အားလုံးပဲ မင်္ဂလာပါရှင်​ အ​ကြောင်​း​ကြောင်​းနဲ့ ကျမရွာထဲမ​ရောက်​ဖြစ်​တာ အ​တော်​ကြာသွားပါပြီ။ ကိုယ်​့စိတ်​ထဲရှိတာ​လေး​တွေ ​၊တွေ့မြင်​ရတာ​လေး​တွေ​ရေးဖို့ ကြံတာအခါခါရှိ​ပေမယ်​့ အခုမှပဲ လက်​​တွေ့​ရောက်​ဖြစ်​ပါ​တော့တယ်​။ အရင်​ကတည်​းက လူသိနည်​းတာကတစ်​​ကြောင်​း၊ ရွာနဲ့အဆက်​ပြတ်​သွားတာကတစ်​​ကြောင်​းနဲ့ဆို​တော့ ကျမကို မှတ်​မိသူရှိပါ့မလား​တော့ မ​​ပြောတတ်​ပါဘူး။ ဘယ်​လိုပင်​ရှိ​စေ ဒီ​နေ့​တော့ ကြုံခဲ့တာ​လေး​ပြောချင်​လို့ ​ရောက်​လာခဲ့ပါပြီ။   ဖြစ်​ပုံက​တော့ ဒီလိုပါ။ ဒီ​နေ့ အလုပ်​ပိတ်​ရက်​ ကိစ္စတစ်​ခုရှိလို့ အပြင်​သွား​တော့ bus ကား​ပေါ်မှာ ကိုယ်​့​နောက်​ကကပ်​လျက်​ရှိတဲ့ ထိုင်​ခုံဆီက ​သူငယ်​ချင်​းလို့ ယူဆရတဲ့သူနှစ်​​ယောက်​ ​(ကောင်​​လေးတစ်​​ယောက်​နဲ့ ​ကောင်​မ​လေးတစ်​​ယောက်​​) ​ပြော​နေတာ​တွေကို ကြား​နေရတယ်​။ သူတို့​ပြောတာ​တွေက ခပ်​ကျယ်​ကျယ်​ဆို​တော့ နားမ​ထောင်​​ပေမယ်​့ကြား​နေရတာ​ပေါ့။ ​ကောင်​​လေး​ပြောတာကိုကြားရတာ​တော့ ​​​နှစ်​​ယောက်​လုံး တက္ကသိုလ်​​ကျောင်​းသားပဲ။ ​အောင်​စာရင်​းသွားကြည်​့မယ့်အ​ကြောင်​း ​​ကောင်​မ​လေးရဲ့​မွေး​နေ့မှာ သွားချင်​တဲ့ဘုရားကိုလိုက်​ပို့​ပေးမယ်​ဆိုတာ​တွေ​ပြော​နေရင်​းက ​ကောင်​​လေးက ​ကောင်​မ​လေးကို​မေးတယ်​။ သူသိထားတဲ့​ကောင်​​လေးနဲ့ခုထိတွဲ​နေတုန်​းလား ပြတ်​သွားပြီလား​ပေါ့။ ​အဲဒီတစ်​​ယောက်​နဲ့ပြတ်​သွားပြီလို့​ ​ကောင်​မ​လေးက ပြောတယ်​။ အိမ်​ကသ​ဘောတူထားတဲ့တစ်​​ယောက်​နဲ့​ရော ဘယ်​လိုလဲဆိုတာ​ဆက်​မေးလိုက်​တဲ့အခါမှာ​တော့ […]


အားလုံး မင်္ဂလာပါရှင်​ အ​ကြောင်​း​အမျိုးမျိုးနဲ့ ရွာထဲမ​ရောက်​ဖြစ်​တာ ကြာပါပြီ။ ရွာထဲဝင်​ဖို့ ပြီးကိုယ်​​ပြောချင်​တာ​လေး​တွေ ​ပြောဖို့ကြံမိတာအခါခါ​ပေမယ်​့ ခုမှပဲ ​ရောက်​ဖြစ်​ပါ​တော့တယ်​။ ရွာထဲစ​ရောက်​ကတည်​းကအခုထိ  သိတဲ့သူလည်​းနည်​းတာကတစ်​​ကြောင်​း၊ ရွာနဲ့အဆက်​အသွယ်​ပြတ်​​နေတာလည်​း နည်​းနည်​းကြာပြီဆို​တော့ မှတ်​မိတဲ့သူ ရှိပါ့မလား​တော့ မ​ပြောတတ်​ပါဘူး။ ဘယ်​လိုပင်​ရှိ​စေ ဒီ​နေ့​တော့ ကြုံခဲ့တာ​လေး​ပြောချင်​လို့ အ​ရောက်​လာခဲ့မိပါတယ်​ရှင်​။ ဖြစ်​ပုံက​တော့ ဒီလိုပါ။ ဒီ​နေ့ အလုပ်​ပိတ်​ရက်​မှာ ကိစ္စ​တစ်​ခုရှိလို့ အပြင်​သွား​တော့ လိုင်​းကား​ပေါ်မှာ ကိုယ်​့​နောက်​ကကပ်​လျက်​ရှိတဲ့ ထိုင်​ခုံဆီက ​သူငယ်​ချင်နှစ်​ေ​ယာက်​ ​(ကောင်​​လေးတစ်​​ယောက်​နဲ့ ​ကောင်​မ​လေးတစ်​​ယောက်​) ​ပြော​နေတာ​တွေကို ကြား​နေရတယ်​။ သူတို့​ပြောတာ​တွေက ခပ်​ကျယ်​ကျယ်​ဆို​တော့ နားမ​ထောင်​​ပေမယ်​့ကြား​နေရတာ​ပေါ့။ ​ကောင်​​လေး​ပြောတာကိုကြားရတာ​တော့ ​​​နှစ်​​ယောက်​လုံး တက္ကသိုလ်​​ကျောင်​းသားပဲ။ ​အောင်​စာရင်​းသွားကြည်​့မယ့်အ​ကြောင်​း ​ကောင်​မ​လေးရဲ့​မွေး​နေ့မှာ သွားချင်​တဲ့ဘုရားကိုလိုက်​ပို့​ပေးမယ်​ဆိုတာ​တွေ​ပြော​နေရင်​းက ​ကောင်​​လေးက ​ကောင်​မ​လေးကို​မေးတယ်​။ သူသိထားတဲ့​ကောင်​​လေးနဲ့ခုထိတွဲ​နေတုန်​းလား ဘာလား​ပေါ့။ ​အဲဒီတစ်​​ယောက်​နဲ့ပြတ်​သွားပြီလို့​​ကောင်​​မ​လေးက ပြန်​​ပြေ​ာတယ်​။ အိမ်​ကသ​ဘောတူထားတဲ့တစ်​​ယောက်​နဲ့​ရော ဘယ်​လိုလဲဆိုတာ​ဆက်​မေးလိုက်​တဲ့အခါမှာ​တော့ မ​ပြောသင့်ဘူးလို့ ကျမယူဆတဲ့ စိတ်​မ​ကောင်​းစရာစကားကို ကြားလိုက်​ရတယ်​။ […]


ပန်း စံပါယ်November 7, 20141min18416
ဆက်သွယ်ရေးတိုင် စိုက်ထူရာမှာ ကျန်းမာရေးမထိခိုက်အောင် လူတွေနေတဲ့နေရာနဲ့ အနည်းဆုံး ဘယ်လောက်အကွာအဝေးမှာ စိုက်ထူသင့်ပါသလဲ။ လူနေရပ်ကွက်ထဲမှာ စိုက်ထူသင့် မသင့် စိုက်ထူခွင့်ရှိ မရှိ သိတဲ့သူများ မျှဝေပေးပါ။


အားလုံးပဲ မင်္ဂလာပါရှင်…   ကျမရွာထဲကိုတော့ မကြာမကြာရောက်ဖြစ်ပါတယ်။ ကွန်မန့်တော့ သိပ်မရေးဖြစ်သလို အားပေးစကားနဲ့ စာရေးဖို့ တိုက်တွန်းတဲ့သူတွေကို လေးစားသောအားဖြင့် ရေးချင်ပေမယ့် သိပ်မရေးတတ်လို့ မရေးရဲ မရေးဖြစ်ပါဘူး။ ဒီတစ်ခါတော့ စာနာစိတ်က တွန်းပို့နေလို့ ရေးမိလိုက်ခြင်းပါ။ ကျမသိတဲ့ ရေကြောင်း းတက္ကသိုလ်ကျောင်းဆင်း တစ်ချို့ရဲအခြေအနေ ကျမကြားသိနေသလောက်ကို ပြောချင်နေတာ ကြာပါပြီ။ အခုတော့ အလျင်းသင့်လို့ ရေကြောင်းတက္ကသိုလ်တက်ချင်ကြတဲ့ ကျောင်းသားအချို့နဲ့ မိဘများ သိစေချင်တာရယ် ဒါတွေကို သိထားတော့ အချိန်မလွန်ခင် ဘယ်လိုစီစဉ်သင့်သလဲဆိုတာကို စဉ်းစားလို့ ရအောင်ရယ်။ အခြားအခြားသော သက်ဆိုင်သူများ စာနာ နားလည်နိုင်စေရန်လည်း ပါပါတယ်။ အားထားရမယ့် အနာဂတ်မျိုးဆက် ရေကြောင်းးတက္ကသိုလ်ကျောင်းသားတွေအတွက် ၊ နိုင်ငံတော်အနာဂတ်အတွက်၊ ကုမ္ပဏီအတွက် အားလုံးအကျိုးရှိစေဖို့ အစိုးရဌာနဆိုင်ရာအကြီးအကဲများနဲ့ ကုမ္ပဏီတွေအကြား ရေကြောင်းးတက္ကသိုလ်ကျောင်းသားတွေကို မြေတောင်မြှောက်တဲ့အနေနဲ့ sea […]


သင်​့​တော်​​ကောင်​းမွန်​တဲ့ မိတ်​​ဆွေ​ွနဲ့ တွေ့ဆုံ​စေဖို့ မိဘ​တွေ​စေလွှတ်​လို့ တခါမျှမ​ရောက်​ဖူးတဲ့ ရန်​ကုန်​ဆိုတဲ့ မြို့ကြီးကို ​၁ဝ တန်​း​အောင်​​လျင်​ အောင်​ချင်​း ရောက်​လာရပါတယ်​။ ​သင်​့​တော်​​ကောင်​းမွန်​တ​ဲ့ မိတ်​​ဆွေ​ွနဲ့ ​တွေ့ဆုံခွင့်​့ရဖို့အတွက်​ လိုအပ်​တဲ့သင်​တန်​းတချို့တက်​တယ်​။ ဒါ​ပေမယ်​့ မိတ်​​ဆွေ​တော့​မ ​တွေ့​သေးဘူး။ ဒီလိုနဲ့ နယ်​ကို ပြန်​ပြီး ပထမနှစ်​ စာ​မေးပွဲ​​ဖြေလိုက်​ရ​သေးတယ်​။ ရန်​ကုန်​ပြန်​​ရောက်​လို့ ်သိပ်​မကြာခင်​မှာပဲ ဦး​လေးက သူသိတဲ့ အခုကျမချစ်​ဦးသူနဲ့ ​တွေ့ဆုံ​ပေးပါ​တော့တယ်​။ ကျမညံ့ဖျင်​းမှန်း အရည်​အချင်​းမရှိမှန်​း သိလို့​လေ။ ​တွေ့​တွေ့ချင်​း​တော့ သူက တ​နေ့ ကျမအခုလို ရင်​နင်​့​အောင်​ချစ်​ရတဲ့ ကျမချစ်​ဦးသူ အချစ်​ရဆုံးသူဖြစ်​လာလိမ့်မယ်​လို့ လုံးဝမထင်​ခဲ့ဘူး။ ​သူနဲ့ပတ်​သက်​ဆက်​ဆံခဲ့တဲ့နှစ်​​များကာလအတွင်​း သူဟာ ကျမနှလုံးသားထဲမှာ ဘယ်​အချိန်​က ဝင်​​ရောက်​​နေရာယူထားမှန်​းမသိ​ပေမယ်​့ သိလိုက်​တဲ့အချိန် မှာ​တော့ ကျမမိသားစုဝင်​တစ်​​ယောက်​လို ​ကျမနှလုံးသားထဲမှာ ​နေရာယူထားပြီး ကျမနှလုံးသားကို စိုးမိုးချုပ်​ကိုင်​ထားပြီး ဖြစ်​​နေပါ​တော့တယ်​။ ကျမသူနဲ့ခွဲခွါဖို့ကို စိတ်​ကူးနဲ့​တောင်​ […]


