Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိုင်ငံတော်သမ္မတကြီး၏ ကုလသမဂ္ဂ အထွေထွေညီလာခံမှ မိန့်ခွန်း

lynn lynnSeptember 28, 20121min4149

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ( ၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ( ၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း

နိုင်ငံတော်သမ္မရုံး website မှ ကူးယူပါသည်။


( နယူးယောက်မြို့၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂ရ ရက်) (23:44)

အထွေထွေ ညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား-

အဆွေတော်အား (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သဘာပတိ အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဆားဘီးယား နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ ယနေ့ ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက် ပြုတဲ့ အထွေထွေ ညီလာခံကြီးက စဉ်းစား ဆွေးနွေး ဆောင်ရွက်သွားလျက် ရှိပါတယ်။ အဆွေတော်ရဲ့ ဉာဏ်ပညာကြီးမြင့်မှု၊ အတွေ့အကြုံကြွယ်ဝမှု၊ သံတမန်ရေးရာ လိမ္မာပါးနပ်မှုတို့ကြောင့် ကျွန်တော်တို့ရဲ့ ဒီလိုဆွေးနွေးမှုတွေဟာ မျှော်မှန်းတဲ့ ရလဒ်များ ပေါ်ထွက်လာမယ်လို့ အလေးအနက် ယုံကြည်ပါတယ်။

အလားတူပဲ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးရဲ့ သဘာပတိ အဖြစ် အဆွေတော်ရဲ့ရှေ့က ဆောင်ရွက်ခဲ့တဲ့ မစ္စတာနာဇီး အယ်လ်နာဆာကိုလည်း ပြောင်မြောက်စွာ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ခြင်းအတွက် တန်ဖိုးထား ကျေးဇူးတင် ရှိပါကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေး မူဝါဒရဲ့ အခြေခံ မူကြီးများထဲမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရန် ပြဋ္ဌာန်းထားပါတယ်။ ဒီလို ထိန်းသိမ်းရာမှာ နိုင်ငံများအကြား ပေါ်ပေါက်လေ့ရှိတဲ့ သဘောထား ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အားပေးအားမြှောက်ပြုသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယင်းရပ်တည်ချက် သဘောထားဟာ ယခု အထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့် ပုဂ္ဂိုလ်များအဆင့် ဆွေးနွေးမှုများအတွက် အဆွေတော်မှ အဆိုပြု ချမှတ်ခဲ့တဲ့ ဘာသာရပ် ခေါင်းစဉ်ဖြစ်တဲ့ “နိုင်ငံတကာ အငြင်းပွားမှုများနဲ့ အရေးအခင်းများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ညှိနှိုုင်းသွားရန် သို့မဟုတ် ဖြေရှင်းသွားရန်” ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါတယ်။

သဘာပတိကြီး ခင်ဗျား-

ယခုနှစ် ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Rio+20 အစည်းအဝေး ရလဒ်နှင့် ပတ်သက်ပြီး သဘောထားနဲ့ သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ ယခင် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုနိုင်ခဲ့ခြင်း၊ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖော်ထုတ်လျက် ထောင်စုနှစ် ရည်မှန်းချက်များနှင့် ဆက်စပ်နိုင်ခြင်း၊ ရေရှည် တည်တံ့မည့် စွမ်းအင်ဆိုင်ရာ ကတိကဝတ်များ ရရှိခဲ့ခြင်း၊ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ လုပ်ဆောင်ချက်များကို ညှိနှိုုင်း ဖော်ထုတ်နိုင်မည့် အစီအမံများ ချမှတ်နိုင်ခဲ့ခြင်း စတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အားလုံး အနေနဲ့ ယင်းဆုံးဖြတ်ချက်များပါ ကတိကဝတ်များကို လက်တွေ့ ဆောင်ရွက်ချက်များ အဖြစ် ပြောင်းလဲ ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ နောင်လာမယ့် သားစဉ်မြေးဆက်များအတွက် ဘေးကင်းပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိနိုင်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုကို လက်ဆင့်ကမ်း နိုင်မှာ ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား-

