Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မထင်မှတ်ဘဲဆုံလိုက်ရတဲ့ ရှမ်းရိုးရာကပွဲလေး”

 

 

1 ရှမ်းရိုးရာ အက ဒီတစ်ခါဘဲအပြင်မှာမြင်ဘူးသေးတယ်

 

2 ရှမ်းရုးိမကအိုးစည်သံ ဗေ ဗေ့ထီလို့ညံ ဆိုတဲ့ တက္ကသိုလ်ရဲအောင်ရဲ့သိချင်းလေးတောင်နားထဲမှာပြန်ကြားလာသလိုဘဲနော်
3 မခို့တရို့

 

 

4 မုးိထိအောင်မြည်………………..ရှမ်းအိုးစည်
5 ဟန်ချီချီ
6 လှတပတ
7 ကြွကြွရွရွ
8 ဟန်ချီချီ
9 နုနုရွရွ
10 ပျံတော့ မလိုလို………………
11 လိုက်တော့မယ့် ဟန်ပြင်

 

 

12 သူလေးကလဲ လိုက်မှာဘဲတဲ့

 

13 မာန်ပါပါ
14 ရှမ်းပျိုမယ်လေးများ
15 ကကြစို့ ညီညာညာ

 

16 နောင်ဗိန်နောင်အဖွဲ့လေးပါ
17 ကသူကလဲက လက်ဆော့သူကလဲ လက်ဆော့
18 လှည့်ကာ ဝိုက်ကာ
19 ဟန်ချီလို့ နေပုံများ
20 ပြုံးတုံ့ပြုံးယောင်
“မထင်မှတ်ဘဲဆုံလိုက်ရတဲ့ ရှမ်းရိုးရာကပွဲလေး”

 

တောင်ကြီးကို (6-10-12)နေ့မနက်မှာရောက်ပါတယ်။

(7-10-12)နေ့မှာ အောင်ပန်းကိုဆင်းဘို့ပြင်ဆင်ထားပါတယ်။

ကားသွားမေးတော့ နေ့လည်တစ်နာရီခွဲမှာတစ်စီး ညနေသုံးနာရီခွဲမှာတစ်စီးလို့ဆိုပါတယ်။

အဲဒါနဲ့ နေ့လည်တစ်နာရီကားကိုလက်မှတ်ဖြတ်လိုက်ပါတယ်။

မှန်လုံးကား တောင်ကြီးမြို့မဈေးမြောက်ဘက်က ဂိတ်တဲလေးမှာလက်မှတ်ဖြတ်။

နေ့လည်တစ်နာရီဒီနားအရောက်လို့ဆိုပါတယ။်

အဲဒီလက်မှတ်ဖြတ်ပြီးတော့ (9-10-2012)နေ့ညမှာမန်းလေးပြန်ဘို့တွက်ကားလက်မှတ်သွားဖြတ်ရပြန်ပါတယ်။

ကားလက်မှတ်အရောင်းဌာနတွေကတော့ဈေးမြောက်ဘက်တစ်လမ်းကျော် အောက်ဖက်ချိုင့်လေးထဲမှာတန်းစီနေပါတယ်။

ကျနော်လက်မှတ်ဖြတ်ဘို့အသွားအပေါ်လမ်းပေါ်မှာတော့ လူတွေရုံးစုရုံးစု။

ဘင်ခရာ တဒုန်းဒုန်းတီးသံလဲကြားနေရပါတယ်။

ကားလက်မှတ်ဖြတ်ရတာက အောက်ချိုင့် ထဲမှာ အသံကြားရတာက အထက်ကားလမ်းမှာဆိုတော့

ဘာတွေမှန်းမသိ။

ကားလက်မှတ်ကို အောင်ပန်းကစီးမယ်လိုသေချာမှာ။

သူတို့ကချယ်ရီက လာစီးဘို့ပြော။

ကျနော်ကလအထုပ်အပိုးတွေနဲ့မလာချင်။

အောင်ပန်းလမ်းဆုံကစောင့်မယ်ပြောနဲ့ အတော်ကြာအောင်ပြောမှပြေလည်သွား။

တောင်ကြီးကနေ 6နာရီထွက်မယ် 7နာရီစောင့်နေပါ။

နောက်ကျရင်တာဝန်မယူလို့ပြောပါတယ်.။

လက်မှတ်ကိစ္စပြီးတဲ့အခါမှာ အပေါ်လမ်းက အသံကြားတဲ့ဘက်ကိုတက်ကြည့်တော့မှ

ကျောင်းသူကျောင်းသားတွေရော လာကြည့်သူတွေရော ရှမ်းတိုင်းရင်းသားဝတ်စုံတွေနဲ့သူတွေပါ

တွေ့ရပါတယ်။

လမ်းအနောက်ဘက်ကိုကြည့်လိုက်တော့မှာ ကိန္နရီ ကိန္နရာဝတ်စုံတွေ ရှမ်းအိုးစည်ဝိုင်းတွေမြင်ရတော့

