Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မွေးနေ့တဲ့လား

naywoon niAugust 29, 20121min32113

အဟင်း ….။ မရေးတော့ပါဘူးလေလို့ စဉ်းစားထားတာ သူရို့က လာလာ ဆွဆွ တော့လည်း စိတ်ကူးတွေက ကျိကျိ တက် ချမ်းသာသွားတာနဲ့ မနေနိုင်လို့ ရေးချလိုက်ပြီ…။ ဂွစာတို့က ပြောလိုက်ရင် အနှောင့်မလွတ် အသွားမလွတ်ဆိုတော့ မပြောဖြစ် မရေးဖြစ်အောင် ရွာထဲ မဝင်ပဲ လက်ရှောင်နေတာ…။ ငယ်ငယ်ကတည်းက တစ်ယောက်ယောက်ပြောလိုက်ရင် ဆန့်ကျင်ဘက် ပြန်ပြောလိုက်ရမှ ကျေနပ်တာ ဆိုတော့…….. ဗျာ…။ သတင်းစာ ဖတ်တတ်တဲ့ အရွယ်ကတဲက ကြော်ငြာ စာမျက်နှာမှာ ထည့်လိုက်ကြတဲ့ မွေးနေ့ တစ်ရက်လေးမှ မနားကြဘူး…။ ခုလည်း အင်တာနက် စာမျက်နှာပေါ်မှာတောင်မှ မွေးနေ့ပွဲကျင်းပနေလိုက်ကြသေး…..။ အဲဒိတော့ ကျုပ်လည်းပြောရဦးမယ်…။ ကျုပ်မွေးနေ့အကြောင်း…..။
ကျုပ်လည်း လူပဲဗျ…။ မွေးနေ့ ဆိုတာရှိပေါ့…။ ဒါပေမဲ့ ငယ်ငယ်လေးထဲက အစွဲတစ်ခု ခုထိ မကျွတ်သေးလို့ ……….။ ဒီလိုဗျာ….။ ငယ်ငယ်က ရက်စွဲတွေနဲ့ ပတ်သက်ရင် အမေက မြန်မာ ပြက္ခဒိန်နဲ့ ပြောတယ်ဗျ…။ လဆန်း လဆုတ် ဘယ်နှစ်ရက် …။ ကဆုန် နယုန်ပေါ့ဗျာ…။ ဘာလို့လဲဆိုတော့ အမေက အတန်းပညာမှ သိပ်မတတ်တာ…။ စာကတော့ ဖတ်သလားမမေးနဲ့…။ ကျုပ် မှတ်မိတဲ့ အရွယ် (၉နှစ် ၁ဝနှစ်သားလောက်) မှာကို ထင်းရူးသေတ္တာနဲ့ နှစ်လုံး စာအုပ်တွေ….။ တက္ကသိုလ် ဘုန်နိုင်တို့ ဇဝန တို့….။ ဒဂုန်တာရာတောင် ပါသေးတယ်…။ ဗန်းမော်တင်အောင်ကိုလည်း ကြိုက်ဆိုပဲ….။ အဲ….ထား…။
အိမ်မှာ အမေက ရက်စွဲနဲ့ ပတ်သက်ရင် မြန်မာခုနှစ် ရက်နဲ့ စကားပြောသလို အဖေက တန်းမြင့်ကျောင်းထွက် လား ဟိုက်စကူးလား အဲဒိက ထွက်ပြီး ဝန်ထမ်းဖြစ်နေတာဆိုတော့ ရက်စွဲနဲ့ ပတ်သက်ရင် အင်္ဂလိပ်ခုနှစ် အဲ ခရစ်နှစ်နဲ့ တိတိကျကျ ပြောသဗျ…။
