Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွှေတိဂုံဘုရားပေါ်က ရယ်၊ပြုံး၊မဲ့၊ငိုင် မျက်နှာများ

etoneOctober 23, 20126min160158

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ၊ ရွှေတိဂုံဘုရား နဲ့ ရင်ပြင်တော် တလျှောက်ကို ပြုပြင်မွန်းမံပြီး ခါစ ၊တပတ်တခါနီးပါး ဘုရားရောက်ဖြစ်ခဲ့ပါတယ် ။ ရောက်ဖြစ်တိုင်း ၊ ထူးခြားနေတဲ့ နတ်မင်းကြီးတွေမျက်နှာကို ဓါတ်ပုံရိုက်မယ်ကြံရွယ်ပြီးမ ရိုက်ဖြစ်ခဲ့ပါဘူး ။ ဘာသာရေး အယူဆတွေနဲ့ ပတ်သတ်လို့ လက်ရှောင်ခဲ့တာကြောင့် ဒီလို ဓါတ်ပုံတွေ ရိုက်ဖို့လည်း စိတ်ကူးသာ ရှိတာ လက်တွေ့မှာ မချင့်မရဲဖြစ်ခဲ့ပါတယ် ။ တခြားသော ဘာသာဝင်တွေ ထင်မြင်ယူဆချက် တစ်စုံတစ်ရာ ပေးဖို့ ဟိုက်လိုက်လုပ်သလို ဖြစ်နေမှာလည်းကြောက်တာကြောင့်ပါ ။

တပတ်တစ်ခါ ဘုရားရောက်တိုင်း ရိုက်ကောင်းနိုး ၊ မကောင်းနိုးနဲ့ စဉ်းစား လာလိုက်တာ ရင်ပြင်တော်တလျှောက် ပြုပြင်မွန်းမံ အပြီး သုံးလလောက်မှာ ၊ ဆက်မစဉ်းစားနိုင်ပဲ ၊ ဓါတ်ပုံရိုက်ယူထားခဲ့မိပါတယ် ။  ဓါတ်ပုံတွေရိုက်ယူခဲ့ပြီး ၊ တင်သင့်မတင်သင့် စဉ်းစား လာလိုက်တာ ၊ 2010 နိုဝင်ဘာလောက်ကတည်းကပါ ။ အခုတော့လည်း လူအများ မြင်တွေ့ခွင့်ရအောင် ၊ တင်ပေးလိုက်ပါတယ် ။ ဘုရားရောက်သူတိုင်း သတိထားမိကောင်းမိပါလိမ့်မယ် ။

ယခုပုံတွေနဲ့ ပတ်သတ်လို့ ၊ ဘာသာခြားကပဲဖြစ်ဖြစ် ၊ ဘာသာတူကပဲဖြစ်ဖြစ် ၊ ဘာသာရေးထိုးနှက်ချက်တွေဘက် နွယ်ခဲ့ပါလျှင် ၊ ကော့မန့် ဖျက်ပါမယ် ။ ဓါတ်ပုံကို ဓါတ်ပုံလို ့သာ မြင်ပေးပါလို့သာ ကြိုတင်တောင်းဆိုထားချင်ပါတော့တယ် ။

 

ဘုရားရင်ပြင်တော်ပေါ်မှာ အရင်ကထက်ပိုပြီး ပေါများစွာ တွေ့နေရတာကတော့ ဇော်ဂျီရုပ်တွေပါပဲ ။
ဇော်ဂျီတွေ ထိုင်နေဟန်ကွဲလွဲသလို ၊ အပေါ် တပိုင်း အဝတ်မပါတာလည်း သတိထားခဲ့မိပါတယ် ။

 

ဘာဇာတ်တော်လဲတော့ မသိပေမယ့် ၊ လက်ပြတ်နေတဲ့ အရုပ်ကတော့ ယနေ့ထိ ဒီတိုင်းပါပဲ ။
မြင်းကို ပင့် ချီပေးထားတဲ့ အရုပ်မျက်နှာကလေး မဲ့သယောင်ယောင်မို့ အမြင်မှာတော့ ထူးလို့နေပါတယ် ။

 

တစ်ဖက်မှာ ရှင်နှစ်ပါး ၊ တစ်ဖက်မှာတော့ ပုဏ္ဏား၂ယောက်

 

ဇော်ဂျီရုပ်လို့တော့ ထင်ပါတယ် ။ တောင်မွေးမကိုင်ပဲ လက်နှစ်ဖက်ကို မြှောက်လို့ ၊ ပါးစပ်ဟထားတဲ့ သဏ္ဍန်ကလည်း ၊ အာမေဍိတ်သံ ထွက်သယောင်ယောင် ။ အဝတ်ကတော့ ပန်းရောင်

 

ဒီဇော်ဂျီလည်း တောင်ဝှေးမကိုင်ဘူးပဲ ။ မှိုင်ပြီး လေပုံရတယ် သူ့မျက်နှာက ။

 

ဒီဇော်ဂျီ ကျတော့လည်း စပ်ဖြီးဖြီးနဲ့

 

တစ်ဖက်က နတ်မင်းကြီး နဲ့ တစ်ဖက်က ဇော်ဂျီ …
စိတ်ဝင်စားစရာကောင်းတာက ဇော်ဂျီတင်မဟုတ်ပဲ နတ်မင်းကြီးတွေ ၊ နတ်သားတွေရဲ့ မျက်နှာအမူရာ၊ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ အရာတွေနဲ့ ၊ လက်ဟန်တွေ ကပါ မတူညီတာ ပါပဲ ။ နောက်ပြီး သူတို့ရှေ့က နဂါးတွေ ၊ ခြင်္သေ့တွေရဲ့မျက်နှာ အမူရာလည်း ကွဲပြားတာ တွေ့ခဲ့ပါတယ် ။

 

နတ်မင်းတပါးက ဗိုက်ကို လက်နှစ်ဖက်နဲ့ထောက်လို့ ၊ တစ်ပါးကတော့ တစ်ခုခုကို ဟောပြောနေသယောင်ယောင် ။

 

 

ဘီလူကလည်း မာန်နဲ့ ထိုင်နေတာ ရုတ်တရက်ကြည့်လျှင် ကြက်သီးထချင်စရာ

 

ဘာတွေကိုင်ထားပါလိမ့်။
ပုဝါခြုံပုံကလည်းဆန်းသလိုပဲ တပတ်လျှိုပြီး ပြန်ပတ်နေတာလည်း တွေ့ရတယ် ။

 

ဒီလက်ဟန်နဲ့ မျက်နှာကျတော့လည်း တမျိုးပဲ ။

 

မတ်ရပ်ဆင်းတုကို အရင်က အဲ့ဒီနေရာမှာ မတွေ ့ခဲ့ဘူး ။

 

ဒီနတ်မင်းကတော့ ခေါင်းလေးတောင် စောင်းလို့ ။

 

ဒီလက်ဟန်ကလည်း တခြား နတ်မင်းရုပ်တွေနဲ့ မတူပဲ ကွဲပြားပါတယ် ။                                              ရွှေပြားလား ဘာလား ကိုင်ထားသလိုပါပဲ ။

