အဘ နဲ ့အေတီအက်စ်များ
မောင်ပေ့ သူဌေးရဲ ့ ယောက်ခထီးကြီး နာမည်မှာ ဦးမြင့်လွင်တဲ့ ။ ဇာတိက ဝက်လက်နယ်ဘက်ကလို ့ပြောတာပဲ ။ ဝက်လက်နယ်ဘက်က ဆိုတော့ သိတဲ့အတိုင်းပဲ စကားပြောရင် ကပ်တပ်တပ် ၊ အဲ.. သတိ္တကတော့ ကောင်းမှကောင်းပဲ ။ သတိ္တကောင်းတယ်ဆိုတာထက် မိုက်တယ်ဆိုတာမျိုးတွေပေါ့ ။
မန်းတလေးအိုးဘိုထောင်ထဲက ဖိုက်တာတွေ ကြည့်လိုက်ရင် အဲဒီ ဝက်လက်ဘက်က လာတာတွေချည်းပဲ ။ ဓါးမြတိုက် လူသတ်မှုတွေနဲ ့ချည်း နှစ်ရှည်သမားတွေ ။
တစ်ခါက မောင်ပေ့ သူဌေး ရဲ ့ဘက်စ်မန်းတစ်ယောက် ရန်ဖြစ်ရင်း လက်လွန်သွားပြီး အိုးဘိုသွားရမယ်လဲ ဆိုရော … သတ်တုန်းက သတ်ခဲ့ပြီးမှ ထောင်ကျပြီဟေ့လဲ ဆိုရော… ကြောက်လို ့တဲ့ဗျာ .. မျက်ရည်တွေ တောက်တောက်ကျလို ့၊ နောက်မှ မောင်ပေ့ သူဌေးက သူ ့ယောက်ခထီးအမျိုးတွေက အိုးဘိုထဲမှာ မင်းကို စောင့်ရှောက်ပါလိမ့်မယ် ဆိုမှ ၊ သူ ့ခဗျာ ရှောရှောရှူရှူ ဝင်သွားရှာတယ် ။
မောင်ပေ့ သူဌေးက မန်းတလေးမှာ ကြီးပွားချမ်းသာနေလို ့၊ ယောက်ခထီးကြီးကို သမီးနဲ ့အတူလာနေဖို ့ခေါ်တာ..မလာဘူး ၊ မင်းတို ့မြို ့က ကားတွေ ဆိုင်ကယ်တွေ ရှုပ်ပါဘိသနဲ ့ ၊ ကိုယ့်ရွာမှာကိုယ် နွားလှည်းနဲ ့ပဲ အေးအေးလူလူ နေရတာ အရသာရှိတယ်တဲ့ ။ နောက်ပြီး သားမက်သူဌေးတိုက်တဲ့ ဘီလူးလေဘယ် ကို ထနောင်းထန်းလျက်ဦးရည်လောက် သောက်ရမချိုလို ့တဲ့ဗျာ ။
ထား
အဲဒီ ဦးမြင့်လွင် ဆိုတဲ့ အဘိုးကြီး ဆိုင်းမဆင့်ဗုံမဆင့် ဘာမှကြိုအကြောင်းမကြားပဲနဲ ့၊ မန်းတလေး ကို ရောက်လာတယ် ၊ ဖြစ်ချင်တော့ သူ ့သားမက် ကျုပ်ရဲ ့သူဌေးဘောစိတို ့မိသားစုအားလုံး ကျိုက်ထီးရိုး ကို ဘုရားဖူးထွက်သွားတဲ့အချိန် ၊ ကျုပ်က ဘောစိရဲ ့လူယုံ ညီအစ်ကိုလို ဖြစ်နေတာဆိုတော့ ၊ အဲဒီအဘိုးကြီးတာဝန်က ကျုပ်ခေါင်းပေါ်ရောက်လာတာပေါ့ ။
