Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကားမူးခြင်း၊ သင်္ဘောမူးခြင်းမှ ကင်းဝေးရန်

ပန်း စံပါယ်September 11, 20121min90237

အားလုံးပဲ မင်္ဂလာပါရှင်…
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်ဆုတောင်းမေတ္တာပို့သပါတယ်ရှင်။

အခုဆိုရင် ကျွန်မဘာကိစ္စပဲရှိရှိ တစ်ခုခုဆိုရင် ဒီရွာလေးကိုပဲ ပြေးပြီးသတိရမိပါတယ်ရှင်။ ဒီရွာလေးက ကျွန်မအတွက် တိုင်ပင်ဖော် အကြံပေးဖော်လိုပါပဲ။ ဒါကြောင့် ကျွန်မရဲ့ ဒုတိယမြောက်ပို့စ်လေးကို တင်လိုက်ခြင်းဖြစ်ပါတယ်ရှင် (ဒုတိယမြောက် မေးခွန်းလေးဆိုရင် ပိုမှန်မယ်ထင်ပါတယ်ရှင်)။ ကားတို့ သင်္ဘောတို့ မူးခြင်းကို ခံစားကြရတဲ့သူတွေအတွက် မသိသေးသူတွေအတွက် သိသင့်တာတွေကို သိစေချင်တာလည်း ပါပါတယ်ရှင်။

နေ့စဉ်နဲ့အမျှ မြို့တွင်း နယ်ဝေးကို ကား၊ ရထား၊ သင်္ဘော၊ လေယာဉ် အသုံးပြုပြီး သွားလာနေကြတဲ့ ခရီးသွားများ ကားပေါ်၊ သင်္ဘောပေါ်မှာ…….. မူးကြတာတွေ(တချို့က ကားတောက်တယ် လို့ ပြောကြပါတယ်) အဲဒီလိုမူးလို့ အံကြတာတွေကို တွေ့ဖူး၊ မြင်ဖူး၊ တစ်ချို့ကိုယ်တိုင်ခံစားဖူးကြမှာပါ။ ကျွန်မကတော့ ကား၊ သင်္ဘောမူးတယ်ဆိုတာ(ကား နဲ့ သင်္ဘောပဲစီးဖူးလို့ပါ) ဘာမှန်းမသိပေမယ့် ကျွန်မရဲ့မောင်လေး ညီမလေးတွေက အဲဒီလိုမူးလေ့ရှိပါတယ်။ ကားဆိုရင် မှန်လုံအဲယားကွန်းကား(အိမ်စီး၊ အဝေးပြေး)ကိုပြတင်းတံခါးတွေပိတ်ထားတဲ့အခါမျိုးတွေ၊ လိုင်းကားဆိုရင် လူတွေပြည့်ကျပ်နေပြီး လေဝင်လေထွက်မကောင်းတဲ့နေရာမျိုးမှာလိုက်ပါရတဲ့အခါမျိုးတွေ၊ ယာဉ်မောင်းက ဘရိတ်ကို ဆောင့်နင်းလိုက် လွှတ်လိုက် ခဏခဏလုပ်တဲ့အခါမျိုးတွေမှာ မူးပြီးအံတတ်ပါတယ်။ မူးရုံတင်မဟုတ်ပဲ အံတဲ့အထိဆိုတော့ အားအင်ကုန်ခမ်းပြီး အလွန်ပင်ပမ်းနွမ်းနယ်ပါတယ်။ လူနာတစ်ယောက်လိုပါပဲ။ မူးပြီးအံရလို့ မျက်နှာဖြူဖျော့နေပြီး လူနာတစ်ယောက်လိုခံစားနေရတာတွေ့တော့ အလွန်ပဲစိတ်မသက်မသာဖြစ်ရပါတယ်။ အဲဒါမျိုးကရံဖန်ရံခါမဟုတ်ပဲ မကြာခဏဖြစ်တတ်တော့ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်ရှင်။ တစ်ချို့ကျန်းမာရေးမကောင်းတဲ့သူဖြစ်ပေမယ့် (နှလုံးရောဂါ၊ သွေးတိုး၊ စသည်ဖြင့်) ကားမူးတာတွေမရှိပါဘူး။ လွန်ခဲ့တဲ့တစ်နှစ်လောက်က အဝေးပြေးမှန်လုံကားပေါ်မှာ အမျိုးသားတစ်ယောက် ဆုံးသွားတယ်လို့ကြားလိုက်မိပါတယ်။ ဘာကြောင့်ဆိုတာ အတိအကျမသိပေမယ့် မှန်လုံကားပေါ်မှာ ပြတင်းတခါးတွေပိတ်ထားပြီး အဲယားကွန်းပဲအသုံးပြုတော့ ကားထဲမှာ အောက်စီဂျင်မလုံလောက်လို့များ အဲဒီလိုဖြစ်သွားခဲ့သလားလို့ တွေးမိပါတယ်။

နောက်ပြီး သင်္ဘောနဲ့ခရီးသွားသူတွေ နဲ့ သင်္ဘောသားတစ်ချို့ပေါ့ မူးပြီးအံကြတာတွေ။ နောက် သင်္ဘောပေါ်မှာ ခဏတာ ရက်အနည်းငယ်ပဲမူးပြီးပုံမှန်ဖြစ်သွားတာမျိုးမဟုတ်ပဲ ရက်ရှည်လများ မူးလိုက် သက်သာလိုက်၊ မူးလိုက် သက်သာလိုက်နဲ့ အဲဒီလိုဖြစ်တာ ဘာကြောင့်လဲဆိုတာ သိချင်ပါတယ်ရှင်။ အဲဒီလိုမူးပြီးအံတာ အသက်အန္တရာယ်ရှိ မရှိဆိုတာလည်း သိချင်ပါတယ်။
ဒါကြောင့် ကားမူးခြင်း၊ သင်္ဘောမူးခြင်း (အထက်ကပြောခဲ့သလို မူးလိုက်သက်သာလိုက်ဖြစ်ခြင်း) သည် မည်သည့်အရာအပေါ်အဓိကအခြေခံသလဲဆိုတာသိချင်ပါတယ်ရှင်။ ဥပမာ – နှလုံး၊ အသည်း၊ ကျောက်ကပ်၊ သွေးအား၊ အာရုံကြော၊ ကြွက်သား စသည်ဖြင့်ပေါ့။