စိတ်ထဲမှာအတော်လေးဝမ်းသာသွားပါတယ်။

ကြုံရခဲ့မျှဟာကိုးဗျ။

အဲဒါနဲမဒမ်ပေါက်ကို ခဏစောင့်ခိုင်းပြီး သူတိုခေါ်ထားတဲ့ဓါတ်ပုံဆရာတွေကြားထဲကို

မျက်နှာကို အလှဆုံးပြုံးြုပီး ခပ်တည်တည်နဲ့ဓါတ်ပုံတွေဝင်ရိုက်ပါတော့တယ်။

ရှမ်းအိုးစည်သံကလဲ နောင်ဗိန် နောင်ဗိန်………………

ရောင်စုံမင်းသမီးလေးတွေကလဲအချိုးညီညီကပြ။

ကျနော်ကလည်း ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့လက်ဆော့။

ခဏနေတော့ ရှမ်းအိုးစည်သံရပ်သွားပြီး ဘင်ခရာတီးဝိုင်းက တဒုံးဒုံးထုတော့မှ

ကျနော်ပြန်လာခဲ့ပါတယ်။

မြန်မာပြည်နေရာအနှံ့အပြားမှာ လမ်းဖွင့်ဖွင့် ဆိုင်ဖွင့်ဖွင့် ဘာဖွင့်ဖွင့် လူကြီးလာလို့ဘဲကြိုကြို

ဘင်ခရာတီးဝိုင်းနဲ့ ပန်းပွားအက အဲဒါကြီးကို ကျနော်တော့ ဘယ်လိုမှတွဲဖက်လို့ခံစားလို့မရတာ

အမှန်ပါဗျာ။

ဘယ်သူများထွင်ခဲ့တယ်မသိ……………….

 အံ့ရော…………………အံ့ရော

အံ့ရော…………………အံ့ရော

အံ့ရော…………………အံ့ရော

အံ့ရော…………………အံ့ရော

အံ့ရော…………………အံ့ရော

 

ကိုပေါက်လမ်းသလားနေသည်

တောင်ကြီးအောက်တိုဘာခရီးစဉ် ၃

(12-10-2012)

 

30 comments

  • ကျနော်တောင်ကြီးအောင်ပန်း နေခဲ့တာ 6-7-8-9
    လေးရက်။
    ရိုက်သမျှ ဓါတ်ပုံတွေကို ကဏ္ဍခွဲပြီး ပိုစ်တင်ဘို့ရေးနေတာ
    အခု 16 ပိုစ် မှာကို မပြီးသေးဘူး
    လက်လွန်သွားပြီထင်တာဘဲ

  • ရှမ်းအကနဲ့ ထိုင်းအက က
    နည်းနည်းတော့ ရောနေသလားပဲဗျ ..
    ရှမ်းက ထိုင်းကိုလား
    ထိုင်းက ရှမ်းကိုလား .. သိဘာဘူး ..
    ထိုင်းကိုတောင် ရှမ်းပြည်လို့ ခေါ်ကြတာတော့ ကြားဖူးဒယ် ..

  • မောင်ပေ

    October 20, 2012 at 2:12 pm

    အိမ်း
    လှလိုက်တဲ့ ရှမ်းပျိုမဒီလေးတွေပါလား
    ကြွကြွရွရွလေးတွေကိုလဲ ဂျစ်တယ်ဗျာ
    နုနုရွရွလေးတွေကိုလဲ ဂျစ်မိသွားတယ်
    ကယ်ကြပါဦး

  • candle .

    October 20, 2012 at 2:16 pm

    တောင်ကြီး မီးပုံးပျံပွဲ နီးလာလို ့သူတို ့အကတွေပြိုင်နေကြတာလား ဟင်..
    အရမ်းလှတယ်နော်..