 

လက်ထဲမှာ အဖြူတထပ်ကြီးကိုင်ထားတာ ဘာများပါလိမ့် ။ တခြားနတ်မင်းတွေနဲ့ မတူတာ ၊ ခြေထောက်အောက်မှာ တိမ်လေးတွေ ထည့်ပေးထားတာပါပဲ ။

 

ကိုင်ထားတာတော့ စာရေးဖို့ တစ်ခုခုနဲ့ စာခံရေးတဲ့ တစ်ခုခုလို့ ထင်တာပါပဲ ။ သေချာတော့ ဘာမှန်း မသိပါဘူး ။ ဒီနတ်မင်းလည်း ခြေထောက်အောက်မှာ တိမ်ပါတယ် ။

 

နတ်မင်းတွေ အကျီ င်္အဝတ်စားရောင်နဲ့ ပုဝါရောင်တွေ ကွဲပြားနေတာလည်း သတိထားခဲ့မိပါတယ် ။
ဒီနတ်မင်းကတော့ ငိုမဲ့မဲ့ နဲ့ ။

 

အပေါ်က နတ်မင်းရဲ ့ မျက်နှာ မသာမယာပုံကို ပိုသိသာစေပါတယ် ။

 

ဒီနတ်မင်းကျတော့လည်း စိတ်လေနေသလိုမျက်နှာနဲ့ ။

 

တစ်ခုခုကို … လေနေတဲ့ ပုံပါပဲ ။ ငိုမဲ့မဲ့ နတ်မင်းနဲ့ တပြိုင်နက်တွေ့ နိုင်တာမို့ လူတိုင်း သတိထားမိလောက်တဲ့ ပုံတွေပါပဲ ။

 

 

58 comments

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    October 23, 2012 at 11:50 am

    အိတုန်းရေ…

    ရွှေတိဂုံဘုရားကို အခေါက်ပေါင်းများစွာရောက်ဖူးပါရဲ့…
    အဲဒီလို စိတ်ဓာတ်ကျနေသော… ငေးငေါင်နေသော နတ်ရုတ်များ… ဇော်ဂျီရုပ်များကို သတိမထားမိခဲ့ကြောင်းပါ…
    သေချာကြည့်လေ သဘာဝကျလေမို့… မြန်မာ့အနုပညာလက်ရာဟုသာ ဂုဏ်ယူပစ်လိုက်ချင်ပါတော့ကြောင်း…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • နွေဦး

    October 23, 2012 at 12:14 pm

    ဘုရားပေါ်က ရုပ်တု အတော်များများဟာ သူ့အဓိပ္ပါယ်နဲ့သူ ရှိချင်ရှိကြမှာပေါ့လေ…
    ဒါလေးတွေကို တကူးတက ဓါတ်ပုံ ရိုက်ပြီး မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျား..
    ပုံ (၆) က ရုပ်တွေက ဇော်ဂျီ ရုပ်မဟုတ်ပါ .တပသီ ရုပ်များဖြစ်ပါလိမ့်မည်..
    ပုံ (၁၂) ကမတ်တပ် ရုပ်တုက ဘုရားအလှူရှင် ဥက္ကလာပ မင်းကြီး၏ ပုံ ဖြစ်မည်ထင်ပါတယ်..
    သူ့နဲ့မနီးမဝေးမှာတော့ သိကြားမင်းရုပ်တုနဲ့ ဝသုန ္တရေ မြေစောင့်နတ်သမီး ရုပ်တုတွေ ရှိပါသေးတယ်..။
    ပုံ (၁၅) နဲ့ (၁၆) က နတ်တွေက ဗြဟ္မာ တွေကို ရည်ရွယ်တယ်လို့ထင်တာဘဲလေ..
    ဟုတ်မဟုတ်တော့ အသေအခြာ မသိပေမဲ့ ကျွန်တော် သိသမျှလေး..ပြောကြည့်တာပါ..
    ပုံတွေကြည့်ရလို့ ကျေးဇူးတင်ပါတယ်..

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 23, 2012 at 12:56 pm

      ကိုနွေဦးရေ ..

      အရုပ်တွေတိုင်းမှာ သူ့အဓိပ္ပါယ်နဲ့သူတော့ရှိမှာပါ ။ ကျွန်မက နားမလည်တော့ မြင်ရတာ …. အဆန်းဖြစ်နေလို့ပါ ။ ဇော်ဂျီကိုပဲသိတာ တပသီဆိုတာ မသိဘူးပဲ …. ။ ဘယ်လိုပါလိမ့် ။ :bar:
      သိသမျှဖြည့်စွက်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုရေ။

      • နွေဦး

        October 23, 2012 at 3:37 pm

        ဝိဇ္ဇာ ဇော်ဂျီ တပဿီ ဆိုပြီး ရှိတယ်လို့ပြောကြတာဘဲ… း-(

      • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

        October 23, 2012 at 4:19 pm

        ဇော်ဂျီဆို ဆေးကြိမ်လုံးပါတတ်ပြီး၊ တပသီကတော့ ဆေးကြိမ်လုံးမပါဘူးလို့တော့ ရုပ်သေးစာအုပ်တစ်ခုမှာဖတ်ဖူးတယ်၊ ကြာပြီမို့ စာအုပ်တော့ သတိမရတော့ဘူးဗျ။

      • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

        October 23, 2012 at 4:20 pm

        ဇော်ဂျီဆို ဆေးကြိမ်လုံးပါတတ်ပြီး၊ တပသီကတော့ ဆေးကြိမ်လုံးမပါဘူးလို့တော့ ရုပ်သေးစာအုပ်တစ်ခုမှာဖတ်ဖူးတယ်၊ ကြာပြီမို့ စာအုပ်တော့ သတိမရတော့ဘူးဗျ။

      • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

        October 23, 2012 at 4:22 pm

        မအိတုံရေ ဇော်ဂျီဆို ဆေးကြိမ်လုံးပါတတ်ပြီး၊ တပသီကတော့ ဆေးကြိမ်လုံးမပါဘူးလို့တော့ ရုပ်သေးစာအုပ်တစ်ခုမှာဖတ်ဖူးတယ်၊ ကြာပြီမို့ စာအုပ်တော့ သတိမရတော့ဘူးဗျ။

  • စိန်ဗိုက်ဗိုက်

    October 23, 2012 at 12:23 pm

    ဖန်ဖန်ကြံကြံစပ်စပ်စုစုနှိုက်နှိုက်ချွတ်ချွတ်လေ့လေ့လာလာပေါက်ပေါက်ရှာရှာတွေ ့တတ်ပါပေ
    အဓိပ္ပါယ်လေးတွေ ရှင်းပြနိုင်ကြရင် များကြီး ဗဟုသုတရမယ်နော်.

