ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရာဇသံရွှေပေ (နိဂုံး)
ရာဇသံစာ၏ရက်စွဲ
အရှေ့တောင်အာရှပြက္ခဒိန် (SEAC) အရ အရှေ့တောင်အာရှနှင့် အနောက်တိုင်းပြက္ခဒိန် ကွဲပြားမှုကို နှိုင်းယှဉ်သော ကွန်ပြူတာပရိုဂရမ်ကို သုံးကြည့်သော် ထိုနေ့ရက်စွဲသည် ၁၇၅၆ ခု၊မေလ ရရက်နေ့ဖြစ်၏။ အင်္ဂလိပ်ဘာသာ ပြန်ထားသော ဖို့ဒ်စိန့်ဂျော့၏ ‘စာချွန်လွှာဆက်သွယ်မှုများ’ စာအုပ်ကိုသာရည်ညွှန်းမည်ဆိုလျှင် စိတ်ဝင်စားစရာ ကွာဟချက်ကိုတွေ့ရမည်။ ထိုအင်္ဂလိပ်ဘာသာပြန်ထဲတွင် ”၁၇၅၆ ခု၊ဧပြီလ ရက်စွဲတပ်ထားသော မြန်မာဘုရင်မှ ပေးပို့သောစာ” ဟုပါရှိသည်။
အင်္ဂလိပ်ပြက္ခဒိန် မူသစ်နှင့်မူဟောင်း ရှုပ်ထွေးမှုဖြစ်ခဲ့နိုင်သည်။ မူသစ်အရ မြန်မာရက်စွဲသည် မေလ ရရက်ဖြစ်ပြီး မူဟောင်းအရ ဧပြီလ ၂၆ရက်ဖြစ်သည်။ ထိုရက်စွဲကွာဟချက်အပေါ် နောက်ထပ်လက်တွေ့ကျသော ရှင်းပြချက်မှာ မဒရတ်စ်စာရေးသည် ရက်စွဲ အပြောင်းအလဲကို အပေါ်ယံကြောသုံးစွဲ၍လည်းဖြစ်နိုင်သည်။ ကဆုန်လသည် ဧပြီလလယ်တွင် စတင်သောကြောင့် စာရေးသည် ကဆုန်လကို ဧပြီလဟု ရိုးရိုးကလေးညှိယူလိုက်ခြင်းဖြစ်သည်။
မြန်မာ့လွှတ်ရုံးနှင့် တော်ဝင်စာတစ်စောင်ထုတ်လုပ်ခြင်း
ရာဇသံရွှေပေကို အုပ်ချုပ်ရေးဌာနတစ်ခုဖြစ်သော ရှင်ဘုရင့်လွှတ်ရုံးမှ ထုတ်လုပ်ခဲ့သည်။ နိုင်ငံတော်အုပ်ချုပ်မှု ကဏ္ဍအဆင့်ဖြင့် လွှတ်ရုံးသည် ပညာတတ်စွယ်စုံတော်သူများကို လိုအပ်သည်။ ထိုသူများသည် ရုံးသုံးဘာသာ စကားဖြစ်သော ထီးသုံးနန်းသုံး အခေါ်အဝေါ်များတင်မက ရှုပ်ထွေးလှသောရေးထုံးများနှင့် ရင်းနှီးကျွမ်းဝင်နေသည်။ ရာဇသံရွှေပေကို ရေးသားသီကုံးသူဟုဖော်ပြပြီးခဲ့သော၊ ရှင်ဘုရင်၏အတ္ထုပ္ပတ္တိကို ရေးသားသူများထဲမှ တစ်ဦးလည်းဖြစ်သော လက်ဝဲနော်ရထာ(ဦးနှဲ)သည် ထိုသို့သော ပါရမီရှင်စာဆိုတော်တစ်ဦးဖြစ်သည်။
ရာဇသံရွှေပေ၊ ဒြပ်ထည်ဖော်ပြချက်
ရွှေ၏သန့်စင်မှုသည် ၉၅.၂၅% မှ ၉၈.၆၉% အထိရှိကြောင်း ရောင်စဉ်စိတ်ဖြာမှုမှ သက်သေခံထားသည်။ ရွှေပြား၏ရင်းဖျား နှစ်ဖက်စွန်းတွင် ပတ္တမြားဆယ့်နှစ်လုံးစီ စီထားကာ ဟင်္သာရုပ်တံဆိပ်တော် ပါရှိသည်။ ကြက်ဥပုံသဏ္ဍာန်နှင့် ဆင်ဆင်တူသော ဝန်းဝန်းဝိုင်းဝိုင်းပတ္တမြား နှစ်ဆယ့်လေးလုံးသည် မြန်မာ့ပတ္တမြား စစ်စစ်ဖြစ်ပြီး မိုးကုတ်ပတ္တမြားတွင်းများမှ ထွက်ရှိသည်။ ထိုပတ္တမြားများကို ရွှေသားစစ်စစ် ၆x၆ မီလီမီတာရှိသော ဆဋ္ဌဂံအကွက်များထဲတွင် ခိုင်ခိုင်ခံ့ခံ့ထည့်ထားသည်။ ပတ္တမြားများကို သွေးမထားဘဲ မူလပုံစံအတိုင်းထည့်ထားရာ ထိုပတ္တမြားနှစ်ဆယ့်လေးလုံး၏ အသွင်သဏ္ဍာန်တူညီမှုကို ကျွမ်းကျင်ပညာရှင်များ အံ့ဩခဲ့ရသည်။ လက်ရှိအနေအထားအတိုင်း ရွှေပေ၏အတိုင်းအထွာများမှာ ၅၄.၇x၈.၅ စင်တီမီတာဖြစ်သည်။ ပတ္တမြားများ အပါအဝင် ရွှေပေ၏အလေးချိန်အမှန်မှာ ၁ဝဝ ဂရမ်ဖြစ်၏။ မြန်မာဖော်ပြချက်တွင် ရွှေအချိန်ငါးကျပ်သားရှိသည်။