အဲ ကြားထဲက ဒုက္ခရောက်တာက ကျုပ်ပဲ…။ ကျုပ်က ဘယ်ပြက္ခဒိန် အတည်ယူရမှန်းကို မသိတော့ဘူး…။ အမေကပြောတာက မြန်မာပြက္ခဒိန်က အမှန်တဲ့….။ ဗေဒင်ဆရာတွေဆီ ဗေဒင် သွားမေးရင်တောင် မြန်မာခုနှစ်နဲ့ မွေးရက်သိမှ အမှန်တွက်လို့ရတယ်တဲ့….။ ဘုန်းကြီးကျောင်း ဥပုတ် သီလ ယူဖို့လည်း မြန်မာရက်ကိုသိမှတဲ့….။ ဟုတ်ကဲ့…။ မြန်ရက်စွဲတွေအကြောင်း မောင်နေဝန်းနီလေး ကလေ့လာမှတ်သားပါတယ်…။ တန်ခူးရက်မစုံနှစ်ဆယ့်ကိုး……..။ ကဆုန်ရက်စုံ ရက်သုံးဆယ်…။ ဒါပေမဲ့ဗျ နယုန်က သုံးလ မြောက်မှာနေပြီး တစ်ခါတစ်လေ ရက်စုံ ဖြစ်ဖြစ်သွားတယ်ဗျ…။ မယုံရင် ပြက္ခဒိန်အဟောင်းတွေ ပြန်လှန်ကြည့်ကြ…။( 2002-2004-2006 လောက်ကို ) အဲဒါ မကျေနပ်တော့ အမေ့ ပြန်မေးတာပေါ့ဗျာ…။ သူကပြောတော့ မြန်မာပြက္ခဒိန်က တိကျတယ်ပြောတာကိုး….။ အဲဒါ ဝါကလေးထပ်တယ်ခေါ်သတဲ့ …။ သုံးနှစ်တစ်ကြိမ် ထပ်တာက ဝါကြီးထပ်တာတဲ့…။ နေသွားလမ်းောကာင်းနဲ့ ပြက္ခဒိန်ညှိ ယူတယ်ဆိုလား ပြောတော့ ပြောသား…။ သိပ်မမှတ်မိတော့လို့………။
ဒါပေမဲ့ ကျောင်းရောက်တော့ ခရစ်နှစ်ကို သင်ရပြန်ရောဗျာ…။ ကျောင်းက သချာင်္မှာလေ….။ ဘာတဲ့ လင်္ကလေးနဲ့ ပါပဲ…။ ရက်သုံးဆယ်မှာ စက်တင်ဘာ ဆိုတာလေးနဲ့…။ အဲ ရက်တွေ ဘာတွေ တွက်ပေး ပုစ္ဆာတွေ တွက်နဲ့ ….။ အဲဒိတော့ အဖေက ပြောတယ်…။ ခရစ်နှစ်ကသာတိကျ ပါသတဲ့…။ တစ်ယောက်တစ်မျိုးစီ တိကျနေလိုက်ကျတာ…. ကြားထဲကနေဝန်းနီက မွေးနေံကို ဘယ်လိုသတ်မှတ်ရမယ်မှန်း မသိတော့ပါဘူးဗျာ…။ နေဝန်းနီကိုမွေးတာက တန်ဆောင်မုန်းလဆန်းရှစ်ရက် ဗျ…။ အဲဒိနေ့ဆို အမေက နေဝန်းနီ မွေးနေ့ဆိုပြီး တစ်ခုခုလုပ်ပါတယ်…။ ကျောင်းကိုဆွမ်းပို့တာတို့ အိမ်မှာ မုန့်လုပ်ပြီးကျွေးတာတို့ ….။
အဲ ရက်နဲ့ မရှေးမနှောင်း မှာ နိုဝင်ဘာ 17 ရက် ရှိတယ်…။ အဲဒိနေ့တို့ အဖေကပြောတယ်…။ ဒီနေ့ မင်းမွေးနေ့တဲ့…။ ဘယ်ဟာ အတည်လဲဟင် …။ လူတစ်ယောက်ထဲ မွေးနေ့ နှစ်ခုရှိနေတာ တော့ မကောင်းဘူးနဲ့တူရဲ့…။ ငယ်တုန်းသာ ဂရုစိုက်နိုင်တာပါ….