    အားပေး ခံစား..လို ့ကျေးဇူး အထူး..တင်ပါတယ်ဗျာ.။

    စာချစ်သူများ အားလုံးကို
    ခင်မင်လေးစားစွာ

Leave a Reply