ဆရာမတစ်ယောက်နှင့် ပြောဖြစ်ခဲ့သမျှ၏ နောက်ဆက်တွဲ…
အခြေခံပညာတွေကို အရင်ဆုံးပြုပြင်သင့်တဲ့ အကြောင်းလေးကို ဆရာမနဲ့ စကားထပ်ပြောပြီးတဲ့အခါမှာရော၊ နယ်ကို ခဏပြန်လိုက်တဲ့အခါမှာရော သိလာခဲ့ရတာတွေနဲ့ ပေါင်းပြီး ပြောချင်လို့ပါ။
ကလေးတွေကို self study လုပ်တတ်အောင်၊ တီထွင်ကြံဆနိုင်အောင်ဆိုတာ မူလတန်းကြို၊ မူလတန်းအဆင့်တွေကတည်းက လေ့ကျင့်ပေးဖို့လိုပါတယ်။ ကလေးတွေအကုန်လုံးက ရ တန်းလောက်သာရောက်လာတယ်။ လက်ရေးလက်သား၊ အခြေခံအသိပညာတွေ ဘာမှကောင်းကောင်းပါမလာပါဘူး။ သူတို့တွေကို မေးကြည့်တဲ့အခါ မူလတန်းတစ်လျှောက်လုံး စာမေးပွဲတွေမှာ မေးခွန်းရခဲ့ပါတယ်တဲ့။ မိဘတွေကလည်း သူတို့ကလေးတွေ အဆင့်တွေဝင်နေကြတာကို ဂုဏ်ယူနေကြတယ်။ တကယ်တမ်း အလယ်တန်းအဆင့်ကို ရောက်လာတဲ့အချိန်မှာ ဘာအခြေခံမှ ပါမလာကြပါဘူး။ နယ်က ဆရာမတွေကပြောတယ်။ ကလေးတွေက ပိုပိုညံ့လာကြတယ်တဲ့။ ဘာလို့လည်းလို့ ကြည့်လိုက်တဲ့အချိန်မှာ ကလေးတွေကို အခြေခံကောင်းကောင်း မပေးခဲ့တဲ့အတွက်ပါ။ ဆယ်တန်းမှာ တစ်အုပ်လုံးကျက်၊ မေးခွန်းတွေခက် လုပ်လိုက်ရော လွယ်လွယ်နဲ့အောင်လာတဲ့ကလေးတွေ အကုန်ဒုက္ခရောက်ကုန်ကြရော။ ထပ်ပြီးတော့ တက္ကသိုလ်ဝင်ခွင့်တွေလည်း စစ်ချလိုက်ရော ဘာတက်ရမှန်းမသိ ဖြစ်ကုန်ရော။
ဆရာမတွေဘက်က ပြန်ကြည့်တယ်။ ဘာလို့ကျူရှင်သင်လဲဆိုတော့ သိတဲ့အတိုင်း လစာက မလောက်ဘူးပေါ့။
ဒါပေမယ့် ဘာလို့ မေးခွန်းပေးသင်တာလဲ။ ကျူရှင်တွေအပြိုင်အဆိုင်ဖြစ်လာတဲ့အခါ ကိုယ့်တပည့်အဆင့်ရရေး၊ ကိုယ့်ကျူရှင် ကျောင်းသားများရေးအတွက်ဆိုပြိး ဒီလိုလုပ်လာကြပါတယ်။ မိဘတွေကလည်း မေးခွန်းမပေးလို့ ကိုယ့်သားသမီးအဆင့်မရရင်ဘဲ ဆရာမအပြစ်လိုလို လုပ်ကြတော့ ကိုယ့်ကို မိဘက စိတ်မကွက်ဖို့အတွက်လည်း အရေးကြီးပြန်တယ်။
ကျောင်းမှာ စာတွေကောင်းကောင်း မသင်ကြဘူး။ ဘာလို့လဲ။ ရန်ကုန်ကိုတော့ မပြောတတ်ပေမယ့် နယ်မှာဖြစ်ပျက်နေတာတွေကို ပြောချင်ပါတယ်။ ဆရာမတွေက On Paper တွေပဲ များနေကြပါတယ်။ သင်နည်းမှတ်စု၊ သင်ရိုးညွှန်းတမ်း စတာတွေကို စာအုပ်ထဲမှာ နေ့အလိုက်၊ အပတ်စဉ်အလိုက်၊ လအလိုက် ညွှန်ကြားချက်နဲ့ညီအောင် ဖြည့်ရပါတယ်။ ဒါပေမယ့် တကယ်တမ်းကြတော့ စာသင်ခန်း ၂၄ ခန်းမှာ ဆရာ၊ ဆရာမ ၂ဝ နဲ့ မလုံလောက်တဲ့အတွက် တစ်ရက်ကို ရ ချိန်မှာ ၆ ချိန်က စာသင်ခန်းဝင်ရပါတယ်။ ဒီတော့ ကျောင်းကအလုပ်တွေကို အိမ်မှာလုပ်ရတော့ပါတယ်။ ဒီကြားထဲမှာ ဖွံ့ဖြိုးရေးချိန်တွေကလည်း မဖြစ်မနေသင်ရတဲ့အတွက် စာသင်ချိန်တွေ နည်းကုန်ပါတယ်။
နောက် ကျောင်းမှာ ဘာမှမကောက်ရဘူးလို့ ပြောတဲ့အတွက် မကောက်ကြပါဘူး။ ဒါပေမယ့် မဖြစ်မနေလုပ်ရမယ့် ဝါဆိုသင်္ကန်း၊ ကထိန်သင်္ကန်း စတဲ့ပွဲတွေမှာ ဆရာမတွေက အိတ်စိုက်ရပါတယ်။ ဒီကြားထဲမှာ နိုင်ငံတော်ကို မဖြစ်မနေသွင်းရမယ့်ကြေးတွေရှိပါတယ်။ အဲဒါတွေကို ဆင်းရဲတဲ့ကျောင်းသားတွေက မပေးနိုင်တဲ့အခါ အချိန်မီသွင်းရဖို့ ဆရာမတွေပဲ အိတ်စိုက်ရပါတယ်။ ဒီကြားထဲမှာ ဆယ်တန်းအောင်ချက်ကောင်းရေးအတွက် guardian တွေဖွဲ့ပြီး လုပ်ခို်င်းတဲ့အခါ ဆရာတွေရဲ့ ညနေအိမ်ပြန်ချိန်ဟာ ရ နာရီလောက်ကို ရောက်ကုန်ပါတယ်။