  • Hnin Hnin

    October 20, 2012 at 2:34 pm

    ကြွကြွရွရွ၊ ပြုံးချိုချစ်ရှာလေးက ၃ပုံတောင် ပါတယ်ဆိုတော့ အဟမ်း…တစ်ခုခုပဲ…
    ကြွကြွရွရွလေးက မဒမ်ပေါက်အနောက်က ကပ်လိုက်ချောင်းနေတာ မြင်သွားလို့ ရိုက်နေတာ
    သိလျက်နဲ့ မမြင်ချင်ယောင်လေးဆောင်ပြီး သူ့ခမျာ မရဲတရဲလေးပြုံးပြနေတာ…ပြီးတော့မှ
    မဒမ်ပေါက် အနောက်ကနေ ခါးကြောဆွဲလိမ်ပြီး မတတ်သာလို့ ပြန်ထွက်သွားတာ သေချာ
    တော့မှ ကိုပေါက်ရိုက်တဲ့ဘက်လေး လှမ်းကြည့်ပြီး မျက်နှာလေးချီပြီး ပြုံးတုံ့ပြုံးယောင်လေး
    လုပ်လိုက်တာနေမှာ…ဟိဟိ.. 😛

    • အောင်မာလေး အမူ့ကြီးအောင်လုပ်ပါနဲ့ကွယ်။

      အဲဒီပွဲမှာက ကင်မရာသမားတွေရော ရင်ထိုးတံဆိပ်နေဲ့လူတွေရော အများကြီး
      နောက်ကျနော့်ရုပ်က လဲ သူတို့အရပ်ကလူ မဟုတ်မှန်းအသိသာကြီး။
      ရိုက်ချင်လို့သာဝင်ရိုက်ရတာ မောင်းထုတ်ခံရမှာခပ်လန့်လန့်။
      အဲတော့ မျက်စေ့နောက်အောင်မလုပ်ရဲဘူး။
      နောက် ဓါတ်ပုံသမားနဲ့အရိုက်ခံသူ ကြားမှာ မမြင်နို်င်တဲ့ဆက်သွယ်မူ့ရှိနေသလိုလို။
      ကျနော်ရိုက်တော့ သူက ပိုစ်အမျိုးမျိုး ပြပေးတော့ သူ့ကိုဘဲရိုက်မိတာပေါ့ဗျာ။
      ကိုပေါက်ရိုးရိုးလေးပါ။
      အဲဒီအချိန်မဒမ်ပေါက် က ဒိပြင်နေရာကကြည့်နေတာလေ။

  • ဆူး

    October 20, 2012 at 3:46 pm

    ရှမ်းအိုးစည် အသံက အရမ်း စိတ်ကို မြူးစေတယ်လို့ ထင်တယ်။
    တောင်ကြီး လည်း သွားလည်ချင်လိုက်တာ။

  • aemoshu

    October 20, 2012 at 5:03 pm

    လေးပေါက်ကကံကောင်းတယ်။ အဲမိုတော့ ရှမ်းပြည်က အဲ့ဒီအကလေးကို နှစ်ယောက်တွဲတွေပဲတွေ့ဘူးတာ .. ဒီလိုအများကြီးကတာ မတွေ့ဘူးဘူး။

  • San Hla Gyi

    October 20, 2012 at 8:54 pm

    ကိုပေါက်ရေ
    အကိုကတော့ ခရီးတွေ ခဏ ခဏ ထွက်နိုင်တယ်ဗျာ။ ခရီးထွက်ရင်လည်း ရှုခင်း
    ကောင်းကောင်းလေး တွေချည်းပဲ။ အားကျပါရဲ့။ ကျနော်တို့ကျတော့ အခုနောက်ပိုင်း သိပ်မထွက်ဖြစ်ဘူး။ တခါတရံလောက်ပဲ။ ခရီးသွားရင်လည်း အလှအပ ခံစားဖို့ထက် မသွားမဖြစ် သွားရတာပဲများတယ်။ ဆွဲဆောင်မှုလည်း သိပ်မရှိဘူး။ မနက်ဖြန်တောင် သွားစရာလေးရှိလို့ ၃ရက်လောက်တောင် ဂေဇက်ကို မလာနိုင်သေးဘူးထင်တယ်။

  • MaMa

    October 20, 2012 at 10:35 pm

    ရှမ်းရိုးရာ ကိန္နရာအကလေး အရှင်လတ်လတ် (ခွက်ဒစ်တူ ပဒုမ္မာ) မြင်လိုက်ရတာပေ့ါ။
    ဒါ့ထက် တစ်ယောက်က မျက်နှာဖုံးစွပ်ထားတာ ဘာ့ကြောင့်လဲ မသိဘူး။ :bar:

  • ဦးဦးပါလေရာ

    October 20, 2012 at 11:59 pm

    ဓါတ်ပုံတွေကြည့်ရတာနဲ့တင်
    စိတ်ထဲပျော်လာတယ် ကိုပေါက်ရေ…
    အဲဒီ အကကို တဦးချင်းကိုပဲ မြင်ဘူးတာ
    အခုအများကြီးပဲ…. အပြင်မှာ သိပ်လှမှာပဲ…..