မြန်မာမှတ်တမ်းများအရ ရွှေပေကို ဆလင်ဒါပုံ ဆင်စွယ်ကြုတ်ထဲ မသွတ်ခင် စက္ကူနီဖြင့်ပတ်သည်။ ဆင်စွယ်သည် အာရှဆင်စွယ်ဖြစ်သည်။ ဆင်စွယ်ကြုတ်ကို ‘ရွှေရောင်ပိတ်သားအိတ်’ ဖြစ်သော ရွှေဖျင်အိတ် သွတ်သည်။ ထိုရွှေဖျင်အိတ်ကို ရွှေရေးကြုတ်သွတ်သည်။ ရွှေရေးကြုတ် ကိုဖော်ပြထားပုံမှာ အနီရောင်သစ်စေးဖြင့် အရောင်တင်ထားကာ ရွှေရောင်ဒီဇိုင်းများပါသည့် သစ်သားဖြင့်ပြုလုပ်ထားသောဘူး ဟူ၏။ ထိုရွှေရေးကြုတ်ကို တံဆိပ်တော်မှတ်ထားပြီး အင်္ဂလိပ်ဘာသာဖြင့်ရေးထားသော စက္ကူတစ်ရွက် တွဲထား၏။ နောက်ဆုံးတွင် ‘ဂုံဇရပ်အိတ်နီ’ ဟုခေါ်သော တောင့်တောင့်တင်းတင်းရှိပုံရသည့် အနီရောင်အိတ်တွင်းထည့်သည်။
သို့သော် ရာဇသံစာနှင့် ဆင်စွယ်ကြုတ်တို့သာ ရောက်လာခဲ့ပြီး ယခုအခါ ဂျာမနီနိုင်ငံ၊ Lower Saxony, ဟန်နိုဗာမြို့ရှိ Gottfried Wilhelm Leibniz အထိမ်းအမှတ်စာကြည့်တိုက်ထဲ ထိန်းသိမ်းထား၏။
ဟန်နိုဗာမြို့ပြတိုက်ထဲမှ ရာဇသံရွှေပေ
ရာဇသံရွှေပေသည် ဟန်နိုဗာမြို့မှပြတိုက်ထဲ နှစ်ပေါင်း ၂၅ဝကျော်ကြာအောင် အထီးကျန်တည်ရှိနေခဲ့သည်။ အလောင်းမင်းတရား၏စာများကို ရေးသားပြီးစီး၍ တစ်နှစ်ကျော်အကြာတွင် စာများကို ဂျော့ပီးဂေါ့သည် သူ၏ ၁၇၅ရ ခု၊ဇူလိုင် ၃ဝရက်စာနှင့် တစ်ပါတည်းပို့ပေးလိုက်သည်။ မဒရတ်စ်မှ လန်ဒန်အသွား Walpole သင်္ဘောနှင့်ဖြစ်၏။ စာနှစ်စောင်စလုံးကို ဒါရိုက်တာအဖွဲ့ အစည်းအဝေးကျင်းပချိန် ၁၇၅၈ ခု၊မတ်လ ၃ရက်နေ့တွင် တင်ပြခဲ့သည်။ ထိုတစ်နေ့တည်းမှာပင် ဒါရိုက်တာအဖွဲ့၏ဥက္ကဌ ဂျွန်ပေနီသည် ထိုရာဇသံစာရွှေပေကို စိန့်ဂျိမ်းစ် နန်းတော်တွင် ကိုယ်တိုင်တင်ပြရန်ကြိုးပမ်းခဲ့သည်။ ပထမ အတွင်းဝန်မင်း ဝီလျံပစ်နှင့်တွေ့နိုင်အောင် ကြိုးစားသည်။ ထို့နောက် Hampton Court မှ ရောဘတ်ဝုဒ်။
ဂျွန်ပေနီသည် ၎င်းတို့နှစ်ဦးစလုံးကို မတွေ့ခဲ့ရဘဲ ရာဇသံစာကိုထားခဲ့နိုင်သည်။ နောက်တစ်နေ့တွင် ဂျွန်ပေနီ သည် ရာဇသံစာ၏နောက်ခံအကြောင်းများဖြစ်သော မွန်-မြန်မာစစ်ပွဲ၊ ကုမ္ပဏီ၏ကြားနေဝါဒ၊ ဟိုင်းကြီးကျွန်းအခြေ စိုက်မှုနှင့် အလောင်းမင်းတရား၏ ပေးသနားမှုဖြစ်သော ‘သူ၏နိုင်ငံတော်အတွင်းမှ ကျန်းမာရေးပိုကောင်းသောအရပ် (ပုသိမ်)’ တွင်နေထိုင်ခွင့် စသည်တို့ကို ဝုဒ်ထံ စာတစ်စောင်ရေးသားပေးပို့ခဲ့သည်။ ထိုစာအတွက် ဝုဒ်သည် စာ တစ်စောင်ပြန်ကြားခဲ့ရာ ကုမ္ပဏီမော်ကွန်းတိုက်တွင် ထိုပြန်စာမိတ္တူမရှိ။
ရာဇသံရွှေပေကို လှပစွာရေးသားသီကုံးထားသော အင်္ဂလိပ်ဘာသာပြန်မူနှင့် ပေနီ၊ ဝုဒ်တို့၏စာများဖြင့်တွဲလျက် တစ်ဆင့်ပေးပို့လိုက်သည်။ ရာဇသံစာ အင်္ဂလိပ်ဘာသာပြန်မူကို မိတ္တူကူးယူထားခဲ့သည်။ စိန့်ဂျိမ်းစ်နန်းတော် တွင် အတွင်းဝန်မင်းဝီလျံပစ်က ဂျော့ဘုရင်-၂ထံ ထိုရာဇသံစာဆက်သသောအခါ ဘာဆက်ဖြစ်သနည်း မသိရ။ ပစ်သည် မည်သည်ကိုအာရုံစိုက်ခဲ့သနည်း။ ဂျော့ဘုရင်-၂ သည် ထိုစာအပေါ် အမေးအမြန်းရှိခဲ့သလော။
