Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုဘိုင်းဖုန်းသုံးသူများ မဖြုံလေနဲ့သတိထား

Mon LayOctober 10, 20121min4047

ယနေ့ခေတ်မှာ လူတော်တော်များများ ဟန်းဖုန်းကိုင်နိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းနှင့် ပက်သက်ပြီး သိသင့်တဲ့ ကျန်းမာရေးဗဟုသုတ အချို ့မျှဝေလိုက်ပါတယ်။

မိုဘိုင်းဖုန်းကို အိပ်ယာဘေးထားမအိပ်ပါနှင့်

ဆဲလ်ဖုန်း (မိုဘိုင်းဖုန်း)ကို အိပ်ယာဘေးထားမအိပ်သင့်ပါဘူး။ ဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို ထိခိုက်စေပါတယ်။ အကျိုးဆက်များကတော့-

skin rashes-အရေအပြား အနီကွက်ထခြင်း၊ headaches (ခေါင်းကိုက်ခြင်း)၊ migraines (ခေါင်းတစ်ခြမ်းကိုက်ခြင်း) , skin irritation (အရေအပြား ဓာတ်မတည့်ခြင်း) , insomnia (အိပ်မပျော်ခြင်း), dizziness (ခေါင်းမူးခြင်း), nausea (မအီမသာဖြစ်ခြင်း), heart palpitations (နှလုံးခုနှုန်း မမှန်ခြင်း), heart pain (နှလုံးအောင့်ခြင်း), concentration problems (အာရုံစူးစိုက်မှုနည်းခြင်း), fatigue (ပင်ပန်းနွမ်နယ်ခြင်း), tingling sensations (တစစ်စစ် တွေ့ထိသလို ခံစားရခြင်း), anxiety attacks (စိုးရိမ်ကြောင့်ကျခြင်း), memory problems (မှတ်သားမှု အားနည်းခြင်း), vision problems )အမြင်ဝေဝါးခြင်း, swollen lymph nodes (အရည်ကြည်ဖုထခြင်း), indigestion reddening of skin (အရေပြားမှရေဒီယိုလိုင်းအား ဆုပ်ယူခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။

ကားပေါ်တွင် မိုဘိုင်းဖုန်း (ဆဲလ်ဖုန်း) အသုးံမပြုပါနှင့်

မိုဘိုင်းဖုန်းများဟာ (ဘတ်စ်ကား၊ ကား၊ ရထား) အစရှိသဖြင့် စက်တင် ယာဉ်ပေါ်မှာဆိုရင် ရေဒီယိုလိုင်း ထုတ်လွင့်မှု (radiation) မြင့်မားပါတယ်။ ဒါကြောင့် ဖုန်းမပြောသင့်ပါဘူး။ မဖြစ်မနေပြောရမယ်ဆိုရင်တော့ ခေါင်းနဲ့ သိပ်မကပ်ပဲ လိုရင်းတိုရှင်းပြောပြီး ဖုန်းချသင့်ပါတယ်။

အသက် ၁၆ နှစ်အောက် နှင့် မိုဘိုင်းဖုန်း

အသက် ၁၆ နှစ်အောက် ကလေးငယ်များအနေနဲ့ မိုဘိုင်းဖုန်း အသုံးမပြုသင့်သေးပါဘူး။ သူတို့ရဲ ့ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲသာဖြစ်ပြီး ဦးခေါင်းခွံ ပါးနေပါသေးတယ်။ ဒါကြောင့် သူတို့ဟာ သာမန်လူတွေထက် Radiation ကို ပိုမို ခံရပါတယ်။

မိုဘိုင်းဖုန်းကို ဘောင်းဘီအိပ်ထဲမထည့်ပါနှင့်

မိုဘိုင်းဖုန်းကို ဘောင်းဘီအိတ်ကပ်ထည့်တဲ့ အလေ့အကျင့်ရှိရင် ရှောင်ရှားစေလိုပါတယ်။ ရေဒီယိုလှိုင်းရဲ ့ဓာတ်ပြု ရိုက်ခက်မှုကြောင့် ယင်းအလေ့အထက ကြာလာရင် မျိုးပွားနိုင်တဲ့ သွေးဆဲလ်တွေကို သေစေပြီး ကလေးမရနိုင်တဲ့ အမြုံဖြစ်စေနိုင်ပါတယ်။

