“လူဖြစ်လာရ တစ်ခဏမှာ”
လူ့ဘဝထဲကိုရောက်လာကြပြီ ဆိုကတည်းက အငိုနဲ့စခဲ့ကြရတယ်။
ရယ်တစ်ခါ ငိုတစ်လှည့်၊ နိုင်တစ်ခါ ရှုံးတစ်လှည့်၊ ပြုံးတစ်ခါ မဲ့တစ်လှည့်၊
မဆုံးတဲ့ခရီးရှည်ကြီးနှင်ကြရတယ်။
ကံသတ္တိထူးပါလာသူတွေမှာ ရွှေဇွန်းကိုက်မွေးလာခဲ့ကြပေမဲ့၊ အကျိုးပေးနည်းသူတွေ
မှာတော့၊ဒုက္ခအမျိုးမျိုးအိုးကြီးအိုးငယ်နဲ့ပေါ့လေ။လမ်းပေါ်မှာလမ်းပျောက်နေသူတွေ၊
မျှော်လင့်ချက်တွေမှေးမှိန်နေသူတွေ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသူတွေ၊ အများကြီးပါ။
မနက်က ကျုံးဘေးလမ်းလျှောက်ရင်းနဲ့ လူတစ်ယောက် ပလက်ဖေါင်းပေါ်မှာအိပ်ပျော်နေလိုက်တာ၊ အမှတ်မထင်ကြည့်လိုက်တော့ အသက်မှ ရှိရဲ့လားလို့ထင်မိတယ်။တုတ်တုတ်မှ မလှုပ်ဘူးလေ။
သူ့ဖာသာသူ နတ်စည်းစိမ်တော့ ဖြစ်မလားပဲ။ မြင်ရတဲ့သူအနေနဲ့ စိတ်မကောင်းဖြစ်စရာပါ။
သူဘယ်လောက်အထိအိပ်နေသလဲဆိုရင် ကျွန်မ အသွားမှာဖြတ်သွားတုန်းမြင်ခဲ့တာ
မနက်(၅.၄၅) လောက်ပေါ့။ သုဓမ္မာဇရပ်တွေနားထိလျှောက်ခဲ့ပြီး ခဏလေ့ကျင့်ခန်းလုပ်တယ်၊
၊ပြန်လာတော့ (၆.၃၀) လောက်ရှိပြီ။ အိပ်နေတုန်းပဲ။
ဒါနဲ့ ခပ်ကြောက်ကြောက်နဲ့ပဲ နည်းနည်းလှမ်းလှမ်းကနေ Zoom ဆွဲပြီးဒီပုံလေးရိုက်ခဲ့တာပါ။
မျက်နှာပိုင်းမပါတာမို့ ဝိနည်းလွတ် ကောင်းပါရဲ့။
ဒါနဲ့ အိမ်အပြန်လမ်းရွှေတစ်ချောင်းကိုဖြတ်ပြီးအမှိုက်ပုံကိုကျော်တော့နောက်ဘဝလေး
တစ်မျိုးကိုတွေ့ရပြန်ပါတယ်။အမှိုက်ပုံလူတန်းစားတွေ အကြောင်းမိတ်ဆွေတို့လည်းသိမှာပါ။
အမှိုက်ပုံထဲမှာ မျက်စိရှင်ရှင်နဲ့ငွေပြန်ဖြစ်မဲ့ပစ္စည်းမှန်သမျှကို အားခဲရှာနေကြရတာလေ။
ဒီကလေးကတော့ သူများနဲ့မူကွဲလေးမို့ စိတ်ဝင်စားစရာလေးပါ။ အမှိုက်ပုံထဲက ရှာရတဲ့
စာရွက်ပေါ်က စာလေးတွေ ကိုဖတ်နေတာ။ သူ့ခမျာ စာဖတ်ချင်ရှာတယ်၊ သိချင်ရှာတယ်၊
ဆိုတဲ့အတွေးလေး နဲ့ ကျွန်မ အိမ်ပြန်ခဲ့ပါတယ်။
ဒါနဲ့အိမ်နားရောက်ခါနီးတော့ ကိုရင်လေးတွေ ဆွမ်းခံပြန်လာကြတာပြီး နံနက်စာကပ်လှူတဲ့
အိမ်ထဲမှာ နားနေကြတာ တွေ့မိပါတယ်။ ဒီတော့ ထုံးစံအတိုင်း ကျွန်မ အတွေးစတွေ ခရီး
ဆက်တွေးမိသွားပါတယ်။ ဘုရားသားတော်တွေဘဝနဲ့ တစ်သက်လုံးသာသနာပြု
သွားကြမယ်ဆိုရင်တော့ ဒီကလေးတွေ ဘဝလေးတွေ ပူပန်သောကကင်းစွာနေနိုင်ကြမှာပဲ၊
အမှိုက်ပုံက ကလေးတွေထက်တော့ လုံခြုံမှုပိုရှိနေမှာပဲလို့ အတွေးတွေ ပျံ့လွင့်မိပါတယ်။
လူဖြစ်လာရ တစ်ခဏမှာ ဒုက္ခပါလား သိရက်နဲ့ ဒီဒုက္ခဘဝကြီးကိုပဲ ကျွန်မတို့တွေ
ဆင်းရဲချမ်းသာ ဘာသာမရွေး အဆင်ပြေအောင်နေ နေကြတာ မဟုတ်ပါလားရှင်။
TTNU.
45 comments
Mလုလင်
October 11, 2012 at 3:01 am
” လူဖြစ်လာရ တစ်ခဏမှာ ဒုက္ခပါလား သိရက်နဲ့ ”
မသိတဲ့ သူတွေ ကလဲ မသိကြဘူး
နောက်မှ ပြန်လာမန့် မယ် တီချာကြီးရေ …
TTNU
October 11, 2012 at 9:30 am
M လုလင်ရေ..
ကနဦးစာလာဖတ်သူ အဖြစ်ကျေးဇူးတင်ပါရစေ။
ဒုက္ခကိုအရောင်ဆိုးသွားတာက ကျော်ဟိန်းနော်။
🙂
kai
October 11, 2012 at 4:10 am
တီချယ်ပျောက်နေတာ.. ကြာလို့.. နေကောင်းကျမ်းမာရှိရဲ့လားလို့..
ဟိုတနေ့က.. မန့်တာတွေ့မှ.. အခုစာထဲမလည်း.. မနက်လေ့ကျင့်ခန်းလုပ်နေတယ်ဖတ်ရမှ.. စိတ်အေးရတယ်..။
ဆိုတော့…
တီချယ်စာအပေါ်မှာ..
ရွာသူားတွေထဲက.. နိုင်ငံရေးအမြင်နဲ့.. ဝေဖန်ရေးတာ ဖတ်ချင်မိသား..။ :harr:
TTNU
October 11, 2012 at 9:37 am
ကိုခိုင်ရေ…
သတိတရ ရှိမှုလေးအတွက် ကျေးဇူးတင်ပါတယ်ကွယ်။
ဒေါ်စုပြည်ပပွဲတွေမှာ လူအများစုရုံးနှုတ်ဆက်နေကြတာကြည့်ရင်းနဲ့
ကိုခိုင်တို့များတွေ့လိုက်ရမလားဆိုပြီး (စိတ်ကူးအတွေးနဲ့ပါ) လူအုပ်ထဲကို
ကြည့်မိသေးတယ်။ 🙂
kyeemite
October 11, 2012 at 8:26 am
တီချယ်ကြီးခင်ဗျား…
ပထမပုံကတော့…အမူးသမားဖြစ်မယ်…လူမှန်းသူမှန်းမသ်မူးပြီးမှောက်နေတာပါ
အိမ်ခြေရာခြေမရှိလို့ တွေ့ရာနေရာအိပ်တဲ့လူက ဒီလိုပလက်ဖေါင်းအလယ်မှာအိပ်လေ့မရှိဘူး..