ထိုရာဇသံစာကို ဂျော့ဘုရင်-၂ စိတ်ဝင်စားမှုတစ်မျိုး ရှိခဲ့မည်မှာရှင်းလင်းပါသည်။ ထို့ကြောင့်သာ ဟန်နိုဗာမှ သူ၏စာကြည့်တိုက်ဆီ စာကိုချက်ချင်းပို့ခဲ့ခြင်းဖြစ်သည်။ နောင်သုံးပတ်အကြာ (၁၇၅၈ ခု၊မတ်လ ၂၈ရက်)တွင် စာကို မှတ်ချက်ရေးသွင်းခဲ့သည်။ ရာဇသံစာကို ရှုပ်ထွေးလှစွာ မှတ်ချက်သွင်းခဲ့ပုံမှာ
”ကိုရိုမန်ဒယ်ကမ်းခြေမှ အုပ်ချုပ်ခံမဟုတ်သော အိန္ဒိယဘုရင်တစ်ပါး (မာဂီ သို့မဟုတ် ဂီဘရီ ဘာသာရေးဖြစ်သော ဘာမျှမစားဘဲ အသက်ရှင်နေထိုင်သူ၊ မီးကိုကိုးကွယ်သူ)”
ဝုဒ်ထံပေးပို့သော ပေနီ၏စာထဲတွင် ရှင်ဘုရင်ထံမှပြန်စာ မျှော်လင့်ထားကြောင်းကို ပေနီ အဆိုမပြုခဲ့ပေ။ သို့သော်ငြား အရှေ့အိန္ဒိယကုမ္ပဏီဒါရိုက်တာများသည် ပြန်စာတစ်စောင်မရေးသားမီ အင်္ဂလိပ်ဘုရင်ထံမှပြန်စာကို အလျင်စောင့်ကြမည်ဟု တွေးခဲ့ကြသည်။ ဂျော့ဘုရင်-၂ထံမှ အကြောင်းပြန်စာ မလာသောအခါ အလောင်းမင်းတရား စာအတွက် အရှေ့အိန္ဒိယထံမှ တရားဝင်ပြန်စာဆိုသည်မှာလည်း ရှိမလာတော့ချေ။
နိဂုံးစကား
အလောင်းမင်းတရားသည် တိုက်ရေးခိုက်ရေးတွင်သာ ဘုန်းတောက်ခဲ့ခြင်းမဟုတ်ဘဲ နှလုံးရည်ပြည့်ဝသလောက် ခေတ်အခါထက်ရှေ့ပိုပြေးသော အမြင့်မားဆုံးသံတမန်ရေးရာကို နားလည်ခဲ့သည့် ဘုရင်တစ်ပါးဖြစ်ခဲ့ကြောင်းကို ယခုမှ မျက်မြင်ထင်ရှားပေါ်ထွက်လာသော ရာဇသံရွှေပေက အတိအကျသက်သေထူနိုင်ခဲ့လေသည်။
27 comments
ကိုရင်မောင်
October 6, 2012 at 8:57 am
ဆရာမခင်ဗျာ…ပို့စ်စုံသွားပြီဖြစ်လို့
print ထုတ်ပြီးအစအဆုံးပြန်ဖတ်လိုက်အုံးမယ်….
ခုလိုလူသိနည်းတဲ့သမိုင်းကြောင်းပို့စ်တင်ပေးတဲ့အတွက်…
ကျေးဇူးတင်ပါတယ်………
Thu Wai
October 6, 2012 at 9:45 am
ရွှေပေလွှာ ကြီးကိုတော့ တော်တော် နှမြောတယ် မြန်မာ့ သမိုင်း အမွေအနှစ်မို့လို့ ပြန်ပေးရင်ကောင်းမှာ
မောင်ဘလိူင်
October 6, 2012 at 11:23 am
ဆရာမ ခင်ဗျာ…ဒီ ရာဇသံရွှေပေ က ဘယ့်နှယ်လုပ် ဂျာမနီ
ရောက်သွားတာလဲ ခင်ဗျ..။
ဝင့်ပြုံးမြင့်
October 6, 2012 at 12:59 pm
ကိုဘလှိုင်ရေ —– ဂျော့ဘုရင်-၂ ရဲ့ မွေးရပ်ဇာတိက ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ ဆိုတော့ ဘုရင်က သူမွေးရပ်မြေကို ချစ်ခင်တွယ်တာတယ်လို့ဆိုပါတယ်။ ရာဇသံစာကို အဲဒီက စာကြည့်တိုက်ဆီ ချက်ချင်းပို့လိုက်တာပါ။ ၁၇၂၉ ခုကနေ ၁၇၄၁ ခုအတွင်း ဘုရင်ဂျော့-၂ ဟာ ဟန်နိုဗာကို လေးကြိမ်တိတိ ပြန်လာတယ်လို့ ရေးထားပါတယ်။
နောက်ပိုင်းမှာ ဒိန်းမတ်မင်းသားတစ်ပါးရဲ့ အကိုင်အတွယ်ကြမ်းမှုကြောင့် ရာဇသံစာ မွမွကြေ သွားခဲ့တာပါ။
ကိုသုဝေရေ —- အပိုင်း(၅)က ဦးဗိုက် မန့်တာလေး ပြန်ဖတ်ကြည့်လိုက်ပါနော်။ တစ်နေ့ကမှ တက်လာတဲ့ သတင်းလေး။