  • kyeemite

    October 21, 2012 at 9:04 am

    ကိုယ်တိုင်ရောက်သွားသလိုခံစားရပါဂျောင်းးး
    သင့်ခရုပါကိုပေါက်ရေ…

  • surmi

    October 21, 2012 at 9:29 am

    အစ်ကိုရေ
    ရှက်ရှက်နဲ ့ဘဲ ဝန်ခံရဦးမယ် ။ကျနော်မြေပြန် ့က ရှမ်းရွာတစ်ရွာရဲ ့အလှူ
    ပွဲမှာ အဲဒီအက ကိုတွေ ့ခဲ ့ဖူးတယ် ။ကျနော်က ရိုးရာဒေါင်းအက ဆိုပြီး
    တစ်သက်လုံး မှတ်ထားတာ
    ခုမှသိတယ် ကိန္နရီ ကိန္နရာ အက တဲ ့ …….ဟီး 🙂

    • kai

      October 21, 2012 at 2:42 pm

      အင်းနော..
      ကျုပ်လည်းဒေါင်းမှတ်နေတာ..
      ပြောရရင်.. ရှမ်းပြည်တော့တခါမှမရောက်ဖူးပါဘူး..

      ဆိုတော့..
      ကိန္နရီ ကိန္နရာ က.. ကယားမှာပဲရှိတယ်မှတ်နေတာ… :kwi:

      • (ကိန္နရီ ကိန္နရာ က.. ကယားမှာပဲရှိတယ်မှတ်နေတာ)
        အဲဒါတော့ ကျနော်လဲသိဘူးရယ်
        ကားဂိတ်လက်မှတ်ဖြတ်နေတုန်း
        က. နေတယ်လို့ပြောသံကြားလို့ သွားရိုက်ပြီးတင်လိုက်တာ။
        နောက်ဒီဝတ်စုံနဲ့ဆိုရင် စိတ်ထဲမှာ ကိန္နရီ ကိန္နရာ လို့ဘဲမှတ်ထားတာပါ။
        ဟုတ်မဟုတ်တော့ ရွာထဲက တောင်ကြီးသူ တောင်ကြီးသားတွေကို မေးပြီး မှားနေရင်
        မှန်အောင်ပြင်ရမှာဘဲနော်…………………..
        ကျနော်မှားရေးလိုက်လို့ ပြင်ပေးရမယ်ဆိုလဲ ပြင်ပေးမှာပါ
        မှားတာကရှက်စရာလဲမဟုတ်ပါဘူး မသိရင်မှားတာပေါ့
        မှားလို့ပြင်လိုက်ရတာ ဘာမှမဆန်းဘူးဗျ.
        တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပြောရင် မှားနေမှန်းသိရက် ဖင်ပိတ်ငြင်းတတ်တာ
        ကိုယ်မှားတာကို သူများကြောင့်ပါလို့လွှဲချတတ်သူသာ ရှက်စရာကောင်းတာလို့ထင်မိပါကြောင်း
        တကယ်လို့ ဒေါင်းကို ကျနော်က ကိန္နရီ ကန္နရာလို့ မှားရေးထား ရင် ကိုပေါက်မှားနေတယ်ပြောလိုက်နော်
        ပြင်ပေးလိုက်ပါမယ်…………….
        အရေပါးလို့ စိတ်ဆိုးလို့ပြောနေတာမဟုတ်ပါဘူး
        အမှန်ရောက်စေချင်လို့ပြောတာပါ။
        ကျနော်က အခုရက်ပိုင်းဓါတ်ပုံဘဲရိုက်ချင်လို့ စာတောင်အရင်လိုမရေးတော့ဘူး။
        စာရေးဘို့ပျင်းနေပြီ။

        • aemoshu

          October 21, 2012 at 11:58 pm

          ကိန္နရီ ကိန္နရာ အက မှန်တယ်လို့ထင်ပါတယ် သူဂျီး နှင့် လေးပေါက်ရှင့်။ အဲမိုတို့ တစ်ခါတစ်လေ ဧည့်သည်ဂရုတွေရှိလို့ traditional dance ဆိုပြီးငှားလို်က်ရင် ကိန္နရီ ကိန္နရာ အက (နှစ်ယောက်တွဲ၊ တစ်ခါတစ်လေလည်းသုံးယောက်လို့ပြေကြတယ်)၊ တိုးနယားအက (ရိုးရာအက ဟုတ်မဟုတ်တော့မသိ)၊ ရှမ်းပျိုဖြူများအက၊ ရှမ်းအိုးစည် နှင့် ရှမ်းသိုင်းအက …. စသည်ဖြင့် ပါတာတော့တွေ့မိပါတယ်။