အလုပ်အကိုင်မရှိ၊ စောင့်ရှောက်မယ့်သူမရှိတိုင်း ဘုရားသားတော်လုပ်ကြမယ်ဆိုရင်လည်း
တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးတိုးလာမှာစိုးရပါသေးတယ်…
တီချယ်ကြီးကျန်းမာနေတယ်ဆိုလို့ဝမ်းသာပါတယ်…
TTNU
October 11, 2012 at 9:48 am
ကိုကြီးမိုက်ရေ…
ကျန်းမာရေးအတွက် စိတ်ပူပေးတဲ့ မိတ်ဆွေကောင်းတိုးလာတာ
ဝမ်းသာဝမ်းမြောက်ဖြစ်မိပါတယ်။
“အလုပ်အကိုင်မရှိ၊ စောင့်ရှောက်မယ့်သူမရှိတိုင်း ဘုရားသားတော်လုပ်ကြမယ်ဆိုရင်လည်း
တိုင်းပြည်အတွက် ဝန်ထုတ်ဝန်ပိုးတိုးလာမှာစိုးရပါသေးတယ်…”
ဟုတ်တယ်ကိုကြီးမိုက်ရေ.. ကိုယ့်စိတ်ထဲ နည်းနည်း အမြင်မကိုက်ညီတဲ့ ကိုယ်တော်တွေ
တွေ့တိုင်း ဒီထက်မကတဲ့ အတွေးဆိုးမျိုးတွေ ပေါ်တတ်လွန်းလို့ ကိုယ့်ကိုယ်ကို
ဘရိတ်နင်းနေရတယ်။
ကြည်ဆောင်း
October 11, 2012 at 9:38 am
ဘယ်ခေတ်မှာ ဘယ်လိုဆင်းရဲမှုတွေတိုးလာတယ်ဆိုတာ စာရင်းပြုစုသူတော့မရှိလောက်ဘူးထင်ပါ့ …
အလကားနေရင်းတော့ တောင်းစားသူတွေ အမှိုက်ပုံဖွသူတွေ မူးပြီးလဲနေသူတွေ ရှိမယ်မထင်ပါဘူး …
အလုပ်လုပ်ပြီး ပိုက်ဆံရမဲ့နည်းလမ်းတွေ အလုပ်လုပ်ဖို့အခွင့်အရေးတွေပေါများလာခဲ့ရင်တော့ ဒီလိုလူတွေနည်းသွားဖို့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ် …
အဆင်ပြေနေထိုင်စားသောက်ဖို့ လုပ်ရမဲ့ အလုပ်တွေရှိဖို့ အလုပ်တွေရဖို့တာဝန်ကဘယ်သူ့မှာများရှိပါလိမ့်..
:bar:
TTNU
October 11, 2012 at 9:59 am
ကြည်ဆောင်းရေ…
(အလုပ်လုပ်ပြီး ပိုက်ဆံရမဲ့နည်းလမ်းတွေ
အလုပ်လုပ်ဖို့အခွင့်အရေးတွေပေါများလာခဲ့ရင်တော့
ဒီလိုလူတွေနည်းသွားဖို့ နည်းလမ်းတစ်ခုဖြစ်ပါလိမ့်မယ် )
အင်း.. စဉ်းစားစရာတော့ရှိတာပေါ့။
တစ်ခုပြောပြမယ်၊ တီချာ့မိတ်ဆွေ ဆရာတွေ (ဘက) ဘုန်းတော်ကြီးကျောင်းမှာ
လုပ်အားပေး ဆရာ လုပ်တော့ သူတို့ပြောပြတာ အမှိုက်ပုံကလေးတွေကို
စာသင်ပေးကြတယ်တဲ့။ ဒီကလေးတွေရဲ့မိဘတွေစီးပွားရေးကလည်း အမှိုက်ပုံပဲ။
ဒီကလေးတွေကလည်း အမှိုက်ပုံကဝင်ငွေ အတော်ရတာသိကြသတဲ့။
သာမာန်ဝန်ထမ်းတစ်ယောက်လောက်မကရတာကိုး။အဲဒီတော့ အလုပ်လုပ်ဖို့အခွင့်
အရေးတွေပေါများလာခဲ့ရင်တောင်မှ အခုလောက်ဝင်ငွေမရရင် ငြင်းမလားပဲနော်။
😛
pooch
October 11, 2012 at 10:26 am
တီချယ် အဲ့ဒါကတော်သေးတယ်ပြောရမှာ ဟိုနေ့က မီးပွုင့်မှာ တွေ့တာ အဲ့ထက်ပိုဆိုးတယ်။ 🙁
စကားမစပ် အနော်လည်း လမ်းပြန်လျှောက်တော့မယ် ဧည့်သည်တွေလည်း ပြန်သွားပြီ ။ ခုမှ အသက်ရှုချောင်တော့တယ်။ ကြားရင်တော့ ချစ်နေကြတော့ မှာ ဟီး
TTNU
October 11, 2012 at 10:42 am
Pooch ရေ…
ငါတို့ပုံတွေတွေ့ပြီးလမ်းပြန်လျှောက်ချင်တာလား။
ဟိုလူကြီးကို(လဲနေသူ ထူပေးပါ) အဆိုအရ လူသားချင်းစာနာပြီး
Breakfast ကျွေးမလို့ လာခေါ်မလို့လား။
😆
Onyx
October 11, 2012 at 10:33 am
တီချယ်ကြီး ရေ…. အမှိုက်ပုံ ကလေးကတော့ သေချာပေါက် ပလက်ဖေါင်းပေါ်မှာ လဲနေတဲ့ တစ်ယောက်ထက် သာနေတာတော့ အမှန်ပဲ ဘာလို့ဆို ကိုက သူများထက် မသာရင်တောင် တန်းတူနေချင်ရင် အလုပ်တစ်ခုခု ကို ကြိုးကြိုးစားစားနဲ့ ဝိရိယထားပြီး လုပ်နေရမှာမလား လုပ်စရာ အလုပ်မရှိဘူးဆိုတဲ့ စကားက တစ်ကယ်တန်းတော့ အလုပ်မလုပ်လိုတဲ့ လူတွေရဲ့ လက်သုံးစကားလိုကို ဖြစ်နေပါပြီ..
ဟိုအလုပ်ရမှ ဒီအလုပ်ရမှ ဆိုတာထက် အမှိုက်ပုံ ကလေး ဆိုရင်ပဲ မနက်စောစော ပဲ သူအလုပ်ကို သူ လုပ်နေပြီမဟုတ်လား..
အမှိုက်ပုံ က ဝင်ငွေက သာမာန်ဝန်ထမ်းတွေရဲ့ လစာထက်များမှာပါ ဘာလို့ ဆိုသူတို့ က အားစိုက်ထုပ်ရင်ထုပ်သလောက် ရကြမှာမို့ပါ…..
သူတောင်းစားတွေတောင် ဒီခေတ်ကြီးထဲ မှာ သာမာန် ဝန်းထမ်းလေးတွေထက် ဝင်ငွေများနေတာတွေတောင် တွေ့ ရပါသေးတယ်…
အလုပ်သမားဥပဒေ ဆိုတာ သေချာသာလုပ်ပေးနိုင်မယ် ဆိုရင်……………
အိုတီကြေး မရပဲ အိုတီတွေ တစ်ရက်လုံးနေရတာတွေ……..
အလုပ်ချိန်ကို ၈ နာရီထက်ပို ခိုင်းပြီး လာစာကတော့……….
ပိတ်ရက်လို့ သတ်မှတ်ထားတဲ့ ရက်တွေမှာ ပိတ်ပေးရလို့ (ဥပမာ လွတ်လပ်ရေးနေ့) Sunday လိုပိတ်ရက်မျိုးမှာ ပြန်ဆင်းပေးရတာမျိုးတွေ…….