အဲဒီလိုမူးခြင်းမှ ကင်းဝေအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ။ ဆောင်ရန် ရှောင်ရန်များကို မိမိတို့သိသမျှ မျှဝေ အကြံပြု ဆွေးနွေးပေးကြပါဦးရှင်။

အားလုံးပဲ ကာယစိတ်တ သုခအပေါင်းနဲ့ ပြည့်စုံကြပါစေရှင်။

37 comments

  • pooch

    September 11, 2012 at 4:58 pm

    စံပယ်ရေ ကျမလည်း motion sickness ရှိသူတယောက်မို့ မဖြစ်မနေသိအောင် အကြောင်းအရင်းလေးတွေ ရှာကြည့်ဖူးပါတယ်။

    ကျမက ၁၅ မိနစ်လောက်ပဲ လေယာဉ်စီးရတဲ့ တာချီလိတ် – ကျိုင်းတုံ ခရီးလေးကိုတောင် ချာချာလည်အောင် မူးခဲ့သူမို့ ဆိုးဝါးတဲ့အဆင့်လို့ သတ်မှတ်လို့ ရပါတယ်။

    နားလည်မိသလောက် အကြောင်းက မျက်စိနဲ့ နားနဲ့ကြားတာမြင်တာကို ရေချိန်ကိုက်အောင် ဦးနှောက်က လုပ်မပေးနိုင်တဲ့အတွက် ဖြစ်ရတာလို့ ဆိုပါတယ်။ ဦးနှောက်က သတင်းအမှားတွေကို လက်ခံမိလို့ပါ။

    ဥပမာ ကားစီးနေရင်း ကျမက စာဖတ်နေမယ် ဒါမှ မဟုတ် ပတ်ဝန်းကျင်ရှုခင်းကို ကြည့်နေမယ် ။ အဲ့ဒီအချိန် လမ်းမပေါ်က ချိုင့်တွေ ဘုတွေ ကြောင့် နားက ကြားတာတွေ ဦးနှောက်ကို လှမ်းပို့ပြီး ရှုပ်နေမယ်။

    အဲ့လို ရှုပ်ထွေးမှုကြောင့် ချွေးတွေထွက်လာတာ မူးပြီး ပျို့လာတာတွေ အစာအိမ်ထဲက နာလာတာတွေ ဖြစ်မယ်။
    သိပ်ဆိုးလာရင် တော်တော်လေးကို ခံရပါတယ်။ ကျမဆိုရင် အစာအိမ်ထဲက အစာခြေရည်တွေပါ ပါတဲ့အထိ ပြင်းပြင်းထန်ထန် အန်ဖူးပါတယ်။ ရေသောက်ရေအန်ပါ။ ဘာမှ လည်း စားလို့မရပါဘူး။

    ကားစီးရင်း သက်သာအောင်ဆိုရင်တော့ ရှေ့ခုံမှာ ထိုင်ပြီး လမ်းမရဲ့ ပြန့်ပြူးနေတာကို ကြည့်ပေးရင် သက်သာပါတယ် ။ စာဖတ်တာကိုလည်း ရှောင်ပေးရမှာပါ။

    သဘောင်္စီးရင်းဆိုရင်တော့ သဘောင်္ရဲ့ အလယ်ပိုင်းလောက်မှာ နေပေးပါ။

    လေယာဉ်ပေါ်မှာ ဆိုရင်တော့ တောင်ပံဘက်ကို နေရာယူပေးပါ။

    ဆောင်ရန်ရှောင်ရန်နည်းတွေ ကတော့ အများကြီးရှိပါတယ်။

    ဆေးဆိုရင်တော့ ကျမဆောင်လေ့ရှိတဲ့ ဆေးက stugeron ဆိုတဲ့ဆေးပါ။ မသွားခင် ၂ နာရီလောက်ကြိုသောက်ပါတယ်။ ၈ နာရီခြားတခါ သောက်လို့ ရပါတယ်။ ခရီးက ရှည်ရင်ပေါ့။

    အဲ့ဒီဆေးကို ဆောင်ပြီးကတည်းက motion sickness ကို မကြောက်ရတော့ပါဘူး။ အစာကို မနည်းမများ ခရီးမသွားခင်စားထားပေးတာ ကောင်းပါတယ်။ လေကို ဝဝရှုပေးပါ။

    • ပန်းစံပါယ်

      September 12, 2012 at 11:08 am

      ဟုတ်ကံပါ အစ်မ/အန်တီ Pooch..ရေ အခုလိုပထမဦးဆုံးအကြံပြုဆွေးနွေးပေးတာ ကျေးဇူးပါရှင်။

      stugeron သောက်တာ နည်းမမှန်လို့လားမသိဘူး ပင်လယ်ကူးသင်္ဘောပေါ်မှာ မူးလိုက် သက်သာလိုက်ပဲလို့ပြောပါတယ်။ ဆောင်ရန် ရှောင်ရန်နည်းတွေလည်း ပြောပြပေးပါဦးရှင်။

