“တစ်ခါကနှင့် မယုံဘူး ကြုံဖူးမှသိမယ်”
အောက်တိုဘာလ (၁၃) က်နေ့ မှာ ဖားကန် ့မြို ့နယ် လုံးခင်းကျေးရွာကို စစ်တပ်နဲ့ ရဲ နဲ့ ဝင်ပြီး ရိုက်နှက်
လုယူကြတယ်လို့ သစ်ထူးလွင် သတင်းမှာဖတ်လိုက်ရပြီး တခါက အကြောင်းလေးတွေ ပြောချင်လာမိလို့
ရေးလိုက်တာဖြစ်ပါတယ် …..။
မောင်ဆာမိ ဒီအကြောင်းတွေကိုပြောဖို့ စိတ်ကူးတာကြာပါပြီ ။ ကိုယ် ့အတိတ်ကို ပြန်မတူးချင်တာနဲ့ပဲ
လက်နှေးနေတာလေ ။ ဒါပေမဲ့ အတိတ်ဆိုတာကလည်း တကယ်ရှိခဲ့တာဆိုတော့ ဆိုးမွေ ကောင်းမွေ
ကိုလက်ခံရမှာပေါ ့ ….။ ဒီလိုပါ …….တစ်ခါက မောင်ဆာမိရဲ ့ ဘဝများစွာထဲမှာ ကားသမားဘဝလည်း အပါ
အဝင်ဖြစ်ခဲ့ဖူးပါတယ် ။ ဟိုင်းဝေး ကားသမားဘဝ ၊ ဘုရားဖူးကားသမားဘဝ နဲ့ ကုန်တင်ကားသမားဘဝ
ရယ်လို့ ဇတ်ရုပ်သုံးမျိုးလုံး သရုပ်ဆောင်ဖူးတာပေါ ့ဗျာ ….။
ဒီအထဲကမှ ….မှတ်မှတ်ထင်ထင် အကြောင်းအရာလေးတွေ ရှိခဲ့ဖူးတဲ့ ဘုရားဖူး ယဉ်မောင်းဘဝလေးကို
ပြန်တူးဖေါ်ပါ ့မယ် ….။ မောင်ဆာမိ ရေးခဲ့ဖူးတဲ့ “ ရွှေစက်တော် မန်းချောင်းက အသည်းရောင်းတဲ့
ကောင်မလေး ” ဆိုတဲ့ပို့စ်မှာလည်း ကားသမားဘဝ ကိုရေးခဲ့ဘူးပါသေးတယ် ။ ခုဟာကတော့ လွန်ခဲ့တဲ့
ဆယ်စုနှစ်တစ်စု ကျော်ကျော်လောက်က တစ်ခုသော ဖေဖေါ်ဝါရီလရဲ ့ ဘုရားဖူးခရီးစဉ်ပေါ ့ ……………။
မောင်ဆာမိတို့ ဘုရားဖူးဘတ်စ်ကားတွေက ပန်းဆိုးတန်း ဂုံးအောက်က စထွက်ကြပါတယ် . ..။ လိုက်ရမဲ့
ခရီးစဉ်က သာမည ၊ကျိုက်ထီးရိုး နှစ်ညအိပ်ခရီးပါ ။ ည(၇) နာရီမှာ ဂုံးအောက်မှာကားထိုးပြိး စပယ်ယာ
ကြွက်နီနဲ ့ ဘုရားဖူးဂိတ်က အော်ပရေတာ မောင်ဝင်းတို့ကခရီးသည်တွေကိုနေရာချရင်းလူစစ်နေကြတာပေါ ့။
မောင်ဆာမိလည်း နဲနဲစောသေးလို့ ပလက်ဖောင်းဘေးမှာဖွင် ့ထားတဲ့ လက်ဘက်ရည်ဆိုင်လေးမှာ ထိုင်ရင်း
တစ်ညလုံးမောင်းရမှာမို့ ရသမျှအချိန်လေး အနားယူနေတာပေါ ့ဗျာ ။ ဒီလိုနဲ့ (၈)နာရီတိတိမှာ ခရီးစဉ်ကို
စထွက်ကြပါတော့တယ် …..။
သောကြာနေ ့ဖြစ်လို့ အဲဒီနေ ့က ကားတော်တော်များပါတယ် ။ ဂိတ်ထွက်စဉ်တုန်းက တူတူဖြစ်ပေမဲ့
လမ်းကြတော့ ကိုယ့် ခရီးစဉ်နဲ ့ကိုယ် လမ်းခွဲသွားကြရတာပါ ။ ထောက်ကျန် ့ရောက်တယ်ဆိုရင်ပဲ …
ရွေစက်တော် ပုဂံ ညောင်ဦးအဖွဲ ့တွေက စတင်ခွဲထွက်သွားကြပါပြီ ။ မောင်ဆာမိတို့က ကျိုက်ထီးရိုး
သာမည ၊ မော်လမြိုင် ၊ ကျိုက်ခမီ ၊ စက်စဲ အဖွဲ ့တွေပါ . …။ ပုံမှန်ဆိုရင် မောင်ဆာမိတို့တတွေ က
ပဲခူးအဝင် အုန်းတောထမင်းဆိုင်မှာ ခဏနားပြီး ခရီးသည်တွေ အပေါ ့ အပါးသွားဖို့ စီစဉ်ပေးပါတယ် ။
အဲဒီအခေါက်က လှည်းကူးအထွက်မှာ နောက်အတွင်းဘီးကို သံထိုးပြီး ပေါက်ပါတော ့တယ် ….။
ဒါနဲ ့ စပယ်ယာဘီးကိုပြောင်းတတ်ပြီး လေထိုးကျွတ်ဖာဆိုင်မှာဘီးဖာ ဆိုတော့ ပုံမှန်အချိန်ထက် (၄၅)မိနစ်
လောက် နောက်ကျနေပါပြီ …။ ခရီးသည်တော်တော်များများလည်း ဘီးပေါက်စဉ်က လမ်းဘေးမှာပဲ
ကျန်းမာရေးသွားခဲ့ ပြီး့ပြီဆိုတော့ အုန်းတောထမင်းဆိုင်မှာမနားတော့ပဲ ကင်မွန်းစခန်း(ကျိုက်ထီးရိုးတောင်ခြေ)
အရောက် မောင်းတော့တာပေါ ့ …….။ ခရီးသည်တွေကလည်း ဗိုက်မှ မဆာကြတာ ။ ဒါကြောင် ့ တောင်ခြေကို
ည(၁၂)နာရီခွဲ အရောက်မောင်းတော့တာပေါ ့ဗျာ ။ လမ်းတွေက ဟိုတုန်းက ခုလိုကျယ်လည်းမကျယ်ဘူး ။