  • မိုးသောက်ချိန်

    October 21, 2012 at 2:59 pm

    ရှမ်းအိုးစည်သံကြားရင် က ချင်မိတယ် … ဟီး
    ကျွန်တော်ရောက်နေတဲ့နေရာမှာ
    ရှမ်းအိုးစည်သံတွေနဲ့ ရှမ်းသီချင်းသံတွေ ကြားရတယ်
    ရှမ်းမလေးတွေကတော့ အသံမထွက်ကြဘူး….. ပင်ပန်းလို့ထင်ပါရဲ့

    ပုံလေးတွေကို ကြိုက်မိကြောင်းပါ …

  • အရှင်းဆုံးပြောရရင် ဒီပို်စ်မှာ အဝေဖန်စေချင်ဆုံးအကြောင်းအရာက
    မြန်မာရိုးရာယဉ်ကျေးမူ့ထိန်းသိမ်းစောင့်ရှောက်ရေးလို့ အသံကုန်ဟစ်နေကြတဲ့မြန်မာပြည်မှာ

    (မြန်မာပြည်နေရာအနှံ့အပြားမှာ လမ်းဖွင့်ဖွင့် ဆိုင်ဖွင့်ဖွင့် ဘာဖွင့်ဖွင့် လူကြီးလာလို့ဘဲကြိုကြို

    ဘင်ခရာတီးဝိုင်းနဲ့ ပန်းပွားအက အဲဒါကြီးကို ကျနော်တော့ ဘယ်လိုမှတွဲဖက်လို့ခံစားလို့မရတာ

    အမှန်ပါဗျာ။

    ဘယ်သူများထွင်ခဲ့တယ်မသိ……………….

    အံ့ရော…………………အံ့ရော

    အံ့ရော…………………အံ့ရော

    အံ့ရော…………………အံ့ရော

    အံ့ရော…………………အံ့ရော

    အံ့ရော…………………အံ့ရော)
    ဆိုတဲ့အချက်ကို ဆွေးနွေးကြစေချင်တာဗျာ။

  • မိုး မင်းသား

    October 21, 2012 at 7:32 pm

    နယ်တကာလှည် ့နိုင်တဲ ့ကိုပေါက်များဘယ်သူထွင်ခဲ့တယ်မသိ……………….

    အံ့ရော…………………အံ့ရော

    အံ့ရော…………………အံ့ရော

    အံ့ရော…………………အံ့ရော

    အံ့ရော…………………အံ့ရော

    အံ့ရော…………………အံ့ရော)ယ်တကာလှည် ့နိုင်တဲ ့ကိုပေါက်…..

  • thureinmaung

    October 21, 2012 at 8:09 pm

    အရင်အာဏာရှင်ဦးခင်ညွန့်လက်ထက်ကမြန်မာပြည်မှာဘာဖွင့်ပွဲဘဲလုပ်လုပ်
    (အိမ်သာဖွင့်ပွဲအပါအဝင်) ဒီပန်းပွားနဲ့ဘင်ခရာနဲ့ကြိုဆိုတာ စတင်လာခဲ့တယ်
    လို့ထင်ပါတယ်၊ ဘာလို့လဲဆိုတော့စစ်အစိုးရလက်ထက်မတိုင်ခင်ကအထက်တန်း
    ကျောင်းတွေမှာဘင်ခရာပြိုင်ပွဲဆိုတာရှိပေမယ့်ပန်းပွားအကပြိုင်ပွဲဆိုတာမကြားဖူးခဲ့
    ဘူး။
    ၁၉၉ဝ ခုဝန်းကျင်လောက်မှာမှ ဒီလို ကြိုဆိုပွဲမျိုးကိုတီဗွီမင်းသားအာဏာရှင်ဦးခင်ညွန့်
    နဲ့တွဲပြီးနေ့စဉ်တောက်လျှောက်တွေ့မြင်လာခဲ့တယ်လို့ဆိုရမယ်၊ သူကလည်းဒါကို
    သဘောကျပုံရပါတယ်၊ ဘင်ခရာတီးသံက စစ်ချီတေးနဲ့ဆင်တူနေတာကိုး….
    ဒါကြောင့်အာဏာရှင်အကြိုက်လိုက်လုပ်နေကျအတိုင်း ဘယ်နေရာဖြစ်ဖြစ်အာဏာရှင်
    တွေလာမယ်ဆိုရင်ဒီလိုကြိုဆိုရေးပုံစံတွေကထုံးစံလိုဖြစ်လာတော့တာဘဲ၊
    လူတွေရဲ့သဘောက အကြာကြီးလုပ်လာခဲ့တဲ့အလုပ်တစ်ခုကိုမှားတယ်မှန်တယ်ပိုင်းခြား
    နေတာထက် ထုံးစံတစ်ခုလိုလက်ခံလာတတ်ပါတယ်၊ ဒါကြောင့်လည်း ကောင်းတဲ့ယဉ်ကျေးမှု
    ပေါ်လာသလို မကောင်းတဲ့ယဉ်ကျေးမှုလဲဖြစ်ထွန်းလာတတ်တာသမိုင်းသက်သေတွေမှာ
    အများကြီးတွေ့ရတာပါ။

    • kai

      October 22, 2012 at 12:01 pm

      ပန်းပွားအကနောက်မှာ.. ပြောစရာတွေအများကြီး..