      • pooch

        September 12, 2012 at 3:13 pm

        ဂျီးဒေါ်လို့ ခေါ်ပါ သမီးစံပယ်ရေ ဂျီးဒေါ် အသက်က ၅၈ နှစ် ရှိပါပြီကွယ်။ 😀

        ပင်လယ်ကူးသဘောင်္က မစီးဘူးလို့ သိပ်မသိပါဘူး။ အောက်ကကွန်းမန့်မှာ လှေစီးဖူးတာလို့ပဲ ရေးထားပါတယ်။ ဆောင်ရန် ရှောင်ရန်ကို ဒီလင့်လေးမှာ အသေးစိတ် သွားဖတ်ကြည့်လို့ ရပါတယ်။

        http://nccoastalfishing.com/index.htm?seasickness.htm~main
        http://www.wisegeek.com/how-can-i-relieve-motion-sickness.htm

        • ပန်းစံပါယ်

          September 12, 2012 at 3:28 pm

          ဟုတ်ကဲ့ပါ ဂျီးဒေါ်(တောသူပေမယ့် ဂျီးဒေါ်လို့ခေါ်ဝေါ်လေ့မရှိတော့ ခေါ်ရတာတစ်မျိုးကြီးပဲ..ဟီးဟီး)…
          သေချာဖတ်ကြည့်လိုက်ပါမယ်..ကျေးဇူးပါ ဒေါ်လေးpooch ရေ..

        • kai

          September 12, 2012 at 3:30 pm

          ရွာရဲ့အရီးတော် ဖြစ်ချင်နေတယ်နဲ့တူတယ်…
          လက်၃ချောင်းထောင်ပြပြီး.. ၃ဝစောင့်လို့ ပြောရမယ်.. :mrgreen:

        • Ma Ei

          September 12, 2012 at 3:44 pm

          သူကြီးက နောက်နေနိုင်သေးတယ်…
          ကျမဖြင့်ဟို Post, ဒီ Post တွေက စာတွေ Comment တွေဖတ်ပြီး
          စိတ်မွန်းကျပ်လို့ Pressure တက်နေပြီ…

        • ဒဿ ဖွတ်ကျား

          September 12, 2012 at 3:47 pm

          လူသက် ၂၈မှာ စိတ်သက် ၁၈နှစ်သမီးလို ဖလမ်းဖလမ်း ထချင်ပေမယ့် ရုပ်သက်က ၃၈ လောက်ထင်ရတာမို့
          မစွံတော့တာကို စိတ်ပျက်ပီးသကာလ အသက် ၅၈ လို့ ပြောချလိုက်တာ ထင်ပါကြောင်း

          အာ. ဟိ
          ဒက်ဂလောက်

        • ပန်းစံပါယ်

          September 12, 2012 at 3:56 pm

          ဟုတ်ကဲ့ပါ သေချာဖတ်ကြည့်လိုက်ပါမယ်..ဂျီးဒေါ်ရေ(တောသူပေမယ့် ဂျီးဒေါ်လို့ခေါ်ဝေါ်လေ့မရှိတော့ ခေါ်ရတာတစ်မျိုးကြီးပဲ..ဟီးဟီး)…
          ကျေးဇူးပါ ဒေါ်လေးpooch ရေ..

  • ဦးဦးပါလေရာ

    September 11, 2012 at 5:21 pm

    အပေါ်က pooch ပြောထားတာဟုတ်ပါတယ်။

    လက်တွေ့နည်းလေးတခုကတော့ နားကိုနားကြပ်တပ်ထားခြင်းဖြင့် ကားမူးတာ သက်သာစေပါတယ်။

  • memeseku

    September 11, 2012 at 6:23 pm

    ကားမူးပျောက်နည်းကောင်းကောင်းရှိတယ် ..သိလား ကားပေါ်မတက်ခင် အမှောက်သာသောက်…
    စိန်ဗိုက်ဗိုက်ဆိုဘယ်တော့မှ ကား မမူး 🙂 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 11, 2012 at 6:29 pm

    ကျုပ်အထင်ကိုပြောရရင်တော့ ( ထင်တာရမ်းပြောတာ 😀 )
    ဒါဟာရောဂါတစ်ခုဘဲဆိုရမလားမသိ ( ထင်တာပြောတာနော )
    နောက်တစ်ခုက အလေ့အကျင့်နဲ့လည်းဆိုင်မလားဘဲ ( ဒါကိုပိုပြီးမှတ်ချက်ပြုမိတယ် )
    ဆိုလိုတာက
    အချို့တွေ ကားမူးတယ် အချို့တွေလှေမူးတယ် အချို့တွေလိင်ဗျံမူးတယ်
    ( ကျုပ်ကတော့ အရက်မူးဒယ် ( အရဂါးနောက်ဒါ )
    အလွယ်ပြောရရင်တော့ ကားတစ်ခါမှမစီးဘူးတဲ့လူတွေအံလေ့အံထရှိတယ်
    လှေတစ်ခါမှမစီးဘူးတဲ့လူတွေ အံလေ့အံထရှိတယ်
    လိင်ဗျံတစ်ခါမှမစီးဘူးတဲ့လူတွေ အံလေ့အံထရှိတယ် ( လူတိုင်းတော့ဟုတ်ဘူး ဖြစ်တဲ့လူမှဖြစ်တာ )
    ဖြစ်တဲ့လူက အနည်းစုလို့ဆိုလို့ရမလားနော
    အချို့က ကားမမူးဘူး လှေမူးတယ်လိင်ဗျံမူးတယ်
    လိင်ဗျံကတော့ တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမစီးဘူးတော့သိဘူးဗျ ( ဟမလေးစက်လိုက်ဒါ )
    အများအားဖြင့် လှေတွေက ကား လိင်ဗျံထက်ပိုမူးတဲ့သဘောစိဒယ်
    လမ်းခရီးချောမွေ့မှု့နဲ့ အနီးအဝေးပေါ်လည်းမူတည်တယ်ဆိုမလား
    ပြောရရင်လည်းအရှည်ကြီးဘဲဗျ
    ဥပမာ
    ငယ်ငယ်ကတည်းက ကားအမြဲစီးဘူးတဲ့လူ ကားမမူးပါဘူး
    ငယ်ငယ်ကတည်းက လှေအမြဲစီးဘူးတဲ့လူ လှေမမူးပါဘူး
    ငယ်ငယ်ကတည်းက လိင်ဗျံ အမြဲစီးဘူးတဲ့သူ လိင်ဗျံမမူးပါဘူး
    တစ်ခုရှိတာက မစီးဘူးတဲ့သူခြင်းအတူတူ ကိုယ်က ကားမူးလှေမူးလိင်ဗျံမူးတယ်ဆိုရင်
    ကိုယ်စီမှာ တစ်စုံတစ်ခုချို့ယွင်းနေပြီလို့ ဆိုဂျင်ဘာဒယ် အဒေါ်
    ဘယ်လိုလုပ်ရမလဲဆိုတာကတော့
    ဆရာဝန်ဂိုပျကြည့်ဘာ ဘို့ အကြံပေးဘာဒယ်