သိပ်လည်း မကောင်းသေးပါဘူး ။ ကားကြီးတွေနဲ့ မျက်နှာချင်းဆိုင် ရှောင်ကြရင် ဘေးချလို့ ရရင်ရ မရရင်
ခေါင်းချင်း ဆိုင်ပြီးမှ သူဆွဲကိုယ်ဆွဲ ဆွဲရတာပါ . ….။ အဲဒီလမ်းတွေက အိပ်ငိုက်လို့မရပါဘူး ။အန္တရယ်
တော်တော်များပါတယ် ။ လမ်းကလည်း တောင်ပေါ်လမ်းလိုစစ်စစ်မဟုတ်ပေမဲ့ အကွေ့ ့ အကောက်
ကုန်းဆင်း ကုန်းတက်တွေနဲ့ဆိုတော့ သတိထားမောင်းရတာပေါ ့ဗျာ ။ ဒါကြောင် ့ ကားတွေ ခဏခဏ
မှောက်ကြတာပါ ။
ခက်တာက မောင်ဆာမိတို့ ကားသမားတွေက အလွန်ပဲ အယူသည်းကြပါတယ် ။ မောင်ဆာမိ အနေနဲ့ကတော့
ပုံမှန်ဘုရားရှိခိုး ၊ မေတ္တာပို့ အမျှဝေ တာကလွဲလို့ အခြားဘာအယူသည်းမှုမှမရှိပါဘူး ။ အဲ …အခြားကားသမား
တွေကတော့ သိတော်မူတဲ့အတိုင်း ကားမထွက်ခင်ကတော့ ရှိခိုးလိုက်တဲ့ ဘုရား ၊ ကုန်းကန်တော ့နေတာ
ခေါင်းတောင် တော်တော်နဲ ့ပြန်မထူဘူး ။ ပြီးမှ …..ကားလည်းထွက်ရော တစ်လမ်းလုံးကို မိုးမွှန်အောင်
ဆဲ နေတော့တာပါပဲ . …။ ကြောက်တတ်တဲ့ နေရာမှာလည်း ကားသမားက ထိတ်ဆုံးက …။ မဲမဲ ရိပ်ရိပ် မြင်ရင်
သရဲ ခြောက်တယ်ချည်း အောက်မေ ့နေတော့တာပါပဲ ……။ခုလည်း ဒီသာမည ခရီးစဉ် ကိုလိုက်တဲ့ကားတွ
တစ်ယောက်မှ ပေါက်ကရမပြောရဲဘူး …..သက်သတ်လွတ်စားတဲ့သူနဲ့ ၊စစ်တောင်း တံတားကျော်တာနဲ့
တောပိုင်တောင်ပိုင်တွေကို တောင်းပန်တဲ့သူနဲ ့ …….အဲ မောင်ဆာမိကတော့ ဘာသားမှ မရှောင်ဘူးဗျို ့ ။
ကင်ပွန်းချောင်း (ကျိုက်ထီးရိုးတောင်ခြေ) ရောက်တာနဲ ့ ဂျီသားကြပ်တိုက်ကြော်နဲ့ ထမင်းကြော်ပူပူလေးကို
ညလည်စာ ဆွဲတော့တာပဲ …….ခရီးသည်တွေတော့ မမြင်အောင် စားရတာပေါ ့ဗျာ …။ မဟုတ်ရင် …
ကျနော်မောင်းတဲ့ကား မစီးရဲပဲနေမှာပေါ ့ . ….။
ဖြစ်ချင်တော့ …..အဲသည်နေ ့က ကင်ပွန်းစခန်းကိုရောက်တာ နဲနဲ နောက်ကျတယ် ဗျ ။ တခြားအဖေါ်
ကားတွေက ရောက်နှင် ့လို့ စားသောက်ပြီးတော့မယ် ။ မောင်ဆာမိရောက်ချိန်က ည(၁) နာရီဝန်းကျင်ပါ ။
ဒါနဲ့ပဲ သူတို့တွေကိုမစောင့်ခိုင်းတော့ပဲ အရင်သွားနှင် ့ခိုင်းလိုက်တာပေါ ့ ။ စားသောက်ပြီးလို့ ကားပြန်
ထွက်ချိန် က ည(၂)နာရီခွဲ ဝန်းကျင်။ ကင်ပွန်းချောင်းကပြန်ထွက်ပြီး သထုံကို ခရီးဆက်ပါတော့တယ် ။
သထုံမြိုရဲ ့ ကျက်သရေဆောင် လေးဆူဓတ်ရံ ရွှေစာရံဘုရားရှေ ့ က စားသောက်တန်းမှာ ကျနော်တို့
အဖွဲ ့တွေ မျက်နှာသစ် မနက်စာစားနေကျလေ ။ ဒီလိုနဲ့ ကွမ်းလေးဝါးလိုက် ၊ ကြွက်နီတို့တစ်သိုက်နဲ့
ရီစရာတွေပြောလိုက်နဲ ့ မောင်းလာလိုက်တာ ပေါ ့ပေါ ့ပါးပါးပါပဲ ။
သထုံကိုရောက်တော့ မနက် (၅) နာရီနီးပါး.. ။ တမင် အေးအေးဆေးဆေး မောင်းလာလိုက်တာပါ ။
ကားရပ်တယ်ဆိုရင်ပဲ တစ်လမ်းတည်းသွားတဲ့ အခြားကားတွေက ကားသမားတွေစုပြီး ရောက်လာပါ
တော့တယ် …..။ “ အဆင်ပြေရဲ ့လား ..” “လူရော ဘာဖြစ်သွားသေးလဲ” “ ဘယ်လောက်ပေးခဲ့ရလဲ ”
ဒီလို ..ဒီလို တစ်ယောက်တစ်ပေါက် ဝိုင်းပြီးမေးပါတာ့တယ် ….။ သူတို့ပြောတာ မောင်ဆာမိလည်း
ဘာမှနားမလည်တော့ ခတ်ကြောင် ကြောင် ဖြစ်နေတော့တာပေါ ့ ……..။ကဲ ကဲ ..ဒါနဲ့ပဲ
“ဘာတွေလဲဗျ ….ရှင်းအောင်ပြောပါဦး ….ဘာတွေဖြစ်နေကြလို့လဲ ” ..လို့ စက်သတ်ပြီး ကားပေါ်ကဆင်းရင်း
မေးတော့မှ ဇတ်ကြောင်းအကုန် သိရတာဗျို့ ့ ……..။