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 23, 2012 at 12:53 pm

    နတ်မင်းတွေအောက်နားမှာရှိတဲ့ ခြင်္သေ့တွေပုံကရီရတယ်
    ဓာတ်ပုံရိုက်တာအံ့ဩထူးဆန်းလို့ ခေါင်းထောင်မျက်လုံးလေးပြူးပီး ထထကြည့်နေတဲ့ဒီဇိုင်းမျိူး ပါးစပ်လေးတောင်ဟလို့ :mrgreen:
    နှစ်ကောင်သုံးကောင်ရှိတယ် ကြည့်ကြည့် 😀

  • ရဲစည်

    October 23, 2012 at 12:55 pm

    ဒီနတ်ရုပ်ထုတွေက နောက်ပိုင်းမှာ မင်းဆြာတွေရဲ့ စီရင်ချက်တွေလို့ ထင်ပါတယ်။
    တိမ်ကြားတို့ အောင်ဆုရှင်တို့ နောက်အများကြီးပါဘဲ အဓိက ဇာတ်ဆြာကြီးတွေရဲ့
    ယတြာတွေ အစီအရင်တွေပေါ့။ အဲ ရှေးမင်းတွေကလည်း အနည်းအကျင်း လုပ်ခဲ့ပါသေးတယ်။
    သေချာသိချင်လို့ ဂေါပကလူကြီးမင်းများကို မေးမြန်းခဲ့ဖူးပါတယ်။ အားလုံး ရေငုံနှတ်ပိတ်နေကြပါတယ်။
    အကျယ်တော့ မရှင်းချင်တော့ပါဘူး
    ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေလို့။

  • weiwei

    October 23, 2012 at 12:59 pm

    ကလေးတွေနဲ့ ဘုရားသွားတိုင်း အဲဒါဘာလဲဆိုတဲ့ မေးခွန်းတွေကို ဖြေရတာ စိတ်အညစ်ဆုံးပါပဲ …

  • surmi

    October 23, 2012 at 1:08 pm

    အိမ်က ကလေးတွေလည်းမေးလွန်းလို ့ ဘုရားရောက်တိုင်း မနဲရှင်းပြရတယ်
    ရှင်းလို ့မရတာကခတ်များများ
    Tour ဂိုက်တွေကိုတော ့ဗုဒ္ဓဝါဒကိုသေသေခြာခြာ အလွတ်ကျက်ထားစေချင်တယ်
    ရှင်းပြနေတာတွေက တလွဲတွေမို ့လို ့ ။ ကရဲစည်ပြောသလိုပဲပေါင်တွေလည်းနာလှပြီ ။

  • Khaing Khaing

    October 23, 2012 at 1:10 pm

    မမတုံ ….. သမီးအတွက် ဟိုနတ်ပုံလေးတွေတော့ ထည့်မရိုက်ပေးဘူး …… နတ်တစ်ပါးက ကြာပန်းလေးကိုင်ထားတယ် တစ်ပါးကတော့ ကိုယ်တုံးလုံးနဲ့ ကလေးလေးကို ချီထားတယ် ……. အဲဒါလေးကို ထပ်ရိုက်ပေး သွားထပ်ရိုက်ပေး မမတုံ မကောင်းဘူး မမတုံ အလိုက်မသိဘူး ……..

    • ဟိုရွာအပြင်ဇနပုဒ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီနဲ့ နေတဲ့ ကိုခင်ခ

      October 23, 2012 at 1:21 pm

      မမခိုင် ရွှေတိဂုံရောက်ရင် ဖူးနေကြနတ်ရုပ်ကိုပြောတာမလား? ။ ဟိုက မသိလောက်ဖူးနဲ့တူတယ်နော်။

      • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

        October 23, 2012 at 1:47 pm

        သိဘူးချင့် … တမီး ဖိုက်မဖူးသေးတော့..အ ဲ့လို အရုပ်တွေ သိဘူးတော် ..
        ယောက္ခမဂျီး ကြည့်ချင်ရင် ..နောက်နှစ်ဘုရားသွားဖူးတဲ့အခါ ရိုက်လာပေးမယ် ..ဟုတ်ပလား ..ဟီး …. :hee:

      • Khaing Khaing

        October 23, 2012 at 1:58 pm

        ဦးဦးခကလဲ … ဟိုကဆိုတာ မမတုံကိုကြောတာလား … သူကအားလုံးသိတယ် … ပူနဲ့ (မဒမ်ခပဲ ပူလိမ့်မယ်) …. မမတုံလာလိမ့်မယ် ….. သူသိကြောင်းပြောလိမ့်မယ် ……..

    • kai

      October 23, 2012 at 3:37 pm

      လွန်ခဲ့တဲ့.. အနှစ်၂ဝလောက်က.. ရွှေတိဂုံစေတီက.. အရုပ်တွေဓါတ်ပုံလိုက်ရိုက်ဖူးတယ်..
      အဲဒါ.. အဲဒီပန်းကိုင်တဲ့အရုပ်ကို ကပ်ပြီးဓါတ်ပုံရိုုက်ရင်း.. နောက်လှည့်ကြည့်တော့..
      စုံတွဲတတွဲ.. ထိုင်ကန်တော့ပြီး.. ဆုတောင်းနေကြတာလေ..
      အဲဒါတွေ့တယ်..

      ပြီးမှ.. သေသေချာချာကြည့်မိတာ.. ညားသွားတဲ့.. တကျောင်းထဲသားသူငယ်ချင်းနဲ့..သူ့အမျိုးသမီးဖြစ်နေတာ..
      သူတို့ ၂ယောက်ခမြာ.. ရှက်ရှက်နဲ့..လစ်ရော… :kwi:

      • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

        October 23, 2012 at 3:57 pm

        ပြောမယ့်သာပြောတာ… ကိုယ်တိုင် မကြုံဖူးလို့လား မသိဘူး ။ ဆုတောင်းတိုင်းရတယ်ဆိုတာ အယုံကြည်မရှိပါဘူး …. ။
        သားဆုပန်တိုင်းရတာမျိုးတော့ မဟုတ်ပါဘူး…. ။ ဆေးပညာအရဆိုလျှင် ဒီအယူဆက လုံးဝကို မသက်ဆိုင်တဲ့ အယူဆတစ်ခုလိုပါပဲ ….. ။

        အဲ့ဒီမှာ ဆုတောင်းသာရမယ်ဆိုလျှင် အပျိုစင်စစ်ကနေ single mother ဖြစ်ချင်ပါတယ် ။ ဗျိုင်းတွေလို … လေဥဥတဲ့အဖြစ် လူတွေမှာသာ ရှိခဲ့လျှင်ပေါ့လေ …. :kwi:

        • အဲ့ဒီမှာ ဆုတောင်းသာရမယ်ဆိုလျှင် အပျိုစင်စစ်ကနေ single mother ဖြစ်ချင်ပါတယ် ။ ဗျိုင်းတွေလို … လေဥဥတဲ့အဖြစ် လူတွေမှာသာ ရှိခဲ့လျှင်ပေါ့လေ …. :kwi:
          ယောက်ျားတွေဈေးကျအောင်မလုပ်ချင်စမ်းပါနဲ့
          တေးကလုံရယ်