    • pooch

      September 11, 2012 at 8:44 pm

      ဘပုရေ အလေ့အကျင့်ဆိုလို့ ကိုယ်တွေ့ကြုံရတာပြောပြအုန်းမယ် ကျန်သွားလို့။
      ကားကို ကိုယ်တိုင်မောင်းရင် မမူးဘူး။ မြို့တွင်းသူများမောင်းတာ လိုက်စီးလည်း မမူးဘူး။

      အဲ ခရီးဝေးဆိုရင် ပြသာနာက စပြီ။ မြေပြန့်ခရီးဆိုရင် တော်ရုံတန်ရုံမူးလေ့မရှိဘူး။ တောင်ပေါ်ခရီးဆိုရင်တော့ မူးလေ့ရှိတယ်။

      အကြောင်းရာမျိုးစုံကြောင့် မန်းလေးကနေ ပြင်ဦးလွင် ခြံကို မဖြစ်မနေ သွားသွားကြည့်ရတယ်။ တခါတခါစိတ်ကူးပေါက်ရင်လည်း အဲ့ဒီက ထီးလှိုင်ဆိုင်မှာ စားချင်စိတ်နဲ့ အကြောင်းရှာသွားလေ့ရှိတယ်။ ဒီလို ပုံမှန်သွားဖြစ်နေတဲ့ ကျင့်သားရပြီးသား ခရီးကိုတောင် ဆေးမသောက်ရင် မူးမြဲမူးလျှက်ပဲ ။ သိပ်စိတ်ဆိုးစရာကောင်းတယ်။

      လေယာဉ်ကတော့ စစစီးချင်း ကိုယ့်အကြောင်းကိုယ်သိလို့ ဆေးသောက်တော့ အေးဆေး။ တာချီလိတ်-ကျိုင်းတုံ ကူးတော့ ၁၅ မိနစ်ပဲ ဘာမှ မဖြစ်လောက်ဘူး ထင်ပြီး ဆေးမသောက်လိုက်တာမှာ ချာချာလည်သွားတာ။

      သဘောင်္ကတော့ ပြောပလောက်အောင် မမူးပြန်ဘူး။ ကိုယ်ပဲ သိပ်ဝေးအောင် မစီးဘူးလို့လား မသိဘူး။ ဇက်ကူးတာတို့ မင်းကွန်းခရီးတို့လောက်ပဲ စီးဖူးတာ။

      သဘောင်္ဆိုတဲ့ အခေါ်အဝေါ်ကို ကြုံလို့ ပြောပါအုန်းမယ်။ ငယ်ငယ်က အင်္ဂလိပ်စာသင်တဲ့ ဆရာကြီးတယောက်ပြောဖူးတာပါ။ ပင်လယ်ကူးတဲ့ ဟာ မဟုတ်မချင်း သဘောင်္ ( ship ) လို့ မသုံးရ မခေါ်ရဘူးတဲ့။ မြစ်တို့ချောင်းတို့လောက် သွားတာမျိုးဆို လှေ ( boat ) လို့ပဲ သုံးရမယ်ဆိုတော့

      ကျမစီးဖူးတာ လှေလို့ ခေါ်နေမလားပဲ။ :mrgreen:

  • မောင်ပေ

    September 11, 2012 at 7:45 pm

    မိုက်ကယ်ဂျော်နီအောင်ပု အိ အဆိုကို သဘောတူခြင်းအားဖြင့် ၊ အီကွန်မင့်ကိုဖတ်ပြီးသကာလ နီးစပ်ရာ ဆေးခန်းတစ်ခုသို ့အမြန်ဆုံးပြေးပြီး ၊ “ ဘာကြောင့်အချစ်ရေ ကားမူးတာလဲ ” ဟု ဆန် ့ကျင်ဘက်လိင် ဖြစ်သော ဆရာဝန်တစ်ယောက်ယောက် အား မေးမြန်းလိုက်ပါ။

  • gyinkalay

    September 11, 2012 at 7:46 pm

    ကားပဲမူးမူး လှေပဲမူးမူး။ လေယာဉ်ပဲမူးမူး မအန်အောင်လုပ်တဲ ့နည်းတစ်ခုရှိတယ်…အဲ့ဒါကတော့ ချက်ကို ပလာစတာ ကပ်ထားလိုက်တဲ့။ တချို ့တွေကြတော့ ချက်ထဲကို ဂျုံနဲနဲထည့်ပြီးမှ ပလာစတာကပ်တယ်..အန်ချင်ပါတယ်ဆိုတောင် မအန်တော့ဘူးတဲ့…