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ တည်ထောင်စဉ် ကတည်းက ထားရှိခဲ့တဲ့ အခြေခံမူများကို ဖေါ်ဆောင်ရာမှာ တက်ကြွတဲ့ ခြေလှမ်းများနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဒီညီလာခံကြီးမှာ ပါဝင် တက်ရောက်လာခြင်း ဖြစ်ပါတယ်။

ယနေ့ အချိန်မှာ ကမ္ဘာကြီးမှာ အခွင့်အလမ်းသစ်တွေ ပေါ်ပေါက် နေသလို စိမ်ခေါ်မှု များနှင့်လည်း ကြုံတွေ့နေရပါတယ်၊ မြို့ပြ တည်ဆောက်မှုတွေ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှုတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သမိုင်းတင်လောက်တဲ့ နှုန်းထားနဲ့ ဖြစ်ပေါ်တိုးတက်နေပါတယ်။ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုဟာလည်း ကမ္ဘာမြေကို ပိုမိုသေးငယ် စေယောင် ထင်ရပါတယ်။ တချိန်တည်းမှာဆိုသလို သဘာဝ ပတ်ဝန်းကျင်ဟာလည်း မကြုံဘူးတဲ့ ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ခြုံငုံပြီး ပြောရရင် ကမ္ဘာကြီးဟာ ယခင်ကာလများမှာ မရှိခဲ့တဲ့နှုန်းနဲ့ ပိုမိုလျင်မြန်စွာ ပြောင်းလဲလျက် ရှိနေပါတယ်။

ယခု ကျင်းပတဲ့ ညီလာခံကြီးမှာ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုး တိုးတက်ရေး လျာထားချက်များ ဖော်ထုတ်ရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ ကိစ္စရပ်များကို အလေးထား ဆွေးနွေး ဆောင်ရွက်ခြင်းဟာ အချိန်အခါနဲ့ သင့်မြတ် လျော်ကန်မှုရှိကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီး ခင်ဗျား-

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက် အောင်မြင်မှုအချို့ ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို မျှဝေပြောကြားလိုပါတယ်။

ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်း ကောင်းတွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှု အသစ်တွေနဲ့လည်း ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံ ပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင်ခဲ့ကြ ပါတယ်။ ကျွန်တော်အနေနဲ့ ယခုလို သမိုင်းဝင် အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များ ထမ်းရွက်ပေးနေရခြင်းကိုလည်း များစွာ ဂုဏ်ယူမိပါတယ်။

ကျွန်တော်တို့ အစိုးရသစ် အနေနဲ့ လွန်ခဲ့တဲ့ (၁)နှစ်ခွဲခန့်က စတင် တာဝန်ယူခဲ့တဲ့အချိန်မှ စပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနဲ့အတူ တက်ညီလက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။ ယခင်က အာဏာ(၃) ရပ် ကို တစ်ပေါင်းတည်းကျင့်သုံးခဲ့တဲ့ အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီ နည်းလမ်းကျပြီး အပြန်အလှန် ထိန်းကြောင်းမှု စနစ်တွေ ပါတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဖော်ဆောင် နိုင်ခဲ့ပါတယ်။

စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ပြည်ပမှာ ရောက်နေတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည် ဝင်ရောက်ခွင့် ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အထူး သန့်သန့်ရှင်းရှင်း အောင်မြင်စွာ ကျင်းပပေးနိုင်ခြင်း၊ စတုတ္ထ မဏ္ဍိုင်လို့ ခေါ်ဆိုရမယ့် သတင်းမီဒီယာအတွက် ကန့်သတ်ထားတဲ့ စာပေ စိစစ်ရေးကို ပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ အသုံးပြု ခွင့်ပေးခြင်း၊ အလုပ်သမားနှင့် အလုပ်ရှင်အသင်းအဖွဲ့များ ဖွဲ့စည်း တည်ထောင်ခွင့်နှင့် ပြည်သူများ နိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်းစတဲ့ ဆောင်ရွက်ချက်များကို ဖော်ဆောင် နိုင်ခဲ့ပါတယ်။

လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုလျှင် မတူညီသော နိုင်ငံရေးအင်အားစုများ ပိုမို ပါဝင်လာပြီး ယင်းတို့အကြား စိတ်ရှည် သည်းခံနိုင်စွမ်း၊ သဘောထားကြီးနိုင်စွမ်း မြင့်မားလာမှု နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နိုင်သည့် နယ်ပယ် ချဲ့ထွင်နိုင်မှု၊ ပြည်သူလူထု အများစုကို တိုးမြှင့်ကိုယ်စားပြုနိုင်မှု၊ တာဝန်ခံမှု ပိုမိုမြင့်မားလာမှုစတဲ့ ဒီမိုကရေစီရဲ့ အခြေခံ လက္ခာဏာများ ပိုမိုပေါ်ထွန်း လာနေပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေး သည်းခံမှု ရှိရှိဖြင့် မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို စတင် ပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား-

ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော် ကော်မတီ၏ ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန် ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက် ဂုဏ်ယူပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေး ဂုဏ်သရေကို မြှင့်တင်ခြင်း ဖြစ်ပါတယ်။ ဒီလို မြှင့်တင်နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်နိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။

သဘာပတိကြီးခင်ဗျား-

ဥပဒေပြုရေး မဏ္ဍိုင်ကိုကြည့်လျှင်လည်း လွှတ်တော် အစည်းအဝေးများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ထိရောက်စွာ ဆောင်ရွက်လာနိုင်ပြီး၊ အရေးကြီးတဲ့ ဥပဒေများကို ဒီမိုကရေစီ နည်းကျကျ အတည်ပြု ပြဋ္ဌာန်းလာနိုင်ပြီ ဖြစ်ပါတယ်။

ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုစနစ် တစ်ရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသားအကျိုးစီးပွားနှင့် ကိုက်ညီစေရန်၊ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရန်၊ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး တွေနဲ့အညီ ရရှိစေရန်တို့အတွက် လိုအပ်တဲ့ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းလျက် အကာအကွယ်ပေး ဆောင်ရွက်လျက် ရှိနေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ကဲ့သို့သော သဘာဝ သယံဇာတတွေ ထုတ်ယူ သုံးစွဲတဲ့ ကဏ္ဍမှာ ပွင့်လင်းမြင်သာပြီး ဘက်လိုက်မှုကင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်အောင် ဆောင်ရွက်နေပါတယ်။

သဘာပတိကြီးခင်ဗျား-

စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများအားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တစ်ရပ်ရရှိဖို့ကိုလည်း ကျွန်တော်တို့ အလေးထား ဆောင်ရွက် နေပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ (From War To Peace) ဆိုတဲ့ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်း ဆောင်ရွက် နေပါတယ်။ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက် အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက် ဆွေးနွေးပွဲတွေကို ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝ အဆုံးသတ်စေမည့် အပြီးသတ် သဘောတူညီမှု ရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင်များနဲ့ ကချင် တိုင်းရင်းသား လက်နက်ကိုင် တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့် မည်သည်ဘက်က ဖြစ်စေ အသက်နှင့် အိုးအိမ် ပစ္စည်း ဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်။

သဘာပတိကြီးခင်ဗျား-

အထက်မှာ ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေကို မမှိတ်မသုံ လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲ အချို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနှင့် စပ်လျဉ်းလို့ ပထမဆုံး ပြောလိုတဲ့ အချက်ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မခွဲဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက် ပေးထားတဲ့ လွတ်လပ်သော အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ကဏ္ဍ နယ်ပယ်အသီးသီးနဲ့ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားသည့် ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဤကော်မရှင်အနေနဲ့ ကျွန်တော်ဆီကို တင်ပြလာမှာ ဖြစ်ပါတယ်။

ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ စပ်လျဉ်းလို့ ထင်သာမြင်သာ ရှိစေရန်နဲ့ မိမိတို့ အနေနဲ့ အလေးထား ဆောင်ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (OIC) ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ နိုင်ငံတကာ သံတမန်များစတဲ့ ကိုယ်စားလှယ်အဖွဲ့များကို ရခိုင်ပြည်နယ်ကို မျက်မြင်ကိုယ်တွေ့ သွားရောက် လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း ၎င်းတို့အနေနဲ့ အသိုက်အဝန်း နှစ်ခုစလုံးကို ခွဲခြားမှု မရှိဘဲ အကူအညီ ပေးအပ်မည် ဆိုပါက ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။

ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ မိမိတို့ အစိုးရ အနေနဲ့ ရေတိုရေရှည် စီမံချက်များ ချမှတ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံက ချဉ်းကပ် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ မိမိနယ်စပ်မျဉ်းတွေ လုံခြုံဖို့ ဆောင်ရွက်ခွင့်၊ နိုင်ငံ အချုပ်အခြာ အာဏာကို ကာကွယ်ပိုင်ခွင့်နှင့် ကာကွယ်နိုင်ခွင့် ရှိတယ်လို့လည်း ကျွန်တော်တို့ အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင့်ထုံးများနှင့် ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အလွန် နက်နဲခက်ခဲပြီး စိတ်ရှည်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော် ကောင်းစွာ သတိပြုမိပါတယ်။ တစ်ချိန်တည်း မှာပဲ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံး အနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည် ထောက်ခံမှုနဲ့ အကူအညီများ ပေးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်း အသစ်တွေနဲ့ ရှုမြင် ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမိုလုပ်သာကိုင်သာ ရှိတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဝိုင်းဝန်းဖန်တီး ပေးဖို့လည်း လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြင်ပ အကူအညီများအပေါ် သက်သက်အပေါ် မှီခို ရပ်တည်ခြင်းထက် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။

သဘာပတိကြီးခင်ဗျား-

မြန်မာနိုင်ငံဟာ ယခုဆိုရင် ခေတ်သစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ မိသားစုဝင် နိုင်ငံအဖြစ် ကဏ္ဍပေါင်းစုံမှာ ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ ပါဝင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သရေရှိတဲ့ နိုင်ငံတစ်ခု အဖြစ် ရပ်တည်ရင်း ၂၁ ရာစုရဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်း သွားမယ် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီး ခင်ဗျား-

လက်ရှိ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေနဲ့ ဒုတိယအကြိမ် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ရွေးချယ်ခြင်း ခံရသည့် အပြင် ၎င်း၏ အောင်မြင်သည့် လုပ်ဆောင်မှုများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။

သဘာပတိကြီးခင်ဗျား-

ကျွန်တော်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်းအရာ တစ်ရပ်ကို ပြောကြားခွင့်ပြု စေလိုပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ သားကောင်း ဦးသန့် အကြောင်းပဲ ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ အဲဒီတုန်းကပဲ “တစ်ခုတည်းသော ကမ္ဘာ” (One World) ဟူသောအမြင် ကြိုတင်ရှိထားပြီး ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ပြီး မတူကွဲပြား ခြားနားမှုများ ရှိနေသော်လည်း လုံခြုံ ဘေးကင်းတဲ့ ကမ္ဘာကြီးအဖြစ် မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ပြည်သူအားလုံးဟာ ကိုယ်ချင်းစာ တရား၊ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှု တို့ကို လိုက်နာ ကျင့်သုံး နိုင်ကြမယ်လို့လည်း ဦးတည် မျှော်မှန်းထားပါတယ်။ အမြော်အမြင်အရ လိုက်နာ ကျင့်သုံး နိုင်မယ်ဆိုရင် ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီး အဖြစ်သို့ ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ကျွန်တော့ အနေနဲ့ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘဲ၊ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

9 comments

  • အိမ်လွမ်းသူ

    September 28, 2012 at 10:26 am

    Bravo ! Mr. President ! if you do your best with genuine conscience, we believed that you can bring the hope of all of our country man and woman in near future !