        • Davit

          October 23, 2012 at 4:44 pm

          အမယ်…..ဒေါ် Etone မကြုံဖူးသေးတော့ ပြောအားရှိတာပေါ့…..တစ်ကယ်တမ်းကြုံရတဲ့အခါကြရင် ကိုယ့်ရင်သွေးလေး လူလောကထဲကို ကိုယ်လက်အင်္ဂါအပြည့်အစုံနဲ့ ချောချောမောမောရောက်ပါစေ…သားလေးဖြစ်ရပါစေ…သမီးလေးဖြစ်ရပါစေ ဆိုပြီး ကိုယ့်သားသမီးအတွက် အရုံအကြည်မရှိလည်း ဆုတောင်းခဲ့ဖူးတာ ကိုယ်တွေ့ဗျို့…..ကိုယ်တွေ့

        • Davit

          October 23, 2012 at 4:51 pm

          အနော့်တုန်းကဆို…ဘုရားကလွဲပြီး ဘာကိုမှအယုံအကြည့်မရှိခဲ့တာ….မိန်းမလည်း ကိုယ်ဝန်ရရော…. သူငယ်ချင်းတွေက ဝိုင်းပြောကြတယ်…အဲ့ဒိမှာသွားဆုတောင်း ပြည့်တာများတယ်တဲ့…. ဒါနဲ့ပဲ မယုံပဲနဲ့ သွားပြီးဆုတောင်းကြည့်မိတယ်…သားလေးပဲလိုချင်ပါတယ်…ကျန်းမာတဲ့သားလေးတစ်ယောက်ပဲလိုချင်ပါတယ်….သမီးလေးမလိုချင်ပါ…အကယ်၍ဆုတောင်းပြည့်ခဲ့ရင် နတ်မင်းကြီးတို့ကို ကန်တော့်ပွဲတစ်ပွဲနဲ့ လာပြီး ပူဇော်ပါ့မယ်ဆိုပြီး ကတိခံတဲ့ပုံစံမျိုးနဲ့ သွားတာ….အားပါး အတ်ထရာဆောင်း ရိုုက်ကြည့်တော့ တစ်ကယ့်ကို သားလေး….မွေးလာတော့လည်း ကျန်းကျန်းမာမာပဲ…..ဉာဏ်ကလည်း တော်တော်ကောင်း ( ချွေးမလိုချင်၍ ကြွားခြင်းမဟုတ်ပါ) …… ဒါနဲ့ တိုက်ဆိုင်တယ်ပဲပြောပြော …… အဲ့ဒိကိုပြန်သွားပြီး ကန်တော့်ပွဲတစ်ပွဲနဲ့ ပြန်ပြီး ပူဇော်ပေးခဲ့လိုက်တယ် (ကိုယ်တွေ့ ….. ကိုယ်တွေ့ဗျာ) ………………. 😛 😛 😛

        • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

          October 23, 2012 at 4:58 pm

          မင်္ဂလာပါ ကိုဒေးဗစ်
          မတွေ့တာတောင် အတော်ကြာပြီ ။ ပျောက်ချက်သားကောင်းနေရာက ကိုယ်ထင်ပြတယ်ပေ့ါနော် … အဟီး :mrgreen:
          ဒါနဲ့ သားလေးက ဘယ်အရွယ်ရောက်ပြီတုန်း … ခွိခွိ ။ :kwi:

        • Davit

          October 23, 2012 at 5:05 pm

          အွန်……“သားလေး ဘယ်အရွယ်ရောက်ပြီတုန်း” တဲ့ ………….. စာကလေးကို အမြှောက်နဲ့ချိန်…..(ဟုတ်သေးပါဘူး) …. အမြောက်ကို စာကလေးနဲ့ချိန် …..(ဒါလဲဟုတ်သေးဘူး) …. သိဘူး…သိဘူး…. ငယ်ငယ်လေးပဲရှိသေးပါတယ်ဗျာ….ခုမှသူငယ်တန်းလေးကို….. 🙂

        • kai

          October 24, 2012 at 12:48 pm

          အမြောက်ကို စာကလေးနဲ့ချိန် …..

          လေးဖတ်ပြီး.. တော်တော်ရီလိုက်ရတယ်..
          ဒီနေ့တွက်အဖို့.. တန်သွားတဲ့စာပေါ့…
          “တန်စာ”

      • Khaing Khaing

        October 23, 2012 at 4:38 pm

        သများကလည်း စကားအဖြစ်ပြောတာပါအေ … သများတို့က ဆုတောင်းစရာမလိုဘူး … လိုအင်ဆန္ဒမှန်သမျှက ပြည့်ပြီးသား …

        အခုတစ်ခေါက်တော့ သားလေးရမှာစိုးလို့ ကြာပန်းကိုင်ထားတဲ့ နတ်သားရုတ်ထုဘက်ကိုတိုးပြီး သမီးလေးရပါစေလို့ ဆုတောင်းခဲ့တယ် …. အဲတုန်းက အမျိုးသားရယ် သများရယ် သများသမီးလေး ရယ် ထိုင်ကန်တော့ဆုတောင်းတော့ လူတွေဝိုင်းကြည့်တာခံရသေးတယ် .. အဲနေရာကြီးက ဟင်းလင်းပြင်ကြီးဆိုတော့ ထိုင်ဆုတောင်းရတာ ရှက်တော့ ရှက်စရာကောင်းတယ် …..

  • Good™

    October 23, 2012 at 2:01 pm

    ပုံ ၂ က ဘုရားအလောင်း တောထွက် စဉ် စီးတော် မြင်း ခွာသံ မြည်မှာ စိုးလို့ နတ်တွေ ကလက်နဲ့ ခံထားပေး ပြီး မာနတ်က တော မထွက်ဖို့ တားတဲ့ အခန်း လို့ ထင်တယ်။

  • kyeemite

    October 23, 2012 at 2:08 pm

    အပေါ်က “သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး” ပြောသလိုပဲ ဒေါ်အီးတုံးရေ..
    “ဒီနတ်မင်းကတော့ ခေါင်းလေးတောင် စောင်းလို့ ။”ဆိုတဲ့ပုံထဲက ခြင်္သေ့တွေက
    ပိုသရုပ်ပါနေတယ်…အောက်က ခြင်္သေ့က အပေါ်က နတ်မင်းကို မကြည်ကြည့်
    ပြန်ကြည့်နေတယ်…ထားပါလေ…သေချာတာကတော့ “ဒါမတော်တဆဖြစ်တာမဟုတ်ဘူး”
    ဆိုတာပဲ…ကရဲစည်ပြောတာဖြစ်ဖို့သေချာပါတယ်… :bar: :ha:

  • ရွှေ ကြည်

    October 23, 2012 at 2:19 pm

    ဘီလူးက သူ့ကိုသန့်ရှင်းရေးသမားလက်ထဲ ကြမ်းတိုက်တံနဲ့ ခိုက်မိလို့စိတ်ဆိုးနေတာကွဲ့ :harr:

  • Ma Ei

    October 23, 2012 at 2:36 pm

    သမီးလေး အမေးကိုတော့
    …လူတွေတစ်ယောက်နဲ့ တစ်ယောက် မတူသလို
    နတ်တွေ၊သိကြားတွေလဲ မတူကြဘူးလေ…လို့
    ရွှီး လိုက်ဖူးပါတယ် အိတုန်လေးရေ…
    :harr:
    ဂေါပက လူကြီးတွေ မေးကြည့်ရင်
    သိများသိမလားဘဲနော်…