့ဘီးလင်း နဲ့ သထုံကြားမှာ ရွှေရောင်ပြတောင်ဆိုတာရှိပါတယ် …..။ ဟိုတုန်းက လူပြတ်တယ် …
တောခေါင်တယ် ….လမ်းက အကွေ ့လေးတွေရှိတယ် ….။ အဲဒီနေရာကို ဖြတ်ရင် ညဖက်ဆို ဓားပြတိုက်တာ
ခံရတတ်ပါတယ် ….။ သူတို့ ဓားပြတိုက်တာကလည်း ကဗျာတော့ဆန်သားဗျ ….။ ပထမ ..ကားတွေကို
တားလိုက်တယ် ….ပြီးတော့မှ ကားစပယ်ယာနဲ့ ဒရိုင်ဗာကို အောက်ဆင်းခိုင်းပြီး ကားတစ်စီးကို ဘယ်လောက်
ဘယ်၍ စသည်ဖြင် ့ ကောက်ခံပါတယ် ….။ တစ်ခါတစ်လေ ခရီးသည်တစ်ယောက်ကို ဘယ်လောက်နှုံး ……
စသည် ဖြင် ့ပေါ ့လေ ….။ ၇၀၀၀ဝ ….လောက်ကနေ …..၁၂၀၀၀ဝ ….လောက်ပါပဲ …..။ အဲဒီခေတ်ဈေးနဲ့ဆိုရင်
မများလွန်း ..မနဲလွန်းတဲ့ ပမာဏပါ ။ ပုံမှန်အားဖြင့် ကားသမားက စိုက်ထုတ်ပြီးပေးရပေမဲ့ ကားသမားဆီမှာ
ငွေမပါရင် ခရီးသည်တွေကို ရှင်းပြပြီး ကောက်ခံရတာပေါ ့ ….။
အဲဒီညက …သူတို့အားလုံး ကြောက်လန် ့ခဲ ့ပေမဲ့ သထုံမှာ ပြန်ပြောပြတော ့ မောင်ဆာမိ ဗိုက်ကြောနာအောင်
ရီခဲ ့ ရပါတယ် …….ဓါးပြ အားလုံးက သေနပ်တွေကိုင်ထားကြပြီး မျက်နှာခတ်တင်းတင်းဆိုတော့ ကြောက်ကြ
တာပေါ ့ဗျာ …..ကားသမားဆိုတဲ့ ကောင်တွေထိတ်ဆုံးကပေါ ့ …..။ စပယ်ယာတစ်ယောက်ဆိုရင် ဒူးတွေ
ပျော့ခွေပြီး လမ်းတောင်ကောင်းကောင်းလျောက်မရဘူးဆိုပဲ …..။ ဒါနဲ့ ပဲ ….ကားငါးစီးက ကားသမားတွေကို
စုပြီး သူတို့ ခေါင်းဆောင်က ငွေတောင်းပါတယ် ။တစ်စီးကို (၁၂၀၀၀၀) နှုံးပါ …။ ဖြစ်နိုင်ရင် ခရီးသည်တွေကို
မနိုးပါစေနဲ့ တဲ့ …..။ ကားသုံးစီးကတော့ အုံနာ(ပိုင်ရှင်) ပါလာတော့ ငွေက ချက်ခြင်း အဆင်ပြေတယ် …။
နှစ်စီးကတော့ ငွေမပြည် ့လို့ ခရီးသည်တွေ ကိုနှိုးပြီးငွေစုရတာပေါ ့ဗျာ …….။
ခရီးသည်တွေက ဓားပြတိုက်နေတယ်လည်း သိရော ကြောက်လိုက်ကြတာ အသံတောင် မပီတော့ဘူး ….
တစ်ချို ့ဆို ကားပေါ်မှာ ရှူရှူး တွေတောင် ထွက်ကျတယ် …။ ကားသမားတွေကိုယ်တိုင်လည်း ဘယ်နေလိမ် ့
မလဲ ….သထုံအထိ လက်တုန် ခြေတုန်နဲ့ မောင်းလာခဲ့ ကြရတာပေါ ့ …..သထုံရောက်မှပဲ သက်ပြင်းချနိုင်ပြီး
နောက်ကျနေတဲ့ ကျနော် ့ ကားကိုစိုးရိမ်နေကြတာပါ …..။ ကျနော်ကတော့ ကံဖယ်တယ်ပဲ ပြောရမလားပဲ …
ကားဘီးပေါက်လို့ နောက်ကျတာရယ် …..ကင်ပွန်းစခန်းမှာ ဂျီသားကြပ်တိုက်ကြော်နဲ့ ထမင်းကြော် ပူပူ
လေးကို လက်ဘက်ရည်ကျကျလေးနဲ့ ဆွဲရင်း လန်ဒန်စီးကရက်လေးနဲ့ မှိန်းနေမိတာက ဓားပြရန်က
မထင်မှတ်ပဲ လွဲခဲ့ရတာပါ ……….။ အလွဲကောင်းလေးပေါ ့ှဗျာ ………………..။
တစ်ခါက ဒရိုင်ဗာ
မောင်ဆာမိ
(မှတ်ချက် ။ ။ အထက်ပါအကြောင်းအရာတို့မှာ ကိုယ်တွေ ့များဖြစ်ပြီး ၂၀၁ဝခုနှစ်အထိ ရွှေရောင်ပြတွင်
ဓားပြတိုက်သည် ့သတင်းကြားနေရပါသည် ။ )
43 comments
ကိုရင်စည်သူ
December 3, 2012 at 2:10 pm
ကိုဆာမိလည်း.. ဘဝစုံ အတွေ့ကြုံတွေများတယ်ထင်တယ်နော်..
ကျနော့်အဖေလည်း တပ်ကပင်စင်ယူတော့ လုပ်စားရာမရှိလို့
ကားဒလိုင်ဘာလုပ်ဖူးတယ်။ ကျနော်လည်း အထက်တန်းကျောင်းတက်ရင်းနဲ့
အဖေ့ကားမှာ စပယ်ယာလိုက်လုပ်ဖူးတယ်။ ဒါကြောင့် ကားသမားဘဝကို
တော်တော်လေးထိတွေ့ခဲ့ဖူးတယ်ဗျ…။ ကိုဆာမိလည်း ဘဝတစ်ကွေ့ကို
ကားကြီးတွေမောင်းပြီး ဖြတ်သန်းဖူးတာပေါ့။
ကားလမ်းဘေးမှာ သရဲမလေးဘာလေးနဲ့ ချစ်ဇာတ်လမ်းလေးရှိရင်လုပ်ပါဦးဗျ..