နောက် ကျောင်းသားတွေ အပြင်ကျူရှင်တွေကို အားကိုးကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ (စော်ကားတာမဟုတ်ပေမယ့်) အပြင်ကျူရှင်တွေကသာ ကျောင်းသားနားလည်အောင်၊ ဖြေတတ်အောင် သင်ပေးနိုင်လို့ပါ။ စာအုပ်ကို ဖွင့်၊ သင်ရိုးကို ဖတ်ပြ၊ မှတ်စုကို အော်ပေး၊ child centre ဆိုတာ ဝေလာဝေးဆိုတော့ ဘာပဲပြောပြော အနည်းဆုံးတော့ သင်ရိုးကို ဖတ်မပြဘဲနဲ့ သေသေချာချာ မှတ်စုထုတ်ပြီး ရှင်းပြတဲ့ အပြင်ကျူရှင်တွေက ပိုသာနေပါတယ်။ နောက် ကလေးတွေက ညဘက်ဆို self study မလုပ်တတ်တော့ ဂိုက်ဆရာနဲ့ စာကျက်၊ တက္ကသိုလ်တက်တော့ ကိုယ့်ဘာသာကိုယ် စာမကျက်တတ် ဖြစ်ကုန်ပါတယ်။ (အကုန်လုံးကို မဆိုလိုပေမယ့် နယ်မှာဖြစ်နေတာတွေကို ပြောတာပါ။)
ပြီးတော့ ကျွန်မတို့မြို့က ဧရာဝတီတိုင်းထဲမှာဆို အစွန်ဆုံးမြို့ပါ။ ဟိုဘက်ဆိုရင် ရန်ကုန်တိုင်းဖြစ်သွားပါပြီ။ ပုသိမ်ကိုသွားချင်ရင်တောင် ရန်ကုန်ကပဲ သွားရတာပါ။ ဆိုတော့ကာ information တွေရောက်လာရင် အကုန်နောက်ကျပါတယ်။ ပြိုင်ပွဲတွေလုပ်ရင်လည်း သတင်းရောက်လာတဲ့အချိန်က လွန်နေပါပြီ။
နောက် ဆရာမတွေ B.Ed တို့ ဘာတို့ စာမေးပွဲတွေဝင်ဖြေရင်လည်း နီးစပ်ရာသာ ရသွားတတ်ကြပါတယ်။ ဘယ်လောက်စာသင်ကောင်းကောင်း၊ ဘယ်လောက်အလုပ်ကြိုးစား အလယ်တန်းပြတစ်ယောက်ရဲ့ လစာက အထက်တန်းပြသာ မဖြစ်တော့ဘူးဆိုရင် ၅၈၀၀၀+၃၀၀၀ဝ က မတက်တော့ပါဘူး။
နောက် ကောလဟာလ တစ်ခုက စာသိပ်မတော်တဲ့ ကောင်လေးတစ်ယောက် ရန်ကုန်မှာ ကျောင်းသွားတက်ပြီး ဆယ်တန်းဖြေတာ ဂုဏ်ထူး ၅ ဘာသာ ပါပြီး အမှတ်က ၅၀ဝ ကျော် ရပါတယ်တဲ့။ ဒါပေမယ့် အဲဒီကလေးက တက္ကသိုလ်တက်ဖို့ကို ကြောက်နေပါတယ်တဲ့။ မတိကျတဲ့ရပ်ကွက်က ရတဲ့သတင်းကတော့ အဲဒီကလေးက ဆယ်တန်းမေးခွန်းကို ဝယ်ခဲ့ပါတယ်တဲ့။ (ကြားခဲ့ရတာလေးပါ။)
ဒါတွေက အခုလတ်တလော အမှန်တကယ်ဖြစ်ပျက်နေတာတွေကို တွေ့မိ၊ တွေးမိတာပါ။ ဝေဖန်ပေးကြပါဦး။
ခင်မင်ရသော…
မွန်မွန်
20 comments
Khaing Khaing
August 16, 2012 at 2:26 pm
အခုလိုဖြစ်နေတဲ့ ပညာရေးတွေကို တကယ်စိတ်ပျက်မိတာအမှန်ပါပဲ …. အခုက နယ်တွေတင်မကဘူး ရန်ကုန်မြို့မှာရှိတဲ့ ကျောင်းတွေ ပညာရေးစနစ်တွေက တကယ့်ကို ကလေးတွေရဲ့စိတ်ဓာတ်တွေကို ပျက်စီး အောင်လုပ်နေသလိုပါပဲ …. အစိုးရကျောင်းတွေမှာ တက်တဲ့ကလေးတွေက အိမ်ပြန်ရောက်တာနဲ့ မနားရပဲ နီးစပ်ရာ ကျူရှင်တွေကို ပြေးလွှားတက်ကြရတယ် …… မနက် (၉) နာရီကျောင်းတက် ညနေ (၃) နာရီကျောင်းဆင်း ပြီးရင် စားသောက်စရာရှိတာတွေကို အသားကုန်စား (၄)နာရီလောက်မှာ ကျူရှင်ပြေး ဒီလိုနဲ့ တနင်္လာကနေ သောကြာနေ့အထိကျင်လည်လာခဲ့ရတယ် …. အခုခေတ်စားတာတစ်ခုရှိသေးတယ် …. မကြာသေးမှီကမှ ခေါင်းလျှော်ဆိုင်သွားရင်းရခဲ့တဲ့သတင်းလေးပါ …. ဆရာမတစ်ယောက်က ကျူရှင်ကို ရိုးရိုးနဲ့ရှယ်ဖွင့်သတဲ့ ရိုးရိုးက ဈေးလည်းနည်းတယ် လူလည်းများတယ် ….. ရှယ်ကလူဦးရေကန့်သတ်တယ် (၅) ယောက်ပဲသင်တယ် တစ်ယောက်ကို (၅၀၀၀၀) အဲဒါမူလတန်းကလေးကို သင်တဲ့ဆရာမနော် …. ဘုရား ဘုရား …… အစိုးရကျောင်းမှာ စာသင်နေတဲ့ဆရာမက ထိုကဲ့သို့လုပ်တော့ ကျောင်းတက်နေတဲ့ ကလေးငယ်တွေရဲ့စိတ်ထဲမှာ ဒီလိုဆရာမဆီမှာ ကျူရှင်မတက်ရင် သားသားမီးမီးတို့ဘယ်လိုပဲကြိုးစားပါစေ ကြိုးစားမှုရဲ့အသီးအပွင့်ကို မခံစားရဘူးဆိုတဲ့ ခံစားချက်လေး ကိန်းအောင်းသွားတော့တယ် …. ဖြေသိမ့်တတ်တဲ့ မိဘတွေဘက်ကလည်း အော် … အခုအဆင့်မရလည်း တစ်ချိန်အခြေခံကောင်းတယ်ဆိုတာလေးနဲ့ ဖြေသိမ့်နေပေမယ့် လက်ရှိကျောင်းကိုသွားတက်နေတဲ့ သားသမီးတွေရဲ့ရင်ထဲကခံစားချက်ကတော့ ခံစားနေရတာပါပဲ …..