      ကျောင်းမှာ.. အားကစားလုပ်တာမှာ အမျိုးသားတွေ.. အဓိကဦးစားပေးဖြစ်သွားတာတွေများပါတယ်..
      ဆိုတော့.. ပေါ်ပျူလာဖြစ်ကြတာမှာ.. ယောကျာ်းတွေအတွက်တဖက်သတ်ဖြစ်နေတာမို့.. ကျောင်းသူတွေအတွက်နေရာပေးတာပါ..။

      ဆိုတော့..
      တိုတိုလိုရင်းပြောရရင်..
      တိုတိုငယ်ငယ်လေးတွေကို.. ပရိသတ်ကြီးက.. အရသာခံကြည့်ကြဖို့ပဲ.. :harr:

  • thureinmaung

    October 21, 2012 at 8:23 pm

    မြန်မာပြည်ကရှမ်းနဲ့ ထိုင်းနိုင်ငံကထိုင်းလူမျိုးကယဉ်ကျေးမှုချင်းဆင်တူတာတော့အမှန်ဘဲ၊
    ရှမ်းက ထိုင်းကိုယူထားတဲ့ယဉ်ကျေးမှုတော့မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ထိုင်းလူမျိုးတွေ
    ကိုယ်တိုင်က သူတို့ကိုယ်သူတို့ ထိုင်းယိုင် ကနေဆင်းသက်လာတယ်လ ို့ပြောသလို၊သူတို့
    ရဲ့ ရှေးအကျဆုံး ဆူခိုထိုင်း(မြန်မာ့သမိုင်းမှာတော့ သောကတဲလိုု့ခေါ်)လို့ခေါ်တဲ့မြို့ပြနိုင်ငံ
    စတင်ပေါ်ထွန်းလာတဲ့အချိန်ဟာမြန်မာ့သမိုင်းမှာမွန်မင်းသားဝါရဲရု ရဲ့ခေတ်ပြိုင်ကာလ
    ဖြစ်ပါတယ်၊
    အဲဒီမတိုင်ခင်မြန်မာပြည်မှာ ပုဂံရှိခဲ့ပြီးပြီ၊ ပုဂံမင်းတွေနဲ့ ရှမ်းစော်ဘွားတွေကူးလူးဆက်ဆံမှုရှိခဲ့
    တာကြောင့်ရှမ်းယဉ်ကျေးမှုဟာသူတို့ထက်အများကြီးစောတယ်လို့ပြောရမယ်၊
    ထိုင်းယိုင်လို့သူတို့ခေါ်တဲ့ရှမ်းလူမျိုးကို ထိုင်းကြီးလို့အဓိပါယ်ပြန်လို့ရတယ်၊တနည်းအားဖြင့်
    သူတို့ရဲ့နောင်တော်လူမျိုးလို့ လက်ခံတဲ့သဘောဘဲ၊
    သမိုင်းကြောင်းအရလူမျိုးတွေဟာမြောက်ကနေတောင်ဘက်ကိုအုပ်စုလိုက်ရေကြည်ရာမျက်နုရာ
    ရွှေ့ပြောင်းလာခဲ့ကြတာမို့ ထိုင်းတွေဟာလည်းမြောက်ပိုင်းကရှမ်းပြည်နဲ့တရုပ်ပြည်ဘက်ကဆင်း
    သက်လာတဲ့လူမျိုးတွေလို့ပြောရင်မမှားပါဘူး။

  • ကျနော်ကြားဘူးသလောက်ပြောရရင်တော့ ထိုင်းစကား က ရှမ်းကြီးစကား နဲ့အတူတူဘဲလို့ပြောသံကြားဘူးပါတယ်။
    ဒီဘာသာစကားက ကျနော်မတတ်တော့ ဟုတ်မဟုတ်တော့ အတိအကျမပြောနိုင်ပါဘူး။

    • Foreign Resident

      October 22, 2012 at 6:19 am

      ” ထိုင်းစကား က ရှမ်းကြီးစကား နဲ့အတူတူဘဲလို့ပြောသံကြားဘူးပါတယ် ”