  • kyeemite

    September 28, 2012 at 11:02 am

    သဘာပတိကြီးခင်ဗျား-

    ယခင်က နိုင်ငံရေး အဓိက အတိုက်အခံ အင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် သာမက ယခုအခါမှာ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ လွှတ်တော် ကော်မတီ၏ ဥက္ကဋ္ဌ အနေနဲ့ လွှတ်တော် စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန် ပြည်ထောင်စုမှာ ဂုဏ်ပြုခံနေရတာတွေ ကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက် ဂုဏ်ယူပါတယ်။

    သမ္မတကြီးကို ပိုပြီးလေးစားယုံကြည်မိပါတယ်….ပြည်သူတရပ်လုံးအားထားတဲ့ လူထုခေါင်းဆောင်ကို
    နိုင်ငံတကာ ရှေ့မှောက်မှာ အလေးထားပြီး ဂုဏ်ယူစွာထုတ်ဖေါ်ပြောကြားတဲ့ အတွက် အံ့ဩဝမ်းမြောက်
    မိပါတယ်…

  • ရွှေ ကြည်

    September 28, 2012 at 12:02 pm

    သမ္မတကြီးရဲ့မိန့်ခွန်းကိုဖတ်ရှုသွားပါကြောင်း..။
    ခုလိုရွာသူားတွေအတွက် ကူးယူဖော်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါကြောင်း..။ 😆

  • R Ga

    September 28, 2012 at 4:14 pm

    ဒါကတော့ နိုင်ငံတော် သမ္မတရုံး…က ညွှန်မှူးရဲ့ ဖေ့ဘွက်မှာ မန့်ထားတာတွေကိုရေးထားတာပါ့။
    ရင်ကို လာမှန်သော မှတ်ချက်များ

    ယမန်နေ့က နိုင်ငံတော်သမ္မတကြီး၏ UN Speech ကို ကြည့်ပြီး ကျွန်တော့် ဝေါလ်တွင် ပေးထားသော မှတ်ချက်များမှ အချို့ကို ထုတ်နှုတ် တင်ပြရခြင်း ဖြစ်ပါသည်။

    Tin Minhtwe ကျွန်တော်အနေနဲ့ကျန်တာတွေမပြောနိုင်တော့ဘူးဗျာ။ကျွန်တော်ရိုးသားစွာပြောတာပါကျွန်တော်အပါဝင်ကျွန်တော်မိသားစုတစ်စုလုံးအမည်မဖေါ်နိုင်တဲ့စိတ်ခံစားမူ့ကြောင့်မျက်ရည်ကျရပါတယ်၊ကျွန်တော်ဘကြီးအသက်၆ရဆိုရင်မျက်ရည်ကျပြီးလက်ခုက်တီးနေ
    တာကျွန်တော်လည်းမျက်ရည်ကြားကအံ့ဩမိခဲ့ရပါတယ်။တမတကြီးအမေစုအန်တရာယ်ကင်းစွာနဲ့ကျွန်တော်တို့မြန်မာပြည်ကြီးကိုရည်မှန်ချက်အတိုင်းဆွဲတင်နိုင်ကြပါစေ။(ကျွန်တော်တို့သည်NLDလည်းမသိဘူးကြံ့ခိုင်ရေးလည်းမသိဘူးကိုယ်ကျိုးမကြည့်ပဲပြည်သူအတွက်ကောင်းတဲ့လူဆိုရင်ကျွန်တော်တို့ခေါင်းဆောင်ပဲ
    13 hours ago via mobile

    Thit Thit Myint Saing သမ္မတကြီး .. မိန့်ခွန်း .. ကြောင့် ..
    ဘာပြောရမှန်းမသိအောင် ..
    ခံစားချက်တွေများစွာ နဲ့ .. ကျမ ..
    TV ကနေ လွှင့်လိုုက်တဲ့ သီချင်းကြောင့်
    ကျမ မျက်ရည် ကျ ရပါတယ် ..
    အဆိုုတော်တွေ ပေါင်းစုုပြီး ဆိုုထားတဲ့
    copy သီချင်းတပုုဒ် ပါ ..
    http://www.youtube.com/watch?v=LIo3ulcVSOc
    အဲဒီ မှာ ..
    စာသားလေး က
    ” မြန်မာပြည်ဟာ တနေ့မှာ ကမ္ဘာအလည်မှာ ဝင့်ဝါ ဂုုဏ်အရှိန်အဝါ တင့်မယ်လေ ” တဲ့ ..