အခိုင်တို့ငယ်ငယ်တုန်းကဆို ကျောင်းကပြန်လာတာနဲ့ ကိုယ်တိုင်အိမ်စာလုပ်တယ် … အိမ်စာပြီးတော့ စာကျက်စရာတွေကို အမြန်ကျက် ပြီးရင် ကလေးပီပီဆော့တော့တာပဲ …. ကျူရှင်ဆိုတဲ့ဖီလင်မရှိခဲ့ဘူး …… ကျောင်းမှာ တစ်ချို့တွေ ဆရာမတွေကျူရှင်တက်ပြီး အဆင့်တွေဝင်သလို ကိုယ့်ကလည်း အဆင့် ၁ ကနေ ၁ဝအောက်မရောက်ခဲ့ဘူး …… မှတ်မှတ်ရရ စတုတ္တတန်းတုန်းက ဆရာမက စာမေးပွဲစစ်ပြီးတော့ အမှတ်တွေမကြေငြာခင် ကျွန်မနံမည်ကို ထူးထူးခြားခြားခေါ်လိုက်တယ် …. သူ့နားကို လာခဲ့ဖို့ဆရာမကခေါ်တယ် …. ကျွန်မလည်း ကြောက်ကြောက်လန့်လန့် အနားတိုးကပ်သွားတော့ ဆရာမကဘာမေးလဲဆိုတော့ …. သမီးဘယ်ကျူရှင်တက်လဲတဲ့ …. ကျွန်မအရမ်းလည်းကြောက်သွားမိတယ် …. သူဘာကိုဆိုလိုတယ် ကျွန်မမသိဘူး ကျွန်မလည်းအမှန်အတိုင်းပြောလိုက်တယ် ဘယ်မှာမှမတက်ပါဘူးဆရာမ … သမီးမေမေပဲ သင်ပေးပါတယ်လို့ …. ဆရာမဘာမှဆက်မပြောတော့ဘူး ….. အမှတ်တွေကြေငြာပေးတယ် …….. သချင်္ာမှာ (၁၀၀) အပြည့်ရခဲ့တယ် …. သူ့ကျူရှင်တက်တဲ့ ကလေးတွေတောင် အမှတ်ပြည့်မရဘဲ ကျွန်မကရခဲ့လို့တဲ့ ဆရာမက ဝန်ခံပြီးတော့ကို လူရှေ့မှာပြောခဲ့တယ် ……… ဆရာမငြိုးခံရမှာ ကျွန်မသိပ်ကြောက်ခဲ့ တယ် …. ဒါပေမယ့် ဆရာမက သဘောထားပြည့်ဝတော့ ကျွန်မကို သိပ်ချစ်ခဲ့တယ် …..
အခုလောလောဆယ်ရင်ပူနေတာက အိမ်ကသမီးလေးပညာရေးပါ …. မြန်မာကျောင်းတွေပဲထားရမလား နိုင်ငံခြားကျောင်းတွေမှာပဲထားရမလား … စိတ်တွေက ဒွိဟဖြစ်နေရတယ် … ဒါကြောင့်ပညာရေးပို့စ်လေးတွေကို ဆွေးနွေးဖြစ်လာတယ် …..
မွန်မွန်
August 16, 2012 at 2:35 pm
ပထမဆုံး ကွန်မန့်အတွက် ကျေးဇူးပါ မခိုင်…
ဟုတ်တယ် အစ်မရေ…ကျူရှင်တက်လို့ စာတွေပိုတက်လာမယ်ဆိုရင် ထားရချည်သေးရဲ့…
အဲဒီလိုမဟုတ်ဘဲ ကျူရှင်တက်ကာမှ မေးခွန်းလိုချင်စိတ်တွေ ဖြစ်လာရင်တော့ ရင်လေးစရာပဲ…
မွန်မွန်လည်း ကိုးတန်းတုန်းက ကိစ္စတစ်ခုကြောင့် နှစ်ကုန်ခါနီးမှာ ဆရာဝိုင်းမတက်တော့ဘဲ အပြင်ကျူရှင်ကို ပြောင်းယူလိုက်တယ်…ကျူရှင်ဆရာမက သိပ်စိတ်ပူနေခဲ့တာ..သူ့ဆီလာတက်ပြီးမှ အဆင့်မဝင်တော့မှာ စိုးလို့လေ… သေသေချာချာလည်း သင်ပေးခဲ့ပါတယ်..ကံကောင်းတယ်ပဲ ပြောရမလား မသိဘူး… စာမေးပွဲစစ်တော့ အဆင့်ကျမသွားခဲ့လို့ ဆရာမက အရမ်းဝမ်းသာခဲ့တယ်.. ဆရာတွေရဲ့ စိတ်ဓာတ် ကွာသွားပြီလို့ပဲ ပြောရမလားမသိဘူး….