    • ပန်းစံပါယ်

      September 12, 2012 at 11:17 am

      ဟုတ်ကဲ့ပါ ဦး/ကို gyinkalay ရေ အဲဒီနည်းလည်း သုံးကြည့်ပါဦးမယ်။

  • ကိုရင်စည်သူ

    September 11, 2012 at 7:58 pm

    ဘာဖစ်ဖစ်.. အကျင့်ဘာ.. အကျင့်ရှိသွားရင် ခံနိုင်ဒွါးဘာတယ်..
    မူးတာကို မူးတာနဲ့ တိုက်ဖျက်လို့ရအောင်
    သင်္ဘောတက်တက်ချင်းက လှိုင်းမူးပီး ထမင်း ၄ရက်မစားနိုင်လို့
    ငယ်စဉ်က လေ့လာခဲ့သော သိုင်းကျမ်းထဲက အဆိပ်ကို အဆိပ်နဲ့ဖြေဟု
    မှတ်သားဘီး… အရက်သောက်ပြီး ပြန်မူးလိုက်ရာ မူးထားချင်း တန်ပြန်ပီး..
    အခုထိ ကား၊လှိုင်း၊လေ မမူးတော့ပါဘူး…။
    စိတ်တွေ့ရင် ယူသုံးလို့ရပါတယ်ဂျာ.. :mrgreen:

  • ကိုခင်ခ

    September 11, 2012 at 8:17 pm

    ပန်းစပယ်ရေ
    motion sickness ဆိုတဲ့ မူးဝေအော့အန်ခြင်း ရောဂါလက္ခဏာတွေကို ကုသဖို့ကုထုံး အများကြီးရှိပေမယ့်လည်း ရောဂါကိုခုခံနိုင်စွမ်းရှိအောင် စားသောက်မှု့ပုံစံကို ဖတ်ထားတာလေးပြန်ရေးမလို့၊ ခရီးရှည်ထွက်ခါနီး သကြားနဲ့ အဆီပါဝင်တဲ့ အစားအစာတွေကို အိမ်ကမထွက်ခွါမီ အနည်းဆုံးတရက်လောက်ကထဲက မစားထားရင် ကောင်းပါတယ်။ အထူးသဖြင့် ပေါ့ပေါ့ပါးပါးအစားအစာတွေကိုဘဲ စားသုံးထားသင့်ပါတယ်၊ တဝတပြဲစားတာ မျိုးလည်းရှောင်ပေးပါ။ ယာဉ်ရပ်နားစခန်းတွေက အကြော်အလှော်တွေကလည်း အစာကျေခဲ့ပြီး ဆီကြော်ဖြစ် လို့ ရှောင်သင့်ပါတယ်၊ လေယာဉ်ပျံခရီးဆိုရင် စောင့်ဆိုင်းရတဲ့ အချိန်မှာ အချိုရည်သောက်တာမျိုးမလုပ်ထား သင့်သလို လေယာဉ်စီးနေ တဲ့အချိန်မှာလဲ အရက်သောက်ခြင်းရှောင်သင့်ပါတယ်၊ ယမကာဟာ အစာခြေအင်္ဂါ အဖွဲ့အစည်းကို ထိခိုက်စေပြီး မူးဝေမှုကို ပိုဆိုးစေလို့ပါ။
    ခရီးမထွက် ရေသောက်နိုင်ပြီး၊ ချင်းဟာ မူးဝေအော့အန်ခြင်းကို သက်သာစေတဲ့ အစွမ်းရှိတာမို့ ရေနွေးနဲ့ ချင်းပြုပ်ရည် ပြုလုပ်ပြီး ခရီးမထွက် မှီ သောက်သုံးပေး သင့်ပါတယ်၊ တစ်ချို့ သကြားဓာတ်နည်းပြီး ချင်းနဲ့ ပြုလုပ်ထားတဲ့ ဘီစကစ်ကို ခရီးသွားစဉ် သရေစာအဖြစ် နည်းနည်းစီစားပေး၍ ရပါတယ်၊ ဗိုက်ပြည့်အောင် မစားဘဲ ပေါ့ပေါ့ပါးပါး အစာတွေသာ ရွေးစားထားရင်ရပါတယ်။
    လမ်းခရီးမှာလည်း ချင်းပြုပ်ရည်ကို ဓာတ်ဗူးနဲ့ထည့်ယူသွားပြီး နည်းနည်းဆီသောက်ပေးပါက ပျို့အန်ချင်စိတ် ကိုလျော့စေသလို ခြောက်သွေ့ပြီး ဂျုံကြမ်းနဲ့လုပ်ထားသော cracker တွေကို စာသောက်နိုင်ပါတယ်၊ ကလေးတွေဆို ချိုချဉ်တွေ၊ ချောကလက်တောင့်တွေ မူးတတ်ရင် မကျွေးထားသင့်ပါ၊ အစာထဲမှာပါတဲ့ သကြားဓာတ်ဟာ မူဝေခြင်းကို ပိုဆိုးစေလို့ပါ၊ အမြုပ်ထတဲ့ အချိုရည်ကိုလည်း မသောက်သင့်ဘဲ သဘာဝ သစ်သီးဖျော်ရည်ကို သကြားလွတ်တိုက်ကျွေး၍ ရပါတယ်။ အော့အန်တတ်လို့ဆေးသောက်မယ်ဆို ခရီးမထွက်မီ တစ်နာရီအလိုလောက်မှာ ဘကိုသောက်သင့်ပြီး ခရီးထွက်နေတဲ့အချိန်သောက်ရင် အကျိုးအာနိသင် မထိရောက်နိုင်ပါကြောင်းသိရပါတယ်ခင်ဗျာ။