ခင်မင်တဲ့
ကိုရင်စည်သူ
surmi
December 3, 2012 at 2:21 pm
အောင်မငေး ကိုရင်စည်ရယ်
ကားလမ်းဘေးက သရဲမတွေနဲ ့တော ့ဖြင် ့ မဂျစ်ပါရစေနဲ ့
မတော် လေးလုံးကိုက်သွားမှဖြင် ့
:harr:
သူတို ့ ဘဝအကြောင်းရေးဖို ့စဉ်းစားပါသေးတယ်
ကိုယ် ့ရှူး ကိုယ်ပတ်မှာစိုးလို ့ ဟဲဟဲ
ကြည်ဆောင်း
December 3, 2012 at 2:38 pm
တော်သေးတာပေါ့ ခရီးသည်တွေကို အန္တရာယ်မပေးတာ …
ကြာကြာဝါးမဲ့သွား အရိုးကြည့်ရှောင်တာထင်ပါရဲ့..
surmi
December 3, 2012 at 2:46 pm
အဲဒီနေရာက ဓားပြက ဒီလိုပဲဗျ
ထူးတော ့ထူးတယ်
ခရီးသည်ကိုဒုက္ခပေးတာတော ့မကြားမိဘူး
Mon Kit
December 3, 2012 at 3:05 pm
သားသတ်လွတ် စားတဲ့ ဓားပြ တွေနဲ့ တူပါရဲ့.. :hee:
ကိုဆာမိရေ… ဖတ်လို့ကောင်းပါတယ်…
ကိုယ် ့ရှူး ကိုယ်ပတ်မှာစိုးလို ့ မဖြစ်စေဘဲ ဝိနည်းလွတ်လေး ရေးပါအုံး…
ဖတ်ချင်လို့ပါ… :kwi:
surmi
December 3, 2012 at 3:14 pm
မမွန်ကစ်ရေ
ရွှေစက်တော်အကြောင်းရေးထားတဲ ့ပို ့စ်နဲ ့ လိုချင်တာကကြက်သားဟင်းတစ်ခွက်
ရောက်လာတာက ….!? ဆိုတတဲ ့ ပို ့စ်တွေမှာတော ့ရေးဖူးပါရဲ ့
ရွှေစက်တော်ပို ့စ်က အဆင်မပြေဖြစြ်ပီး သုံးပိုင်းကွဲသွားတယ်လေ….
မကြေပွဲတော ့ပြန်နွဲပါဦးမယ် ။ တစ်ချို ့အကြောင်းတွေထပ်ဖြည် ့ပြီးတော ့ပေါ ့ ……….
ခင်ခ
December 3, 2012 at 3:10 pm
အပေါက်ကောင်း အမှိန်းကောင်း နဲ့မို့လွတ်သွားခဲ့တယ်လို့ ဆိုတာပေါ့လေ။
အမှန်က ဓမြတွေလည်းနေ့တွက်ကိုက်သွားပြီး မှိန်းနေတုန်းမို့ လွတ်သွားတာမလား ကိုဆာမိရေ။
surmi
December 3, 2012 at 3:16 pm
ဟုတ်မယ် ဦးခ ရေ
သူတို ့က တစ်ချက်ပဲ ထွက်တိုက်တာ
ပြီးရင်ပျောက်သွားရော ……
Foreign Resident
December 3, 2012 at 3:43 pm
သေနတ်ဒင်မှာကော နံပါတ်လေးတွေ ပါလားဗျ ။
surmi
December 3, 2012 at 4:00 pm
အဘဖောရေ
ကျနော်တော ့မကြုံလိုက်လို ့ မသိခဲ ့ပါဘူး
အများစုပြောနေထင်နေကြတာကတော ့………..
တွေ ့ဆုံပွဲကျမှ ပြောမယ်ဗျာ ……ဟဲဟဲ
မဟာရာဇာ အံစာတုံး
December 3, 2012 at 3:15 pm
ဦးဆာမိကြီးတို့ကတော့ စုံပါ့ဗျား …
အချိန်နှင့် ဒီရေသည် လူကို မစောင့်ဆိုပေမယ့် …
တစ်ခါတစ်ခါ နောက်ကျတယ် ဆိုတာလည်း ကောင်းသားကလား …
ဒါနဲ့ စကားမစပ် ..
ခညား ရှေ့ကလူတွေ အဲဒီလောက်တောင် ဖြစ်သွားတာလားဗျ …
ကျုပ်က ဘာမှတောင် မလုပ်လိုက်ရသေးပါဘူးဗျာ ..
သေနတ်ကလေး နည်းနည်း ရမ်းပြလိုက်တာနဲ့ ကြောက်တတ်ရန်ကော …
တစ်ချိန်တုန်းက ရွှေရောင်ပြ ဓါးပြဗိုလ်ကြီး
မောင်တိုးမီး
surmi
December 3, 2012 at 3:21 pm
အဲဒါမောင်ရင်ပြောနေကျလေ
အဆိုးအကောင်း ဒွန်တွဲနေတယ်ဆိုတာ
ကြောက်တာကတော ့ မပြောနဲ ့ဟေ ့…..သေနပ်မှန်ရင် ရေမန်းသောက်လို ့မှမရတာ
ဒါနဲ ့ နေပါဦး မောင်ရင်ကအခု ဓားပြလူထွက်ပေါ ့ ဟုတ်စ
မဟာရာဇာ အံစာတုံး
December 3, 2012 at 3:34 pm
ဟုတ်ပါဒဂေါ ….
ဒါပေသိ .. အဲဒီကိစ္စက အရင်တုန်းကပေါ့လေ ….
ခုဒေါ့ .. ကောင်းရာ ကောင်းကြောင်းတွေနဲ့ပဲ လုပ်နေပါတယ် …
ဒါနဲ့ .. ယုံမလားတော့ မသိဘူး ..
ကျုပ်က သနပ်ပီးဒယ်ဗျ … ပီးဒေါ့လည်း …
သနပ်မှန်တဲ့ အရသာက ချဉ်စုပ်စုပ်ရယ် …
kai
December 3, 2012 at 3:27 pm
သာဓုဗျာ..
ကျုပ်မလည်း..
ဘုရားစာမရွတ်ပဲ.. ဘာမှမဖြစ်တဲ့… လမ်းပေါ်သွားနေကြတဲ့.. ကားအစင်းသန်းဂဏန်းစကားထဲလုပ်မပြော…
ဘုရားစာရွတ်လို့.. အသက်ဘေးလွတ်တာ… မသေတာ. ခြေလက်ကိုယ်အဂ င်္ါမချို့တဲ့တာ.. စသဖြင့်ကြီးပဲ.. ကြားဖူးနေရတာ…
ဒါမျိုးလေးတွေ..ရေးဦးမှ…။
နောက်ဆို.. တောင်ပြုန်မှာ.. ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်နဲ့.. ရွာအလှူပွဲအကြောင်းလေးရေးပါဗျား…
ဖတ်ချင်လွန့်လွန်လွန်းလို့… :kwi:
မဟာရာဇာ အံစာတုံး
December 3, 2012 at 3:36 pm
တွေ့လား !!!!!