ကိုရင်မောင်ရေ —– တကယ်ကျေးဇူးတင်ရမှာက ဒေါက်တာလိုင်ဒါ ကိုပါ။ မြန်မာ့သမိုင်းကြောင်းအတွက် သူ အစွမ်းကုန်လုပ်ထားတာတောင် ဒီကလူတွေက ခပ်အင်အင်။ သူကိုယ်တိုင်လည်း မြန်မာပြည်က ထုတ်ဝေရေးလောကအတွက် တော်တော်စိတ်ပျက်သွားပုံပဲ။
မောင်ဘလိူင်
October 6, 2012 at 2:04 pm
အဲ..အဲ..ဟုတ်ပ ခင်ဗျာ..စာထဲပါသား ..ကျွန်တော်စာဖတ်တာ ရှန်း သွား
တယ် ဗျ..။ ဒီလို စာတမ်းတင်ပေးတဲ့အတွက် ဆရာမကို အင်မတန်
ကျေးဇူးတင်ပါတယ်။
Fall Guy
October 6, 2012 at 6:29 pm
ကျေးဇူးတင်ပါတယ်ဆရာမရေ……….. ဒေါက်တာလိုင်ဒါကိုလဲကျေးဇူးတင်ပါတယ်။ ဟိုင်းကြီးကျွန်းလူသတ်ပွဲအတွက်လဲဘာကြောင့်ဆိုတာနားလည်နိုင်ပြီး အမဲစက်စွန်းခဲ့ရတဲ့သမိုင်းကိုမခြေဖျက်နိုင်ရင်တောင် အရောင်ဖျော့စေနိုင်ခဲ့တယ်ထင်ပါတယ်။
ဆရာမရဲ့နောက်ထပ်စာတွေကိုလဲဖတ်ချင်ပါသေးတယ်……….။
pooch
October 6, 2012 at 10:02 pm
ရွှေငါးကျပ်သားနီးပါးဆိုတော့ တော်တော်လေးမှာပဲ ။ ကျောက်တွေကလည်း စိထားသေးတယ် ဆိုတော့။
ဒီကိုများပြန်ပေးလို့ရောက်ရင်တော့ မြင်ဖူးတယ် ရှိအောင်သွားကို ကြည့်ပါအုန်းမယ်။
နောက်စဉ့်အိုးထဲမှာ ဆေးစိမ်ခံထားရတဲ့ ရေခြားမြေခြားက ပြတိုက်ထဲမှာ အထီးကျန်နေတဲ့ မင်းသားတပါးလည်း ရှိသေးတယ်။ ချစ်ကြည်ရေးအနေနဲ့များ ပြန်တောင်းလို့ ရရင် ကောင်းမယ်။ ဒီရွာထဲက ရွှေအိမ်စည်ဆိုတဲ့သူတယောက်က အဲ့ဒီ မင်းသားအကြောင်းရေးဖူးတယ် ။ လင့်ကို တော့မရှာတတ်လို့ သူကြီး ရှာပေးရင်ကောင်းမယ်။ အမဖတ်ဖူးလားမသိဘူး။ ကျမလည်း အတိအကျမမှတ်မိတော့ဘူး။
ထူးခြားတာက အမပြုံးရေ ပြည်ပမှာရှိတဲ့ ကျမတို့ တိုင်းပြည်နဲ့ဆိုင်တဲ့ သမိုင်းမှတ်တမ်းတော်တော်များများဟာ စနစ်တကျ မှတ်တမ်းတင် ထိန်းသိမ်းခံထားကြတယ် ဆိုတာကို တဖြည်းဖြည်းနဲ့ ပိုသိလာရတယ်။
စိန်ဗိုက်ဗိုက်
October 7, 2012 at 2:03 pm
အန်တီပု ပြောတာ ဒီမှာဗျ….
ကျော်လဲ အမှတ်တမဲ့ ဖတ်ဖူးလို ့ မှတ်မိနေတာ..
http://myanmargazette.net/66599/arts-humanities/history-museums
ဖတ်မိသလောက် အလောင်းမင်းတရားကြီးက ခုခေတ် ပုတ်ဂိုတွေနဲ ့ ကွာသဗျ
ခုက ပြည်သူ ့စိတ်လွှမ်းမိုးနိုင်တဲ့ ဘုန်းကြီးတွေ ဘာတွေ နားမလည်ဘူး မျက်ရည်ဗုံးခွဲ အလစ်ဝင်စီး
ရိုက်နှက် ထောင်ထဲထည့်ဆိုတော့ အရင်က ဘုရင်တွေတောင် ဘုန်းကြီးတွေကို တော်တော် အလေးပေးတယ်ဆိုတာလေးတွေ ့မိတယ်..အဟိ
သမိုင်းပညာရှင်ကော ဘာသာပြန်သူကော ရွှေပေလွှာကြီးကို ဘီအီးနဲ ့ လဲ မသောက်ပဲ သိမ်းထားပေးတဲ့ ပုဂ္ဂိုလ်တွေကိုကော ကျေးဇူးတင် လေးစားမိပါတယ်ဗျား
မှန်တာပြောရရင် အဲဒီပေလွှာကြီးသာ ကျုပ်ဆီရောက်လို ့ကတော့ ဘီအီးနဲ ့ လဲသောက်လိုက်လို ့
ဘူမှတောင် သိတော့မှာ မဟုတ်ဘူး
ဪ..ဆိတ်ဒတ်..ဆိတ်ဒတ်..အောက်တန်းကျချက် သမိုင်းတွေ မြုတ်ကုန်တော့မှာပါပဲ..
ဒါကျောင့်လဲ မကျီးပွားတာနေမှာ
:harr:
:eee:
kai
October 7, 2012 at 2:24 pm
မထင်ပါနဲ့လေ..