    • ပန်းစံပါယ်

      September 12, 2012 at 11:13 am

      ဟုတ်ကဲ့ပါ ကိုခင်ခ. အခုလိုအကြံပြုပြောပြပေးတာ ကျေးဇူးပါ။
      ရောဂါလက္ခဏာကိုကုသတဲ့ ကုထုံးတွေကိုလည်း သိချင်ပါတယ်ရှင်။ အဲဒီအထဲကမှ မိမိနဲ့သင့်တော်မယ့်ကုထုံးနဲ့ကုသနိုင်အောင်ပါ။ အများကြီးဖြစ်နေလို့ ဒီမှာချရေးဖို့အဆင်မပြေရင်လည်း စာအုပ်ရှိရင် ဘယ်မှာရနိုင်မလဲဆိုတာလေး လမ်းညွှန်ပေးစေချင်ပါတယ်ရှင်။

  • aanyar thar

    September 11, 2012 at 8:20 pm

    ကျနာ်ကျ တစ်မျိုးဗျ…ကားကို.ကိုယ်တိုင်..မောင်းရရင် မမှုးဘူး…သူများမောင်းတာကို ထိုင်စီးလိုက်ရတဲ့..အခါဆို..အန်တောင်အန်တယ်….ခု့ဒီနည်းလေးနဲ့..အစဉ်ပြေသွားပြီ…mp3 …နားဂျပ်လေးဖြစ်ဖြစ်…ဖုန်း..နားဂျပ်လေးဖြစ်ဖြစ်..သီချင်းဖွင့်ပြီးနားထောင်စရာမလိုပါဘူး…ဘာသံမှ့မပါပါ..အဓိကနား၂ဖက်လုံးကို.လေဝင်တဲ့ဖိ့်အားနည်းစေဖို့ပါ…ကျနော်ကတော့ ..ဝါသနာပါလို့နားထောင်တာပါ..တရားခွေလေးနာ..နေလည်းရတာပဲ..အဲ့လိုနားဆို့စရာ..နားဂျပ် လေးကို နား၂ ဖက်လုံးမှာ..တပ်ထားလိုက်ရင်..တစ်ညအိပ်..မောင်းရတဲ့ခရီးလည်း..ဘာမှ့မဖြစ်တော့တာ ခု့ချိန်ထိ့ပါ….ပန်းစံပါယ်.(ဆူညံ့တဲ့ အသံထွက်တဲ့..စက်ရုံလုပ်သားတွေမှာ..သုံးတဲ့…နားစို့ကိရိယာ..ရာဘာအတောင့်လေးတွေဆို..ပိုအစဉ်ပြေပါတယ်..ကျနော့်ကို အကြံပေးတဲ့ဆရာဝန်က.အဲ့ဒါသုံးခိုင်းတာပါ…လူငယ်ဆိုတော့..အပျင်းပြေ..သီချင်းလည်းနားထောင်ရအောင်.လို့ mp3..ဖုန်း..အစားထိုးတာပါ..)

  • MaMa

    September 11, 2012 at 10:29 pm

    ကိုယ်တိုင်တော့ မမူးတတ်ပေမယ့် အတူခရီးသွားတဲ့လူတွေ မူးရင် အန်ရင် ဒုက္ခရောက်လွန်းလို့ အခုလို နည်းလမ်းလေးတွေ သိရလို့ မှတ်သားသွားပါတယ်။
    ကိုယ်သိသလောက်မျှဝေရရင်တော့……….
    တော်ရုံမူးတတ်တဲ့လူဆိုရင်တော့ ကားပေါ်ရောက်တာနဲ့ အသက်ပြင်းပြင်း ဝဝ ရှုဖို့ သတိထားလိုက်ရင် မမူးတော့တာ တွေ့ဖူးပါတယ်။
    အသိတစ်ယောက်ကတော့ ခရီးဝေးသွားတာထန်းလျှက်ခဲကို အတုံးသေးသေးလေးတွေ တုံးပြီးသယ်သွားတယ်။ အဲဒါကို ရေသန့်ဗူးထဲထည့်၊ သံပုရာရည်ညှစ်ပြီး ရေအစားသောက်သွားတာ လမ်းတလျှောက်လုံး ဘာပြဿနာမှ မဖြစ်တော့ဘူး။

  • ကထူးဆန်း

    September 11, 2012 at 10:49 pm

    ကားမူးခြင်း၊ သင်္ဘောမူးခြင်းမှ ကင်းဝေးရန် ဘာမှ မစီးနဲ့ဗျာ ။ လမ်းလျှောက် .. :mrgreen:

  • Crystalline

    September 12, 2012 at 9:34 am

    မူးတတ်တဲ့သူတွေကတော့ ဆေးကြိုသောက်လည်းမူး .ချက် ပလာစတာကပ်လည်းမူးတယ်ပြောတာပဲ. ကိုယ်ကတော့ကံကောင်းတာက အရက်သောက်တောင်မမူးတတ်ဘူး. ထူးခြားတဲ့ ခံနိုင်ရည်စွမ်းအားရှိတယ်. 😛

    • ညိုပြာညက်

      September 12, 2012 at 9:52 am

      ဘယ်လောက် သောက်ဖူးလို့လဲ ကွယ်…
      ၃၇% ဗော်လျူးမ် ပါတဲ့ ဝီစကီ ကို ဝ.၅ လီတာလောက်
      စမ်း မော့ကြည့်ပါလား ….