အခုတော့ အိမ်က မောင်လေးတွေကို ပြောထားတယ်..နင်တို့ဆရာမ မေးခွန်းပေးရင် မကြီးကိုပြောလို့… မပေးပါနဲ့လို့ သွားပြောပေးမယ်လို့… စာမေးပွဲမေးခွန်းကို အတတ်နိုင်ဆုံး မှန်အောင်ဖြေလာခဲ့… ဖြေနိုင်ရဲ့သားနဲ့ အဆင့်မရခဲ့ရင်လည်း စိတ်မညစ်နဲ့… အောက်သက်ကျေဖို့ပဲ အရေးကြီးတယ်လို့ ပြောထားတယ်… စာမေးပွဲနီးရင် စာတွေအကုန် ပြန်ကျက်တဲ့အကျင့်ကို လုပ်ထားလို့…
အစ်မ သမီးလေးကိုလည်း သင်ယူတတ်၊ စူးစမ်းတတ်တဲ့ အကျင့်လေးကို မွေးပေးထားရင် ကောင်းမယ်ထင်တယ်… အစ်မသမီးလေးက တော်မှာပါ… မေးခွန်းကို အားမကိုးတတ်ဘဲ ကိုယ်တိုင်သဘောပေါက်နားလည်ပြီး စာကိုခေါင်းထဲထည့်တဲ့ အကျင့်ကို လုပ်ပေးရမယ်ထင်တယ်….
laypai
August 16, 2012 at 2:40 pm
ကိုယ့် ကို လဲ အမေ က အမှတ်ပြည့် ရအောင် သင်ပေး ခဲ့တာ ပဲ
ကိုယ့် သမီး ကို လဲ ကိုယ် က ပဲ ပြန်သင်ပေး လိုက် ပေါ့။
ko khin kha
August 16, 2012 at 2:34 pm
ဆရာမတွေက ကျူရှင်မှာကျတော့ သေချာသင်တယ်၊ ကျောင်းမှာကျတော့ သေချာနားလည်အောင်မသင်ဘူး၊
ပြောကြတာနဲ့ပက်သက်ပြီး ကျွန်တော်သိတာလေးတစ်ခုပြောမယ်နော်
ကျောင်းမှာသင်တော့ ကျောင်းသားတွေအတွက် စာက ကနဦးအကြိမ်မို့ စိမ်းနေသေးတာပါ၊ ကျူရှင်မှာ ပြန်သင်တော့ စာက တွေ့ထိသိနေပြီးသားမို့ တတ်လွယ်သွားတာပါတဲ့ သူငယ်ချင်း ဆရာမတစ်ဦးက ပြောပြတယ်၊ စဉ်းစားကြည့်တော့ သီချင်းတပုဒ် ကို ပထမတစ်ခေါက်နားထောင်တော့ နားမဝင်ပေမယ့် နောက်ပြန်နားထောင့်တော့ လိုက်ဆိုလို့ရတာမို့ သူပြောတာဖြစ်နိုင်ပါတယ်လို့။
မွန်မွန်
August 16, 2012 at 2:41 pm
ဟုတ်ကဲ့ လေးလေး.. ဖြစ်နိုင်ပါတယ်..
ဒါပေမယ့် တစ်ချို့ကျတော့လည်း ကျူရှင်မှာ ကြိုသင်ထားတော့ ကလေးတွေက စာတွေကို သိပြီးသား၊ ကျောင်းမှာလည်း သင်ရော..သူတို့က အရှေ့ကနေအော်… အသစ်သင်ရတဲ့ကလေးတွေက မလိုက်နိုင်…အဲဒီလိုတွေလည်း ရှိတတ်သေးတယ်…
yadanar nwe
August 16, 2012 at 3:07 pm
ရတနာ့ ရဲ့ မောင်လေးက ရန်ကုန်ရဲ့ နာမည်ကြီးကျောင်းတစ်ခုကပါ
ငယ်ငယ်ကတည်းက မေးခွန်းရပြီးအောင်တဲ့ ပညာရေးစနစ်ထဲ ပါမသွားအောင် အတန်းပိုင်စီမှာ ကျူရှင်မထားပါဘူးရှင်။အပြင်ကသင်တဲ့ တတ်ကျွမ်းတဲ့ဆရာ ဆရာမ တွေနဲ့ ဘာသာစုံ သီးသန့်ဝိုင်းထပ်သင်ပါတယ်။စာတော်တဲ့ကလေးထဲမှာပါလည်းပါပါတယ်။ 8 တန်းထိတော့ အတန်းတိုင်းအဆင်ပြေပြေ အခြေခံပိုင်ပိုင် နဲ့ အောင်မြင်ခဲ့ပါတယ်။
9တန်းရောက်တော့ အတန်းပိုင်ဆရာမ က တော်တော်ဆိုးပါတယ်။ သူ့မှာ ကျူရှင်တက်ဖို့လည်းအရမ်းကိုဆွယ်ပါတယ် မတတ်တော့ အမျိုးမျိုးစိတ်အနှောင့်ယှက်ပေးပါတယ်ရှင်။
ကျောင်းဖွင့်ပြီး 3 လလောက်ကြာတော့ ကျောင်းသားတွေကို ဆံပင်တွေ စစ်တယ်ဆိုပြီး ကျွန်မမောင်လေးရဲ့ ဆံပင်ကို နင့်ဆံပင်က ရှည်တယ်ဆိုပြီး အိတ်ထဲက ကပ်ကြေးထုတ်ပြီး အလည်တည့်တည့်ကနေ ညှပ်ပစ်လိုက်ပါတယ်။ ကျွန်မမောင်လေးက အိုက်တတ်တော့ဆံပင်က ဘယ်တော့မှ တစ်လက်မ ထက် ပိုအရှည်မထားတဲ့သူပါ။အတန်းထဲမှာ ကျွန်မ မောင်ထက် ဆံပင်ရှည်တဲ့သူတွေ အများကြိးကိုတမင် အရှက်ခွဲတဲ့သဘောနဲ့ ညှပ်ပစ်ပြီး အတန်းထဲကို ဆံပင်စတွေ လွှင့်ပစ်ပြီး တစ်စ မကျန်ပြန်ကောက်ခိုင်းတယ်။ ကလေးက ရှက်ပြီး ကျောင်းမသွားချင်တော့ဘူးဆိုပြီး အရမ်းစိတ်ညစ်သွားတယ်။ ဘယ်လိုမှ ကျောင်းတက်ခိုင်းလို့ မရတော့လို့ International School ကိုပြောင်းထားလိုက်မှပဲ အဆင်ပြေတော့တယ် ။ အဲ့ဆရာမလည်း ခုတော့ အလုပ်ထုတ်ခံလိုက်ရပါပြီရှင်