    အဲဒီသီချင်း ကိုု ကြားပြီးတဲ့ သကာလ ..

    ကျမ ကြည်နူးမှု နဲ့မျက်ရည်ကျရပါတယ် ..
    ကျမ တိုု့ ရဲ့ .. အနာဂတ် မဝေးတော့ဘူးထင်ပါရဲ့ ..
    11 hours ago ·

    Lu Mhar သမ္မတကြီးရဲ.မိန်.ခွန်းမှာ ဒီမိုကရေစီရေးဆောင်ရွက်မှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် အားဆုချီးမြှင့်ခြင်းကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ.ဂုဏ်ယူမိပါကြောင်းလည်းပြောလိုက်ရော ကြက်သီးမွေးညှင်းထပြီး မျက်ရည်တောင်လည်မိပါတယ်။ မြန်မာပြည်သူပြည်သားများကလည်း မြန်မာသမ္မတ တဦးက UN မှာ အခုလိုပြောဆိုခွင့်ရနေတာကို ဝမ်းသာဂုဏ်ယူမိကြောင်းပါခင်ဗျာ။
    56 minutes ago

    Soe Min Lu Mhar ပြောတာနဲ့ ကျနော်ပြောချင်တာ အတူတူပဲ။ အဲဒီအတိုင်းပဲ ခံစားရပါတယ်။ ကျနော့်အမေနဲ့ ဇနီးလဲ ဒီလိုပဲ ခံစားရပါတယ်။ ကျေးဇူးပါ။
    37 minutes ago

    Tk Tuang ကမ္ဘာမှာ မြန်မာဆိုတာ ဂုဏ်မငယ်တော့ပါဘူး ဒီနေ့အနောက် နိုင်ငံမှာရောက်နေတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ရဲ့ ခေတ်သစ်ဖခင်ကြီး နှင့် မိခင်ကြီးရဲ့ ခြေလှမ်းတွေက်ိုကြည့်ပြီး ကြည်နူးရင်း သူတို့နှစ်ဦးပြန်လာချိန်ကို မျှော်လျက်မောလှပါပြီ
    10 hours ago

    Ko Hein အဖေရော အမေ ရော ကျန်းမာပါစေဗျာ……….ဒို့တိုင်းပြည်က မိစုံဖစုံရှိတယ်ကွ……တက်ညီလက်ညီနဲ့ တက်လှမ်းလိုက်လို့က တော့ တွေးရင်းကြက်သီးတောင်ထတယ်…..အောင်မြင်ပါစေ မြန်မာပြည်………
    17 hours ago

  • R Ga

    September 28, 2012 at 4:15 pm

    Your comment is awaiting moderation.

    ဒါကတော့ နိုင်ငံတော် သမ္မတရုံး…က ညွှန်မှူးရဲ့ ဖေ့ဘွက်မှာ မန့်ထားတာတွေကိုရေးထားတာပါ့။
    ရင်ကို လာမှန်သော မှတ်ချက်များ

    ယမန်နေ့က နိုင်ငံတော်သမ္မတကြီး၏ UN Speech ကို ကြည့်ပြီး ကျွန်တော့် ဝေါလ်တွင် ပေးထားသော မှတ်ချက်များမှ အချို့ကို ထုတ်နှုတ် တင်ပြရခြင်း ဖြစ်ပါသည်။