      မူးလိုက်တာမှ … ဒေါင်ချာကို စိုင်းလို့ …
      ဟီဟိ

      • Hnin Hnin

        September 12, 2012 at 4:11 pm

        ဲJohnnie Walker(Red Label) နှစ်ပက်(အစိမ်းအတိုင်း၊ရေမရော) တစ်ငုံထဲ ဆေးအနေနဲ့
        သောက်ကြည့်ဖူးတယ်။ မူးလား၊မမူးတောင်မသိလိုက်၊ ခဏထဲနဲ့တခါထဲ အိပ်ရာပေါ်ခေါင်း
        စိုက်အိပ်ပျော်သွားတယ်။ တခြား ကုန်းယာဉ်၊ရေယာဉ်၊လေယာဉ်တွေကတော့ ၁ရက်၊၂ရက်
        လောက် တောက်လျှောက်စီးရတဲ့ခရီးတောင် မမူး၊မအန်ပါဘူး။ဘာမှမဖြစ်ဘူး။ နှင်းနှင်း
        အထင်တော့ ဘာစီးစီး မမူးတတ်တဲ့သူက မူးကိုမမူးဘူးထင်ပါတယ်။ ထောင်စရာလက်မ
        ကိုရှာနေတာ အခုထိမတွေ့နို်င်သေးဘူး။ ပို့စ်တင်တဲ့သူရော၊မန့်တဲ့သူတွေရော ကောင်း
        ကြလို့ပါ။

      • Mလုလင်

        September 12, 2012 at 6:14 pm

        အူးအူး ညိုပြာညက် ရေ .. တစ်ခုလောက် မေးချင်ရို ့…
        အဲ့ ဝီစကီ ဆိုတာကလေ … အရက် နဲ့ တူတူ ပဲရားဟင် .. နောက်
        ဘီယာ နဲ့ ဘယ်ဟာ ပိုပြင်း သလဲ ..
        နောက် အနံ့ က ကော နံ လား .. ????

        အဲလာလေးတွေ ဖြေကျားပေးပါချင့်

  • ပန်းစံပါယ်

    September 12, 2012 at 11:31 am

    ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

  • ဆူး

    September 12, 2012 at 4:39 pm

    ဒို့ တော မှာတော့.. မူးရင် ချက် ကို ပလာစတာ ကပ်ရတယ်။ ချက်ထဲက လေ ထွက်လို့ မူးတာတဲ့ အဟိ.. နောက်ပြီးတော့ ဂျင်းဖတ်ဝါး အဲလိုမှ မရရင်တော့.. အိပ်ဆေး သောက်ပြီးသာ အိပ်လိုက်တော့.. ခရိး ရောက်မှ အိပ်ယာ နိုးအောင် ချိန်ဆ ပြီး သာ အိပ်လိုက် ကွက်တိပဲ.. ဒို့ တော မှာတော့ ဒီလိုပဲ ပြောတာ ကြားဖူးလို့နော်..

    • ကိုရင်စည်သူ

      September 12, 2012 at 5:09 pm

      ခရီးသွားနေရင်း အိပ်ချေးတောက်ပီးးး အိပ်လိုက်ရင်တော့..
      ခွက်မပုန်း အူးဗိုက်၊ အလှပညာရှင် ဖရဲမနဲ့။ ညိုပြာညှက်ကြီးထဲက
      တစ်ယောက်ယောက်နဲ့ ပါသွားမှာ မြင်ယောင်သေး… အဟွီးးး :mrgreen:

      • ဆူး

        September 13, 2012 at 11:58 am

        ဆြာ ဗေဒင် ဟော ပေးတာလား.. မီးတို့ တောမှာ အဲလို ပြောတာ.. မီးက မမူးတတ်ဘူး။

  • kai

    September 13, 2012 at 5:51 am

    မြို့ထဲကားမောင်းရင်. ကားစီးတဲ့.. ခွေးတွေ ခေါင်းကို မှန်ပြင်ထုတ်ပြီး.. စီးကြတယ်..
    ခွေးက.. motion sickness ရှိတယ်တဲ့..

    ဆိုတော့..
    အဲလိုလုပ်ရတယ်ပြောတာပဲ..။ လူလည်း.. လုပ်ကြည့်ရင် သိသိသာသာသက်သာပါတယ်. 🙂

    ကားမောင်းသူဆိုရင်.. ကိုယ်က.. ကားအနှေးအမြန်ထိန်းချုပ်သူမို့.. ကားမူးခဲပါတယ်..
    စလွန်းကားမှာ.. နောက်ခန်းကလူက ..သိသိသာသာပိုမူးတတ်တယ်…တဲ့..။

    • weiwei

      September 13, 2012 at 10:35 am

      ရန်ကုန်မှာ ခေါင်းကို အပြင်ထုတ်ပြီးစီးရင်တော့ အိမ်ကို ခေါင်းမပါပဲ ပြန်ရောက်လာလိမ့်မယ် …. 🙂

      • kai

        September 13, 2012 at 3:31 pm

        တခါးဒဲ….ဂါးစီးရင်..ဂေါင်းမူးးးဒဲ့.. ရေားဂါးဘာ.. ဗျောက်မယ့်ဒဘောဘော့….
        ဂေါင်းဒါးဘာဘဲ.. 🙂

        (အသံထွက်ဖတ်ရန်)

        • etone

          September 13, 2012 at 3:58 pm

          မဝေရေးတဲ့ ကော့မန့် ကို ဖတ်ပြီး တခွီးခွီးကြိတ်ရယ်မိတုန်း … သဂျီးရေးတာပါ ဆက်ဖတ်လိုက်ရတော့ …. အသံပြဲကြီးနဲ့ အော်ရယ်မိလို့ …. လူမိသွားတယ် ……….. ။ ဟား ဟား 😆

  • manawphyulay

    September 13, 2012 at 2:51 pm

    မနော ညီမလေးကတော့ ခရီးဝေးသွားတာ မပြောနဲ့ ဟိုနားဒီနားသွားတာတောင် အန်တာ မူးတာနဲ့ ဘယ်ချိန်မှာ ပျောက်သွားလဲဆိုတော့ ပုဂံညောင်ဦး ခရီးသွားတော့ လမ်းမှာ ကားခဏရပ်တော့ နားတဲ့အချိန်မှာ ဆိုင်က ဦးလေးကြီးက မူးနေပြီး အန်ထားတော့ ဘာမှလည်းမစားချင်ဖြစ်နေတဲ့ညီမလေးကို ဂျင်းတက်ကလေး လာပေးပါတယ်။ လမ်းသွားရင် ဂျင်းတက်ကိုက်သွားပါတဲ့ ဒါနဲ့ ဂျင်းတက်နည်းနည်းကိုက်ပြီး အစာနည်းနည်းဝင်တော့ လူက နေသာထိုင်သာရှိသွားတယ်။ ဒါနဲ့ပဲ လမ်းတစ်လျှောက် မူးတာ မော်တာ မဖြစ်တော့တာ ဒီနေ့အထိပါပဲ။ လမ်းသွားရင် မီးဖိုချောင်သုံး ဂျင်းတက်ကလေး ဆောင်သွားစေချင်ပါတယ်။