။ နောက်ကျတော့ မေ့မေ့ ပျောက်ပျောက်နဲ့ သတိရတဲ့နှစ် သတိရလိုက် မေ့နေတဲ့နှစ်မေ့လိုက်နဲ့…။ သူငယ်ချင်းတွေကမေးတယ်…။ မင်းမွေးနေ့ ဘယ်တော့လဲတဲ့…။ သူတို့ကိုပြန်မေးရတယ်…။ မြန်မာရက်လား အင်္ဂလိပ်ရက်လားလို့…။ သူတို့က ရယ်တယ်…။ ဘယ်ရက်ဖြစ်ဖြစ် ပေါ့တဲ့…။ ဒါနဲ့ ပဲ မသေချာမရေရာ မေးလာတဲ့မေးခွန်းကို မဖြေဖြစ်တာကများတယ်…။ တစ်နှစ်ပဲ ထူးထူးခြားခြား နိုဝင်ဘာ 17 ရက်နဲ့ တန်းဆောင်မုန်းလဆန်း ရှစ်ရက် တစ်ထပ်ထဲသွားကျနေတာ… ။မှတ်မှတ်ရရ 17နှစ်ပြည့်တဲ့ရက်…။ အဲဒိတစ်ရက်ပဲ သူငယ်ချင်းတွေကို ဒီနေ့ ငါ့မွေးနေ့ ကွ ဆိုပြီး လ္ဘက်ရည် ဆိုင်မှာ ကြိုက်တာမှာစားဆိုပြီးကျွေးဖူးတယ်…။ တတ်နိင်သလောက် မွေးနေ့ ပွဲလုပ်တယ်ပေါ့…။ နောက်နှစ်တွေတော့ အဲဒိလို မတိုက်ဆိုင်တာနဲ့ မလုပ်ဖြစ်တော့ပါဘူး…။ ဒီနေ့ ငါ့မွေးနေ့လို့လဲ မပြောဖြစ်ပါဘူး…။ မြန်မာရက်နဲ့ ပြောရင် အင်္ဂလိပ်ရက်နဲ့လွဲ …။ အင်္ဂလိပ်ရက်နဲ့ ပြောရင် မြန်မာရက်နဲ့လွဲနေလို့လေ……….။
ကျောင်းတုန်းက ဆရာတ်ယောက်ကို အဲဒိအကြောင်း ပြောဖြစ်တော့ ……သူကတစ်မျိုး ပြောပြန ်တယ ်….။
“ နေဝန်းနီရေ….။ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ဆိုပေမဲ့…။ ဆရာ့အမြင်ကတော့ လူတွေဟာ နေ့တိုင်းမွေးပြီးနေ့တိုင်းသေနေကြတာကွ”
တဲ့….။ ပြီးတော့ ဆရာက ဆက်ပြောသေးတယ်…။
“ မင်းဉာဏ်မှီ သလောက်ပဲ စဉ်းစားကြည့်….။ တို့ ကိုယ်ခန္ဓာမှာ နေ့တိုင်းပျက်ဆီးနေတဲ့ ဆဲလ်တွေ အသစ်ဖြစ်ပေါ်နေတဲ့ ဆဲလ်တွေ အချိန်တိုင်းအချိန်တိုင်းမှာရှိသကွ…။ ပြီးတော့ မှတ်ဉာဏ် ထဲမှာလည်း အသစ်ထပ်ထည့်လိုက် မေ့ပျောက်တဲ့ဟာကပျောက်သွားလိုက်ကွ….။ ဒီတော့ အသက်ရှင်နေတဲ့ နေ့တိုင်းဟာ မင်းမွေးနေ့ပဲ….။ တစ်ချိန်ထဲမှာလည်း မင်းသေနေတဲ့ နေ့ရက်တွေချည့်ပဲ”
တဲ့….။ အဲဂလိုဆိုတော့ကာ…. ဘယ်နေ့ကိုမွေးနေ့ လို့ မ သတ်မှတ် ဖြစ်တဲ့ နေဝန်းနီဟာ……. နေ့တိုင်း နေ့တိုင်း မွေးနေ့ ဆိုတဲ့ အဆိုကို လွန်စွာ နှစ်ထောင်းအားရ သဘောကျမိသွားတာပေါ့….။

