ရင်နင့်အောင်ချစ်ရတဲ့ ချစ်ဦးသူသို့တမ်းခြင်း
သင့်တော်ကောင်းမွန်တဲ့ မိတ်ဆွေွနဲ့ တွေ့ဆုံစေဖို့ မိဘတွေစေလွှတ်လို့ တခါမျှမရောက်ဖူးတဲ့ ရန်ကုန်ဆိုတဲ့ မြို့ကြီးကို ၁ဝ တန်းအောင်လျင် အောင်ချင်း ရောက်လာရပါတယ်။ သင့်တော်ကောင်းမွန်တဲ့ မိတ်ဆွေွနဲ့ တွေ့ဆုံခွင့့်ရဖို့အတွက် လိုအပ်တဲ့သင်တန်းတချို့တက်တယ်။ ဒါပေမယ့် မိတ်ဆွေတော့မ တွေ့သေးဘူး။ ဒီလိုနဲ့ နယ်ကို ပြန်ပြီး ပထမနှစ် စာမေးပွဲဖြေလိုက်ရသေးတယ်။ ရန်ကုန်ပြန်ရောက်လို့ ်သိပ်မကြာခင်မှာပဲ ဦးလေးက သူသိတဲ့ အခုကျမချစ်ဦးသူနဲ့ တွေ့ဆုံပေးပါတော့တယ်။ ကျမညံ့ဖျင်းမှန်း အရည်အချင်းမရှိမှန်း သိလို့လေ။ တွေ့တွေ့ချင်းတော့ သူက တနေ့ ကျမအခုလို ရင်နင့်အောင်ချစ်ရတဲ့ ကျမချစ်ဦးသူ အချစ်ရဆုံးသူဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ သူနဲ့ပတ်သက်ဆက်ဆံခဲ့တဲ့နှစ်များကာလအတွင်း သူဟာ ကျမနှလုံးသားထဲမှာ ဘယ်အချိန်က ဝင်ရောက်နေရာယူထားမှန်းမသိပေမယ့် သိလိုက်တဲ့အချိန် မှာတော့ ကျမမိသားစုဝင်တစ်ယောက်လို ကျမနှလုံးသားထဲမှာ နေရာယူထားပြီး ကျမနှလုံးသားကို စိုးမိုးချုပ်ကိုင်ထားပြီး ဖြစ်နေပါတော့တယ်။ ကျမသူနဲ့ခွဲခွါဖို့ကို စိတ်ကူးနဲ့တောင် မရဘူး။ စိတ်ကူးနဲ့တင် ဝမ်းနည်းပြီး မျက်ရည်တွေအလိုလိုကျ မိတဲ့အထိပါပဲ။ ဒီလိုဖြစ်နေတဲ့ကြားထဲကပဲ ကျမနဲ့ မိသားစုဘဝရှေ့ရေးအတွက် စဉ်းစားပြီး တစ်နေ့မှာတော့ သူနဲ့ခွဲခွါဖို့စိတ်ကူးကြည့်တယ်။ တကယ်ခွဲခွါရတော့မယ်ဆိုတော့ဘယ်လိုမှ မခွဲနိုင်လို့ ခွဲခွါဖို့အစီအစဉ်ကို ပြောင်းလိုက်ရတယ်။ ဒီလိုနဲ့မပြောင်းလဲပဲ နေလာလိုက်တာ နောက် တစ်နှစ်ခွဲလောက်ရှိတော့ ကျမ တကယ်ပဲ သူနဲ့ တသက်တာ ခွဲခွါရဖို့ဖန်လာပါတော့တယ်။ အကြောင်းကတော့ သူ့ကို သူ့အုပ်ထိန်းသူမိဘက တစ်အိုးတည်စားမိသားစုဝင်အဖြစ်ကနေ စွန့်လွှတ်ပြီး စားအိုးခွဲစားတဲ့သူအဖြစ်ထားဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတဲ့ mail ပါပဲ။ email ဝင်ပြီး နောက် တစ်လအကြာမှာ ကျမ သူနဲ့ ဘယ်လိုပင်မခွဲချင်သော်လည်း တကယ် တစ်သက်တာအပြီးခွဲခွါရမယ်ဆိုတော့ တော်တော်ခံစားရပါတယ်။ ဘယ်လောက်ထိခံစားရလည်းဆိုတော့ ညည အိပ်မက်ထဲမှာတောင် ရှိုက်ကြီးတငင် ငိုတဲ့အထိပါပဲ။ သူနဲ့အတူရှိစဉ်ကာလတွေအတွင်းမှာ ကျမရဲ့ချစ်ဦးသူနဲ့အတူ လက်တွဲပြီး မွေးထုတ်ပေးနိုင်တာကတော့ လက်ရှိအနေအထားအရ Engineer မောင်လေးတစ်ယောက်၊ B.com ညီမတစ်ယောက်၊ ရေကြောင်းတက္ကသိုလ် Bsc (Hons) NS, 2/O မောင်လေးတစ်ယောက်၊ B.Ed ညီမတစ်ယောက်၊ ရေကြောင်းတက္ကသိုလ်မှာ ပညာဆည်းပူးနေတဲ့ ညီမတစ်ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်။ ကျမချစ်ဦးသူရဲ့ကျေးဇူးတွေ ကြီးမားများပြားလှပါတယ်။ သူနဲ့ခွဲခွဲချင်း ကောင်းမွန်တဲ့ မိတ်ဆွေနဲ့တွေပြီး အရာရာ အဆင်ပြေပေမယ့် အခုထိ (သူနဲ့ခွဲခွါခဲ့တာ တစ်နှစ်နီးပါးကြာတဲ့အထိ) ရင်နင့်အောင်ချစ်ရတဲ့ ကျမရဲ့ချစ်ဦးသူ (ကျမ ပထမဦးဆုံးအလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီ)ကိုလွမ်းလွန်းလို့ ရင်နင့့်အောင်ခံစားရဆဲပါပဲ။ အဲဒီကုမ္ပဏီအပေါ်ကိုယ့်မိသားစုပိုင်လုပ်ငန်းလိုပဲ တွယ်တာနေတာပါ။ အဲဒီကုမ္ပဏီက သူ့ရဲ့ရုံးခွဲကိုပဲပိတ်သွားပြီး ရန်ကုန်မှာ နိုင်ငံခြားအခြေစိုက် အခြားကုမ္ပဏီတစ်ခုကို agent ခန့့်အပ်လိုက်တာပါ။ အဲဒီတော့ ရုံးခွဲကဝန်ထမ်းတွေက အလိုလို အလုပ်ပြုတ်သွားတာပေါ့။ ကျမက အဲဒီ agent ကခန့်အပ်တဲ့ agent ရဲ့ ဝန်ထမ်းအဖြစ်နဲ့ မလုပ်ချင်ပါဘူး။ ယခင်ကုမ္ပဏီရုံးရဲ့ဝန်ထမ်းအနေနဲ့ပဲ လုပ်ချင်တာပါ။ မဖြစ်နိုင်တော့မှန်းသိပေမယ့် အဲလောက်ထိဖြစ်နေတာ။ သေချာတာကတော့ တကယ့်မိသားစုဝင်တွေလို ပျော်စရာကောင်းတဲ့ ကုမ္ပဏီပါ။ အခုထိလည်း အချင်းချင်း အဆက်အသွယ်တွေရှိကြပါတယ်။ အရင်ကလိုပဲ ဒီဇင်ဘာ ၃၁ ရက်နေ့ညမှာ ဆုံကြတုန်းပါ။ ဒါပေမယ့် ကျမလွမ်းတာ လူပုဂ္ဂိုလ်တွေကိုမဟုတ်ပဲ ကုမ္ပဏီကိုပါ။
ရေးရင်းနဲ့ အကြောင်းအရာက ဘာတွေဖြစ်လို့ ဘာတွေရေးမိသွားလည်းမသိဘူး။ အရင်ကုမ္ပဏီကို ရင်ထဲမှာအတော်လေး လွမ်းဆွေးသတိရလွန်းလို့ စိတ်ထဲပေါ်လာတာတွေ ချရေးပစ်လိုက်တာ..ဖတ်ရင်း/ဖတ်ပြီးအာရုံနောက်ကုန်ကြပြီလားမသိဘူး။ အာရုံနောက်သွားရင်လည်း နားလည်ပေးကြပါနော်။
10 comments
surmi
May 1, 2014 at 11:17 pm
ပထမဆုံးပြောချင်တာက ပန်းစပယ်ဟာ စာရေးတာရော
ကွန်မန့်ပေးတာပါ အတော်လေးကို ထိမိပါတယ်။
အရင်ကလည်းမကြာမကြာရေးဖို့တိုက်တွန်းဖူးမယ်ထင်မိတယိ ။
အခုလည်း ထပ်မံတိုက်တွန်းပါရစေ
စောင့်ဖတ်နေပါ့မယ် ။
ပန်း စံပါယ်
May 2, 2014 at 7:02 am
ခုလို အားပေးစကားပြောပေးလို့ အားလည်းတက် ကျေးဇူးလည်းတင်ပါတယ်။ ကြိုးစားကြည့်ပါမယ့်။
alinsett (gazette)
May 2, 2014 at 7:32 am
ပန်းစံပယ်ရဲ့ စာကို ဖတ်ပြီး
ကျနော်လည်း လွမ်းသွားတယ်
စံပယ်ပန်းတစ်ပွင့်ကို. .