      ကျနော်သိသလောက် ထိုင်းဟာ ရှမ်းလေး လူမျိုးဖြစ်ပြီး ။
      မြန်မာပြည်ထဲမှာ ရှိတဲ့ ရှမ်းတွေက ရှမ်းကြီး ဖြစ်ပါတယ် ။
      ထိုင်း နှင့် ရှမ်းဟာ လူမျိုးစု တူပါတယ် ။

      • အခုလို ရှင်းပြပေးတာ ကျေးကျေးပါ ဦးဖောရေ
        နောင်မှာအမှတ်မမှားရအောင် အခုလို ပြင်ပေးသွားကြတာ ကောင်းပါ၏

      • ရွှေအိမ်စည်

        October 22, 2012 at 1:13 pm

        “ရှမ်း”ဝေါဟာရရှင်းလင်းချက်

        “ရှမ်း”ဟူသောဝေါဟာရမှာ အခြာလူမျိုးများကရှမ်းလူမျိုးများကိုခေါ်သော ဝေါဟာရဖြစ်ပါသည်။ ရှမ်လူမျိုးတို့က မိမိကိုယ်ကို”တိုင်း” (Tai) ဟုခေါ်ကြသည်။ ယိုးဒယားနိုင်ငံသားများကမူ “ထိုင်း” (Thai) ဟုခေါ်ကြသည်။ “ရှမ်း” ခေါ် “တိုင်း ” ၏ အဓိပ္ပါယ်နှင့်ပတ်သက်၍ အမျိုးမျိုး ဖွင့်ဆိုထား ကြောင်းတွေရပါသည်။ ရှေမြန်မာကျောက်စာတို့တွင် “သျမ်” (သို့) “သျံ” ဟုရေးသားကြသည်။

        ရှေးယခင်က “ရှမ်း” ကို “သျှမ်း” ဟုရေးသားကြသည်။ ရှမ်းလူမျိုးများသည် “ရှမ်း” ဟုရေးသားခြင်းကို ကြိုက်နှစ်သက်ခြင်းမရှိဟုသိရသည်။“ရှမ်း” ဟူသောအရေးအသားမှာ ယခုခေတ်သစ်ရှမ်းစာပေတွင် “ဖွဲနု”ဟူ၍လည်းကောင်း၊ “ချသည်၊ တိုက်ခိုက်သည်၊ ရိုက်နှက်သည်” ဟူ၍လည်းကောင်း အဓိပ္ပာယ်ရှိသောကြောင့်ဖြစ်သည်။

        မြန်မာအဘိဓာန်တွင် “ရှမ်း” ကို ထိုင်းတရုတ်အုပ်စုဝင် ဘာသာစကားတမျိုးကိုု ပြောဆိုသော မြန်မာတိုင်းရင်းသားတစ်မျိုး ဟု ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။
        သျှမ်း (သို့) ရှမ်း ဟူသောအဓိပ္ပာယ်ကိုအဆင့်ဆင့် ပြောင်းလဲလာသော စကားလုံး အနက်အဓိပ္ပာယ်များ အရ –

        -အရှင်သခင်အဖြစ်ဖြင့် အစိုးရတတ်ခြင်း၊
        -ရွှေအဆင်းနှင့်တူသော ဝါဝင်းသော ကိုယ်အဆင်းရှိခြင်း၊
        -မညီညာသော တောင်ကုန်းတောင်တန်းဒေသတို့ တွင်နေထိုင်ခြင်း၊
        -ကုန်သွယ်မှုကိုပြုတတ်ခြင်း၊
        -တစ်ဦးနှင့်တစ်ဦး စိတ်ဝမ်းမကွဲမပြား ဆောင်ရွက်လုပ်ကိုင်နိုင်စွမ်း “သာမသတ္တိ” ရှိခြင်းဟူ၍ အဓိပ္ပာယ်ရသည်။