တော်သေးဘီ
TTNU
October 11, 2012 at 10:53 am
Onyx ရေ…
ဟုတ်သာပါ့။ တီချာလည်း အဲဒီအမှိုက်ပုံက စာဖတ်နေတဲ့ကလေးကို သဘောကျနေတာ။
စကားစပ်ဟပ်ပြီးပြောရဦးမယ်။ တီချာနဲ့ စာလာဖတ်နေတဲ့ ဆရာဝန်ဘွဲ့ရပြီးကလေးတွေ
ဟိုတစ်နေ့ဆီက အင်တာဗြူး သွားကြတယ်။ အခြေအနေမေးတော့ အလုပ်ရဖို့ မသေချာသေး
ဘူး၊ ဖြေသူများစွာမှာ ဖြုတ်ချခဲ့မဲ့သူတွေလည်းများစွာတဲ့။ ညည်းတို့က Anywhere မလုပ်ခဲ့လို့လား
မေးတော့ လုပ်တာပေါ့ချယ်ရယ်တဲ့၊ ခန့်စရာ ဘတ်ဂျက်မရှိတာဆိုပဲတဲ့။
ဆရာဝန်တွေဆိုတော့လည်း
အမှိုက်ပုံ ဧဂျင်စီမှာ မလုပ်နိုင်ဘူးပေါ့လေ။
:buu:
aye.kk
October 11, 2012 at 10:46 am
တီချယ်ရေ..။
တီချယ်ပို ့စ်ဖတ်လိုက်ရတော့။ရင်ထဲခံစားချက်လေးတခုဖွင့်ဟမိချင်ပါတယ်။
ကံစီမံရာနာခံရစမြဲပဲဆိုတဲ့
အမေ့ရဲ ့လက်သုံးစကားလေးနဲ ့ပြောပြတာတွေသတိပြန်ရမိတယ်။
စေတနာတွေ၊အသိအလိမ္မာပေါကြွယ်ဝတဲ့နိုင်ငံတွေမှာလူသားချင်းကိုယ်ချင်းစာနာမှု
ထောက်ထားတဲ့တရားများပြီး၊အစိုးရကအခမဲ့ပညာသင်စရိတ်ကျောင်းတွေ
ကူညီထောက်ပံ့မှုပေးနိုင်တော့လူတိုင်းအားလုံးနီးပါးပညာတတ်ကြတဲ့အပြင်။
အလုပ်အကိုင်အခွင့်အလမ်းပေါများတယ်။
ကံကောင်းတယ်ဆိုတာအလုပ်ကောင်း၊ခြင်းကြောင့်ဖြစ်တယ်။
ကိုယ်လုပ်တဲ့အလုပ်ကောင်းလေလေကံကောင်းလေလေပဲ။အလုပ်ကောင်းဖို ့ဆိုတာတော့၊စိတ်သဘောထားကောင်းမှဖြစ်မယ်။
စိတ်သဘောထားဆိုတာစေတနာပဲ။
ဒါကြောင့်ကံကောင်းချင်ရင်,စေတနာကောင်းဖို ့လိုတယ်လို ့အမေကပြောဘူးတယ်။
တိုင်းပြည်မှာအုုပ်ချုပ်နေတဲ့မင်းကမင်းကျင့်ဝတ်ဆယ်ပါးနဲ ့ညီပြီး။စေတနာကောင်းရင်။
အဲဒီတိုင်းပြည်မှာလူလာဖြစ်ရတဲ့သူတွေမှာ။ဆင်းရဲဒုက္ခတွေအင်မတန်နည်းပါးပြီး။
ကံကောင်းတာတွေများမယ်လို ့ထင်မြင်မိပါတယ်။
အခုတော့တီချယ်ပြောသလို။
လူဖြစ်လာရတဲ့တခဏမှာ။
ကျမတို ့ပတ်ဝန်းကျင်မှာ။
ဘယ်နေရာမှာဘဲကြည့်ကြည့်။
မြင်နေတွေ ့နေရတာတွေ၊လုပ်ကိုင်ဆောင်ရွက်ရတဲ့နေရာကိစ္စမျိုးတွေမှာကအစ။
ဒုက္ခသုက္ခတွေနဲ ့ချည်းပဲရင်ဆိုင်ကြုံတွေ ့နေရတယ်။
အဆင်ပြေပြေနဲ ့ချောမွေ ့တာမျိုးကိုမရှိဘူး။
ကျမတို ့တိုင်းပြည်မှာလူတိုင်းလူတိုင်းစိတ်သဘောထားတွေကောင်းမွန်ပြီး။
အလုပ်အကိုင်ကောင်းလေလေဖြစ်မှသာဒုက္ခတွေကနေကင်းဝေးနိုင်ကြမှာပါ။
TTNU
October 11, 2012 at 10:58 am
မအေးကေရေ…
(ဒါကြောင့်ကံကောင်းချင်ရင်,စေတနာကောင်းဖို ့လိုတယ်လို ့အမေကပြောဘူးတယ်။)
ဆိုတာလေးကြိုက်လိုက်တာ။
ဒါပေမဲ့ မအေးကေရေ.. တစ်ခါတစ်လေမှာ စေတနာကောင်းရက်နဲ့ ကံမကောင်းတာတွေ
တွေ့ရတတ်ပါတယ်။ အတိတ်ကဆောင်ရွက်မှုတွေရဲ့ ကံသတ္တိ အကျိုးတရားတွေကို
ကျွန်မတို့ ချန်ထားလို့ မရပြန်ပါဘူး ထင်ပါရဲ့။
Anyway, ကျေးဇူးတင်ပါတယ်။ 🙂
amatmin
October 11, 2012 at 10:56 am
တီချယ်ရေ.. မင်္ဂလာပါ
တီချယ့်ပို့စ်ရယ်..ရွှေအိမ်စည်ရေးတဲ့ စိတ်မပျက်ပါနဲ့.ကလေးရယ် ပို့စ်ရယ်.
နောက်ပီး ကိုအလင်းဆက်ရဲ့.န ငယ်ပို့စ်ရယ်ဖတ်ပီး.စိတ်နွမ်းရပေမဲ့..
ဆွေးနွေးစရာ ဂလိုမျိုးပို့စ်တွေက ရွာ့ပုံရိပ်တွေဖြစ်တဲ့အတွက်..
ပို့စ်ရေးတင်တဲ့သူတွေကို ရွာသားတဦးအနေနဲ့ကျေးဇူးတင်ပါ၏.။ 🙂
တီချယ့်ပုံတွေအရ…
လမ်းပေါ်ကလူတွေ..အမှိုက်ပုံမှာ ရှာစားသူတွေ..ကိုကြည့်ပီး
ပင်ပန်းစွာ ရှာဖွေစားသောက်နေရတဲ့ဘဝတွေအတွက်စိတ်ပင်ပန်းရသလို..
သဂျီးပြောနေကြ (အခွင့်ထူးပိုနေတဲ့)လူတန်းစားတရပ်ကို ဆက်မြင်ကြည့်လိုက်တော့ကာ..
သူတို့အဖို့ကို လိုလေသေးမရှိစေတဲ့ ပတ်ဝန်းကျင်လူ့ဘောင်ကို ဆွဲထုတ်
မြှင့်တင်ပေးနိုင်မဲ့ ကိုယ်တော် ဘယ်လောက်များပေါ်ထွန်းလာနိုင်မလဲ
လို့ တပါတည်းဆက်တွေးမိလိုက်သဗျ.. 🙂
TTNU
October 11, 2012 at 11:05 am
အမတ်မင်းရေ…
(လိုလေသေးမရှိစေတဲ့ ပတ်ဝန်းကျင်လူ့ဘောင်ကို ဆွဲထုတ်
မြှင့်တင်ပေးနိုင်မဲ့ ကိုယ်တော် ဘယ်လောက်များပေါ်ထွန်းလာနိုင်မလဲ
လို့ တပါတည်းဆက်တွေးမိလိုက်သဗျ.) တဲ့လား။
တွေးပါ။ ကူတွေးပေးနေပါတယ်။ ပေါ်လာပြီလား။ နိုး….
ကဲပါ အမတ်မင်းရယ် ရှာမနေနဲ့တော့။ မင်းလည်းအမတ်ပဲဟာ။
တို့တစ်တွေကို ဆွဲထုတ်လိုက်စမ်းပါတော့အေဟဲ့။ 😥
ကိုခင်ခ
October 11, 2012 at 11:10 am
တီချယ်ကြီးရေ ကျွန်တော်တွေ့ကြုံတာလေးတစ်ခုပြောပါရစေ၊ ကျွန်တော်ရုံးမှာ ရုံးလုလင်တစ်ဦးလိုတော့ ကျွန်တော်နေတဲ့ရပ်ကွက်မှာရှိတဲ့ သစ်စက်မှာ သစ်ထမ်းပိုးလုပ်နေသော အသက်အရွယ်(၂၀)လောက်ရှိ
ကောင်းလေးတစ်ယောက်ကို စကားစပ်မိလို့မေးဘူးတယ်။ ကျွန်တော်က မင်းဒီမှာလုပ်တာ လုပ်ခ ဘယ်လောက်ရလဲဆိုတော့ တစ်နေ့ ၂၀၀ဝ ရတယ်၊ ဥပုဒ်နေ့နားရတယ်တဲ့။ ဒါဆိုသူတစ်လ ၅ သောင်းကျော် လောက်ရတယ်၊ ငါတို့ဆီမှာလုပ်မလား အဲဒီထက်လည်း လစာများမယ်၊
အခုလို ပင်ပင်ပန်းပန်းလည်း မထမ်းရဘူး နေပူထဲလည်းမလုပ်ရဘူးလို့ ပြောတော့ သူကပြန်မေးတယ်
လေးလေးတို့ဆီမှာ နေ့ခင်း ထမင်းစားပြီးရင် တစ်ရေးအိပ်ရလားတဲ့၊ ကျွန်တော်ကရုံးမှာဘဲရမလဲဆိုတော့ အဲဒီကောင်လေးက ဒိမှာ သစ်ကားဝင်ရင် ထမ်းပေးလိုက်ရုံဘဲ ကျန်တဲ့အချိန်ဆို ကျားထိုးလိုက်
ကြွေပစ်လိုက် နေ့ခင်းထမင်းစားပြီးလဲ တစ်ရေးအိပ်လိုက်နဲ့ အေးဆေးဘဲဟန်ကျတယ်တဲ့။
ဆိုလိုချင်တာက တစ်ခါတလေ လူတွေဟာ ကိုယ်ကျင်လည်ရာဝန်းကျင်လေးမှာ နေသားကျ ပျော်နေတတ် ကြတယ်လို့။ ခုန အမှိုက်ပုံက ကလေးလည်း သူကျင်လည်ရာမှာ နေသားကျပျော်နေကြရင်ဖြင့်ပေါ့ဗျာ။
TTNU
October 11, 2012 at 11:56 am
ကိုခ ရေ..