ဒို့သဂျီး ဝက်သား အကြောင်းပြောပုံထောက်တော့
သူများတွေ ပြောပြောနေဒဲ့ မာမွတ်ခိုင် မဟုတ်လောက်တော့ဘူး …
အင်း .. ဒါပေမယ့် ..
တိတ်တိတ်ပုန်း ကြိတ်ဆွဲချင်နေရင်တော့လည်း ပြောတတ်ဘူးပေါ့ ..
:kwi:
surmi
December 3, 2012 at 4:19 pm
ဦးခိုင်ရေ
ကျနော်ကထေရဝါဒပါဗျာ ။နေရာတိုင်းဘုရားကိုအသုံးမချပါဘူး
:hee:
ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
December 4, 2012 at 2:13 pm
အဲဒီစကားလေးကို အလွန်သဘောကျသွားပါကြောင်း…
အလွန်အမင်းလဲထောက်ခံသွားပါကြောင်း… အစ်ကိုဆာမိရေ…
ခင်မင်လျက်-
ကြောင်ဝတုတ်
surmi
December 5, 2012 at 9:22 am
ဖက်ဖက်ရေ
အလွဲသုံးစားလုပ်နေတာတွေအကြောင်းလည်းပြောချင်ပါရဲ ့
ခုတော ့ငြင်းစရာပေါ်လာရင် ငြ်င်းဖို ့ မအားသေးလို ့အောင် ့ထားတာ
ကျေးကျေး ကမ္ဘာ နော
weiwei
December 3, 2012 at 3:53 pm
ဓါးပြဆိုလို့ သင်္ကြန်တုန်းက ထားဝယ်ကနေ မော်လမြိုင်ကို ညဘက်ကြီး ပြန်တာတာကို သတိရမိတယ် … လမ်းမှာ ကားပျက်လို့ မလွှဲတောင်ကို ညဘက်ကန့်သတ်ထားတဲ့အချိန်မှာ ဘယ်လိုမှ မတတ်နိုင်လို့ ဖြတ်ခဲ့ရတုန်းကပေါ့ .. တလမ်းလုံးမှောင်မဲပြီး ဘာမှ မရှိဘူး … အမေက ကြောက်လွန်းလို့ အဖေ့ကို တစ်ချိန်လုံး အပြစ်တင်လာတာ … တိတ်ဆိတ်မှောင်မိုက်လွန်းတော့လဲ ကြက်သီးထစရာ ကောင်းတယ် ..
surmi
December 3, 2012 at 4:14 pm
မဝေရေ
ကံကောင်းတာပေါ ့ဗျာ အဲ ့ဒီလမ်းကြောင်းက အရင်က နယ်မြေအခြေအနေမကောင်းရင
ပေးမသွားဘူး ။ခုမှအေးချမ်းသွားတာ
ဗုံဗုံ ကတော ့ အချွန်နဲ ့မပြီထင်တယ် ဟဲဟဲ
ဗုံဗုံ
December 3, 2012 at 3:53 pm
ဦးဆာမိကို မတိုက်ဘူးဆိုတော့ သူတို့နဲ့ တစ်ဂိုဏ်းတည်း ဖြစ်နေလို့များလား ဘုရား ဘုရား ရွာထဲမှာ ဒမြတွေ ရောက်နေပြီ
jullies cezer
December 3, 2012 at 4:21 pm
ဓပြ က ကိုဆာကို ပြန်ကြောက်သွားလို့လဲဖြစ်မှာပေါ့ ရုပ်ဆိုးလို့နေမှာ :kwi:
surmi
December 3, 2012 at 11:01 pm
@ဂျူးလိယက်
အောက်မှာကိုရင်မိုဘိုင်း ဖြေပေးလိုက်ပြီနော် …ဟဲဟ ဲ
ဗျို ့ ကိုရင်မိုဘိုင်း ကျေးကျေး ကမ္ဘာ နော ….
:kwi:
Mobile
December 3, 2012 at 4:47 pm
မဟုတ်ရပါဘူးဗျာ ကျုပ်သူတို့ကို မတိုက်လိုက်ရတဲ့ အကြောင်းရင်းက
ကိုဆာမိတို့ အဖွဲကို ကြည့်ရတာ ပိုက်ဆံ မပါလောက်ဘူးလို့ထင်လို့ပါ။
ပစ္စည်းကိုတော့ မယူပါနဲ့ လူကိုတော့ ချမ်းသာပေးပါဖြစ်နေမှာဆိုးလို့ လွှတ်ပေးလိုက်တာ
အဲ့ဂလို အဲ့ဂလို . . . . . . .
ပုံ (ဝိနည်းဖြင့်အညီ တစ်ချိန်ကဓာပြတိုက်စားခဲ့သော(ယခုဘုရားဒကာ ဖြစ်နေသော))
အင်အားကြီး ဓာပြအဖွဲ့၏ တစ်ဦးတည်းသောခေါင်းဆောင်ဟောင်း မိုဘိုင်း
Mr. MarGa
December 4, 2012 at 5:16 pm
အင်းးးးးးးးးးမဟုတ်သေးဘူးနော်
ဒီကလဲ တစ်ဦးတည်းသော ခေါင်းဆောင်ဟောင်း မိုဘိုင်း တဲ့
ဟို ခြောက်မျက်နှာကလဲ
တစ်ချိန်တုန်းက ရွှေရောင် ဓားပြဗိုလ်ကြီး မောင်တိုးမီး တဲ့
ဘယ်သူ့ကို ယုံရမှာလဲ
ကဲ ဒါဆို နှစ်ယောက်လုုံးကို ကုပ်လိုက်မှထင်တယ်
ပုံ မြန်မာနိုင်ငံငရဲတပ်ဖွဲ့ ရဲချုပ်ဟောင်း ဦးမာဃ
မောင်ပေ
December 3, 2012 at 8:19 pm
မှတ်မိပြီ မှတ်မိပြီ
အဲ့တုန်းက ကင်ပွန်းစခန်းမှာ ကားနေရာလေးရလို ့၊ အမြန်ပြန်ရောက်ချင်ဇောနဲ ့ ကားဆရာကို မနဲလိုက်ရှာခဲ့ရတာ ၊ လက်စသတ်တော့ ကိုဆာမိ ဖြစ်နေတာကိုး ဟဲဟဲ
ဓါးပြတိုက်တာလောက်များ အေးဆေးပါဗျာ
အေးအေးဆေးဆေး သူတောင်းတဲ့ ပိုက်ဆံပေးလိုက်ပေါ့
အဲဒါဆို သူရို ့လဲ ဘာမှ ရန်မရှာပါဘူး
နော
ဟီဟိ
surmi
December 3, 2012 at 11:15 pm
ကိုပေရေ ….