        “တိုင်း”ဝေါဟာရရှင်းလင်းချက်

        “တိုင်း”ဟူသော ဝေါဟာရသည် ကမ္ဘာပေါ်တွင်ရှိသော ရှမ်းလူမျိုးများက မိမိကိုယ်ကိုမိမိ ပြန်လည်၍ ခေါ်သော ဝေါဟာရ ဖြစ်သည်။ သို့သော်ရှမ်းလူမျိုးများသည် မိမိကိုယ်မိမိ “တိုင်း” ဟုခေါ်ဝေါ်ခဲကြသည်မှာ မည်သည့်ခေတ် မည်သည့်ကာလတွင် စတင်ခေါ်ဝေါ်ကြသည်ကို တိတိကျကျ မသိရှိရပေ။ အချို့သော သမိုင်းပညာရှင်များကမူ “တိုင်း” ခေါ်ရှမ်းလူမျိုးများသည် အန်တိုင်းတောင် (Altai mountain) မှဆင်းသက်လာသဖြင့် “တိုင်း” ဟုခေါ်တွင်လာကြောင်း။ တရုတ်လူမျိုးတို့သည် ရှမ်းကို “တာ့၊ တိုက်၊ တိုင် ၊ဒွေလ်” ဟုခေါ်ကြသည်။
        အချိုကမူ လွန်ခဲသော နှစ်ပေါင်း ၆၀၀ဝ ကျော် (ဘီစီ-၄၀၀၀)ခန့်တွင် ရှမ်းလူမျိုးတို့သည် အီရတ်နိုင်ငံအတွင်းရှိ တိုင်းဂရစ် Tigris မြစ်ဝှမ်းတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်လာသဖြင့် “တိုင်း” ဟုခေါ်ကြောင်းလည်း ယူဆကြသည်။

        အချိုသော သမိုင်းပညာရှင်များ၏ ယူဆချက်အရ “တိုင်း” ခေါ် “ရှမ်း” လူမျိုးများသည် တရုတ်လူမျိုးတို့ထက်စော၍ မြိုပြတိုင်းနိုင်ငံကို တည်ထောင်ခဲ့သဖြင့် တရုတ်လူမျိုးများက ရှမ်းလူမျိုးများကို “တာ့ကော-အစ်ကို” ဟုခေါ်ကြသည်။ ထို့ကြောင့် “တိုင်း” ဟူသော ဝေါဟာရသည် တရုတ်စကား “တာ့” (ကြီးသည်) ဟူသောတရုတ်စကားလုံးမှ ဆင်းသက်လာသည်ဟု ယူဆကြသည်။

        ကျေးကျွန်ပိုင်ခေတ်တွင် လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဖမ်းဆီး၍ ကျေးကျွန်ပြုစေခြင်း၊ စစ်သုံ့ပန်းများကို ကျေးကျွန်ပြုခြင်းများ ပြုလုပ်လာကြသည်။ မျက်မှောက်ခေတ်သို့ ရောက်လာသောအခါ “တိုင်း” ဝေါဟာရကို “ကြီးမြတ်ခြင်း၊ အရှင်သခင်၊ လွတ်လပ်သူ=Freeman” ဟုအဓိပ္ပါယ် ဖွင့်ဆိုလာကြသည်။ ထိုင်း၊ လော၊ ယွန်း၊ လူး၊ ဂုံနှင့် လျန်း(မ်) တို့၏စကားတွင် “ခါ-စဝ် = ကျွန်သခင်” အစား “ခါ-တိုင်း” ဟု ယခုတိုင်အောင် သုံးနှုန်းထားသည်ကို တွေ့ရသည်။

        သာသနာသက္ကရာဇ် ၂၅၃ဝ ထုတ် ထိုင်းအဘိဓာန်တွင် “တိုင်း”ကို “ကြီးမြတ်သူ၊ ရှမ်း Siam နိုင်ငံတော်၏ ရှေးဟောင်းမြို့အမည်၊ ကိုယ်စိတ်နှစ်ပါး လွတ်လပ်ခြင်း၊ ကျွန်မဟုတ်ခြင်း” ဟုဖွင့်ဆိုထားသည်။
        အချုပ်အားဖြင့်ဆိုသော် “တိုင်း” သောဝေါဟာရသည် တရုတ်စကား၊ အင်္ဂလိပ်စကား၊ ပါဠိစကား မဟုတ်ပေ။ စင်စစ် ရှေးခေတ် ရှမ်းလူမျိုးတို့၏ စကားပင်ဖြစ်သည်။

        http://www.shanhistory.com မှကူးယူဖေါ်ပြပါသည်။

  • မိုးသောက်ချိန်

    October 21, 2012 at 9:55 pm

    တနင်္သာရီတိုင်းဘက်က လူတွေက
    ထိုင်း (ယိုးဒယား)တွေကို ရှမ်းလို့ သုံးနှုန်းခေါ်ဆိုကြောင်း ………

  • uncle gyi

    October 21, 2012 at 10:37 pm

    အင်္ဂလန်ကသူ့ဓလေ့နဲ့သူဘင်နဲ့ဖွင့်တာဖွင့်ပါစေ
    မြန်မာမှာတော့မြန်မာ့ဓလေ့လေးနဲ့ဆိုပိုကောင်းမလားလို့
    ကြာတော့ရိုးရာတီးဝိုင်းတွေတောင်ပျောက်တော့မယ်

Leave a Reply