ကိုယ်ကျင်လည်ရာဝန်းကျင်လေးမှာ နေသားကျ ပျော်နေတတ်တာ တီချာတို့
လူမျိုးက ထိပ်တန်းကပဲ။ အပြောင်းအလဲကို အရမ်းမခုံမင်ချင်ဘူး။ ရှေးရိုးစွဲဝါဒ သမားက
များနေတယ်။ ( ကိုခိုင်ပြောတဲ့ နှစ်၁၀၀၀)
စားစရာရှိတာလေးစားပြီး အိပ်နေချင်တတ်တာ အများစု။
တိုးတက်ရေးလမ်းကြောင်းပေါ်ကိုဆွဲတင်ဖို့ (အား) တွေ အများကြီးလိုပါတယ်။
Moe Z
October 11, 2012 at 11:17 am
တီချာရေ အမှိုက်ပုံက ကလေးဆိုလို့ သမီးတို့အိမ်မှာတော့ ရီဆိုင်ကယ်ပြန်လုပ်လို့ရတဲ့ သမီးတို့လည်းမသုံးတော့တဲ့ ပစ္စည်းတွေဆို အိတ်တွေနဲ့ထုပ်ပြီး ခြံရှေ့ချပေးထားလိုက်တယ်
ပြန်သုံးလို့မရတော့တာတွေပဲ အမှိုက်ကားပေါ်တင်ပေးလိုက်တာ
အဲဒီကလေးတွေကိုများ နည်းနည်းကူညီရာရောက်မလားလို့ …
TTNU
October 11, 2012 at 6:00 pm
မိုးစက်ရေ..
အလွန်ကောင်းတဲ့ မျှဝေခြင်းပါ။
ကလေးတွေကတော့ ရောင်းလို့ရနိုင်တာတွေရွေးတတ်ချယ်တတ်လိုက်တာမှ။
တစ်ခါတစ်လေ သူတို့ ရွေးနေတာကြည့်ရင်း ကားစက်ရုံတစ်ခုမှာ
Assembly Line အတိုင်းအလုပ်လုပ်နေတာကျနေတာပဲတော့။ :gee:
surmi
October 11, 2012 at 11:22 am
C J တီတီနု
ကျန်းမာရေးလည်းဂရုပြုဦးနော်
လမ်းလျောက်ရင်းမတော်တရော်တွေ ့
မနက်စာ တော ့ခေါ်မကျွေးလိုက်နဲ ့
ရေချိန်မကိုက်လို ့နောက်တစ်ခွက်
ထပ် တိုက်နေရင်အခက်
သူတို ့အတွက်က
အရက်ပဲထွက်ပေါက်ရှိတာတဲ ့
တစ်နေကုန်ပင်ပန်းသမျှကို
အရက်ဖြူနဲ ့မျှောလိုက်ရရင်
နတ်စည်းစိမ်ဆယ်သက်
တစ်ကယ်မမက်ဘူး တဲ ့
ပလက်ဖေါင်းခေါင်းအုံး
ဓတ်တိုင် သေးပန်း
ကိုယ်ထင်ရင် ကုတင်ရွှေနန်း ဆိုပဲ
တစ်ကယ်ပါ တီချယ်ရေ
လူ ့ဘဝဆိုတာ
တိုတိုလေးမို ့သိထား
ရှောင်ရှားစရာတွေများသမို ့
သံဝေဂတွေပွား
နောင်တ တရားတွေနဲ ့
လောကီကိုရှောင်
စစ်ကိုင်းချောင်မှာ တစ်နေရာလောက်
ဘုန်းဘုန်းကို လျောက်ထားပေးပါလားတီချယ် ………..။
:hee:
TTNU
October 11, 2012 at 6:26 pm
ကိုဆာမိရေ…
တရားရသွားလေတော့
စကားဘယ်ကစ ရပါလိမ့်။
စိတ်အကြံတွေးတွေနဲ့
(ကိုဆာမိ) နိဗ္ဗာန်ကိုအရောက်ပြေးမလို့ထင်ပါရဲ့။
ဓိဋ္ဌာန်ပေါက်ပြီး သံဝေဂတွေပွား
နောင်တ တရားတွေနဲ ့
လောကီကိုရှောင်
စစ်ကိုင်းချောင်မှာနေချင်ပါသတဲ့။
မနေခင်မှာတော့ ရှင့်တစ်မေခင်ကို
ကိုဆာမိလေ မင်းနဲ့အလှမ်းမဝေးချင်ဘူး
One-way Ticket မဟုတ်ဘူးကွယ်
ကိုယ်ဝယ်သွားတာ Return- Ticket လို့ မှာခဲ့ဦးနော်။
:kwi:
နေဝန်းနီ
October 11, 2012 at 11:27 am
ဘုရားသားတော်တွေဘဝနဲ့ တစ်သက်လုံးသာသနာပြု
သွားကြမယ်ဆိုရင်တော့ ဒီကလေးတွေ ဘဝလေးတွေ ပူပန်သောကကင်းစွာနေနိုင်ကြမှာပဲ၊
အမှိုက်ပုံက ကလေးတွေထက်တော့ လုံခြုံမှုပိုရှိနေမှာပဲလို့ အတွေးတွေ ပျံ့လွင့်မိပါတယ်။)))
လို့ တီချာက ပြောတော့ မပြောတော့ဘူးဆိုပြီး မြိုသပ်ထားတဲ့ အကြောင်းအရာက ရင်ထဲက ပွစိ ပွစိ ပြန်အန်ထွက်ချင်လာရော…….။ မလုပ်ပါနဲ့ တီချာရယ်….။
ခုတစ်လော ရပ်ကွက်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ အလှူခံနေတဲ့ အလှူခံတွေ များများလာလို့ စိတ်ညစ်နေပါတယ်…။ အသံချဲ့စက်နဲ့ အသံအမျိုးမျိုး နဲ့ {အလှူအကြောင်းချီးမွမ်းလို့ တစ်မျိုး .. သီချင်းဆိုလို့ တစ်ဖုံ …….. (သူတို့ကတော့ ဘာသာရေးလုပ်ငန်း လုပ်နေတာပေါ့လေ……… ကြားရတဲ့ နားက မသက်သာ) } အရှေ့ကျွန်းက ဂီဂီ ပြောသလို (နားမုဒိန်း အကျင့် ခံနေရတာ ) ဖြစ်နေပြီ အလှူခံနေကြတာ….။ တီချယ်ပြောသလိုသာဖြစ်မယ်ဆိုရင်………. အိုး ………. ဘယ်ထွက်ပြေးရပါ့…………. တီချယ်ရေ……… အပြစ်ပြောတာမဟုတ်ဘူးနော် လက်တွေ့ကြုံနေရတာကို မနေတတ်လို ပြောတတ်သလို ဝင်ပြောကြည့်တာ……….
TTNU
October 11, 2012 at 6:31 pm
ကိုနီရေ…
ဟုတ်သာပါ့။ ပြောပြန်ရင်လည်း ကိုယ်ပဲ Pessimist ဖြစ်ဦးတော့မယ်။
အကောင်းထဲမှာ ပါဝင်နေတဲ့ အဆိုးတွေက ပိုသိသာတာ သဘာဝလို့ထင်ပါရဲ့
ကိုနီရေ။
ကိုရင်စည်သူ
October 11, 2012 at 11:40 am
တီချယ်ကြီး ကျန်းကျန်းမာမာရှိနေတာ သိရလို့ ဝမ်းသာပါတယ်ဗျာ..
ဒီဓါတ်ပုံမှာ မြင်ရတဲ့ ကိုရင်တွေရဲ့ မျက်လုံးတွေက ဖြူစင်အပြစ်ကင်းတယ်လို့
မြင်နေရတယ်ဗျာ… ဗုဒ္ဓရဲ့ တရားရိပ်ထက် အေးချမ်းတာထက်တော့ ဒီဘဝမှာ
ရှိမယ်မထင်မိဘူး…။ ကိုရင်ဒီတစ်ခေါက် ပြန်ရင် ပဉ္စင်းတက်မယ် ဆုံးဖြတ်ထားတယ်..။
လူဖြစ်လာရ
တခဏ ဇာတိ၊ဇရာ၊ မရဏကို
မလွှဲမရှောင်တွေ့ရဦးမည်ပါသကား.. အတွေးပွားမိသွားပါတရ်
Best Regards,
ကိုရင်စည်
TTNU
October 11, 2012 at 6:38 pm
ကိုရင်ရေ…
စိတ်ကူးနဲ့တင် ကုသိုလ်စိတ်ပွားမိနေတာ အလွန်ကောင်းလှပါတယ်။
(၁) ဇာတိ၊ဇရာ၊ မရဏကို သိမယ်။
(၂) လောဘ၊ဒေါသ၊မောဟ ကို (တတ်နှိုင်သ၍) လျော့ပါးအောင် အားထုတ်မယ်။
(၃) ဒါန၊သီလ၊ဘာဝနာ ကို (အားထုတ်နှိုင်သ၍) ကြိုးစားအားထုတ်ကြည့်မယ်။
(၄) အနိစ္စ၊ဒုက္ခ၊အနတ္တ သဘောတရားကို (ဉာဏ်မှီနှိုင်သ၍) နားလည်အောင်လုပ်ကြည့်မယ်။
ဆိုရင်ကိုပဲ နောင်ဘဝတွေ နိဗ္ဗာန်တွေ အသာထား အခုပစ္စုပ္ပါန်မှာ ကို အတော်ဟုတ်နေပါပြီ။
Khaing Khaing
October 11, 2012 at 11:53 am
တိုက်တိုက်ဆိုင်ဆိုင်တီချယ်ရေ … မနက်ကပဲ … ဖယ်ရီးစီးရင်ကားပေါ်မှာ အတွေးတစ်ခုဝင်နေမိတယ် …. လှည်းတန်းမီးပွိုင့်မှာ မိနေတုန်း သွားလာလှုပ်ရှားကြတဲ့လူတွေကို ကြည့်ပြီး … ဒုက္ခများလှတဲ့ လူ့ဘဝကို တွေးနေမိတယ် ….. တစ်နေ့တစ်နေ့ အသက်ရှင်ဖို့ အစားစားရ … အစားစားဖို့ အလုပ်လုပ်ကြ … မိခင်က သားလက်ကိုဆွဲ ကျောင်းကိုသွား …. ဈေးခြင်းတောင်းကြီးနဲ့ ဘိုသီဘတ်သီ မိသားစုအတွက် ဈေးဝယ်ချက်ပြုတ် … ဒီလိုနဲ့လူ့ဘဝသံသရာလည်နေကြတယ် …. ကိုယ့်ကိုလည်း တွေးမိတယ် … မိသားစုအတွက် ရုန်းကန်ရ လွမ်းရဆွေးရ လူ့ဘဝမှာနေပြီး ဘာမှလည်း အကျိုးမရှိ…… အကျိုးရှိအောင် လူဖြစ်ရကျိုးနပ်အောင်လည်းမလုပ်နိုင်သေးတဲ့ ကိုယ့်ကိုကိုယ့် အားမလို အားမရဖြစ်မိတယ် ……..