အဲဒီမနက်က ထင်တော့ထင်ပါတယ် ၊ မျက်ခုံးတွေလှုပ်နေပါကလား လို ့ဆို ။ ဘောစိ ဖုန်းဆက်လာတယ် ။ ဘောစိအိမ်မှာက အိမ်ဖော်မလေးနှစ်ယောက်ရယ် ၊ ထမင်းချက်ရယ် ပဲ ကျန်ခဲ့တာလေ ။ ဘာများပါလိမ့်လို ့ဖုန်းကိုင်လိုက်တော့ ၊ အဖိုးကြီးရောက်နေတဲ့အကြောင်းပြောပြီး ၊ အဖိုးကြီး သွားရေးလာရေး ကျုပ်အပေါ် တာဝန်ကျလာတယ် ။
ဒါနဲ ့အဲဒီကို ရောက်သွားတော့ ၊ အဖိုးကြီးက ပထမဦးဆုံး ၊ ဘုရားကြီးကို သွားမယ် ဆိုလာလို ့၊ ကျုပ် ဆိုင်ကယ်လေးပေါ် တင်ခေါ်ပြီး ထွက်လာခဲ့တယ် ။ ဘုရားကြီးမြောက်မုခ်ကနေဝင်ပြီး ဆိုင်ကယ်အပ်တော့ ၊ အပ်ခ ၂၀ဝ ကျပ်တဲ့ ၊ ဒါနဲ ့ ၁၀ဝကျပ်တန် တစ်ရွက်ရယ် ၊ ၂ဝ ကျပ်တန် အသစ်လေး ငါးရွက်တွဲထားတဲ့ တစ်ရာ ရယ် ( ၂ဝကျပ်တန် ငါးရွက်ကို စတပ်ပလာဖြင့် တွဲထားသော ) ပေးလိုက်တော့…
အစ်ကို ဒီ ၂ဝကျပ်တန်အတွဲကို ပြန်လဲပေးပါတဲ့ ။ ကျုပ်လဲစကားသိပ်မပြောချင်တာနဲ ့ လဲပေးမယ်အလုပ်.. အဖိုးကြီးက ဝင်ပြောတယ်..။
“ ဟေ့.. မင်းဘာပြောလိုက်တယ် ၊ ဒီ ၂ဝကျပ်တန် တစ်ရာအတွဲကို မယူဘူး ဟုတ်စ ”
အဖိုးကြီးက ၁၀ဝကျပ်အဖြစ် စုတွဲထားတဲ့ ၂ဝကျပ်တန်အသစ်လေးငါးရွက် ကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး မေးလိုက်တယ် ။
“ ဟုတ်ပါတယ်.. တစ်ချို ့လူတွေက ဒီလို ၂ဝကျပ်တန် စုတွဲထားတဲ့ ဟာမျိုးပေးရင် မယူကြလို ့ပါ ”
“ အောက်တန်းစား… ” အဖိုးကြီး ဒေါသထွက်ပြီး အော်ပါတော့တယ်
“ အောက်တန်းစားတွေ ၊ ဒီပိုက်ဆံတွေက နိုင်ငံတော်က တရားဝင်ထုတ်ပေးထားတဲ့ ပိုက်ဆံတွေကွ ၊ မယူဘူး လို ့ဘယ်အကောင်က ပြောတာလဲ ၊ စုတ်နေပြဲနေဟောင်းနေလို ့မယူချင်ဘူးဆို ငါလက်ခံသေးတယ် .. ပြောစမ်း .. မယူဘူး လက်မခံဘူးပြောတဲ့အကောင် ငါ့ကို ပြလိုက်စမ်းပါ ”
ဆိုင်ကယ်အပ်ခံတဲ့နေရာက ကောင်လေးလဲ မျက်လုံးပြူး မျက်ဆန်ပြူးနဲ ့ကြောက်သွားပြီး ၊ ကျုပ်လက်ထဲက ပိုက်ဆံကို အမြန်ယူလိုက်တယ် ။ ပြီးတော့ ဆိုင်ကယ်အပ်တဲ့ လက်မှတ်ထုတ်ပေးရှာတယ် ။ အဖိုးကြီးက မပြီးသေးဘူး ၊ ဒေါသတွေထွက်နေတုန်းမို ့.. ကျုပ်လဲ အဖိုးကြီးလက်ကိုဆွဲပြီး… လာလာ အဘ.. ဘုရားသွားကန်တော့ကြရအောင် လို ့ဇွတ်ခေါ်ခဲ့ရတယ် ။