13 comments

  • မဟာရာဇာ အံစာတုံး

    August 29, 2012 at 7:18 pm

    ဒါဆို ဒီနေ့ဟာ
    ကျုပ် မွေးနေ့လို့ ပြောလို့ ရတာပေါ့နော် ..
    ဒီလထဲ မွေးဒဲ့ လူတွေက အချောအလှတွေဒဲ့ ..
    ဒါကြောင့် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဂနေ့ နာ့မွေးနေ့ဘဲ … :mrgreen:

    ဒါနဲ့ စကားမစပ် မေးရဦးမယ်ဗျ ..
    ဦးနေရ စာတွေ ရေးသလားလို့ မေးကြည့်ချင်တာပါ ..
    နေဝန်းနီ ဆိုတဲ့ ကလောင် နံမယ်ကို သူရဇ္ဇ မဂ္ဂဇင်းထဲမှာ တွေ့လို့ မေးကြည့်ဒါဘာ ..

  • nozomi

    August 29, 2012 at 8:23 pm

    တိုက်တိုက် ဆိုင်ဆိုင်
    ကိုနီ နဲ ့ ကျွန်တော် မြန်မာလို တူနေတယ် ဗျ

  • နေဝန်းနီ

    August 29, 2012 at 8:46 pm

    @အံဇာတုံးရေ….။ အသင်ပြောတဲ့ မဂ္ဂဇင်းထဲတွေ့တာ ဆရာနေသွေးနီဖြစ်ပါလိမ့်မယ်….။ နေဝန်းနီ မဟုတ်ရပါဘူးနော်…။
    @ nozomi ခင်ဗျား ….။ ကျွန်တော်က တန်းဆောင်မုန်းနော်…။ ဘယ်လပဲဖြစ်ဖြစ် လဆန်း (၈) မွေးရင် ဗေဒင်အလိုအရတော့ လူမိုက်တဲ့ဗျ…။ အဲဒိဗေဒင် အလိုအရ မမှားရအောင် ကျွန်တော်ကတော့ ခုထိ (43)နှစ်ရှိပြီ မိုက်နေတုန်းပဲ…..။
    နောက်ထပ် @ ပြောချင်တာကတော့ မွေးနေ့ပို့စ်တွေကို တင်နေတဲ့သူတွေကို စော်ကားချင်လို့ မဟုတ်ရပါဘူးနော်…။ သူကြီးအားကိုးနဲ့ မတူတဲ့ အမြင်ဘက်က ကြည့်ပြောတာပါ….။ စကတည်းက သူကအဖြူဆို ကိုယ်က အမဲ စိတ် ရှိနေတဲ့ နေဝန်းနီ အဖို့က ဆန့်ကျင်ဘက်တွေးစရာရေးစရာတွေ များပါတယ်…။ စိတ်ထဲမှာ ထိရှမှ ရေးဖြစ်ပါတယ်…။ တောင်တောင်အီအီနဲ့ ပို့စ်ဖြစ်ရု့လောက်တော့ မရေးချင်ပါဘူး

  • pooch

    August 29, 2012 at 9:05 pm

    မွေးနေ့မွေးလကတော့ ဗမာလိုရော အင်္ဂလိပ်လိုရော တထပ်တည်းကျဖို့ ဆိုရင် ၄ နှစ်တကြိမ်မှ ဆုံတတ်တယ်ထင်တယ်။ တချို့ ကျပြန်တော့လည်း ၈ နှစ်တကြိမ်လောက်မှ ဆုံတတ်တယ်။

    တနည်းပြောရရင် မွေးနေ့ဆိုတာ ငါလောကကြီးထဲကို ရောက်လာတာ ဘယ်လောက်သက်တမ်းရှိနေပြီ ဆိုတဲ့ သတိပေးခြင်းတမျိုးပါပဲ။

    လူ့သဘာဝကိုက မွေးဖွားလာပြီးတဲ့နောက် သေချာပေါက် အဆုံးသတ်ရမဲ့ ခရီးတခုကို လိမ်ညာပြီး ကိုယ့်ကိုယ်ကိုယ် အမြဲ ရှင်သန်နေမဲ့သူလို့ ထင်ယောင်ထင်မှားနဲ့နေထိုင်နေကြတာပါ။

    • အမေ Mobile (MGZ ပါတီ)

      December 15, 2012 at 12:14 am

      မွေးနေ့ပွဲလေးအတွင်းသို့ အတော်အတန်နောက်ကျပြီးမှ ရောက်ရှိခဲ့ပါကြောင်း

  • ရဲစည်

    August 30, 2012 at 2:06 am

    သားက နယုန်လဆန်း ၁၄ရက်
    အင်းလိပ်လို အယူအဆ ဖြစ်ဖြစ်
    ဗမာလို အယူအဆ ဖြစ်ဖြစ် …..
    ခု သက်တမ်း တလျှောက် ဘာမှ မှတ်မှတ်ရရ မလုပ်ဖူးခဲ့တာ အဲ့ မွေးနေ့ဆိုတာကြီးဘဲ
    တခါတလေလဲ ၂ရက်လောက် ကျော်သွားမှ အင် ဟိုရက်က ငါ့မွေးနေ့ဟ ဆိုပီး ပြန်သတိရတဲ့ နှစ်တွေ မနည်းတော့ဘူး
    အဲတော့ …
    သူများမွေးနေ့ဆို ဆုတောင်းပေးတယ် ကျွေးရင် သွားစားတယ်
    ကိုယ့်မွေးနေ့ဆို မသိချင်ယောင်ဆောင် နေတယ် ……….. ဟိဟိ
    ကျနော့် အယူအဆ ပြောပါဆိုရင်တော့

