Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဩစတျေးလျက မြန်မာပိုင်စိုက်ခင်းလေး (ဓာတ်ပုံ)

phone_kyawAugust 27, 20121min63916

 

Australia က မိုင်းလုပ်သားတစ်ယောက်ရဲ  ့ မိသားစု ဘဝ တစ်ခုလို ့သတ်မှတ်ပေးပါ။ ဘယ်လိုနေထိုင်ရလဲဆိုတာကို မသိသေးတဲ့သူတွေ သိအောင်လို ့ဆိုတဲ့ စေတနာနဲ ့ဖြစ်တယ်။ ကြွားတာမဟုတ်ပါဘူး။

ပြည်တွင်းထဲမှာ ရှိတဲ့မိုင်းလုပ်သားတွေနဲ ့ဩစတျေးလျက မိုင်းလုပ်သားတွေရဲ  ့ဘဝဟာ ဘာ့ကြောင့်များအကွာကြီးကွာလဲမသိပါဘူး။

နေဖို ့အိမ်ကို အခမဲ့အလုပ်ကပေးတယ်။ ရေမီးအခမဲ့။ လေးခန်းပါတဲ့အိမ်။ ခလေးတွေအတွက် ကျောင်းစရိတ်လည်း မပေးရပါဘူး။ ကိုယ့်ခြံထဲမှာတော့ စိုက်ခင်းလေးတစ်ခုတော့ ရှိရတယ်။ ကန်ဇွန်းကစလို ့ ငှက်ပျော်ပင်အထိစိုက်ထားရတယ်။ ဝယ်စားလို ့မှ မရတာဆိုတော့ဗျာ။

ဒီနေ ့မနက်ပဲ ပျင်းနေလို ့အပျင်းပြေ ဓာတ်ပုံလေးရိုက်ပြီး ခင်ဗျားတို ့အားလုံးကြည့်ရအောင် တင်ပေးလိုက်တာပါ။

ဘုန်းကျော်( ဩစတျေးလျ )

 

16 comments

  • zenn

    August 27, 2012 at 10:29 am

    ..ပထမဆုံး လက်မ ထောင် အားပေး သွားပါတယ် ခင်ဗျာ….

  • သုရှင်

    August 27, 2012 at 10:54 am

    အင်း…လှပါတယ်ဗျာ

  • etone

    August 27, 2012 at 2:18 pm

    သူ့အိမ်သူ ပြန်ရိုက်ပြတာမှ ဟုတ်ရဲ့လားဟင် …. ။ အောက်ဆုံးကပုံကိုမြင်ဖူးတယ်လေ .. ဒါကြောင့်မေးတာ … 😎

    ဒါနဲ့ ကိုဘုန်းကျော်ရေ ……. တော့်ဓါတ်ပုံတွေက … တပုံချင်းစီတင်လျှင် ပိုကြည့်လို့ အဆင်ပြေမယ်ထင်တယ်နော် …. ရှင်က ပုံတွေ အားလုံး တင်ပြီးမှ အင်းဆက်ဂလက်ရီလုပ်လိုက်လို့ အခုလို ပုံတွေ သေးသွားတာပါပဲ … ။ ငှက်ပျောပင်လား ဘာလား .. အဲ့ပုံက ဇောက်ထိုးကြီး .. ပြချင်လျှင် ပုံကို rotateလုပ်ပြီးမှ ပြပါ … အဲ့ပုံကို လိုက်ကြည့်ရတာ … ဇက်တောင်စောင်းသွားပြီ 😥
    ကလေးတွေ အိပ်တဲ့ အိပ်ယာကတော့ သပ်သပ်ရပ်ရပ်ပဲ .. လူကြီး အိပ်ယာကျမှ … ဘယ်လိုဖြစ်လို့ ဗြုတ်စ ဗျင်းထောင်း ဖြစ်နေရသတုံး …. အရုပ်လေးလည်း တွေ့တော့ …. ကလေးပိစိလေး ရှိတဲ့ အိမ်များလား ။
    ပြောချင်တာ ပြောပြီး ပြေးပြီအေ …. ။ 😛 😛

    p.s // စိတ်ရူးပေါက်လျှင် … ဘလိုင်းဂျီး ထမဆဲနဲ့နော် …. လူတိုင်းမှာ ပါးစပ်ပါဧ။် .. ခွိခွိ 😉