အဖိုးကြီး ပုံကြည့်ရတာ ဘုရားလဲ စိတ်အေးအေးနဲ ့ကန်တော့နိုင်တော့မယ့်ပုံမရပါဘူး ။ ဘုရားကန်တော့အပြီး ငါးတွေလိပ်တွေ အစာသွားကျွေးတော့မှ စိတ်ပြန်အေးသွားပုံရတယ် ။
ဘုရားထဲကပြန်အထွက် ဆိုင်ကယ်အပ်တဲ့ဆီကနေ ဆိုင်ကယ်ပြန်ထုတ်တော့ ၊ စောနက တွေ ့ခဲ့တဲ့ ကောင်လေးမရှိတော့ဘူး ၊ တော်တော်ကြောက်သွားတဲ့ပုံပါပဲ ။ ဆိုင်ကယ်ပေါ်မတက်ခင် ၊ အဖိုးကြီး ကျုပ်မျက်နှာကို သေချာကြည့်ပြီး မေးလာပုံက
“ မောင်ပေရေ.. မင်းတို ့မန်းတလေး မှာ အတွဲတွေ ဘယ်နားချိန်းကြသလဲကွ ၊ ဥပမာကွာ.. ငါတို ့နယ်မှာဆိုရင် ၊ တောစပ်တို ့၊ ရေကောသွားတဲ့ချောင်းထဲတို ့၊ ကောက်ရိုးပုံအနောက်ဘက်တို ့လိုမျိုးပေါ့ ”
ကျုပ်လဲ အဖိုးကြီးရဲ ့မေးခွန်းကို ဘယ်လို ဖြေရမှန်းမသိတာနဲ ့..
“ အဘ ဆိုင်ကယ်ပေါ်တက်ဗျာ… ကျုပ်တို ့အခု နေ ့လည်စာသွားစားရင်းနဲ ့၊ အဘမေးတဲ့ မေးခွန်းအတွက် အဖြေကို အဘတွေ ့ရလိမ့်မယ် ”
ဒါနဲ ့အဖိုးကြီး နဲ ့ကျုပ် နဲ ့ ၊ ဆိုင်ကယ်ကိုမောင်းပြီး ကန်တော်ကြီးဘက်ကို ထွက်လာခဲ့တယ် ။
……. ဆက်ပါဦးမည် …….
…………………
……. အားလုံးကို ကျေးဇူးတင်ပါသည် …….
41 comments
အလင်းဆက်
September 23, 2012 at 8:55 pm
ဦးပေ…ရေ ဆက်ပါဦးနော ့။
ဒီလို ပိုစ့်တွေက်ု လွမ်းနေတာဗျ ။
ရာဇဝင်လူဆိုး
September 23, 2012 at 9:09 pm
ကိုပေရေ..လုပ်စမ်းပါဦးဗျ။ ဒါနဲ့ အတွဲတွေ ဘယ်နေရာချိန်းတွေ့လဲ စိတ်ဝင်စားသား..။
ပစ်ပစ်ချန်
September 23, 2012 at 11:42 pm
ဘပေက…..
ဘောစိရဲ့ ယောက်ခထီးကို
ဘာလိုက်ပြမို့လဲဟင်..
marblecommet
September 23, 2012 at 11:46 pm
ရဲဘော်ရေ့
အဲဒီ အဘကို
ရဲဘော်ရဲ့
ဟင်းစားရော ကွန်ချက်ရော
အကုန်ပြလိုက်ဗြာ…
အာဟိ.