  • myanmarcitizen

    October 23, 2012 at 2:40 pm

    မအိတုန်ပြမှပဲသေသေချာချာကြည့်မိတော့တယ်။ သတိမမူ ဂူမမြင်ဆိုသလိုပဲ ရွှေတိဂုံစေတီကို အခေါက်ခေါက်အခါခါရောက်ခဲ့ပေမဲ့ ဒီလိုမျိုးသတိမထားမိဘူး။ ကိုရဲစည်ပြောသလိုပဲ လုပ်ပိုင်ခွင့်ရှိတဲ့ ဆြာသမားတွေရဲ ယတြာတွေအရ လုပ်ထားထာပဲဖြစ်မယ်လို့ထင်မိတယ်။
    လူတွေကြောင့်လဲခက်ပါတယ် ဘုရားကို မျက်မှန်တပ်ပေးရတာနဲ့ အဲ့တော့ဘုရားဘာဖြစ်သွားမလဲ (ကဲဘာသာခြားတစ်ယောက်ယာက်ကမေးပါပြီတဲ့ ဘယ်လိုဖြေမလဲ)။ ဒါကိုပဲလာပြီး ရွှေမျက်မှန်ဘုရားလေးဘာလေးလျောက်ပြောနေသေးတယ်။ နောက်ပြီး ဘုရား၊ စေတီတွေကို နောင်လာနောက်သားတွေဖူးမျော်နိုင်ဖို့အတွက် အကြာကြီးတည်တံ့ဖို့ ခိုင်မာတဲ့အရာ နဲ့ထုလုပ်ကြရတယ်လို့ထင်တယ်။ ဒါကိုပဲ ကြံကြံဖန်ဖန် နှီးနဲ့ လုပ်ရတယ်လို့ စိတ်ထဲသိပ်ဘဝင်မကျလှဘူး။

  • မောင်ပေ

    October 23, 2012 at 3:13 pm

    ကျုပ်လဲ အရင်က သတိမထားမိခဲ့ဘူးရယ်
    အခု တုန်ကြီး ရေးမှပြမှ သိတော့တယ်
    တစ်ခြားဘုရားတွေမှာတော့ မရှိလောက်ပါဘူး အရုပ်အသစ်ပြောပါတယ်

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 23, 2012 at 3:38 pm

      တခြားဘုရားတွေရောက်လျှင်တော့ အခုလိုမျက်နှာမျိုး မတွေ့ရတတ်သလိုပါပဲ ကိုပေရေ …. ။
      ဘာသဘောနဲ့ အခုလို ထုထားတာလဲ ဆိုတာတော့ .. အရမ်းသိချင်မိပါတယ် ။ 🙄

    • နွေဦး

      October 23, 2012 at 3:44 pm

      အဲ..သံလျှင် ကျောက်တန်းရေလယ် ဘုရားမှာဆို
      သိကြားမင်း ခရုသင်းနဲ့ ရေလောင်းနေတဲ့ပုံဆို
      ဟိုလူကြီးမျက်နှာအတိုင်း ထုထားတာဗျ..

  • Hnin Hnin

    October 23, 2012 at 3:24 pm

    လူ့သဘော၊လူ့မနော၊လူ့ရုပ်ဆင်း ကွဲပြားသလို ဒီလိုပဲ ရုပ်ထုတူချည်းပဲ ဖြစ်မနေဘဲ
    ကွဲသွားအောင် သရုပ်ပါပါထုထားတာပဲလို့ ရိုးရိုးပဲတွေးမိပါတယ်..
    နေပူထဲကြွရင် UV Ray တွေမိရင် ဘုရားရှင်ကိုယ်တော်မြတ် မျက်လုံးတစ်ဝိုက်
    အရေးကြောင်းတွေထ ကျီးခြေရာလေးတွေ ဖြစ်မှာစိုးလို့ထင်ပါ့(အလှူရှင်နဲ့မတူတဲ့
    အတွေး)…..နှီးနဲ့ဆိုတော့ ဘုရားရှင်ကိုယ်တော်မြတ် ပေါ့ပေါ့ပါးပါး ဈာန်ကြွလို့ရတယ်
    လို့ ဖြည်တွေးလိုက်ပေါ့ရှင်….နှီးနဲ့လုပ်ထားပေမယ့် ကိုယ့်တစ်သက်မက ကြာကြာခံ
    ဖူးရတယ်ဆိုတော့ ကျေနပ်ပါပြီ…ကိုယ့်အတွေးလေးတွေပါ…

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 23, 2012 at 3:41 pm

    ကြံကြံဖန်ဖန်မြင်တတ် ရိုက်တတ်ပလေတယ် တုံရယ်..
    ရွှေတဂုံ သွားဖြစ်တိုင်း တစ်ခါမှအခုလို စေ့စေ့စပ်စပ်သတိမထားမိဘူး..
    တစ်ခါ ဆရာသမားတစ်ယောက်ကတွက်ချက်ပြဘူးတယ် ခုတော့ဦးပဇင်းဖြစ်နေတဲ့ ကျော်ဟိန်းဘုရားဆိုတဲ့ ဗိုလ်တစ်ထောင်ကကြေးဘုရားကြီးလေ… မျက်နှာမူရာနဲ့ နဂါးခံပလင်ကိုကြည့်ပြီး အာယုအတွက် တည်ထားတာတဲ့… :hee:
    ဒါထက် တပသီဆိုတာတော့ အမလဲမသိဘူးတော့ … :bar:

    • နွေဦး

      October 23, 2012 at 3:53 pm

      တပဿီ =

      ( တပေါ ယဿ အတ္ထိ တသ္မိ ံ ဝါ ဝိဇ္ဖတီတိ တပဿီ ) လို့ သဒ္ဒါကျမ်းများက ဆိုပါတယ်။ ဖြစ်ပေါ်လာတဲ့ ကိလေသာတွေ နည်းပါး ပျက်စီးသွားအောင် ခြိုးခြံ ခေါင်းပါး စွာ ကျင့်ကြံကြိုးကုတ် အားထုတ်နေသူ ပေါ့။
      ဒါကြောင့် အားလုံးကို အကျဉ်း ချုပ်လိုက်ရင် ဝိဇ္ဇာပညာမျိုး သိပ္ပံပညာမျိုးတွေ တဖက်ကမ်းခတ် တတ်မြောက်သူကို ဝိဇ္ဇာဓိုရ် လို့ ခေါ်ပါတယ်၊

      သမထ ဝိပဿနာ ပွားများ အားထုတ်နေသူ အားလုံး ကို ဇော်ဂျီ တပဿီ လို့ ခေါ်နိုင်ပါတယ်၊ ဒီနေရာမှာ စကားအရ မဆန်းပြားပေမယ့် ထူးဆန်းနေတာက ဝိဇ္ဇာ ဇော်ဂျီ တပဿီ လို့ ဆိုရင် လူတွေက ဗျတ်ဝိ ဗျတ္တ တို့လို၊ ဇော်ဂျီ တောင်ဝှေးနဲ့ ကောင်းကင် ပျံနို်င် – မြေလျိုး မိုးပျံ နို်င်တဲ့ သူတွေကိုပဲ ထင်နေကြတာပါ။ အဲဒီ အယူအဆက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လူတွေရဲ့ စိတ်ထဲမှာ အမြစ်တွယ် နေတဲ့ အယူအဆ ပါပဲ။