အဲ့လို အဖြစ်မျိုးတွေ ဘယ်လောက်တောင်များနေပြီလည်းရှင် —–
မွန်မွန်
August 16, 2012 at 3:11 pm
အော်..ဖြစ်ရလေ…အဲဒီလိုဆရာမတွေရော ရှိသေးတာလား… ဖာတစ်လုံးခေါင်းကြားလိုပဲ ရွတ်ရတော့မယ်…အော်..အသင်လောက…အသင်လောက…
အဲဒီကတည်းက တိုင်ပြီးတော့ ထုတ်ခိုင်းရမှာ…
ဒီလိုအဖြစ်တွေ ရှိသေးတာကို သိရတဲ့အတွက် စိတ်မကောင်းပါဘူးရှင်…
pooch
August 16, 2012 at 3:51 pm
မေးခွန်းတောင် ဝယ်လို့ရသတဲ့လား မွန်မွန်ရယ် ။
အရင်က ကြားဖူးတာက ကျနေရင် အောင်အောင် လိုက်လို့ရတယ်။ ဒါပေမဲ့ အမှတ်အရမ်းကွာနေရင်တော့ မရဘူး။ ကပ်ပြီး ကျတာမျိုးပဲ လုပ်ပေးလို့ ရတယ်ဆိုပြီး ကြားဖူးတာ ။ ခုတော့ … ဒီလိုအဖြစ်တွေရှိတယ်တဲ့လား ..
ဒီခေတ် ဒီစနစ်တွေ အမြန်ဆုံး ရပ်တန့်နိုင်မှ ပညာရေးက ရှေ့ဆက်နိုင်မှာ။ ပညာရေးစနစ်ကောင်းတခုရဖို့ ဘယ်တော့လဲ …. ????? 🙁
မွန်မွန်
August 16, 2012 at 3:56 pm
မွန်မွန်လည်း စုံစမ်းဆဲပဲ..ဒီနှစ်မှ ထူးထူးခြားခြား ကြားခဲ့ရတဲ့ သတင်းပါ… ရန်ကုန်မှာတော့ အကုန်လုပ်လို့ရတယ်လို့ ကြားမိတာ ကြာပါပြီ… ရန်ကုန်ကျောင်းသားတွေ စပေါ့ရတယ်ဆိုတဲ့ သတင်းတွေကတော့ နှစ်တိုင်းကြားနေရတာပါ… ဟုတ်မဟုတ်ကတော့ ကာယကံရှင်တွေပဲ သိလိမ့်မယ် ထင်ပါတယ်…
shwe pont
August 16, 2012 at 3:51 pm
ခုခေတ် ကလေးတွေ ကျူရှင်တွေနဲ ့အလုပ်များပုံကတော့ ဩချရလောက်အောင်ပါပဲ။ ချစ်စရာတူ တူမလေး တွေကို တွေ ့ချင်လို ့သွားရင်တောင် ဒင်းလေးတွေက ကျောင်းတက်ရက်အပြင် စနေ တနင်္ဂနွေ မှာပါ ကျူရှင်တက်နေရလို ့ မတွေ ့ရတဲ ့ရက်ကများပါတယ်။
ကျွန်မတို ့ငယ်ငယ်တုန်းကဆို ကျူရှင်တွေရှိပေမဲ့ အင်္ဂလိပ် သင်္ချာ ဒီလိုဘာသာရပ်တွေကိုပဲ တက် ကြတာများပါတယ်။ နောက် ကိုးတန်း ဆယ်တန်းရောက်မှ ဓါတု ၊ ရူပ၊ ဘိုင်အို စတဲ့ဘာသာတွေ တက်ကြပါ တယ်။ ခုများတော့ မူလတန်းကလေးတွေကအစ မြန်မာစာကစလို ့ အလယ်တန်းရောက်ရင်လည်း ပထဝီ သမိုင်းကအစ ကျူရှင်ယူကြတယ်လို ့ကြားရပါတယ်။ အဲဒီတော့ ဘယ်မှာလည်း ကစားဖို ့အချိန်။ ပြီးတော့ ကျောင်းကြီးကပေးလိုက်တဲ့အိမ်စာရယ်။ ကျူရှင်ကပေးလိုက်တဲ့အိမ်စာရယ်နဲ ့ လုံးလည်လိုက်နေကြတဲ့ ကလေးတွေခမျာ တခါတလေ ညည့်နက်ထိတောင်အိမ်စာလုပ်တုန်းပါတဲ့။ ဒါပေမဲ့ တကယ့်တကယ်တမ်းကျတော့ အဲဒီကလေးတွေ ဘာလို ့ အောက်စာမကျေ ဖြစ်ရတာပါလဲ။
