lynn lynnOctober 1, 20121min30116
ရွာသူ/သားများတက်ရောက်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။ ခေတ်လူငယ်ဆိုဒ်မှ ကူးယူသတင်းပေးပါသည်။ စာရေးနည်းအခြေခံလမ်းညွှန်သင်တန်းကို မြန်မာနိုင်ငံစာရေးဆရာအသင်း ဟောပြောဆွေးနွေး လေ့လာရေး ကော်မတီက နိုဝင်ဘာာ ၆ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ တစ်လကြာ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် စာရေးဆရာများ ဖြစ်ကြသော လယ်တွင်းသား စောချစ်၊ မောင်ခင်မင်(ဓနုဖြူ)၊ ချစ်ဦးညို၊ ခင်မောင်ထွန်း(လမ်းမတော်)၊မနုဿကျော်ဝင်း၊ မြင်းမူမောင်နိုင်မိုး၊ မောင်ဟေမာ၊ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)၊ မောင်စိမ်းနောင်(လယ်ဝေး)၊ မောင်ခိုင်ခန့်၊ မစန္ဒာ၊ ကြူကြူသင်း၊ မနှင်းဖွေး၊ မမိုးမြေ၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ နွမ်းဂျာသိုင်း၊ ချစ်စံဝင်း၊ ချစ်နိုင်(စိတ်ပညာ) တို့နှင့် အခြားစာရေးဆရာများက ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းကို မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ ၁၆ နှစ်ပြည့်ပြီးသူ မည်သူမဆို တက်ရောက်နိုင်ပြီး အပတ်စဉ် […]


lynn lynnSeptember 28, 20121min1919
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ( ၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ( ၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း နိုင်ငံတော်သမ္မရုံး website မှ ကူးယူပါသည်။ ( နယူးယောက်မြို့၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၂ရ ရက်) (23:44) အထွေထွေ ညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား- အဆွေတော်အား (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး သဘာပတိ အဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း […]


lynn lynnAugust 28, 20121min27919
မိုဘိုင်းဖုန်း၏ တည်နေရာအား ရှာဖွေသိရှိနိုင်ခြင်းနှင့် စွယ်စုံသုံးလမ်းညွှန် ပါဝင်သည့် ဆော့ဖ်ဝဲလ်အခမဲ့ဖြန့်ချိ မိုဘိုင်းဖုန်းတစ်လုံး၏ တည်နေရာအား ရှာဖွေသိရှိနိုင်သည့် Phone Finder နှင့် စွယ်စုံသုံးလမ်းညွှန် (Multi-Directories) ပါဝင်သည့် GOthere Myanmar မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အား Giga Gates Co.,LTD မှ အခမဲ့ ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နေ့စဉ်အသုံးဝင်သည့် လမ်းညွှန်များ၊ တည်နေရာ အချက်အလက်များ၊ ဖတ်ရှုသင့်သော သတင်းများနှင့် ဖုန်းတစ်လုံး၏ တည်နေရာကို ရှာဖွေသိရှိနိုင်သည့် ဆော့ဖ်ဝဲလ်ဖြစ်ပြီး Android OS စနစ်သုံး မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ” Android OS 2.2 နဲ့အထက်မှာ သုံးလို့ရပါတယ်။ Version အနေနဲ့ Beta 1.0 ပေးထားပါတယ်။ မကြာခင် နီးစပ်ရာ နေရာတိုင်းမှာ အခမဲ့ […]