တောင်းရင်တော့ ပေးလိုက်မှာပါဗျာ ….။ အသက်မှ အပိုမပါတာ …
သူတို ့ကလည်း သတ်ချင်ပုံမရပါဘူး … တစ်ခါမှလည်း ပြန်ပေးဆွဲတယ်မကြာမိဘူး
ခုတော့ အေးချမ်းသွားပါပြီ ။ မကြားရတော့ပါဘူး ….
@မနှင်းနှင်း
ထူးဆန်းတာက ဓားပြက ခရီးသည်ကို မခြိမ်းခြောက်ဖူးဗျ ။ ကားသမားကိုပဲ ခေါ်ပြီးတောင်းတာ
တစ်ချို ့ဆိုအိပ်ပျော်နေလို ့ သိတောင်မသိလိုက်ဘူး ။
ရှားရှားပါးပါး ငဲ ့ညှာတယ်ဆိုပါတော့ဗျာ ….
Hnin Hnin
December 3, 2012 at 8:36 pm
အယူမသည်းတာကိုတော့ ကြိုက်သွားပြီ…
အယူမသည်းလို့ ညလယ်စာဆွဲလိုက်လို့လည်း ဓားမြရန်က လွတ်သွားတာလည်း ပါမှာပေါ့… :hee:
တွေးမိပါတယ်…စကားမပီ၊ ရှုးရှုးတွေပါ ထွက်ကုန်ကြတယ်ဆိုတော့ ဓားမြတွေက နှစ်လုုံးပူးကြီး
တွေနဲ့များ ချိန်ထားခဲ့သလားလို့ (သဂျီး ဥထားတဲ့ ဟိုတလောက ထုတ်ပြတဲ့ သေနတ်လိုမျိုး
ပြောတာပါ) :kwi:
အရီးခင်လတ်
December 3, 2012 at 8:53 pm
ဒီလောက် ပေါ်တင်သိသိကြီး နဲ့ တိုက်နေတဲ့ ဓားပြ တွေကို နှိမ်နင်း ပေးမဲ့သူ မရှိတာကတော့ မဆန်းဘူး လို့ဘဲ တွေးလိုက်ပါတယ်။
သဘောကတော့ ဆက်ကြေး ပေးရသလိုပေါ့။
နေ့လည် ကြောင်တောင် ပေးရတာနဲ့ ညပေးရတာဘဲ ကွာမှာပါ။
တကယ်တော့ ကားသမားဘဝ မှာလဲ လွယ်တော့ မလွယ်ဘူးနော်။
ကားသမား တွေ အယူသည်းတာ ကတော့ ခရီး သွားရင် အချိန်မမေးရဘူး တဲ့။
၂၀၀၈ လောက် က ပြည်မြို့ ကို ကားကြီးငှားပြီး သွားခဲ့တယ်။
ကလေးတွေ ပါတော့ ဘယ်ပြောကောင်း မလဲ အချိန်ကို မေးကြတာပေါ့။
အဲဒါလမ်းမှာ မရောက်ခင်လေး ကားဘီးပေါက် ပါလေရော။
ခရီး ကြန့်ကြာသွားတာပေါ့။
ဒါပေမဲ့ ပြသနာက ဒီလို ခရီးဝေးသွားမှာကို ကားသမားများ ကရော ဘီးတွေကို အသေအချာစစ် ထားခြင်း ရှိ/မရှိ။
ကျွန်မ တကယ်သိချင်တာပါဘဲ။
လမ်းမှာ ကားဘီးပေါက်တယ် ဆိုတာ အင်မတန် လွယ်တဲ့ ကိစ္စ မဟုတ်လား။
ဂရုမစိုက်လို့ကတော့ ဒီလို လမ်းတွေမှာ သာမာန် ဘီး နဲ့ကတော့ ပေါက်မှာဘဲ။
စာရေးကောင်း တော့ ရုပ်ရှင်ကြည့်ရသလို မြင်ရပါတယ်။
ဆက်ရေးပါဦးရှင်။
surmi
December 3, 2012 at 11:53 pm
မင်္ဂလာပါ အရီးရေ …
အဲဒီ ဓားပြတိုက်တဲ ့ ဖြစ်ရပ်မျိုးက တိုင်လည်း အလကားပါပဲ ။ တစ်ခါမှ နှိမ်နင်းနိုင်တယ်လို့ မကြားပါဘူး
တစ်ခါလောက် တိုက်ပြီးရင်လည်း တော်တော် ကြာကြာပျောက်နေတတ်ပါတယ် ။
ညဖက်တွေမှာက ကိုယ်ပိုင်ကားတွေမသွားရဲကြတော့ ခရီးသည်ယဉ်နဲ့ ဘုရားဖူးယဉ်တွေသာသွားကြတာ
ဆိုတော့ ဖြစ်လိုက်ရင် အတွဲလိုက်ပါပဲ …။
အချိန်နဲ ့ပါတ်သက်ပြီးအယူသည်းကြတာကတော့ ကျနော်လည်း အမြင်ကပ်ပါတယ် ။ကျနော့ကားမှာ
အချိန်မေးနို်င်သည် လို့ စာရေးထားတာပါ ။လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်တုန်းက နောင်တော်ကြီး
ကိုဘလက်လည်း နေပြည်တော်အသွားအချိန်မေးမိလို့ ကားသမားနဲ့ မပြေမလည်ဖြစ်ရတဲ့အကြောင်း
ပို ့စ်တင်ဖူးသေးတယ်။ အလကားပါ …. ဘုမသိဘမသိ လက်ဆင် ့ကမ်းထုံးစံတွေကို ထိမ်းသိမ်းနေကြတာ
ကားဘီးကိစ္စက တော့ ကားအုံနာ နဲ့ တစ်ချို ့တစ်ဝက်ဆိုင်ပါတယ် ။ ကပ်စီးနဲပြီး တာယာလဲသင် ့တဲ ့
အချိန်မှာမလဲရင်လည်း လမ်းမှာ ဒုက္ခရောက်ပါတယ် ။
နောက်တစ်ခုက ကျနော်ဖြစ်သလို သံထိုးတာတို့ ခဲ (ဂဲ) ထိုးတာတို့ ဆိုရင်လည်းဖြစ်တတ်ပါတယ် ။
ကားသမားအများစုကတော့ ကားအောက်ပိုင်းနဲ့ ဘီးနတ် လေပေါင် စသည်ဖြင် ့ သေသေချာချာ
`စစ်ကြပါတယ် ။ ဖြစ်ရင် သေကွက်ကြီးမို့ပါ ။ အတွေ ့အကြုံနဲ့လည်း ဆိုင်တာပေါ ့ …။
ဒရိုင်ဗာတိုင်းကတော့ တာယာအသစ်နဲ့ပဲ မောင်းချင်ကြတာပါ ။ ခက်တာက ပိုင်ရှင်ကပ်စီးနဲ့ဆိုရင်
ဆံပင်ညှပ်ဆိုင်ရှေ ့တောင် ဖြတ်မမောင်းရဲလောက်အောင်ပါးနေတဲ့ တာယာတွေနဲ ့ ခရီးဝေးကို
လွှတ်တော့ လမ်းမှာ ကို ့ရို့ကားယား ဖြစ်တာပေါ ့ ။
မြန်မာပြည်လမ်းတွေကလည်း သိတဲ့အတိုင်းပဲလေ …..