  • etone

    September 13, 2012 at 4:12 pm

    ကားမူးတာ .. အန်တာ … တခါတလေပဲဖြစ်ဖူးပါတယ် …
    အထူးသဖြင့် အောက်ဆီဂျင် အလုံလောက်မရတဲ့ အဲယားကွန်းကားထဲမှာ ခရီးဝေးသွားရတာမျိုး ၊ လူသိပ်ထူထပ်ပြီး အနံပေါင်းစုံရတဲ့ ကားထဲ လိုက်ပါလာမိတာမျိုးပါ … ။ တချို့ကတော့ ခရီးထွက်လျှင် ချက်ကို ပလာစတာကပ်ရသတဲ့ … ချက်ကနေ လေဝင်ပြီး အန်စေတယ်တဲ့ …. ဘယ်သူ ကြပ်လိုက်သလဲတော့မသိဘူး အဲ့ဒီအပြောမျိုး တချို့တွေ တကယ်မှတ်နေကြတယ် ။

    ခရီးသွားရင်း မူးတတ်တဲ့ ပြသနာကတော့ ၊လေဝင်လေထွက် သိပ်မကောင်းလို့ပဲလို့ မှတ်ချက်ပေးချင်ပါတယ် ။ ဒါ့ပြင် အစာတွေ နင်းကန်နေအောင်လည်း စားထားမယ်ဆိုလျှင် မူးတဲ့ အဆင့်ကနေ လွန်ပြီး ၊ အန်တဲ့ အဆင့်ထိ ဖြစ်မှာပါ … အန်လိုက်တာနဲ့ … ပြီးရောလားဆိုတော့လည်း မဟုတ်သေးပါဘူး … အစာအိမ်ရဲ့ သဘော သဘာဝ အရကိုက .. အန်ပြီးတာနဲ့ ခဏအတွင်းမှာ ဝမ်းသွားတဲ့ အနေထားမျိုးလည်း ဖြစ်နိုင်ပါတယ် ။ ခရီးဝေးထွက်ရတဲ့ အခါမျိုးမှာ အတော်လေး သတိထားရမယ့် ပြသနာပါ (အိမ်သာ ဒုက္ခရောက်တတ်လွန်းလို့ပါ ) ။

    ကြုံခဲ့ဖူးတဲ့ အတွေ့ ကြုံတွေအရ …ခရီးသွားတော့မယ်ဆိုလျှင်လေ … အကြံပေးချင်တာက … ပထမဆုံး အဝတ်စားပေ့ါနော် … သက်တောင့်သက်သာ ရှိမယ့် အဝတ်စားမျိုးကို ရှာဝတ်သင့်ပါတယ် ။ ပြီးတော့ ကိုယ်က မူးတတ်တယ် အန်တတ်တယ်ဆိုလျှင် ၊ အစာ သိပ်အများကြီးပြည့်နင့်နေအောင် မစားသင့်ပါဘူး ။ အိတ်ထဲမှာ အမြဲတမ်း သကြားလုံးလိုဟာမျိုးကို ဆောင်ထားသင့်ပြီး … ရှုဆေးလိုမျိုးလေးလည်း ဆောင်ထားသင့်တယ် … ။
    လေဝင်လေထွက်သိပ်မရလို့ မူးချင်တဲ့ အချိန်ကစလို့ …. ရှုဆေး အကူညီယူသင့်ပါတယ် .. အဲ့ဒီကမူူးဝေပြီး အန်ချင်တဲ့ အဆင့်ရောက်လာလျှင် ၊ သကြားလ ုံး အကူညီယူရပါလိမ့်မယ် .. ဒါမှ မရလျှင်တော့ … ကား ရပ်ပြီး အန်တာမျိုးဖြစ်ဖြစ် ၊ ကြွတ်ကြွတ်အိတ်လေးသုံးပြီးပဲဖြစ်ဖြစ် .. အန်ပေတော့ … ဟီး 😉 ပြီးတာနဲ့ အနီးဆုံး အိမ်သာသာ ရှာထားပေတော့လို့ပဲ အကြံပေးချင်ပါတယ် … 😛

    ငယ်ငယ်က ကားအရမ်းမူးတတ်တာ …. ၊ တက္ကသိုလ်တက်တဲ့ အချိန်ကစပြီး ကား အဝေးကြီးစီးတာ ကျင့်သားရတဲ့အပြင် အမေက အမြဲလိုလို .. အပေါ်ကလိုအပ်တာလေးတွေထည့်ပေးတတ်တာကြောင့် … အခုဆို ဘယ်သွားသွား မမူးတော့လောက်အောင်ပါပဲ ….. ။ လူကလည်း အရင်ကထက်ပိုပြီး .. အပင်ပန်း ခံနိုင်လာတာကြောင့်လည်း ပါပါလိမ့်မယ် ။ 🙄

  • cobra

    September 13, 2012 at 4:55 pm

    နည်းလမ်းတွေတော့တော်တော်စုံသွားတယ်။
    ဝင်ဖတ်မိတာကံကောင်းတာပဲ
    အကုန်လုံးကိုလည်းကျေးဇူးတင်တယ်။

Leave a Reply