    Tin Minhtwe ကျွန်တော်အနေနဲ့ကျန်တာတွေမပြောနိုင်တော့ဘူးဗျာ။ကျွန်တော်ရိုးသားစွာပြောတာပါကျွန်တော်အပါဝင်ကျွန်တော်မိသားစုတစ်စုလုံးအမည်မဖေါ်နိုင်တဲ့စိတ်ခံစားမူ့ကြောင့်မျက်ရည်ကျရပါတယ်၊ကျွန်တော်ဘကြီးအသက်၆ရဆိုရင်မျက်ရည်ကျပြီးလက်ခုက်တီးနေ
    တာကျွန်တော်လည်းမျက်ရည်ကြားကအံ့ဩမိခဲ့ရပါတယ်။တမတကြီးအမေစုအန်တရာယ်ကင်းစွာနဲ့ကျွန်တော်တို့မြန်မာပြည်ကြီးကိုရည်မှန်ချက်အတိုင်းဆွဲတင်နိုင်ကြပါစေ။(ကျွန်တော်တို့သည်NLDလည်းမသိဘူးကြံ့ခိုင်ရေးလည်းမသိဘူးကိုယ်ကျိုးမကြည့်ပဲပြည်သူအတွက်ကောင်းတဲ့လူဆိုရင်ကျွန်တော်တို့ခေါင်းဆောင်ပဲ
    13 hours ago via mobile

    Thit Thit Myint Saing သမ္မတကြီး .. မိန့်ခွန်း .. ကြောင့် ..
    ဘာပြောရမှန်းမသိအောင် ..
    ခံစားချက်တွေများစွာ နဲ့ .. ကျမ ..
    TV ကနေ လွှင့်လိုုက်တဲ့ သီချင်းကြောင့်
    ကျမ မျက်ရည် ကျ ရပါတယ် ..
    အဆိုုတော်တွေ ပေါင်းစုုပြီး ဆိုုထားတဲ့
    copy သီချင်းတပုုဒ် ပါ ..
    http://www.youtube.com/watch?v=LIo3ulcVSOc
    အဲဒီ မှာ ..
    စာသားလေး က
    ” မြန်မာပြည်ဟာ တနေ့မှာ ကမ္ဘာအလည်မှာ ဝင့်ဝါ ဂုုဏ်အရှိန်အဝါ တင့်မယ်လေ ” တဲ့ ..

    အဲဒီသီချင်း ကိုု ကြားပြီးတဲ့ သကာလ ..

    ကျမ ကြည်နူးမှု နဲ့မျက်ရည်ကျရပါတယ် ..
    ကျမ တိုု့ ရဲ့ .. အနာဂတ် မဝေးတော့ဘူးထင်ပါရဲ့ ..
    11 hours ago ·

    Lu Mhar သမ္မတကြီးရဲ.မိန်.ခွန်းမှာ ဒီမိုကရေစီရေးဆောင်ရွက်မှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် အားဆုချီးမြှင့်ခြင်းကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ.ဂုဏ်ယူမိပါကြောင်းလည်းပြောလိုက်ရော ကြက်သီးမွေးညှင်းထပြီး မျက်ရည်တောင်လည်မိပါတယ်။ မြန်မာပြည်သူပြည်သားများကလည်း မြန်မာသမ္မတ တဦးက UN မှာ အခုလိုပြောဆိုခွင့်ရနေတာကို ဝမ်းသာဂုဏ်ယူမိကြောင်းပါခင်ဗျာ။
    56 minutes ago

    Soe Min Lu Mhar ပြောတာနဲ့ ကျနော်ပြောချင်တာ အတူတူပဲ။ အဲဒီအတိုင်းပဲ ခံစားရပါတယ်။ ကျနော့်အမေနဲ့ ဇနီးလဲ ဒီလိုပဲ ခံစားရပါတယ်။ ကျေးဇူးပါ။
    37 minutes ago

    Tk Tuang ကမ္ဘာမှာ မြန်မာဆိုတာ ဂုဏ်မငယ်တော့ပါဘူး ဒီနေ့အနောက် နိုင်ငံမှာရောက်နေတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ရဲ့ ခေတ်သစ်ဖခင်ကြီး နှင့် မိခင်ကြီးရဲ့ ခြေလှမ်းတွေက်ိုကြည့်ပြီး ကြည်နူးရင်း သူတို့နှစ်ဦးပြန်လာချိန်ကို မျှော်လျက်မောလှပါပြီ
    10 hours ago