    သောကြာနေ့တိုင်းဟာ ကျနော့်မွေးနေ့ ဖြစ်ကြောင်း 🙂

  • ကြောင်ကြီး

    August 30, 2012 at 9:04 am

    ကျုပ်ကတော့ နယူးရီးယားရောက်ရင် ဘာသာရေးအစွဲရှိတဲ့ အချို့သော အဖြူကောင်တွေကို အရွဲ့တိုက်ပြီး လူမျိုးတိုင်းမှာ နှစ်သစ်ကူးနေ့ရှိတယ်၊ ဒါကြောင့် နှစ်သစ်ကူးပီး လပေါင်းများစွာအထိ ဟက်ပီးနယူးရီးယားလို့ လူတွေ့ရင် နှုတ်ဆက်တယ်။

  • မွန်မွန်

    August 30, 2012 at 10:05 am

    တမီးကတော့ မွေးနေ့ဆိုရင် မှတ်မှတ်ရရ အကြာကြီး ဘုရားရှိခိုးတယ်…
    ဒီတော့ကာ..နေ့တိုင်းမွေးနေ့လို့ မှတ်ထားလိုက်ရင် နေ့တိုင်း ဘုရားရှိခိုးဖြစ်မယ်ထင်တယ်… မဆိုးဘူးပဲ…. 🙂

  • manawphyulay

    August 30, 2012 at 10:14 am

    ဒါများ စဉ်းစားနေရသေးတယ် လေးနီရယ်… တစ်နေကုန်လို့ နောက်နေ့ မျက်လုံးနှစ်လုံးပွင့်လို့ မသေသေးရင် အဲဒီနေ့က ကိုယ့်ရဲ့မွေးနေ့ပဲ လို့ မှတ်ယူလိုက်ပေါ့ မဟုတ်ဘူးလား 😛

  • aung moethu

    August 30, 2012 at 11:09 am

    မြန်မာသက္ကရာဇ်ကို လက်မလွှတ်သလို.. အင်္ဂလိပ်ခုနှစ်ကိုလဲ လက်မလွှတ်ပြန်ဘူး….. ရှေးသုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမလွယ်နဲ့ ဆိုသလိုပေါ့…. း)

  • Khaing Khaing

    August 30, 2012 at 1:13 pm

    ညီမကတော့ မွေးနေ့ကို အင်္ဂလိပ်လိုပဲယူတယ် …….. မြန်မာလိုကတော့ ကိုယ့်စိတ်ထဲဒီနေ့ငါ့မွေးနေ့ပါလား ဆိုတာပဲထားပြီး ဘယ်သူ့ကိုမှမပြောဖြစ်ဘူး …… အင်္ဂလိပ်လိုမွေးနေ့ကျရင်တော့ ချစ်တဲ့သူဆီကနေမွေးနေ့ လက်ချောင်တွေရတတ်လို့ အဲဒါလေးကိုအတည်ယူဖြစ်သွားတာပါ ……

  • mayjuly

    August 30, 2012 at 1:40 pm

    မွေးနေ့ရယ်လို့တော့ တိတိကျကျ မသတ်မှတ်ချင်ပါဘူး……
    (ကိုယ့်အသက်ကိုယ် ပြန်တွက်နေမိမှာစိုးလို့ ) .. 😛

    မြန်မာအယူအဆလိုပဲ တန်ခူးလ သင်္ကြန်ပွဲပြီးလို့ နှစ်ဆန်းတစ်ရက်နေ့ရောက်ရင်ပဲ …
    အသက်တစ်နှစ်ကြီးပါရောလားဆိုပြီး အသိအမှတ်ပြုဖြစ်တယ်..အလှူလဲ အဲအချိန်မှ ပိုပြီး လုပ်ဖြစ်ပါတယ် …

Leave a Reply