lynn lynnAugust 13, 20121min21013
‘သား ထတော့လေ..6နာရီခွဲနေပြီ။ ကျောင်းသွားရမယ်လေ။’ ‘ဟာ..အမေကလည်း ဒီမှာအိပ်လို့ကောင်းလို့နေတာ။’ ‘နောက်ထပ် ဆယ်မိနစ်လောက်ပဲ။’ ‘ထတော့လို့ပြောနေတယ်လေ။’ ‘ဒီကလေးနဲ့ ခက်ပါတယ်. ကျောင်းကားမမှီဘဲနေမယ်ထ’ အမေက အတင်းနိုးနေတယ်။ ဒီမှာ မျက်လုံးက ဖွင့်မရဘူးဖြစ်နေတယ်။ မျက်လုံးမှိတ်လျက်သား ကုတင်ပေါ်မှ ဒယိုင်းဒယိုင်ဆင်းပြီး အဝတ်ဆွဲချွတ်၊ ကုတင်ပေါ်ပစ်တင်၊ အမေအသင့်ထည့်ထားတဲ့ သွားတိုက်တံယူပြီး ရေချိုးခန်းထဲ ဆင်းလာမိတယ်။ အမေကလည်း အစောကြီးဘာလို့ နိုးတာလဲ အိပ်ရေးပျက်လိုက်တာ စိတ်ထဲကပြောနေမိတယ်။ ရေချိုးပြီး အပေါ်ရောက်တော့ နာရီကြည့်လိုက်တော့ ဟာ.သွားပြီ (7)နာရီထိုးတော့မယ်။ မြန်မြန်လုပ်မှ။ အမေအဆင်သင့်လုပ်ပေးထားတဲ့ မုန့်နဲ့ ကော်ဖီသောက်ပြီး အိမ်က အမြန်ထွက်လာခဲ့တယ်။ ကျောင်းကားက 7း15 ထွက်မှာ အမြန်သွားမှ။ မှီမှ ဖြစ်မယ်။ အခုမှ သတိရတယ် လွယ်အိတ်ထဲမှာ ဒီနေ့သင်မယ့် ဘာသာပါရဲ့လားမသိဘူး။ ထားလိုက်ပါတော့ အရေးမကြီးပါဘူးလေ။ တော်သေးတယ် […]


lynn lynnAugust 9, 20121min35724
တစ်နေ့မှာ…… တိမ်ပြာHotel ရဲ့ စားသောက်ခန်းထဲကို ဧည့်သည်နှစ်ယောက်ဝင်လာတယ်…တံခါးဖွင့်သံကြားတော့ အဖြူရောင်အိကျင်္ ီပေါ်မှာ နက်ပြာရောင်ကုတ် နက်ပြာရောင်စကပ်တိုဒူးဖုံးနဲ့ စားပွဲထိုးမိန်းကလေးလှမ်းကြည့်လိုက်တယ် “မင်္ဂလာပါ … ” စားပွဲထိုးမိန်းကလေးချိုမြတဲ့ နှုတ်ဆက်သံနှင့်အတူ ရိုသေစွာခါးကိုင်းလိုက်တယ် … ဝင်လာတဲ့ဧည့်သည်တွေက ကျားမ တစ်တွဲဖြစ်တယ် အသက် ၄ဝ အရွယ်လောက်ရှိကြမယ် … ဝတ်ထားတာသန့်သန့်ပြန့်ပြန့်ပဲ… မိန်းမကြီးကတော့ ဘာမှမပါဘူး ရှေ့ကဝင်လာတယ်၊ ယောက်ျားကြီးကတော့ ခရီးဆောင်အိပ်အနီကြီးကို ဘီးလိမ့်လို့ဆွဲလာတယ် … အလည်အပတ် ခရီးထွက်လာတဲ့ လင်မယားဖြစ်ဖို့များတယ်… စားပွဲထိုးမိန်းကလေး ဦးဆောင်ပြီး စားပွဲတစ်ခုမှာနေရာပေးလိုက်တယ် … Hotel က 5 star hotel ဖြစ်လို့ စားပွဲကြီးတွေက ကျွန်းစားပွဲဝိုင်းကြီးတွေ အိမ်တွင်း အလှဆင်ထားတဲ့ မီးဆိုင်းတွေနဲ့ hotel ရဲ့စားသောက်ခန်းဟာ ခန်းနားလှပနေတယ် … ထိုင်ခုံမှာ […]