TTNU
October 11, 2012 at 6:44 pm
ခိုင်ရေ…
(ကိုယ့်ကိုကိုယ့် အားမလို အားမရဖြစ်မိတယ်)
ဒီစိတ်မျိုး မပေါက်အောင်ကြိုးစားပါနော်။
လူ့ဘဝဒုက္ခ ဆိုပေမဲ့ လူဖြစ်နေတာမို့ ကောင်းတာရော
မကောင်းတာရော လုပ်ခွင့်ရနေရာက
ကောင်းတာတွေ လုပ်ချင်၊လုပ်တတ်၊ လုပ်မိနေတာ
ရွေးချယ်တတ်နေတာ အမြတ်ပေါ့နော။
ကိုပေါက်(မန္တလေး)
October 11, 2012 at 11:56 am
မာမီရေ
ခရီးသွားနေလို့ ခဏဝေးနေပါတယ်။
ထုံးစံအတိုင်းသူများနောက်မှာပေါ့။
ဒီတစ်ခေါက် တောင်ကြီးမှာတွေ့တဲ့မြင်ကွင်းလေးကို မရိုက်ဖြစ်ခဲ့ဘူး။
ဒီတစ်ခေါက် တောင်ကြီးဈေးနားလေးမှာ ကလေးလေးနှစ်ယောက် နဲ့ခွေးသားအုပ်မတစ်အုပ်တွေခဲ့တယ်။
ခွေးသားအုပ်မက ခွေးလေးတွေနို့တိုက်နေပါတယ် လှဲအိပ်ရင်းပေါ့။
ကလေးတစ်ယောက်က ခွေးလေးတွကို နို့စို့လို့ရအောင်တွန်းပေးနေပါတယ်။
နောက်တစ်ယောက်က အီကြာကွေးကို ခွေးမကြီးပါးစပ်ထဲခွံ့နေပါတယ်။
ဒီပုံလေးရိုက်ချင်ပေမယ့် လူအရမ်းရှုပ်နေလို့မရိုက်ခဲ့မိပါဘူး။
နောက်ရက်မနက်ကျနော်လမ်းလျောက်တော့ မိုးလေးက တစ်ဖျောက်နှစ်ဖျောက်။
နည်းနည်းလေးတော့အေးစိမ့်စိမ့်။
မဖွင့်သေးတဲ့ဆိုင်ခန်းရှေ့မှာ ခွေးသားအုပ်မကြီးရယ် ကလေးနှစ်ယောက်ရယ်အောက်မှာဂျဒ်တွေခင်းပြီး
အတူအိပ်နေပါတယ်။
ကလေးတစ်ယောက် ခွေးမကြီးကိုဖက်လို့။
ဒီမြင်ကွင်းကို မှတ်တမ်းတင်မယ်လို့စိတ်ကူးမိပေမယ့် ကျနော်မရိုက်ရက် မရိုက်ခဲ့ပါဘူး။
ရင်ထဲမှာ အတော်လေး ခံစားလိုက်ရလို့ပါ။
စိတ်ခိုင်တယ်လို့ မှတ်ယူထားတဲ့ကျနော့်ရင်ထဲမှာအနည်းငယ်တော့ဆို့နင့်သွားမိပါတယ်။
ပါတ်ဝန်းကျင်မှာဆိုင်ခင်းနေတဲ့သူ တွေ အမိူက်လှဲနေသူတွေအဖို့တော့ နေ့စဉ်တွေ့နေကျမို့ မထူးဆန်းတဲ့မြင်ကွင်းပေါ့။
ဒီကလေး လေးကို လွန်ခဲ့တဲ့ သင်္ကြန်အပြီးတုံးကလဲကျနော်တွေ့ခဲ့ပါတယ်။
ကိုယ်ဘာမှ လုပ်မပေးနိုင်တဲ့အတွက် ဘာမေးခွန်းမှ မထုတ် ဘာမှလျှာမတွန့်ခဲ့မိပါဘူး။
ကျနော်တို့ ဒီလောကကြီးမှာလူဖြစ်ခဲ့ကြတာတွေက ကျနော်တို့ တောင်းဆိုလို့ဖြစ်လာကြတယ်လို့မခံယူပါဘူး။
ဖြစ်ချင်လို့ဖြစ်လာတယ်လို့ဘဲအောက်မေ့ပါတယ်။
တိုက်ဆိုင်မူ့ပေါင်းများစွာကြောင့်ရောက်လာတယ်လို့ဘဲမှတ်လိုက်ပါတယ်။.
ဘာသာတရားနဲ့ အတော်လေးအလှမ်းကွာတဲ့ ကျနော်က ဘာသာတရားနဲ့လဲ အကြောင်းပြလို့ မပြောချင်ပါဘူး။
ဒီလိုအဖြစ်အပျက်တွေ မြင်တိုင်း ခေတ်ကြောင့် စနစ်ကြောင့် လို့သာအပြစ်တင်ခဲ့ကြပါတယ်။
အတိအကျပြောရရင်တော့ လူ့လောကထဲကို ဆွဲသွင်းလာခဲ့တဲ့ သူနှစ်ဦးရဲ့ တာဝန်မဲ့လို့ဘဲ ပြောရပါမယ်။
(ဒါက ကလေးတွေနဲ့ပါတ်သက်တာကိုပြောတာပါ)
ဘယ်အတွက်ကြောင့် ဘာကြောင့်မှန်းမသိဘဲရောက်လာရတဲ့လူလောကြီးထဲမှာ မတူညီတဲ့ဘဝပေါင်းများစွာက လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ အသက်ရှင်အောင်ရုန်းကန်လှုပ်ယှားလို့နေကြရပါတယ်။
ဆင်းရဲချမ်းသာ မတူညီကြပေမယ့် မိမိရဲ့စိတ်ခံစားမူ့အပေါ်မှာမူတည်ပြီး တုန့်ပြန်မူ့ခြင်းလဲ မတူနိုင်ကြပါဘူး။
အစောက တွေတဲ့ကလေးနဲ့ခွေးလေးအတွက်ကျနော်ကဝမ်းနည်းနေပေမယ့် ဒီကလေးတွေက တော့သူ့ရောက်ရာဘဝမှာ သူပျော်နေမှာအသေအချာပါဘဲ။
ဒီလိုဘဲ အမိူက်ကောက်နေသူကလေးကလဲ သူ့စိတ်ချမ်းသာအောင်သူနေမှာပါဘဲ။
ပြောင်းပြန်တွေးကြည့်ရင် ငွေကြေးချမ်းသာ ပြည့်စုံပြီးအားလုံးကမက်မောရတဲ့ ဘဝမှာနေပြီး စိတ်ဆင်းရဲနေသူကလဲ အများကြီးရှိမှာပါ။
ကျနော်မနက်လမ်းလျောက်တဲ့ နေရာလေးမှာ ကားအကောင်းစားကြီးနဲ့လာပြီး ကန်ရေပြင်ကို ငေးမောပြီး
နေ့တိုင်းကြည့်နေသူတစ်ဦးကို မြင်ရတတ်ပါတယ.်။
သူ့ကိုကြည့်ရတာ စိတ်ဆင်းရဲနေပုံပါဘဲ။
ဘယ်နေရာမှာရောက်ရောက် စိတ်ချမ်းသာအောင်မိမိစိတ်ကိုမိမိ ဖြေလျော့နိုင်ဘို့အရေးကြီးပါတယ်။
ကျနော်နှစ်သက်တဲ့ ခင်ဝမ်းသီချင်းခေါင်းစဉ်လေးအတိုင်းပြောရင်တော့
“သူ့အလိုအတိုင်းရှိစေ…………………………”
မိုးတိမ်
October 11, 2012 at 1:19 pm
ဟုတ်လိုက်လေ လေးပေါက်ရာ။ပိုက်ဆံရှိတိုင်းမပျော်နှိုင်ပါဘူးခင်ဗျ။
အာဏာ၊ရာထူး၊ဂုဏ်ထူး၊ငွေကြေးတွေကစစ်မှန်တဲ့ပျော်ရွှင်မုူ့ကိုမရပါဘူး။
တစ်ကယ်တော့ကိုယ့်စိတ်ထဲမှာပဲ ပျော်ရွှင်မှု့ကိုဖန်တီးရတာပါ။အဲဒါကလဲငွေရှိရင်တော့ ပျော်ရွှင်မှု့အတုအယောင်ကိုခဏရမပေါ့လေ။အကောင်းဆုံးကတရားထိုင်တရားမှတ်နေတာ ငြိမ်းအေးပါတယ်ခင်ဗျာ။
ပြောသာပြောရတာဘုန်းကြီးဝတ်နေတဲ့အချိန်ပဲကျွန်တော်လဲ အေးချမ်းရတာပါ။ကိစ္စများမြောင်လူတို့ဘောင်မှာတော့ အချိန်မရှိတာရော၊လုပ်ဖို့
ခက်နေတာရောကြောင့် ကျွန်တော်ကိုယ်တိုင်မလုပ်ရသေးပါဘူး။
ဒီနှစ်ထဲတော သင်္ကြန်ရောက်ရင် ဘုန်းကြီးထပ်ဝတ်ဖု့ိစိတ်ကူးထားပါ၏။
TTNU
October 11, 2012 at 6:54 pm
ကိုပေါက်ရေ..