      ဟုတ်ကဲ့ အမ..
      ဒီလင့်မှာ အလွယ်ကြည့်လိုက်ပါ..
      http://www.dhammayaungchi.com/2010/01/blog-post_1799.html

      ဒီမှာလဲ ဖတ်ကြည့်ပေါ့..
      http://www.myakyunthar.com/?p=187

      • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

        October 23, 2012 at 4:00 pm

        ကိုနွေဦးရေ …. ရှင်းပြတဲ့ အတွက်ကျေးဇူးပါ .. လင့်လေးတွေကိုသွားဖတ်ကြည့်လိုက်ဦးမယ် … ။
        တပသီတွေမှာရော .. ဇော်ဂျီတွေလိုယူနီဖောင်းမျိုးရှိသလားဟင် …
        အိမ်ပြန်လျှင် ရှေ့မှီ နောက်မှီလူကြီးတွေကို မေးကြည့်ဦးမယ်… ။

      • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

        October 23, 2012 at 4:29 pm

        မသိတာလေးပြောပြပေးလို့ကျေးဇူးပါနွေဦးရယ်…

  • ဒီအပေါ်မှာထုုထားတဲ့အရုပ်တွေက အကြောင်းမဲ့တော့ မဟုတ်လောက်ပါဘူး။
    ကျနော်တို့သေချာမသိလို့ဖြစ်ပါလိမ့်မယ်။

  • နတ်မင်းတပါးက ဗိုက်ကို လက်နှစ်ဖက်နဲ့ထောက်လို့ ၊ တစ်ပါးကတော့ တစ်ခုခုကို ဟောပြောနေသယောင်ယောင် ။

    ဒါကတော့ ဆာလောင်နေတဲ့ ပြည်သူတွေကို တော်ကီပေးပြီး ဗိုက်ဝ သွားအောင်လုပ်နေတဲ့ လွတ်တော်အမတ်တို့၊ နိုင်ငံဥသျောင်တို့ရဲ့ စကားအောင်မြင်အောင်လုပ်ထားတာ။
    ကျွန်တော်မျိုး မဟာအကျော်ဇေယျသင်္ခ (ဘီယာ) သရေစည်သူမင်းကြီး မဟာ မောင်အာဂ ရဲ့ အမြင်လေးတွေကတော့..။

    ကိုင်ထားတာတော့ စာရေးဖို့ တစ်ခုခုနဲ့ စာခံရေးတဲ့ တစ်ခုခုလို့ ထင်တာပါပဲ ။ သေချာတော့ ဘာမှန်း မသိပါဘူး ။ ဒီနတ်မင်းလည်း ခြေထောက်အောက်မှာ တိမ်ပါတယ် ။<

    မြန်ပြည်မှာ အိုင်ပတ်တွေ ဘာတွေကို လူတိုင်း တွင်တွင်ကျယ်ကျယ်ကိုင်နိုင်ဖို့အတွက် ယတြာ ခြေထားသလားလို့။

    နတ်မင်းတွေ အကျီ င်္အဝတ်စားရောင်နဲ့ ပုဝါရောင်တွေ ကွဲပြားနေတာလည်း သတိထားခဲ့မိပါတယ် ။ဒီနတ်မင်းကတော့ ငိုမဲ့မဲ့ နဲ့ ။ဒီနတ်မင်းကျတော့လည်း စိတ်လေနေသလိုမျက်နှာနဲ့ ။
    သူကတော့ တိုင်းပြည်အရေးအတွက် ရတက်မအေးပဲ ငိုမဲ့မဲ့ဖြစ်နေသရောင်။
    ဒီလက်ဟန်ကလည်း တခြား နတ်မင်းရုပ်တွေနဲ့ မတူပဲ ကွဲပြားပါတယ် ။ ရွှေပြားလား ဘာလားကိုင်ထားသလိုပါပဲ ။

    အနော့် စိတ်ထင်အရတော့ ရွှေချထားတဲ့ ဟင်းဖုန်း အဲ ဟမ်းဖုန်းကိုင်ထားတဲ့လိုမြင်မိတယ်။ ရွှေမြန်ပြည်မှာ ဟမ်းဖုန်းတွေများများ ကိုင်နိုင်ပါစေ လိုတဲ့ ရည်ရွယ်ချက်လား။ ဒါမှမဟုတ် သန်းရွှေ တို့ ရွှေမျိုးရွှေနွယ်တွေ ပြားပြားဖြစ်အောင်လုပ်ထားတဲ့သဘောလားဆိုတာကတော့ မသိဘူး။

  • Mobile

    October 23, 2012 at 5:36 pm

    ရွှေတိဂုံ ဘုရားကို နှစ်ခါလောက်တော့ရောက်ဖူးပေမယ့် အရုပ်တွေကိုတော့
    သေချာမကြည့်မိခဲ့ဘူးခင်ဗျ။ အရမ်းသဘောတွေ့မိပါတယ်။

  • aanyar thar

    October 23, 2012 at 6:33 pm

    သိပ်ကို ကြည်ညိုစရာ ကောင်းတဲ့ ပြည်သူ့အချစ်တော် မျက်နှာနဲ့ ကျောက် စိမ်း ဘုရား ရော ဖူးခဲ့ပါရဲ့လား (မ..တစ်ခု့လို) . …ယခင်ကတော့ ဝိဇ္ဇါဆက်တဲ့ တိုင်ပေါ့..တို့များရဲ့ ဘုန်းကြီးပါ့ပေ့ ဆိုတဲ့ ရှေးဘု့ရင် တွေတောင် ထီးတော်ကို မင်းတိူုင်း မချရဲခဲ့ပါဘူး..ယခု့ ရွှေတီဂုံဘု့ရားရဲ့ ထီးတော်တိုင်ဟာ….စတီးတိုင်ဖြစ်နေပါတယ် ကိုရင်ရဲစည်..ဂေါပကကို ခေတ်တိုး အရုပ်နတ်ရုပ် (၁၈) ရုပ် အကြောင်း မေးတာ အသာထား.(ခေတ်တိုး အရုပ် နတ်ရုပ်အပါအဝင် အားလုံးပေါင်း (၁၈)ရုပ်တိ့တိ့ ရှိ့ပါတယ်) ပြည်သူ့အချစ်တော်ကြီးရဲ့ မျက်နှာနဲ့ ကျောက်စိမ်းဘုရား. ဘယ်မှာ ထားလဲကို သူတို့ပြောပါသလား.ပြီးတော့ ရင်ပြင်တော်ပေါ်မှာ တိရိဆ္တန်တွေ အန်တီကြီး ကျောင်းခဲ့တာ (တိရိဆ္တန်တွေ မဟုတ်ပါဘူး ၂ ကောင်တည်းပါ သတ္တဝါတော့ မဖော်ပြတော့ပါဘူး.) ဂေါပကတွေ ပြောပြပါသလား ကိုရင်ရဲစည်ကို ပေါင်လေးနည်းနည်း လှန်ထောင်းပြပါ့လား ကိုရင်ရဲစည် ကကျူပ်သိ့တဲ့သူငယ်ချင်းများဖြစ်နေမလားလို့ ..