ပန်း စံပါယ်September 25, 20121min23017
မိခင်မေတ္တာဖွဲ့ ကဗျာတွေ၊ ကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ၊ သီချင်းတွေ ရေးဖွဲ့ ရိုက်ကူးပြသ သီဆိုနေကြတာတွေ တော်တော်များသလောက် ဖခင်မေတ္တာဖွဲ့ကျ နည်းတယ်လို့ယူဆမိပါတယ်။ ဒါကြောင့် ဖခင်များအားလုံးရဲ့ချစ်ခင်ကြင်နာယုယမှုနဲ့ မေတ္တာကို ဖော်ညွှန်းတဲ့အနေနဲ့ ကျမတို့ရဲ့ ဖေဖေက ကျမတို့အပေါ် ဘယ်လိုကြင်နာယုယမှုပေးတယ် ပြုစုစောင့်ရှောက်တယ် ဆိုတာလေးတွေကို ကိုယ်တွေ့လေးတွေထဲက တစ်ချို့ကို ပြောပြချင်ပါတယ်။ ကျွန်မ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကစပြီး အစာမကြေသလိုခံစားနေရပါတယ်။ ပြောရမယ်ဆိုရင်တော့ ညီမတစ်ယောက်စာမေးပွဲဖြေနေရင်း နေမကောင်းလို့ ဆေးရုံကနေစဖြေတဲ့ရက် ဝန်းကျင်လောက်ကဖြစ်မယ်ထင်ပါတယ်။ အဲဒီရက်ပိုင်းတွေကစပြီး မေမေနဲ့ အိမ်မှုကိစ္စအဝဝတာဝန်ယူတဲ့ညီမက စာမေးပွဲဖြေနေတဲ့ညီမဆီသွားနေကြတာပါ။ အစာမကြေသလိုမအီမလည်ခံစားရလိုက် အစာကြေဆေးလေးစားလိုက် ကောင်းသွားလိုက်နဲ့ပေါ့။ စနေနေ့ကထပ်ပြီး အစာမကြေသလိုခံစားရပြီး ခေါင်းထဲမှာလည်း မကြည်ပါဘူး။ အဖျားရှိသလိုလည်းခံစားရပါတယ်။ ညီမဝမ်းကွဲအိမ်ရောက်ခိုက်နဲ့ကြုံတာနဲ့ သူတို့အိမ်က မြန်မာဆေးလေး နည်းနည်းကို ရေနွေးလေးနဲ့သောက်လိုက်ပါတယ်။ ကောင်းသွားပါတယ်။ အိမ်ပြန်ရောက်တော့ ဖေဖေ့ကိုအဲဒီအကြောင်းလေးပြောပြမိတယ်။ ” အဲဒါဆို […]


ပန်း စံပါယ်September 11, 20121min38037
အားလုံးပဲ မင်္ဂလာပါရှင်… စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်းဆက်ဆုတောင်းမေတ္တာပို့သပါတယ်ရှင်။ အခုဆိုရင် ကျွန်မဘာကိစ္စပဲရှိရှိ တစ်ခုခုဆိုရင် ဒီရွာလေးကိုပဲ ပြေးပြီးသတိရမိပါတယ်ရှင်။ ဒီရွာလေးက ကျွန်မအတွက် တိုင်ပင်ဖော် အကြံပေးဖော်လိုပါပဲ။ ဒါကြောင့် ကျွန်မရဲ့ ဒုတိယမြောက်ပို့စ်လေးကို တင်လိုက်ခြင်းဖြစ်ပါတယ်ရှင် (ဒုတိယမြောက် မေးခွန်းလေးဆိုရင် ပိုမှန်မယ်ထင်ပါတယ်ရှင်)။ ကားတို့ သင်္ဘောတို့ မူးခြင်းကို ခံစားကြရတဲ့သူတွေအတွက် မသိသေးသူတွေအတွက် သိသင့်တာတွေကို သိစေချင်တာလည်း ပါပါတယ်ရှင်။ နေ့စဉ်နဲ့အမျှ မြို့တွင်း နယ်ဝေးကို ကား၊ ရထား၊ သင်္ဘော၊ လေယာဉ် အသုံးပြုပြီး သွားလာနေကြတဲ့ ခရီးသွားများ ကားပေါ်၊ သင်္ဘောပေါ်မှာ…….. မူးကြတာတွေ(တချို့က ကားတောက်တယ် လို့ ပြောကြပါတယ်) အဲဒီလိုမူးလို့ အံကြတာတွေကို တွေ့ဖူး၊ မြင်ဖူး၊ တစ်ချို့ကိုယ်တိုင်ခံစားဖူးကြမှာပါ။ ကျွန်မကတော့ ကား၊ သင်္ဘောမူးတယ်ဆိုတာ(ကား နဲ့ […]


အားလုံးပဲ မင်္ဂလာပါ။ ကျွန်မနယ်ဘက်ကိုရောက်ဖြစ်လို့ သူငယ်ချင်းတစ်ယောက် ဖြစ်တဲ့ မသီတို့မိသားစုနဲ့တွေ့ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်တွေလျှောက်ထားဖို့ခေါ်နေပြီမို့ အကြောင်းအရာစုံ စကားတွေအများကြီး ပြောဖြစ် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ သူ့မှာ တက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့အောင်တဲ့ မောင်လေးတစ်ယောက်ရှိပါတယ်။ ဘာကိုအဓိကလျှောက်ရမလဲဆိုတာ ဆုံးဖြတ်ရခက်နေတဲ့အကြောင်း သူ့တို့ရဲ့အဆင်မပြေမှု အခက်အခဲတွေ၊ သူတို့ကြားသမျှ သိသမျှ ပြောပြပြီး ကျွန်မဆီအကြံဉာဏ်တောင်းလာပါတယ်။ သူတို့ပြောတာတွေကိုထောက်ပြီး ကျွန်မလည်း တိကျတဲ့အကြံပြုချက်မပေးခဲ့လိုက်နိုင်တော့ စိတ်မကောင်းဖြစ်မိတယ်ပေါ့ရှင်။ ဒါပေမယ့် ကျွန်မတစ်ခုတော့ သတိရလိုက်မိတာရှိတယ်ရှင့်။ အဲဒါကတော့ မန္တလေးဂေဇက်ပါပဲ။ တက္ကသိုလ်ဝင်ခွင့်လျှောက်တာနဲ့ မန္တလေးဂေဇက်နဲ့ဘာဆိုင်လဲလို့တော့ မထင်လိုက်ပါနဲ့နော်။ ဆိုင်ပါသကောရှင်။ ဘာကြောင့်လဲဆိုတော့ ဒီမှာက ဘာကိစပဲဖြစ်ဖြစ် အကြံဉာဏ်ကောင်းပေးနိုင်တဲ့သူတွေအများကြီးရှိတယ်လေ။ အဲဒါကို အပြည့်အဝယုံကြည်လို့ပါ။ ရွေးချယ်ဆုံးဖြတ်နိုင်အောင် မိမိတို့သိသမျှ ကြားသမျှအားလုံး ကို အကြံပြုရေးသားပေးကြဖို့ တောင်းဆိုပါတယ်ရှင်။ အကြောင်းကတော့ ဒီလိုပါ။ မိဘတွေက တောသူတောင်သားတွေပါ။ ခေတ်ပညာမတတ်ကြပါဘူး။ ဆက်ဆံရေး ဝင်ဆန့်တဲ့အဆက်အသွယ်ကောင်း […]