မာမီ ဂဇက်ရောက်တာ အတော်ကြာပြီ၊ ကိုပေါက်ဆီက ဒီတစ်ခါပဲ
Comment ရှည်ရှည်ကြီးရဖူးတယ်။ ကျေးဇူးတင်ပါတယ်ကွယ်။
ဒီကလေးလေးဘဝကို ကိုယ်ဝင်ခံစားကြည့်ရင်း ခံစားလိုက်မိပါတယ်။
ခင်ဝမ်းက(သူ့အလိုအတိုင်းရှိစေ..) တဲ့လား။
အင်း.. ကိုယ်ဖြေရှင်းပေးလို့မရတဲ့ ဒုက္ခတွေ အများကြီးပါလား။
ကိုယ်ရပ်နေတဲ့ မြေကြီးလေးတောင် နည်းနည်းပျော့သွားသလိုပဲနော်။
အော်..မေ့တော့မလို့ BC လေးလက်ခံပါဆရာ။ 🙂
Ma Ei
October 11, 2012 at 12:03 pm
အမှိုက်ပုံမှာ စာဖတ်နေတဲ့ ကလေးကိုဓါတ်ပုံကြည့်ပြီး
စိတ်မကောင်း ဖြစ်ရလို့ ကိုယ်တိုင်မြင်ခဲ့တဲ့ တီချာရဲ့
စေတနာ အတွေးကို မြင်ယောင်မိပါတယ်…
etone
October 11, 2012 at 12:37 pm
တီချယ်ကြီးရေ …
သမီးကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်သူမို့ ၊ အတိတ်က ပြုခဲ့တဲ့ .. မမြင်ရတဲ့ ကုသလို၊ အကုသိုလ် အဆိုးကောင်း အကျိုးပြစ်တွေကို ဒီဘဝမှာ ခံစားရတယ်လို့ ဖြည့်တွေးမိပါတယ် ။ ဒါကြောင့် ကိုယ့်ထက်အများကြီးမြင့်တဲ့ ဘဝတွေကိုအားကျရင်းလည်း မပူလောင်ဘူး ၊ ကိုယ့်ထက် နိမ့်ကျတဲ့ ဘဝတွေကိုတွေးပြီးလည်း မနှိမ်ဘူး မကဲ့ရဲ့ဘူး … …. လက်ရှိပိုင်ဆိုင်နေတဲ့ ဘဝလေးကိုပဲ ၊ အတတ်နိုင်ဆုံး အေးအေးချမ်းချမ်း အခြေနေမျိုးဖန်တီးချင်စိတ်ပဲ ရှိတယ် ။ တစ်ဦးတစ်ယောက် အဆင်ပြေဖို့ အတွက် ကိုယ်လုပ်ပေးနိုင်တာမျိုး ၊ အကူညီပေးနိုင်တာမျိုးရှိလျှင်တော့ ၊ လုပ်ပေးချင်တဲ့ စိတ်ရင်းက အရံသင့်ရှိနေပါတယ်လေ ။ အကူညီလိုရဲ့ သားနဲ့ …. ကိုယ့်ဘက်က ကူညီနိုင်တဲ့ အခြေနေမျိုး မရှိလျှင်တော့ … လွှတ်ချလိုက်ဖို့ ….ဥပက္ခာပြုဖို့လည်း ဝန်မလေးပါဘူး ။ လူ့ဘဝက တိုတိုလေးပါ ။ အသက်ရှင်နေစဉ်မှာတော့ … ငြိမ်းချမ်းတဲ့ ဘဝမျိုးပဲ ဖန်တီးချင်ပါတယ် ။
ပထမပုံထဲကလို လူ …. ရန်ကုန်မှာလည်း ခဏခဏ တွေ့ဖူးပါတယ် ။ တွေ့ခါစကတော့ သနားမိတယ်ပေါ့ … ။ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီမှာတောင် အဝတ်မလုံပဲ ကွေးနေရတာတွေ မြင်လျှင် .. ရင်ထဲ သိပ်မကောင်းဘူး … ဒါပေမယ့်လေ … လူဆိုတာမျိုးကလည်း ခက်တယ် တီချယ်ရေ တစ်ခါတစ်လေ နားလည်ရခက်တယ် ။ အကူညီပေးဖို့ အနားကပ်သွားသူတွေကို အိပ်နေတဲ့ လူက ထဆဲတာလည်း မြင်ခဲ့ဖူးတယ် …. ။ သနားလို့ ပိုက်ဆံပေးတဲ့ လူကို … ဘယ်လောက် ထပ်ပေးပါဦးတောင်းတာမျိုးလည်း မြင်ခဲ့၊ ကြုံခဲ့ဖူးတယ် … တစ်ခါတစ်လေ သနားတဲ့ ဓါတ်ခံလေးတောင် ၊ ရင်နာမိသလိုမျိုးကြီး … ဖီလင် သိပ်မကောင်းဘူး … ။
အမှိုက်ပုံနားက ကလေးမျိုးကိုတော့ သဘောကျမိပါတယ် ။ ဘဝပေးကံကြောင့် ဘယ်အခြေနေပေါ်ရောက်ရောက် ၊ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာကို … ကိုယ်တိုင် ဖန်တီးမှ ရမယ်ဆိုတဲ့ အသိမျိုး ရှိပုံပေါ်တယ် …. အဲ့လို စိတ်ဓါတ်မျိုးလေးဆို အရမ်း သဘောကျမိမှာပါပဲ ။
ကိုရင်လေးတွေနဲ့ ပတ်သတ်လို့တော့ ထင်မြင်ချက် မပေးတော့ပါဘူး တီချယ်ရေ။ အရွယ်ငယ်ပေမယ့် … လောကုတ္တရာအကျိုးသယ်ပိုးနေတဲ့ …သူတို့လေးတွေကို လေးစားမိပါတယ် ။ :gee:
မောင်ပေ
October 11, 2012 at 12:51 pm
မင်္ဂလာပါ ဆရာမကြီးခင်ဗျ
ဆရာမကြီး လမ်းလျှောက်ထွက်တဲ့နေ ့က ဆရာမကြီး ကံကောင်းခဲ့တယ်လို ့ပဲ ဆိုရမယ်ဗျ
အခုကျုံးဘေးမှာ တစ်ပတ်ကို ၅ရက် ၆ရက်လောက် … မနက်ရနာရီ၄၅လောက်ရှိသေး… တစ်နေ ့တာအတွက် စကက်ဂျူးဆွဲနေတဲ့ ၊ ပုခုံးပေါ်လက်တင်ပြီး “ ဒါငါ့ပစ္စည်းလေး” ဆိုပြီး ၊ မနက်ခင်းအလုပ်သွားများကို ကြေငြာနေတဲ့ အတွဲများကို မတွေ ့ခဲ့ရတာ ဆရာမကြီး မျက်စိနောက်သက်သာ စိတ်ချမ်းသာရခြင်းပါပဲ
အရီးခင်လတ်
October 11, 2012 at 3:57 pm
“လမ်းပေါ်မှာ အမူးသမားတစ်ယောက် မူးလဲ နေတယ်။
ရမ်းယောင် ကာ သီချင်းတစ်ပိုင်းတစ်စ ညည်းညူနေတယ်။”
တဲ့ စိုင်းထီးဆိုင်က။
တီချယ်ကြီး – အဲဒီ လဲနေသူရော သီချင်း ညည်းချင် ညည်း နေမှာလားလို့ တွေးမိတယ်။
ဒါဆို သူဘဝ နေပျော်နေပါသေးတယ်။ နေပျော်နေပါစေ။
နောက် တစ်ပုံက ” ခွေးတစ်ယောက် နဲ့ လူတစ်ကောင်” ကို ဆိုမယ် လုပ်ပြီးမှ စာကို ငုံ့ဖတ်နေရှာတဲ့ သူကို အားနာသွားတယ်။
အဲဒီ စာတစ်ပိုင်းတစ်စ ထဲ မှာ သူ့ဘဝ ကို နေပျော်စေမဲ့ စာလုံးလေးတွေ ပါပါစေလို့ ဆုတောင်းပါတယ်။