  • may flowers

    August 27, 2012 at 3:09 pm

    ကိုယ်တိုင်စိုက်တော့ ကျန်းမာရေးအတွက်လည်းကောင်း ဈေးဖိုးလည်းချွေတာ ရာရောက်ပြီး လတ်လတ်

    ဆတ်ဆတ်လည်း စားရတော့ အများကြီးအကျိုးကျေးဇူးများတာပါပဲလား ကိုဘုန်းကျော်ရေ။

  • MaMa

    August 27, 2012 at 4:40 pm

    မြင်မိတာလေး ပြောရရင် ဩဇီက ရေမြေကောင်းလား။
    အပင်တွေကြည့်ရတာ မသန်မစွမ်းနဲ့။

    အိမ်ကတော့ ကောင်းပါရဲ့။
    အိမ်ရှင်မကိုများ တဖက်လှည့်နဲ့ အပြစ်တင်ထားတာလား။
    အိမ်ခန်းနဲ့ နောက်ဖေးခန်းတွေမှာ အဝတ်တွေက ဖရိုဖရဲဖြစ်နေသလားလို့။

    ကိုယ့်နိုင်ငံသားတစ်ယောက် အခြားနိုင်ငံမှာ အောင်မြင်ကြီးပွားနေတာ ကြွားတယ်လို့ မပြောလိုပါဘူး။
    မုဒိတာပွားပြီး ဝမ်းသာပေးပါတယ်။ 🙂

  • မဟာရာဇာ အံစာတုံး

    August 27, 2012 at 9:33 pm

    ကိုဘုန်းကျော် နေရတဲ့
    အိမ်ကတော့ မိုက်သားဗျ ..
    အပြင်းပျေ ရိုက်ပြလို့ အပြင်းပျေ ကြည့်သွားပါတယ် ..
    ဒီပုံတွေထဲမှာ ဟိုတစ်ခါ ကြွားတုန်းက စားပွဲဂျီးကိုလည်း
    မြင်မိပါတယ် ဆိုတဲ့ အကြောင်း .. 😀

  • Hnin Hnin

    August 28, 2012 at 12:59 am

    မMaMa မြင်တဲ့အတိုင်း မြင်မိတာပါပဲ။ တစ်ခါခူးချက် တစ်ယောက်စာတောင် ဝပါ့မလားနော်။ နံနံပင်၊ပူစီနံ၊
    ပျဉ်းတော်သိမ်၊စပါးလင် ဟင်းခတ်ရွက် စုံစုံလင်လင်တော့ တွေ့တယ်။ အဲဒီမှာ အတော်သုံးဝင်မယ်။
    အောက်ဆုံးက ပုံကတော့ အရင်ပြောခဲ့ကတည်းက မယုံပါဘူး။ သူ့အိမ်မှာပဲနေမှာ။ ကြွားနေတာပဲနေမှာလို့။
    ကျန်တာမမှတ်မိရင်တောင် စာအုပ်စင်အောက်ဆုံးက ကြမ်းပြင်မှာကပ်နေတဲ့ အိမ်ကအဘိဓာန်နဲ့တစ်ထေရာ
    ထဲတူတဲ့ သာလွန် အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်ကြီးကိုတော့ ပုံသေးသွားလည်း မှတ်မိနေပါကြောင်း..း)

  • kai

    August 28, 2012 at 3:32 am

    ဗိုလ်ချုပ်အောင်ဆန်းကလည်း. အိမ်ခြံဝင်းမှာ.. စားပင်သစ်ပင်တွေစိုက်ခိုင်းခဲ့တယ်..
    မြန်မာပြည်ထဲကသူတွေအများစုနဲ့စာရင်..
    နိုင်ငံရပ်ခြားနေတဲ့.. ကိုရင်ဘုန်းကျော်ကမှ. ဗိုလ်ချုပ်စကားနားထောင်သေး.. :mrgreen:

    ဟေ့..
    မြန်မာတွေ..
    (စား)ဆီ အသုံးရော..လျှော့နိုင်ကြပြီလားဟေ့… :mrgreen:
    သွင်းကုန်စာရင်းမှာ.. အမြဲထိုးတက်နေတဲ့.. ဂရပ်ဖ်ကြီးသတိရလို့…