မိုဘိုင်းဖုန်းကို ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုင်များအတွက် အသုံးမပြုပါနှင့်

ဒါကအင်မတန် အရေးကြီးပါတယ်။ နိုင်ငံတကာကလည်း တားမြစ် ထားပြီး ဖြစ်ပါတယ်။ ဆီဖြည့်နေစဉ် ဖုန်းပြောရင်တော့ ပိုပြီးတော့ အန္တရာယ်ဖြစ်မယ့် အလားအလာ ရှိပါတယ်။ မိုဘိုင်းဖုန်းမှာ လွတ်လိုက်တဲ့ Electro magnetic wave/ radio wave တွေဟာ static electricity ဖြစ်ပေါ်စေပါတယ်။ ပြီးတော့ မီးပွင့်လာတဲ့အတွက် လေကနေ ဓာတ်ကူးပြီး အငွေ့ပြန်နေတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတို့အထိ မီးကူးသွားပါတယ်။ အကျိုးဆက်ကတော့ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်လာနိုင်စေပါတယ်။ လောင်စာဆီတွေမှမဟုတ်ပဲ၊ ဓာတုဗေဓ ပစ္စည်းထားသိုရာ နေရာအချို ့မှာတောင် အန္တရာယ်ရှိတဲ့အတွက် တားမြစ်ထားပါတယ်။ လောင်စာဆီ ဖြည့်စဉ် ဖုန်းပိတ်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းနှင့် အခြားရောဂါ ဝေဒနာ

မိုဘိုင်းဖုန်းကြာကြာအသုံးပြုသူတွေဟာ ရေဒီယိုလှိုင်းများကြားမှာ အသက်ရှင်နေကြပါတယ်။ ယင်းလိုင်းရဲ ့ရိုက်ခတ်မှု များကြောင့် ဦးနှောက်သွေးဆဲလ်တွေမှာ ပါဝင်တဲ့ melatonin, serotonin, dopamine , norepinephrine အစရှိသဖြင့် ဟိုမုန်းများကို ပြောင်းလဲစေပြီး ဦးနှောက်နဲ့ပက်သက်တဲ့အခြားရောဂါများ အလွယ်တကူ ဖြစ်စေ ပါတယ်။ ပြီးတော့ မိုဘိုင်းဖုန်းအမြဲအသုံးပြုသူဟာ စိတ်ကျရောဂါမျိုးလည်း ခံစားတတ်ရပြီး ကိုယ်ခံအားပါ ကျဆင်းစေပါတယ်။

ဒါကြောင့် မိုဘိုင်းဖုန်းကို လိုအပ်မှသာ အသုံးပြုစေဖို့ ဆေးပညာရှင်များက တိုက်တွန်းထားပါတယ်။ နေ့စဉ် မိုဘိုင်းဖုန်းကို တစ်နာရီ၊ နှစ်နာရီ ဆက်တိုက်ပြောဆိုတဲ့အလေ့ကျင့်ကိုလည်း မလုပ်ဖို့ တားမြစ်ထားပါတယ်။ မိုဘိုင်းဖုန်းကို မိနစ်ပိုင်းအတွင်း ပြောဆိုခြင်းသာ သင့်တော်တယ်လို့ဆိုပါတယ်။

အထက်ပါအချက်အလက်များကို WHO မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်း အသုံးပြုသူများ အနေနဲ့ ဖုန်းဘေးအိပ်ခြင်း၊ ကားပေါ်တွင်ဖုန်းပြောခြင်း၊ ဘောင်းဘီအိပ်ထဲ ထည့်ခြင်း၊ လောင်စာဆီ အနီးတွင် ပြောဆိုခြင်း၊ ဖုန်းကြာကြာပြော ဆိုခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