may flowers
September 24, 2012 at 12:45 am
စိတ်ဝင်စားစရာအခန်းရောက်မှမီးပျက်သွားသလိုပဲ နောက်ပိုစ့်လေးကို စောင့်ဖတ်နေပါ့မယ်
ကိုပေရေ… ဆိုင်ကယ်အပ်တဲ့ကောင်လေးတော့ တော်တော်လန့်သွားတယ်ထင်ပ :harr:
kyeemite
September 24, 2012 at 8:24 am
ကပေအရေးအသားရော အကြောင်းအရာရောစိတ်ဝင်စားဖို့ကောင်းသဗျာ…
စောင့်ဖတ်မယ်ဗျို့…
ကြောင်လေး
September 24, 2012 at 8:51 am
အော်…..မကြီးမငယ်နဲ့ အတွဲသွားချောင်းကြတော့မယ်ထင်ပါ့….
ကျနော်လည်းလိုက်ချင်လိုက်တာ
ahnyartamar
September 24, 2012 at 9:39 am
ဟာ… ကိုပေ… တန်းလန်းဖြတ်ခဲ့တယ်.. ထမင်းစားချိန်နားတာလား..
Thu Wai
September 24, 2012 at 10:10 am
ဟုတ်တယ် ဗျို့ ရန်ကုန်မှာလဲ အဲလိုနှစ်ဆယ်တန်တွေတမယူတော့ လို့ ဟဲဟဲ ကျုပ်တို့ ကလဲ ဘာရမလဲ တစ်ထောင်တန် အပိုင်းပြတ်တွေရှိရင် နှစ်ဆယ်တန်နဲ့ ဖြတ်ပြီး ကပ်တာပေါ့
Shwe Ei
September 24, 2012 at 10:10 am
စတပ်ပလာပင်နဲ့တွဲထားတဲ့ပိုက်ဆံမယူချင်ရင်တော့
ရန်ကုန်မှာဆို ကောင်းကောင်းဆဲခံရဘီ ကိုပေရေ့။
အတွဲတွေချိန်းတွေ့လေ့ရှိတာကျုံးပတ်လည်မှာများလား။ 😛
etone
September 24, 2012 at 11:36 am
ဝေ့ …. မကြည်ပြာ … မန်းလေးသွားမယ်အေ့ …. ညည်းလိုက်မလား … ။ နာ့ ယောက္ခမ မကြီးမငယ်နဲ့ ….. နောက်မီးလင်းနေတဲ့အကြောင်း သတင်းသွားယူမလို့ ….. ။ :harr:
Khaing Khaing
September 24, 2012 at 1:06 pm
ဟေ့ .. ကော်မစွန်အပျိုတွေ အေးဆေးနေ … သူများတွေ တစ်သားမွေးတစ်သွေးလှတာကို မနာလို ဖြစ်မနေနဲ့ ….. ဘာနောက်မီးမှမလင်းဘူး …… အဲဒါ အင်မက်ဂျက်စီမီးထွန်းထားတာ … မှတ်ထား ….
Shwe Ei
September 25, 2012 at 3:55 pm
လိုက်မယ် :kwi:
Khaing Khaing
September 24, 2012 at 11:02 am
ဦးပေ … ကန်တော်ကြီးဘက်ကို ဘယ်တုန်းကသွားတာလဲ … ဘောစိယောက်ခမကြီးက သများတို့အတွဲကို မြင်ရင် ပေါက်တတ်ကရတွေပြောနေအုန်းမယ်နော် … တခြားနေရာတော့ခေါ်မသွားဘူး … လူဇိုး …….