ကျနော်အမြဲသုံးတဲ့စကားကတော့ “ကားသမားမှာ ဆောရီးမရှိ” ဆိုတာပါပဲ ….
ကားသမားတွေအများစုက ပညာရေးမှ မကောင်းပဲကိုး …. ဆင်ချင်တုံ တရားနဲကြတာပေါ ့
အခုကောင်တွေနဲ့တော့ ကျနော်နဲ့ ဂျို ပဲ ။ စည်းမရှိ ကမ်းမရှိကောင်တွေများတယ် ။
ဒါနဲ့ မောင်ဆာမိကို ကားသမားလူထွက်ဆိုပြီး အားနာလို့ ကားသမားတွေ မကောင်းကြောင်း မပြောပဲ
မနေကြပါနဲ့နော…. ကျနော်ကိုယ်တိုင် ကြည် ့မရလို့ မနှစ်သက်လို့ ထွက်ဆဲ နေတာ …..
နောက်လည်း အခွင် ့သင် ့ရင် ရေးပါဦးမယ် ……..
@ကိုအောင်
အစ်ကိုသွားတဲ့ အချိန်က ၁၉၉ဝ မတိုင်ခင်ကထင်တယ် ။ အဲဒီတုန်းက လမ်းတွေ စပါယ်ရှယ်ဆိုးတာပေါ ့
ဒါကြောင် ့ နတ်ကဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ပြောကြတာလေ ။ ကားတွေလည်း မကြာခဏမှောက်
တတ်ကြပါတယ် ။ တောကလည်း အလွန်ထူတော့ ကျားတွေဘာတွေလည်း ရှိမှာပေါ ့လေ ….
ကျနော် ကားဆွဲနေတဲ့ အချိန်မှာတောင် တောကောင်သားအစစ်ရသေးတာပဲ ။
ဒီတော့ ကျားစင်စစ်က နတ်ကျားဖြစ်သွားတာပေါ ့ ။
ဒါနဲ့ …..ဒံပေါက်စားချင်ရင် ပြန်လာခဲ့လေ …..ဟဲ ဟဲ ….တစ်ကယ်ချက်ကျွေးမယ်ဗျာ …..
:harr:
koaung
December 3, 2012 at 8:58 pm
ကျိုက်ထီးရိုးငယ်ငယ်က ကားတမေတမောစီးရတာသွားသတိရမိတယ် ဖတ်လို့ကောင်းတယ်ဗျာကိုဆာမိ(ဒါနဲ့ကိုဆာမိချက်တဲ့ဒံပေါက်
စားကြည့်ချင်သား)
ဦးကြောင်ကြီး
December 4, 2012 at 11:13 am
သဲအင်းဂူ ဆရာတော်ကြီး ဓမြဘဝမှာ နယ်မြေခံရဲက ပိုက်ဆံမရှိလို လာငြီးလို့ သူဓမြတိုက်တာကို ရဲကရှောင်ပေးရတယ်။ ကားဂိတ်မှာ ပိုက်ဆံပါမယ် ထင်ရသူတွေ စီးတဲ့ကားကို လိုက်စီးပြီး ဓမြတိုက်တာ။ ပြီးမှ ရဲကိုခွဲပေးတယ်။ ကိုဆာမိ ဓမြဘော်ဘော်တွေ ဒီလောက် လိမ္မာရေးခြား ရှိနေမှာတော့ မဟုတ်မှလွဲရောပဲ….
surmi
December 4, 2012 at 11:29 am
ဦးကြောင်ရေ
အဲဒီဓားပြတွေက တစ်ခါမှပြန်ပေးဆွဲတယ်မကြားဖူးဘူး
သူတို ့နေရာသိမှာစိုးလို ့ထင်တယ် ။
ရွှေရောင်ပြ ဆိုတာနာမည်ကြီးပါ နှစ်ပေါင်းများစွာတိုက်လာကြတာ
ဦးကြောင်တွေးသလိုပါပဲ …….. မဟုတ်မှလွဲရော ………!!!!
တစ်ချိန်က မဟာစည်ဆရာတော်ကြီးဖြစ်လာမည် ့ အရှင်သောဘန ဟာ
သထုံမြို ့က မင်းကွန်းဇေတဝန်ဆရာတော်ကြီးထံမှ နည်းနာယူပြီး
အဲဒီရွှေရောင်ပြမှာ တရားအားထုတ်ခဲ ့သေးတာပေါ ့။
ဒီဘက်ခေတ်မှပဲ ဓားပြနယ်မြေ ဖြစ်ခဲ ့ရတာ …………….
kyeemite
December 4, 2012 at 2:41 pm
ကိုဆာမိရေ…ဖြစ်ရပ်မှန်ဇတ်လမ်းလေးဖတ်လို့ကောင်းပါသဗျာ..
အော် ဘဝအတွေ့ အကြုံကလည်းစုံပါ့ဗျာ… :hee:
surmi
December 5, 2012 at 9:34 am
ဦးမိုက်ရေ
အတိတ်ကိုပြန်တူးရင်းနဲ ့ ပြောချင်တာလေးတွေ ထည် ့ပြောနေတာ
ဒီစီးရီးပြီးရင်တော ့ ခဏနားမယ်စိတ်ကူးပါတယ် ဗျာ ။နောက်ထပ်သုံးလေးပုဒ်တော ့
သည်းခံဖတ်ပေးကြဦးနော ဟဲဟဲ ……. :hee:
မအိရေ
ကားသမားအမျာစုက ပညာနည်းပါတယ် ။ အခြေအနေအရ အပြောအဆိုကြမ်းကြတယ် ။
အသက်ဘေးနီးလို ့စွဲမိစွဲရာ အယူသည်းတယ် ……..