  • အရီးခင်လတ်

    October 23, 2012 at 7:04 pm

    ဒီပုံတွေ ကြည့်ပြီး ဘာမဆိုင် ညာမဆိုင် နဲ့ ရွာထဲ က လူ တစ်ချို့ ကို ပြေးပြီးမြင်လိုက်တယ်။
    ဓာတ်ပုံတွေကို အစကနေ ရေလို့
    နံပါတ်(၄) ပုံ က ရွာမှာ မရှိမဖြစ်သူ “ကြီး” ကို ဆာဗာဒေါင်းချိန် မြင်ရပုံ
    နံပါတ်(၅) ပုံ က ယနေ့ Post တွေ အချိန်မှီ တင်လို့ မရလို့ စိတ်ပျက်နေတာ။
    နံပါတ်(၆) ပုံက ဘီအီး လာကပ် မဲ့သူတွေ တွေ့လိုက်ချိန် ချိုပြုံး သွားတဲ့ မျက်နှာ။ (တိုက်တိုက် ဆိုင်ဆိုင် အဲဒီ ရုပ်ထု နံပါတ် ကလဲ ၆ဘဲ ဟေ့)
    နံပါတ်(၉) ပုံ ဘီလူး ကတော့ (ဟဲ ဟဲ ဟဲ ) (ဘူသူလို့ အကြောဘူးနော်)
    :kwi:

    အရင် သတိမပြုမိတဲ့ ရုပ်ထု ပုံတွေတွေ့ ရလို့ ကျေးဇူးပါ တုံတုံလေး။
    အသစ်တွေတောင်ပါမယ် ထင်ရဲ့။
    စိတ်မကောင်း တာက ဒီလောက် ခမ်းနားကြီးကျယ် ပြီး ကမ္ဘာ့နာမည်ကြီး နေရာမှာ အားလုံးက သစ်လွင်မနေဘဲ တစ်ချို့နေရာမှာ ဟောင်း၊ တစ်ချို့နေရာမှာ သစ်၊ တစ်ချို့ကျလဲ ယတြာ လို များ လုပ်ထားသလားလို့။
    ဘုရားပေါ်မှာ အဲဒါမျိုးတွေ မြင်မြင်လာရတာ စိတ်မကောင်းဘူး။
    ဥပမာ – လုံမလေး နဲ့ အညာသား တို့ ညွန်းတဲ့ စနေဒေါင့် က ကျောက်စိမ်းတု နဲ့ ထုထားတဲ့ ရုပ်ထု။
    အဲဒါကို ဘယ်လိုမှ ဘုရားဂုဏ်ပွါးပြီး ကန်တော့လို့မရတာတော့ အမှန်ဘဲ။
    ဒီတော့လဲ ဘုရားဂုဏ်တော် နဲ့ ရုပ်ထု ဆိုတာကို ခွဲပြီး သိခဲ့တာ အမြတ်ပါဘဲ။

    • pooch

      October 23, 2012 at 7:47 pm

      အဲ့ဒီ ရုပ်တုကို အစက သတိမထားမိဘူး ကိုယ်ကလည်း ကြာကြာမှ တခေါက် ရောက်ဖြစ်တာဆိုတော့။ နောက်မှ အတူသွားတဲ့ အသိက ပြောမှ သိတာ။
      အခုရုပ်တုတွေလည်း သေချာမကြည့်မိဘူး။ အသစ်တွေထင်တယ်။
      တခါတခါကြတော့လည်း ကွန့်ရင်းကွန့်ရင်းနဲ့ မူရင်း က ပျက်သွားတတ်တယ် ။

  • Mလုလင်

    October 23, 2012 at 8:00 pm

    သိသလောက် လေး တစ်ခု လောက် ပြောကြည့်ဦးမယ် .. နေရာ တော့ ရှာတတ်တယ် . ဘယ်နေရာလဲ တော့ အတိအကျ မသိတော့ဘူး … ရင်ပြင်တော်မှာ တွေ့ဖူးတယ် .. ခေါင်မိုး မှာ ကပ်ပြီး ထွင်းထားတာ နဲ့ တူရဲ့ …အရုပ် က ယောကျင်္ားလေး အင်္ဂါ ကို လုံအောင် မဖုံးထားဘူး .. အဲဒါလေး … အဲ့လို အရုပ်မျိုး . သုံးရုပ်ရှိတယ်ဆိုလား .. ကြားဖူးပါတယ် …

    • အဂ္ဂ မဟာ ဘီးဇီး ပျားတုပ် အမြီးလှုပ် အလကားကျော်စွာ etone

      October 23, 2012 at 10:38 pm

      ကိုလုလင်ရေ
      ဘယ်ဆောင်းတန်းမှာလည်းမသိဘူး မော့ကြည့်လိုက်တာနဲ့ ကွက်ကွက်ကွင်းကွင်း မြင်သာတဲ့ အင်္ဂါအစုံပါတဲ့ အရုပ်မြင်ခဲ့ဖူးပါတယ် ……… ဒီပို့စ်တက်တက်ချင်းတောင်ရွာသူတစ်ယောက်က အဲ့ပုံမရိုက်ခဲ့ဖူးလားလို့ တိုက်တိုက်ဆိုင်ဆိုင်ပရိုက်ဗိတ်မေးလ်က လာမေးသွားပါသေးတယ် :kwi:

      • Mလုလင်

        October 24, 2012 at 12:33 am

        အဲ့လို အရုပ် မျိုး မြန်မာ နိုင်ငံ တဝှမ်း မှာ တော်တော် များများ ရှိလောက်တယ်ဗျ … ကျိုက်ခေါက် က ဋ္ဌပနာ တိုက် မှာ အဲ့လို တစ်ရုပ်တွေ့ဖူးတယ်။

    • ကိုလုလင်.. လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကိုလုလင်ပြောတဲ့ပုံ ကျွန်တော်တင်ဖူးပါတယ်

      ဒီလင့်လေးမှာ ပြန်ကြည့်ပါလေ…

      http://myanmargazette.net/51640/economic-news-international-news-news-industry-people-in-the-news-us-news-news

  • padonmar

    October 23, 2012 at 8:12 pm

    တုံတုံရေ
    တူးဆွတတ်ပါပေ့။
    ရွှေတိဂုံစေတီတော်ကြီးကို ယတြာချေဖို့ နေရာကြီးလို လူတွေ သုံးနေကြတာကိုတော့ တကယ့်ကို ဘဝင်မကျမိပါဘူးကွယ်။