lynn lynnJuly 31, 20121min33723
ဟင်း ဒီနေ့ ဇူလိုင် (31)ရက် လစာထုတ်ရက်ရောက်ပြီ။ လစာထုတ်ရက်ကို မပျော်နိုင်တာကြာနေပြီ။  နောက်လဆို ကုမ္ပဏီကိုရောက်တာ 4နှစ်တင်းတင်းပြည့်ပြီလေ။ 4နှစ်အတွင်းမှာ ကုမ္ပဏီအပေါ်သံဃောဇဉ်တွေ တော်တော်များခဲ့ပြီ။ အလုပ်ခွင်က သူငယ်ချင်းတွေ၊ လူကြီးအပေါ်လည်း သံယောဇဉ်တွေ တိုးခဲ့ပြီ။ ကိုယ်တန်ဖိုးထားတဲ့အလုပ်လေးကို လုပ်ရင်းအလုပ်ခွင်မှာပျော်နေခဲ့တာ။                     ဒါပေသိ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ မတွေ့ရဲဘူးဖြစ်နေတယ်။ သူငယ်ချင်းတွေက မေးလာမယ့်မေးခွန်းတွေ အတွက်အဖြေမဲ့ခဲ့တာကြာပြီ။ သူတို့ရဲ့ အားမလို၊ အားမရပြောတဲ့ စကားသံတွေ၊ ဂရုဏာနဲ့ ပြောတဲ့အသံတွေကို မကြားရဲခဲ့။ ဩာ်…လစာ၊ လစာ ဘယ်တော့များမှ တက်မလာမလဲ မျှော်လင့်ချက်တဲ့ စောင့်နေခဲ့တာကြာပြီ။ အသံလေးကြားလိုက် ပျောက်သွားလိုက်နဲ့ အကုန်လုံးက မျှော်လင့်နေခဲ့တယ်။ မျှော်ရင်းလင့်ခဲ့တာ တစ်လလည်းမဟုတ် နှစ်လလည်းမဟုတ် နှစ်နဲ့ချီနေပြီ။ လကုန်ရက်မှာ ပေးရမယ့်အခန်းခ၊ ဘေနဲ့စားထားတဲ့ ထမင်းဖိုး၊ တစ်လစာ ခရီးစရိတ် […]


lynn lynnJuly 18, 20121min52635
စာလည်း အရေးအသားကောင်း အရမ်းလည်း ချစ်ဖို့ကောင်းတဲ့ မနောရဲ့ 20.7.2012 မှာ ကျရောက်မယ့် မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်နိုင်ပါစေ။ စာတွေအများကြီးဖတ်တဲ့ အမအတွက် စာအုပ်တွေ ထားဖို့ စာအုပ်စင်လေး လက်ဆောင်ပေးလိုက်ပါတယ်။


lynn lynnJuly 18, 20121min18511
ဗိုလ်ချုပ်အောင်ဆန်းသီချင်း (မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)²။ ငါတို့မြန်မာပြည်မယ်၊ မိဘတိုင်းကကွယ်၊ ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်။ ငါတို့မြန်မာပြည်မယ်၊ မိဘတိုင်းကရယ်၊ အာဇာနည်အစစ်တွေကို ရှိဖို့မွေးရမယ်။ ဪ…ဘုရင့်နောင်နဲ့ ရာဇာဓိရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ်၊ အလောင်းဘုရားတို့လိုကွယ်၊ မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေးရဲ့ မကြောက်တမ်း၊ မရွံ့တမ်း မြန်မာတွေအောင်ပန်းဆွတ်ကြရှာလေတယ်။ သံပြိုင်။ (ရာဇဝင် အတ္ထုပ္ပတ္တိလဲရှိရမယ်၊ မော်ကွန်းလဲထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်)²။ တိုင်းပြည်အကျိုးစွန့်ခဲ့တယ် များဇာနည်နွယ်၊ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ်၊ တို့မြန်မာ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။ အာရှနိုင်ငံထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ မြန်မာပြည်လက်ရုံး၊ ကမ္ဘာ့နိုင်ငံလုံး ထင်ပေါ်စေတယ်၊ စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊ ငါတို့လူမျိုး တန်ခိုးရှိဖို့ […]


lynn lynnJuly 10, 20121min19617
ခေတ်လူငယ် ဝက်ဆိုဒ်မှာ မရည်မွန်အောင်မိုးရဲ့ သတင်းလေးကို ဖတ်လိုက်ရလို့ အရမ်းကို ဂုဏ်ယူမိပါတယ်။ {AAET မှ ကြီးမှူးကျင်းပသည့် Working Towards a low Carbon Society for ASEAN အတွက် စာစီစာကုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းသူတစ်ဦး ပထမဆုရရှိခဲ့ကြောင်း သိရသည်။ “AAET အဖွဲ့ချုပ်က အကဲဖြတ်အဖွဲ့ရဲ့ စိစစ်အကဲဖြတ်ချက်အရ မရည်မွန်အောင်မိုးက အာဆီယံ ဒေသတစ်ခုလုံးအတွက် ပထမရခဲ့ပါတယ်။ ပထမဆုအနေနဲ့ ဒေါ်လာ ၃၀၀ဝ ဆုရမှာပါ” ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ CEO ဦးမြင့်စိုးက ပြောသည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မရည်မွန်အောင်မိုး၊ မောင်ထွန်းလျှံထန်း၊ ကိုမင်းစိုးသူရတို့ သုံးဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မရည်မွန်အောင်မိုးမှာ အာဆီယံ ဒေသတစ်ခုလုံးအတွက် ပထမဆု ရရှိခဲ့ကြောင်း […]