အောက်ဆုံး ပုံ ကတော့ မနုတဿ ဒုလ္လဘ (လူ့ဘဝ ဆိုတာ ရခဲ၏) ဆိုသလို ပါဘဲ။
ကိုရင် လေးတွေ ရဲ့ ရဟန်း ဘဝ က လဲ ရခဲ ပါတယ်။
ဒါပေမဲ့ အဲ ဒီ ဘဝ မှာ သူတို့ အားလုံး တကယ်ဘဲ တသက်လုံး ပျော်ပါ့မလား။
ရဟန်း ဘဝ မှာ လဲ ဒီဘဝ ကနေ နောက်ဘဝ ဆိုတာ မရှိတော့အောင် အပြတ်တရား ရဖို့ ကြိုးစားနေမဲ့ ရဟန်း တွေ အားလုံးဖြစ်မဲ့ ပုံမပေါ်ဘူး။
ရခဲတဲ့ လူဘဝ မှာ ရခဲ တဲ့ ရဟန်းဘဝ ကနေ ဘဝငြိမ်းအေးမှု အစစ် ကို ရှာနိုင်ကြပါစေ။
ဒီလို ဘဲ ကျွန်မ တို့ အများစုလဲ လူဖြစ်လာရ တခဏမှာ ချစ်ခြင်း မုန်းခြင်း ပျော်ချင်း မပျော်ခြင်း စတာတွေ နဲ့ တလှည့်စီ ကျင်လည်ပြီး ဒေါသ မောဟ လောဘတွေ နဲ့ နေဝင် နေကြရတာဘဲ တီချယ်ရယ်။
တီချယ်ကြီး ရဲ့ ဓာတ်ပုံစွမ်း နဲ့ သရုပ်ဖော်ပြတာ ကို တကယ်ဘဲ သဘောကျ မိပါရဲ့။
မလတ် လဲ ဒါမျိုး အတု ယူပြီး တင်ချင်ပါရဲ့။ :hee:
TTNU
October 11, 2012 at 7:23 pm
မလတ်ရေ…
Comment လှလှလေးပေးတတ်လို့ ကျေးဇူးတင်ပါရစေ။
နေပျော်စရာဘဝလေးတစ်ခုကိုတီချာတို့ ပိုင်ဆိုင်ဖို့ စဉ်းစားကြည့်ရအောင်။
(၁) စား ဝတ် နေ သုံးခု အတော်အသင့်ရပြီလား။
(၂) စိတ်နှလုံးအေးချမ်းရဲ့လား။
(၃) လုပ်သင့်လုပ်ထိုက်တာတွေ ကျေပွန်ပြီးပြီလား။
ကိုငမူး အနေနဲ့တွေးကြည့်ရအောင်။
(၁)ထဲကစားဝတ်နေ သုံးပါးလုံး ငါဂရုမစိုက်ဘူးကွာတဲ့။
(၂)ကတော့ လာမေးမနေနဲ့ အလွန်လန်း၊ အလန်းလွန်တယ်ကွတဲ့။
(၃)ငါဒီမှာ အိပ်သင့်တယ်ထင်လို့လာအိပ်တာလေ။ ငါ ဘာမီးမှမမွှေး၊
ဘာ အဲကွန်းမှ မကွန်း ဘာ ဖလူးရှင်းမှ မဖြစ်မောင်နေနေတာကွ တဲ့။
မောင်စာဖတ်ချင်လေးကတော့ မေးမနေပါနဲ့အန်တီရယ် သားသား
ကာတွန်း အဖတ်ပျက်ပါတယ် တဲ့။ ပျော်ပါတယ်ဗျာ၊ တစ်နေ့ (၃၀၀၀)
ကျပ်လောက်ရတာပဲ တဲ့။
ကဲ မလတ်ရေ…
ကိုပေါက်ပြောသလိုပဲ မပျော်တာက သူဋ္ဌေးတွေကွဲ့။
:kwi: :kwi:
မိုချို
October 11, 2012 at 4:10 pm
တီချယ်ကြီးရေ
ရင်မောစရာတွေ မေ့ ထား ပြီး ( ဟိုဘက် က အန်တီ ပဒုမ္မာ ရဲ့ ပိုစ့် မှာတော့ရေး ပြီး ပြီ) မြင်တဲ့ အမြင် အတိုင်း ပြောရရင် လူကြီး အိပ်နေတဲ့ လမ်း ဘေး ပလက်ဖောင်း က ရှင်း လင်း ပြီး အကျယ်ကြီး ပဲ။ ဟို ကလေး ဖွနေတဲ့ အမှိုက် ပုံ ကလည်း ဗွက် ထ မနေဘူး။ မန်း တလေး က ရန်ကုန် ထက် ပို သန့် မယ်ထင်တယ် နော်။
TTNU
October 11, 2012 at 7:11 pm
မအိရေ..
ခံစားချက် ညီသွားပါတယ်။
—————- 🙂
အိတုန်ရေ…
အကြောင်းအကျိုးကို မြင်တတ်နေသူမို့ ဝမ်းသာပါတယ်။
သမီးပြောသလိုပဲ ငြိမ်းချမ်းတဲ့ ဘဝလေးဆိုတာ ကိုယ်ကိုယ်တိုင်သာဖန်တီး
ရမှာပါ။ သောကဗျာပါပွေလိုက်တာလို့ တွေးမိရင် တွေးလိုက်တာကိုက ကိုယ်ပဲလေ။
ပြည်စုံလေးနက်တဲ့ Comment အတွက် ကျေးဇူးတင်ပါတယ်နော်။
—————- 🙂
မောင်ပေရေ..
“ ဒါငါ့ပစ္စည်းလေး” အဖွဲ့ကို တွေ့ပါတယ်။
မျက်စိတော့ မှိတ်မထားပါဘူး။ ငါသိတဲ့ ကလေးများလားဆိုပြီး
လှမ်းတော့ဝင့်လိုက်တာပေါ့။ ဟုတ်နေရင် တီချာ ဘာလုပ်မလဲ လို့
မင်းဆက်တွေးနေတယ်မလား။ ဟဲဟဲ။
ဘာမှမလုပ်ဘူး။ နောက်နေ့ ခေါ်ပြောမယ်။ ” နေရာရွှေ့” လို့။ 😆
————————— 🙂
မိုချိုရေ..
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနေရာတွေ သန့်ရှင်းနေပါတယ်။
အခြားနေရာတွေမှာ ညစ်ပတ်တတ်ပါတယ်။ ကျုံးဘေးအဲဒီနေရာတွေ
အခုတလော MCDC တွေ အလုပ်ဆအားလုပ်တာတွေ့ရပါတယ်။
————————- 🙂
weiwei
October 11, 2012 at 7:56 pm
ရန်ကုန်က အမှိုက်ပစ်တဲ့စနစ်ကြောင့် အမှိုက်ရွေးကောက်မယ့်ကလေးတွေ ဒုက္ခရောက်နေကြတယ်. အမှိုက်ပစ်အိတ်သတ်မှတ်ပြီး သေချာလုံအောင် ထုတ်ပိုးပြီးမှ အမှိုက်ပစ်နေရတယ် … အမှိုက်ထုတ်မွှေဖို့ အဆင်မပြေကြတော့ဘူး … ကျွန်မကတော့ အထုတ်တစ်ထုတ်နဲ့ ပြန်ရောင်းလို့ရနိုင်မယ့် အမှိုက်ခြောက်တွေကို သီးသန့်ဖယ်ထားပြီး အမှိုက်လှည်းတွန်းတဲ့ကောင်းလေးကို ပေးလေ့ရှိပါတယ် …
အလင်းဆက်
October 11, 2012 at 8:11 pm
တီတီနု….
အဲဒီ အပေါ်ဆုံး ပုံထဲက…
မူးပြီး.လဲ.နေတာ.. ..စိန်ဗိုက်ဗိုက်လား…
ဒါမှ မဟုတ်… မိုးမင်းသား လားမသိ ။ မိုးမင်းသားလည်း.ဒါမျိုး..ခဏခဏ.. မူးပြိးမှောက်နေကျ ။
—————————–
တီတီနုရေ….