  • flamingo

    August 28, 2012 at 3:43 am

    ကိုဘုန်းကျော်ရေ

    ကုတင်ကိုပြတင်းပေါက်ဘက်မလှည့်ဘဲနံရံဘက်လှည့်ရင်ပိုကောင်းမလားလို့….
    မြင်တာလေးပြောမိတာပါ…စိတ်မရှိပါနဲ့…

    ကျေးဇူးတင်ပါတယ်…

  • Hnin Hnin

    August 28, 2012 at 11:23 am

    -ဗိုလ်ချုပ်စကား နားထောင်ပါတယ်။ မြို့ပြင်ကအိမ်မှာ၊ခြံမှာ နှစ်ရှည်သရက်ပင်နဲ့အခြားအပင်တွေ စိုက်ထားတာ နှစ်တိုင်းအမျိုးတွေရော၊အိမ်နားနီးချင်းတွေပါ ဝေရတယ်။ ခြံမှာဆိုလည်း အိမ်စောင့်က
    ဈေးဖိုးကာမိအောင်ဆိုပြီး ဟင်းရွက်တွေ စိုက်တယ်။ ဒါပေမယ့် မြေက ပုံတွေကအတိုင်း အနီလိုလို၊ရွှံလိုလို
    ဆိုတော့ သဘာဝမြေဩဇာ ထည့်တာတောင် ဟင်းရွက်ကျတော့ ကိုဘုန်းကျော် အပင်တွေအတိုင်း သိပ်မဖြစ်ဘူး။ တစ်ခါစားပဲ ရတယ်။ ဒီမြို့ထဲကျတော့ စိုက်ဖို့နေရာမှ မရှိတာ။ အလှပင်ပဲ ရတယ်။
    – ကိုkai ရော အဲမှာစိုက်လို့လား။ နှင်းနှင်းတို့တုန်းကတော့ အိမ်ထဲ ဟင်းခတ်ပင်တွေ ပန်းအိုးနဲ့စိုက်တာ
    ကလွဲလို့ဘာမှမစိုက်၊ဝယ်စားခဲ့တာချည်းပဲ။ မုန့်ဟင်းခါးချက်ဖို့ ငှက်ပျောအူဆိုရင်တောင် အဲက မြန်မာ
    တွေယူလာပေးရင်တော့ ချက်လိုက်တာပဲ။ ရာသီဥတု အရမ်းအေးနေရင်တော့ ငှက်ပျောပင်တွေ သေကုန်
    လို့ ငှက်ပျောအူမပါတဲ့(ငှက်ပျောအူအစား ထည့်ချက်ဖို့ ပိန်းရိုးလည်းမရှိဆိုတော့)မုန့်ဟင်းခါးငုတ်တုတ်ပဲ စားရတယ်။ ပဲပြုတ်ငတ်တယ်ဆိုရင် ပဲဝယ်ပြီးတော့ ပြုတ်စားရတာပဲ။ ဒူးရင်းသီးစားချင်ရင် ထိုင်းက Frozen ခဲထားတာကြီးကိုပဲ ဈေးကြီးပေး ဝယ်စားရတယ်(အခုတော့မသိ)။
    – (စား)ဆီ လည်း မြန်မာတိုင်း အများကြီး မစားကြတော့ပါဘူး။
    – စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးနေတဲ့ ကျန်းမာရေးဗဟုသုတ၊ အစီအစဉ်တွေကြောင့် ဆီလျှော့စားနေတဲ့ မြန်မာတွေ အများကြီး ရှိနေပါပြီ။
    ကိုဘုန်းကျော်နေတဲ့နေရာလည်း လိုက်သွားလို့ရပေမယ့်(ဖေဖေ့နောက်ကိုပြောတာ) လိုက်ချင်တဲ့စိတ်
    မရှိလို့ မရောက်ဖူးခဲ့တာ။ အဲဒီလိုနေရာတွေမှာ မပျော်တာက ဒီကမြန်မာပြည်၊မြန်မာလူမျုးိ၊မြန်မာအမျိုး
    တွေနဲ့ဝေးနေရတဲ့ အထီးကျန်မှုကြီးကို မခံစားနိုင်တဲ့စိတ်ကြောင့်ပေါ့။ မြန်မာပြည်ကို ချစ်တယ်။
    – ဘယ်အရာမဆို ‘သူ့အိုးနဲ့သူ့ဆန် တန်ရုံ’ ရှိမှာပေါ့။ ဟိုက မိုင်းလုပ်သားရဲ့ ခံစားခွင့်က ဒီကနဲ့ယှဉ်ရင်
    တော့ ‘ရွှေ’ ပဲပေါ့။ ဒါပေမယ့် သူ့ရေမြေ၊သူ့လူနေမှုအဆင့်အတန်းနဲ့ကျတော့ သူ့ရဲ့ခံစားခွင့်က ပုံမှန်ပဲ
    ပေါ့။
    – ဒါကြောင့် ကိုုkai သွားဖြဲပြနေလည်း (မြန်မာပြည်ထဲကသူတွေအများစုနဲ့စာရင်)၊ (ဟေ့…မြန်မာတွေ)
    ဆိုတဲ့ စကားစုများက နှိမ့်ချသလို ခံစားရတာမို့ မျိုးချစ်စိတ်အပြည့်နဲ့ ပြန်ချေပလိုက်ပါတယ်။