  • Guest

    October 23, 2012 at 9:18 pm

    ဖတ်ခဲ့ဖူးတဲ့ ရာဇဝင်သမိုင်းလေး အနည်းအပါးထဲမှာတော့ ငိုမဲ့မဲ့ ဖြစ်တဲ့ နတ်မင်းတို့ ၊ စိတ်လေတေတေ နတ်မင်းတို့ ၊ ကိုယ်တစ်ပိုင်းအဝတ်မပါတဲ့ ဇော်ဂျီတို့ အကြောင်းကိုတော့ တစ်ခါမှ မတွေ့ရဖူးပါ (ကိုယ်လဲ ဗဟုသုတနည်းတာ ပါချင်ပါမှာပေါ့.. 😀 )။ သိနိုင်မယ်ဆိုရင်တော့ .. ဒီအရုပ်တွေဟာ … ဘာကိုရည်ရွယ်ပြီး ထုလုပ်ထားတယ်ဆိုတာ သိချင်ပါတယ်.. ဥပမာ ပန်းပုဆရာရဲ့ စိတ်ကူးယဉ်လား၊ ဒါမှမဟုတ် ဇတ်တော်တစ်ခုခုကို ရည်ရွယ်ပြီး ထုလုပ်ထားတာမျိုးလားဆိုတာမျိုးပေါ့… ထူးဆန်းတဲ့ ရာဇဝင်လိုလိုမျိုးတွေထဲမှာတော့ …ချက်တော်ကို လက်တော်နဲ့ ရစ်ရုံနဲ့ ကိုယ်ဝန်ရတာတို့..၊ ရုက္ခစိုး နတ်မင်းကြီးဆီသွားပြီး သားဆုပန်တာတို့တော့ ဖတ်ဖူးတယ်။ မှတ်ချက်တော့ မပေးလိုပါ။ ဗဟုသုတတော့ မှတ်ထားပါတယ်။
    …..ခုလို သတိမထားမိခဲ့တဲ့ ရုပ်ထုတွေ မြင်ရတာ ကျေးဇူးတင်ပါတယ်။….

  • အလင်းဆက်

    October 23, 2012 at 9:41 pm

    အားပါးပါး…

    ဒီ ဘုရားပေါ် ခဏခဏ ရောက်တယ် ။
    ဒါပေမယ့်..ဒီလောက်..မတွေး..ခဲ ့ / မမြင်ခဲ့..ဖူးဘူး။

  • uncle gyi

    October 23, 2012 at 9:55 pm

    ကြံကြံဖန်ဖန်ကြည့်တယ်ပြောမလား
    ပတ်ဝန်းကျင်လေ့လာမှုအားကောင်းတယ်ပြောမလား
    အန်ကယ်တ်ို့တော့ဘုရားရောက်ဦးချပြီးတပတ်ပတ်ပြန်တာပဲ
    တခါမှအခုလိုမကြည့်မိကြောင်းဝန်ခံပါတယ်ကွယ်

  • Shwe Tike Soe

    October 24, 2012 at 9:26 am

    အမလေး မေ့မေ့ ရယ် အံ့ဩကုန်နိုင်ဘွယ်ပဲ.. ကြံကြံဖန်ဖန်အေ.. ရှာလဲရှာတတ်ပ…
    အဲဒီ နတ်ရုတ်တွေတော့ မသိဘူး.. ကိုယ်ကိုတိုင်ပဲ ရုံးမှာ ငိုပြုံးမဲ့ နတ်ရုပ် ဖစ်နေပီ… လစာထုတ်ခါနီးလေ ငွေးဈေးကျ လေ.. ငွေဈေးကျလေ.. ငိုပြုံးမဲ့ ရလေ.. တားတားဂိုလဲ လာရိုက်ပေးပါအုံးနော်… အဟိ :kwi:

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 24, 2012 at 11:42 am

    အီးဒုံးဂျီးက နတ်၊ ဇော်ဂျီးတွေကို ဝေဖန်ရအောင် သူတို့ကို မြင်ဖူးလို့လား…။ ဦးကြောင်ကိုတောင် မြင်ဘူးသေးဘဲနဲ့….

  • garuda

    October 24, 2012 at 8:01 pm

    သာမီးetone ရဲ့ရိုက်ချက်များကတော့ ဦးပေါက်ကြီးနဲ့ နင်လားငါမြင်းပဲ လို့ထင်ရတယ်။ မွမ်းမံပြီးမှ ရိုက်ထားတာဆိုတော့ မမြင်ရသေးသူတွေ အတွက်အကျိုးများတာပ။ သို့သော်ငြား သတိမထားမိခဲ့တဲ့ ညံ့ချက်ကြောင့်လား အသစ်ဖြစ်နေလို့လားတော့မသိ…အရောင်တွေကြည့်ရတာတော့ အနည်းငယ် ရွှေစိတ်တော်
    ဘဝင်မကျ ညှိုးနွမ်းမိချင်ပါသည်။ ပန်းရောင်/အပြာရောင်/အစိမ်းရောင် ဖြော့ဖြော့တွေ ဟာ အရင့်အရင် တွေတုန်းက မတွေ့မိသလိုပါပဲ။ မြင်ရတာဖြင့်လည်း မြန်မာ့ယဉ်ကျေးမှုမဆန်သလို..။ ကိတ်မုန့်တွေမှာထည့်တဲ့ အရောင်တွေနဲ့ဆင်သလိုလို။ တောင်ဝှေးမကိုင်ဘဲ မှိုင်ပြီး လေနေတယ်ဆိုတဲ့ ဇော်ဂျီရဲ့ ခေါင်းပေါင်းနဲ့ ပုဆိုး အရောင်ကမှ မြင်ဖူးနေကြ အရောင်လို့ထင်မိပါတယ်။ ဘီလူးကြီးရဲ့ခြေလက် တွေကလည်း နဂိုက အစိမ်းရင့်ရောင်များလားလို့ အခုတော့ နုကုန်ပြီထင်တယ်။အရောင်တွေက အရမ်းကိုနုလွန်းနေသလိုပါပဲ။ လှတာ မလှတာထက် ရွှေတိဂုံဘုရားဟာ ရှေးဟောင်းစေတီ တစ်ဆူဖြစ်တဲ့ အတွက် ရှေးကအရောင်တွေနဲ့ ပဲရှိသင့်တယ်လို့ထင်မိပါတယ်။ ပိုပြီးတော့လည်း ကြည့်ရတာ သပ္ပါယ်မလားလို့ပါ။အင်း….ဇရာကထောက်လာလို့ ထင်ရောင်ထင်မှားမြင်မိနေတာလည်းဖြစ်မှာပါလေ။

  • မမလေး

    October 27, 2012 at 3:18 pm

    အရမ်းမှောင်တဲ့ ဂူတစ်ဂူရှိတယ်တဲ့ ဘူရားရဲ့ဘယ်နားမှာလဲမသိဘူး … ဓါတ်မီးနဲ့ထွန်းသွားရတာတဲ့ … သူငယ်ချင်းက နောက်ပြောတာလား တစ်ကယ်ပြောတာလားမသိဘူး … သွားချင်လိူ့ … ဘယ်နားမှာလဲ သိရင် ပြောပြပါဦးနော်

Leave a Reply