အလောင်းဘုရားဟာ..ပဲခူးကိုသိမ်းတဲ့အခါ.. မွန်ဗုဒ္ဓဘာသာရဟန်း.. အပါး၃၀၀ဝခန့်ကို ဆင်နဲ့နင်းသတ်စေခဲ့ပါတယ်..
ဒါကို အင်္ဂလိပ်မှတ်တမ်းတွေမှာ.. အတိအကျပြထားတယ်..။
အဲဒီကိုးကားစာအုပ်တချို့တွေက.. အခု..ယူအက်စ်ကွန်ဂရက်စာကြည့်တိုက်မှာရှိနေတယ်…။
.. ဒေါက်တာသန့်မြင့်ဦးလို ပုဂ္ဂိုလ်မျိုးက.. အင်္ဂလိပ်နန်းတွင်းမှတ်တမ်းတွေ ယူဖတ်လို့ရနိုင်တာမို့.. သူနဲ့.. မြန်မာသမိုင်းပညာရှင်တယောက် ပူးပေါင်း မြန်မာ့သမိုင်းစာရေးရင်.. အလွန်အံ့စရာ မြန်မာ့ရာဇဝင်ကို မြင်ကြရမယ် ထင်မိတာပဲ..။ :kwi:
ထားပါတော့…
အောက်ဆုံးကလင့်ခ်မှာ အပေါ်ကပြောတာရဲ့.. ဘာသာပြန်ကိုဖတ်ကြည့်ပါ..။
ဒီလိုသမိုင်းတွေကိုဖတ်ကြည့်ပြီး…
မင်းအနော်ရထာဟာ.. အရည်းကြီးရဟန်းတွေကို.. ကြီးမားတဲ့စစ်တပ်တည်ထောင်တဲ့အခါမှာ.. လိုအပ်တဲ့အတွက်.. စစ်တပ်ထဲသွင်းဖို့ပရိယယ်သုံးပြီး.. သိက္ခာချ.. စစ်သားတွေအဖြစ်လုပ်ခဲ့တယ်လို့ ကျုပ်ကတော့ ခန့်မှန်းမိတယ်..။
တခြားအချက်အလက်..အထောက်အထားတွေ အများကြီးရှိသေးတယ်..။
ဒါကြောင့်..
သူ့(မင်းအနော်ရထာ)ကို.. ဗုဒ္ဓဘာသာ..သာသနာပြုမင်းလို့.. ဘယ်လိုမှမြင်ကြည့်လို့မရပါဘူး…။ :buu:
တကယ်တော့.. အခုခေတ် စစ်ပုဂ္ဂိုလ်တွေဟာ.. သမိုင်းတွေသေသေချာချာလေ့လာပြီး.. ဒီခေတ်မှာ.. အစိမ်းရောင်မင်းမျိုးဆက်ကို ဖန်တီးထားတယ်လို့.. တွေးနေမိတာ..
ဒီကိစ္စ.. တချိန်ကျမှ..သေသေချာချာ သုသေသနပြုရေးပေးဦးမယ်..။ :528:
http://myanmargazette.net/22489/arts-humanities
စိန်ဗိုက်ဗိုက်
October 7, 2012 at 2:42 pm
စစ်ဖြစ်ရာကနေ လူမျိုးရေးမုန်းတီးမှုပါ တွေ ့ရလို ့ အတော်ကြောက်စရာကောင်းပါလား သဂျီးရေ
ကျွတ်ဆင်ကြီး..
ခုအချိန်နဲ ့ အဲဒီမင်းကြီး ခုထိရှိသေးရင်တော့ လွယ်ဘူးမှတ်တယ်..
:eee:
Thu Wai
October 8, 2012 at 11:41 am
သူကြီးပြောတာကို နည်းနည်း အငြင်းအခုံလုပ်ကြည့်မယ်
အရည်းကြီးပါဆိုမှ ဘယ်လိုရဟန်းဖြစ်မှာလဲ နောက်ပြီး မော်လမြိုင်မှာ အခုထိ် ပွဲကျောင်းဘုန်းကြီးတွေ ရှိပါတယ်။သိုင်းတွေသင်ပေးတယ် လက်ဝှေ့တွေသင်ပေးတယ် နောက်ပြီးလက်ဝှေ့ပွဲတွေလုပ်တယ် အဲဒါကဘယ်လိုလုပ်ရဟန်းစစ်ဖြစ်မှာလဲ အလောင်းမင်းတရား က ဆင်နဲ့ နင်းသတ်တယ်ဆိုတာ အဲလို ပွဲကျောင်းဘုန်းကြီး ဗေဒင် အင်း အိုင် ခလှည့် လက်ဖွဲ့တွေလုပ်ပေးပြီး လောကီကိစ တွေနဲ့ သာပျော်မွေ့နေတဲ့ဘုန်းကြီးတွေကို ဘုန်းကြီးလို့ မသတ်မှတ်ပဲ မွန်ဘုရင်ရဲ့ ရဲမက်တွေလို့ ဘဲ သတ်မှတ်လို့ ဆင်နဲ့နင်းသတ်တယ်လို့ ထင်ပါတယ်။
kai
October 8, 2012 at 3:09 pm
ဒေါက်တာသန်းထွန်း ရေးသားသည့် ခေတ်ဟောင်းမြန်မာ ရာဇဝင်မှ ပုဂံခေတ် သာသနာရေး … အခန်းငယ် မှ…
ရတနာသုံးပါးတွင် နောက်ဆုံးအမျိုးမှာ သင်္ဃာ ဖြစ်၏။ ပုဂ္ဂိုလ်အများ၏ အဖွဲ့အစည်းဟု အဓိပ္ပါယ်ရသော ပါဠိဝေါဟာရ သံဃ ပင် ဖြစ်ရာ၊ ပျူက သဃာ၊ မွန်က သင်္ဃာ ဟု ခေါ်ဝေါ်သည်များနှင့် အတူတူပင် ဖြစ်၏။