  • Htoo thin

    August 28, 2012 at 8:58 pm

    ဘာဗြ အမေကြီးကားမှာ အဆိုးရက ကျုုပ်တို့တွေကို အပင်ဆိုက်ဖို့ ၅လက်မ့န်းအိုးလေးတွေပေးတယ်ဗြ ..

  • Htoo thin

    August 28, 2012 at 8:59 pm

    ဗိုလ်ချုပ်အောင်ဆန်းကလည်း. အိမ်ခြံဝင်းမှာ.. စားပင်သစ်ပင်တွေစိုက်ခိုင်းခဲ့တယ်..
    မြန်မာပြည်ထဲကသူတွေအများစုနဲ့စာရင်..
    နိုင်ငံရပ်ခြားနေတဲ့.. ကိုရင်ဘုန်းကျော်ကမှ. ဗိုလ်ချုပ်စကားနားထောင်သေး.. :mrgreen:

    ဟေ့..
    မြန်မာတွေ..
    (စား)ဆီ အသုံးရော..လျှော့နိုင်ကြပြီလားဟေ့… :mrgreen:
    သွင်းကုန်စာရင်းမှာ.. အမြဲထိုးတက်နေတဲ့.. ဂရပ်ဖ်ကြီးသတိရလို့…
    Htoo thin says:

    ဘာဗြ အမေကြီးကားမှာ အဆိုးရက ကျုုပ်တို့တွေကို အပင်ဆိုက်ဖို့ ၅လက်မ့န်းအိုးလေးတွေပေးတယ်ဗြ ..

  • မောင်သုည

    August 28, 2012 at 11:23 pm

    ကိုဘုန်းကျော်ရေ…ခင်ဗျားတို့အတွက် ဝမ်းသာစရာပဲဗျို့…Black list မှ မြန်မာနိုင်ငံသား (၂၀၈၂)ကိုပယ်ဖျက်ပေးလိုက်ပီလို့ကြားတယ်။
    ခင်ဗျားတို့ရော ဗီဇာရဘို့အစဉ်ပြေနိုင်မယ်ထင်တယ်…

  • Mobile

    December 16, 2012 at 6:25 pm

    ကျုပ်တို့ တေားဓလေ့ အရ အိမ်နောက်ဖေး ဈေးဆိုင်တည် ဆိုတဲ့အတိုင်း
    အပင်လေးတွေ စိုက်ရတာကို သဘောတွေ့လှ၏
    အပင်လေးတွေကို နှစ်သက်လွန်းလို့ ကူးယူထားလိုက်တယ်နော်………

  • အင်း…အကောင်းတွေချည့်ပေါ့..ကောင်းတဲ့လူနေမှုဘဝမှနေထိုင်ခွင့်ရတာ ဝမ်းသာပါတယ်။
    တဂျီးက ဇကာတင် ၂၉ ပုဒ်မှာ အရွေးခံရတဲ့လူတွေကို အော်ဇီစရိတ်ငြိမ်းပို့ပေးမယ်ဆိုရင်အကောင်းသား
    လာလည်လို့တာပေါ့။
    :harr:

Leave a Reply