ကျနော်လည်း သဘောမကျတာလေးတွေ ထည် ့ပြောနေတာလေ ……
အခုမောင်းနေတဲ ့ကောင်တွေဆိုပိုဆိုးတယ် ။ ကျနော်ဖြင် ့နဲနဲမှသဘောမတွေ ့ဘူးဗျ ။
ဒီအသိုင်းအဝိုင်းကလည်း သီးသန် ့ဆိုတော ့တစ်မျိုးပဲလေ …..
Ma Ei
December 4, 2012 at 2:45 pm
မကြာခဏ ဆိုသလို ခရီးသွားသူမို့
ကောင်းတဲ့ကားသမား( မသောက်မစား၊ ယဉ်ကျေး၊ ဂရုစိုက်မောင်း) တွေ့သလို
မကောင်းတဲ့ (သောက်စား၊ဆဲဆို၊အမောင်းကြမ်း)တဲ့ သူတွေလဲ တွေ့ဖူးပါတယ်…
အဆိုးဆုံးကတော့ အိပ်ငိုက်နေတဲ့ ကားသမားမောင်းတာကို စီးခဲ့ရတဲ့ ခရီးပါဘဲ
တွန့်လိမ်နေအောင်မောင်းနေလို့ စကားကျယ်ကျယ်ပြောပြီး စပယ်ယာကိုပါ
သွားနှိုးပြီး ပြောရတဲ့ထိ ကြုံဖူးခဲ့ပါတယ်နော်…
etone
December 4, 2012 at 5:00 pm
ယောက္ခမရေ ဂလို ဇာတ်လမ်းတွေလည်း ရှိခဲ့ဖူးတာကိုး … ။
အဲ့ဒီနယ်ဘက်တွေကို ဦးလေးတပ်ရင်းမှူးဘဝတုန်းက ၊ တစ်ခေါက်လားပဲ လိုက်လည်ဖူးတယ် ၊2003လောက်ကပါ ။
ဒီလို အဖြစ်ပျက်တွေ လူရမ်းကားတွေရှိမယ် မထင်ထားဘူး ။ အေးချမ်းမယ်ပဲ ထင်ထားတာ ။ တောရိပ်တောင်ရိပ်ကတော့ အတော်ကောင်းတယ် ။
surmi
December 5, 2012 at 9:55 am
ဒေါ်အိတုန်ရေ
အခုမှငြိမ်သွားတာ ။ တောရိပ်တောင်ရိပ်ကတော ့ဖြင် ့အေးချမ်းပါတယ် ။
ကားလမ်းဓားပြနဲ ့ပါတ်သက်ရင် ဒီရွှေရောင်ပြနဲ ့ မဝေ တို ့ကြုံခဲ ့တဲ
ရေး -ထားဝယ်- မြိတ် လမ်းတွေကနာမည်ကြီးပါတယ် ။
အခုဘုရားဖူးရာသီရောက်လာလို ့ သတိယ လို ့ပါ ………….
မရွှေကြည်ရေ
ပါးစပ်ကဘုရား ဘုရား လက်က ကားရား ကားရား ဆိုတာ
ကားသမားတွေကိုပြောသလိုပါပဲ ။
ဘယ်လောက်ငြိမ်တဲ ့ကောင်ဖြစ်ဖြစ် မျောက်လောက်တော ့ဆော ့ပါတယ် …….
:hee:
ရွှေ ကြည်
December 4, 2012 at 6:37 pm
ကိုရင်ဆာမိရေ ကားသမားတွေ အထူးသဖြင့်လိုင်းကားတွေပေါ့ ကားမောင်းသူတွေ ပါးစပ်က စည်းကမ်းမဲ့ပါတယ်
ဆဲလိုက် ဆိုလိုက် အော်လိုက် နဲ့ ခေါင်းပေါ်မှာတော့ဘုရားပုံတော်တွေကပ်ထားလိုက်ကြတာမနည်းမနောပဲ..။
အယူကလည်းသည်းသေးတယ်။ ကိုရင်ဆာမိလိုလူမျိုးရှိသေးတာသိရတော့ ဝမ်းသာတယ်ဗျာ..။
တခြားသူတွေလည်းရှိနေနိုင်သေးတယ် နည်းလို့ဖြစ်မယ်..။
uncle gyi
December 4, 2012 at 10:52 pm
အယူတဲ့ယူရင်ရှိတယ်မယူရင်မရှိဖူး
ဟုတ်တယ်ဟုတ်ကိုဆာမိ
surmi
December 5, 2012 at 10:01 am
အန်ကယ်ကြီးခင်ဗျ
အကြောင်းကြောင် ့ အကျိုး ဖြစ်ရတာ ဆိုတဲ ့သဘောကို သက်ဝင်ယုံကြည်ပါတယ် ။
ပြဿနာဖြစ်တိုင်း လွဲချတာကိုဖြင် ့ သိပ်သဘောမကျတာပါ
မမြင်ရတာတွေကိုကတော ့……………………………..
MaMa
December 5, 2012 at 10:38 am
ကိုဆာမိရေ-
အရေးရော အတွေးပါ မသွက်သမို့…..
လူတကာအလွယ်တကူလုပ်နိုင်တာကို အချိန်ယူပြီး လုပ်မှရတာမို့ ….
ခုရက်ထဲ သိပ်မမန့်ဖြစ်ဘူး ဖြစ်နေတယ်။ :
ကားသမားစီးရီးလေး ဆက်ပါအုံး။
ဗဟုသုတ မျှဝေတဲ့ သဘောပေ့ါ။ :hee:
surmi
December 5, 2012 at 11:09 am
ခက်ခက်ခဲခဲရောက်လာပေးတာကျေးဇူးပါအန်တီမမရယ်
ကျနော်ဖြင် ့ ရေးစရာရှားလို ့ တူးကောင်းကောင်းနဲ ့တူးနေမိတာ
ပြောချင်တာတွေလည်းထည် ့ပြောရင်းပေါ ့
ကျနော်လည်းမသွက်လှပါjbဘူး ဒီတစ်ပုဒ်ဆိုရင် ပြီးခဲ ့တဲ ့ လ ကစရေးပြီး
ခုမှတင်ရတာပါ ။ ကျေးကျေးကုဋေပါဗျာ…………………..