လူဖြစ်လာရ… ဘဝခဏ တာမှာ…
တားတားတော့.အမှား တစ်ခုကို ထပ်ခါ ထပ်ခါ မမှားမိအောင်..နေတော့မယ်ဗျာ.။
သူများ..မှားတဲ ့ အခါ..လည်း..အဲဒီလို အများမျိုး..ကိုယ် မမှားအောင်…
ဆင်ခြင် ..ပြင်ဆင်မယ် ။
သူများ.မှန်တာတွေ.ကောင်းတာတွေ..လုပ်တဲ ့အခါ…
သူတို ့လို…..
ကောင်းတာ မှန်တာတွေ… များများလုပ်နိုင်အောင်.. လုပ်ဖြစ်အောင်…
ကြိုးစားမယ်…ဗျ ာ.။
တီတီနုရေ..
တားတား.. မဆိုးတော့ဘူး..။ ..နော် ။
:kwi:
မဟာရာဇာ အံစာတုံး
October 11, 2012 at 8:15 pm
တီချယ်ကြီး ခင်ဗျာ …
သားသား တစ်ယောက် အားကြီး နောက်ကျပြီးမှ ရောက်လာလို့ ..
ရိုက်ပေးပါ …
ပထမဆုံး ပုံထဲကလို လူတွေကို မြင်ဖူးတယ် ခင်ဗျ …
ကျနော်တို့ ရန်ကုန် ဘတ်စ်ကား မှတ်တိုင်တွေမှာပေါ့ဗျာ …
အဲဒီလို လူမျိုးတွေကို တွေ့တိုင်း တွေးမိတယ် …
သူတို့ လူဖြစ်လာတာ ဘာလို့ပါလိမ့် ????
ဒုတိယ ပုံကို မြင်ရတော့ ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ ..
ဦးဖိုးကျား ဝတ္ထုလေးတစ်ပုဒ်ကို သွားပြီး သတိရမိတယ် ခင်ဗျ …
တတိယပုံနဲ့ တီချယ်ကြီး ပြောတဲ့ ..
ဒီစကားလေးကို ကျနော်လည်း ထောက်ခံပါတယ် ခင်ဗျာ …
ချစ်သော တီချယ်ကြီး တစ်ယောက် ..
ကျန်းမာ သန်စွမ်းစွာနဲ့ ..
ဒီရွာကြီးထဲ ..
စာတွေ အများကြီး အားကြီး ဆက်ရေးနိုင်ဖို့အကြောင်း …
ကျနော် ဆုတောင်းလိုက်ပါသေးတယ် ခင်ဗျာ ….
Thu Wai
October 12, 2012 at 9:29 am
ဘုရားသားတော်တွေဘဝနဲ့ တစ်သက်လုံးသာသနာပြု
သွားကြမယ်ဆိုရင်တော့ ဒီကလေးတွေ ဘဝလေးတွေ ပူပန်သောကကင်းစွာနေနိုင်ကြမှာပဲ
တကယ် သာသနာပြုနိုင်ရင်တော့ အဲလိုတစ်သက်လုံးနေသွားတာကောင်းသလို
စားပေါက်ချောင်ရုံဆိုရင်တော့ ဒီနိုင်ငံမှာ Human Resource ပျောက်နေမှာပဲ
ကြောင်ကြီး
October 14, 2012 at 7:08 pm
လူဖြစ်လာ
ထူပစ်ပါ
သူချစ်ရှာ
ကူမေတ္တာ၊
အူသစ္စာ
ခြူလစ်ညာ
ပျူခေတ်မှာ
ဂူသစ်ဖြာ..။
TTNU
October 14, 2012 at 10:28 pm
ဝေရေ…
အမှိုက်ခြောက်တွေကို သီးသန့်ဖယ်ထားပြီး ပေးလေ့ရှိတဲ့ စိတ်ဓာတ်လေးက
လေးစားစရာကောင်းပါတယ်။ မအားဘူးကွာ ပစ်ချင်သလိုပစ်လိုက်မယ်ဆိုလည်း
ရ ရက်သားနဲ့ သီးခြားထုတ်ပေးတာကောင်းပါတယ်။
———————– 🙂
အလင်းဆက်ရေ…
ဆင်ခြင်မယ်။ အားထုတ်မယ်ဆိုတာကိုက ဟုတ်နေပြီ။
———————– 🙂
မောင်အံစာရေ…
အောက်ဆုံးဆုတောင်းလေးနဲ့တင် ကျေနပ်သွားပါပြီ။
ကျေးဇူးတင်ပါတယ်။
———————- 🙂
Thu Wai ရေ…
HR ပျောက်ဆုံးနေတဲ့ အထဲမှာ သူတို့တင် မကဘူးနော်။
——————— 🙂
ကိုကြီးကြောင်ရေ…
လူဖြစ်လာ
ထူပစ်ပါ
သူချစ်ရှာ
လူဖြစ်လာရ ထိုနည်းအောင်
ထူပစ်ပါမှ အပို မစီးအောင်
သူချစ်ရှာတာက ကိုကြီးကြောင်။
—————————— 🙂
padonmar
October 15, 2012 at 12:57 am
တီချာကြီးရေ
လမ်းပေါ်မှာ လဲနေသူတိုင်းကို အရက်မူးတယ်လို့တော့ မထင်စေချင်ပါဘူး။
အရင်က ကျမ တနင်္လာကနေ သောကြာထိ မနက်တိုင်းလမ်းလျှောက်ပါတယ်။စနေ၊တနင်္ဂနွေ သင်တန်းတက်တော့ မလျှောက်ပါဘူး။
တနင်္လာ မနက် တစ်ခုမှာ ရင်ပြင်ကို လမ်းလျှောက်အသွား ပြည်သူ့ လွှတ်တော် ဝင်းအနီးမှာ အဖိုးကြီးတစ်ယောက်လဲနေတာတွေ့ပါတယ်။ အရက်မူးတာထင်ပြီး ဘေးကဖြတ်သွားပါတယ်။ အပြန်ကျတော့လည်းဒီတိုင်းတွေ့လို့ စိတ်ထဲမနေနိုင်တာနဲ့ ထိုင်ကြည့်မိတော့ ကိုယ်တစ်ခြမ်းလေဖြတ်ထားတာပါ.
အခြားလမ်းလျှောက်သူတွေက မနေ့မနက်ကတည်းက တွေ့ပါတယ်တဲ့ ၊ရဲကို အကြောင်းကြားတော့ သူတို့မြို့နယ်နဲ့ မဆိုင်လို့ပြောပါတယ်တဲ့။လမ်းထိပ်က မော်တော်ပီကယ်ပေါက်စကလည်း ဘာလုပ်ရမှန်းမသိဘူး။
ဒါနဲ့ ဘယ်လိုလုပ်ပေးရမှန်းမသိ ၊အိမ်ပြန်လာပြီးမှ စိတ်ထဲ ဒီလိုနေရတာ guilty ဖြစ်လာတာနဲ့ ပိုက်ဆံ 50000 ယူ အိမ်နားက ကွမ်းယာရောင်းတဲ့ သူငယ်လေးတွေ အကူအညီတောင်း ပြီး တက်စီခေါ် ဒီအဖိုးကြီး ဆေးရုံပို့ဖို့လုပ်ရပါတယ်။အခြားလမ်းလျှောက်သူတွေလည်း ပိုက်ဆံဝိုင်းပေးကြပါတယ်။မော်တော်ပီကယ်လေးကလည်း လာကူမပေးပြီးသူကတောင် ငွေ ၂၀၀ဝ ကူလိုက်ပါသေးတယ်။(မော်တော်ပီကယ်ပေးတဲ့ ပိုက်ဆံရလိုက်တာပါ၊အဲဒီမော်တော်ပီကယ်လေးက အခုထိ လမ်းမှာတွေ့တိုင်းလာလာနှုတ်ဆက်တယ်။)
အဲဒီအချိန်ပဲ စမ်းချောင်းရဲစခန်းက အရပ်ဝတ်နဲ့လူ ၂ယောက် လာပြီး သူတို့ဆီ သတင်းလာပို့လို့ဆိုပြီးရောက်လာပါတယ်။ဒါနဲ့ ကွမ်းယာသယ်လေးတွေရော အဲဒီရဲတွေပါ တက်စီနဲ့ လိုက်သွားပြီး ဆေးရုံကြီးပို့လိုက်ပါတယ်။
ပြန်လာတော့ သတင်းမေးကြည့်တော့ အခြေအနေမကောင်းပါဘူးတဲ့။
လေဖြတ်တဲ့လူနာ ဆောင်းတွင်းလမ်းဘေးမှာ ၃၆ နာရီလောက် နေလိုက်ရတာ မသေရင် အင်မတန် ကံကောင်းလို့သာပါပဲ။
လူတွေက ကူညီချင်ပေမယ့် အမှုပတ်မှာ စိုးတာရော၊ အစအဆုံး မကူညီနိုင်တာရောနဲ့ ဆုံးရှုံးရတဲ့ အသက်တွေမနည်းတော့ပါဘူး။
ဒါကြောင့် လမ်းဘေးလဲနေသူတွေတွေ့ရင် မူးသူဟုတ်မဟုတ် သေချာလေး ဆန်းစစ်ပေးကြစေချင်ပါတယ်။