ကျွန်မတို ့တုန်းက မနက်လင်းရင် မုန် ့စားပြီး စာ 1နာရီလောက်ကျက်၊ ပြီးရင်ကျောင်းသွားဖို ့ပြင်ဆင်၊ ကျောင်းသွား၊ ကျောင်းကပြန်၊ လွယ်အိတ်ပစ်ချပြီး ဆော့၊ ရေမိုးချိုး ထမင်းစား၊ ပြီးရင် ခြောက်နီခွဲ ခုနစ်နာရီကနေ ပါလာတဲ့အိပ်စာလုပ် ၊ စာကျက် ရှစ်နာရီ ကိုးနာရီ အလွန်ဆုံးပဲ စာကျက်ပြီး တန်းအိပ်ရာဝင် ဒီလိုပဲနေခဲ့တာပါ၊ ပြီးရင် ဒီဇင်ဘာနီးရင် ပထမအစမ်းစာမေးပွဲတစ်ကြိမ်ဖြေ၊ ဖေဖော်ဝါရီ ကုန်လောက်ဆို အတန်းတင်ဖြေ တစ်နှစ်လုံး စာတွေမေး၊ ဒီလိုပါပဲ အေးဆေးလေး ကစားလိုက်စာကျက်လိုက်နေခဲ့တာ။ ဆယ်တန်းရောက် တော့လေး ပုံမှန်လေးပါပဲ။ ဘာကွာသွားပါလိမ့်၊ တကယ်ဆို ခုခေတ်ကလေးတွေက ကျွန်မတို ့ခေတ်က ကလေးတွေထက် ဉာဏ်ရည်မြင့်တယ်လို ့တောင် ပြောရလောက်အောင် အကုန်သိ အကုန်တတ် တွေမဟုတ်လား။
ပြီးတော့ ငယ်ငယ်က အတန်းပိုင်ဆရာမဆီ တက်တယ်ဆိုရင် သူကအမှတ် အချောင်လိုချင်လို ့ ဆရာမ ဆီက မျက်နှာရချင်လို ့တက်တာဆိုပြီး ငယ်ငယ်ကတည်းက အတန်းထဲက ဆရာ ဆရာမတွေဆီ မတက်ခဲ့ဘဲ၊ ကိုယ့်ဘာသာ တခြားသီးသန် ့ပြတဲ့ဆရာတွေဆီတက်ပြီး အတန်းထဲက ဆရာတွေဆီမှာ တက်တဲ့သူနဲ ့လဲ အမှတ်ပြိုင်ကြသေးတာ။ ခုတော့ အတန်းထဲက ဆရာ ဆရာမ ဆီမတက်ရင် ကလေးတွေ ရော မိဘတွေမှာပါ တာဝန်ပျက်ကွက်သူအလား ဖြစ်နေကြတာကို မြင်တွေ ့ရတာ ရင်မောပါ တယ်။
မွန်မွန်
August 16, 2012 at 4:03 pm
ဘာလို့ အောက်သက်မကျေတာလဲဆိုရင် ကျူရှင်တွေမှာ သင်ပြီးသမျှတွေ ထပ်ထပ်သင်၊ အဖြေတွေက အလွတ်နီးပါးရ၊ ဉာဏ်စမ်းဆိုတာမျိုးဆိုတာ ဘယ်မှာမှန်းမသိ၊ လပတ်စာမေးပွဲပြီးရင် ရှေ့ကစာ အကုန်မေ့ပစ်။ ဘယ်လိုမှ အောက်သက်မကျေတော့ဘူး။
မွန်မွန်တို့က နှစ်တန်းလောက်အထိ ပထမအစမ်း၊ ဒုတိယအစမ်း၊ တတိယအစမ်းဆိုတဲ့ စာမေးပွဲတွေကို ဖြေခဲ့ရပါတယ်။ သုံးတန်းရောက်တော့ စနစ်သစ်ဆိုပြီး ဖြစ်သွားတာ..ဆယ်တန်းလည်းရောက်ရော စာအုပ်တွေသိမ်းဖို့၊ အစအဆုံးပြန်ကျက်ဖို့တွေကို တော်တော်လေး ကြိုးစားခဲ့ရပါတယ်..
စနစ်ပေါ့လေ..စနစ်… 🙂
etone
August 16, 2012 at 4:46 pm
မွန်မွန်ရေ ….
ပညာရေးစနစ်ကလည်း ချို့ ယွင်းနေပြီး ၊ မိဘတွေရဲ့ စေတနာအမှားနဲ့ ၊ ဆရာတွေရဲ့ မရောင့်ရဲနိုင်မှုတွေကြောင့် …. ကျောင်းသားတွေ …. ပရုပ်လုံး ဘဝနဲ့ လုံးပါးပါးနေကြရတာလို့ မြင်မိပါတယ် ။ ကျွန်မတို့ ဆီမှာက .. သင်ရိုးညွှန်းတမ်းတွေ ခေါက်ရိုးကျိုးနေတာကလည်း … ပြသနာတစ်ခုပါပဲ ။ ဒီထဲက ပြဌာန်းထားတဲ့အတိုင်း သင် ၊ အလွတ်ကျက် ၊ အသေမှတ်ပြီး ၊ တလုံး မကျန်ပြန်ချရေး .. ဒါတွေနဲ့ပဲ ကျောင်းသားတွေရဲ့ ဦးနှောက် သံချေးတက်သွားတော့တာပါပဲ ။ ကိုယ်တိုင်လေ့လာပြီး ကျက်မှတ်ရတာမျိုးမဟုတ်တော့ … ပုံသေကား ချပ် နည်းတွေထဲက အသစ်တွေမကြံဆနိုင် ၊ မတွေးခေါ်နိုင်တော့ဘူး …. ။
မိဘတွေကလည်း သားသမီးက ဉာဏ်ရည်မမှီတဲ့ ကလေးမျိုးဖြစ်လျှင်တောင် … အမြင့်ဆုံး ပေးချင်ကြ ၊ မျှော်လင့်ချင်ကြတယ် ။ အဓိကကတော့ အကောင်းဆုံး ၊ အတော်ဆုံး ဆိုတာတွေ ပေးဖို့အတွက် ၊ ကြားဖြတ်နည်းတွေနဲ့ လှုပ်ရှားလာကြတယ်ပေါ့ ။ ဆရာမတွေကို လက်ဆောင်တွေ ဝယ်ပေး ၊ ကျူရှင်တွေ အတင်းတက်ခိုင်းနဲ့ အမျိုးမျိုး ကြိုးစားပြီး … သားသမီးရဲ့ အယောင်ဆောင် ၊ အရည်ချင်းကို မြင့်တင်နေကြတယ် ။ အဓိကနဲံ သာမညကို မခွဲခြားတတ်ပဲ ၊ အတန်းတွင်း စစ်တဲ့ စာမေးပွဲမှာ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပထမရစေချင်ကြတယ် ။ စေတနာဆိုပေမယ့် .. နည်းနည်းလေးတော့လွဲနေတယ် ။