lynn lynnJuly 4, 20121min19812
မမှားစေလို သတ်ပုံကို ရွတ်ဆို မှတ်သားလိုက်နာမည် – ဂ ငယ်သံပါ ကရုဏာ ကကြီး နဲ့ပဲ ရေးရသည်။ – သစ်ပင် ချုံနွယ်၊ ချင့်ချိန်တွယ်၊ ချီးကျူးကိုလည်း ပင့်ရသည်။ – စောင်ခြုံကွေးတယ်၊ ခြယ်မှုန်းတယ်၊ ခြယ်လှယ်ကိုလည်း ရစ်ရသည်။ – င ရရစ်မှာ ဟထိုးမပါ၊ ရန်ငြိုးတစ်ချောင်းငင် ရေးရသည်။ – မကြာမီမှာ ဟထိုးမပါ၊ မှီခိုမှာတော့ ရေးရသည်။ – မ ရရစ်မှာ ဟထိုးမပါ၊ မျှားကို မြားလို့ ရေးရသည်။ – လေပြည်ညင်းမှာ ဟထိုးမပါ ပြေကို ပြည်လို့ ရေးရသည်။ – ညည်းညူ ညည်းတွား အရေးအသား ညများနဲ့ပဲ ရေးရသည်။ – ယောက်ျား ရေးရာ […]


lynn lynnJune 21, 20121min1364
လူ့လောက နယ်ပယ် လူ့အသိုင်းအဝိုင်းမှာ နေရတယ်ဆိုတာလည်း ခက်တော့ အခက်သားလား။ တစ်ယောက်စရိုက် တစ်ယောက် သိပ်ခံတွင်း မတွေ့ပေမယ့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံနေရတဲ့သူတွေလည်း အများသား။ အင်းလေ၊ ကလေးမှ မဟုတ်ကြတော့လည်း စိတ်ထဲ ရှိတဲ့အတိုင်း နေလို့မှ မဖြစ်တော့တာ။ လူဆိုတာ အထီးတည်း နေလို့ရတဲ့ အမျိုးမှ မဟုတ်တော့လည်း၊ အသိုင်းလေး အဝိုင်းလေးနဲ့ နေရတဲ့ အမျိုးဆိုတော့လည်း သည်လိုပဲ အောင့်အည်း သည်းခံ မျိုသိပ် ကြိတ်မှိတ်နေရတာတွေ လူတိုင်းမှာ ရှိကြမှာပါပဲ။ ကွယ်လွန်သွားတဲ့ အစ်ကိုကြီးတစ်ယောက်ကတော့ မကွယ်လွန်ခင် နှစ်ပိုင်းအတွင်းမှာ စိတ်ကျရောဂါ ဝေဒနာကို အပြင်းအထန် ခံစားသွားခဲ့ရဖူးတယ်။ အဲဒီ့အချိန်မှာ သူ့ကို သွားတွေ့တော့ သူက ဝမ်းသာအားရ၊ ဖက်လှဲတကင်း ရှိနေတယ်။ ပြီးတော့ သူ့ဆီကို မကြာမကြာလာပေးပါ၊ […]


lynn lynnJune 19, 20123min2064
ပထမဆုံးပို့စ်တင်တာမို့လို့ အမှားပါရင် ခွင့်လွှတ်ပါ။ ကိုယ်ဖတ်ပြီးသွားတော့ ရွာသားတွေကိုလည်း ဖတ်စေချင်လို့ပါ။ http://www.president-office.gov.mm/briefing-room/daily-news/news788 == သမ္မတကြီး ဦးသိန်းစိန်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားသည့် မိန့်ခွန်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံ တော် သမ္မတကြီး ဦးသိန်းစိန်မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအား ပြောကြားသော မိန့်ခွန်း ၂၀၁၂ ခုနှစ်၊ ဇွန်လ (၁၉) ရက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ခင်ဗျား- […]