အကြမ်းအားဖြင့် ၁) က္လောင်နိယ်သောသင်္ဃာ၊ ၂) တဝ်မ္လတ်ကြီ သို့မဟုတ် တဝ်သိ္ခိင် သို့မဟုတ် တဝ်က္လောင်သင်္ဃာ ဟူ၍ ရဟန်း နှစ်မျိုး ရှိနေပါသည်။ တောကျောင်းရဟန်းကို အရညဝါသိ ဟူ၍လည်းကောင်း၊ အရည် ဟူ၍ လည်းကောင်း၊ ခေါ်ပါသေးသည်။ အရည် ဟူသည် အရိယ ၏ အတိုခေါ်နည်း ဖြစ်မည်၊ သို့မဟုတ် အရညဝါသိ ၏ အတိုခေါ်နည်း ဖြစ်မည်ဟု နှစ်စွန်းထွက် ကြံဆကြရာ ဝိနယ မှ ဝိနည်းဖြစ်ဟန်မျိုးနှင့် ယှဉ်၍ ကြည့်လျှင် အရိယ မှ အရည်း ဖြစ်ရန်များ၏။ သို့သော် ယခုလေ့လာဆဲ ပုဂံခေတ်တွင် တောကျောင်းရဟန်း အများ ရှိနေ၍ ထိုပုဂ္ဂိုလ်များကို အရညဝါသိ သို့မဟုတ် အရည် ဟု ခေါ်ကြောင့် တွေ့ရပါသဖြင့် အရည်မှာ အရညဝါသိ နှင့် ပို၍ နီးစပ်သည်ဟု ဆိုချင်ပါသည်။
Thu Wai
October 8, 2012 at 4:06 pm
ဂါမဝါသီ အကြောင်းလဲ ရှင်းပြပေးပါအုံးသကြီး
pooch
October 8, 2012 at 11:38 pm
ဟုတ်ပါတယ် သူကြီး ကျမစိတ်ထဲလည်း အလွန်အံ့ဩစရာမြန်မာ့သမိုင်း သစ် ကို အမြင်သစ်တွေနဲ့ ကျမမသေခင် ဖတ်ဖူးချင်လှပါတယ်။
ဒါက ကျမရဲ့ မျှော်လင့်ခြင်းများစွာထဲက ဦးစားပေးစာရင်းမှာ ပါပါတယ်။
ဟိုးအရင်က ဘုရင်သမိုင်းတွေ ရာဇဝင်တွေကို ဒုတ်ဆွဲပြီးလည်း မငြင်းချင်သလို ဓားထမ်းပြီးလည်းမပြောချင်ဘူး မောလို့။ အမှန်ကိုပဲ သိချင်ယုံ သက်သက်ပါ။
နောက်ပြီး ကျမစိတ်ထဲ တွေးမိတာက ဟိုးအရင် စစ်ဘုရင်တွေဟာ ကြမ်းတမ်းလှတဲ့ တိုက်ပွဲတွေကို နွှဲပြီး ခဲရာခဲဆစ် တိုင်းပြည်ထူထောင်ကြရတာမို့ သူ့ခေတ်နဲ့သူ ဓားထက် အသွားထက်ခဲ့တယ်လို့ပဲ မြင်တယ်။
အရှေ့ကမာ္ဘကိုပဲ ကြည့်ကြည့် အနောက်ကိုပဲ ကြည့်ကြည့် အားလုံးဟာ သဘောတရားတူပါတယ်။ ဓားသွားတူပါတယ်။ ရက်စက်မှုတူပါတယ်။
ဒါကြောင့်မို့လည်း အချစ်နဲ့ စစ်မှာ မတရားတာ မရှိဘူး ဆိုတဲ့ စကား ပေါ်ပေါက်ခဲ့တာပါ။ သူ့ခေတ်မှာ သူ့အရပ်နဲ့ သူ့ဇာတ် မီးစင်ကြည့် ကခဲ့ကြတာပါ။
နောက် တဖက်ကလှည့်တွေးတော့ ယဉ်ကျေးတဲ့ တရားမျှတတဲ့ လူ့အသိုင်းအဝိုင်းတခု ပေါ်ပေါက်လာဖို့ ရိုင်းစိုင်းတဲ့ မျှတမှုမရှိတဲ့ အသိုင်းအဝိုင်းတခု ရှိခဲ့မှ ရပါတယ်။ အကောင်းရှိဖို့ အဆိုးရှိမှ ရပါတယ်။
သေချာတာက အတိတ်ကို သင်ခန်းစာယူပြီး အမှားတွေ ကို ထပ်မကျူးလွန်ဖို့ပါ။ မအအအောင် သမိုင်းသိရတယ် ဆိုပေမဲ့ အမှားတွေကို ထပ်ခါ ထပ်ခါ မကျူးလွန်မိဖို့ ပြန်လှန်ကြည့်ရတယ် ဆိုတဲ့ သဘောက ပိုမှန်ပါလိမ့်မယ် ။ ဒါက ကျမထင်တာကို ပြောတာပါ။
အလင်းဆက်
October 6, 2012 at 10:07 pm
အော်…
ပြီး..သွား ပါပေါ့
Fall Guy
October 7, 2012 at 5:22 pm
သဂျီးက
“အစိမ်းရောင်မင်းမျိူးဆက်” တဲ့
စကားလုံးလေးသဘောကျလွန်းလို့ဗျို့……
မြန်မြန်လေးရေးပေးပါ……။
ဝင့်ပြုံးမြင့်
October 7, 2012 at 10:47 pm