7 comments

  • ကိုခင်ခ

    October 10, 2012 at 7:31 pm

    သျှားသက်မာန် ရေးထားသလိုဘဲ ဖတ်ဖူးတယ်ဗျ၊ ဒါပေမယ့်လည်း သုံးနေကြတာပါဘဲ
    လောင်စာဆီနားကလွဲတော့ သတိထားကြဟန်မတူဘူးဗျ၊ ကျွန်တော်ဆို သျှားသက်မာန်
    ရေးထားတဲ့ထဲက ဖုန်းဘေးထားပြီးအိပ်ခြင်းရဲ့ ဆိုးကျိုးတွေကို ဖတ်ခဲ့ပေမယ် ခုထိလည်း
    ဖုန်းဘေးထားပြီး အိပ်ဖြစ်နေစဲဗျာ။ ကိုယ်ဆီကို အရေးတကြီးဖုန်များခေါ်လို့ ကိုယ်အရမ်းအိပ်မောကျပြီး မသိလိုက်ရင်ဖြင့်ဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ။

  • ကြည်ဆောင်း

    October 11, 2012 at 11:22 am

    ကြည်ဆောင်းလဲ မနက်သင်တန်းဆိုမနိုးမှာစိုးလို့ ဖုန်းနဲ့ဘဲ Alarm ပေးပြီးအိပ်ယာထဲထားအိပ်ရတယ်
    တပါတ်ကို (၃) ရက်လောက်ပေါ့ …
    ဒါကြောင့်ထင်ပါရဲ့ ခေါင်းတစ်ခါတစ်လေကိုက်နေတတ်တာ ..
    အိပ်ချိန်(၇)နာရီလောက်ရတာတောင် အိပ်ရေးမဝဖြစ်နေတာ …
    ခေါင်းမကြည်တာ ……….
    အင်း …နှိုးစက်ဝယ်မှဘဲ

  • mayjuly

    October 11, 2012 at 12:11 pm

    အင်း ဘယ်နှယ့်ပြောရပါ့ မလဲ ..
    မကောင်းပါဘူးဆိုတဲ့အရာတစ်ခုကို မကောင်းမှန်းသိရဲ့နဲ့လဲ လုပ်နေမိတယ်..
    ဒညင်းသီးက အဆိပ်သီး..လူ တွေ မစားသင့်ဘူးဆိုပေမယ့်လဲ ..
    ဒညင်းသီးကို အရမ်းကြိုက်နေသလိုပေါ့ဗျာ .. :hee:
    ရှောင်နိုင်အောင်ကြိုးစားရပါအုံးမည် …

  • we R one

    October 11, 2012 at 3:35 pm

    ကျွန်မလည်း အဲဒါတွေကို ကြောက်လို့… ခြင်ထောင်အပြင် ထားအိပ်တာ… သူခိုးနောက်ကို ကောက်ကောက်ပါအောင် ပါသွားလေရဲ… 😀
    တော်သေးတာပေါ့ ဒု-ရဲအုပ်ကြီး တော်လို့ ၄ လကျော်မှ ပြန်ရပြီလေ….။ ဟန်းဆက်ဝယ် ပြီး ကျွန်မ ၂ ပတ်ပဲ သုံးလိုက်တယ်.. ရဲက ၄ လသုံးတယ်… ။ ဟိဟိ ….

  • မွန်မွန်က alarm ပေးထားတတ်တော့ အိပ်ယာထဲမှာ ထားအိပ်ဖြစ်တယ်… တော်ပီ… နာ့ဘာသာနာ နှိုးစက်နာရီနဲ့ပဲ ထားတော့မယ်…
    ရှဲ့ရှဲ့…

  • နှင်းဆီ ငုံ

    October 11, 2012 at 5:12 pm

    အိပ်ရင် သီချင်းလေးနားထောင်ရင်း အိပ်ပျော်သွားတာများတယ်
    မမက ညအိပ်ခါနီးရင် နားက နားကျပ်လာလာဖြုတ်ပေးရတယ်လေ…
    နောက်ပြီး Hot Plate နဲ့ ချက်ပြုတ်နေတဲ့အနားမှာလည်း ဖုန်းမပြောရဘူးပြောတယ်နော်…

  • သျှားသက်မာန်

    October 19, 2012 at 1:31 pm

    ဖုန်းကိုအလန်းအနေနဲ့အိပ်ယာဘေးမှာထားပြီးသုံးလို့ရပါတယ်..ဒါပေမဲ့ပိတ်တော့ပိတ်ထားရမှာပေါ့ဒါမှဖုန်းကထွက်လာတဲ့ ရေဒီယိုလိုင်းများက ဦးနှောက်ကို မထိခိုက်စေမှာပါ မကြည်ဆောင်း ၊

Leave a Reply