😆
ကေဇီ
May 2, 2014 at 8:22 am
ခေါင်းစဉ်ကြည့်လိုက်တော့ ရင်နင့်အောင် ရေးတဲ့ စာ မှတ်လို့။
😀
စာ ကို မရည်လည်တောင်မှ ခံစားချက်ကို နားလည်အောင် ဖတ်သွားပါတယ် ပန်းစံပယ်။
🙂
ပန်း စံပါယ်
May 2, 2014 at 8:58 am
ကို alinsett ရေ .. ဖွားမေကိုလည်း မေ့မရတာ သိပါတယ်။ ဖတြ်ပီး comment ပေးတာ ကျေးဇူးပါ။
မကေဇီရေ… ကျမရဲ့ခံစားချက်က အများနဲမတူတော့ ရေးထားတဲ့စာကို ရည်လည်မှာမဟုတ်မှန်း သိပေမယ့် ဆန္ဒပြင်းပြလွန်းလို့ ခံစားချက်ကိုဖွင့်ချလိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ဖတ်ကြည့်ပြီး comment ပေးတာ ကျေးဇူးပါ။
ROssI
May 2, 2014 at 10:37 am
မတိပါဘူး
ကျုပ်အကြောင်းများ ဖော်ကောင်လုပ်တော့မားလို့ ….
ဟိဟ…..
kyeemite
May 2, 2014 at 2:38 pm
ပန်းစံပါယ်…နန်းအလယ်မပေါ်ခိုက်ဟာမို့….အဲ..ယောင်သွားလို့ပါ
စာရေးကောင်းတစ်ယောက်ရွာမှာတိုးလာတာ ဝမ်းသာပါတယ်…
အားပေးနေမယ်နော…
Ma Ma
May 2, 2014 at 7:09 pm
လုပ်ငန်းအပေါ် သံယောဇဉ်တွယ်တဲ့ ဝန်ထမ်းတစ်ယောက်ဆိုတာ လုပ်ငန်းအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိပါတယ်။
ဒါပေမယ့်လည်း မရှိတာ မဖြစ်နိုင်တာ ဖြစ်ပြီးတာကို လွမ်းနေမယ့်အစားးးး
လက်ရှိ/ လက်တွေ့ဘဝမှာလည်း အဲလိုပျော်နိုင်အောင် ကြိုးစားပါလား။ 🙂
စာတွေကို စာကြောင်းခွဲ၊ စာကြောင်းခြားပြီး အပိုဒ်တွေ ခွဲလိုက်ရင် အမြင်ရှင်းပြီး စာဖတ်သူကို ပိုပြီး ဆွဲဆောင်နိုင်မယ်လို့ အကြံပေးချင်ပါတယ်။ 🙂
( လူတိုင်းကို ကိုယ်လိုမျက်မှန်သမားချည်း ထင်နေလို့) :kwi:
ပန်း စံပါယ်
May 2, 2014 at 9:39 pm
ROssI ဖတ်ပြီး comment ပေးတဲ့အတွက် ကျေးဇူးပါ။
ဦးKyeemite ဖတ်ပြီး ခုလိုအားပေးစကားပြောပေးတာ ကျေးဇူးပါ။
Ma Ma ရေ အခုလို ပျော်အောင်နေဖို့ရော၊
စာကြောင်းတွေ စာပိုဒ်တွေအတွက် ရော ခုလိုအကြံပြုပေးတာ တကယ်ကျေးဇူးတင်ပါတယ်။
TNA
May 5, 2014 at 8:27 pm
လိုက်ပြီးအသည်းတောင်ကွဲသွားသလိုပဲရေးတတ်လိုက်တာ