etone
September 24, 2012 at 11:31 am
ဘိုးတော်ကြီးက .. ကပေ့ကို … ဘယ်လိုဗျာများအောင် မွှေဦးမလဲလို့ … ဒုတိယပိုင်းမှာ စောင့်ဖတ်ပါဦးမယ် … ။
ဒါနဲ့ … အကြွေဆိုလို့ …
မနေ့ညက ..အစ်ကိုဆီကို သူ့အသိ နယ်ဘက်က တယောက်က ဖုန်းဆက် သတင်းပေးလာတယ် …. သူတို့ နယ်ဘက်မှာ ငါးကျပ်တန် ၊ တစ်ဆယ်တန်၊ နှစ်ဆယ်တန် ၊ ငါးဆယ်တယ်တွေပေးလျှင် ဆိုင်တွေရော ၊ ကားတွေကပါ မယူကြတော့ဘူးတဲ့ … အစိုးရက … အဲ့ဒါတွေ သုံးမရတော့ဘူး ကြော်ငြာသွားတယ် …. ဟုတ်လားဆိုပြီး ငိုသံကြီးနှောလို့ လေ…. ။ အိမ်က အစ်ကိုကလည်း .. သူလည်း ကြားတော့ကြားပေမယ့်… အစိုးရက တိတိကျကျကြီး ထုတ်ပြန်တာမျိုး မရှိသေးတော့လတ်တလောအထိ … တရားဝင်သုံးလို့ ရပါသေးတယ်လို့ပဲ ပြန်ဖြေတာ ကြားမိတယ် … ။
ဟိုဘက်က လူက .. အဲ့ဒီအကြောင်း သတင်းရေးပေးပါချည်း ပူစာနေတော့ နားထောင်ကောင်းအောင် ပြန်ပြောလိုက် ရသတဲ့ တဲ့ …. ။ အဲ့လို သတင်းမျိုးက ရေးလို့ မသင့်တော်ပါဘူးလေ … ဟုတ်ဖြင့်မဟုတ်ပဲ .. အုန်းသျှစ်သီးကြွေသံကြောင့် … မြေပြိုတယ်ထင်ပြီး ပြေးရသလိုဖြစ်နေမှာကိုး …. :eee:
စိန်ဗိုက်ဗိုက်
September 24, 2012 at 11:39 am
အူးပေနော..
လူကြီးက အူးပေလို မျက်လုံးမကောင်းလောက်ဘူး..
မှန်ဘီလူးလေးပါ ဆောင်သွား
🙂
kotun winlatt
September 24, 2012 at 11:42 am
ကိုပေရေ….
ဆက်ပါဦးဗျ…ပီးတော့ ဘောစိရဲ့ ယောက္ခထီးကို လိုက်ပို့တဲ့နေရာတွေကို
ကျနော့်ကိုလည်း လိုက်ပြပေးးးရမယ်နော့…အဟိ….
ကိုရင်မောင်
September 24, 2012 at 12:08 pm
မန်းလေးရောက်ယင်
ပေပေ့ဆီလည်လည်သွားအုံးမှ
surmi
September 24, 2012 at 12:48 pm
ကဲ မှန်းကြည် ့လိုက်မယ်
မင်းသားကြီးများဖြစ်နေမလား ဒါမှမဟုတ်
စိန်စိန်လည်းဖြစ်နိုင်တာပဲ
မထူးပါဘူးလေ ……. စောင် ့ဖတ်တာပဲကောင်းပါတယ်
pooch
September 24, 2012 at 12:57 pm
အဘကလည်း မကြီးမငယ်နဲ့ စပ်စုရန်ကော
mamanoyar
September 24, 2012 at 1:25 pm
ဦးပေရေ အားပေးသွားတယ်နော်
ဇာတ်လမ်းလေးက စိတ်ဝင်စားစရာပဲ
ဦးပေဘယ်ခေါ်သွားမှာလဲ
အမြန်ရေးနော်
နေဝန်းနီ
September 24, 2012 at 1:38 pm
ကိုပေရေ….. ကုသိုလ်တော် ဘက်ခေါ်သွားဟ….။ ငါတို့ တုန်းက အဲဒိနေရာက တော်တော်မိုက်ဟ…..။ တစ်ချို့ ဘိုးတော်တွေများ အတွဲချောင်းတာ ထမင်းထုတ်နဲ့လာသဗျား….။( 1998 လောက် ဖြစ်ပါ၏ …။ နောက်ပိုင်းတော့ဘယ်နေရာတွေစည်းကားလဲ မသိတော့ဘူး…။ )
လုံမလေး မွန်မွန်
September 24, 2012 at 2:02 pm
အေတီအက်စ် ဆိုတာ ဘာပါလိမ့်… 🙄
ချာလီဂဇက်ဒလဝမ်
September 24, 2012 at 2:17 pm
အေတီအက်စ် ဆိုတာ
A.T.S ကိုပြောတာလား မသိ ၊
:harr:
ကိုရင်စည်သူ
September 24, 2012 at 2:31 pm
အူးပေ ဆက်လုပ်ဦးလေဗျာ.. အဲ့လိုချောင်းဒါ.. အဲ့..