ဆရာမတွေကလည်း …မွန်မွန်ပြောသလိုပဲ … ရထားတဲ့ လစာလေးနဲ့ ကျောင်းတွင်း သာရေး နာရေးတွေ ဖြည့်ဆည်းပေးနေရတာကြောင့် အပိုဝင်ငွေရအောင် လိုလိုလားလားနဲ့သင်ယူစေချင်တဲ့ ကလေးမိဘတွေဆီကို ကျူရှင်ပြန်ပေးတယ် ။ ကျူရှင်ပေးတဲ့ကလေးတွေ နဲ့ မပေးနိုင်တဲ့ကလေးဦးရေ .. နည်းနည်း အချိုးချလို့ ရလာတဲ့အခါ …မထား ပေးနိုင်တဲ့ ကလေးတွေကို အာရုံစိုက်နှုန်းကျလာမယ် …. ။ ဘက်လိုက်တာတွေ ရှိလာမယ် …. ။ ဒါတွေနဲ့ပဲ … မုန့်လုံးကို စက္ကူကပ်နေတော့တယ် …… ။
စာမေးပွဲတွေ ကျောင်းတွင်းပဲစစ်စစ် ၊ ကျောင်းပြင်မှာပဲ စစ် ၊ ဒါသင် ၊ ဒါဖြေပုံစံမျိုးမဟုတ်ပဲ … နည်းနည်း ကွဲထွက်လာလျှင်တော့ …….. ပညာရေးစနစ်နည်းနည်းချင်းများ ပြောင်းသွားမလားပဲ … ။
တခြား လူတွေတော့ ဆယ်တန်း မေးခွန်း ကို ဘယ်လိုဝယ်လိုက်သလဲ မသိဘူး ….။ အဖွားတစ်ယောက်လုံး စာစစ်ဌာနမှာ xxxx ရာထူးမြင့်မြင့်နဲ့ တာဝန်ထမ်းဆောင်နေတာတောင် စပေါ့လေးတောင် မေးခွန်း ကျမလာခဲ့ဘူး … ။ ကိုယ်တွေတင်မဟုတ်ပါဘူး .. အစ်ကို့တုန်းကရော ၊ နောက်ပိုင်း ညီမလေးတွေ ဖြေတုန်းကလည်း ဒီအတိုင်းပါပဲ … ။
ပြောလက်စနဲ့ တခါတည်း ပွားပါဦးမယ် … သူများတွေ ဆယ်တန်းကို အမှတ်ခြစ်လျှင် ဘယ်လို လိုက်လို့ ရတယ် … အောင်စာရင်း မထွက်ခင် ဘယ်နှစ်သိန်းပေးလျှင် ဘယ်နှစ်မှတ်တိုးတယ် စသဖြင့်ပြောကြပေမယ့်.. ချင့်ယုံလို့ပဲ ပြောချင်ပါတယ် … ။ ဆယ်တန်းအမှတ်ခြစ်တဲ့ပုံစံကိုက ၊ ကုတ်တွေနဲ့ ဖျောက်ထားတာမျိုးပါ ၊ အမှတ်ခြစ်တဲ့ ဆရာမတွေကလည်း ကိုယ်သာ အမှတ်ခြစ်နေရတယ် ဘယ်သူ့စာရွက် ဘယ်မြို့နယ်ကဟာကို ကိုင်နေရသလဲ မသိနိုင်တဲ့အနေထားမျိုးပါ … ။ ကန့်သဘောမျိုးထားပြီး အမှတ်သွားခြစ်ရတာတွေရှိသလို …. ။ အောင်စာရင်းထွက်ခါနီး . . စာရိုက်တဲ့ စာရေးတောင် ၊ ကန့်သွင်းပြီး မပြီးမချင်း … အထဲမှာပဲ နေရတဲ့အနေထားမျိုးပါ ။ အောင်စာရင်းထွက်ဖို့ တရက်နှစ်ရက် အလို ….အောင်တာ ကျတာ .. ကြိုသိကြတာတော့ ..ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် … ပိုက်ဆံပေးရင် အမှတ်တိုးတယ်ဆိုတာကတော့ … လုံးဝကို မရတဲ့အနေထားပါ … ။ (ဆယ်ထပ်ကွမ်း အ ခွင့်ထူးခံ လူတန်းစားမျိုး ၊ လက်ညှိုး ညွှန်ရာ ရေဖြစ်သူ လူတန်းစားမျိုးဆိုလျှင်တော့ … မပြောတတ်တော့ပါဘူး ။ ) 🙄
ma me kyaw
August 16, 2012 at 9:17 pm
မွန်မွန်ပြောသလိုပါဘဲဆရာမတွေကကျူရှင်ပေးရတယ်. မိဘတွေကလည်းကိုယ်သားသမီးလတိုင်းစာမေးပွဲမှာအမှတ်ပြည် ့ရအောင်လို ့ဆရာမတွေကိုနည်းမျိုးစုံနဲ ့ပံ့ပိုးရတယ်လေ. ကလေးတွေကိုအဲလိုဂရုမစိုက်ပေးရင်ကလေးတွေလမ်းကြောင်းလွဲသွားမှာပေါ ့၁ဝတန်းမှာမွန်မွန်ပြောသလိုရှိခဲ ့ရင်သေသေချာချာပြောပြပေးပါအုံး
ကြောင်လေး
August 16, 2012 at 9:38 pm
ဒီကိစ္စတွေ အတော်များများဆွေးနွေးခဲ့ကြဖူးပါတယ်။
ကြောင်လေးလဲ အနည်းအကျင်းပြောခဲ့ဖူးပါသေးတယ်။
ပြောရပြောရ မောလှပါပြီကွယ်။
မောင်ပေ
August 16, 2012 at 9:40 pm