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ထဲမှာ ပါတာကတော့ အလောင်းဘုရားဟာ အင်မတန် လူသတ်ကြမ်းတာ။ စစ်ရေးမှာလည်း စွယ်စုံရ။ စစ်မြှူတာ၊ စစ်ချူတာ၊ ရံတာ၊ ခွာတာ၊ အရုတ်အသိမ်း၊ ကောလာဟလတိုက်ပွဲ၊ စစ်ဦးဘီလူး ဆိုတဲ့ အသုံးမျိုးတွေ တွေ့ရတယ်။ မွန်မှန်သမျှ ဘယ်သူ့မှ အရှင်မထားဘူး။ တပ်ပျက်လို့ ထွက်ပြေးတာတောင် အရပ်အဆိုင်းမရှိ လိုက်တိုက်တယ်။ မွန်တပ်ကြီး စစ်သည်အင်အား တစ်သိန်းနှစ်သောင်းကို ပြုတ်ပြုတ်ပြုန်းအောင် အလောင်းမင်းတရား ချေမှုန်းနိုင် ခဲ့တယ်။ မြစ်ပြင်အလုံးမှာ လူသေကောင်တွေ ကောင်ချင်းထပ်ခဲ့တယ်။ အပီသဆုံး သက်ဦးဆံပိုင် ဘုရင်လို့ပြောရမလား။ မွန်ဘုန်းတော်ကြီးတွေ တောင်းပန်စာ ဆက်သတာတောင် အလျှော့မပေးခဲ့ဘူး။ အလောင်းမင်းတရားကို သာသနာပြုမင်းလို့ ပြုံး မထင်ပါဘူး။ ဟုတ်မှ မဟုတ်ပဲ။ ဒါပေမယ့် ဘုရင်ပီသတာတော့ အမှန်ပါ။ အဲဒီဘုရင်မျိုးက ဟိုအနောက်နိုင်ငံက စည်းမျဉ်းခံဘုရင်လိုမျိုးကို ဘယ်လိုလုပ်နားလည်ပါ့မလဲ။ ဟိုကဘုရင်တွေက ပျော့စိစိတွေ။ ဒီကဘုရင်တွေက တိုက်ပွဲဆို ကိုယ်တိုင်ရှေ့ဆုံးက ထွက်ရတာ။ အလောင်းမင်းတရားရဲ့ တိုက်ပွဲခေါ်သံဟာ နှစ်ဖက်စစ်မျက်နှာလုံးကြားရတဲ့ အထိ အသံအောင်ပြီး ကြောက်ခမန်းလိလိဖြစ်ခဲ့တယ်။
ပြီးတော့ အလောင်းမင်းတရားဟာ လူ့စိတ်ကို သိပ်နားလည်ပါတယ်။ သံတမန်ပရိယာယ်ကို ကောင်းကောင်းနားလည်တာကြောင့် နှလုံးရည်ပြည့်ဝတယ်လို့ ပြောရပါမယ်။
ပြုံးကတော့ အလောင်းမင်းတရားကို သိပ်သဘောကျတယ်ရှင်။ အထင်လည်းကြီးတယ်။
ဝင့်ပြုံးမြင့်
October 7, 2012 at 11:19 pm
ဦးဗိုက်ကို ဖြေပေးဖို့ မေ့သွားလို့နော်။
ဦးှဗိုက်ရေ အလောင်းမင်းတရားဟာ ဘုန်းတော်ကြီးတွေကို အလေးပေးတာဟာ လူ့စိတ်ကို သိပ်နားလည်လို့ပါ။ ဘာသာရေးကိစ္စ မဟုတ်လောက်ပါဘူး။ သူ့ကိုယ်သူ သာသနာပြုမင်းလို့ ပြောတာကလည်း လူတွေ သူ့ကို ရှင်ဘုရင်အဖြစ် လက်သင့်ခံလာအောင်လို့ပါ။ သေချာတာကတော့ သူဟာ သိပ်ကို ဘုရင်ပီသလွန်းတဲ့ ဘုရင်ပါပဲ။ တကယ့် သူရဲကောင်းစစ်စစ်။ ဒီခေတ်မှာ အဲဒီမင်းကြီး ရှိနေသေးရင် သိပ်ကောင်းတာပေါ့။ ဒီခေတ်မှာ ဒီမင်းကြီးမျိုးရှိနေရင် ဘယ်ကလီကမာကောင်၊ ဗီလိန်ကောင်မှ ရှင်သန်နိုင်မှာမဟုတ်ဘူး။
ကြည်ဆောင်း
October 8, 2012 at 9:36 am
အဆုံးအထိဖတ်ပြီးသွားပါပြီ …
အလောင်းမင်းတရားကြီးကိုစစ်ပွဲတွေဆင်နွဲတာပဲသိခဲ့တာ..
စစ်တိုက်ရင်တော့လူသေမှာသိပေမဲ့ ဒီလိုမျိုးတမင်သတ်ခဲ့တာတွေတော့မသိခဲ့ဘူး…
ရွှေပေလွှာကိုတော့မြင်ဘူးချင်ပါသေးရဲ့ …
manawphyulay
October 9, 2012 at 11:23 am
ပိုစ့်တွေအကုန်မဖတ်ရသေးဘူး။ အကုန်သေသေချာချာ ပြန်ဖတ်မှ မသိတာတွေ အကုန် အသေးစိတ်သိလာမှာဆိုတော့ ခုမရှိခင်က အတိတ်တွေဟာ တကယ့်ကို တန်ဖိုးရှိလှပါတယ်။ ဆရာမရေ… အားတဲ့အချိန်လေးလည်း များများရေးပေးပါဦးနော်။ ရာဇဝင်တွေလည်း ခုမှပဲ သိရတော့တယ်။ မဝင်ဖြစ်တော့ အကုန်မဖတ်နိုင်ဘူးဖြစ်နေတာ။ ကူးသွားပြီး ပရင့်ထုတ်ဖတ်မှဖြစ်မယ်ထင်တယ်။
amatmin
October 9, 2012 at 12:06 pm
သံခင်းတမန်ခင်း မှာမညံ့တဲ့ မြန်မာဘုရင်ရှိခဲ့သေးကြောင်း
သမိုင်းကိုသိရတာနဲ့တင် ဒီပေစာ ဖတ်ရတာ ကျေနပ်စရာပါ.