နှံ့နှံ့စပ်စပ်လေ့လာတာမျိုး တွေ သိပ်စိတ်ဝင်စားတာ…
အူးပေ ဒူးရှည် အောင်တိုင်းမြောက်ပါစေ… :kwi:
ကိုခင်ခ
September 24, 2012 at 2:40 pm
ကိုပေတို့က အဘကျတော့လိုက်ပြမယ်ဟုတ်လား၊ ကျွန်တော်တို့ကျတော့ အဲဒီနေရာကိုလည်း
ပြောမပြဘူးဗျာ အတော်ဆိုးတဲ့လူကြီးဘဲ။
Fall Guy
September 24, 2012 at 6:42 pm
ကန်တော်ကြီးပြီးရင် lake view KTV ထင်ပါ့။ နီးနေပြီ။
မဟာရာဇာ အံစာတုံး
September 24, 2012 at 7:35 pm
ခညားဂျီးဂလည်းဂျာ ..
ကျုပ်က အဲ့နေရာတွေ မှတ်မလို့ ရှိသေးတယ် ..
ခညားက ဆက်ပါဦးမည် လုပ်ပစ်ဒယ် ..
လူဇိုးဂျီး …
ဒါနဲ့ အေတီအက်စ် ဆိုတာ ဘာကို ကြောဒါတုန်း သိဘူး ..
အဟီးးးးးး
မောင်ပေ
September 24, 2012 at 8:28 pm
အေတီအက်စ် ဆိုတာ အက်စ်တီအေတော့ မဟုတ်လောက်ဘူး ဆိုပဲ
ကျွန်တော် မောင်ပေ ၏ ကွမ်းပို ့စ်လေးကို ဖတ်ရှုပြီးသကာလ ကွန်မင့်များဖြင့် ချီးမြှင့်ပေးကြပါသော
ညီငယ်လင်းဆက်
ကိုလူဆိုး
ညီမငယ်ပန်
ကိုကမ်း
မေလေး ( ဂျစ်တုံးလေး )
ကိုမိုက်
ကိုကြောင်လေး
ကိုအညာတမာ
ကိုသုဝေ
မရွှေအိ ( ဂျစ်အိ )
ညီမငယ် တုံစိန်
မူမပိုင်ရှင်မကြီး မမခိုင်
ညီငယ်စိန်ပေါက်
ကျောင်းဆရာ
ကိုရင်မောင်
ကိုဆာမိ
မပု
မမနိုရာ
ဘိုနီ
ဂျစ်လေးမွန်မွန်
ကိုချာလီ
သင်္ဘောစီးကိုရင်
အန်ကယ်ခ
Fall Guy
မဟာအံကြီး နဲ ့ဖတ်ရှုသွားသူ အားလုံးအား ကျေးဇူးအထူးတင်ရှိပါ၏
ကျန်ဇါတ်လမ်းများကိုလဲ အလျင်းသင့်သလို မြန်မြန်ရေးတင်နိုင်အောင် ကြိုးစားပါမယ် ခင်ဗျ
ရွာစားကျော်
September 24, 2012 at 11:23 pm
ကျုပ် မန်းလေးရောက်ရင်လည်း ကိုပေကို ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းမယ်..