ပညာရေးစနစ်ကိုပြောင်းလဲဖို ့အမေစု ပြောနေပါတယ်
ပြောင်းလဲမှုကိုလဲ အမြန်ဆုံးမြင်တွေ ့ရမယ်လို ့ထင်ပါတယ်
padonmar
August 16, 2012 at 9:56 pm
မွန်မွန်ရေ
ကြက်ဥနဲ့ ကြက်မဖြစ်နေတယ်ကွယ်။ဘယ်ကနေစရှင်းပါ့မလဲလို့ စောင့်ကြည့်နေရတာဘဲ။
ဦးဦးပါလေရာ
August 17, 2012 at 12:49 am
စာသင်ကျောင်းမှာ
ဝါဆိုသင်္ကန်း၊ ကထိန်၊ ဆွမ်းကြီးလောင်း၊ ဆရာကန်တော့ပွဲ တွေ လုပ်တာ အကျိုးရှိတန်သလောက်ရှိပါတယ်။
ဒါပေမယ့်လဲ အဲဒါတွေ မဖြစ်မနေလုပ်ရတာကတော့
သိပ်သဘောမတွေ့မိဘူး…။
ကျောင်းသားတွေဆီက ပိုက်ဆံကောက်တာလဲ မကောင်းဘူး
ဆရာတွေ စိုက်ရတာလဲမကောင်းဘူး…။
ကိုသင်း
August 17, 2012 at 3:14 am
အူမတောင့်မှ သိလစောင့်မယ်ဆိုတဲ့ ဆရာဆရာမတွေကလည်း
တစ်မျိ ုး၊ အကြွားပြိ ုင်ချင်တဲ့ မိဘတွေကလည်း တစ်ဖုံ၊ဖြတ်လမ်း
နည်းသုံးပြိး ရှေ့ရောက်ချင်တဲ့ ကျောင်းသားတွေက တစ်ကြောင်း
အားလုံးပေါင်း လိုက်တဲ့ အခါ၊ ခုတွေ ့ရတဲ့ ပညာရေး ဖြစ်သွား
တာပါပဲ။ Self-study ဆိုတာ ရှာတွေ ့ဖို ့ခက်နေပြိ၊တကယ်တော့
ကျောင်းသားတွေဟာ ခေတ်၊ စနစ်ရဲ့ သားကောင်တွေပါ။စနစ်
ပြောင်းပေမဲ့ ခေတ်ဟောင်းရဲ့ အကျွင်းအကျန်လေးတွေက
မကုန်သေး သ၍တော့ ဒိအတိုင်း ခါးစည်းပြိးတော့ခံရုံပဲ၊နောက်
အရေးကြိးတယ်လို ့ထင်မိတာက သင်ရိုးညွှန်းတမ်း၊ တစ်ခါ
လာလည်း သည်ပုဒ်ထဲက သည်ပဲ ပဲ။ပြောင်းလဲမှ ုမရှိဘူး
အပြင်ကျ ုရှင်တွေမှာလည်း တစ်ကယ်တတ်တဲ့ ဆရာ ဆိုတာ
ခပ်ရှားရှားပါ ဖေါ့စဖိတ်နဲ့ ရောကြိတ်နေတာပါ။ တစ်ချို့ဆို
၁၀-တန်းတောင် မအောင်ဘူး ပြန်ပြိး ဆရာလုပ်နေတယ်
သင်ရိုးမပြောင်း သရွေ့တော့ လုပ်စားလို့ ဖြစ်နေတာပေါ့
နာမည်ကြိး ကျ ုရှင်ဆရာ တစ်ချိ ု့လည်း သူများရှဲဒိုး ရေး
ထားတဲ့စာအုပ်ကိုင်ပြိး အလုပ်ဖြစ်နေတာ။ ပြိးတော့
နောက်ဂွင် တစ်ခုရှိသေးတယ် ဂုဏ်ထူးဝယ်တာ ဂုဏ်ထူး
များများထွက်ရင်ဈေးပို ပေးရတယ်၊အဂ်လိပ်စာဆိုရင်
အရင်က ရွှေတစ်ကျပ်သားထိ ပေါက်ခဲ့ဘူးတယ်၊ဘော်ဒါ
တော်တော်များများမှာ ကလေးတွေကို စက်ရုပ်တွေဖြစ်
အောင်ပုံသွင်းလိုက်တယ် ဝါကျတစ်ကြောင်းကို ထပ်တလဲလဲ
ရေးခိုင်းတယ် ကလေးကဂုဏ်ထူးသာ ထွက်သွားတယ်
ဘာမှန်းမသိဘူး ၊နောက် ဂိုက်ထားတဲ့ကိစွ ဂိုက်ဆိုတာသူလည်း
အောင်ထားတာ မကြာသေးဘူး သူဟာသူတော်ရင် တော်မယ်
ကလေးကို မှန်ကန်တဲ့ အသိ ပေးနိုင်တာမဟုတ်တော့ ဂိုက်
နှိပ်စက်လို့ ဒုကွရောက်သွားတဲ့ ကလေးတွေ အများကြိးပဲ ၊
ဒါတွေကြောင့်လည်း ပညာရေးလောကကြိးဟာ ဆုတ်ယုတ်
လာတာပေါ့။
ကိုသင်း
August 17, 2012 at 3:23 am
Comment သုံးခုဖြစ်သွားတဲ့အတွက်
တောင်းပန်ပါတယ် ကျွန်တော်က ဖုံးနဲ့
ပို့တာဆိုတော့ မပိးသေးခင် လက်နဲ့
သွားထိမိလို့ပါ ခွင်လွှတ်ပါခင်ဗျာ…….။
ပင်လယ် ပျော်
August 17, 2012 at 2:13 pm
ပညာရေးအတွက် ပြုပြင်ဖို ့က ” ဘတ်ဂျက်ကို အမြင့်ဆုံးထားရမယ်…ဘာလို ့လဲဆိုတော့ japan တွေ ဒုတိယကမ္ဘာစစ်အပြီး တိုင်းပြည်ပြန်တည်ထောင်တာ ပညာရေးအတွက်ဘတ်ဂျက်ကို နံပါတ် ၁ နေရာထားခဲ့တယ်..ပညာတတ်များမှ တိုင်းပြည်အမြန်ဆုံး ဖျွံဖြိုးတိုးတတ်မှာ ကိုသိလို ့ပဲ…