အခြေအနေများပေးခဲ့ရင် ကိုယ့်နိုင်ငံပြတိုက်မှာ ဖတ်နိုင်ခွင့်ရကောင်းပါရဲ့.. 🙂
စစ်ပွဲမှာ ရက်စက်ကြမ်းကြုတ်ခဲ့တာတွေကို ကြမ်းတမ်းလွန်းလှတယ်လို့..
ပုံဖော်မယ်ဆိုရင်တော့.သူ့လို.စစ်ဘုရင်သာ မရှိခဲ့ရင်လည်း..
ရင်နာ.ကြေကွဲ. စိတ်ပျက်စရာ
သမိုင်းကိုရေးရမဲ့ ဘက်က ကျနော်တို့ ဖြစ်နေခဲ့မှာပဲ..
ကိုယ့်အုပ်ချုပ်သူတချို့ အသုံးမကျလို့ အောက်ကျနောက်ကျနေရပေမဲ့..
အိမ်နီးချင်းတွေ နဲ့ ပက်သက်သမျှသမိုင်းတွေမှာသိမ်ငယ်စိတ်မဝင်စေခဲ့တဲ့
ဘုရင့်နောင် .အလောင်းဘုရားအပါအဝင် တချို့သော စစ်ဘုရင်တွေရဲ့အောင်နိုင်မှုကိုတော့
အဲ့ဒီခေတ်(တူမဖြစ်ရင်.. ပေလိုခံရမဲ့)ကာလကိုလိုက်ပီး လေးစား ဂုဏ်ယူမိတာ အမှန်ပါပဲ.. 🙂
အခုကာလမှာတော့ ထုတ်နှုတ်တတ်ရင် တတ်သလောက် ကွန့်တွေးလို့ရရင် ရသလောက်
(အမဲရောင်)သင်ခန်းစာကြီးကြီးတွေ ဖြစ်နေမှာပေါ့.. 😛
ပန်းစံပါယ်
October 9, 2012 at 1:22 pm
နည်းနည်းချင်းစီပဲ ဖတ်နိုင်လို့ ပိုစ့်တွေအကုန်တော့ မဖတ်ရသေးဘူး။ အခုလို တင်ပေးတဲ့အတွက် ကျေးဇူးပါရှင်။
အဲဒီရွှေပေကို ပြန်ရရင် ကောင်းမှာပဲ။
MaMa
October 9, 2012 at 3:59 pm
မယ်ပုပြောသလိုပဲ မြန်မာ့သမိုင်းကြောင်းကို အမှန်အတိုင်းသိချင်ရုံသက်သက်မို့ အခုရွှေပေလွှာကို ဇ= ဇိမ်ရှိရှိ အစအဆုံးပြန်ဖတ်လိုက်ပါအုံးမယ်။
ဇွဲရှိရှိနဲ့ အစအဆုံးကို အမြန်ဆုံး ကြိုးစားပမ်းစားတင်ပေးလို့ ကျေးဇူးတင်ပါတယ်။ :hee:
Ma Ei
October 9, 2012 at 4:22 pm
သူရဲကောင်းစစ်စစ် ဘုရင်ပီသလွန်းတဲ့ ဘုရင်လို့
ညွှန်းဖွဲ့ထားတာလေး သဘောကျမိပါတယ်…
ရွှေပေလွှာကနေပြီး ကိုယ်နိုင်ငံ သမိုင်းကြောင်းတွေသိခွင့်ရခဲ့ပါပြီ…
စိတ်ဝင်တစား ဆောင်ရွက်ပေးခဲ့သူ ဒေါက်တာလိုင်ဒါ နဲ့ ဆရာမကို
ကျေးဇူးတင်ပါတယ်…
လုံမလေး မွန်မွန်
October 10, 2012 at 2:00 pm
ဆရာမရေ…
ဖတ်ချင်နေတာကြာပေါ့… အခုတော့ print ထုတ်သွားပါတယ်… font size 8 နဲ့တောင် ဆယ်မျက်နှာရှိတယ်… 🙂
ဖတ်လိုက်ဦးမယ်နော်…ပြီးမှာ ပြန်လာမန့်မယ်..
လုံမလေး
padonmar
October 29, 2012 at 2:31 am
http://myanmargazette.net/153220/creative-writing
ပြုံးရေ
အပိုဆုတွက် ဘာစာအုပ်လိုချင်လဲ ပြောပါနော်။
နိုဝင်ဘာ ၄ရက်နေ့ တပ်မတော်ခန်းမ နဂါးနီစာပေအသင်း စိန်ရတု စာပေဟောပြောပွဲမှာ စာအုပ်ဆိုင်တွေက discount 15%-30% ပေးပါမယ်။
အဲဒီပွဲသွားဖြစ်ရင် ကြိုက်တာ တွေ့ရင်လည်း ဝယ်ထားပါနော်။
ဆုပေးပွဲကျ တွေ့ဖြစ်ရင် ဆုဖိုးငွေပေးပါမယ်။
သို့မဟုတ် ကြိုက်ရာတောင်းရင်လည်း ဝယ်ထားပြီး ပွဲကျမှ တခါတည်း ပေးပါမယ်။
kai
October 15, 2015 at 1:56 pm
လန်ဒန်က.. ဆရာတော်က.. ဒီရွှေပေလွှာအကြောင်းစာရေးပို့လာသမို့…
ကဲ…
ဒီစာလေးရှေ့ပြန်သွား… ရယ်လို့..။