ဘုရားကြီးနဲ့ အိမ်တော်ရာကိုပေါ့…. ဟိ
မောင်ပေ
September 25, 2012 at 9:23 am
ကောင်းပါပြီ
ဘုရားကြီးနဲ့ အိမ်တော်ရာ
အဲဒါပဲနော်
အရီးခင်လတ်
September 25, 2012 at 3:57 am
မောင်ပေ
ဟိုဘက် Post ကလာပြီး ဒီမှာ ခေါင်းစဉ် ကြည့်လိုက်တော့ အဘနဲ့ အေသီးရစ်
(atheist – ဘုရားသခင် မယုံသူ ဘာသာမဲ့) များ လို့ ဖတ်လိုက်မိတယ်။ 😆
အဘ အကြောင်း တွေ ကို ဆက်ဖတ်ချင်ပါ၏။
မောင်ပေ
September 25, 2012 at 9:28 am
အရီးခင်ဗျ
အရီးပြောမှ အေသီးရစ်ဆိုတာကို စသိရပါတယ်
အေတီအက်စ် ဆိုတာ ပိုစ့်ထဲမှာ အဖိုးကြီးအော်တဲ့ စကားလုံး ကို မြန်းဂလစ်နဲ့ အရပ်အသုံးလေးပါ
စိန်ဗိုက်ဗိုက်
September 25, 2012 at 10:32 am
အော်.
ကျော်က အောင်တင့်စိန် ထင်နေတာ :harr:
မောင်ပေ
September 25, 2012 at 12:17 pm
အောင်တင့်စိန်
ဗြောင်ဖွင့်လိမ်
ကြောင်ပင့်ဂိန်
စောင်ဖြင့်ငြိမ်
တောင်သင့်အိမ်
MaMa
September 25, 2012 at 6:43 am
မောင်ပေလည်း အနာဂတ်အတွက် ယောက္ခမသင်တန်းတက်လိုက်ရတာ အမြတ်ပေ့ါ။
ပြောရမယ်ဆိုရင် သိခဲ့ဖူးတဲ့ ဝက်လက်နယ်သားတစ်ယောက်ဆိုရင်လည်း အင်မတန်စကားတတ်တယ်။ စကားကပ်တယ်။
အလုပ်လုပ်ခါနီးမှာ အလုပ်သမားတွေခိုကပ်ပြီး သူလိုလို ကိုယ်လိုလို လုပ်နေတာကို….
အလုပ်လုပ်စားမယ့်သူတွေ ဒီကိုလာ၊ တောင်းစားမယ့်သူတွေ အဲဒီမှာနေ… လို့ ပြောလိုက်တာ
အလုပ်သမားတွေခမျာ ပြုံးဖြဲဖြဲနဲ့ ရောက်လာကြတယ်။
သူ့ကိုလည်း ဝက်ခြေထောက် လို့ စ နောက် ပြီး ခေါ်ကြတယ်။ :kwi:
မောင်ပေ
September 25, 2012 at 9:33 am
အန်တီမရေ နေ့စဉ်တွေ့ရတဲ့ အပေါင်းအသင်းထဲမှာ ဝက်လက်နယ်သားတစ်ယောက်ပါရင် စိတ်အပန်းပြေရပါတယ်
AKKO
September 25, 2012 at 7:45 pm
ကျွန်တော်မန္တလေးလာဖို့ရှိတယ်ဗျ ၊ ဆယ်လပိုင်း တတိယ အပတ်လောက်မှာ ။
ဘိုးတော်ကြီးကို ပို့သလို ကျွန်တော့ကိုလည်း လိုက်ပြမယ်မို့လား :kwi:
မောင်ပေ
September 25, 2012 at 8:20 pm
ဟဲ့ အေးကိုကိုအို ရဲ ့
သူချည်းပဲလားကွဲ ့
ဟီဟိ
:kwi:
ရဲစည်
September 26, 2012 at 12:52 am
သုဓမ္မာ ဇရပ်တန်းက စောင့်နေကြောင်း….. ဟောင်း..ဟောင်း
ကြောင်ကြီး
September 26, 2012 at 10:14 am
ယောက္ခမ
ကြောက်ရ
သောက်ဂွ
ပေါက်စ
ထောက်ပြ
လျောက်ဖွ
ဂျောက်ကျ
ဂေါက်ထ..။