    Ko Hein အဖေရော အမေ ရော ကျန်းမာပါစေဗျာ……….ဒို့တိုင်းပြည်က မိစုံဖစုံရှိတယ်ကွ……တက်ညီလက်ညီနဲ့ တက်လှမ်းလိုက်လို့က တော့ တွေးရင်းကြက်သီးတောင်ထတယ်…..အောင်မြင်ပါစေ မြန်မာပြည်………
    17 hours ago

    အပေါ်က ကလိလိုက်တာ လက်လွန်သွားတယ်။ဆော်တီး

  • Mobile

    September 28, 2012 at 10:18 pm

    အမြင်မှန်လေးတွေရလာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ
    ကြိုဆိုပါကြောင်း နှင့် ဒီထက်ပို၍ကြိုးစားဖို့လိုကြောင်း

  • maungmoenyo

    September 29, 2012 at 10:03 am

    သိက္ခာသမာဓိရှိသူတွေ နှုတ်ကထွက်တဲ့စကား….။
    “ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့ သားကောင်း ဦးသန့် အကြောင်းပဲ ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ အဲဒီတုန်းကပဲ “တစ်ခုတည်းသော ကမ္ဘာ” (One World) ဟူသောအမြင် ကြိုတင်ရှိထားပြီး ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ပြီး မတူကွဲပြား ခြားနားမှုများ ရှိနေသော်လည်း လုံခြုံ ဘေးကင်းတဲ့ ကမ္ဘာကြီးအဖြစ် မျှော်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ပြည်သူအားလုံးဟာ ကိုယ်ချင်းစာ တရား၊ နားလည်မှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှု တို့ကို လိုက်နာ ကျင့်သုံး နိုင်ကြမယ်လို့လည်း ဦးတည် မျှော်မှန်းထားပါတယ်။ အမြော်အမြင်အရ လိုက်နာ ကျင့်သုံး နိုင်မယ်ဆိုရင် ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီး အဖြစ်သို့ ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။
    ကျွန်တော့ အနေနဲ့ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘဲ၊ အစဉ်ထာဝရ ချီးကျူး ဂုဏ်ယူနေမည် ဖြစ်ပါကြောင်း”
    သခင်နုလက်ထက်ကစပြီး၊ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ တို့လက်ထက်အထိ ဦးသန့် လို့ဆိုလိုက်ရင် တီကိုဆားတို့လိုက်သလို မနာလိုဝန်တိုစကားနဲ့သမိုင်းတွင်ကြသူတွေလွှမ်းမိုးခဲ့တဲ့ အမှောင်ခေတ်ကနေ ဒီလိုအမှန်ကိုပြောရဲ သမိုင်းကိုသင်ပုန်းချေရဲသူ ပုဂ္ဂိုလ်ထူးတယောက်ပေါ်ပေါက်လာလို့…။ ခေတ်ပြောင်းပြီဟေ့လို့..လက်ခမောင်းခတ်ရင်းမျက်ရေများလည်မိ ဝမ်းသားအားရဖြစ်မိရပါတယ်။

  • ကြောင်ကြီး

    September 29, 2012 at 9:33 pm

    သမဒဂျီး၏ဘောကြီးအားမ လိုသည်မှာ ရွှေထုပ်သည်မြပုဝါနှယ် တုနှိုင်းလိုပါသည်ဟု ဂေဇက်ရွာသဂျီး မစ္စတာဘိုလမ်းနီးကိုယ်စား ဂုံယူဝံ့ကြွားစွာ လက်ခမောင်းခတ်ပြောကြားပါသည်။ :bar:

    • မောင်ပေ

      September 29, 2012 at 9:53 pm

      ပလုတ်တုတ်
      ကျုပ်တို ့သဂျီးက ဘယ်လိုလုပ်ပြီး ဘိုလမ်းနီး ဖြစ်သွားရသနည်း
      :kwi:

Leave a Reply